NBY အပိုင်း ၆၄

အပိုင်း (၆၄)

အစ်ကို ရှောင်း ရဲ့ ဖြေရှင်းနည်း

နန်းပေါင်ရီ မှာ အခြားသောမိန်းကလေးများကဲ့သို့ ရှက်ကိုးရှက်ကန်းမရှိဘဲ တည့်ပြောလိုက်သဖြင့် ကျန်းဆွေ့ဟန် ဆွံ့အသွားရသည်။

နန်းပေါင်ရီ ဒေါသတကြီးနှင့် ရေရွတ်လ်ုက်သည်။

“ကျွန်မက နူးညံ့ပြီး စိတ်ကျေနပ်ဖို့ခက်တယ် ရှင်ကျွန်မကို ထောက်ပံ့ပေးနိုင်မှာမဟုတ်ဘူး … အထုပ်တွေမြန်မြန်သိမ်းတော့ ပြီးရင် တောင်အောက်ဆင်းပြီး ပိုးစာပင်တွေကို လိုက်ကြည့်ပေး”

ကျန်းဆွေ့ဟန် ဆွံ့အရပြန်သည်။

သူမဝင်လာခဲ့စဉ်က ယဉ်ကျေးသိမ်မွေ့သည့် မိန်းကလေးတစ်ယောက်ဖြစ်ပါလျက်နှင့် ဘာကြောင့်များ ရုတ်တရက်ပြောင်းလဲသွားရတာလဲ။

သူမ၏ပုံစံအမှန်ကို အစ်ကို ရှောင်း တွေ့ပြီးလေပြီလား။

ကျန်းဆွေ့ဟန် တွေးတောရင်း သူ၏အသားအရေထိန်းသည့်အလှကုန်ပစ္စည်းအချို့ကိုလည်း အိတ်ထဲထည့်နေလေသည်။

နန်းပေါင်ရီ တွေ့လိုက်သဖြင့် သိလိုစိတ်များကြောင့် မေးလိုက်သည်။

“ဆရာ ကျန်း .. ဒါက ဆေးတွေလား”

“ဒါက မျက်နှာအသားအရေးထိန်းတာတွေ”

“အသားအရေထိန်းတာ ?”

ကျန်းဆွေ့ဟန် က ကြွေဘူးငယ်တစ်ခုကို မြောက်ပြပြီး ..

“ဒါက မျက်လုံးလိမ်းအဆီ .. မနက်တိုင်းနဲ့ ညအိပ်ခါနီးတိုင်း မျက်လုံးတစ်ဝိုက်ကို သေချာလိမ်းပေးရင် မျက်ကွင်းညိုတာတွေနဲ့ ရုပ်ရင့်စေတာတွေကို ကာကွယ်ပေးတယ်”

ထို့နောက် အဝိုင်းပုံစံရှိသော ပိုးသားထည်တစ်ခုကို ယူထုတ်ကာ …

“ဒါက မျက်နှာလိမ်းအဆီ .. ငှက်သိုက်ရဲ့အဆီအနှစ်ထဲမှာ နစ်မြှုပ်ထားပြီး မျက်နှာပေါ်တင်ထားလိုက်ရင် အသားအရေကိုစိုပြည်စေပြီး သွေးလည်ပတ်မှုလည်း ကောင်းစေပြီး အသားဓါတ်လည်း ပြည့်ဝစေတယ်”

နန်းပေါင်ရီ ကြောင်အမ်းအမ်းဖြစ်သွားပြီး …

“ငှက်ဥတွေအကြောင်း ကျွန်မသိပါတယ် .. အသားဓါတ်က ဘာလဲ”

“အိုက်ယား .. ကျုပ်ပြောရင်လည်း သခင်မလေး နားလည်မှာမဟုတ်ပါဘူး .. ကျွန်တော့်မြို့မှာဆိုရင် ဒါတွေက အရမ်းနာမည်ကြီးတာ”

နန်းပေါင်ရီ နားမလည်ပေ။ ကျန်းဆွေ့ဟန် ၏ မြို့မှာ ထူးဆန်းသောနေရာဖြစ်လိမ့်မည်။

အထုပ်အပိုးသိမ်းဆည်းကာ အလုပ်များနေသည့် ကျန်းဆွေ့ဟန် ကို ကြည့်ရင်း နန်းပေါင်ရီ ၏ အမူအရာအနည်းငယ်ပြောင်းလဲလာသည်။

ကျန်းဆွေ့ဟန် နှင့် အမတ်လောင်း တို့်မှာ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးနေလိမ့်မည်။

အခြားသော ရာထူးမြင့်သူများနှင့်လည်း အဆက်အဆံရှိပြီး ဆေးဘက်ဆိုင်ရာတတ်ကျွမ်းနားလည်မှုနှင့် ချောမောသည့်ရုပ်ရည်တို့ကို ပိုင်ဆိုင်ထားသည့်လူငယ် ကျန်းဆွေ့ဟန် မှာ ရှေ့ဆက်တောက်ပမည့် အနာဂတ်ကို ပိုင်ဆိုင်ထားသည်။

အကယ်၍ ကျန်းဆွေ့ဟန် ကို သူမလက်ထပ်ထိမ်းမြားလိုက်လျှင် ….

နောင်အနာဂတ်တွင် သူမ၏အဘွား ခေါင်းကိုက်ဝေဒနာခံစားရလာပါက သမားတော်ပင့်ရန် မလိုအပ်တော့ပေ။ သူမအတွက် အလှအပထိန်းသိမ်းနည်းကိုလည်း သင်ပြပေးနိုင်လိမ့်မည်။

ထို့အပြင် ကျန်းဆွေ့ဟန် မှာ တစ်ကိုယ်တည်းသမားလည်း ဖြစ်နေသည်။ ဆွေမျိုးများ၏ အနိုင်ကျင့်ခြင်းမရှိနိုင်သည့်အပြင် နန်း အိမ်တော်နှင့် လက်ဆက်ရန် မြှောက်ပင့်ပေးနိုင်လိမ့်မည်။

ကျန်းဆွေ့ဟန် အထုပ်အပိုးများသိမ်းဆည်းပြီးနောက် …

“ပြီးပြီ .. တောင်အောက်ဆင်းရအောင် !”

သူလှည့်ကြည့်လိုက်သည့်အခါ နှစ်လိုဖွယ်ပြုံးလျက် မေးထောက်ကာကြည့်နေသော နန်းပေါင်ရီ ကို တွေ့လိုက်ရသည်။

သူမ၏အကြည့်တို့မှာ အလွန်ကြင်နာသည့်ဟန်ပါနေသောကြောင့် ကျန်းဆွေ့ဟန် လန့်ကာ သူ၏အဝတ်ထုပ်ကို ပိုက်ထားလိုက်သည်။

“မင်း.. မင်းဘာလုပ်မလို့လဲ”

နန်းပေါင်ရီ ချစ်စဖွယ်ပြုံးပြရင်း …

“ဒီကိုရောက်အောင် အကြာကြီးလမ်းလျှောက်ပြီး လာခဲ့ရတာ တောင်ပေါ်ရောက်တော့ ခြေထောက်တွေအရမ်းနာကျင်နေတာ .. သခင်လေး ကျန်း က လူတွေကုသပေးတယ်ဆိုတော့ ကျွန်မကို တောင်အောက်ရောက်အောင် ပွေ့ချီသွားပါလား”

ကျန်းဆွေ့ဟန် အပေါ် ခံစားချက်မရှိသော်လည်း တဖြည်းဖြည်းနှင့် စိတ်နိုးကြွလာစေရန် သူမ လုပ်နိုင်ရမည်။

မိန်းကလေးများသည် ခန္ဓာကိုယ်ပိန်စေရန် အထူးထိန်းသိမ်းကြသဖြင့် သူမ ပေါ့ပေါ့ပါးပါးရှိသည်နှင့် အားနည်းလှသည်ကို ကျန်းဆွေ့ဟန် သိစေရန်မှာ အရေးကြံးဆုံးဖြစ်ပြီး ဘဝအကြောင်းနှင့် မိမိတို့၏စံနှုန်းထားများကိုပြောပါက စိတ်နိုးကြားလာမည်မဟုတ်လား။

ကျန်းဆွေ့ဟန် ကိုယ့်ကိုယ်ကို အပြစ်လုပ်တော့မည့်သူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။

နန်း မိသားစု၏ ပိုးစာပင်များကို ပြုပြင်ပေးရုံသာမက နန်း မိသားစု၏ သခင်မလေး ၅ ကိုလည်း ပွေ့ချီကာ တောင်အောက်သို့ ဆင်းရမည်လား။

နန်းပေါင်ရီ မှာ ထောင်ချောက်တစ်ခုဟုပင် မှတ်ယူနိုင်သည်။

ထိုအကြောင်းရာမျိုးသည် တစ်ခါဆင်းသက်ပြီးလျှင် ရုန်းထွက်နိုင်မည်မဟုတ်ပေ။

ရှောင်းယီ ကို ကျန်းဆွေ့ဟန် အားနာစိတ်တို့ဖြစ်လာရသည်။

နန်းပေါင်ရီ ကို မဝံ့မရဲချီလျက် ကျန်းဆွေ့ဟန် တောင်အောက်သို့ ဆင်းလာခဲ့သည်။

ခြံဝင်းကြီးသို့ ရောက်လာသည့်အချိန်တွင် ကျန်းဆွေ့ဟန် မှာ အလွန်ပင်ပန်းနေပြီး ခြေထောက်များမှာလည်း တုန်ယင်နေသည်။

နန်းပေါင်ရီ ကို တံခါးဝတွင် ချပေးလိုက်သည့်အခါ စာဖတ်ခန်းသို့ ပျော်ရွှင်စွာပြေးသွားလေသည်။

“အစ်ကို ၂ !”

ရှောင်းယီ မှာ အိမ်သို့ပြန်ရောက်နေပြီး ပြတင်းပေါက်နားတွင်ထိုင်လျက် ငွေစာရင်းစာအုပ်ကို ကြည့်နေလိုက်သည်။

“အစ်ကို ၂ .. တောင်စောင်းက မြက်ခင်းတွေဆီ သွားသေးလား”

ရှောင်းယီ မှာ ရေခဲတုံးအလား အေးစက်စက်ဖြင့် စာရွက်ကိုလှန်လိုက်ပြီး …

“မသွားဘူး”

ရှောင်းယီ ကို သေချာကြည့်ရင်း နန်းပေါင်ရီ သုံးသပ်လေသည်။

အမတ်လောင်းမှာ အဆင့် ၆အရာရှိ၏ဝတ်စုံဖြစ်သည့် အနီရင့်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး အင်္ကျီရင်ဘတ်ပေါ်လည်း ကြီးမားသောတောကောင်ကြီးပုံကိုလည်း ပန်းထိုးထားသည်။

စေ့စပ်သေချာတိကျသည့်ဟန်ပါသော်လည်း ဝတ်ရုံအစွန်းဘက်များတွင် စိုစွတ်နေသဖြင့် သေချာပေါက်ကို အပြင်မှပြန်လာခဲ့ခြင်းဖြစ်ရမည်။

သူမမျက်ခုံးများကိုပင့်တင်လိုက်ပြီး …

“အစ်ကို ၂ မရိုးသားဘူး .. ထားပါတော့ အစ်ကိုက ညီမလေးကို ကူညီပေးတာဆိုတော့ ထပ်မပြောတော့ဘူး”

နန်းပေါင်ရီ ပြတင်းပေါက်တစ်ဖက်ရှိ ကျန်းဆွေ့ဟန် ကို ကြည့်ကာ အသံကိုတိုးလိုက်ပြီး ….

“အစ်ကို ၂ .. ညီမလေးရဲ့ဖူးစာဖက်အစစ်ကိုတွေ့ခဲ့ပြီ .. ချန်းတယ်ယွီ နဲ့ မထိမ်းမြားတော့ဘဲ သခင်လေး ကျန်း ဆိုရင်ရော အစ်ကို ဘယ်လိုသဘောရလဲ”

ရှောင်းယီ မျက်လုံးတို့ အေးစက်သွားလေသည်။

နန်းပေါင်ရီ က ကျန်းဆွေ့ဟန် ကို သဘောကျသည်တဲ့လား။

သူ၏အကြည့်မှာ အလွန်ကြောက်စရာကောင်းသဖြင့် နန်းပေါင်ရီ ပင် ခြေနှစ်လှမ်းနောက်ဆုတ်သွားရလေသည်။

ရှောင်းယီ ငွေစာရင်းစာအုပ်ကိုပိတ်လိုက်ပြီး …

“နန်း အိမ်တော်က စည်းကမ်းမတင်းကြပ်ဘူးဆိုရင်တောင် မင်းတို့ မိန်းကလေးတွေက လက်ထပ်လမ်းကြောင်းကို ဘယ်တော့မှမပြောရဘူး .. နန်းပေါင်ရီ .. အခုဒူးထောက်”

နန်းပေါင်ရီ ချိတုံချတုံဖြစ်ကာ …

“အစ်ကို ၂….”

ရှောင်းယီ ၏ အရှိန်အဝါမှာ အလွန်ကြီးမားနေသဖြင့် နန်းပေါင်ရီ စကားဆုံးအောင်ပင် မပြောနိုင်တော့ဘဲ ရှက်တက်တက်နှင့် ဒူးထောက်လိုက်ရသည်။

“ဟေ့ သခင်မလေး ၅ .. ပိုးစာပင်တွေသွားကြည့်ဖြစ်ဦးမှာလား”

အတော်ကြာသည်အထိ နန်းပေါင်ရီ မထွက်လာသောကြောင့် ကျန်းဆွေ့ဟန် အခန်းတွင်းသို့ လိုက်သွားသောအခါ အမှားတစ်ခုခုလုပ်ထားမိသည့် အိမ်သူဇနီးတစ်ယောက်ကဲ့သို့ ဒူးထောက်နေသော နန်းပေါင်ရီ ကို တွေ့လိုက်ရသည်။

အစ်ကို ရှောင်း က လူတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ကောင်းကောင်းသိတာပဲ။

ကျန်းဆွေ့ဟန် ယပ်တောင်ကိုဖြန့်လိုက်ပြီး မျက်နှာဖုံးကာ ပြုံးလျက် ဦးညွှတ်လိုက်သည်။

“အရိုအသေပြုပါတယ် သခင်ကြီး ရှောင်း !”

ရှောင်းယီ က ဂရုမစိုက် လျစ်လျူရှုနေမြဲဖြစ်သည်ကို ကျန်းဆွေ့ဟန် နေသားကျပြီးဖြစ်သောကြောင့် နန်းပေါင်ရီ ဘက်လှည့်ကာ ပြုံးလိုက်ပြီး …

“သခင်မလေး ၅ က အပြစ်ပေးခံထားရတာပဲ .. ပိုးစာပင်တွေကရော ဘယ်လိုလုပ်မလဲ သွားကြည့်ဦးမှာလား”

နန်းပေါင်ရီ နှုတ်ခမ်းကိုက်လိုက်သည်။

သူမ၏အခက်တွေ့နေသောပုံကို အခြားသူမြင်သွားသည့်အတွက် သူမအလွန်ပင် ရှက်ရွံ့နေသဖြင့် မပျော်ရွှင်သည့်အသံနှင့် …

“ခြံထဲက အကြီးဆုံး ကြီးကြပ်ရေးမှူးတစ်ယောက်လောက်ရှာပြီး ပို့ခိုင်းလိုက် .. ကြည့်ပြီးရင် ပိုးစာပင်တွေ ဘယ်လိုဖြစ်ကုန်ရတာလဲဆိုတဲ့အကြောင်း လာပြော … တကယ်လို့အဆိပ်မိတာဆိုရင် အဆိပ်က ဘယ်ကလာတာလဲဆိုတာ ရှာလို့ရပြီ”

ကျန်းဆွေ့ဟန် လက်ခံလိုက်ပြီး အမြန်ထွက်သွားရန်ပြင်လိုက်သည်။

ထိုသူမှာ သူမ၏ခင်ပွန်းဖြစ်လာနိုင်သည့်အချက်ကို နန်းပေါင်ရီ ရုတ်တရက်သတိရမိလိုက်သဖြင့် နူးညံ့သည့်အသွင်ကိုချက်ချင်းပြောင်းကာ ချစ်စရာကောင်းသောအသံဖြင့် …

“အပြင်မှာ မိုးရွာနေသေးတယ် .. သခင်လေး ကျန်း .. ထီးသေချာဆောင်းသွားပါ .. အအေးမမိစေနဲ့နော်”

ကျန်းဆွေ့ဟန် မှာ ကြက်သီးမွေးညှင်းများပင် ထသွားလေသည်။

ထိုမိန်းကလေး၏ အမူအရာပြောင်းလဲပုံမှာ အလွန်လွယ်ကူပြီး ဟန်ဆောင်သည့်အရိပ်အယောင်မှာ ထူးဆန်းနေသဖြင့် ကျန်းဆွေ့ဟန် အမြန်ပြေးသွားလေသည်။

ကျန်းဆွေ့ဟန် ထွက်သွားပြီးနောက် ရှောင်းယီ ကို မော့ကြည့်ကာ …

“အစ်ကို ၂ .. ညီမလေး ဘယ်ချိန်ထိ ဒူးထောက်နေရမှာလဲ”

ရှောင်းယီ မျက်နှာမှာ အလွန်အုံ့မှိုင်းလျက် ငွေစာရင်းကိုသာဖွင့်ဖတ်နေသော်လည်း မျက်လုံးထဲတွင် စာတစ်လုံးမျှ မမြင်ပေ။

“အစ်ကို ၂ .. ကြမ်းပြင်ကအေးနေတာ ညီမလေး ဒူးထောက်ထားရတာလည်း နာလှပြီ”

ရှောင်းယီ ၏ ဝတ်စုံကို အသာလှမ်းဆွဲကာ သနားစရာကောင်းသော အကြည့်များနှင့် …

“နောက်ဆိုရင် ညီမလေး ကိုယ့်ကိုယ်ကိုသေချာထိန်းသိမ်းပြီး အိမ်တော်ရဲ့ဂုဏ်ကိုလည်း မထိခိုက်အောင် နေပါ့မယ်နော်”

သနားငဲ့ညှာပေးရန် တောင်းဆိုသော်လည်း အဖက်မလုပ်ခံရပေ။ သူမက ထိမ်းမြားသည့်အကြောင်းလေးရုံနှင့်ပင် စိတ်အလိုမကျဖြစ်သွားရတာလဲ။

ဘယ်လိုမိန်းကလေးက သူ့အတွက် ခင်ပွန်းတစ်ယောက်ကို ရွေးချယ်ခွင့်မရှိရတာလဲ။

ထို့အပြင် သူမတစ်ယောက်တည်း စည်းကမ်းချိုးဖော်ခြင်းမဟုတ်၊ ရှောင်းယီ သည်လည်း သူမ၏နှုတ်ခမ်းကို နမ်းရှိုက်ဖူးသည်မဟုတ်လား။

အမတ်လောင်း၏မျက်နှာနှစ်ဖက်မှာ အလွန်ပင်အဆင့်မြင့်လှပေသည်။

ရှောင်းယီ အဖြေကိုစောင့်ဆိုင်းနေသော်လည်း အမတ်လောင်းက အေးစက်စက်နှင့် စာအုပ်ကိုသာ လှန်လှောကြည့်နေသည်။

နန်းပေါင်ရီ အလွန်ဒေါသထွက်သွားသည်။

လွန်ခဲ့သည့်နှစ်ရက်က ရှောင်းယီ ထံ သွားရောက်တွေ့ဆုံခဲ့ရာတွင်လည်း သူမကို ထွက်သွားရန် ပြောခဲ့သည်။

ယနေ့လည်း တောင်စောင်းပေါ် တက်လာခဲ့ပါလျက်နှင့် သူမကိုတွေ့ဆုံမည့်အစား ပြတင်းပေါက်မှခုန်ဆင်းကာ ထွက်သွားခဲ့သည်။

အမတ်လောင်း၏စိတ်မှာ အလွန်ပင် ခန့်မှန်းရခက်လှသည်။

နန်းပေါင်ရီ ကြာကြာမနေနိုင်တော့သဖြင့် ရုတ်တရက်ထရပ်ကာ အေးစက်စွာကြည့်ရင်း …

“ညီမလေး အကောင်းဆုံးဖြစ်အောင် ကြိုးစားပေမယ့် အစ်ကို ၂က အမြဲတမ်းဥပေက္ခာပြုတယ် .. ညီမလေးလည်း ကိုယ့်အတွက်ကိုပြန်ကြည့်တဲ့သူတစ်ယောက်ပဲ .. ညီမလေး ဘယ်လောက်ပဲစိတ်ကောင်းနေပါစေ ဒီလိုသိမ်ငယ်ရတာတော့ လုံးဝမခံနိုင်ဘူး … ရှောင်းယီ .. ကျွန်မကို ရှင်မုန်းတယ်ဆိုရင် အခုကစပြီး ကိုယ့်လမ်းကိုလျှောက်ရအောင် .. ရှင်လည်း ကိုယ့်သွားချင်တဲ့လမ်းအတိုင်းသွား ကျွန်မလည်း ကိုယ်လုပ်ချင်တာလုပ်မယ် !”

ပြောပြီးနောက် နန်းပေါင်ရီ ဒေါသတကြီးနှင့် သူမအခန်းသို့ ပြေးသွားလေသည်။

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset