အပိုင်း (၉၃)
ဒီအမတ်မင်းက သူ၏ညီမကို ဘယ်လိုဂရုစိုက်သင့်တယ်လို့ ဦးလေး ၃ ထင်လဲ?
ဒါပေမယ့် ကိုင်ထားသည့် စာအုပ်၏ စာနှစ်မျက်နှာလောက်ကို ဖတ်ပြီးသည့်အခါမှာ အကြောင်းပြချက် တချို့ကြောင့် သူဟာ နန်းပေါင်ရီ၏ ပန်းထိုးအိတ်အကြောင်းကို စဉ်းစားမိနေသည်။ သူမထိုးပေးသည့် ပန်းထိုးအိတ်ကို သူပျောက်သွားတယ်လို့သာ နန်းပေါင်ရီသိရင် ဘယ်လောက် ဝမ်းနည်းသွားလိမ့်မလဲ။
သူ စာအုပ်ကို ချလိုက်ပြီး ပြတင်းနားကို တိတ်တဆိတ် လျှောက်သွားလိုက်သည်။ သူ တိတ်တိတ်လေး ရှာနေပြီး တွေ့သည့်အချိန် အနားမှာ ဘယ်သူမှ မရှိကြောင်းကို အတည်ပြုပြီးမှ ပန်းထိုးအိတ်လေးကို ကောက်ယူလိုက်သည်။ အဓိပ္ပါယ် မယ်မယ်ရရ မရှိပါပဲ သူ့ခါးပတ်မှာ ပြန်ချိတ်ထားလိုက်သည်။
တခြားဘက်မှာတော့ ….
နန်းပေါင်ရီသည် စာကြည့်ခန်းက ပြန်လာပြီး အဘွားဆီကို သွားလည်ဖို့ စီစဉ်ထားသည်။ ဆုန်းဟယ့်ခြံ၏ တံခါးဝတွင် သူမ ရှသခင်မကြီး၊ ရှချင်ချင်တို့နှင့် တွေ့သည်။ သားအမိနှစ်ယောက်က ပျော်ပွဲရွှင်ပွဲ တစ်ခုရှိနေသလို ပေါ်ပေါ်လွင်လွင် ရယ်နေကြသည်။ နန်းပေါင်ရီက ယဉ်ယဉ်ကျေးကျေး အရိုအသေ ပေးလိုက်သည်။
ရှသခင်မကြီးသည် သူမ၏သမီးမှာ သက်တူရွယ်တူ တခြားကလေးများနှင့် ရင်းနှီးသည်ဟု ထင်တာကြောင့် ချင်းချင်းကို ပြောလိုက်သည်။
“ချင်ချင်၊ အမေသွားနှင့်မယ်”
သူမ၏အမေ ထွက်သွားပြီးနောက် ချင်ချင်က သူမ၏ မျက်ခုံးတွေကို အောင်မြင်စွာ ပင့်တင်လိုက်ပြီး ပြောလာသည်။
“နန်းပေါင်ရီ၊ ငါကနင်တို့အိမ်ကို မင်္ဂလာဖိတ်စာ လာပို့တာ၊ ဘယ်သူ့ မင်္ဂလာဆောင်လို့ထင်လဲ”
နန်းပေါင်ရီက ဆွေးနွေးချင်စိတ်ရှိမနေ။ ခြေမနဲ့ စဉ်းစားရင်တောင် သိနေသည်ပဲ။ မစဉ်းစားရင်လည်း သူမသိသည်။ ရှချင်ချင်နဲ့ ဝမ်လင်တို့၏ ဆန်တွေက ထမင်းအိုးထဲမှာ ချက်ပြီးပြီဆိုတာ လူတိုင်း သိနေကြပြီးဖြစ်သည်။ သတင်းတွေကို ငြိမ်သက်အောင်လုပ်ဖို့ ရှအိမ်က မဖြစ်မနေ ရှချင်ချင်ကို ဝမ်လင်နှင့် ပေးစားရတော့မည်ပင်။
မိန်းကလေး တစ်ယောက်က ယောက်ျားလေး တစ်ယောက်၏ အိပ်ရာပေါ် အတင်းဝင်အိပ်ဖို့ ကြိုးစားခဲ့တာ ဖြစ်သည်။ ကြီးကျယ်ခမ်းနားသည့် မင်္ဂလာပွဲ တစ်ခုအတွက် အနည်းငယ် မျက်နှာပျက်ရုံလောက်က အများကြီး အရှက်မရစေနိုင်။
သူမက လိုက်လျောညီထွေ ပြုံးရင်း ဖြေလိုက်သည်။
“ငါမသိဘူး”
“ငါ အစ်ကိုဝမ်လင်နဲ့ လက်ထပ်တော့မယ်”
ရှချင်ချင်က စိတ်လှုပ်ရှားဟန်ဖြင့် ပြောလိုက်သည်။
“အစ်ကိုဝမ်လင်က ပေကျင်း၏ ဒုတိယအဆင့် အမတ်လေ၊ သူကျင်ကွမ်းမြို့ကို လာလည်တဲ့အချိန် ငါ့ကို ပထမဆုံး စတွေ့ကတည်းက ချစ်မိသွားခဲ့တာ၊ သူကပြောတယ် သူချန်အန်းကို ပြန်ရောက်ရင် ငါ့ကို ဒုတိယဇနီးအဖြစ် လက်ထပ်ယူမယ်တဲ့”
ချင်ချင်က ပြောနေရင်း တစ်ချက်တစ်ချက် နန်းပေါင်ရီ၏ အမူအရာတွေကို အကဲခတ်နေသည်။ နန်းပေါင်ရီနဲ့ ချန်းသခင်လေး၏ လက်ထပ်ပွဲသတင်းကို သူမ ကြားရစဉ်က သူမ မနာလိုဖြစ်ခဲ့သည်။ ဒါပေမယ့်လည်း ဝမ်အိမ်တော်နဲ့ယှဉ်ရင် ချန်းအိမ်က ဒုတိယသားက ဘာမို့လို့လဲ? ကျော်ကြားမှုကပင် ယှဉ်၍မရ။ ကျင်ကွမ်းမြို့က မိန်းကလေးတွေကြားမှာ ရှချင်ချင်၏ အကောင်းဆုံး မင်္ဂလာပွဲက ရေပန်းစားနေသည်။ သူမ မာနထောင်လွှားနေပြီး ဆက်ပြောလိုက်သည်။
“နန်းပေါင်ရီ၊ ငါတို့နှစ်ယောက်လုံးက ချမ်းသာတဲ့အိမ်က သခင်မလေးတွေ ဖြစ်ပေမယ့် အခုကစပြီး အဆင့်အတန်းတွေက မတူတော့ဘူး၊ မင်းက ဒုတိယသခင်လေးကိုပဲ လက်ထပ်နိုင်ခဲ့တာ၊ အဲ့ဒါကြောင့် နောက်တစ်ခါ ငါနဲ့တွေ့ရင် ငါ့ကို အရိုအသေပြုရမယ်”
နန်းပေါင်ရီမှာ ချက်ချင်းပင် တရားလွန် ချဲ့ကားထားသည့် စကားများဖြင့် ထေ့ငေါ့လိုက်သည်။
“ဝိုး…. ညီမက မမချင်ချင်အတွက် ဂုဏ်ပြုပါတယ်၊ ဝမ်လင်က ငယ်ငယ်လေးနဲ့ ဒုတိယအဆင့် အမတ်ဖြစ်နေပြီ၊ သူ့ရဲ့အနာဂါတ်က မှန်းဆလို့ မရအောင် တောက်ပနေမှာပဲ၊ ပိုပိုပြီးလည်း ယောက်ျားပီသတယ်၊ ကမ္ဘာပေါ်မှာ ဘယ်သူမှ မယှဉ်နိုင်တဲ့ အကောင်းဆုံး ခင်ပွန်းသည်ပဲ”
ရှချင်ချင်က အလွန်ကျေနပ်သွားပြီးပြောသည်။
“ဟုတ်တာပေါ့၊ နင်က အမျှော်အမြင် ရှိသားပဲ”
“မမချင်ချင်၊ စိတ်မပူပါနဲ့ မမလက်ထပ်တဲ့ အခါကျရင် ညီမလေးက မင်္ဂလာသေရည် သောက်ဖို့ ဆက်ဆက် လာခဲ့မှာပါ”
နန်းပေါင်ရီက အဓိပ္ပါယ်ရှိရှိပြုံးပြီး ပြောလိုက်သည်။
“မမလက်ထပ်တဲ့အခါ ဘယ်လောက် ပျော်နေလဲဆိုတာကို ညီမလေးရဲ့ မျက်စိနဲ့ ညီမလေးကိုယ်တိုင် လာကြည့်ရမှာပေါ့”
ရှချင်ချင်၏ သူမအပေါ် စော်ကားမှုကို နန်းပေါင်ရီ တစ်ကြိမ် သည်းခံပေးလိုက်သည်။ ကံကောင်း ထောက်မစွာပင် သူမသည် အမတ်မင်း၏ ကောင်းချီးပေးမှုကို ခံရပြီး တခြားသူများမှာ ထိုအောင်မြင်မှုကို မရနိုင်ပေ။
သူမ လက်တုံ့မပြန်ဘဲ သည်းခံစောင့်ထိန်းတတ်သူ တစ်ယောက်မဟုတ်ခဲ့။ ရှချင်ချင်ဟာ သူမကို ဒီလိုဆက်ဆံခဲ့သည့် အတွက် ပြန်ပေးဆပ်ဖို့ ပြင်ဆင်ထားသင့်သည်။
ရှချင်ချင်မှာ သူမ၏ မျက်လုံးထဲမှ ရက်စက်မှုတွေကို မမြင်ဘဲ အရာရှိကတော် ဖြစ်လာတော့မည့် အကြောင်းကိုသာ တွေးပြီး ပျော်နေခဲ့သည်။
…….
လတစ်ဝက် ကုန်လွန်သွားပြီးသည့်နောက်၊ ဝမ်လင်နဲ့ ရှချင်ချင်၏ မင်္ဂလာနေ့ရက်ကို ရောက်လာခဲ့သည်။ နန်းပေါင်ရီဟာ စောစောနိုးလာပြီး လှပသည့် ဝတ်စုံဝတ်ပေးဖို့ သူမ၏ အစေခံတွေကို စေခိုင်းလိုက်သည်။ ဟယ်ယဲ့မှာ နန်းပေါင်ရီကို ဆံထိုး ထိုးပေးနေရင်း ပြုံး၍ပြောသည်။
“သခင်မလေးက ဒီနေ့ အရမ်းပျော်နေသလိုပဲ”
“သစ်ပင်တွေက ရှင်သန်နေပြီး အသီးတွေလည်း သူ့အလိုလို သီးနေကြတာပဲ၊ ငါလည်း ဒီတိုင်း ပျော်နေရုံပါ”
နန်းပေါင်ရီက သူမ၏ မျက်ခုံးတွေကို ကွေးညွတ်ရင်း ပြောလိုက်သည်။
“သွားစို့၊ အစ်ကို ၂ ဆီ သွားကြရအောင်”
နန်းအိမ်တော်နဲ့ ရှအိမ်တော်သည် အကျယ်တဝင့် ရင်းနှီးသည့် ဆက်ဆံရေးမျိုး မဟုတ်သောကြောင့် အိမ်တော်မှ အငယ်နှစ်ယောက်ဖြစ်သည့် နန်းပေါင်ရီနှင့် ရှောင်းယီတို့သာ မင်္ဂလာပွဲကို နန်းအိမ်တော်၏ကိုယ်စား တက်ရောက်ကြသည်။
မောင်နှမနှစ်ယောက် အိမ်တော်မှ ထွက်လာသည့်အချိန်တွင် နန်းကွမ်၊ နန်းယန်တို့နှင့် တွေ့သည်။ နန်းကွမ်က သူ၏လက်တွေကိုအင်္ကျီလက်ထဲ ထည့်လိုက်ပြီး မေးလိုက်သည်။
“နှစ်ယောက်သား ဘယ်သွားကြမလို့လဲ”
“ဖေဖေ၊ အစ်ကို ၂ နဲ့ သမီးက ရှအိမ်တော်က မင်္ဂလာပွဲကို သွားကြမလို့ပါ”
“ဪ မင်္ဂလာပွဲလား?..”
သူက သူ၏မျက်လုံးများကို တစ်ချက်လှည့်လိုက်ပြီး –
“ဖေဖေနဲ့ယန်အာလည်းလိုက်ခဲ့မယ်”
နန်းပေါင်ရီက သူတို့ကိုခေါ်သွားဖို့ မလိုလားချေ။ ဤသည်မှာ သူမသည် သူမ၏အဖေကို သဘောမကျခြင်း မဟုတ်ဘဲ သူမ၏အဖေနဲ့အတူ ပွဲတစ်ခုကို တူတူသွားဖို့ ရှက်၍ ဖြစ်သည်။
အတိတ်တုန်းက သူမ၏အဖေဟာ နန်းအိမ်တော်၏ကိုယ်စား ပွဲတစ်ခုကို တက်ရောက်ခဲ့သည်။ သူမ၏အဘွားက အဖေ့ကို မင်္ဂလာပွဲမှာ လက်ဖွဲဖို့ ငွေစနှစ်ထောင် ပေးလိုက်သည်။ ဒါပေမယ့် ထိုငွေများ အားလုံးသည် သူ၏အိတ်ထဲ ရောက်သွားပြီး မင်္ဂလာလက်ဖွဲ့ကို ငွေနှစ်စသာ လက်ဖွဲ့ခဲ့သည်။ ထိုကိစ္စကြောင့် နှစ်ဝက်လောက်ကြာအောင် နန်းအိမ်တော်ဟာ တခြားသူတွေ၏ ရယ်မော လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။
ဒါတင်မက သူသည် ပွဲမှ ဈေးကြီးသည့် အစားအစာများ အားလုံးကို ထိုင်စားသေးသည်။ စားပွဲပေါ်က စားစရာကုန်သွားရင် တခြားစားပွဲတစ်ခုကို ထပ်သွားပြန်သည်။ စားပြီးသွားသော်လည်း မပြီးသေးပြန်၊ သူ၏ဇနီးနှင့် သမီးတို့အတွက် ထုပ်ပိုးသွားသေးသည်။
ပုံမှန်မိသားစုဆိုလျှင်မှု ပြဿနာသိပ်မရှိသော်လည်း ‘နန်းအိမ်တော်က ရွှေငွေရတနာ မရှိလို့ ကောင်းကောင်း မကျွေးမွေးနိုင်လို့ သူက ဒီလောက်အငမ်းမရ ဖြစ်နေတာလား’ဆိုသည့် လှောင်ပြောင်သံတွေ ကသာ ပြဿနာကြီး ဖြစ်သည်။
ထို့ကြောင့် အိမ်တော်က ဘယ်သူမှ သူနှင့် ပွဲလမ်းသဘင် အတူတူသွားဖို့ ဆန္ဒမရှိကြပါချေ။ နန်းပေါင်ရီ မငြင်းရသေးခင်မှာဘဲ နန်းကွမ်က ဝေါယာဉ်ဆီသို့ ပျော်ရွှင်စွာ ဦးလှည့်လိုက်သည်။ ဝေါယာဉ်သည် ဖြည်းဖြည်းချင်း ရှအိမ်တော်သို့ သွားနေသည်။
နန်းပေါင်ရီသည် ဝေါယာဉ်၏ထောင့်တွင် ထိုင်နေပြီး သူမ၏အဖေနှင့် အမတ်မင်းကို တိတ်ဆိတ်စွာ ကြည့်နေသည်။
ဝေါယာဉ်ထဲက လေထု၏အခြေအနေမှာ ထူးဆန်းနေသည်။ သူမ၏အဖေသည် ချောင်းဟန့်လိုက်ပြီး အရာရှိတစ်ယောက်၏ အာဏာရှိသည့်ပုံစံနဲ့ စကားစပြောလိုက်သည်။
“ရှောင်းယီ၊ မင်းကအခုဆိုရင် ရှုနိုင်ငံ၏ အမတ်မင်း တစ်ယောက်ဖြစ်လာပြီ၊ အဲ့ဒါဟာ ဘာကြောင့်လဲဆိုတော့ နန်းအိမ်တော်က ဘိုးဘွားတွေ၏ ကြည့်ရှု စောင့်ရှောက်မှုကြောင့်ပဲ”
နန်းပေါင်ရီ ပြောစရာစကား မဲ့သွားရသည်။ အာဏာရှိသည့် အမတ်မင်းဆိုသည့် ဂုဏ်က စစ်မြေပြင်မှာ ဘဝနဲ့ရင်းပြီး ကြိုးစားခဲ့ခြင်း၏ ရလဒ်တစ်ခုဖြစ်သည်။ ဘာကို အိမ်တော်က ဘိုးဘွားတွေ၏ စောင့်ရှောက်မှုကြောင့်သည့်လဲ။
ရှောင်းယီက လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်နေပြီး ဘာမှတ်ချက်မှ ပြုမလာပါချေ။ နန်းကွမ်မှာ စိတ်ပါလက်ပါ ထပ်ပြောပြန်သည်။
“ရှောင်းယီ၊ ယန်အာ မနေ့က မင်းဆီကို မနက်စာ လာပို့ပေးတယ်လို့ ငါကြားတယ်၊ ဒါပေမယ့် မင်းက တစ်လုတ်မှ မြည်းမကြည့်ဘူးတဲ့။ သူမင်းအတွက် ကြိုးစားပမ်းစား လုပ်ထားတဲ့ ပန်းထိုးအိတ်ကိုလည်း မင်းက မလိုချင်ဘူးဆို၊ ဦးလေး မင်းကို သတိပေးရလိမ့်မယ် လူငယ်လေး၊ စိတ်ကြီးဝင်မနေနဲ့၊ ယန်အာက မင်း၏ညီမလေးပဲလေ၊ မင်းချစ်ခင်ရမှာပေါ့”
ရှောင်းယီက ပြုံးလိုက်သည်။ နန်းယန်က သူမ၏အဖေကိုသာ တိုင်ပြောရဲခြင်း ဖြစ်သည်။ နန်းယန်က ရှောင်းယီဆီကို လှမ်းချင်ပေမယ့် သူမ မလုပ်နိုင်ခဲ့။
ရှောင်းယီက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပြောသည်။
“ဦးလေး ပြောကြည့်ပါဦး၊ အမတ်မင်းက သူရဲ့ညီမကို ဘယ်လို ဂရုတစိုက် ပြုစုစောင့်ရှောက်ရမလဲ”
နန်းကွမ်က ခါးကိုမတ်မတ် ပြင်ထိုင်လိုက်ပြီး ယုံကြည်ချက်ရှိရှိ ပြောသည်။
“သဘာဝကျကျ ပြောရရင် သူမကလည်း နာခံတတ်ရမယ်၊ မင်းကလည်း သူမကို ချစ်မြတ်နိုးရမယ်၊ ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံရဘူး၊ အကြီးတွေအနေနဲ့ ဆိုရင်တော့ ရွှေစများများ ရသင့်တာပေါ့”
“ရွှေစများများက မနည်းဘူးလား?…”
ရှောင်းယီက အပြုံးဟန်စွက်၍ ပြောသည်။
“ကျွန်တော် သိသလောက်တော့ ဦးလေးက လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ဘယ်တုန်းကမှ ကျောင်းကျောင်းနဲ့ အတူတူ အချိန်မကုန်ဆုံး ပေးဖူးဘူးတဲ့၊ နှစ်သစ်ကူး အကြိုညမှာ နန်းကျင်ကို ငွေစငါးရာနဲ့ နန်းယန်ကို ငွေစနှစ်ရာ ပေးခဲ့တယ်၊ ကျောင်းကျောင်းလည်း အဲ့ဒီမှာ ရှိခဲ့တယ်လေ၊ ကျောင်းကျောင်းကိုတော့ ငွေစ ငါးစပဲပေးခဲ့တယ်၊ ဦးလေး ဥပမာအနေနဲ့ ပြောရရင် ကျွန်တော်က စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုပါ့မလား”
“မင်း!….”
နန်းကွမ်က ဒေါသအမျက် ချောင်းချောင်း ထွက်သွားသည်။
“တကယ်လို့ ငါ့မှာ ရွှေစများများသာ ရှိခဲ့ရင် အဲ့ဒါက အရမ်းကို အဆင်ပြေနေမှာပဲလေ၊ ကျောင်းကျောင်းက ကြီးကြယ်ခမ်းနားတဲ့ စံအိမ်ကြီးထဲမှာ အမြဲတမ်း နေရတယ်၊ သူ့ရဲ့လက်ထဲမှာ ငွေပြတ်တယ်ဆိုတာ မရှိဘူး၊ ဘာလို့ငါက နှစ်သစ်ကူးမှာ သူ့အတွက် ငွေအများကြီး ပေးရမှာလဲ၊ ကျင်းအာနဲ့ ယန်အာကတော့ မတူဘူးလေ၊ အိမ်တော်၏ အဝေးမှာ ကြီးပြင်းခဲ့ကြရတာ၊ ဘဝက အရမ်းကို ခက်ခဲခဲ့ကြတယ်”
ရှောင်းယီက သူ၏မျက်ခုံးတွေကို ပင့်လိုက်ပြီး….
“ဦးလေး ၃ ရဲ့ အယူအဆကြောင့် ကျောင်းကျောင်းက သူ့အဖေရဲ့ ချစ်ခင်မှုကို နှစ်တွေ အကြာကြီး မရခဲ့ဘူး၊ ကျွန်တော်က အကိုကြီး တစ်ယောက်အနေနဲ့ သဘာဝကျကျပဲ သူ့ကိုပိုပြီး ဂရုစိုက်ပေးရမယ်၊ နန်းယန် အတွက်ကတော့ ဦးလေး၏ ချစ်ခင်မှုကို ရပြီးပြီလေ၊ ဘာကြောင့် ကျွန်တော့်မှာ သူ့ကို စောင့်ရှောက်ဖို့ တာဝန်ရှိရမှာလဲ”
“မင်း!…”
နန်းကွမ်မှာ သူရဲ့ မမှန်ကန်သည့် လုပ်ရပ်ကြောင့် ပြောစရာ စကားမဲ့နေသည်။ နန်းပေါင်ရီသည် ဝေါယာဉ်ပေါ်က သူမ၏ခေါင်းအုံးကို ဖက်ထားပြီး သူမ၏အဖေနှင့် အစ်ကို ၂ တို့ကို တစ်လှည့်စီ ကြည့်နေမိသည်။ သူမ၏အဖေ အရမ်း ဒေါသထွက်နေတာကို ပါးစပ်ပိတ်ပြီး ထိုင်ကြည့်နေသည်။
သူမအဖေလို လူလိမ်ကို နှိပ်ကွပ်လိုက်သည့် အာဏာအပြည့်နဲ့ အမတ်မင်း၏ ပုံစံက အရမ်းကို မှင်သက်အံ့ဩဖို့ ကောင်းသည်။ တစ်ဖက် ယှဉ်ပြိုင်သူဟာ လုံးဝကို ရှုံးနိမ့်သွားတော့တာပင်။ သူမ နန်းယန်ကို ကြည့်လိုက်သည်။ ဒုတိယယှဉ်ပြိုင်သူနဲ့ ဆက်ပြီး ကစားသင့်သည်လေ။
သေချာပေါက်ကိုပဲ နန်းယန်က တိုးဖွစွာ ပြောလာသည်။
“အစ်ကို ၂ နဲ့ဖေဖေတို့ ညီမအတွက်နဲ့ စကားမများကြပါနဲ့၊ ညီမရှက်တယ်၊ အစ်ကို ၂၊ ညီမက ရိုးသားတဲ့သူပါ၊ ညီမက သူများကို စိတ်ကောင်းနှလုံးကောင်းနဲ့ ဆက်ဆံဖို့ကိုပဲ သိတာပါ။ ကျောင်းကျောင်း လိုမျိုး မလှည့်စားတတ်ပါဘူး၊ အစ်ကိုနန်းကျင်ဆိုရင် ပိုပြီးတောင် ရိုးသားပါသေးတယ်၊ သူက နောက်နှစ်ရက်နေရင် ပြန်လာမယ်လို့ စာရေးလာတယ်၊ အဲ့ဒီအခါကျရင် သူအစ်ကို ၂ ကို ဘယ်လောက် လေးစားကြောင်း ပြောပြပါလိမ့်မယ်”
နန်းပေါင်ရီက သူမ၏နားတွေကို စွင့်ထားလိုက်သည်။ ဘယ်လို? ဘယ်လို? နန်းယန်က သူ့အကို နန်းကျင်ကို အမတ်မင်းနဲ့ မိတ်ဆက်ပေးဖို့ လုပ်နေတာလား?
ပြီးလျှင် ထိုအရာမှာ ဒုတိယအဆင့် အရာရှိစာမေးပွဲဖြစ်သည်။ နန်းကျင်သာ အဲ့ဒီစာမေးပွဲကို ဝင်ဖြေမယ် ဆိုလျှင် ကျင်းကွမ်မြို့၏ အရာရှိဖြစ်လာဖို့က လွယ်ကူသွားလေပြီ။