YMR- အခန်း ၁၉၂

အခန်း(၁၉၂)

ကမ်းရိုးတန်းဒေသကိုသွားရန် ဆုံးဖြတ်ခြင်းနှင့် ရှင်းဖုန်း၏ အိမ်ထောင်ရေးစီမံမှု

“ယွင်ချဲ့ ကျေးဇူးပြုပြီး ရိုးရိုးသားသား ပြောပြနိုင်မလား။ ငါက အရူးတစ်ယောက်မဟုတ်ဘူး”

ကုမင်ရွှမ်က ယွင်ချဲ့ကို ခါးသက်စွာကြည့်လိုက်၏။ သူ၏ဘော့စ်က သူ့ကိုဘာမှ ပြောပြမှာမဟုတ်မှန်း သိနေသည်။ ထို့ကြောင့် သူ့ဘာသာသူ အဖြေရှာဖွေဖော်ထုတ်ရမည်။

“ကပ်ဘေးကို ခံစားနေရတဲ့လူတွေ ဝေဒနာသက်သာအောင် ကူညီပေးဖို့ပဲ။ မင်းကို အမှန်တိုင်း ပြောနေတာ”

ယွင်ချဲ့က သူ၏အဖြေ မပြောင်းလဲပေ။ ကုမင်ရွှမ်က ထပ်တိုးရန် ကြိုးစားသည့်အချိန်၌ ယွင်ချဲ့က ပြောလိုက်၏။

“ကောင်းပြီ မင်းမှန်တယ် ကမ်းရိုးတန်း ဧရိယာကနေ လိုအပ်နေတာ တစ်ခုရှိလို့ နှင်းကျတာ ရပ်သွားတဲ့အချိန် သတ္တဝါအားလုံး အဆင့်တက်သွားလိမ့်မယ်။ ဒါပေမဲ့ သူတို့တွေ သိပ်ကြောက်ဖို့မကောင်းခင် အချိန်အချို့ ရှိသေးတယ်။ အခုအချိန်မသွားရင် နောင်ကျ ငါအခွင့်အရေး မရှိတော့မှာ စိုးရိမ်လို့”

ယွင်ချဲ့က မရေရာသည့် အဖြေတစ်ခုပေးခဲသည်။ အမှန်တကယ်တွင် သူသည် ကမ်းရိုးတန်းဒေသကိုသွားရန် အကြောင်းပြချက် များစွာရှိသည်။ ပထမဆုံး အချက်အနေဖြင့် ယင်းက ခဏတာသာဖြစ်ပြီး သူ၏ စွမ်းအားနယ်မြေထဲရှိ ပင်လယ်က မပွင့်သေးပေ။ သူက ပင်လယ်ရေအချို့နှင့် သမုဒ္ဒရာကိုယူပြီး စွမ်းအားနယ်မြေထဲသို့ထည့်ရန် စီစဉ်ထားကာ ပင်လယ်လုပ်ဆောင်ချက်ကို ဖွင့်ဖို့ မျှော်လင့်နေသည်။ ဒုတိယ အချက်အနေဖြင့် ကမ်းရိုးတန်းဧရိယာရှိ အဖွဲ့များအကြောင်း သူသိချင်သည်။ ကမာ္ဘပျက်ကပ် ဆက်လက် ဖြစ်ပွားသည်နှင့် မြို့တော်ကို သစ္စာမဲ့သည့် အခြေစိုက်စခန်းများက ပိုမိုများပြားလာသည်။ သို့သော် သူ၏ယခင်ဘဝ၌ ကမ်းရိုးတန်း အခြေစိုက်စခန်းသည် သူမသေခင် မြို့တော်အာဏာပိုင်များကနေ သူ့ဘာသာသူ ပွင့်ပွင့်လင်းလင်း ခွဲထွက်ခဲ့သော တစ်ဦးတည်းသော အခြေစိုက်စခန်းဖြစ်သည်။ သူက တစ်ချက်သွားကြည့်ပြီး ရှာဖွေဖော်ထုတ်ရမည်။ အသုံးဝင်တာ တစ်ခုခု ရှာတွေ့နိုင်လောက်၏။ နောက်ဆုံးတွင် စွမ်းအင်ပါထုတ်လုပ်ရေး ကိရိယာပဲဖြစ်သည်။ သူသည် အင်တာနက်ပေါ်၌ ရှာဖွေခဲ့လေရာ နိုင်ငံတစ်ဝိုက် အလုပ်ရုံလေးတချို့ ရှိသော်ငြား ကမ်းရိုးတန်း ဒေသ၌သာလျှင် စွမ်းအင်ပါးစက်ရုံကြီးရှိ၏။ သူက အကောင်းဆုံး စွမ်းအင်ပါး ထုတ်လုပ်ခြင်းကိရိယာကို လိုချင်၏။ ဟေးယွီသည် အကောင်းဆုံးနှင့် ထိုက်တန်သောကြောင့်ဖြစ်သည်။

“ကမ်းရိုးတန်း အခြေစိုက်စခန်းမှာ စခန်းချထားတဲ့ တပ်ဖွဲ့က 007စစ်တပ်မလား။ တပ်မှူးကဘယ်သူလဲ”

ရှင်းဖုန်းက ယွင်ချဲ့၏ ရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်သည်။ ယွင်ချဲ့က ထိုနေရာသို့ သွားချင်သောကြောင့် ရှင်းဖုန်းက သူနှင့်အတူသွားရန် ဆုံးဖြတ်ထား၏။ သူတို့သည် စွမ်းအားရှင် အဖွဲ့အစည်းကို လက်လွှဲယူပြီးဖြစ်ရာ မကြာမီ၌ ဓာတ်ခွဲခန်းရလာတော့မည်။ သူ့အတွက် အနားယူရန် အချိန်ဖြစ်၏။

“မင်းဒါကို ယုံလောက်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကမ်းရိုးတန်း အခြေစိုက်စခန်းရဲ့ တပ်မှူးက ငါတို့အရင်ခေါင်းဆောင် ထန်းကျန်းရှင်းပဲ။ ထန်းဝေ့ယဲ့က အခုဗိုလ်ချုပ်ဖြစ်နေပြီ”

ကုမင်ရွှမ်သည် အခုဗိုလ်ချုပ်ကို တကျီကျီပြောတာ ရပ်တန့်လိုက်ပြီး ရှင်းဖုန်းကို ပြောလိုက်၏။ ထန်းကျန်းရှင်းသည် သူတို့၏ အဖွဲ့မှူး ဖြစ်ခဲ့ဖူးသည်။ သူတို့အသက်၁၈ ဖြစ်စဉ်က ထန်းကျန်းရှင်း၏ သားနှင့်ချွေးမသည် နိုင်ငံခြား၌ အကြမ်းဖက်သူများ သတ်ဖြတ်တာခံခဲ့ရ၏။ ထန်းကျန်းရှင်းက ဟန်ဟိုက်မြို့သို့ ရွှေ့ပြောင်းခွင့် တောင်းခဲ့၏။ သူ၏တစ်ဦးတည်းသောမြေး ထန်ဝေ့ယဲ့ကလည်း သူနှင့်အတူသွား၏။ ထန်းမျိုးနွယ် နှစ်ယောက်လုံးသည် မြို့တော်၏ အသိုင်းအဝိုင်းကြီးကနေ ထွက်သွားသည်။ သူတို့နောက်ဆုံး တွေ့ခဲ့တာ ခုနှစ်နှစ်နီးပါး ကြာခဲ့ပြီဖြစ်၏။

“ငါရေတပ်ဗိုလ်ချုပ်ကြီး ထန်းဆီကို သွားလည်သင့်တယ်ထင်တာပဲ။ ငါ့အတွက် ရိက္ခာတချို့ ပြင်ထားပေ။ သူ့အတွက် လက်ဆောင်တချို့ ယူသွားချင်တယ်”

ရှင်းဖုန်းက ပြုံးပြီးပြောလိုက်၏။ သူသည် တပ်ဖွဲ့ထဲ၌ လေးစားသည့်သူ အနည်းစုသာရှိပြီး ထန်းကျန်ရှင်းက သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။ ထန်ဝေ့ယဲ့က တစ်ဝက်အဖြစ် ထည့်တွက်နိုင်၏။ သူတို့ ထိုနေရာတွင် ရှိနေလျှင် ကမ်းရိုးတန်း အခြေစိုက်စခန်းသည် ဤကပ်ဘေးကို ကျော်လွန်နိုင်မည်ဟု ရှင်းဖုန်းယုံကြည်၏။

“ကောင်းပြီ စိတ်ပြင်ဆင်ပြီးပြီဆိုတော့ မတားတော့ဘူး။ ဒါပေမဲ့ ကမ်းရိုးတန်းဒေသအတွက် မထွက်သွားခင် ဓာတ်ခွဲခန်းကိစ္စကို အရင်ဖြေရှင်းရမယ်။ ဒီနေ့က ပထမဆုံးနေ့။ ဒါပေမဲ့ ကိစ္စတွေက ရှုပ်ထွေးလာတာ။ နောင်ကျ ပိုဆိုးနိုင်လောက်တယ်။ သုတေသနကို စာတင်ပြီး ဖြေဆေးအာဟာရဖျော်ရည်နဲ့ သလင်းအမြူတေတွေကို ဖွဲ့ဖြိးတိုးတက်အောင် တက်နိုင်သမျှမြန်မြန် ဆောင်ရွက်ရမယ်။ ပြီးတော့ ဝမ်ချင်းနဲ့ ဖန်းလွေ့ကို ခေါ်သွားလို့မရဘူး။ သူတို့က ငါ့ကိုကူညီဖို့ နေခဲ့ရမှာ”

ရှင်းဖုန်းသည် မည်သည့်နည်းနှင့်မဆို ယွင်ချဲ့နှင့် လိုက်မည်မှန်း သိနေသောကြောင့် ကုမင်ရွှမ်သည် စောဒကတောင် တက်မနေပေ။ သူကနှစ်ခုသာ တောင်းဆိုခဲ့၏။ ရီဝမ်ချင်းသည် လျှပ်စစ်နည်းပညာ၌ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ဖန်းလွေ့က လက်နက်ကျွမ်းကျင်သူဖြစ်သည်။ ဓာတ်ခွဲခန်းကို သူတို့တရားဝင် ယူပြီးနောက် သူတို့၏ ကျွမ်းကျင်မှုကို သူလိုအပ်သည်။

“ဟင့်အင်း ငါအခြားတစ်ယောက်ကို ခေါ်သွားလိုက်မယ်။ ဒါပေမဲ့ ငါအခု ဆုံးဖြတ်စရာ မလိုသေးဘူး”

ရှင်းဖုန်းက ကုမင်ရွှမ်ကို ပြောပြီးနောက် ယွင်ချဲ့ဘက် လှည့်လိုက်၏။

“အဲ့ဒီကိုလေယာဉ်နဲ့သွားမှာလား”

အနောက်တောင်သည် ကုန်းတွင်းပိုင်း ဒေသဖြစ်ပြီး ကမ်းရိုးတန်းနှင့် ဝေးကွာ၏။ လေယာဉ်ပျက်သွားခြင်းက သူတို့၏ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သည်။

“ဒါပေါ့ ဒါပေမဲ့ ငါကားမောင်းပြီးသွားရလည်း စိတ်မရှိဘူး”

ထိုသည်းထန်သည့် နှင်းများသည် သုံးရက်လုံး ကျဆင်းနေခဲ့ပြီး မြေပြင်ပေါ်၌ နှင်းများက အနည်းဆုံး တစ်ပေခန့် နက်နေလောက်၏။ အခြေစိုက်စခန်းထဲတွင် အဆင်ပြေသော်ငြား အပြင်ဘက်တွင် လမ်းလျှောက်ရန် မဖြစ်နိုင်လေရာ ကားမောင်းဖို့ဆို ဝေလာဝေးပင်။

“ဒါဆိုဝမ်ရန်ဆီကနေ ကုန်တင်ဂျက်လေယာဉ်တစ်စင်း သယ်ခိုင်းလိုက်မယ်”

သူ၏ကောက်ကျစ်သော အကျင့်အရ ရှင်းဖုန်းသည် သူနှင့် လောင်းကြေးထပ်လျှင် အကျိုးမထူးမှန်း သိနေသည်။ ထို့အပြင်ရှင်းဖုန်းက သူ့ကို တစ်ခါတစ်ရံတွင် သူ့ကို အလိုလိုက်ရလည်း စိတ်မရှိပေ။

“သခင် ဘာတွေပြောနေကြတာလဲ”

ဟေးယွီက မည်သည့်နေရာကမှန်းမသိ ခုန်ထွက်လာပြီး ယွင်ချဲ့၏ပေါင်ပေါ် ခုန်တက်ကာ သူ့ပါးစပ်ထဲ တစ်စုံတစ်ခုကို ဝါးနေ၏။ အသားကင်ဖြစ်လောက်သည်။

“ဘာအကြောင်းပြောနေတယ်လို့ထင်လဲ။ မင်းအတွက် ထုတ်လုပ်ရေးကိရိယာ ယူဖို့ပြင်ဆင်နေတာလေ။ မယူချင်ဘူးလား”

“လိုချင်တာပေါ့”

ထိုစကားကို ကြားလိုက်သည့်အချိန်၌ ဟေးယွီကချက်ချင်း စိတ်လှုပ်ရှားသွား၏။

“ခင်ဗျားက တကယ်သခင်ပါပဲ။ ဘယ်အချိန်သွားကြမှာလဲ။ ငါ့အတွက် ဝမ်ချင်းကို သွားမေးအုံးမယ်။ စွမ်းအင်ချောင်းအတွက် ကုန်ကြမ်းတွေက စိုက်ပျိုးလို့ရနိုင်တယ်။ တောင်ပေါ်မှာ တချို့ရှာတွေ့ထားတာ။ သူတို့နား ရောက်နေပြီးပြီ။ ထုတ်လုပ်ဖို့ပစ္စည်း မရှိတာကလွဲရင် အရာအားလုံး အသင့်ပဲ”

နောင်ကျ စွမ်းအင်ချောင်းများ လုံလုံလောက်လောက် ရစေရန်အတွက် သူသည် ယွီဝန်ချင်းကို သူ့အတွက် သုတေသနများစွာ ပြုလုပ်ရန် တောင်းဆိုထား၏။

“ရက်အနည်းငယ်အတွင်း အနည်းဆုံးတော့ နှင်းကျတာ ရပ်တဲ့အထိ စောင့်ရမယ်”

ယွင်ချဲ့က စိတ်အားထက်သန်နေသော အကြည့်ဖြင့် ပြောလိုက်၏။

ယွင်ချဲ့အဖို့ သူ၏ သားရဲတိရိစာ္ဆန်ကို မကျီစယ်ဘဲ အလေးအနက် ထားပြောတာက မြင်တွေ့ရန် ရှားပါးလွန်းသည်။ ရှင်းဖုန်းက ပြုံးလျှက် ကုမင်ရွှမ် သူ့ဆီယူလာပေးသည့် ဗိုင်ကို ဖတ်လိုက်တော့သည်။ ဗိုင်က အခြေစိုက် စခန်းထဲတွင် ယခုနှင်းကျမှုကြောင့် ဖြစ်သည့် ထိခိုက်ပျက်စီးမှု သတင်းပို့ချက်ပဲဖြစ်သည်။ လူဦးရေ အများဆုံးဖြစ်သည့် မြို့တော်အခြေစိုက်စခန်းသည် တစ်ရက်အတွင်း လူပေါင်းထောင်ချီ ဆုံးရှုံးခဲ့၏။ အရှေ့မြောက် အခြေစိုက်စခန်းကလည်း သေကြေပျက်စီးမှုများစွာ ရှိခဲ့သည်။ အနောက်တောင် အခြေစိုက် စခန်းကသာလျှင် ဆုံးရှုံးမှု အနည်းဆုံး ဖြစ်နေပုံပေါ်၏။

“အဘိုးကြီးကို သွေးနွယ်ပွင့်အကြောင်း ပြောခဲ့လား”

သူ၏မိသားစုတွင် ရှင်းဖုန်းက သူ၏အဘိုးအကြောင်း ကရုစိုက်သည်။ ယွင်ချဲ့က သွေးနွယ်ပင်၏ လုပ်ဆောင်ချက်ကို အများရှေ့ကြေညာရန် ဆုံးဖြတ်ချက် ချသောအခါ ရှင်းဖုန်းက ကုမင်ရွှမ်ကို ဓာတ်ပုံအချို့ပို့ပြီး အသေးစိတ် မိတ်ဆက်မှုများဖြင့် ယွင်ချဲ့၏ ခွင့်ပြုချက်ကို ရယူကာ အသေးစိတ် ရှင်းပြချက်များဖြင့် သူ၏အဘိုးဆီ ပို့ပေးရန် ကုမင်ရွှမ်ကိုပြောခဲ့၏။

“အမ်ဟမ်း မင်းဒီမှာ ဆက်နေမယ်ဆိုရင် သူကိုယ်တိုင် လာခေါ်မယ်တဲ့။ မင်းဘယ်အချိန် ပြန်လာမှာလဲ မေးခိုင်းလိုက်တယ်”

အဘိုးအိုအကြောင်း ပြောနေစဉ် ကုမင်ရွှမ်က ခါးသက်စွာ ပြုံးလိုက်၏။ ရှင်းဖုန်းနှင့် သူ့အဘိုးကြားရှိ ဆက်ဆံရေးက အတော်လေး အနေခက်စရာပဲဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် တိုက်ရိုက် စကားပြောမည့်အစား သူတို့သည် ကုမင်ရွှမ်ကို သတင်းပါးသူအဖြစ်သာ ဖိအားပေးနေကြသည်။ ကုမင်ရွှမ်က သတင်းပါးသူအဖြစ် ဆောင်ရွက်ရတာ စိတ်မရှည်ပေ။ သို့သော် ကိစ္စက အဘိုးအိုသည် သူ့ကို သူ၏မြေးက လုံလောက်အောင် ကရုမစိုက်သောကြောင့် သူပြင်းပြင်းထန်ထန် နာမကျန်းဖြစ်သည်။ သို့မဟုတ် သူ၏ မြေးက သူ့ကိုလုံလောက်အောင် ကရုမစိုက်ဟု စောဒကတက်ကာ အမှားများကို အမြဲတမ်းပြောခဲ့၏။ အစက ကုမင်ရွှမ်နှင့် ရှင်းဖုန်း နှစ်ယောက်လုံးသည် သတင်းဆိုးများ ကြားပြီးနောက် စိုးရိမ်ပူပန်ခဲ့၏။ သို့သော် သူတို့ ကမန်းကတန်းပြောပြီး ပြန်လာချိန်၌ ရဲဘော်ရဲဘက်များဖြင့် ပျော်ရွှင်နေသော ကျန်းမာသည့် စွမ်းအားပြည့်ဝသောလူကို တွေ့လိုက်ရသည်။ တူညီသည့် အရာများက အကြိမ်အနည်းငယ် ဖြစ်ပွားလာပြီးနောက် ရှင်းဖုန်းသည်သူ့ကို အဘိုးအိုအကြောင်း သတင်းမပို့ရန် တားမြစ်လိုက်၏။ ယခုဆိုလျှင် ကုမင်ရွှမ်ကလည်း အဘိုးအိုကို ယုံကြည်ခြင်း မရှိတော့ပေ။ မည်သို့ပင် ဆိုစေကာမူ ကုမင်ရွွှမ်က ဖုန်းနဲ့တင် အဘိုးအို၏ နားပူနားဆာတိုက်ခြင်းကို နားထောင်ရန် လိုအပ်နေသေး၏။ တစ်ခေါက်လျှင် နာရီဝက်ကျော် အနည်းဆုံးကြာသည်။ ကမာ္ဘပျက်ကပ်ကြောင့် အဘိုးအိုသည် ကွင်းထဲပြန်သွား၏။ ကုမင်ရွှမ်က နောက်ဆုံးတော့ ငြိမ်းချမ်းမှုအချို့ ရလာတာဖြစ်သည်။ သို့သော် ယနေ့အစောပိုင်း၌ အဘိုးအိုကို ဆက်သွယ်ချိန်သည် သူသည် ငြင်းပန်းမှုကို ထပ်မံကြုံတွေ့ရပြန်၏။ ယခုအချိန်ထိတိုင် သူ၏နားထဲ အဘိုးအို တဂျီဂျီပြောနေတာကို ကြားနေရသေးသည့်ပမာ ခံစားနေရ၏။

“သူတကယ် ဒီကိုလာနိုင်တဲ့ပုံနဲ့ မပြောနဲ့။ အဲ့ဒီမိသားစုက သူမရှိဘဲ မနေနိုင်ဘူး”

ရှင်းဖုန်းက ထိုသို့ပြောချိန် သူ၏အမူအရာက ထိုအဘိုးအိုသည် ရှင်းမိသားစုထဲ၌ သူအနှစ်သက်ဆုံးလူ ဖြစ်သည့်တိုင် သူစိမ်းတစ်ယောက်အကြောင်း ပြောနေပုံ ပေါ်နေလေ၏။ ယင်းက အတော်လေး ထူးဆန်းနေသည်။

“အမ်ဟမ်း မင်းသိချင်မဲ့ ကိစ္စတစ်ခုရှိတယ်။ မင်းအဖေကမင်းကို မိန်းမတစ်ယောက်နဲ့ ချိတ်ပေးဖို့ ကြိုးစားနေတာ။ သူ့နာမည်က ကျိုးဘာဆိုလားပဲ။ မင်းအဘိုးကငါ့ကို သိပ်မပြောခဲ့ဘူး။ ဒါပေမဲ့ သူ့လေသံအရ သူအဲ့ဒီမိန်းမကို ရွှံ့ရှာနေတဲ့ပုံပဲ”

“ကျိုးလား”

ဟေးယွီနှင့် စကားပြောနေသော ယွင်ချဲ့က ချက်ချင်းပင် မှီလာသည်။ ထိုမျိုးရိုးနာမည်က သူကြားရတာ သိပ်ကိုထိလွယ်ရှလွယ် ဖြစ်လွန်း၏။ တင်းမြို့နယ်ထဲက ကျိုးနာမည်နဲ့ မိန်းမတစ်ယောက်လား။ သူက ကျိုးထင်းဖြစ်နိုင်မလား။

ရှင်းဖုန်းသည် အစက ထိုအကြောင်းအရာကို စိတ်ဝင်စားခြင်းမရှိပေ။ သို့သော် ယွင်ချဲ့၏ မျက်နှာထက်ရှိ အကြည့်ကို မြင်သောအခါ တစ်ဖက်လူက ကျိုးကျစ်ကျွင်းနှင့် အဆက်အသွယ်ရှိမှန်း သိသွားသည်။ ရှင်းဖုန်းက မျက်မှောင်ကျုံ့မိသွား၏။ သူ၏အဖေက ကျိုးကျစ်ကျွင်း၏ အစ်မနှင့်သူ့ကို ချိတ်ပေးရန် စီစဉ်ခဲ့လျှင် အံ့သြစရာ ဖြစ်နေမှာမဟုတ်ပေ။ အစောတုန်းက ယွင်ယောင်နှင့် ကျိုးကျစ်ကျွင်း၏ ဆက်ဆံရေးအကြောင်း သူ့ကို ယွင်ချဲ့ပြောပြပြီးနောက် သူသည် ကျိုးကျစ်ကျွင်းအကြောင်း စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့၏။ ကမာ္ဘပျက်ကပ် မစမှီက ကျိုးကျစ်ကျွင်းသည် ကနဲ့အရာရှိတစ်ယောက် ဖြစ်ခဲ့၏။ ကမာ္ဘပျက်ကပ် ဖြစ်ပွားချိန်၌ သူက အခြေစိုက်စခန်းထဲသို့ ချက်ချင်း ဝင်ရောက်ခဲ့ပြီး အကျိုးဆောင်မှုများစွာ ပြုလုပ်ခဲ့သည်။ မြို့တော် အခြေစိုက်စခန်း တည်ဆောက်ပြီးနောက် စစ်တပ်ကသူ့ကို ဗ်ိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သည်။ နောက်ပိုင်းတွင် ထိုပြည်နယ်၏ ခေါင်းဆောင်၏သမီးက သူ့ကိုသဘောကျသွားပြီး သူ၏မိသားစုက ချက်ချင်းပင် အနေအထား မြင့်တက်သွားတော့၏။ ၎င်း၏ အုတ်မြစ်သည် အဘိုးကြီး၏ အထက်တန်းလွှာ မျိုးနွယ်လောက် မခိုင်မာသော်ငြား သူ၏မိသားစုသည် ကမာ္ဘပျက်ကပ်၌ အထွန်းတောက်ဆုံး ဖြစ်နေသည်။

ရှင်းဖုန်း၏အဖေသည် သူနှင့်သူ့အဘိုးက စက်ဆုပ်သည့် အရာများကို အမြဲတမ်း အကောင်းမြင်တက်သူဖြစ်၏။ သူ၏အဖေကသူ့ကို လတ်တလောမှ အဆင့်အတန်း မြင့်လာသည့် ကျိုးမိသားစုနှင့် ချိတ်ဆက်ပေးရန် ကြိုးစားတာ အံ့သြစရာမရှိပေ။ သို့သော် သူ၏အဘိုးသည် သူ၏ အိမ်ထောင်ရေးကို အသုံးချလိမ့်မည်ဟု ရှင်းဖုန်း မထင်ထားတာပဲဖြစ်သည်။ အတိတ်တုန်းက လုံမိသားစုကို သူဘာလုပ်ခဲ့လဲဆိုတာ သူ့ဖခင်မေ့လျော့သွားပုံပေါ်၏။

“ကြည့်ကြည့်လေ”

“စိတ်မရှိပါနဲ့”

ကုမင်ရွှမ်က အံ့သြသွား၏။ ယခင်ကသာဆိုလျှင် သူ၏အဘိုးကသူ့ကို တစ်စုံတစ်ယောက်နှင့် ချိတ်ပေးရန် ကြိုးစားပင်လျှင် သူက အကြည့်တစ်ချက်တောင် မပေးခဲ့ပေ။

“ကျိုးကျစ်ကျွင်းက ငါ့ရဲ့ယောက်ဖ စုံစမ်းစစ်ဆေးကြည့်လိုက်တော့ အဲ့ဒီမိန်းမက သူ့ရဲ့အစ်မ ကျိုးထင်လားဆိုတာ သွားစုံစမ်းကြည့်”

ယွင်ချဲ့က အသံတိုးလျှက် ချန်းချန်းလေးကို ချီထားကာ ကျန်သည့်သူများနှင့် ပျော်ရွှင်စွာ စကားပြောနေသည့် သူ၏အစ်မကို တစ်ချက်ကြည့်လိုက်သည်။ ထိုအမျိုးသမီးက ကျိုးထင်ဖြစ်နေလျှင် ကိစ္စများက စိတ်ဝင်စားစရာ ကောင်းသွားလိမ့်မည်။ အတိတ်ဘဝတုန်းက ကျိုးထင်းသည် သူ့နောက်ကွယ်တွင် ဟန်မင်ကျယ်နှင့် ချိတ်ခဲ့၏။ ယွင်ချဲ့သည် ထိုအတွက် မည်သူ့ကိုမှ တာဝန်မယူခိုင်းချင်ခဲ့ပေ။ လူမှားယုံကြည်ခဲ့မိသည့်အတွက် သူ့ကိုယ်သူသာ အပြစ်တင်ခဲ့၏။ သို့သော်ငြား ထိုမိန်းမက ဤဘဝ၌ သူချစ်ရသူနားသို့ ကပ်ရန်ကြိုးစားရဲပါက သူမလုပ်ခဲ့သည့် အရာအတွက် သူမပေးဆပ်ရအောင် သူလုပ်မည်။

“ဟုတ်ပြီ”

သူ၏ယွင်ချဲ့၏ ယောက်ဖဖြစ်သည်။ တစ်နည်းဆိုရလျှင် သူက ယွင်ယောင်၏

ကုမင်ရွှမ်၏ အကြည့်တို့က မှေးကျဉ်းသွားသည်။ သူက ကျိုးကျစ်ကျွင်း မည်သူမှန်း သိခဲ့သည်။ သို့သော် ကျိုးကျစ်ကျွင်းက ယွင်ယောင်၏ ခင်ပွန်းမှန်း သူမသိခဲ့ပေ။ သေစမ်း ကျိုးကျစ်ကျွင်းအကြောင်း သူစုဆောင်းရသမျှ အချက်အလက်တွေ အားလုံးက ကောင်းကျိုးတွေ ဆောင်ရွက်ခဲ့တဲ့ ပါရမီရှင် တစ်ယောက်အနေနဲ့လေ။ ဒါပေမဲ့ ကြည့်ရတာ အဲ့ဒီကောင်က မိန်းမနဲ့ကလေးကို စွန့်ပစ်ခဲ့တဲ့ ဆန်ကုန်မြေလေးတစ်ယောက်ပဲ။ ယွင်ယောင်ကသူ့ကို ဘယ်တုန်းကမှ လက်မထပ်ခဲ့သင့်တာ။

“ကျေးဇူးပါပဲ။ သခင်အချက်အလက် သွားယူဖို့ ခင်ဗျားတို့နှစ်ယောက်ဆီ အပ်ထားခဲ့မယ်”

ခေါင်းတစ်ချက်ညိမ့်ပြီးနောက် ယွင်ချဲ့က ထရပ်ကာ ဟေးယွီကို ပိုက်ထားလျှက် သူ့အစ်မဆီ သွားလိုက်သည်။ သူ့နောက်ကျောကို ကြည့်ပြီး ရှင်းဖုန်းက အသံတိုးတိုးဖြင့် ပြောလိုက်၏။

“ကျိုးမိသားစုက ယွင်ယောင်ကို အမြဲတမ်း အထင်သေးခဲ့တာ။ ကမာ္ဘပျက်ကပ် ပြီးတဲ့နောက်”

ယွင်ချဲ့သူ့ကို ပြောပြခဲ့သည့်အရာကို ထပ်ပြောပြလိုက်၏။ ယွင်ယောင်နှင့် ကျိုးကျစ်ကျွင်းတို့နှင့် သက်ဆိုင်သည့် အပိုင်းကိုသာ ထပ်ပြောခဲ့တာဖြစ်သည်။ ယွင်ချဲ့အကြောင်းကမူ ၎င်းက ကျန်သည့်သူများကို မပြောရမည့် သူ၏လျို့ဝှက်ချက်ဆိုတာ ယုံကြည်သည်။

“သေစမ်း”

ကုမင်ရွှမ်က လူရိုင်းတစ်ယောက်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူကြီးလူကောင်း တစ်ယောက်အနေဖြင့် အမြဲတမ်း ပြုမူတတ်၏။ မည်သို့ပင် ဆိုစေကာမူ ကျိုးကျစ်ကျွင်းနှင့် သူ၏မိသားစုက အတိတ်တုန်းက ယွင်ယောင်နှင့် သူမ၏သားကို ဆက်ဆံခဲ့ပုံကို သူသိသွားသောအခါ မျက်လုံးထဲတွင် ဒေါသများထွက်လျှက် မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။ သူကြိတ်ချစ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို သူတို့တွေက ရာရာစစ ဒါမျိုးလုပ်ရဲတယ်ပေါ့။ ဒါမပြီးသေးဘူး။ ယွင်ယောင်အတွက် လက်စားချေဖို့ နည်းလမ်းတစ်ခု ရှာရမယ်။

“မင်းက တစ်ယောက်ယောက်ကို ကိုက်တော့မဲ့ပုံပဲ။ စိတ်အေးအေးထား။ ကျိုးမိသားစုအတွက်ကတော့ ချဲ့ကားကိုယ်တိုင် ဖြေရှင်းချင်မှာပဲ။ ငါတို့ဘေးထွက်နေတာ ကောင်းလိမ့်မယ်။ သူတို့ အနှေးနဲ့အမြန် တောင်းပန်ရမယ်ဆိုတာ သေချာတယ်”

ခုံကိုမှီထိုင်လျှက် ရှင်းဖုန်းက ကုမင်ရွှမ်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ ပြီးနောက် ယွင်ချဲ့ကိုကြည့်ရန် သူ၏မျက်လုံးများ မှေးကျဉ်းလိုက်၏။ ကျိုးကျစ်ကျွင်းက ပြည်နယ်ခေါင်းဆောင်၏ သမီးကို လက်ထပ်ခဲ့လျှင်ပင် သူတို့ကသူ့ကို တစ်ရက်ကြာ နောင်တရအောင် လုပ်မှာပဲဖြစ်သည်။

“အင်း အင်း”

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကုမင်ရွှမ်က ခေါင်းညိမ့်လိုက်သည်။ ပြီးနောက် အသက်ပြင်းပြင်း ရှုလိုက်ကာ သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်၏။ သို့သော် ယွင်ယောင်နှင့် သူ့ကလေးအတွက် စိတ်မကောင်းမဖြစ်ဘဲ မနေနိုင်တော့ပေ။ သူ၏အမြင်တွင် ယွင်ယောင်က ပြီးပြည့်စုံ၏။ လူတိုင်းက ချစ်စဖွယ်ကောင်းသော ချန်းချန်းလေးကို သဘောကျသည်။ ချန်းချန်း၏ဖခင်သည် အဘယ့်ကြောင့်များ သူတို့ဆီကနေ စွန့်ခွာနိုင်သည့် နှလုံးသားရှိရသနည်း။ ချန်းချန်း၏ဖခင် အသက်ရှင်နေနိုင်လောက်မှန်း သူသိသော်ငြား ချန်းချန်း၏ဖခင်က ကျိုးကျစ်ကျွင်း ဖြစ်နေလိမ့်မည်ဟု သူတစ်ခါမှ မတွေးထားမိချေ။ သူတို့၏ ဇာတ်ကြောင်းက ရင်နှင့်စရာ ကောင်းလောက်မှန်း သူမသိခဲ့ပေ။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset