NBY အပိုင်း ၄၉

အပိုင်း (၄၉)

အစ်ကို ၂ အိမ်ထောင်ဖက်ရှာပေးပါ

ရှောင်းယီ ဘာမှမပြောသော်လည်း သူ၏ပုံစံမှာ ရှင်းလင်းစွာ အတည်ပြုပြီးသကဲ့သို့ဖြစ်နေသည်။

နန်းပေါင်ရီ ဒေါသတကြီး ရယ်မောရင်း …

“ကျန်းယွမ့်ဝမ် က ရှု တိုင်းပြည်မှာ အတော်ဆုံးလူတစ်ယောက်ပါ ချောမောပြီး ပါရမီလည်းကောင်းတဲ့အပြင် နောက်ခံအင်အားလည်းတောင့်တင်းတယ် … သူ့ကို မိန်းကလေးအများစုသဘောကျပေမယ့် ညီမလေးတော့မပါဘူး”

ကလေးမလေး၏ မီးငှက်မျက်ဝန်းများက တောက်ပ

နေပြီး လိမ်ညာနေသည့်အရိပ်အယောင်မရှိပေ။

ရှောင်းယီ လက်ကိုအနောက်ပစ်ထားပြီး သတိမထားမိလိုက်ဘဲ လက်ကောက်ဝတ်ထဲရှိ အကြွေစေ့လေးကို အသာပွတ်သပ်လိုက်သည်။

နန်းပေါင်ရီ က မျက်ခုံးပင့်ကာ …

“ညီမလေး လက်ထပ်ချင်တဲ့သူက ကမ္ဘာပေါ်မှာ အနိုင်မခံအရှုံးမပေးလိုတဲ့စိတ်ထားရှိတဲ့သူပဲ ဖြစ်ရမယ် အင်အား၊ အာဏာနဲ့ ကြွယ်ဝချမ်းသာမှုရှိရမယ် … ဒါမှ နှစ်ပေါင်းများစွာကြာအောင် ညီမလေးကို ပူပန်ကြောင့်ကြစေမှုတွေကနေ ကာကွယ်ပေးနိုင်ပြီး နန်း မိသားစုရဲ့ ဂုဏ်နဲ့ စည်းစိမ်ဥစ္စာတွေကို ကာကွယ်ပေးနိုင်မှာ … ကျန်းယွမ့်ဝမ် က မသိတတ် နားမလည်တတ်ဘူး တစ်ကိုယ်ကောင်းဆန်တယ် စာနာစိတ်မရှိဘူး … ကျန်း မိသားစုက ရွှံ့ဗွက်တွေထက် ပိုရွံစရာကောင်းတယ် … သူ့ကိုစိတ်ဝင်စားမှာလား ညီမလေးရူးနေရင်တောင်မရဘူး !”

ထိုစကားများကို အခြားသူများကြားသွားရင် သူမကို မမှီသောပန်း လှမ်းချင်သည်ဟု ပျက်ရယ်ပြုကြလိမ့်မည်။

နန်း အိမ်တော်သည် ချမ်းသာသောမိသားစုတစ်ခု

ဖြစ်သော်လည်း လူတန်းစားလေးမျိုးဖြစ်သည့် ကျောင်းသား၊ လယ်သမား၊ လက်မှုပညာသည်နှင့် လူကုံထံကုန်သည် ဟူသော လူတန်းစားလေးမျိုးအနက် အနိမ့်ဆုံးဖြစ်သည့် ကုန်သည်မိသားစုဖြစ်သည်။ အရာရှိမိသားစုနှင့် ဆက်နွယ်ရန်အတွက် မျက်နှာလိုမျက်နှာရလုပ်ပြီး အရာရှိမိသားစုမှ ပထမဇနီး၏သားတစ်ယောက်ကို လက်ထပ်ရမည့်အပေါ် ဘယ်လိုလုပ်ပြီး အတွန့်တက်နိုင်မှာလဲ။

သို့သော် ရှောင်းယီ မရယ်ပါ။

ကလေးမလေးသည် သူလက်ထပ်မည့်ခင်ပွန်း

အပေါ် ထိုမျှကြီးမားသော စံနှုန်းများရှိထားသည်ကို သူမသိခဲ့။

သူမ၏ မျက်ခုံးများသည် အမျိုးသမီးတစ်ဦးရှိသင့်သည့် အချိုးကျကျ သိမ်မွေ့နေသော်လည်း နှလုံးသားစိတ်ထားမှာ အလွန်အေးစက်ပြီး မာန်မာနကြီးမားလှသည်။

နန်း မိသားစုက အလွန်ချမ်းသာပြီး ကောင်းပေ့ဆိုသော အဝတ်အထည်များနှင့် အစားအသောက်များကို လိုရာစေ၍ရနိုင်သဖြင့် တိုင်းပြည်ငယ်တစ်ခု၏ မင်းသမီးတစ်ပါးနှင့် မခြားနားပေ။

ကျန်း မိသားစုနှင့် ချ န်း မိသားစုတိုသည် ထိုသို့ အဖိုးတန်လှသော တန်ဖိုးကြီးပန်းလေးတစ်ပွင့်ကို လက်လှမ်းမီနိုင်မည်မဟုတ်ပေ။

ရက်အတော်ကြာ တောက်လောင်နေသော ရှောင်းယီ ရင်ထဲမှအပူမီးသည် လျင်မြန်စွာ ငြိမ်းကျသွားပြီး

လေသံမှာလည်း အနည်းငယ် ပျော့ပျောင်းသွားလေသည်။

“အဲဒီလိုအတွေးမရှိရင် အကောင်းဆုံးပါပဲ”

နားလည်မှုလွဲနေခြင်းကို ပြေလည်စွာရှင်းပြပြီးနောက် နန်းပေါင်ရီ လည်း စိတ်သက်သာရာရသွားလေသည်။

နန်းပေါင်ရီ ချစ်စဖွယ်ဟန်အမူအရာနှင့် ရှောင်းယီ အနား တိုးကပ်သွားပြီး …

“အစ်ကို ၂ .. ညီမလေးက ၁၂နှစ်ပဲရှိသေးတာ လက်ထပ်ဖို့အလျင်မလိုသေးပါဘူး .. အစ်ကို ၂ ရှန်ကျင်း ကိုမသွားခင်အချိန်ထိ ညီမလေးအတွက် သင့်တော်မယ့်သူ ရှာပေးပါလား … အမတ်ချုပ်တို့ နယ်စားတို့ ဒါမဟုတ် ဧကရာဇ်ရဲ့သားတစ်ယောက်ပေါ့ .. အိမ်ရှေ့စံမင်းသားက သဘောကောင်းပြီး ကြင်နာတတ်တယ်လို့ ကြားတယ် … သူနဲ့သာ လက်ထပ်လိုက်ရင် ညီမလေးကြုံရမယ့်အခက်အခဲတွေကို စိတ်ပူစရာမလိုတော့ဘူး”

သူမက စနောက်ပြောဆိုနေသည်လည်း ရှောင်းယီ မှာ အလေးအနက်ထား နားထောင်နေသည်။

အမတ်ချုပ်၊ နယ်စား၊ အိမ်ရှေ့စံ …

သူမ ဒီလောက်ထိ တွေးတောစဉ်းစားနေနိုင်လျှင် ဘာကြောင့်များ ဧကရာဇ်ကိုပင် လက်မထပ်လိုက်တာလဲ။

ရှောင်းယီ မျက်လုံးများက မျက်မှောင်ကြုတ်နေပြီး ပါးလျသောနှုတ်ခမ်းတစ်စုံကလည်း တစ်ဖြောင့်တည်းဖြစ်ပြီး တည်ငြိမ်နေသည်။ နန်းပေါင်ရီ ကို သူအာရုံမထားလိုတော့ပေ။

မည်သည့်အမူအရာမှမပြဘဲ စံအိမ်ကိုသာလျှောက်လှမ်းသွားသော ရှောင်းယီ ကိုကြည့်ရင်း တစ်ခုခုကို ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။

အရာရာအဆင်ပြေနေပါလျက်နှင့် အမတ်လောင်းက ဘာကိုများ စိတ်တိုသွားရတာလဲ။

သူမ တစ်ခုခုမှားပြောမိသွားပြီလား။

သူမခေါင်းကိုခါလိုက်ပြီး ကျန်းယွမ့်ဝမ် ၏ ခါးပတ်နှင့် စွန်းရှန်းရှန်း ၏ ဆံထိုးကိုကိုင်ကာ သူတို့၏ပုန်းလျှိုးကွယ်လျှိုးလုပ်ရပ်များကို ဖော်ထုတ်ရန်အတွက် လေသာဆောင်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။

လေသာဆောင်တွင် လူကြီးသူမများက ကြာကြာမနေနိုင်သဖြင့် အနားယူလဲလျောင်းနေလိုက်ကြသည်။

သခင်မများက မာကျောက်ကစားနေကြပြီး သူမတို့၏သမီးများကို လေသာဆောင်အနားတစ်ဝိုက်တွင် ဆော့ကစားစေသည်။

မကြာခင်ဆွေမျိုးတော်စပ်မည့်ဆက်ဆံရေးကြောင့် နန်းပေါင်ရုံ မှာ သူမ၏ယောက္ခမလောင်းဖြစ်သည့် စစ်ရေးအရာရှိ သခင်မကြီး ကျန်း အနောက်တွင် ထိုင်နေသည်။

သခင်မ ကျန်း အတွက် ကျောက်များကို ကြည့်ပေးရပြီး အခြားသောသခင်မများမေးသည်ကိုလည်း ဖြေဆိုနေရသည်။

“ခြောက်စည်း”

သခင်မတစ်ဦးက ကျောက်ကိုထုတ်ကာ ပြုံးပြလျက် …

“ပေါင်ရုံ ငယ်ငယ်လေးကတည်းက အမြဲနေမကောင်းဖြစ်ပြီး အိပ်ရာထဲလဲနေရတယ်လို့ကြားတယ် … အခုနှစ်တွေထဲမှာ ထူထူထောင်ထောင်ပြန်ဖြစ်လာတာ ဘယ်လိုဆေးတွေများ သောက်တာလဲ”

“ဘွားဘွားဂရုစိုက်ပေးလို့ပါ ငယ်ငယ်ကထက် ပိုပြီးကျန်းမာလာတယ်”

နန်းပေါင်ရုံ က ချိုသာသောလေသံဖြင့် ပြန်လည်ဖြေကြားလေသည်။

“ဆေးသောက်တာတော့ တစ်ခါမှမနားခဲ့ဘူး .. နာမည်ကြီးသမားတော် ကျန်း ညွှန်းပေးတဲ့ ကုန့် ပန်းပွင့်ကို ဆေးဖော်သောက်တာကြောင့်ပါ”

“ကုန့် ပန်းပွင့်လား .. ဒါမျိုးက ရှားတယ် ဘယ်လိုအညွှန်းပေးတာလဲ”

နန်းပေါင်ရုံ က သခင်မ ချန် ကို ကူညီဆော့ကစားပေးလိုက်ပြီး …

“ဥတုရာသီလေးခုလုံးမှာပွင့်တဲ့ အမျိုးကွဲပန်းပွင့် ၂၄မျိုးကိုစုပြီး ပန်းစုတဲ့နှစ်မှာလုပ်တဲ့ မိုးရာသီပွဲတော်ရဲ့မိုးရေ၊ ပိုင်လု ပွဲတော်ရဲ့ နှင်းစက်၊ ရွှမ်းကျန် ပွဲတော်က ဆီးနှင်း၊ နှင်းစက်ပွဲတော်က နှင်းခဲ၊ အရှေ့ပင်လယ်ကရတဲ့ ငါးမန်းပုလဲနဲ့ မက်မွန်သစ်စေးတွေ

အားလုံးကို အမှုန့်ဖြစ်အောင်လုပ်ပြီး အချိုးကျကျ

ဖော်စပ်ထားတဲ့ဆေးမျိုးပါ”

“အတော်ဒုက္ခများတာပဲ … ဒါပေမယ့် နန်း မိသားစုကတော့ ဒီလိုဆေးမျိုးကို လုပ်နိုင်မှာပါ”

ထိုအမျိုးသမီးက သက်ပြင်းချလိုက်ရင်း နောက်ပြောင်လိုသည့်သဘောနှင့် …

“ကျန်း မိသားစုက နန်း မိသားစုလောက် မချမ်းသာတော့ ပေါင်ရုံ သာ လက်ထပ်ပြီးရင် ဒီလောက်စျေးကြီးတာမျိုး လုပ်ပေးနိုင်မှာမဟုတ် ….”

သူမစကားမဆုံးခင်မှာပင် တစ်ခုခုမှားသွားမှန်း သိလိုက်ရသည်။ သို့သော်စကားများက သွန်ချလိုက်သည့်ရေပမာ အခြားသူများလည်း ကြားနှင့်ပြီးဖြစ်သွားလေသည်။

နန်းပေါင်ရုံ က သူ့ ယောက္ခမလောင်းကို ရှက်ကိုးရှက်ကန်းဖြင့်ကြည့်လိုက်ရာ သခင်မ ချန် မှာ မျက်မှောင်ကြုတ်လျက်ကြည့်နေသည်။

အခြေအနေတင်းမာနေသည်ကို ပြန်လည်ဖြေလျော့ပေးရန်အတွက် နန်းပေါင်ရုံက ပူနွေးနေသည့် လက်ဖက်ရည်ကို ရိုသေစွာယူဆောင်လာပြီး သခင်မ ချန် ကို ကမ်းပေးလေသည်။

“အဒေါ်က လက်ဖက်ရည်သောက်ရတာ ဝါသနာပါတယ်လို့ကြားထားပါတယ် .. ဒါက ဒီနှစ်နွေဦးအတွက် အသစ်ထုတ်လုပ်ထားတဲ့ လက်ဖက်ရည်ပါ သောက်ကြည့်ပါဦး”

လူသူမသိအောင်နေတတ်သော သခင်ကြီးတစ်ယောက်က …

“ဒါက သခင်မကြီး နန်း ယူလာတဲ့ လုံးကျင် လက်ဖက်ရည်ပဲ ဒါကအရမ်းတန်ဖိုးကြီးတယ်လို့ကြား….”

“တန်ဖိုးကြီးတယ် ?”

သခင်မ ချန် က မဲ့ပြုံးပြုံးကာ

“ဘာလို့လဲ .. ကျွန်မတို့ ကျန်း မိသားစုက ဒီလိုတန်ဖိုးကြီးလက်ဖက်ရည်ကို မတတ်နိုင်လို့ နန်း မိသားစုဆီမှာ အပြေးလာသောက်ရတယ်ထင်နေလား”

လေသာဆောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ကျန်သော မိန်းမများမှာလည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည်။

နန်းပေါင်ရုံ ပိုရှက်သွားပြီး …

“ညနက်နေပါပြီ .. အိပ်ခန်းဆီလိုက်ပို့ပေးရမလား”

ဘုန်း !

သခင်မ ချန် လက်ကို မြှောက်လိုက်ပြီး နန်းပေါင်ရုံ လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ရိုက်ချလိုက်သည်။

နန်းပေါင်ရုံ ခြေနှစ်လှမ်းနောက်ဆုတ်သွားပြီး ဂါဝန်မှာလည်း လက်ဖက်ရည်များပေကျံနေလျက် သူမ မျက်နှာမှာ ပို၍ဖျော့တော့လာသည်။

သခင်မ ချန် က နန်းပေါင်ရုံ ကို လက်ညှိုးငေါက်ငေါက်ထိုးကာဆူပူလိုက်သည်။

“အယောင်ဆောင်မကတော့ ! နင့်လိုကုန်သည်သမီးက ငါတို့လိုအရာရှိမိသားစုကို အထင်သေးတဲ့အပြင် ကျန်း မိသားစုက ဆင်းရဲတယ်လို့တွေးပြီး ယူကြုံးမရဖြစ်နေတာလား … နင့်ရဲ့အမွေခန်းဝင်ပစ္စည်းတွေကို မက်မောနေတယ်လို့မထင်နဲ့ နင့်ရဲ့အဘွားကသာ မတောင်းဆိုခဲ့ရင် ငါတို့မိသားစုက နင့်ကို လက်ထပ်မယ်ထင်နေလား”

နန်းပေါင်ရုံ အလွန်ရှက်ရွံ့သိမ်ငယ်သွားမိသည်။

“အဒေါ် ….”

မှားယွင်းစွာပြောလိုက်မိသော မိန်းမကြီးက ဘာလုပ်ရမှန်းပင် မသိတော့ပေ။ လက်ထပ်ပွဲကို ဖျက်ဆီးလုနီးပါးဖြစ်သွားသဖြင့် သူမ အလွန်ရှက်သွားပြီး ထိုနေရာမှအမြန်ထွက်သွားလိုက်ချင်သည်။

သူမ နှုတ်ခမ်းကိုက်ကာ ရှေ့ကိုခြေလှမ်းလိုက်ပြီး ဖျောင်းဖျလေသည်။

“ကျွန်မစကားပြောမှားသွားတာပါ … ပေါင်ရုံ နဲ့ ဘာမှမဆိုင်ပါဘူး”

“ဖယ်စမ်းပါ !”

သခင်မ ချန် က တားဆီးမရစွာပင် …

“နင်က မျိုးရိုးနိမ့်ကုန်သည်မိသားစုရဲ့ ဆတ်ဆတ်ထိမခံတဲ့သူပဲ .. နင့်ရဲ့ ဘိုးဘွားကပဲ ငါတို့ ကျန်း မိသားစုနဲ့ လက်ဆက်နိုင်ဖို့ အမျိုးမျိုးပြောဆိုခဲ့တာ .. နင်နေမကောင်းဖြစ်နေတာလည်း နှစ်အတော်ကြာ

နေပြီ ဘယ်အချိန်သေမယ်ဆိုတာ ဘယ်သူမှ မသိ

ဘူး … ငါတို့ရဲ့ ယွမ့်ဝမ် ကို အဖျားတွေကူးသွားရင် ဘယ်လိုလုပ်မလဲ … နင့်ကို ယူတဲ့သူတော့ တော်တော်ကံဆိုးမှာပဲ ဒါကို ကျေးဇူးတင်ရကောင်းမှန်းလည်း မသိဘူး .. အပြင်လူနဲ့ပေါင်းပြီး ငါတို့ ကျန်း မိသားစုကို မျက်နှာပျက်အောင်လုပ်ဖို့ ကြံစည်သေးတယ် … ဒီမင်္ဂလာပွဲကို ဖျက်သိမ်းရမယ်ဆိုတာ သဘောပေါက်လိုက်ပြီ”

“အဒေါ်ပြောတာမှန်တယ် .. ဒီထိမ်းမြားလက်ဆက်ပွဲကို ဖျက်သိမ်းသင့်တယ်”

နူးညံ့သော အသံသေးသေးလေး ထွက်ပေါ်လာသည်။

အသံလာရာကို အားလုံးလှမ်းကြည့်လိုက်တော့ တံခါးဖွင့်ကာ ဝင်လာသော နန်းပေါင်ရီ ကို တွေ့လိုက်ရသည်။

နန်းပေါင်ရီ သည် ပဒုမ္မာကြာပန်းရောင်နှင့် ရွှေချည်တို့ရောက်စပ်ယက်လုပ်ထားသော ခြုံထည်လေးကို ၀တ်ဆင်ထားပြီး ကောင်းမွန်စွာရေးဆွဲထားသော ပန်းချီကားထဲမှမိန်းကလေးတစ်ယောက်ကဲ့သို့ ပုတီးစေ့ကန့်လန့်ကာရှေ့တွင် လှပစွာရပ်နေသည်။

သူမ မျက်ဝန်းကို အနည်းငယ်ချဲ့လိုက်ပြီး

“ဒီနေ့ အားလုံးသိအောင် ကြေညာစရာတစ်ခုရှိပါတယ် .. ဒီနေ့ လက်ထပ်ပွဲကို ငြင်းပယ်လိုက်တာ နန်း မိသားစုပါ ကျန်း မိသားစုမဟုတ်ပါဘူး”

သူမ ဘဝနှစ်ခုရှင်သန်ခဲ့သဖြင့် ထိမ်းမြားပွဲကို ယောကျ်ားသားဘက်မှ ငြင်းဆန်ခဲ့လျှင် မိန်းကလေး၏ အနာဂတ်မှာ ပျက်စီးသွားလိမ့်မည်ကို သူမသိခဲ့သည်။

အဘယ်ကြောင့်ဆိုသော် လူအများစုသည် မိန်းကလေးများအပေါ် အမြဲမလိုတမာယူဆကာ ထိမ်းမြားခြင်းလမ်းကြောင်းဖျက်သိမ်းခံရသော မိန်းကလေး

က အကျင့်ပျက်ချစားသည်ဟု တလွဲသတ်မှတ်ထား၍ပင်ဖြစ်သည်။

သူမ အစ်မ၏ဂုဏ်သိက္ခာကို သူမ ကာကွယ်ပေးရမည်။

အလွန်အံ့ဩနေသူမှာ သခင်မ ချန် ပင်။

သူမက တမင်ပုံကြီးချဲ့ကာ အော်ဟစ်လိုက်သည်။

“နန်း မိသားစုက ယဉ်ကျေးမှုမရှိကြဘူးလား .. အစ်မဖြစ်သူကတောင် မစဉ်းစားတတ်တာ အငယ်က ဝင်ပါပြန်ပြီလား … နင်က ပယ်ဖျက်ရအောင် နင့်ကိုယ်နင် ဘာထင်နေလို့လဲ !”

“ကျွန်တော်က ဖျက်သိမ်းရင်ရော လုံလောက်တယ်မလား”

အေးစက်စက်နှင့် တည်ငြိမ်လှသောအသံက ရုတ်တရက်ထွက်ပေါ်လာသဖြင့် အားလုံးလှည့်ကြည့်လိုက်မိသည်။

နန်းပေါင်ရီ အနောက်မှနေ၍ အနက်ရောင် ဝတ်ရုံနှင့် ခန့်ညားစွာထွက်ပေါ်လာသူက ရှောင်းယီ ပင်ဖြစ်သည်။

မွေးစားသားတစ်ယောက်ဖြစ်သော်လည်း တရားဝင်အရာရှိတစ်ဦးဖြစ်နေသောကြောင့် နန်း မိသားစုအတွက် ကိုယ်စားပြုဖြစ်ပေးနိုင်သည်။

ထို့အပြင် အသက်ဆယ့်ရှစ်နှစ်အရွယ်ရှိသေးသော်လည်း စစ်ထို့လင်း ၏ ထောက်ခံပေးမှုကြောင့် အဆင့် ၆ အရာရှိတစ်ယောက် ဖြစ်လာခဲ့သည်။ အမြင်ရှိသူများသာလျှင် ထိုလူငယ်၏အနာဂတ်မှာ အဆုံးမရှိတော့သည်ကို တွေ့မြင်နိုင်သည်။
****

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset