NBY အပိုင်း ၆၁

အပိုင်း (၆၁)

ငြင်းပယ်လိုက်သည့် စေ့စပ်လမ်းကြောင်း

ဟယ်ယဲ့ အမြန်ပြေးလာရသဖြင့် အသက်ရှူမဝဘဲ ဟောဟဲလိုက်ကာ …

“ကျွန်မတို့အိမ်တော်ရဲ့ ဧကတစ်သောင်းကျော် ပိုးစာပင်တွေက အရွက်တွေ ညိုးခြောက်ကုန်ပြီး ပိုးကောင်တွေကို အစာကျွေးလို့မရတော့ဘူးတဲ့ !”

နန်းပေါင်ရီ အလွန်ပင်ထိတ်လန့်သွားသည်။

နန်း အိမ်တော်မှာ ရှု ပိုးထည်လုပ်ငန်းကို နှစ်ရာပေါင်းများစွာ လုပ်ကိုင်ခဲ့သဖြင့် နန်းပေါင်ရီ မှာ ငယ်စဉ်ကတည်းက ပိုးစာပင်အကြောင်းကို နှောကျေနေခဲ့သည်။

“သိုလှောင်ရုံထဲမှာရှိတဲ့ ပိုးစာရွက်နုတွေကလည်း ၅ရက် ၆ရက်လောက်ပဲ ခံတော့မယ်တဲ့ .. ရွက်နုထွက်ဖို့ဆိုရင်လည်း အကြာကြီးစောင့်ရဦးမှာ .. အခုကပိုးကောင်တွေအတွက် ပိုးအိမ်ဖွဲ့ဖို့ အရေးကြီးနေတဲ့ အချိန်ဖြစ်နေတာကို ဒုက္ခပါပဲ .. သခင်မလေး ဘယ်သွားမလို့လဲ !”

နန်းပေါင်ရီ သူမဂါဝန်ကို မတင်ကာ ဆုန်းဟယ့် ခြံသို့ အမြန်ပြေးသွားလေသည်။ သူမ အသက်ရှူရန်ပင် မေ့ကာ ဆုန်းဟယ့် ခြံရှိ ဥယျာဉ်ငယ်ထံပြေးပြီး တံခါးကိုကိုင်လျက် အထဲမှအခြေအနေကို အကဲခတ်နေသည်။

အခြေအနေမှာ အုံ့မှိုင်းညိုးနွမ်းကာ အဘွားဖြစ်သူကလည်း မျက်နှာတင်းလျက် ငွေစာရင်းစာအုပ်ကို အမြန်ဖွင့်ဖတ်ကြည့်နေသည်။ ခြံမြေကြီးကို ထိန်းကွပ်ကြီးကြပ်ရသူအချို့ မတ်တပ်ရပ်နေကြပြီး သူတို့၏မျက်လုံးတွင်လည်း မျက်ရည်များဝဲနေသည်။

သန်းပေါင်များစွာရှိသော နွေဦးပိုးကောင်များကို ပိုးအိမ်စုဆောင်းသူများက နွေဦးရာသီတစ်ခုလုံး ကျွေးမွေးခဲ့ရသည်။ အကယ်၍ ပိုးကောင်များ သေဆုံးကုန်လျှင် ပိုးအိမ်များမရနိုင်သည့်အပြင် ပိုးထည်ယက်သူများလည်း အလုပ်လက်မဲ့ဖြစ်ကြရတော့မည်။

တစ်ယောက်သောသူလည်း သေဆုံးသွားနိုင်သည်။

သခင်မကြီးက စာအုပ်များကို ပိတ်လိုက်ပြီး …

“တခြားနေရာတွေကနေ ပိုးစာရွက်ဝယ်မယ်ဆိုရင်ရော …”

အိမ်ထိန်းက အလွန်ခက်ခဲနေသည့်ပုံစံဖြင့် …

“ဖြစ်တဲ့နေ့မှာပဲ ကျွန်တော်လူလွှတ်ပြီး ဈေးထဲမှာ စုံစမ်းခိုင်းလိုက်သေးတယ် ဒါပေမယ့် ညတွင်းချင်းပဲ ဈေးနှုန်းတွေ မြင့်တက်သွားတာ … အခုဝယ်ရင်တောင် ကျွန်တော်တို့ရဲ့အရှုံးတွေကို ပြန်မဖြည့်နိုင်ဘူး တခြားနေရာကဝယ်မယ်ဆိုရင်လည်း ကျွန်တော်တို့မှာ အချိန်မရတော့ဘူး ပြီးတော့ … ဘယ်အိမ်မှာ ပိုးစာပင်တွေ အများကြီးရှိနိုင်မလဲ”

ဆွေးနွေးနေကြချိန် အဒေါ် ကျိ က အမြန်ဝင်လာပြီး သခင်မကြီး နားအနားကပ်ကာ တီးတိုးပြောဆိုလေသည်။

သခင်မကြီး က မျက်မှောင်ကြုတ်ကာ …

“သူက ဘာလာလုပ်တာလဲ”

စကားပြောခဏရပ်သွားကာ ..

“ထားလိုက်တော့ .. ခေါ်လာလိုက်”

ခဏကြာပြီးနောက် သခင်မ ရှ ဝင်လာသည်ကို နန်းပေါင်ရီ တွေ့လိုက်ရသည်။ သခင်မ ရှ ကာ နှစ်ခြိုက်စွာပြုံးပြီး ထိုင်ချလိုက်သည်။

“သခင်မကြီး ဒုက္ခတွေ့နေတယ်ကြားရတော့ ကျွန်မဘာများကူညီနိုင်မလဲလို့ လာမေးကြည့်တာပါ”

“စဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

သခင်မကြီးက ပြုံးပြကာ အစေခံတစ်ယောက်ကို လက်ဖက်ရည်ဧည့်ခံရန် ပြောလိုက်သည်။

နန်းပေါင်ရီ တံခါးနောက်တွင်ရပ်နေပြီး မှိန်ပျပျအလင်းရောင်ကြောင့် အနည်းငယ်တောက်ပနေသည်။

နန်း မိသားစုနှင့် ရှ မိသားစု နှစ်ခုလုံး ရှု ပိုးထည်များ ထုတ်လုပ်ကြသည့် လူကုံထံများဖြစ်ကြသည်။

ရှ အိမ်တော်တွင်လည်း ပိုးစာပင်များစွာရှိပြီး ယက်ကန်းသည်အမြောက်အမြားလည်း ရှိသည်။ ဈေးကွက်ထဲရှိ ပိုးစာရွက်ဈေးနှုန်းကို ထိန်းချုပ်နိုင်သည်မှာ ရှ မိသားစုသာ ရှိသည်။

နန်း မိသားစု၏ ပိုးစာပင်အဖျက်ဖြစ်ရခြင်းနောက်ကွယ်တွင် ရှ မိသားစု ရှိနေခြင်းများလား။

ဖြစ်နိုင်သည်၊ သခင်မ ရှ စေ့စပ်လမ်းကြောင်း ပြောခဲ့သည်ကို သူမ၏အဘွား ငြင်းလိုက်သဖြင့် သခင်မ ရှ မကျေမနပ်ဖြစ်သွားခြင်းကြောင့် ဖြစ်မည်။

နန်းပေါင်ရီ အံကြိတ်လိုက်ပြီး သခင်မ ရှ ရယ်သံကိုကြားလိုက်ရသည်။

“အခုချိန်က ပိုးကောင်တွေအတွက် ပိုးအိမ်ဖွဲ့ဖို့အတွက် အရေးကြီးဆုံး အချိန်ပဲနော် ပိုးကောင်တွေကို အငတ်ထားရင် နှမြောစရာကြီးဖြစ်သွားမှာ … ကျွန်မတို့မိသားစုကနေ ပိုးစာရွက်တွေ ပေးနိုင်ပါတယ် မိသားစုအချင်းချင်းရင်းနှီးနေတော့ ဈေးညှိပေးလို့ရပါတယ်”

သခင်မကြီးက တည်ငြိမ်စွာဖြင့် …

“ဘယ်လိုညှိမှာလဲ ပြောပါဦး”

သခင်မ ရှ က စိတ်ကျေနပ်စွာဖြင့် …

“သခင်မကြီးက အတော်ပွင့်လင်းတာပဲ … ကျွန်မတို့ရဲ့ ချင်ချင် က နန်း အိမ်တော်ရဲ့ သခင်လေး ရှောင်း ကို သဘောကျနေတာ ကျွန်မတို့အိမ်တော်ကလည်း ရှင်တို့နဲ့ လက်ဆက်ချင်ပါတယ် … သခင်မကြီးသာ လက်ခံလိုက်ရင် ကျွန်မတို့က ပိုးစာပင်အများအပြားကိုလည်း ပေးနိုင်ပါတယ်”

အရှက်မရှိလိုက်တာ !

နန်းပေါင်ရီ စိတ်ထဲမှ ကြုံးဝါးလိုက်မိသည်။ သူမ တံခါးနောက်တွင်ကွယ်ကာ သူမ၏အဘွားကို ချောင်းကြည့်လိုက်သည်။

သခင်မကြီးက လက်ဖက်ရည်ခွက်ကိုချပြီး ဝတ်စုံကိုသပ်ရပ်အောင်ပြင်လိုက်ကာ …

“သခင်မ ရှ အချိန်ဖြုန်းလိုက်မိပြီထင်ပါတယ်”

သခင်မကြီး နန်း သည် လုပ်ငန်းရှင်တစ်ယောက်ဖြစ်သည်။ ရှောင်းယီ သည် ရှု ပိုးထည်များထက် အဆပေါင်းများစွာ အဖိုးတန်သည်။ ငါးစိမ်းတစ်ကောင်ကိုမြင်လျှင် လက်ထဲရှိငါးကင်တစ်ကောင်ကို ဘာကြောင့်များ စွန့်လွှတ်ရမှာလဲ။

ငြင်းပယ်ခံရလိမ့်မည်ဟု မထင်ထားသဖြင့် သခင်မ ရှ မျက်နှာအုံ့မှိုင်းသွားပြီး မျက်မှောင်ကြုတ်ကာ …

“သခင်မကြီးလည်း အသက်ကြီးနေပါပြီ .. အတွေးမမှားပါနဲ့ !”

“သခင်မ ရှ ပြောစရာမရှိတော့ရင် ထွက်သွားပေးပါ .. ကျွန်မတို့ရဲ့မိသားစုရေးကို စိတ်ပူပေးစရာမလိုပါဘူး”

သခင်မ ရှ တင်ပူအောင်ပင် မထိုင်ရသေး ထွက်သွားရန် အပြောခံလိုက်ရသည်။ သူမ ဒေါသတကြီး ထရပ်ကာ …

“ရှ အိမ်တော်ရဲ့ အကူအညီမပါဘဲ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲလို့ စောင့်ကြည့်ဦးမယ် !”

သူမထွက်သွားပြီးနောက် သခင်မကြီး နန်း ၏ အပြုံးမှာလည်း တဖြည်းဖြည်းပျောက်ကွယ်လာပြီးသူမ၏အသက်အရွယ်ကြောင့် မျက်နှာထက်တွင်လည်း အရေးအကြောင်းများ ပေါ်နေလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း နန်းပေါင်ရီ ရင်ထဲ ဆစ်ကနဲ ဖြစ်သွားသည်။

သူမ၏ ဒုတိယဦးလေးနှင့် အစ်ကိုအကြီးဆုံးတို့မှာ စီးပွားရေးကို ကြိုးစားလုပ်ကိုင်နေကြပြီး အဒေါ် ၂ဖြစ်သူကလည်း တုအန်း ပြည်တွင်ရှိသော ငွေစရင်းများကို စစ်ဆေးရန် ထွက်သွားသည်။ အိမ်တော်ထဲတွင် သူမ၏အဖေတစ်ယောက်သာလျှင် အဘွားအတွက် အသုံးမဝင်သောသူဖြစ်နေသည်။

သူမ၏အဘွားမှာ အသက်ကြီးနေပြီဖြစ်သောကြောင့် ပင်ပန်းစွာလုပ်ကိုင်ရန် မသင့်ပေ။ နန်းပေါင်ရီ သူမအဘွားရှေ့သို့သွားကာ …

“ဘွားဘွား …”

သူမကိုမြင်သောအခါ သခင်မကြီးက ချက်ချင်းပြုံးလာပြီး …

“ကျောင်းကျောင်းအာ ဘယ်ချိန်ကတည်းကရောက်နေတာလဲ .. လာပါဦး ငါ့မြေးလေးကို ဖက်ဦးမယ်”

သူမအဘွား၏ပွေ့ဖက်မှုထဲသို့ အသာမှီကာ ..

“ဘွားဘွား ဒီနေ့တော့ အနံ့မွှေးမွှေးလေးက သင်းနေတာပဲ”

“ဘွားဘွား က အသက်ကြီးနေပါပြီ .. အမွှေးနံ့တွေ့ကကို ဘယ်လိုလုပ် အာရုံစိုက်နိုင်မှာလဲဲ”

“ဘွားဘွားက အမြဲတမ်းဘုရားကိုယုံကြည်သက်ဝင်ပူဇော်တော့ ဘုရားရဲ့အရိပ်အယောင်တွေ လွှမ်းခြုံနေတာဖြစ်မှာပေါ့ .. ဘုရားက ဘွားဘွားကို ကာကွယ်ပေးနေတာ ဖြစ်ရမယ် !”

သူမ၏ချစ်စဖွယ်အပြုအမူကြောင့် သခင်မကြီးမှာ စိတ်ချမ်းသာသွားရသည်။ နန်းပေါင်ရီ ၏ နှာခေါင်းထိပ်လေးကို အသာညှစ်ရင်း …

“ချိုသာလိုက်တဲ့စကားလေး !”

နန်းပေါင်ရီ က အချိန်အခါကိုကြည့်ရင်း …

“ဘွားဘွား .. ပိုးစာပင်မြေကွက်တွေ တစ်ခုခုဖြစ်နေလို့လား”

သခင်မကြီး၏ မျက်ဝန်းများ ညှိုးနွမ်းသွားပြီး အားတင်းကာပြုံးလျက် …

“ဒါကစီးပွားရေးကိစ္စပါ ကျောင်းကျောင်းအာ စိတ်ပူဖို့မလိုဘူးနော် .. မြေးလေးသာ နေ့တိုင်းကောင်းကောင်းမွန်မွန် စားသောက်နိုင်ရင် ဘွားဘွားအမြဲပျော်ရွှင်ရတယ်”

“ဘွားဘွား … သမီးကလည်း အိမ်တော်ရဲ့ မိသားစုဝင်တစ်ယောက်ပါပဲ .. အခု အိမ်တော်က အခက်ကြုံနေရင် သမီးလည်း ကူညီပေးသင့်တာပေါ့ ဘွားဘွားက အသက်ကြီးနေပါပြီ ခြံကြီးတွေကို သွားဖို့မသင့်တော်ဘူး … ပိုးစာပင်တွေဘာဖြစ်နေလဲဆိုတာ ဘွားဘွားကိုယ်စား သမီးသွားကြည့်ပေးပါ့မယ်”

“သမီးက ခြံထဲသွားချင်လို့လား”

နန်းပေါင်ရီ စကားကြောင့် သခင်မကြီး နန်း အံ့ဩသွားရသည်။

ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရသည့် သူမ၏ ကျောင်းကျောင်း မှာ အပင်ပေါင်းများစွာရှိသည့်ခြံကို ဘယ်လိုသွားနိုင်မှာလဲ။

နန်းပေါင်ရီ ယုံကြည်ချက်ရှိရှိ ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့ သမီးအခက်အခဲကြုံရမှာ မကြောက်ပါဘူး”

“ဒါပေမယ့် ….”

“ဘွားဘွား .. သမီးကို အပြင်ထွက်ပြီး အပန်းဖြေခွင့်ပေးပါနော်”

နန်းပေါင်ရီ ကို မဖျောင်းဖျနိုင်တော့မှန်း သိရပြီးသည်နှင်ွ သခင်မကြီးက မနက်ဖြန် အိမ်ထိန်းနှင့်အတူ ခြံထဲသွားရန် ခွင့်ပြုလိုက်သည်။

နန်းပေါင်ရီ ထွက်သွားပြီးနောက် သခင်မ ကျိ က နှစ်ခြိုက်စွာပြုံးရင်း …

“သခင်မလေး ၅က အတော်တွေးတတ်တာပဲ .. အိမ်တော်အတွက် ဘယ်လိုလုပ်ပေးရမယ်ဆိုတာ သေချာနားလည်နေတယ်”

ထိုစကားကြောင့် သခင်မကြီး၏မျက်နှာတွင် ကျေနပ်သည့်အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ ကျောင်းကျောင်းအာ ထံမှ အကူအညီမလိုအပ်သော်လည်း သူမ၏မြေးမလေးက စိတ်ထက်သန်နေသဖြင့် သူမခွင့်မပြု၍လည်း မရတော့ပေ။

သခင်မကြီး နန်း လက်မြှောက်လိုက်ပြီး ပြဿဒ်အဆောင်ကိုကိုင်ကာ သူမ၏ပိုးစာပင်စိုက်ခင်းများကို စိတ်ပူပန်ရပြန်သည်။

……..

နန်းပေါင်ရီ ကျောက်ဝမ် ခြံသို့အမြန်ပြန်လာပြီးနောက် ဟယ်ယဲ့ ကို အထုပ်အပိုးပြင်ဆင်ရန် စိတ်လှုပ်ရှားစွာ ပြောလေသည်။

ဟယ်ယဲ့ စိတ်ဓါတ်ကျသွားကာ …

“သခင်မလေး .. သခင်မလေးက ဥယျာဉ်မှူးတစ်ယောက်မဟုတ်ပါဘူး ပိုးစာပင်တွေ အဖျက်ကြုံရတာကို သခင်မလေးက ဘာကြောင့်ဝင်ပါချင်ရတာလဲ .. သခင်မလေးက အရှုပ်တွေပဲလုပ်မိနေပါလိမ့်မယ်”

နန်းပေါင်ရီ ဘဝင်မကျစွာဖြင့် …

“ဟယ်ယဲ့ နင်ငါ့ကို ဘာလို့အထင်သေးရတာလဲ .. နင့်ရဲ့သခင်မလေးငါက နွေဦးရာသီပန်းပွဲတော်မှာ ပထမဆုရခဲ့တာပါနော်”

ပိုးစာပင်အဖျက်ကိုဖြေရှင်းရန် သူမအမှန်တကယ်မသိသော်လည်း သူမတွင် အခြားနည်းမရှိဟုမဆိုလိုပေ။

နန်းပေါင်ရီ ကို ဟယ်ယဲ့ နားမလည်နိုင်တော့ဘဲ အထုပ်အပိုးများကိုသာ ပြင်ဆင်လိုက်ရသည်။

နောက်တစ်နေ့ရောက်သည့်အခါ ကောင်းကင်မှာလည်း တောက်ပစွာ လင်းထိန်နေသည်။ နန်းပေါင်ရီ လှည်းအတွင်း ဝင်ထိုင်လိုက်ပြီးနောက် ချင်းချန် တောင်ရှိ သူမတို့၏ပိုးစာပင်ဥယျာဉ်ခြံသို့ ဦးတည်ခဲ့လေသည်။

ခရီးမှာအလွန်ရှည်လျားသဖြင့် နေ့တစ်ဝက်နီးပါးပင် အချိန်ယူခဲ့ရသည်။

သူမတစ်ရေးတမောအိပ်နေစဉ် သူမ၏လှည်းအနောက်မှ နောက်ထပ်လှည်းတစ်စီး အမြန်ရောက်လာခဲ့သည်။

လှည်းထဲတွင် ရှောင်းယီ မတ်မတ်ထိုင်နေပြီး ငွေစာရင်းစာအုပ်များကို စစ်ဆေးကြည့်နေသည်။

ချင်းချန် တောင်သို့တက်ကာ စပါးပြောင်းများကို ကြီးကြပ်ရန်နှင့် ငွေစာရင်းများကို စစ်ဆေးရန် ရောက်လာခြင်းဖြစ်သည်။

လှည်းမောင်းနေသည့် ရှီးခူ က ရုတ်တရက်အသိပေးလေသည်။

“သခင် .. ဟိုလှည်းက အိမ်တော်ကလှည်းမဟုတ်ဘူးလား

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset