NBY အပိုင်း ၁၉

အပိုင်း (၁၉)

အရှက်ရဖွယ် မင်္ဂလာပွဲ (၁)

“တော်လိုက်တာ”

မိန်းကလေး လျို က ဂုဏ်ယူစွာပြောလိုက်သည်။

“မေမေအိမ်တော်ကိုရောက်ပြီး သူ့ရဲ့အမေဖြစ်လာရင် အဲဒီအခါ သူ့ကို ဒုက္ခရောက်အောင်လုပ်လို့ရပြီ … လက်ထပ်ပွဲတင်မကဘူး ယန်အာ ကြိုက်တာအကုန် မေမေရအောင်ယူပေးမယ်”

နန်းယန် လည်း စိတ်ကျေနပ်သွားပြီး ချစ်စဖွယ်အမူအရာနှင့် …

“သမီး သူ့ရဲ့အမွေတွေလည်းလိုချင်တယ်”

“ဒါကပိုတောင်လွယ်သေးတယ် .. သူ့ရဲ လက်ထပ်ပွဲက မေမေ့လက်ထဲရောက်လာရင် အမွေတွေလွှဲခိုင်းရင် သူမနာခံဘဲနေနိုင်မလား”

အမေနှင့်သမီးနှစ်ယောက်လုံး ရှေ့လျှောက်အနာဂတ်ဘဝကောင်းစားတော့မည်ဟုတွေးကာ အပြုံးကြီးပြုံးနေကြတော့သည်။

……

လက်ထပ်ပွဲလည်း တဖြည်းဖြည်းနီးကပ်လာသဖြင့် နန်း အိမ်တော်တွင်လည်း တဖြည်းဖြည်းအလုပ်များလာကြသည်။

အစတွင် သခင်မကြီးက မိန်းကလေး လျို ဝင်လာမည်ကို ငြင်းဆန်နေသော်လည်း နန်းပေါင်ရီ က သူမထံတွင် စိတ်ဝင်စားဖွယ်အံ့ဩစရာတစ်စုံတစ်ခုရှိနေသောကြောင့် ထိုအခွင့်အရေးကို လက်မလွှတ်ပေးနိုင်ပါ။ ထို့ကြောင့် သခင်မကြီးကို ပူဆာလိုက်ပြီး သခင်မကြီးကလည်း ခွင့်ပြုပေးခဲ့ရသည်။

အစေခံတို့ကလည်း ဥယျာဉ်ထဲတွင် မီးပုံးများတပ်ဆင်နေကြပြီး လေဆာဆောင်ကိုလည်း မသိမသာခိုးကြည့်ကြလေသည်။

သူတို့၏ သခင်မလေး ၅သည် မိထွေးရောက်လာမည်ကိုမမှုသည့်အလား နေ့တိုင်း လေသာဆောင်တွင်ထိုင်ပြီး တိတ်ဆိတ်စွာ လက်ရေးလှလေ့ကျင့်လျက်သာရှိနေသည်။

နန်းပေါင်ရီ ကမူ သူတို့၏ သနားစရာအကြည့်တို့ကို သတိပင်မထားမိပေ။

ရှောင်းယီ က သူမကို စာမျက်နှာ ၂၀အပြည့် စာလုံးများရေးလေ့ကျင့်ရန်ပြောထားသဖြင့် သူမလည်း ရူးချင်လာမိသည်။ စာရွက်ဖိသော ကျောက်စိမ်းတုံးလေးကိုယူကာ ရေးထားပြီးသော စာရွက်ကို ဖိထားလိုက်ပြီး နောက်တစ်ရွက်ကို ယူလိုက်သည်။

နန်းပေါင်ရီ စုတ်တံကိုမြှောက်ပြီး မင်ခွက်တွင်နစ်ရန် ပြင်လိုက်ချိန် ဟယ်ယဲ့ က စိတ်လှုပ်ရှားစွာပြေးလာပြီး …

“သခင်မလေး … သခင်မလေးရှာနေတဲ့ လူဆိုးဂိုဏ်းတစ်ခု ကျွန်မတို့ရှာတွေ့ပြီ”

နန်းပေါင်ရီ လည်း စာကိုစိတ်အားထက်သန်စွာရေးလိုက်ပြီး …

“ပြောဦး အဲဒီလူက ဘယ်လောက်ထိ ဆိုးတာလဲ”

“သူ့နာမည်က နျိုစန်း … ငယ်ငယ်လေးကတည်းက ဘာမှမလုပ် ရည်ရွယ်ချက်မရှိဘဲ အချိန်တွေဖြုန်းနေခဲ့တာ … အသက်ကြီးလာတော့ လောင်းကစားကိုစွဲလမ်းလာပြီး ဘိုးဘွားပိုင်မြေနဲ့အိမ်တွေကိုပါ လောင်းကစားအတွက် အလဲအလှယ်လုပ်ခဲ့တယ် … ဒါတင်မကသေးဘူး သူ့ရဲ့ငွေ တွေကုန်သွားတော့ ဇနီးနဲ့ကလေးကိုပါ ရောင်းစားခဲ့တာ အခုတော့ဘာမှမကျန်တော့ဘဲ လမ်းဘေးမှာဖြစ်သလိုနေပြီး နေ့တိုင်းဆဲဆိုနေတယ် … လူတွေကလည်း သူ့ကိုမြင်တာနဲ့ ကွေ့ပတ်ရှောင်သွားကြရော”

နန်းပေါင်ရီ နောက်ဆုံးစုတ်ချက်ကိုဆွဲလိုက်သည်။

(ရှောင်းယီ)ဆိုသော စာလုံးနှစ်လုံးက စာရွက်ပေါ်တွင် အသက်ဝင်စွာရှိနေပြီး လက်ရေးလက်သားမှာလည်း သေသပ်လှပနေသည်။

“အစ်ကို ၂ရဲ့နာမည်က သေချာရေးရင် အရမ်းလှတာပဲ”

နန်းပေါင်ရီ စိတ်လှုပ်ရှားခြင်းမရှိ စုတ်တံကိုချလိုက်ပြီး သူမအိတ်ထဲမှာစာချုပ်နှင့် ငွေစက္ကူတို့ထုတ်ကာ ဟယ်ယဲ့ ကို ပေးလိုက်သည်။

“နျိုစန်း ကို ဒါသွားပေးလိုက် ပြီးရင် ဒီကိစ္စအောင်မြင်တဲ့အခါ ရွှေစ ၅၀၀ထပ်ပေးမယ်လို့ ပြောထားခဲ့ဦး”

ဟယ်ယဲ့ ကလည်း သူမအိတ်ထဲထည့်ကာ ထွက်သွားပြီးနောက် နန်းပေါင်ရီ လည်း လေသာဆောင်မှ လမ်းလျှောက်ထွက်သွားလေသည်။

နွေဦးရာသီ၏လေမှာ အေးနေပြီး ဝင်စပြုနေသောနေမင်းကြီးကလည်း ကောင်းကင်ကိုနီရဲနေစေသည်။ ရုတ်တရက်တိုက်ခတ်လာသောလေပြေကြား သူမတစ်ယောက်တည်းရပ်နေမိပြီး ခေါင်ရန်းပန်းပွင့်အရောင်ဂါဝန်လေးမှာလည်း လေတိုက်ရာယိမ်းနေပြီး သူမ၏နက်မှောင်သောဆံနွယ်တို့်မှာလည်း လွှင့်မျောနေသည်။

သူမ၏ အလောင်းအစားကို သူမပုံလောင်းထားပြီးပြီ။ ယခုတစ်ကြိမ်တွင် သူမအနေနှင့် သက်ညှာရန်အကြောင်းမရှိတော့ပေ။

….

နှစ်တစ်နှစ်၏(၃)လမြောက်အချိန် ညနေစောင်းမြင်ကွင်းလည်း တဖြည်းဖြည်းပေါ်လာပြီး အပြာရောင် ကောင်းကင်ထက်တွင်လည်း လေတံခွန်များ လေတိုက်ရာ ယိမ်းယိုင်ပျံသန်းနေကြသည်။ နန်း အိမ်တော်တွင် ထိမ်းမြားလက်ထပ်ပွဲကျင်းပရက်မတိုင်ခင် နောက်ဆုံးနေဝင်ချိန်ပင်ဖြစ်နေသည်။

ယနေ့က ဖေဖေ၏ အကြီးမားဆုံးနေ့တစ်နေ့။

နန်းပေါင်ရီ အဖြူရောင်ဝတ်စုံဝတ်ပြီး အပေါ်မှ အနီရောင်ဝတ်ရုံလေးကို ခြုံထားသည်။ သူမ၏ဆံပင်လည်း အရင်အတိုင်းပင် ဆံထုံးလေးနှစ်ခုထုံးဖွဲ့ထားပြီး ရွှေရောင်လက်ကောက်နှစ်ကွင်းကို ဝတ်ဆင်ထားပုံမှာ ပွဲသဘင်ထဲထင်ရှားနေလေသည်။

အရှေ့ဘက်ခြံသို့သွားသောလမ်းတွင် ရှောင်းယီ နှင့် တွေ့ဆုံလေသည်။ နန်းပေါင်ရီ က အဖြူရောင်ယပ်တောင်လေးကို အသာခတ်လျက် ချိုသာသောအသံနှင့် ….

“ဒီနေ့လည်း အစ်ကို ၂က ကမ္ဘာပေါ်က အရှားပါးဆုံး ခန့်ညားမှုမျိုးနဲ့ ခန့်နေတုန်းပဲ”

မနက်ခင်းတွင် မင်္ဂလာရှိကာချိုသာသောစကားသံကြားရလျှင် မည်သူမဆိုပျော်ရွှင်ကြပေသည်။ ရှောင်းယီ သည်လည်း ပျော်လိမ့်မည်ဟု နန်းပေါင်ရီ ခံစားမိသည်။

ရှောင်းယီ လည်း နန်းပေါင်ရီ ကို ပြန်ကြည့်လိုက်သည်။

ထို ၁၂နှစ်အရွယ် မိန်းကလေးသည် လှပနေပြီး မင်္ဂလာရှိသောစကားလုံးတို့မှာလည်း သူမ၏သေးငယ်သော နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသည်။ ထိုကလေးမလေး သူ့ကို မျက်နှာချိုသွေးနေသည်ကို သိသော်လည်း ထိုစကားလုံးများကို မနက်ခင်းအချိန်တွက် ကြားလိုက်ရသူအဖို့ ပျော်ရွှင်ကြည်နူးစိတ်တို့ ဖြစ်ပေါ်စေသည်။

“အားလုံးပြင်ဆင်ထားပြီးပြီလား”

“စိတ်မပူပါနဲ့ အစ်ကို ၂ … ညီမလေးအကုန်ပြင်ဆင်ထားပြီးပါပြီ ညီမလေးကို အစ်ကို ၂ကိုယ်တိုင် သင်ပေးထားတာပဲကို .. လျိုရှောင်မုံ့ က ညီမလေးကို တုံ့ပြန်နိုင်မှာတဲ့လား”

သူမဂုဏ်ယူစွာပြောနေချိန် အရှေ့ဘက်ခြံထဲမှ ရုတ်တရက် အုပ်စုဖွဲ့စကားပြောသံများထွက်ပေါ်လာသည်။

နန်းပေါင်ရီ လှမ်းကြည့်လိုက်သည့်အခါ နန်းယန် က သက်ရွယ်တူမိန်းကလေးများကို ဦးဆောင်၍ အိမ်တော်ထဲလျှောက်သွားနေသည်ကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးအုပ်စုကလည်း နန်းပေါင်ရီ ကို သတိထားမိပြီး အပြန်အလှန်ကြည့်နေကြလေသည်။

နန်းယန် က နန်းပေါင်ရီ ကို မမိတ်ဆက်ပေးချင်ပေ။ သို့သော် အချင်းချင်းလက်တို့ကာ လမ်းလျှောက်သွားကြသဖြင့် အကြံကောင်းမဟုတ်သည်ကိုသိသော်လည်း …

“ဒါက ငါ့ရဲ့ ညီမလေး ၅ ပေါင်ရီ … ပေါင်ရီ ဒါက မမရဲ့သူငယ်ချင်းတွေ … သူဌေး ဝမ် ရဲ့ သမီး ကျန်းယွီ၊ အရှေ့ဘက်လမ်းဆန်ဆိုင်ကသမီး လျိုလင်း၊ လော် ခြေစွပ်ဆိုင်ကအကြီးဆုံးသမီး ကျန်းရှောင်လျန်”

နန်းပေါင်ရီ သူတို့ကိုပြုံးပြရင်း နှုတ်ဆက်လေသည်။ ဆင်းရဲသောမိသားစုများဖြစ်သောကြောင့် အထင်မသေးမနှိမ့်ချချင်သော်လည်း တူရာတူရာစုမိတတ်ကြသည်မဟုတ်လား။ နန်းယန် ကဲ့သို့ မိန်းကလေးနှင့် အပြင်ထွက်ပြီး အချိန်ကုန်ဆုံးတတ်ကြသည်ဆိုလျှင် သူမတို့လည်း လူကောင်းများဖြစ်နိုင်မည်မဟုတ်ပေ။

သူမတို့ကိုကြည့်လိုက်သောအခါ နန်းပေါင်ရီ ကို နှုတ်ဆက်နေကြသော်လည်း အကြည့်တို့မှာ ရှောင်းယီ အပေါ်သာ စုရောက်နေကြသည်။ ထိုတောက်ပနေသောအကြည့်များမှာ လှောင်အိမ်မှလွတ်ထွက်လာမည့်ကိုဝက်ကို လယ်သမားကစောင့်ကြည့်နေသည့်အတိုင်းပင်။

သို့ပေမယ့်လည်း သူမ၏အစ်ကို ၂မှာ ရူပကာချောမောလှသောကြောင့် မြင်မြင်ချင်းမှာ အကြည့်လွှဲရန်ခက်သဖြင့် သူမတို့ကို နန်းပေါင်ရီ အပြစ်မတင်လိုပေ။

ကျန်းယွီ ရှက်သွေးဖြာနေသည့်ပုံနှင့် နန်းယန် အင်္ကျီကို အသာဆွဲကာ ချစ်စရာကောင်းသည့်အမူအရာနှင့် …

“ယန်အာ ဒီကသခင်လေးကိုလည်း မမိတ်ဆက်ပေးရသေးဘူးလေ”

နန်းယန် ၏ ကိုယ်ဟန်မှာ ဘာမှမဟုတ်သောသူကို မိတ်ဆက်ပေးနေရသည့်အလား …

“အော် သူလား … သူက ငါတို့အိမ်တော်ကမွေးစားထားတာ နာမည်က ရှောင်း တဲ့”

မွေးစားသား။

မိန်းကလေးတို့၏ မျက်နှာမှာ ချက်ချင်းပြောင်းလဲသွားသည်။ မွေးစားသားတစ်ယောက်နှင့် စကားပြောဆိုနေလျှင်လည်း အနာဂတ်တွင် နန်း အိမ်တော်၏ အမွေများရနိုင်မည်မဟုတ်သောကြောင့် ဘာကြောင့်များ သူနှင့် အချိန်ဖြုန်းနေရပါတော့မလဲ။

သူမတို့၏အကြည့်မှာ နန်းပေါင်ရီ ထံ ပြန်ရောက်လာခဲ့သည်။ နန်းပေါင်ရီ သည် နန်း အိမ်တော်မှ ပထမဇနီးတစ်ယောက်၏ တရားဝင်သမီးဖြစ်သည်။ သူမ၏ရွှေလက်ကောက်တစ်ကွင်းတည်းနှင့်ပင် အလွန်တန်ဖိုးကြီးနေသည်။

ကျန်းယွီ ၏ မျက်နှာမှာ ဝင်းပသွားပြီး နန်းပေါင်ရီ ၏လက်ကို ချစ်ခင်စွာဆုပ်ကိုင်လိုက်ပြီး ….

“မမနဲ့ ညီမလေးရဲ့အစ်မက အရမ်းရင်းနှီးကြတာဆိုတော့ ညီမလေးကိုတွေ့လိုက်ရုံနဲ့ပဲ မမလည်း ညီမလေးနဲ့ရင်းနှီးသွားတယ်လို့ ခံစားလိုက်ရတယ် … ဒီကျောက်စိမ်းဆံထိုးက မမအမေပေးခဲ့တာ အခုညီမလေးကိုပေးမယ် ကျင်ကွမ်း မြို့သားတွေက တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးစေဖို့အတွက် ပစ္စည်းတွေအပြန်အလှန်ပေးကြတယ်လေ ပေါင်ရီ လည်း မမကိုတစ်ခုတော့ပြန်ပေးရမယ် … ရိုးရိုးသားသားပြောရရင် ညီမလေးရဲ့လက်က ရွှေလက်ကောက်လေးတစ်စုံကို တကယ်လိုချင်တာ”

သူမ၏ကျောက်စိမ်းဆံထိုးကို လိုလားစွာဖြုတ်ပြီး နန်းပေါင်ရီ ကို အတင်းပေးလိုက်သည်။ ထိုအဖြစ်ကိုမြင်ပြီးနောက် ကျန်သောမိန်းကလေးနှစ်ယောက်ကလည်း လက်ဆောင်များအမြန်ပေးလေသည်။

နန်းပေါင်ရီ က သူမလက်ထဲတွင်ရှိနေသော ဆံထိုး၊ လက်ကိုင်ပုဝါနှင့် အိတ်ငယ်တစ်လုံးတို့ကိုကြည့်ရင်း အသံတိတ်သွားလေသည်။

ကျောက်စိမ်းဆံထိုးမှာ အရည်အသွေးအလွန်ညံ့ပြီး ထိုသို့သောဆံထိုးမျိုးကို သူမ၏အဆင့် ၃ အစေခံတို့ပင် မသုံးကြပေ။ လက်ကိုင်ပုဝါမှာလည်း ၁၀ဆင့်နှင့် ၃ခုရသော လက်ကိုင်ပုဝါမျိုးဖြစ်နေပြီး အိတ်ငယ်လေးမှာ ၅ဆင့်သာရှိသည်။

ထိုမိန်းကလေးသုံးယောက်သည် သူမတို့၏တန်ဖိုးနည်းပစ္စည်းများနှင့် နန်းပေါင်ရီ ၏ ရတနာတို့ကို လဲလှယ်ချင်ကြသည်မှာ အလွန်ရဲတင်းကြပေသည်။

နန်းပေါင်ရီ သည် နန်းယန် ကိုကြည့်ကာ တစ်ခုခုကိုစောင်းမြောင်းဟန်နှင့်ပြုံးလိုက်သဖြင့် နန်းပေါင်ရီ ဘာမှမပြောရသေးသော်လည်း နန်းယန် မှာ အလွန်ရှက်နေရတော့သည်။

လူတို့သည် တူရာတူရာစုနေကြသဖြင့် နန်းပေါင်ရီ အနီးအနားရှိသူတို့သည် ထိုသို့ရှက်စရာကောင်းသည့်လုပ်ရပ်ကို ပြုမူကြမည်မဟုတ်ပေ။ နန်းယန် ၏ အမေသည် သူမသူငယ်ချင်းများကို ဖိတ်ခေါ်ခဲ့ပြီး သူမသူငယ်ချင်းတို့၏ကလေးများကို နန်းယန် က ထိန်းနေရသဖြင့် နန်းယန် သူမ၏အမေကို အပြစ်တင်နေတော့သည်။ သူမလည်း ပြစရာမျက်နှာမရှိလောက်ပင် မျက်နှာပျက်နေရပြီ။

ကျန်းယွီ နှင့် ကျန်နှစ်ယောက်ကို နန်းယန် မျက်လုံးနှင့် ကြိုးစားအချက်ပြသော်လည်း သူမကိုဂရုမစိုက်၊ နန်းပေါင်ရီ ၏ ရွှေလက်ကောက်များကိုသာ အငမ်းမရဖြစ်နေကြသည်။ သူမတို့သည် ငယ်စဉ်ကတည်းက တစ်ခုခုလိုချင်လျှင် ဘယ်အရာမဆို၊ ဘယ်အချိန်မဆို ချက်ချင်းရတတ်ကြသဖြင့် နန်းယန် မျက်နှာကိုပင် မထောက်တော့ပေ။

နန်းပေါင်ရီ ပစ္စည်းများကို မိန်းကလေးတို့ထံပြန်ပေးလိုက်ပြီး သူမ၏အဖြူရောင်ယပ်တောင်ကို ညင်သာစွာခတ်ရင်း …

“မမတို့ရဲ့ကြင်နာမှုတွေကို ပေါင်ရီ အသိအမှတ်ပြုပါတယ် .. ဒါပေမယ့် အပြန်အလှန်အပေးအယူလုပ်တယ်ဆိုတာက ဆွေမျိုးသားချင်းတွေနဲ့ သူငယ်ချင်းတွေကြားမှာပဲ လုပ်လေ့ရှိကြတာပါ … မမတို့ကို အခုမှတွေ့ဖူးတာဆိုတော့ အပြန်အလှန်လဲလှယ်ကြလောက်အထိ မရင်းနှီးကြသေးဘူးလို့ထင်ပါတယ်”

ကျန်းယွီ လည်း ဒေါသဖြစ်သွားပြီး …

“ငါတို့ပစ္စည်းတွေက တန်ဖိုးနည်းလို့ နင်သုံးဖို့အတွက်ကို မထိုက်တန်ဘူးလို့ပြောနေတာလား … နန်းပေါင်ရီ ငါတို့က နင်နဲ့ရိုးရိုးသားသားရင်းနှီးချင်တာပဲရှိတာကို နင်တော်တော်ဘဝင်မြင့်တာပဲ”

“ဟုတ်တယ် ငွေနည်းနည်းလေးကွာတာနဲ့ပဲ ငါတို့ကို အထင်သေးတာလား .. နန်းယန် နင့်ညီမက ဒီလောက်ပြောရခက်နေတာ နင်ကအစ်မကြီးပဲ နည်းနည်းပါးပါးမဆုံးမဘူးလား”

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset