အပိုင်း (၅၇)
နမ်းရှိုက်လိုစိတ်
နန်းပေါင်ရီ ၏ သူငယ်အိမ်လေးများမှာ ကြောင်လေးတစ်ကောင်သဖွယ် ပြူးကျယ်သွားလေသည်။
ရှောင်းယီ ကို သူမ တွန်းထုတ်ကာ ပါးစပ်ကိုလက်ဖြင့်ကာပြီး နောက်သို့အမြန်ဆုတ်လိုက်သည်။
“အစ်ကို .. ရှင်..ရှင် …”
ရှောင်းယီ က အိန္ဒြေမပျက် မပြုံးမရယ်မျက်နှာထားနှင့်ပင် …
“ငါက မင်းအစ်ကိုလေ ရှက်စရာရှိလို့လား .. စုန့်ရှစ်နင် လည်း မင်းကိုနမ်းဖူးတာပဲ ဟုတ်တယ်မလား”
နန်းပေါင်ရီ စိတ်ထဲ တွေဝေသွားသည်။
စုန့်ရှစ်နင် က သူမကို နမ်းဖူးသော်လည်း ပါးကိုသာနမ်းခြင်းဖြစ်သည်။ ရှောင်းယီ နမ်းသကဲ့သို့ မဟုတ်ပေ။
သူမရှင်သန်ခဲ့သည့် ဘဝနှစ်ခုလုံးတွင် ယောက်ျားလေးတစ်ယောက်ထံမှ နှုတ်ခမ်းကိုအနမ်းခံရခြင်းမှာ ပထမဆုံးဖြစ်သည်။
သူမ၏ပါးပြင်များ ချက်ချင်းပန်းရောင်သန်းသွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် …
“ဒါ…ဒါပေမယ့် … ဒါပေမယ့်လည်း အခုက မသင့်လျှော်ဘူးလေ …”
ရှောင်းယီ က ပုံစံမပျက် ခပ်တည်တည်ရှိနေလျက်ပင်။
သူကိုယ်တိုင်လည်း မသင့်လျှော်မှန်းသိသော်လည်း သူမ၏သေးငယ်သော နှုတ်ခမ်းပါးလေးကိုမြင်ပြီးနောက် မနမ်းဘဲ မနေနိုင်တော့ပေ။
ရှောင်းယီ စိတ်ဆိုးမာန်ကိုဖုံးကွယ်ပြီး သူမကို ပွေ့ဖက်ရန် ကြိုးစားသော်လည်း ကလေးမလေးက ကြောက်လန့်စွာ ရှောင်ပြေးနေသည်။
နန်းပေါင်ရီ က ကျနေသောအင်္ကျီလက်စကို ဆတ်ခနဲဆွဲပြီး စိတ်လှုပ်ရှားစွာဖြင့် မျက်လွှာချမိသည်။
“ညီမ … ညီမလေးဘာသာ လမ်းလျှောက်မယ် …”
“မက်မွန်တောထဲ ပြေးတုန်းက မင်းချော်လဲထားတယ်လေ … လမ်းလျှောက်ရင် နာနေလိမ့်မယ်”
ရှောင်းယီ လေးနက်စွာပြောလေသည်။
နန်းပေါင်ရီ ထိုင်ချလိုက်ပြီး သူမဝတ်ထားသော ဝတ်ရုံကို ဂရုတစိုက်မတင်လိုက်သည့်အခါ သိမ်မွေ့နူးညံ့သော ဒူးခေါင်းပေါ်တွင် ပွန်းပဲ့ရာတစ်ခုက အထင်းသားရှိနေသည်။
သူမပြုံးလျက် မော့ကြည့်ကာ …
“တွေ့လား အစ်ကို ၂ … အရေပြားမှမလန်သွားတာ သိပ်မနာပါဘူး”
သူမသည် အလွန်ပင်စဉ်းစားချင့်ချိန်တတ်သော်လည်း ရှောင်းယီ ၏ အသည်းနှလုံးမှာ အပ်များစွာနှင့် ထိုးစိုက်ခံရသကဲ့သို့ နာကျင်သွားသည်။
ဘာကြောင့် ထိုသို့ခံစားနေရသည်ကို ရှောင်းယီ မသိသော်လည်း နန်းပေါင်ရီ အခုကဲ့သို့ သိတတ်ချင့်ချိန်တတ်ခြင်းမရှိရန် သူပို၍မျှော်လင့်သည်။
သူမသည် ၁၂ နှစ်သာရှိသေးပြီး အရင်ကအချိန်များကဲ့သို့ အလိုလိုက်ခံရပြီး မဆင်မခြင်လုပ်တာမျိုး ဖြစ်သင့်သည်။
ရှောင်းယီ အတန်ကြာအောင်ငြိမ်နေပြီးနောက် သူ့လ က်ကို နန်းပေါင်ရီ ထံသို့ကမ်းပေးလိုက်သည်။ ”
“ငါ့နောက်ကလိုက်ခဲ့”
နန်းပေါင်ရီ အတွက် ပွေ့ချီခြင်းထက် လက်ကိုင်ခြင်းက ပို၍အဆင်ပြေသည်။ သူမ ဝတ်ရုံကိုပြင်လိုက်ပြီး ရှောင်းယီ ၏လက်ဖဝါးပေါ်သို့ သူမ၏လက်ကို တည်ကြည်စွာတင်လိုက်သည်။
ရှောင်းယီ ခေါင်းငုံ့လိုက်ကာ နန်းပေါင်ရီ လက်ကို ကြည့်လိုက်ရာ သူမ၏ လက်ကလေးက လှပနူးညံ့အိစက်နေပြီး အလှကြိုက်သူလည်းဖြစ်သောကြောင့် လက်သည်းပေါ်တွင် ပန်းနုရောင်ပါဆိုးထားသေးသည်။
ရှက်ကိုးရှက်ကန်းဖြင့် အမြဲကွေးထားတတ်သော သွယ်လျသည့် ထိုလက်သန်းလေးက သူ့ရင်ထဲ၌ ပြောမပြတတ်အောင် အနေရခက်စေပြီး လက်ချောင်းထိပ်ကလေးတွေကို နမ်းရှိုက်ချင်စိတ်များ ဖြစ်ပေါ်နေသည်။
ရှောင်းယီ ဆန္ဒကိုရင်ထဲ၌သိမ်းကာ တည်ကြည်စွာဖြင့် သူမ၏လက်ကို ဆုပ်ကိုင်လိုက်ကာ နှစ်ယောက်သား တောင်အောက်သို့ဆင်းလာလေသည်။
နန်းပေါင်ရီ က အဖျားမိကာ နှာချေလေတော့သည်။
ရှောင်းယီ သူမကို အေးစက်စွာကြည့်ရင်း …
“ငါရေပူစမ်းသွားမလို့ မင်းရော လိုက်ခဲ့”
“ညီမလေးလည်း သွားမလိုပဲ တွေးနေတာ”
နန်းပေါင်ရီ မထိန်းနိုင်ဘဲ နှာဖျားကိုပွတ်သပ်ကာ …
“အလျင်လိုနေတော့ ခြုံထည်တောင်မယူလာခဲ့ရဘူး”
ထိုသို့ဖြင့် သူတို့နှစ်ယောက် တဖြည်းဖြည်းနှင့် အဝေးသို့ ပျောက်ကွယ်သွားလေသည်။
လမ်းကျဉ်းလေး ဘေးတစ်ဖက်ရှိ ထင်းရှူးပင်နှင့် ကျောက်ထင်းရှူးပင်များနောက်ကွယ်မှ မိန်းကလေးတစ်ယောက်ထွက်လာကာ အံ့ကြိတ်နေသည်။ ထိုမိန်းကလေးမှာ ရှချင်ချင် ပင်ဖြစ်သည်။
ဝေဝါးသွားသော သူတို့နှစ်ယောက်၏ ပုံရိပ်ကိုငေးကြည့်ရင်း သူမ ခြေဆောင့်လိုက်သည်။
“နန်းပေါင်ရီ က တကယ်မုန်းစရာပဲ ..သခင်လေး ရှောင်း အရှေ့မှာ ငါ့ကိုပျက်စီးပြီးအကျင့်မကောင်းဘူးလို့ ပြောရဲတယ်”
“ငါ့ညီမက အဲ့လိုပဲ ရက်စက်တယ် ..ဒါပေမယ့် ဘွားဘွားက သူ့ကိုပဲအလိုလိုက်ပြီး သူပြောသမျှပဲ နားထောင်တာ”
သူမဘေးသို့ နန်းယန် ရောက်လာပြီး …
“ညီမလေး ချင်ချင် .. နင် သူ့ကိုလက်ထပ်ရတော့မှာမဟုတ်ဘူးလို့ ငါထင်တယ်”
ရှချင်ချင် မျက်နှာပျက်သွားကာ
“မကျေနပ်နိုင်ဘူး!”
နန်းယန် က သူမနားနားကပ်ကာ …
“ငါ့မှာ အကြံကောင်းတစ်ခုရှိတယ်”
“ဘာအကြံလဲ”
“အခု လေးလမြောက်ကိုရောက်နေပြီ .. သိပ်မကြာခင် ပိုးချည်ထုတ်တဲ့နွေပိုးကောင်တွေ ချည်ထုတ်တော့မှာ.. နန်းအိမ်တော်မှာ ပိုးစာပင်စိုက်ခင်းတွေ ဧကသောင်းနဲ့ချီပြီးရှိတယ် အဲဒီပိုးစာပင်တွေသာ တစ်ခုခုဖြစ်သွားခဲ့ရင် သူတို့ နွေပိုးကောင်တွေကို အစာကျွေးနိုင်မှာမဟုတ်တော့ဘူး … ဂရုတစိုက်နဲ့မွေးထားတဲ့ နွေပိုးကောင်တွေ သန်းနဲ့ချီပြီး ငတ်သေသွားမှာ … ဒါဆို သူတို့ချည်မထုတ်ပေးနိုင်တော့တဲ့အတွက် ရှု ပိုးချည်ထည်တွေ ရက်နိုင်မှာမဟုတ်တဲ့အခါ အရှုံးကြီးရှုံးသွားလိမ့်မယ်”
နန်းယန် ပြောသည်ကို ရှချင်ချင် နားမလည်။
“အဲဒါက ငါ့မင်္ဂလာကိစ္စနဲ့ ဘာဆိုင်လို့လဲ”
နန်းယန် က ပြုံးပြကာ သူမလက်ကို ကိုင်လိုက်ပြီး …
“ညီမ ချင်ချင် .. နင်တို့မိသားစုကလည်း ရှု ပိုးချည်ထည် ကုန်သည်မျိုးပဲလေ ပြီးတော့ ပိုးစာပင်စိုက်ခင်းတွေလည်းရှိတယ် … နန်းမိသားစုအကျပ်ရိုက်နေတုန်း နင်တို့မိသားစုကသာ ဝင်ကူညီလိုက်ရင် နင်ရဲ့မင်္ဂလာပွဲကိစ္စက … ”
ထိုအခါမှ ရှချင်ချင် ရုတ်တရက် သဘောပေါက်သွားသည်။
နန်း အိမ်တော် ဒုက္ခတွေ့နေစဉ် ပိုးစာပင်များနှင့်သာ အကြပ်ကိုင်လိုက်လျှင် မင်္ဂလာကိစ္စအတွက် စိတ်ပူစရာ မလိုတော့ပေ။ သို့သော် သူမ တွန့်ဆုတ်နေသေးသည်။
“ဒါပေမယ့် ပိုစာပင်စိုက်ခင်းတွေက ဧကသောင်းနဲ့ချီတာလေ … အကုန်လုံးကို ဒုက္ခရောက်အောင် ငါဘယ်လိုလို့ လုပ်နိုင်မှာလဲ”
“ဒါများ ဘာခက်လို့လဲ”
နန်းယန် က ပြုံးလိုက်ပြီး …
“အခုဆို ကျန်း မိသားစုနဲ့ နန်း မိသားစုက ရန်သူတွေဖြစ်နေကြပြီ .. သခင်မ ချန် က နန်း မိသားစုကို မုန်းနေတာဆိုတော့ နင်သာ သူ့ကိုတစ်ခုခုပြောလိုက်နိုင်ရင် နင့်အစားသူလုပ်ပေးမယ်ဆိုတာသေချာတယ် … ဒါ ကိုယ့်လက်ကိုမညစ်ပတ်စေဘဲ သူများကို ကိုယ်စားလုပ်ခိုင်းတာလို့ ခေါ်တယ်”
ရှချင်ချင် အလွန်ပျော်သွားကာ …
“ယန်အာ … နင်က ငါ့အတွက် တကယ့်ကိုကံကောင်းစေတဲ့ကြယ်လေးပဲ”
နန်းယန် က ပဟေဠိဆန်ဆန်နှင့်
“နန်းပေါင်ရီ ရေပူစမ်းသွားပြီ ညီမ ချင်ချင် … ငါ့မှာ သူ့ကိုအရှက်ခွဲဖို့ အကြံကောင်းရှိတယ် နင်လည်း ဒေါသဖြေလို့ရတာပေါ့”
…..
အဆုံးမဲ့နှင်းစက်တွင် ရေပူစမ်းပေါင်းမြောက်များစွာ ရှိပြီး ယခုအချိန် ထိုနေရာ၌ လူသိပ်မရှိပေ။
နန်းပေါင်ရီ က မိန်းကလေးများအတွက် သီးသန့်လုပ်ထားသော ရေပူစမ်းအိုင်သို့ သွားလေးသည်။ ဘေးပတ်လည်ရှိ သစ်ပင်ပန်းမန်များက အလွန် စိန်းလန်းစိုပြည်နေပြီး ရေပူများကလည်း ကြည်လင်စွာ စီးဆင်းနေသည်။ အစေခံများက ရေအိုင်ဘေးတွင် အကာကို အသေအချာတပ်ဆင်ပေးသည်။
နန်းပေါင်ရီ အဝတ်အစားများချွတ်လိုက်ပြီး ပူနွေးနေသော ရေပူစမ်းထဲသို့ ဂရုတစိုက်နှင့် တစ်လှမ်းချင်း ဆင်းလိုက်သည်။
အစေခံမတစ်ယောက်က သူမကို အမြန်ကြည့်ကာ သူမ၏အဝတ်အစားများကို ယူ၍ လစ်ထွက်သွားသည်။
အတန်ငယ်ဝေးသော အဆောက်အအုံတစ်ခုဆီသို့ အဝတ်အစားများကို ယူသွားပြီး ရိုရိုသေသေပြောလေသည်။
“သခင်မလေးတို့နှစ်ယောက် စေခိုင်းတဲ့အတိုင်း ကျွန်မ အကုန်လုပ်ပြီးပါပြီ”
ရှချင်ချင် က ပျော်ရွှင်စွာဖြင့် သူမကို ငွေအသပြာစေ့တစ်ချက် ဆုချလိုက်ပြီး …
“သူ့အဝတ်တွေကိုလွှင့်ပစ်လိုက်… ပြီးရင် သူ့အနားမှာရှိတဲ့အစေခံတွေကို ဝေးဝေးမှာသွားနေခိုင်းလိုက်”
“ဟုတ်ကဲ့”
အစေခံက ရှချင်ချင် တို့ ခိုင်းသည့်အတိုင်း လုပ်ပြီးသောအခါ သူမနှင့် နန်းယန် တို့သည် ခါးနာသည်အထိ ရယ်ကြလေတော့သည်။
ရေပူစမ်းရှိရာသို့ လှမ်းကြည့်ရင်း …
“ရေချိုးပြီးလို့ သူ့မှာဝတ်စရာအဝတ်မရှိတော့မှန်းသိတဲ့အထိ စောင့်ရအောင် တွေးကြည့်တာနဲ့တင် ပျော်ဖို့ကောင်းတယ် … အနားမှာလည်း အစေခံတစ်ယောက်မှမရှိတော့ ဝတ်လစ်စလစ်နဲ့ သူ့အခန်းထိရောက်အောင် ပြေးမယ်ထင်လား ယန်အာ ?”
နန်းယန် က သိမ်မွေ့သောအသံနှင့် …
“နန်းပေါင်ရီ က ဉာဏ်များတယ်ဆိုတော့ .. သူ့ကိုယ်သူလုံအောင် သစ်ရွက်တွေဖုံးသွားမယ်ထင်တာပဲ”
“ဟားဟားဟား အတော်ရယ်စရာကောင်းတာပဲ”
နန်းပေါင်ရီ က ဇိမ်ကျစွာ ရေကစားနေပြီး အငွေ့ထနေသော ရေပူများက သူမ၏ခန္ဓာကိုယ်ကို တိမ်တွေပေါ်ရောက်နေသကဲ့သို့ နွေးထွေးစေသည်။
ရွှေရောင်သစ်ရွက်များ၊ စီးနေသောရေအလျှင်၊ သစ်သားအကာပေါ်တွင် ထွင်းထားသည့် မက်မွန်ပန်းပွင့်များ အားလုံးကို သူမသဘောကျသည်။ အဘက်ဘက်မှကြားနေရသော ငှက်ကလေးများနှင့် ပိုးကောင်လေးများ၏ တေးဆိုသံကိုနားဆင်ရင်း စိတ်ရောကိုယ်ပါ အပန်းပြေသွားသည်။
ခဏကြာပြီးနောက် သူမ အိပ်ငိုက်လာသည်။
ရေပူစမ်း၏ အပြာရောင်နံရံအုပ်ချပ်များကိုမှီ၍ တစ်မှေးအိပ်မည်ဟုကြံစည်နေစဉ် တရှဲရှဲမြည်သံများက အကာ၏နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။
တစ်ယောက်ယောက်ရှိနေသည်၊
သူမ မျက်မှောင်ကြုတ်ကာ …”
ဘယ်သူလဲ”
တရှဲရှဲအသံတို့ ကြားနေရတုန်းပင်။
ထိုအသံမှာ အစေခံမဟုတ်မှန်း နန်းပေါင်ရီ သေချာသိသည်။
ယောက်ျားလေးအစေခံ သို့မဟုတ် ယောက်ျားတစ်ယောက်က သူမကို ချောင်းကြည့်နေမှာကို ကြောက်သဖြင့် အသံအောအောဖြင့် ခြိမ်းခြောက်လိုက်သည်။
“ငါက နန်း အိမ်တော်ရဲ့ သခင်မလေး ၅ ပဲ … ရှင်မြန်မြန်ထွက်သွားရင်သွား … မသွားရင် အော်လိုက်မှာ” !”
ထိုသူက သူမ၏ ခြိမ်းခြောက်မှုကို သတိမပြုမိမှန်း သိသာသည်။ တရှဲရှဲအသံများက ပို၍ပင် ကျယ်လာသဖြင့် နန်းပေါင်ရီ ၏ နှလုံးက တဒိတ်ဒိတ်ခုန်နေကာ ကြောက်လန့်လာပြီး ရေပူစမ်းအိုင်ထဲမှ ညင်သာစွာ ထွက်လိုက်သည်။
သို့သော် သူမ၏ အဝတ်အစားတို့မှာ မရှိတော့ပေ။ တစ်ယောက်ယောက်ယူသွားခြင်းဖြစ်ရမည်။
အကာအနောက်မှ တရှဲရှဲအသံက ရပ်သွားသည်။
သူမ၏ခန္ဓာကိုယ်ပေါ်သို့ကျရောက်လာသော အကြည့်တစ်စုံကို ရှင်းရှင်းလင်းလင်းသတိပြုမိလိုက်သည်။
ထို အရှက်မဲ့သောသူသည် အကာအရံပေါ်ကို ကုတ်တက်၍ပင် သူမကို လာချောင်းကြည့်နေသည်။ နန်းပေါင်ရီ စိတ်ကိုတင်းကာ ချက်ချင်းဆိုသလို အနောက်လှည့်လိုက်သည်။
အဖြူနှင့်အနက်ရောင်ရောထားသော အမွေးထူထူပွပွနဲ့ ဝက်ဝံကြီးတစ်ကောင်က အကာအရံပေါ်မှ ရှေ့သို့စိုက်ကျနေကာ သူမကို ရိုးသားသောမျက်ဝန်းကြီးများဖြင့် ငေးကြည့်နေပြီး လတ်လတ်ဆတ်ဆတ် ဝါးမျှစ်တစ်ခုကို ကိုင်ထားသည်။
နန်းပေါင်ရီ စကားများပါ အထစ်ထစ်အငေါ့ငေါ့ဖြစ်ကုန်သည်။
“ဝက်..ဝက်ဝံ ..”
ထိုဝက်ဝံကြီးမှာ အသံထွက်ညီးညူလိုက်ပြီး အကာပေါ်မှ ဆင်းရန်ကြိုးစားနေသည်။ အရွယ်အစားကလည်း သူမထင်ထားသည်ထက် ပို၍ကြီးမားနေသည်။
နန်းပေါင်ရီ တုန်လှုပ်ခြောက်ခြားသွားပြီး ထွက်ပြေးချင်စိတ်ဖြင့် အော်လိုက်သော်လည်း မထင်မှတ်ထားဘဲ ခြေချော်ကျကာ ရေပူစမ်းအိုင်ထဲသို့ ကျသွားလေသည်။
နံရံ၏ အခြားတစ်ဖက်တွင် ရှောင်းယီ က နံရံကိုမှီရပ်နေကာ မျက်လုံးများမှိတ်၍ စိတ်ကို အနားပေးနေသည်။ နံရံတစ်ဖက်ခြမ်းမှ ဗွမ်းခနဲမြည်သံကို ကြားလိုက်ရသဖြင့် သူမျက်လုံးဖွင့်ကြည့်လိုက်ပြီး ရေပူစမ်းအိုင်၏ အစွန်းဖက်ခြမ်းသို့ အလျင်အမြန်ရောက်သွားလေသည်။
ကလေးမလေးက ရေအိုင်ထဲတွင် ဘဲတစ်ကောင်ပမာ တဖျပ်ဖျပ်ခပ်နေသည်ပြီး ….
အဝတ်အစားများပင် ကင်းမဲ့နေသည်။
****