NBY အပိုင်း ၂၃

အပိုင်း (၂၃)

အကျင့်ပုတ်အစ်ကို ၂

နန်းပေါင်ရီ က ငါးစွပ်ပြုတ်ကို ယဉ်ကျေးစွာပေးလိုက်သည်။

“ညီမလေး နည်းနည်းစားပြီးပြီ အရမ်းအရသာရှိတော့ အစ်ကို ၂ကို တွေးမိလိုက်တာ .. အစ်ကို ၂က စာကိုပဲ ဖိလုပ်နေတော့ အားပြန်ဖြည့်ဖို့လိုတယ်လေ”

ရှောင်းယီ သူမထံမှကြွေခွက်ငယ်လေးကိုယူကာ တစ်ဇွန်းစာမျှခပ်သောက်ပြီး ရေခဲရိုက်အပြုံးနှင့်ပြုံးပြန်သည်။

“နန်းပေါင်ရီ … ငါ့အစေခံကိုယ်တိုင်ချက်တဲ့စွပ်ပြုတ်ကို မင်းယူလာပေးတာလား”

နန်းပေါင်ရီ မျက်နှာပူသွားပြီး …

“ဒါကလည်း အစ်ကို ၂အတွက် စဉ်းစားပေးတာပဲမဟုတ်ဘူးလား … ပြီးတော့ စွပ်ပြုတ်က အာဟာရလည်းရှိတယ် ဒါကိုသောက်ရင် ဉာဏ်ကောင်းစေတယ်ဆိုတော့ အစ်ကို ၂ များများသောက်ပေးသင့်တယ်”

ရှောင်းယီ ကို ဉာဏ်တုံးသူဟုတွေးလိုက်မိကာ ပြောပြီးမှ စကားမှားသွားသည်ကို သတိထားမိလိုက်သည်။ ကံကောင်းစွာဖြင့် ရှောင်းယီ မသိလိုက်ပေ။ စာအုပ်စင်ကို သူမမှီလိုက်ပြီး ရိုးသားသည့်ပုံနှင့် ….

“အစ်ကို ၂ အခုတလော ဘာစာအုပ်တွေဖတ်နေတာလဲ … အင်ပါယာစာမေးပွဲက ၂နှစ်ပဲကျန်တော့တာ အဲဒီအတွက် အစ်ကို ကြိုပြင်ဆင်ထားသင့်တယ်”

နန်းပေါင်ရီ မျက်တောင်ခတ်ပြီး စကားဆက်ပြောလေသည်။

“အစ်ကို ၂ .. နွေဦးရာသီပန်းပွဲတော်က ဒီလကုန်ရင် လာတော့မှာ အဲဒီပြိုင်ပွဲကို ညီမလေးဝင်ပြိုင်မလို့လုပ်ထားတယ် … ဒါပေမယ့် ပြိုင်ပွဲရဲ့မေးခွန်းက စာပေလေးမျိုးနဲ့ ကွန်ဖြူးရှပ်ဝါဒရဲ့ ဂန္တဝင်စာအုပ်ငါးမျိုးက ထုတ်နှုတ်မေးတာ … ညီမလေးက ဉာဏ်မကောင်းတော့ မဖြေနိုင်မှာစိုးရိမ်တယ် အစ်ကို ၂ ညီမလေးကိုသင်ပေးလို့ရမလား”

“မရဘူး”

ရှောင်းယီ ခံစားချက်မဲ့ကာ ကျောက်ရုပ်အတိုင်းပင်။

နန်းပေါင်ရီ မျက်လုံးတို့ကို အသာဆော့ကစားရင်း တွေးလိုက်သည်။

သူငြင်းလိမ့်မယ်ဆိုတာသိသားပဲ။

နန်းပေါင်ရီ လက်ကိုအနောက်ပစ်ထားပြီး လမ်းပတ်လျှောက်ကာ …

“အစ်ကို ၄စာလေ့လာတဲ့အချိန် ညီမလေးတွေ့တုန်းက သူကစာတစ်ကြောင်းတည်းကိုပဲ ထပ်ခါထပ်ခါ အလွတ်ဆိုနေတာ .. မူလအခြေံဉာဏ်ပညာရဲ့ ဘာက ရိုးသားမှုကို အကြွင်းမဲ့နားလည်နိုင်ခြင်း၊ သာမန်လူများကြား ဘာနဲ့ တစ်ခုခုပြည့်စုံခြင်း ဘာဆိုလား …”

“မူလအခြေခံဉာဏ်ပညာရဲ့လမ်းစဉ်က ရိုးသားမှုကို အကြွင်းမဲ့နားလည်နိုင်ခြင်း၊ သာမန်လူများအကြား ချစ်ခင်မှုကို တိုးပွားစေခြင်းနှင့် လူသားဆန်မှုအပြည့်အဝနှင့် အဆုံးမရှိနိုင်အောင် လုပ်ကိုင်ပေးခြင်းဖြစ်သည်”

“ဟုတ်တယ် ဟုတ်တယ် အဲဒီစာကြောင်းပဲ !”

နန်းပေါင ်ရီ ပျော်ရွှင်စွာလက်ခုပ်တီးလိုက်ပြီး မျက်လုံးတို့မှာလည်း တောက်ပနေသည်။

“ဒီစာကြောင်းက နာမည်ကြီးတယ်လို့ ညီမလေးကြားဖူးတယ် .. အဲဒါကို နွေဦးရာသီပန်းပွဲတော်မှာ မေးနိုင်လား”

ထိုစာကြောင်းကို ပွဲတော်တွင် မေးမည်မဟုတ်ကြောင်း နန်းပေါင်ရီ ရှင်းရှင်းလင်းလင်းသိသည်။ သို့သော် ထိုစာကြောင်းကို အင်ပါယာစာမေးပွဲတွင် မေးခဲ့ကြောင်းကိုလည်း သူမသိသည်။

သူမထိုစာကြောင်းကို သတိရနေသည်မှာ ချန်းတယ်ယွီ အင်ပါယာစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခဲ့စဉ် စာမေးပွဲပြီးဆုံးသည့်နောက် သူ၏အဖြေများကိုထုတ်ပြခဲ့ပြီး အခြားဖြေဆိုသူကိုများကို ဖတ်စေခဲ့သဖြင့် လူအများက တစ်ခဲနက်ချီးမွမ်းခဲ့ကြသည်။ ချန်း အိမ်တော်၏ တရားဝင် ဒုတိယသားက ပင်ကိုပါရမီပါကြောင်း အများသိကြပြီး စာမေးပွဲကိုလည်း မြင့်မားသည့်အမှတ်များနှင့် အောင်မြင်လိမ့်မည်ဟု မျှေ်လင့်ထားကြသည်။

ရလဒ်ထွက်လာသောအခါတွင်လည်း ချန်းတယ်ယွီ က အဆင့် ၁ဖြစ်ခဲ့ပြီး နန်းပေါင်ရီ အလွန်ဂုဏ်ယူခဲ့ရသည်။

သူမသည် စာလေ့လာရခြင်းကိုမကြိုက်သော်လည်း ထိုစာကြောင်းကို ထပ်ခါတလဲလဲ ရွတ်ဆိုနေရန် သူမကိုယ့်ကိုယ်ကို သတိပေးခဲ့သဖြင့် ယနေ့အထိ ထိုအဖြေကို မှတ်မိနေသေးခြင်းဖြစ်သည်။

သူမ ရှောင်းယီ ကို ပြန်ဆပ်ရန် ရွှေစ ၁သောင်းကို မထုတ်နိုင်သဖြင့် အင်ပါယာစာမေးပွဲတွင်မေးလာမည့် မေးခွန်းကို သွယ်ဝိုက်ပြီးပြောပြနိုင်ရန် ထိုနည်းလမ်းကိုသာ အသုံးပြုခဲ့ရသည်။

မည်သို့ပင်ဖြစ်ဖြစ် ရှောင်းယီ ဂရုမစိုက်။

“နွေဦးရာသီပန်းပွဲတော်က အထက်တန်းစားရာထူးမြင့်လူတွေအတွက် အတိတ်ကာလပဲ .. သူတို့အတွက် မေးခွန်းတွေဖြေဖို့က မခက်ဘူး”

“ဒါဆို အင်ပါယာစာမေးပွဲကရော မေးနိုင်လား .. တကယ်လို့မေးရင်ရော အစ်ကို ၂ ဘယ်လိုဖြေမှာလဲ”

နန်းပေါင်ရီ ကို ရှောင်းယီ ခေါင်းအသာလှည့်ပြီး စိုက်ကြည့်လိုက်သည်။

ကလေးမလေးမှာ စာအုပ်စင်အနား အမြန်ပြေးသွားပြီး လက်နှစ်ဖက်နှင့် မေးထောက်ထားသည်။

သူမ၏ချစ်စဖွယ်ဆံထုံးနှစ်ခုပေါ်တွင် အလှဆင်ထားသော ဖွတ်မြီးပုံရွှေရောင်ခေါင်းပတ်ကြိုးလေးက လျောကျနေပုံမှာ ဆိုးသွမ်းနေသည့်ပုံနှင့် တစ်ချိန်တည်းတွင် ချစ်စရာကောင်းနေပြန်သည်။

ခဏတာတိတ်ဆိတ်သွားပြီး ရှောင်းယီ လက်ဆန့်ထုတ်ကာ ခေါင်းပတ်ကြိုးလေးကို ယူလိုက်သည်။ ကလေးမလေး၏ ဆံနွယ်တို့မှာ သေးသွယ်နူးညံ့နေပြီး သူ့လက်ပေါ်မှာ ပိုးသားလေးကဲ့သို့ လျော့ဆင်းသွားလေသည်။

နန်းပေါင်ရီ ခေါင်းကိုစောင်းလိုက်ပြီး ဇဝေဇဝါနှင့်ကြည့်နေသည်။

သေးငယ်လုံးဝိုင်းသော မီးငှက်မျက်လုံးနှင့် ချယ်ရီရောင် နှုတ်ခမ်းတစ်စုံရှိသော ချစ်စဖွယ်မျက်နှာလေးက သူမကြီးပြင်းလာသည့်အခါ တုနှိုင်းမဲ့ဖြစ်လာမည့်အလှကို ရေးတေးတေးဖော်ပြနေသည်။

တစ်ချိန်က ရှောင်းယီ စားသောက်ဆိုင်တစ်ဆိုင်တွင် လက်ဖက်ရည်သောက်နေစဉ်က လူအများသည် နန်းကွမ် မောင်းမ၏သမီးမှာ လှပကြောင်း အမျိုးမျိုးချီးမွမ်းခဲ့ကြသည်ကို ပြန်လည်မှတ်မိသွားပြီး ၂နှစ်တာအတွင်း သူခံစားသိခဲ့ရသည်က နန်းပေါင်ရီ သာလျှင် ကျင်ကွမ်း မြို့၏ အလှပဆုံးသော မိန်းကလေးတစ်ယောက် ဖြစ်လာလိမ့်မည်။

“အစ်ကို ၂ .. ညီမလေးရဲ့ခေါင်းပတ်ကြိုးကို ဘာလို့ဖြုတ်လိုက်တာလဲ”

ကလေးမလေးက စိတ်မပျော်မရွှင်ဖြစ်သွားသဖြင့် ရှောင်းယီ ကိုယ့်ကိုယ်ကိုသတိပြန်ကပ်လိုက်သည်။

ကလေးမလေး၏ခေါင်းပတ်ကြိုးပြုတ်လုနီးနီးဖြစ်နေသောကြောင့် ပြန်ပြင်ပေးရန် တွေးလိုက်သော်လည်း အနည်းငယ်လွန်သွားသဖြင့် ခေါင်းပတ်ကြိုးကိုဖြုတ်ကာ ဆံပင်ကို ဖွပစ်လိုက်သည်။

“အစ်ကို ၂ တော်တော်အကျင့်ပုတ်တာပဲ”

ကလေးမလေး ရေရွတ်အပြစ်တင်လိုက်ပြီး တစ်ဖက်လှည့်ကာ ကြေးမုံရှေ့သို့ သွားလေသည်။ သူမလက်ရုံထဲမှ ခေါင်းပတ်ကြိုးအသစ်လေးနှစ်ခုကိုထုတ်လိုက်ပြီး ဆံပင်ကို ခက်ခဲစွာဖြီးသင်နေသည်။

ရှောင်းယီ သူမကို ကြည့်လိုက်ရာ ဆံနွယ်များကိုထုံးဖွဲ့ထားခြင်းထက် ဖြည်ချထားခြင်းက သူမကို ပို၍ လှပစေသည်။

နန်းပေါင်ရီ ဆံပင်ထုံးဖွဲ့နေသည်ကြည့်ရင်း ရှောင်းယီ ထိုဆံထုံးလေးများကို ဖြည်လျော့ချင်စိတ်ဖြစ်လာသည်။

“သခင်မလေး !”

စာဖတ်ခန်းအပြင်မှ ဟယ်ယဲ့ အသံကို ရုတ်တရက်ကြားလိုက်ရသည်။ နန်းပေါင်ရီ သူမနဖူးပေါ်ကျနေသည့် ဆံနွယ်တို့ကို သိမ်းဆည်းလိုက်ပြီး …

“ဘာဖြစ်လို့လဲ .. ငါ အစ်ကို ၂နဲ့ စာလုပ်နေတာ”

ဟယ်ယဲ့ တံခါးကိုတွန်းဖွင့်လိုက်ပြီး ကသိကအောက်ဖြစ်လျက် …

“အရှေ့ဘက်ခြံကနေ တစ်ခုခုကြားခဲ့ရလို့ .. သခင် ၃က ဒီနေ့တစ်နေ့လုံး မစားမသောက်ဘဲ နေနေတယ်တဲ့ ဘယ်သူမှလည်း ဖျောင်းဖျပေးလို့မရဘူး … သခင် ၃တစ်ခုခုဖြစ်သွားမှာ စိတ်ပူလို့ သခင်မလေးဆီ လာပြောတာပါ .. သခင်မလေး သွားကြည့်ဦးမလား”

“ငါ့အဖေတော့ တော်တော်ခက်တာပဲ”

နန်းပေါင်ရီ သက်ပြင်းချလိုက်ပြီး ရှောင်းယီ တစ်စွန်းခပ်သောက်ထားသော ငါးစွပ်ပြုတ်ကိုယူကာ ဟယ်ယဲ့ အနောက်မှလိုက်လျက် အရှေ့ဘက်ခြံသို့ ထွက်သွားလေသည်။

ရှောင်းယီ မှာ ခေါင်းပတ်ကြိုးနှစ်ခုကိုကိုင်ကာ ကျန်ခဲ့လေသည်။ ထိုခေါင်းပတ်ကြိုးတို့ကို ရွှေချည်နှင့် အနီရောင်ချည်တို့ဖြင့် လက်ရာမြောက်စွာ ရက်လုပ်ထားပြီး တန်ဖိုးကြီးကာ သန့်ရှင်းသပ်ရပ်နေသည်။

ခေါင်းကို အသာနိမ့်ကာ ခေါင်းပတ်ကြိုးလေးတို့ကို နမ်းရှိုက်လိုက်သည့်အခါ ထိုကလေးမတစ်ဦးတည်းတွင်သာရှိသော ခေါင်ရန်းပန်းရနံ့လေးက စွဲကျန်ရစ်ခဲ့သည်။

ရှောင်းယီ အတန်ကြာအောင် ငြိမ်သက်နေပြီးမှ ခေါင်းပတ်ကြိုးလေးကို သူ၏လက်ကောက်ဝတ်တွက် အကြောင်းရင်းမရှိပတ်ထားလိုက်လေသည်။

……

အရှေ့ဘက်ခြံတွင် နန်းပေါင်ရီ တံခါးကိုတွန်းဖွင့်လိုက်သည့်အခါ အခန်းမှာ တိတ်ဆိတ်နေပြီး အနည်းငယ်ထွန်းညှိထားသောမီးအိမ်တို့ကြောင့် အိပ်ရာလဲအိပ်နေသောသူ၏အရိပ်အယောင်ကို မြင်ရလေသည်။

နန်းပေါင်ရီ စွပ်ပြုတ်ခွက်ကို ကိုင်ကာ အခန်းထဲဝင်လာခဲ့သည်။

“ဖေဖေ”

နန်းကွမ် ကျောခိုင်းကာ သူမကို လျစ်လျူရှုလိုက်သည်။

“ဖေဖေ ဘာကိုမှမစားမသောက်ဘူးလို့ကြားတယ် .. သမီးဖေဖေ့ကိုစိတ်ပူလို့ ငါးစွပ်ပြုတ်ယူလာပေးရင်း ဖေဖေ့ဆီလာတွေ့တာ”

နန်းကွမ် အက်ကွဲသောအသံဖြင့် …

“မင်းတို့အားလုံး ငါ့ကို စိတ်ပျက်လက်ပျက်နဲ့ နေစေချင်ကြတာမလား .. ငါသိတယ် ငါက လျိုရှောင််မုံ့ ကို လက်ထပ်ချင်တာ ဘာကြောင့်ဒီလောက်ခက်ခဲနေရတာလဲ”

“ဘယ်သူကမှ ဖေဖေ့ကို စိတ်ပျက်လက်ပျက်မနေစေချင်ပါဘူး”

“ဒါဆိုရင် ဘာကြောင့် ငါ့ရဲ့ ရှောင်မုံ့ ကို လက်ထပ်လို့မရတာလဲ”

နန်းကွမ် ရုတ်တရက်ထထိုင်လိုက်ပြီး …

“ပြောရရင် မင်းတို့တွေက ငါအချစ်စစ်အချစ်မှန်ကို ရှာတွေ့သွားလို့ မနာလိုဖြစ်နေကြတာ .. ပြီးတော့ ရှောင်မုံ့ နဲ့ ငါတို့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ပျော်ရွှင်ကြမှာကို မနာလိုဖြစ်နေကြတာ !”

နန်းပေါင်ရီ တုန်ယင်ပြီး ကြက်သီးမွေးညှင်းထသွားလေသည်။ သူမမျက်နှာတစ်ဖက်ကိုကိုင်လိုက်ပြီး သူမ၏သွားမှာလည်း နန်းကွမ် ကြောင့် ကျွတ်ထွက်တော့မည့်အလား ကျင်တက်သွားလေသည်။

သူမစားပွဲဝိုင်းတွင်ထိုင်ကာ ငါးစွပ်ပြုတ်ကို ယူလိုက်သည်။

“ဖေဖေလည်း ကိုယ်တိုင်တွေ့မြင်ခဲ့တာပဲလေ .. ဘွးဘွားက အဒေါ် လျို ကို အိမ်တော်သားနဲ့လက်ထပ်ဖို့ ခွင့်ပြုပေးခဲ့တယ် … ကံဆိုးချင်တော့ အဒေါ် လျို က မရိုးသားတဲ့အပြင် သူ့ရဲ့စာချုပ်အကြောင်းနဲ့ အမှန်တရားကိုလည်း ဖုံးကွယ်ထားခဲ့တယ် .. ဒါတွေအတွက် ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ”

ငါးစွပ်ပြုတ်မှာ အလွန်အရသာရှိလှသဖြင့် နန်းပေါင်ရီ ဇွန်းအပြည့်ခပ်သောက်လိုက်သည်။

“ဖေဖေစားဖို့ကိုငြင်းနေတော့ ဗိုက်ဆာနေလောက်ပြီ … အခြေအနေကိုလက်ခံနိုင်ပြီးရင် လာစားပြီး ရှေ့ဆက်လျှောက်ဖို့ ကြိုးစားပါတော့ .. အင်း.. ဒီစွပ်ပြုတ်က သောက်လို့ကောင်းလိုက်တာ”

သူမနှစ်ဇွန်းမြောက်သောက်လိုက်ချိန်တွင် ထိုဇွန်းကို ရှောင်းယီ အသုံးပြုထားသည်ကို ရုတ်တရက်သတိရလိုက်သည်။ သူမနှုတ်ခမ်းထောင့်ကို လက်ကိုင်ပုဝါနှင့်သုတ်ပြီး ဇွန်းကိုချထားလိုက်သည်။

နန်းကွမ် မှာ အလွန်ဆာလောင်နေသဖြင့် အသံထွက်နေသောဗိုက်ကို ဖိနှိပ်ထားပြီး စွပ်ပြုတ်ကို တပ်မက်စွာကြည့်နေသည်။ ခဏအကြာတွင် နှုတ်ခမ်းကို သပ်လိုက်ပြီး …

“သမီးက အစာစားဖို့တောင်းဆိုနေမှတော့ သမီးရဲ့ဆန္ဒကို ဖေဖေဖြည့်ဆည်းပေးမယ်”

နန်းကွမ် စားပွဲနားသို့ အမြန်လျှောက်လာပြီး ဇွန်းပင်မသုံးဘဲ စွပ်ပြုတ်ခွက်ကို မော့သောက်လိုက်ရာ တစ်စက်ပင်မကျန်တော့ပေ။

နန်းပေါင်ရီ ပြုံးကြည့်နေပြီး နန်းကွမ် နှုတ်ခမ်းထောင့်တွင်ပေနေသော စွပ်ပြုတ်ကို ဖယ်ပေးလိုက်သည်။

“ဖေဖေလည်း အသက်ကြီးလာပြီ ကိုယ့်ကိုယ်ကိုအတွက်ပဲ စဉ်းစားနေလို့မရဘူး ဘွားဘွားအတွက်လည်း စဉ်းစားပေးရမှာပေါ့ … အဒေါ် လျို က လူကောင်းမဟုတ်ပါဘူး သူ့ရဲ့စာချုပ်ကို သိမ်းထားတာကနေ သူ့မှာ တခြားလျို့ဝှက်အစီအစဉ်တွေလည်း ရှိနိုင်တယ်လို့ မှတ်ယူလို့ရတယ် … ဖေဖေစိတ်ထဲ စွဲမှတ်နေလို့မရတော့ဘူး သမီးတို့တွေ မိသားစုလိုပြန်နေကြပြီး ပျော်ရွှင်နေကြရင် မကောင်းဘူးလား”

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset