NBY အပိုင်း ၇၃

အပိုင်း (၇၃)

ကိုယ်လေးလက်ဝန်

ဟန်ယန့်လျန်က ပျင်းတွဲစွာဖြင့် …
“လွန်ခဲ့တဲ့ ၂ ရက်က နန်းယန်နဲ့ လျိုရှောင်မုံ့တို့ ဒီကိုလာပြီး ပြဇာတ် လာကြည့်သွားတယ်။ နန်းယန်က သူကိုယ်တိုင် နန်း အိမ်တော်ရဲ့ ပိုးစာပင်တွေကို အခက်ကြုံအောင်လုပ်ဖို့ အကြံပေးခဲ့တယ်လို့ ပြောနေတာ ကြားလိုက်တယ်၊ ဒီကိစ္စမှာ ကျန်း မိသားစုနဲ့ ရှ မိသားစုတို့ ပါပေမယ့် သက်သေ အလုံအလောက်မရှိတော့ တရားရုံးကို တိုင်တန်းလို့ မရဘူး”

နန်းပေါင်ရီ ငွေစာရင်းစာအုပ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ ထိုကိစ္စမှာ နန်းယန်၏ အကြံဉာဏ် ဖြစ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။နန်းယန်နှင့် သခင်မလျို၏ အစားအသောက်၊ အဝတ်အထည်၊ အသုံးစရိတ်များနှင့် နန်းယန် အစ်ကိုဖြစ်သူ၏ ကျောင်းတက်ရန် လိုအပ်သည့်
ငွေကြေးများမှာ နန်း အိမ်တော်၏ ငွေကြေးများ ဖြစ်ပါလျက်နှင့် သူမဘာကြောင့် မျက်နှာပြောင်တိုက်ပြီး ဒီလိုအကြံမျိုး တွေးတောနိုင်ရတာလဲ။

အတိတ်ဘဝတွင်ရော ယခုဘဝတွင်ပါ နန်းယန်မှာ အလွန်မုန်းတီးစရာ ကောင်းလှသည်။နန်းပေါင်ရီ မတ်တပ်ရပ်ကာ အေးစက်သော မျက်နှာထားနှင့် လှည့်ထွက်လာခဲ့လေသည်။ဟန်ယန့်လျန် မျက်ခုံးပင့်လိုက်ပြီး …

“သခင်မလေး ဘယ်သွားမလို့လဲ”

“နန်းယန်ကို သွားတွေ့မလို့”

“ကျစ် .. စိတ်ဝင်စားစရာ တစ်ခုခု ရှိနေတာကို ..”

ဟန်ယန့်လျန် ပြုံးကာ အနောက်မှ လိုက်သွားလေသည်။
နန်းပေါင်ရီ၏ အောင်မြင်ခဲ့သော အကြံအစည်နှစ်ခုကြောင့် နန်းယန်နှင့် သခင်မလျို တို့မှာ အလွန်ဆင်းရဲစွာ နေထိုင်နေကြသည်။ ဈေးတန်းဘေးရှိ တောင်ကြားထဲတွင် အိမ်တစ်လုံးငှားလျက် နေထိုင်ကြလေသည်။
ပတ်ဝန်းကျင်မှာ နေ့နေ့ညည ဆူညံနေပြီး အိမ်မွေးကြက်များ၏ အနံ့မျိုးစုံနှင့် အမှည့်လွန် ပုပ်သိုးနေသော အသီးအရွက် အနံ့အသက်များမှာလည်း လေထုထဲတွင် ပျံ့နှံ့လျက် ချမ်းသာသော မိသားစုမှ သခင်မလေးအတွက် မသင့်တော်သော နေရာပင်။နန်းပေါင်ရီ၏ လှည်းက တောင်ကြား အဝင်ဝတွင် ရပ်တန့်သွားပြီး နန်းပေါင်ရီ ဒေါသတကြီးနှင့် အိမ်ရှေ့တည့်တည့်သို့ လမ်းလျှောက်သွားကာ ဟယ်ယဲ့ကို တံခါးခေါက်ရန် ပြောလိုက်သည်။
ဟယ်ယဲ့သည်လည်း ပတ်ဝန်းကျင်အိမ်များ အာရုံစိုက်နိုင်ရန်အတွက် တံခါးကို ကျယ်လောင်စွာ ခေါက်လိုက်သည်။

“မခေါက်နဲ့တော့၊ တံခါးက ကျိုးနေပါတယ်ဆိုနေ
ပြန်တပ်ပေးမလို့လား”

နန်းယန်၏ စိတ်မရှည်သော အသံက ထွက်ပေါ်လာပြီး အေးစက်စက် မျက်နှာထားနှင့် တံခါးလာဖွင့်လေသည်။

“နောက် ၃ ရက်ကျရင် ပေးမယ်လို့ သဘောတူထားတာကို ဘာတွေ အလောတကြီးဖြစ်….”

နန်းယန် စကားမဆုံးခင်မှာပင် သူမအိမ်သို့ ရောက်လာသူက အိမ်ပိုင်ရှင် မဟုတ်ဘဲ နန်းပေါင်ရီ ဖြစ်နေကြောင်း သိလိုက်လေသည်။

နန်းယန် အံ့ဩတကြီးနှင့် …

“နင်က ဘယ်လိုလုပ်….”

‘ဖြန်း’
နန်းယန်ကို နန်းပေါင်ရီ ပါးရိုက်လိုက်သဖြင့် နန်းယန်လည်း ဆွံ့အရလေသည်။

သူမ၏ နီရဲနေသော ပါးကိုအုပ်ကိုင်ရင်း ….

“နန်းပေါင်ရီ .. နင်..နင် ငါ့ကိုရိုက်တယ်”

နန်းပေါင်ရီ မဲ့ပြုံးပြုံးကာ …

“နင်က ငါတို့ရဲ့ ပိုးစာပင်တွေကို အန္တရာယ်ပေးဖို့ ကြံစည်ခဲ့တာလေ။ ငါပြောတာမှားလား .. နန်းယန်။ ဒီနှစ်ပေါင်းများစွာ ကတည်းက နင်တို့ရဲ့ အစားအသောက်နှင့် အဝတ်အထည် စရိတ်တွေက ငါတို့ရဲ့ အိမ်တော်ကနေ
ထောက်ပံ့ပေးခဲ့ရတာ .. နင်တော်တော် အရှက်မဲ့တာပဲ”

နန်းယန် အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။

ထိုကိစ္စကို နန်းပေါင်ရီ သိနေသည်။ သို့သော်လည်း သူမ ဝန်မခံလိုသဖြင့် မျက်ရည်များဝဲကာ …

“ပေါင်ရီ .. မမက အိမ်ထဲမှာပဲ မေမေ့ကိုပြုစုပြီး ချည်ထိုးပန်းထိုးနဲ့ စာလုပ်နေရင်း အချိန်ကုန်ဆုံးခဲ့တာပါ။ ပိုးစာပင်တွေ တစ်ခုခု ဖြစ်သွားတယ်ကြားတော့ ဒီလောက်ထိ ကြောက်စရာ ကောင်းမယ်ဆိုတာ မထင်ထားခဲ့ဘူး။ အပင်ကို အဆိပ်ခတ်တာက သာမန်လူတွေ မလုပ်နိုင်ဘူးလေ။ ဒါကို တရားရုံးမှာ တိုင်သင့်တယ်”

နန်းပေါင်ရီ ဒေါသတကြီးနှင့် ရယ်မောလိုက်သည်။ နန်းယန်ကဲ့သို့ အရှက်မရှိသောသူကို သူမ မတွေ့ဖူးပေ။
နန်းယန်နှင့် ဆက်မငြင်းခုန်လိုတော့ဘဲ နောက်ထပ် ပါးရိုက်မည်အပြုတွင် အိမ်ထဲမှ ယောကျ်ားကြီး တစ်ယောက်အသံကို ကြားလိုက်ရသည်။

“ယန်အာ .. အိမ်ပိုင်ရှင် ရောက်လာတာလား။ ငွေရှိတယ် နောက် ၃ ရက်မှာ ပေးမှာမလို့ ပြန်လွှတ်လိုက်တော့”
နန်းပေါင်ရီ ခေါင်းထိတိုင် သွေးများ ဆောင့်တက်လာလေသည်။ ထိုအသံမှာ သူမအဖေ၏ အသံဖြစ်သည်။နန်းပေါင်ရီ အတင်းအကြပ် ဝင်သွားလိုက်သည့်အခါ ခြံငယ်လေးထဲတွင် သလဲသီးပင် တစ်ပင် စိုက်ပျိုးထားသည်ကို တွေ့လိုက်ရသည်။ အပင်၏ အပွင့်လေးများမှာညှိုးခြောက်နေသော်လည်း အရွက်များမှာ စိမ်းလန်းနေသည်။ သူမ၏အဖေမှာ ကျောက်စားပွဲတွင် သခင်မလျို နှင့်အတူ ထိုင်နေပုံမှာ အလွန်ချစ်ကြည်နူးနေကြသော ဇနီးမောင်နှံကဲ့သို့ပင်။

“ဖေဖေ”

နန်းပေါင်ရီ ဒေါသတကြီးနှင့် အော်ခေါ်လိုက်သည်။

“သခင်မ လျိုနဲ့ အဆက်အသွယ် ဖြတ်ပစ်မယ်လို့ ဘွားဘွားကို ကတိပေးခဲ့တယ်မလား”
နန်းကွမ် မှင်သက်သွားသည်။မထင်မှတ်စွာပင်ရောက်လာသူက သူ၏သမီး ဖြစ်နေလေသည်။ ခဏကြာသော် နန်းကွမ် အပြစ်ရှိသူကဲ့သို့ ပြုံးကာ …

“ကျောင်းကျောင်း .. ကမ္ဘာပေါ်မှာ မိသားစုက အရေးကြီးဆုံးပဲလေ။ ရှောင်မုံ့က ဖေဖေ့ရဲ့ဇနီး ယန်အာကလည်း ဖေဖေ့ရဲ့သမီးအရင်းပဲလေ။ ကိုယ့်ရဲ့မိသားစုကို ဘယ်လိုလုပ်ပြီး စွန့်ပစ်ရက်မှာလဲ။ သမီးလည်း အသက်ကြီးပြီး စဉ်းစားတတ်နေတာပဲ၊ ဖေဖေ့ကို နားလည်ပေးရမှာပေါ့”

မသာကိုပဲ နားလည်လိုက်။

နန်းပေါင်ရီ သူမအဖေကို အသိတရားဝင်စေရန် ကောင်းကောင်းမွန်မွန် ရိုက်နှက်ပေးလိုက်ချင်သည်။
သူမ ဒေါသစိတ်ကို ထိန်းကာ …

“တကယ်လို့ သူတို့ကို စောင့်ရှောက်ပေးချင်တယ် ဆိုရင်တောင် အိမ်တော်က ငွေကြေးတွေကို ဘာလို့ ယူနေသေးလဲ။ ကိုယ့်အစွမ်းအစနဲ့ကိုယ် ရှာလေ” “ကျောင်းကျောင်း အထင်လွဲနေပြီ။ အိမ်တော်ကနေ ဖေဖေ
ပိုက်ဆံတစ်ပြားတစ်ချပ်မှ မယူဖူးဘူး”

နန်းကွမ် ပြုံးလိုက်ပြီး …

“အိမ်တော်ကို ရောက်လာတုန်းက သမီးရဲ့အဘွားက ဖေဖေ့ကို ဘိုးဘွားကမ္ဗည်းဆောင်ရှေ့မှ ဒူးထောက်ခိုင်းတယ်လေ။ အဲဒီတုန်းက မသုံးတော့တဲ့ ရွှေဆီမီးခွက်ကို တွေ့တာနဲ့ ယူလာပြီး ပေါင်လိုက်တာ။

အဲဒါတွေက အလကားဖြစ်နေတော့ ပေါင်လိုက်ပြီး သမီးရဲ့အမေနဲ့ အစ်မအတွက် ရတနာ ၂ ခုဆင်ပေးလိုက်တာ”
နန်းပေါင်ရီ ပြောစရာ စကားများ ပျောက်ဆုံးကုန်လေသည်။သူမစိတ်ကို ပြန်ထိန်းလျက် …

“ဖေဖေ သူတို့ကိုတွေ့ပြီးပြီ ငွေကြေး အလုံအလောက်လည်း ပေးထားပြီးပြီဆိုတော့ အိမ်ပြန်လိုက်ခဲ့”

“ဒါက …”

နန်းကွမ် မဝံ့မရဲနှင့် သခင်မ လျိုကို လှည့်ကြည့်လေသည်။သခင်မ လျိုက သူမဗိုက်ကို ပွတ်သပ်လိုက်ရင်း …

“ပေါင်ရီလည်း အိမ်ကို ပထမဆုံး ရောက်လာတာဆိုတော့ မပြန်ခင် ထမင်းစားသွားဉီးလေ။ မဟုတ်ရင် ဒီအိမ်က
ဧည့်သည်တွေကို ကောင်းကောင်း မဧည့်ခံဘူးဆိုပြီး ပြောနေကြမယ်။ သခင်ကြီးက ကြင်နာတတ်တယ် .. အဒေါ့်ဆီမှာ ကိုယ်ဝန် တစ်လရှိနေပြီ ဆိုတာလည်းသိရော
တန်ဖိုးကြီးတဲ့ အာဟာရရှိတဲ့ အစားအစာတွေ အများကြီးဝယ်ပေးထားတာ။ သူ့ရဲ့ အစေခံကိုလည်း မီးဖိုထဲမှာ ချက်ပြုတ်ဖို့ ပြောထားပြီးပြီ။ သမီးနဲ့ ယန်အာတို့ အခန်းထဲမှာ စာဖတ်ရင်း စောင့်နေလိုက်ပါလား”

နွေးထွေးလှသော နွေရာသီ ညနေခင်းအချိန် ရောက်သည့်အခါ လှုပ်ရှားသွားလာနေကြသူများနှင့် အသံများမှာ တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ နန်းပေါင်ရီ၏ နားတွင်လည်း သခင်မ လျို၏ စကားများ ပဲ့တင်ထပ်နေလေသည်။သူမ တကယ်ပင် ကိုယ်ဝန် ရှိနေသည်လား။
အလင်းနှင့်အမှောင်တို့ တဖြည်းဖြည်း ရောစပ်လာသည်။ ပျော်ရွှင်စွာ ပြုံးနေသော အဖေဖြစ်သူကို ကြည့်ကာ သူမ အိပ်မက်နေသလားဟုပင် တွေးလိုက်မိသည်။

နန်းကွမ်သည် သခင်မလျို ဘေးတွင် ဒူးထောက်ထိုင်လိုက်ပြီး သခင်မလျို၏ ပြားချပ်နေသော ဝမ်းဗိုက်နားကပ်ကာ နားထောင်လေသည်။

“ရှောင်မုံ့ .. ကလေးလေး စကားပြောတာ ကြားလိုက်သလိုပဲ”

သခင်မလျိုက ပြုံးလျက် …

“ကလေးက အခုမှတစ်လပဲ ရှိသေးတာလေ ဘယ်လိုလုပ်ပြီး စကားပြောနိုင်မှာလဲ”

“သေချာကြားလိုက်ပါတယ် .. ဖေဖေဆိုပြီး ခေါ်နေတာ”
နန်းယန်က နန်းကွမ် ဘေးတွင် ထိုင်လိုက်ပြီး သဘောကျစွာ ပြုံးလျက် …

“မောင်လေးလား ညီမလေးလား မသိရသေးပေမယ့်
နာမည်ကောင်းလေးတွေ ကြိုရွေးထားလို့ ရတယ်မလား”
သလဲသီးပင်မှာ ပန်းပွင့်လေးတစ်ပွင့် ကြွေကျသွားလေသည်။နန်းပေါင်ရီမှာ သူရပ်နေရာမှာပင် ရပ်နေလျက် မည်သည့် နာမည်က ကောင်းသည်မကောင်းသည် တိုင်ပင်နေကြသည်ကို သူမနားထောင်နေရသည်။သူမသည် အဖေနှင့် ဆယ်ပေနီးပါးသာ ကွာဝေးသော်လည်း သူမတို့အကြား ကြီးမားသော မြစ်တစ်စင်း ခြားထားသည်ဟု ခံစားနေရသည်။

သူတို့မိသားစုမှာ ပျော်ရွှင်နေကြပြီး သူမကတော့ အပြင်လူ တစ်ယောက်သာသာပင်။သူမ၏အဖေမှာ အခြားသူ တစ်ယောက်၏ အဖေဖြစ်သွားရပြီ။
သူမငယ်စဉ်က အဖေဖြစ်သူ၏ ပခုံးပေါ်တွင် ခိုစီးခဲ့ရသော်လည်း အဖေမှာ အခြားသော ကလေးများကိုလည်း သူ၏ပခုံးထက်သို့ ထမ်းရွက်ကာ အမျိုးမျိုး ဆော့ကစားစေသည်။

ရှန်ကျင်းဆိုင်မှ သကြားလုံးဘူးကို သူမအတွက် ဝယ်ပေးခဲ့သော်လည်း နောက်ထပ် ဝယ်ပေးတော့မည် မဟုတ်ပေ။
နန်းပေါင်ရီ ခါးကို မတ်လိုက်ပြီး သူမဟန်ပန်မှာ ကျင်ကွမ်းမြို့၏ ဂုဏ်သရေရှိကာ မြင့်မြတ်သော သခင်မလေးတစ်ယောက်အသွင် ပြောင်းသွားပြီး နန်းကွမ်ကိုအရိုအသေပြုကာ အိမ်ငယ်လေးထဲမှ ထွက်ခွာခဲ့သည်။
အိမ်ထဲမှ ထွက်လာပြီးသည်နှင့် သူမ၏မျက်လုံးများလည်း နီရဲလာလေသည်။

လှည်းပေါ်တွင် ဟန်ယန့်လျန် ပြုံးလျက်ထိုင်နေပြီး သူမ၏ သေရည်ခွက်ကို မြှောက်ကာ …

“အမူးသောက်တာက စိတ်သောကကို ပြေပျောက်စေတယ်တဲ့။ နန်းကျောင်းကျောင်း .. ကျွန်မနဲ့အတူတူ သောက်မလား”နန်းပေါင်ရီ အေးစက်စက် စိုက်ကြည့်ရင်း …

“ဒီကိုလာဖို့ သွေးဆောင်ခဲ့တာက နန်းယန်ကို ပါးရိုက်ဖို့အတွက် မဟုတ်ဘဲ သခင်မလျိုမှာ ကိုယ်ဝန်ရှိနေတဲ့အကြောင်း သိစေချင်လို့မလား”

ဟန်ယန့်လျန် ဘာမှပြန်မပြောပေ။အတန်ကြာပြီးနောက် နန်းပေါင်ရီ ပြုံးကာ ရှက်ရွံ့စွာဖြင့် …

“ကျေးဇူးပါ”

ဟန်ယန့်လျန် ဂုဏ်ဝင့်စွာ တစ်ဖက်လှည့်သွားပြီး …

“ဘာကြောင့် ကျေးဇူးတင်ရတာလဲ .. ကျွန်မက ပွဲကြည့်ရတာပဲ ကြိုက်တာ”

နန်းပေါင်ရီ လေးနက်သည့် အသံဖြင့် …

“ဒီအဖြစ်အပျက်ပြီးတဲ့ နောက်မှာ ကျွန်မ တစ်ခုနားလည်လိုက်တယ်။ တကယ်လို့ လူတစ်ယောက်က သန်မာချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ရဲ့ရန်သူကို သိထားဖို့လိုတယ်။ သူဌေးဟန် .. ပြဇာတ်လောက်နဲ့ ကျွန်မတို့
လိုချင်တဲ့ ငွေအလုံအလောက်ရမှာ မဟုတ်ဘူး။ ကျွန်မမှာ အတင့်ရဲမယ့် အကြံဉာဏ် တစ်ခုရှိတယ်”
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset