NBY အပိုင်း ၄၃

အပိုင်း (၄၃)

တိုက်ကွက်ကို ဖောက်ထွက်ခြင်း

လေက တဟူးဟူးတိုက်ခတ်နေသည်။

နန်းပေါင်ရီ မှာ ရင်တထိတ်ထိတ်ဖြစ်နေပြီး ရှောင်းယီ ၏ ထူးခြားသော အေးစက်ချိုမြိန်သည့် ကိုယ်သင်းရနံ့က သူ၏သစ်လွင်သောဝတ်စုံမှတဆင့် လေထဲတွင် ခံစားမိနေသည်။

ရှည်လျား‌သောမြွေပုံစံ ဖွဲ့စည်းပုံတိုက်ခိုက်ချက်အကြောင်းကို ရှင်းပြနေသော ရှောင်းယီ ၏ အသံကို မသဲမကွဲကြားနေရသည်။

မြွေ၏အမူအကျင့်ကို အတုယူဖွဲ့စည်းထားပြီး အနေအထား၃မျိုးနှင့် ပြောင်းလဲတတ်သည်။

မြွေခေါင်းပိုင်းကို တိုက်ခိုက်လျှင် အမြီးပိုင်းကလှုပ်ရှားပြီး ခွေတက်လာမည်။

မြွေအမြီးပိုင်းကို တိုက်ခိုက်ပါက ခေါင်းပိုင်းကလှုပ်ရှားပြီး ကိုက်လိမ့်မည်။

ခန္ဓာကိုယ်ပိုင်းကို တိုက်ခိုက်ပါက ဦးခေါင်းနှသ့် အမြီးပိုင်းက ရစ်ပတ်လိမ့်မည်။

စစ်သည်ရဲမက်နှစ်ရာကျော်က တိုက်ကွက်ပုံဖော်ပြီး လွတ်လပ်စွာလှုပ်ရှားနေပုံမှာ သူတို့၏ခြေကိုမသုံးဘဲ စပါးအုံးမြွေကြီးဟန်ပန်ကို ပေါ်လွင်စွာ လှုပ်ရှားနေသည်။

အစ်ကို ၂က ဒီဖွဲ့စည်းပုံတိုက်ကွက်ကို အနိုင်ရအောင် ဘယ်လိုလုပ်နိုင်မှာလဲ။

ကံကောင်းစေသောအကြွေစေ့ကို နန်းပေါင်ရီ တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်သည်။

ထိုကံကောင်းစေသောအကြွေစေ့ကို ဈေးထဲတွင်ပင် ရှာမတွေ့နိုင်ပေ။ မင်္ဂလာရှိသောစကားလုံးများ ထွင်းထားပြီး နိမိတ်ကောင်းခြင်းနှင့် ကောင်းချီးမင်္ဂလာ ကြွယ်ဝပါစေဟူသော အဓိပ္ပါယ်ရှိသည့် ကြေးအကြွေစေ့လေးဖြစ်သည်။

အကြွေစေ့တစ်ဖက်တွင် နေ၊ လနှင့် ကြယ်ပုံများထွင်းထားပြီး အခြားတစ်ဖက်တွင် “ကံကောင်းခြင်းနှင့်အောင်မြင်မှု” ဟူသော စာလုံး‌လေးများနှင့် ရေးထွင်းထားသော ထိုအကြွေစေ့လေးကို ရှောင်းယီ ထံ သူမပေးချင်သည်။

သူမလက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားသဖြင့် လက်ဖဝါးနုနုမှ ချွေးစက်များကျဆင်းလာပြီး အကြွေစေ့တစ်ခုလုံး စိုစွတ်သွားလေသည်။

မကြာခဏပြောင်းလဲနေသော တိုက်ကွက်ကို သူမကြည့်လိုက်သည်။

သူမ၏အစ်ကို ၂ ကျိန်းသေကံကောင်းပြီး အနိုင်ရလိမ့်မည်ဟု စိတ်ထဲမှ တွေးထားလိုက်သည်။

ထိုမြင်ကွင်းကိုကြည့်နေကြသောပရိသတ်မှာ အသက်ရှူရန်ပင် မေ့လျော့သွားပြီး အခြေအနေကို မျက်တောင်မခတ်ကြည့်နေကြသည်။

ထိုသို့တင်းမာနေသောအခြေအနေတွင် သခင်မ ကျန်း က သခင်မကြီး နန်း ကို တိတ်တဆိတ်ကြည့်လိုက်သည်။

သခင်မကြီးမှာ ကြင်နာစွာပြုံးနေပြီး မကိုင်သည်မှာ အလွန်ကြာမြင့်နေပြီဖြစ်သော ပုတီးကုံးကို လက်ထဲတွင် ကိုင်ထားသည်။

ထိုအခြေအနေမှာ နန်း အိမ်တော်၏ ဘဝအာမခံချက်နှင့် ဆက်နွ ယ်နေသဖြင့် နန်း မိသားစုအပြင် အခြားသူများလည်း စိတ်လှုပ်ရှားနေကြသည်။

နန်းကွမ် ကို သူမ လှည့်ကြည့်လိုက်သည်။

ထို မတ်လေးနှင့် သခင်မ လျို တို့မှာ ချစ်ကြည်နူးနေကြသဖြင့် နီးကပ်လာသောအန္တရာယ်ကိုပင် သတိပင်မပြုမိကြပေ။

ထိုကဲ့သို့ယောက်ျားမျိုးက နန်း အိမ်တော်ကိုထောက်ပံ့ပေးနိုင်မည်မှာ မဖြစ်နိုင်တော့ပေ။

သူမ၏ခဲအိုအကြီးဆုံးသည် တိုက်ပွဲတွင်ကျဆုံးခဲ့ရပြီး တူမောင်အကြီးဆုံးဖြစ်သော နန်းချန်းလီ သည်လည်း သူမ၏ယောက်ျားကဲ့သို့ စီးပွားရေးအတွက် ခရီးသွားရသည့်ကိစ္စကိုသာ သိမှတ်ထားသည်။ ဗဟိုချုပ်အရာရှိအမတ်များအုပ်ချုပ်သည့်စနစ်၏ အာဏာကစားပွဲများအကြောင်းကို သူတို့နားမလည်ကြပေ။

သူတို့သည် နန်း အိမ်တော်အတွက် စည်းစိမ်ဥစ္စာများရှာပေးနိုင်သော်လည်း အဆင့်မြင့်အရာရှိများ၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးနိုင်ကြမည် မဟုတ်ပေ။

သူမ၏အကြီးဆုံးသားဖြစ်သည့် နန်းချန်ရှူး သည်လည်း စာကိုသေချာအာရုံစိုက်လေ့လာသော်လည်း ဉာဏ်မထက်မြက်ပေ။ အင်ပါယာစာမေးပွဲကိုအောင်မြင်ရန်နှင့် ထိပ်တန်းအဆင့်ဝင်ရန်အတွက်ပင် အတော်ကြိုးစားရဦးမည်။

သားအငယ်ဆုံး နန်းချန်းလီ သည်လည်း ငယ်စဉ်ကတည်းက စွန့်စားရသည်ကိုနှစ်ခြိုက်သည်။ ၁၅နှစ်အရွယ်ကတည်းက ခရီးများလှည့်ထွက်နေကာ ၂နှစ်ကြာပြီးသော်လည်း စာအနည်းငယ်သာ ပြန်ပို့ပြီး ထိုစာများထဲတွင်လည်း သူက လူအများကိုအန္တရာယ်မှကယ်တင်ပေးနိုင်သဖြင့် အလွန်ပျော်ကြောင်း စိတ်အားထက်သန်စွာ ရေးထားသည်။

တခြားသူများကိုကယ်တင်ပေးနိုင်သော်လည်း နန်း‌ အိမ်တော်ကို မကယ်တင်ပေးနိုင်ပေ။

အရှေ့တွင်ရှိနေသော မြင်ကွင်းသို့ သူမ၏အကြည့်တို့ ပြန်လည်ရောက်ရှိလာသည်။

အနက်ရောင်ဝတ်ရုံနှင့်လူငယ်က မြင်းနှင့်အတူ တိုက်ကွက်ပုံစံအလယ်တွင် ရပ်တန့်လိုက်ပြီး ဓားအိမ်မပါသောဓားကဲ့သို့ ခက်ထန်ပြီး အေးဆေးတည်ငြိမ်နေသည်။

ဧကန္တ …

ဧကန္တ နန်း အိမ်တော်၏ရှေ့ရေးသည် ဒီလူငယ်လေးအပေါ် မှီခိုရတော့မည်လား။

နှစ်ပေါင်းများစွာအတွင်း မကြာခဏ ထိုလူငယ်အား ပစ်ပယ်၍ အထင်သေးခဲ့မိသည်ကို ပြန်လည်တွေးတောရင်း သခင်မ ကျန်း သက်ပြင်းချမိသည်။

နန်း မိသားစုဝင်များက စိုးရိမ်ပူပန်ကြေချိန် အခြားသူများက ရှုံးနိမ့်သည့်အခါ လှောင်ပြောင်ပြောဆိုရန်ကိုသာ စောင့်နေကြသည်။

သခင်မ ချန် က …

“ကျွန်မယောက်ျားက စစ်ရေးအရာရှိလေ အဲဒီတော့ စစ်ရေးစစ်ရာအကြောင်း တစ်ခုနှစ်ခုလောက်တော့ ကျွန်မသိတယ် … စစ်သူကြီး စစ်ထို့ ရဲ့တပ်ဖွဲ့ကိုင်တွယ်တဲ့ စပါးအုံးမြွေပုံစံဖွဲ့စည်းပုံတိုက်ကွက်ဆိုတာ သိပ်‌နာမည်ကြီးတာ အဲဒီတုန်းကဆို ယဲ့လန် တိုင်းပြည်က စစ်သည်တစ်သောင်းပါတဲ့တပ်ဖွဲ့ကိုတောင် အနိုင်ရခဲ့တယ်လေ … ရှောင်းယီ က အသက်ငယ်ငယ်နဲ့ လေးစားယဉ်ကျေးမှုမရှိလိုက်တာ စည်းကမ်းတွေကို သူနားလည်မယ်လို့ ကျွန်မတော့မထင်ပါဘူး”

သခင်မ ချန်း ကလည်း သူမလောင်းကြေးရှုံးထားသည်ကို မကျေမနပ်ဖြစ်နေပြီး ရှောင်းယီ ကို ကြည့်ရင်း လှောင်ပြောင်ပြောဆိုလေသည်။

“လူငယ်တွေက ဒီလိုပါပဲ လူအများရှေ့ဆို ကြွားချင်လိုက်ကြတာ … ဒီတစ်ခါရှုံးသွားရင်တော့ နောက်ဆိုဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာ သင်ခန်းစာရသွားမှာပေါ့”

“ကြိုပြောဖို့ခက်ပါသေးတယ် … တကယ်လို့ ရှောင်းယီ က တကယ်ပဲ တိုက်ကွက်ကို ဖောက်ထွက်နိုင်ရင်ရော”

တစ်စုံတစ်ယောက်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သသည်။

သခင်မ ချန်း က မဲ့ပြုံးပြုံပြပြီး ….

“ကျွန်မရဲ့ ဒုတိယသားဆို ငယ်ငယ်လေးကတည်းက စစ်မက်ရေးရာစာအုပ်တွေနဲ့ အကျွမ်းတဝင်ရှိခဲ့တာ ဒါတောင် စစ်သူကြီး စစ်ထို့ ရဲ့ စပါးအုံးမြွေတိုက်ကွက်ကို ဖောက်ထွက်နိုင်တယ်လို့ ကျိန်းသေမပြောရဲသေးဘူး … ရှောင်းယီ က အဲဒီအကွက်ကို ဖောက်နိုင်ရအောင် သူ့ကိုယ်သူဘာများထင်နေလို့လဲ”

“ဟုတ်တယ် သူ့ကိုယ်သူအထင်ကြီးလွန်းပြီး ကျွန်မတို့ကို ရယ်ရအောင် လာလုပ်နေတာပဲ !”

သခင်မ ချန် က ထပ်မံလှောင်ပြောပြန်သည်။

“နန်း အိမ်တော်မှာ သိုင်းပညာလေ့လာဖို့ လူငယ်တွေ မရှိတော့ရင်တောင်မှ ဒီလိုကိစ္စမျိုးမှာ ဒီလိုရူးနှမ်းနေတဲ့ကောင်လေးကို မပို့သင့်ပါဘူး … သူတို့မျက်နှာပျက်မှာ မကြောက်ကြဘူးလား”

ရှောင်းယီ ၏ ရှုံးနိမ့်ပုံကို တွေ့မြင်ပြီးသကဲ့သို့ ရယ်သံနှင့်လှောင်သံများကို နေရာအနှံ့မှ ကြားနေရသည်

ရယ်သံများကိုကြားလိုက်သဖြင့် နန်းပေါင်ရီ ၏ မျက်နှာမှာ နီရဲလာသည်။ သူမ မခံမရပ်နိုင်ဖြစ်လာချိန် ရှောင်းယီ က တည်ငြိမ်စွာ …

“အခြားသူတွေရဲ့ လှောင်သံတွေနဲ့ စော်ကားပြောဆိုသံတွေကို ဂရုမစိုက်နဲ့ .. လိုက်နားထောင်ပြီးမတွေးနဲ့ မကြောက်နဲ့ .. နန်းကျောင်းကျောင်း .. လူတွေရဲ့လှောင်ပြောင်ခြင်းကို ပြန်တိုက်နိုင်တဲ့အကောင်းဆုံးနည်းလမ်းက အတော်ဆုံးဖြစ်အောင်လုပ်ပြီး အောင်မြင်မှုကိုယူပြလိုက်ဖို့ပဲ”

မြင်းသည် ရှေ့ခြေနှစ်ဖက်ကို မြှောက်လိုက်သည်။

နန်းပေါင်ရီ အနည်းငယ် အော်မိလိုက်ပြီး တစ်ခဏအတွင်းပင် နေရာအနှံ့မှ ဓါးအရိပ်များကို မြင်လိုက်ရသည်။ လူငယ်၏ လှံအနက်‌မှာ လျှပ်စီးကဲ့သို့မြန်ဆန်ပြီး သူဖြတ်သွားသည့်နေရာတိုင်းရှိ မရေမတွက်နိုင်သော စစ်သည်ရဲမက်များ၏လှံတံများကို ဖျက်ဆီးပစ်လိုက်သည်။

ရှည်လျားသော‌မြွေပုံစံတိုက်ကွက်ကို တိုက်ခိုက်ရန် ခေါင်းပိုင်းကိုချုပ်ကာ အမြီးပိုင်းကိုသပ်လျှို၍ ခန္ဓာကိုယ်ပိုင်းကို ပိုင်းဖြတ်ရန်လိုသည်။

အနက်ရောင်မြင်းက ရှေ့သို့ပြေးထွက်ကာ မြွေပုံစံတိုက်ကွက်၏ ခေါင်းပိုင်း အမြီးပိုင်းနှင့် ကိုယ်ပိုင်းနေရာတို့၌ လျှပ်စီးကဲ့သို့ ပေါ်လာသည်။

ညှာတာခြင်းမရှိ ပြင်းထန်လှသော ရှောင်းယီ ၏ တိုက်ချက်များကြောင့် တိုက်ကွက်ထဲရှိ တပ်ဖွဲ့များမှာ နေရာပြန်ယူချိန်မရတော့ဘဲ မြွေတစ်ကောင်လုံး နှစ်ပိုင်းအပိုင်းခံလိုက်ရသည်။

အရှေ့အနောက် သုံးကြိမ်သာ ထပ်ခါထပ်ခါတိုက်ခြင်းဖြင့် မြွေပုံစံတိုက်ကွက်တစ်ခုလုံးကို အနိုင်ယူလိုက်လေသည်။

အနက်ရောင်ဝတ်စုံနှင့်လူငယ်မှာ ပြိုင်ဘက်ကင်းစွာ ရင်သပ်ရှုမောဖွယ်ရာဖြင့် မြင်းစီးလျက် စင်မြင့်ပေါ်တွင် ရပ်နေသည်။

လူအများမှာ သူ၏ခန့်ညားသောရုပ်ရည်ကိုပင် ဂရုမစိုက်နိုင်ကြဘဲ အံ့အားသင့်ဖွယ်ရာ ခွန်အားကိုသာ လေးစားမိကြသည်။

ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

အမွှေးတိုင်တစ်တိုင်မကုန်ခင် အချိန်အတွင်းမှာပင် တိုက်ကွက်က ဖျက်ဆီးခံရလိုက်ပြီလား။

စစ်ထို့လင်း ၏ ပုံစံမှာ မျက်နှာထားတင်းစွာ မတ်တပ်ထရပ်မိသည်။

တပ်ထဲတွင် ဆယ်နှစ်မကတာဝန်ထမ်းဆောင်ဖူးသည့်အချိန်တွင်းတွင် ထူးကဲသောလူငယ်ပေါင်းများစွာကို သူတွေ့ဖူးသည်။ သို့သော် မည်သူကမှ ရှောင်းယီ ကဲ့သို့ တည်ငြိမ်ခြင်း၊ ရဲရင့်ခြင်းနှင့် ထူးချွန်ခြင်းတို့ မရှိကြပေ။

အပ်ကျသံပင်မကြားရအောင် ခဏတာတိတ်ဆိတ်သွားပြီး စစ်ထို့လင်း က လက်ခုပ်သြဘာပေးရင်း အော်ဟစ်ချီးမွမ်းလိုက်သည်။

“လက်ဖျားခါလောက်ပါပေတယ် !”

ရှောင်းယီ အပေါ် သူ၏အမြင်ကို ဖော်ပြလိုက်ခြင်းဖြစ်သည်။

အခြားသူများ၏ အကြည့်များမှာလည်း ရုတ်ချည်းပြောင်းလဲသွားသည်။

ယနေ့ နွေဦးရာသီပန်းပွဲတော်သည် အမှန်တကယ်ပင် နန်း မိသားစု၏ မောင်နှမနှစ်ယောက်ကို ကျော်ကြားသွားစေခဲ့သည်။

နန်း မိသားစု ဘာဆက်လုပ်ကြလေမလဲ။

အဆင့်မြင့်အရာရှိများက နန်း မိသားစု၏ ရှေ့လျှောက်အစီအစဉ်ကိုတွေးရင်း အလုပ်များသွားကြပြီး မိန်းကလေးများမှာလည်း ရှောင်းယီ ၏ ရုပ်ရည်နှင့် ဟန်ပန်အမူအရာကို သဘောကျသွားကြသည်။

ရှချင်ချင် က နန်းယန် ၏ အင်္ကျီလက်ကိုဆွဲပြီး …

“ယန်အာ .. နင့်အစ်ကိုနဲ့ယှဉ်ရင် ရှောင်းယီ က ပိုတော်မယ်ထင်တယ် သူက နန်း အိမ်တော်ရဲ့မွေးစားသားဖြစ်ပြီး နင့်ရဲ့ အစ်ကိုလို့လည်း ပြောလို့ရတယ်မလား .. သူ့ကို ငါ့အကြောင်းပြောပေးပါလား အခုတလော ငါ့အမေက ငါ့အတွက် အိမ်ထောင်ဖက် လိုက်ရှာနေတယ်”

နန်းယန် က ယနေ့တွင် နာမည်ပျက်ခဲ့ရသောကြောင့် ပြန်လည်တုံ့ပြန်လိုစိတ်မရှိပေ။ သူမ စိတ်မပါစွာနားထောင်ရင်း နန်းပေါင်ရီ ကို မုန်းတီးစွာစိုက်ကြည့်နေသည်။

ယနေ့ သူမ အရှက်ကွဲရသကဲ့သို့ နှစ်ဆပြန်လည် ခံစားစေရမည်။

နန်းပေါင်ရီ မှာ နန်းယန် ၏အကြည့်ကို အဖက်လုပ်တုံ့ပြန်ရန်အချိန်မရှိပေ။ သူမ စင်မြင့်အောက်သို့ဆင်းပြီး ရှောင်းယီ အနောက်သို့လိုက်ကာ မော့ကြည့်လိုက်ပြီး ….

“အစ်ကို ၂ .. ညီမလေး….”

“နန်း မိသားစုက လူငယ်လေး”

စစ်ထို့လင်း က နန်းပေါင်ရီ စကားကို ကြားဖြတ်ဝင်လာသည်။ သူနှင့်အတူ လက်ထောက်စစ်သူကြီးများကလည်း ရှောင်းယီ ကို အလွန်သဘောကျနေကြပြီး စားသောက်ဆိုင်တစ်ခုသို့ သွားရန်ဖိတ်ခေါ်နေကြသည်။

နန်းပေါင်ရီ က လူအုပ်ဘေးတွင်ရပ်နေပြီး ထိုသူများနှင့်အတူထွက်သွားသော ရှောင်းယီ ကို ကြည့်ကာ ခံပြင်းစိတ်နှင့် သက်ပြင်းရှည်စွာ ချလိုက်သည်။

အကြွေစေ့လေးမှာလည်း သူမ၏လက်ဖဝါးထဲတွင် ချွေးများနစ်အောင် ဆုပ်ကိုင်ထားခံရသည်။ ထိုအကြွေစေ့လေးကိုလည် ရှောင်းယီ အား ခုထိမပေးရသေးပေ။

….

အိမ်သို့ပြန်ရောက်ပြီးနောက် နန်းပေါင်ရီ က အကြွေစေ့ကို သေချာဆေးကြောသန့်စင်လိုက်သည်။

အစ်ကို ၂၏အားထုတ်မှုကြောင့်သာ ယခုနှစ်ပွဲတော်၏ ပြိုင်ပွဲများတွက် သူမအနိုင်ရခဲ့ခြင်းဖြစ်သည်။

ထိုအကြွေစေ့လေးမှာ တကယ်ပင် ကံကောင်းစေသဖြင့် ရှောင်းယီ ကို သေချာပေါက်ပေးရမည်။

နန်းပေါင်ရီ ရောင်စုံပိုးချည်ကြိုးများကိုထုတ်လိုက်ပြီး ထိုအကြွေစေ့လေးနှင့် လည်ဆွဲတစ်ခုပြုလုပ်ပေးချင်သည်။ သို့သော် သေသေသပ်သပ်မလုပ်တတ်သောကြောင့် ပိုးချည်မျှင်များမှာ ဘောလုံးကဲ့သို့ လုံးထွေးနေပြီး အလွန်ပင်ကြည့်ရဆိုးသွားသည်။

ပိုးချည်များကို ပြန်ဖြတ်ထုတ်ရတော့မည်။

အကြွေစေ့လေးကို သူမလက်ထဲတွင်ကိုင်ထားပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

မှောင်ရီပျိုးနေပြီဖြစ်သော်လည်း သူပြန်မလာသေးပေ။

ညစာစားပြီးနောက်တွင် နန်းပေါင်ရီ က စာကြည့်ခန်းထဲတွင်ထိုင်ကာ ရှောင်းယီ ပြန်လာမည်ကို စောင့်နေလိုက်သည်။

စာအုပ်တစ်အုပ်၏စာမျက်နှာများ ရောက်လေရာ လှန်လှောနေရင်းနှင့် လမင်းကြီးက ကောင်းကင်ယံတွင်တဖြည်းဖြည်း မြင့်တက်လာပြီး အိမ်ရှိ ဖယောင်းတိုင်မှာလည်း မီးငြိမ်းသွားသော်လည်း လူငယ်မှာ ပြန်မရောက်လာသေး။

နန်းပေါင်ရီ စာအုပ်ကိုရင်ခွင်ထဲတွင်ပိုက်ပြီး မျက်လုံးများကို ပွတ်သပ်ကာ သမ်းဝေရင်း ငိုက်မျဥ်းလာတော့သည်။

စားပွဲပေါ်သို့ သူမခေါင်းစိုက်ကျပြီးနောက် တဖြည်းဖြည်း အိပ်ပျော်သွားလေတော့သည်။

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset