YMR- အခန်း ၁၈၈

အခန်း(၁၈၈)

ယွင်ချန်းက သစ်သီးတွေ စားနိုင်တာလား။

ရုတ်တရက် မြေငလျှင်လှုပ်ပြီး နှင်းများကျလာပြီးနောက် အခြေစိုက်စခန်းသည် ဗရမ်းဗတာ ဖြစ်လာ၏။ သေကြေပျက်စီးမှု မရှိသည့်တိုင် ကြောက်လန့်မှုတို့ ရှိနေသည်။ စစ်တပ်သုံးတပ်နှင့် အစိုးရသည် အရေးပေါ် အစည်းအဝးခေါ်ပြီးနောက် လူများကို နှစ်သိမ့်ပေးရန် စစ်သားများစွာ စေလွှတ်ခဲ့သည်။ ရွှေနှင့်မြေ စွမ်းအားရှင်များက အခြေစိုက်စခန်းရှိ လူများကို ထောက်ကူပေးရန် အမိန့်ပေးခြင်း ခံထားရသည်။ တချိန်ထဲတွင် အခြေစိုက်စခန်းထဲရှိ အထက်ပိုင်း စီမံခန့်ခွဲမှုကလည်း အမျိုးမျိုးသော စွမ်းအားရှင် အဖွဲ့များဆီ ဖိတ်စာပို့ပြီး သူတို့၏ ရွှေနှင့်မြေ စွမ်းအားရှင်များက ပံ့ပိုးရေး အဖွဲ့ထဲ၌ ဝင်ပါနိုင်ရန် မျှော်လင့်နေမိသည်။ လူတိုင်းက ကူညီပေးဖို့ ဝမ်းသာနေကြ၏။ ထိပ်ဦးကသာ လုဟိုက်ရွှမ်နဲ့ ကျန်းရဖေးတို့ကို စေလွှတ်ရန် ဆုံးဖြတ်လိုက်သည်။

အပြင်ဘက်ရှိနှင်းက ပိုသိပ်သည်းလာပြီးနောက် အနည်းငယ် ပူနေသော ရာသီဥတုသည် လျှင်လျှင်မြန်မြန် အေးသွားလေ၏။ ယွင်ချဲ့သည် ဟေးယွီနှင့် ချန်းချန်းကို ခေါ်ရန်အတွက် စွမ်းအားနယ်မြေထဲသို့ ဝင်သွားချိန် ရှင်းဖုန်းက မော့ဝမ်ရန်ကို အမြန်ဆက်သွယ်ပြီး နေထိုင်ရေး အခြေအနေ အဆိုးဆုံးဖြစ်သည့် ဆေင်းရာသီဆီ ရိက္ခာများအားလုံး ပို့ဆောင်ခိုင်းလိုက်၏။ တဲထဲတွင် နေထိုင်သည့် အသက်ရှင်ကျန်ရစ်သူများနှင့် အများစုသည် နှင်းကြောင့် အပူချိန် ရုတ်တရက် ကျသွားလျှင် ခဲပြီးသေသွားလိမ့်မည်။

“မင်းတို့တွေ အချိန်ကောင်း ရှိနေတာလား။ ဟမ် ဘာတွေစားနေကြတာလဲ”

ယွင်ချဲ့က အတော်ကြာ အသက်အောင့်ထားပြီးနောက် နယ်မြေစွမ်းအားထဲသို့ ဝင်လိုက်ချိန် သူတို့၏ နေရာအတိအကျကို အာရုံခံလိုက်၏။ သူတို့ရှိနေသည့် နေရာကို နေရာရွေ့ပြောင်းလိုက်စဉ် ချန်းချန်းက ဟေးယွီကို မှီထားလျှက် မြေကြီးပေါ်၌ ထိုင်နေတာကို တွေ့လိုက်ရပြီး ယုန်များ၊ မြေခွေးများ၊ ကြောင်ဂတိုးများ၊ သိုးများ စသည့် တိရိစာ္ဆန်လေးများ သူတို့နားတွင် ရှိနေ၏။ ပင်ပေါင်ဘောလုံး အရွယ်အစားခန့်ရှိ သစ်သီးများကလည်း သူ့ပေါင်ပေါ်တွင် ရှိနေ၏။ သူက ပါးစပ်ထဲသို့ မကြာခဏ ပစ်ထည့်နေတော့သည်။

“ဦးဦး”

ချန်းချန်းသည် သစ်သီးအနီရောင်များစားပြီး ပျော်ရွှင်နေလေရာ သူ့ဦးလေးကို တွေ့သည့်အချိန်၌ ပျော်ရွှင်စွာ ရယ်မောလိုက်၏။ သို့သော် သူထရပ်ချင်သည့် အချိန်၌ မလှုပ်နိုင်ကြောင်း သိသွားသောအခါ သဘောပေါက်သွားလေ၏။ သူ၏လေးဖင့်နေမှုကို မြင်သောအခါ ယွင်ချဲ့က လက်မြှောက်လျှက် လက်ဖျောက်တီးလိုက်သည်။ ချက်ချင်းပင် တိရိစာ္ဆန်လေးများက လူစုကွဲသွား၏။ စွမ်းအားနယ်မြေထဲ၌ သူက တစ်ဦးတည်းသော အရှင်သခင်ဖြစ်ကာ သတ္တဝါများအားလုံး သူ့ကိုနာခံရသည်။

“ဒါဘာသစ်သီးတွေလဲ အရသာကောင်းလိုက်တာ အင်း ဟေးယွီ ဒီသစ်သီးတွေက စွမ်းအင်အနည်းငယ် ပါနေတာလား”

ယွင်ချဲ့က ရုတ်တရက် မေးလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချကာ သစ်သီးကို တစ်ကိုက်ကိုက်ပြီးနောက် အနည်းငယ် လှုပ်ရှားသွား၏။ သူ၏ခန္ဓာကိုယ်ထဲရှိ အထူးစွမ်းအင်များက သစ်သီးကို စားလိုက်ချိန် စီးဆင်းသွားပြီး လတ်ဆတ်သော အချိုအရသာကို ခံစားပြီးနောက် စီးဆင်းသွားတာကို ခံစားလိုက်မိကာ ယင်းက သစ်သီး၌ စွမ်းအင်များ ပါဝင်နေသောကြောင့်သာ ဖြစ်နိုင်မှန်း သိသွားသည်။

“ပါတယ်လား သူတို့တွေက စွမ်းအားနယ်မြေမှာ ပေါက်တာဆိုတော့ ပါလောက်မှာပါ။ ဒါဘယ်လို သီးသီးမျိုးလဲ မမေးနဲ့။ ငါလည်းမသိဘူး။ နာမည်ပေးရင် ပေးလိုက်လေ။ ကြိုက်တယ်ဆိုရင် တောင်ပေါ်မှာ သစ်သီးတွေကြီးပဲ”

မြေကြီးပေါ်၌ လှဲရန် ချန်းချန်းအတွက် ကုရှင်အနေနှင့် ဆောင်ရွက်ပေးနေသော ဟေးယွီက ပျင်းရိစွာ ပြောလိုက်၏။ စွမ်းအားနယ်မြေထဲရှိ အရာအားလုံးနီးပါးကို စားသောက်ပြီးနောက် သူသည် သာမာန်သွင်ပြင် အနီရောင်သစ်သီးကို လေ့လာဖို့ စိတ်မဝင်စားတော့ပေ။ သူသည် ချိုမြိန်သည့် အရသာများ ကြိုက်တာကြောင့်သာ မဟုတ်လျှင် သူက ချန်းချန်းကို သစ်သီးခူးရန် နေရာများစွာသို့ ခေါ်သွားမှာမဟုတ်ပေ။

“ထားလိုက်တော့ နေ့လည်စာစားချိန် ရောက်တော့မယ်။ အပြင်ထွက်ရအောင်”

သူသည် ဟေးယွီထံကနေ အသုံးဝင်တာ ဘာမှမရနိုင်ကြောင်း မြင်သောအခါ ယွင်ချဲ့သည် အိတ်တစ်လုံးထုတ်ပြီးနောက် ချန်းချန်း၏ ပေါင်ပေါ်ရှိ သစ်သီးများကို တစ်လုံးပြီးတစ်လုံး ထည့်လိုက်၏။ တချိန်ထဲတွင် သူက နောက်မှသစ်သီးများ ဆက်ခူးပြီး တောင်ပေါ်၌ အခြားသောသစ်သီး ရှိမရှိရှာရန် လာဖို့ စိတ်ပြင်ဆင်လိုက်သည်။ ယခင်က စွမ်းအားနယ်မြေထဲတွင် ထားခဲ့သော သစ်သီးများသည် ကုန်ခါနီးပြီဖြစ်ကာ သူစိုက်ပျိုးခဲ့သည့် သစ်ပင်များက ထိုမျှမြန်မြန်ဆန်ဆန် သီးနိုင်လောက်မှာမဟုတ်ပေ။ လတ်လတ်ဆတ်ဆတ် သစ်သီးများ မရှိမှာကို သူကပိုတောင် စိုးရိမ်၏။ သို့သော် အရေးကြီးဆုံးအရာက ထိုသစ်သီးများ၌ စွမ်းအင်များ ပါဝင်နေတာပဲဖြစ်သည်။ စွမ်းအင်ပမာဏက နည်းပါးလျှင်ပင် ဘာမှမရှိတာထက် ပိုကောင်း၏။ ရေရှည်စားသုံးပါက သေချာပေါက် အကျိုးဖြစ်ထွန်းပေလိမ့်မည်။ ထို့အပြင် အရသာကလည်း ကောင်းမွန်၏။

“ဦးဦး သားသားဗိုက်ပြည့်နေပြီ”

ချန်းချန်းသည် အပြင်တောင် မထွက်ချင်တော့ပေ။ သူ၏ လက်ဖောင်းဖောင်းလေးဖြင့် သူ၏လုံးဝိုင်းသော ဗိုက်ကို ကိုင်ထားကာ သူ၏မျက်နှာပေါ်ရှိ အပြုံးက အတော်လေး အပြစ်ကင်းစင်နေလေ၏။

“ဗိုက်ပြည့်နေရင် အပြင်ထွက်ရအုံးမှာပဲ။ သားအမေက သားအတွက် အရသာရှိတဲ့ စားစရာတွေ အများကြီးလုပ်ထားတယ်။ ဘွားဘွားချန်က သားအတွက် အက်ထရာမန်း မွေးနေ့ကိတ် လုပ်ပေးထားတာ။ သားထွက်မလာရင် ဦးဦးချူက အဲ့ဒါတွေ စားလိုက်လိမ့်မယ်”

“သားအက်ထရာမန်းကိတ် စားချင်တယ်”

ချန်းချန်းသည် အက်ထရာမန်းကိတ်ရှိကြောင်း ကြားပြီးနောက် ချက်ချင်းထရပ်လိုက်၏။ ဟေးယွီကလည်း ခွေးပေါက်လေးတစ်ကောင်အသွင် အမြန်ပြောင်းလဲကာ ယွင်ချဲ့၏ပုခုံးပေါ် ခုန်တက်လိုက်၏။

“ချန်းချန်း မင်းထပ်စားလို့ မရတော့ဘူး။ မဟုတ်ရင် မင်းပိုတောင်ကြီးလာ မဟုတ်ဘူး တကယ်ကြီး အဆီတွေ ဖြစ်လာလိမ့်မယ်”

ယွင်ချဲ့သည် ဆက်စားလျှင် ပိုတောင်ဝလာမည်ဟု ပြောချင်နေတာဖြစ်သည်။ သို့သော် ယနေ့တွင် ချန်းချန်းကို အလျော့ပေးရန် ဆုံးဖြတ်ချက်ချပြီး ဖြစ်နေသောကြောင့် စကားလုံးများ ပြင်ပြောလိုက်၏။

“ဟုတ်သားပဲဦးဦး”

သူပြောတာကို ကြားပြီးနောက် ချန်းချန်းသည် သူ့ဦးလေးကို စိတ်ဓာတ်ကျစွာ ကြည့်လိုက်၏။ သူသည် အက်ထရာမန်းကိတ်ကို စားချင်သော်ငြား ဝိတ်မတက်ချင်ပေ။ ထိုသို့ဆိုလျှင် သူဘာကို လုပ်သင့်သနည်း။

“တစ်ခေါက်လောက် စားရုံနဲ့ မဝသွားဘူး။ ဟေးယွီရဲ့ ပေါက်ကရစကားတွေကို နားမထောင်နဲ့”

ယွင်ချဲ့က ဟေးယွီကို စိုက်ကြည့်လိုက်ပြီးနောက် မျက်တောင်တစ်ခတ်အတွင်း သူ့ကို ကျောက်စိမ်း စမ်းရေဆီသို့ ခေါ်သွားလိုက်သည်။ ကျောက်စိမ်းစမ်းရေကို အနည်းငယ် ကြောက်နေသေးသော ချန်းချန်းက အနည်းငယ် တုန်ယင်သွားလေ၏။ ယွင်ချဲ့က သူ့ကို စားနပ်ရိက္ခာများ ထားသည့်နေရာဆီ အမြန်ခေါ်သွားပြီးနောက် တီရှပ်လက်ရှည် ဝတ်ပေးကာ အဝတ်အစား လဲပေးလိုက်၏။ ကောင်းဘွိုင်ပုံစံ ရင်စေ့လေးပါ ထပ်ထည့်ပေးပြီးနောက် သူသည် အဖြူနှင့်အနက် ဦးထုတ်ကလေးကို ထုတ်လျှက် သူ့ခေါင်းပေါ် ဆောင်းပေးလိုက်ရာ ချန်းချန်းသည် အမှန်တကယ် ချစ်မြတ်နိုးဖွယ်ကောင်းပြီး စတိုင်ကျသွားတော့၏။

“ချန်းချန်း စွမ်းအားနယ်မြေအကြောင်း ဘယ်သူ့ကိုမှ ပြောလို့မရဘူးနော် ဟုတ်ပြီလား”

ယွင်ချဲ့က ဆောင့်ကြောင့်ထိုင်ချလျှက် သူတို့အပြင်မထွက်ခင် ချန်းချန်းကို မှာလိုက်သည်။ သူ့မိသားစုဝင်များကို ဆက်လက် မဖုံးကွယ်ရန် တွေးထားရုံသာမက သူတို့အားလုံးကို ကျောက်စိမ်းစမ်းရေထဲ၌ ရေစိမ်ခိုင်းရန်တောင် ပြင်ဆင်ထားပြီး လူသားများ ဝင်လာနိုင်ချိန်၌ သူတို့အတွက် အိမ်တစ်လုံး ဆောက်ပေးဖို့ ပြင်ဆင်ထား၏။ သို့သော် အပြင်လူများကိုမူ တစ်ထပ်ထဲ မပြောနိုင်ပေ။ ချောင်ရန်းအတွင်း ချူးဟောက်လင်းနှင့် အဖွဲ့အပြင် သူတစ်ရာ ရာခိုင်နှုန်း ယုံကြည်ရသည့်လူ မရှိပေ။

“ဟုတ်”

ချန်းချန်းသည် ဘာမှမမေးဘဲ လိမ်လိမ်မာမာ ခေါင်းညိမ့်လိုက်၏။ ယွင်ချဲ့က ထိုသို့ပြောပြီးနောက် သူ့ကို စွမ်းအားနယ်မြေထဲကနေ ခေါ်သွားပေးတော့သည်။

“ဝိုး လှလိုက်တာ ဒါဦးဦးလုပ်ပေးထားတာလား”

လှေကားကနေ ဆင်းလျှင်ဆင်းခြင်း ခန်းမထဲရှိ အလှပြင်ဆင်ထားမှုကြောင့် ဖမ်းစားခံလိုက်ရသော ချန်းချန်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားလျှက် ပျော်ရွှင်စွာ ထုတ်ဖော်ပြောလိုက်မိ၏။ ကလေးများ အားလုံးက ရောင်စုံပစ္စည်းများကို နှစ်သက်သည်။

“မဟုတ်ဘူး ဦးဦးချန်းနဲ့ ဦးဦးယဲ့က ကျန်တဲ့သူတွေနဲ့အတူ သားရဲ့မွေးနေ့ပွဲ ကျင်းပဖို့ အလှဆင်ပေးထားတာ”

ကံကောင်းသည်မှာ အများစုက လူငယ်များ ဖြစ်နေသေးပြီး ကလေးများကြိုက်တာကို ကြိုက်နေသေး၏။ မဟုတ်လျှင် ဤနည်းအတိုင်း အလှဆင်ဖို့ မဖြစ်နိုင်ပေ။

“အံ့သြဖို့ကောင်းလိုက်တာ”

ချန်းချန်းသည် တန်းပေါ်လက်တင်ထားလျှက် လှေကားပေါ်ကနေ ပျော်ရွှင်စွာ ဆင်းပြေးလိုက်၏။ ယဲ့ရှင်းချန်းနှင့် ကျန်သည့်သူများက သူဆင်းလာသံကို ကြားပြီးနောက် ရောက်လာ၏။ ယွင်ချန်းသည် သူ့ကိုပွေ့ရန် ပထမဆုံး ပြေးလာသူဖြစ်သည်။

“ကြည့်အုံးချန်းချန်း ဦးဦးက ဒီဘောလုံးတွေကို လုပ်ထားပေးတာ။ ရှင်းချန်းက ဖဲကြိုးဘယ်လို ချည်ရမလဲဆိုတာ သင်ပေးထားတယ်။ သဘောကျလား”

“ဟုတ် ကျေးဇူးတင်ပါတယ် ဦးဦးချန်း ဦးဦးက သားအနှစ်သက်ဆုံးပဲ”

ကောင်ပေါက်လေးက ပျော်ရွှင်နေသောကြောင့် ယွင်ချန်းကိုဖက်ကာ နမ်းလိုက်ပြီး ပျော်ရွှင်စွာ ပြုံးနေလေ၏။ သူပြောတာကိုကြားပြီး ယွင်ချန်းကလည်း တောက်ပစွာပြုံးနေ၏။ သူ၏တူလေးအတိုင်းပင် သူသည်လည်း အပြစ်ကင်းလှသည်။ သူတို့ဘေး၌ ပြုံးနေသော ယွင်ချဲ့ကို တစ်ချက်ကြည့်ပြီးနောက် ယွင်ချဲ့ သူနှင့်ယွင်ချန်းက တစ်ထပ်ထဲ တူနေချိန်၌ ယွင်ချဲ့၏ အပြုံးကမူ လှောင်ပြောင်မှုများ ပြည့်နေပုံ ပေါ်ရသည့် အကြောင်းအရင်းကို စိတ်ထဲအံ့သြနေကြ၏။

“ပျော်ရွှင်ဖွယ်မွေးနေ့ပါချန်းချန်း”

ယဲ့ရှင်းချန်းက သူ၏ဦးထုတ်လေးကိုချွတ်ပြီး သူတို့ပြုလုပ်ပေးထားသည့် ရွှေရောင်မွေးနေ့ သရဖူလေးကို ဆောင်းပေးလျှက် ကောင်ငယ်လေးက ချက်ချင်းပင် မင်းသားလေးအဖြစ် ပြောင်းလဲသွားတော့၏။

“ကျေးဇူးပါဦးဦးယဲ့”

ချန်းချန်းကသူ့ကိုနမ်းရန် ပျော်ရွှင်စွာ သွားလိုက်၏။ လူတိုင်းက တညီတညွှတ်ထဲ ပြောလိုက်သည်။

“ပျော်ရွှင်ဖွယ်မွေးနေ့ပါချန်းချန်း”

ယခု ချန်းချန်းက အခက်တွေ့သွားပြီဖြစ်သည်။ လူများလွန်းသောကြောင့် လူတိုင်းကို မနမ်းနိုင်ပေ။

“ဟုတ်ပြီ စားကြရအောင် ပြီးရင် ကိတ်ခွဲအုံး”

ယွင်ချဲ့ကပြုံးလျှက် သူ့တူလေးက သူ့ကို အကူအညီ လှည့်တောင်းတာကို မြင်ချိန်၌ ခေါင်းခါလိုက်မိသည်။ ဒီတော့မှ လူတိုင်းသည် အဖြစ်အပျက်ကို သဘောပေါက်သွားပြီး အူလှိုက်သည်းလှိုက် ရယ်မောကြတော့၏။

“မင်းတို့ကောင်တွေ ဘာလုပ်နေတာလဲ လာလေ လာကူကြ။ ညစာအသင့်ဖြစ်ပြီ”

လူတိုင်းသည် ယွင်ယောင်၏အသံကို ကြားပြီးနောက် ထမင်းစားခန်းထဲသို့ ပြေးဝင်လာကြသည်။ နောက်ကနေ လျှောက်လာသည့် ယွင်ချဲ့သည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိပြီးနောက် အနီရောင် သစ်သီးတစ်လုံးကို ရုတ်တရက် ထုတ်ပြီးနောက် ယွင်ချဲ့အောက် ပေးလိုက်၏။

“စားလို့ရလားကြီးကြီ”

သူ့ညီလေးသည် သလင်းအမြူတေနှင့် သစ်ပင်နှလုံးသားကိုသာ စားနိုင်သည်။ ထိုအချက်ကို ယွင်ချဲ့က စိတ်ထဲအမြဲတမ်း ထားထားတာပဲဖြစ်သည်။ ထမင်းစားချိန်၌ သူ့ညီလေးသည် ဧည့်ခန်းထဲ၌ တစ်ယောက်ထဲ ဂိမ်းဆော့လျှင်ဆော့ မဟုတ်လျှင် သလင်းအမြူတေများ စားနေတတ်၏။ သူ၏ညီလေးသည် သစ်သီးထဲ၌ စွမ်းအင်များ ပါဝင်သောကြောင့် သစ်သီးကို သူ့ညီလေး စားနိုင်လောက်မည်ဟု ထင်ခဲ့တာဖြစ်၏။ အကယ်၍ စားနိုင်မည်ဆိုပါက စွမ်းအားနယ်မြေထဲသို့ ထွက်သွားပြီး မတူညီသည့် သစ်သီးများ သွားရှာမှာပဲဖြစ်သည်။

“ယွင်ချဲ့”

“အနံ့ကကောင်းလိုက်တာ”

လန်ယဲ့ဟန်က မျက်မှောင်ကျုံ့ပြီး သူ့ကိုတားတော့မည့် အချိန်၌ ယွင်ချန်းက ထုတ်ဖော်ပြောလိုက်သည်။ အဆင့်မြင့် သလင်းအမြူတေနှင့် သစ်ပင်နှလုံးသားကို စားနေချိန်မှသာ ယွင်ချန်းထိုကဲ့သို့ ပြုမူမှန်း သူတို့အားလုံး သိကြသည်။

“ဦးဦးချန်း ဒီသစ်သီးက အရသာရှိတယ်။ မနက်တုန်းက သားအများကြီး စားခဲ့တာ”

ယွင်ချန်းပွေ့ချီတာ ခံထားရသော ဝဝဖိုင့်ဖိုင့် ချန်းချန်းသည် သစ်သီးစားရန် ထောက်ခံချက်ပေးလိုက်၏။ ယွင်ချန်းက ပါးစပ်ဟလျှက် သစ်သီးတစ်ကိုက် ကိုက်လိုက်သည်။ အနီရောင်အရည်က သူ၏နှုတ်ခမ်းကို ပိုတောင်နီဆွေးသွားစေသည်။ နှုတ်ခမ်းထောင့်မှ အရည်များသည် သွေးနှင့်တူ၏။ သူက စားလိုက်ရုံသာမက တစ်ဖဲ့ဝါးပြီးနောက် မြိုချလိုက်သည်။

“အရသာရှိတယ် ကျွန်တော် ပိုလိုချင်တယ်အစ်ကို”

ယွင်ချန်းသည် သလင်းအမြူတေနှင့် သစ်ပင်နှလုံးသားထက် ပိုအရသာရှိသည့် တစ်စုံတစ်ခုကို ပထမဆုံးအကြိမ် မြည်းစမ်းကြည့်ပြီးနောက် ကလေးတစ်ယောက်ပမာ ပြုံးနေတော့သည်။ ယွင်ချဲ့က သူ့ရင်ထဲ တင်းကြပ်လာပြီး မျက်လုံးများအနည်းငယ် ပူလောင်လာတာကို ခံစားမိသည်။ သူသည် သစ်သီးပါသော အိတ်ကို အမြန်ထုတ်ယူလိုက်၏။

“မင်းဒါတွေအားလုံး စားလို့ရတယ်။ အားလုံးကုန်သွားရင် ထပ်သွားခူးပေးမယ်”

“ဟုတ်”

ယွင်ချန်းက အိတ်ကိုယူပြီးနောက် ပျော်ရွှင်စွာ ခေါင်းညိမ့်လိုက်၏။ လန်ယဲ့ဟန်ကလည်း အနည်းငယ် စိတ်ထိခိုက်သွားသည်။ ယခုချန်းက သစ်သီးစားနိုင်ပြီဖြစ်၏။ ဆိုလိုသည်က သူသည် ပိုပြီးပုံမှန် ဖြစ်လာသည် မဟုတ်ပါလော။

“ကောင်းပြီ အားလုံးနေ့လည်စာစားဖို့ သွားကြရအောင်”

ချန်းချန်းကို ပွေ့ချီပြီးနောက် ယွင်ချဲ့က စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ ထွက်သွားလျှက် ဟေးယွီကို ညင်သာစွာ ရုတ်တရက် မေးလိုက်တော့သည်။

“စွမ်းအားနယ်မြေထဲမှာ ပေါက်တဲ့အရာ အားလုံးက စွမ်းအင်တွေ ပါဝင်တယ်လို့ တွေးမိလား။ ဒါဆို ချန်းက လတ်လတ်ဆတ်ဆတ် ငါးတွေနဲ့ တောရိုင်းတိရိစာ္ဆန်တွေကို စားနိုင်ပြီမလား”

သူတို့သည် ယခင်က ထိုအကြောင်းကို မတွေးမိခဲ့ပေ။ အကြောင်းမှာ ဖြစ်နိုင်ချေကို အလိုလို ငြင်းပယ်ခဲ့မိသောကြောင့်ဖြစ်သည်။ ယခု ယွင်ချန်းသည် အနီရောင်သစ်သီးကို စားနိုင်ပြီဟု အတည်ပြုခဲ့ပြီးဖြစ်သည်။ ထိုသို့ဆိုလျှင် ကျန်သည့်ပစ္စည်းများက မည်သို့ဖြစ်မည်နည်း။ သို့တည်းမဟုတ် သူသည် စွမ်းအင်ပမာဏ မြင့်မားစွာ ပါဝင်သည့် အရာများကိုသာ စားနိုင်သည်လော။

“အင်း နည်းဥပဒေသအရတော့ နယ်မြေစွမ်းအားထဲမှာရှိတဲ့ အပင်တွေနဲ့ တိရိစာ္ဆန်တွေအားလုံး စွမ်းအင်ပါဝင်တယ်။ ဒါဆိုရင် မင်းစိုက်ပျိုးတဲ့ ဆန်စပါးနဲ့ ဟင်းသီးဟင်းရွက်တွေက ပိုတောင် အရသာရှိနေမှာ မဟုတ်ဘူးလား”

ဟေးယွီသည် ထိုကဲ့သို့ အရာမျိုးကို တစ်ခါမှ မကြုံတွေ့ဖူးသောကြောင့် သူလည်း မသေချာ ဖြစ်နေလေ၏။ သို့သော် ယခုအခြေအနေအရ ယွင်ချန်းသည် သူတို့ကို စားနိုင်လောက်သည်။

“အင်း ပြီးမှကြိုးစားကြည့်တာပေါ့။ ချန်းက အဲ့ဒါတွေကို စားနိုင်မယ်ဆိုရင် ငါတို့စားနေတာကို သူထိုင်ကြည့်နေဖို့ မလိုတော့ဘူး”

ယွင်ချဲ့သည် ထိုဖြစ်နိုင်ချေကို တွေးမိချိန်၌ သူ၏မျက်နှာထက်၌ တောက်ပသည့် အပြုံးတစ်ပွင့် ရုတ်တရက် ပေါ်လာသည်။ စွမ်းအားနယ်မြေထဲ၌ ငါးမျိုးစုံ ပုဇွန်များ၊ ဂဏန်းများနှင့် တောရိုင်းတိရိစာ္ဆန်မျိုးစုံရှိပြီး သူတို့ကို စားရခြင်းက တချိန်လုံး သလင်းအမြူတေများနှင့် သစ်ပင်နှလုံးသားတို့ထက် ပိုကောင်းမှာ သေချာသည်။

“မင်းကချန်းကို စမ်းသပ်ခံအကောင်လိုမျိုး ဆက်ဆံနေတာပဲ။ မင်းလိုအစ်ကိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး”

ပုခုံးပေါ်တွင်လှဲနေသော ဟေးယွီက သူ့ကို ထပ်ပြောဆိုပြန်၏။ သို့သော် ယွင်ချဲ့က စိတ်ကောင်းဝင်နေသောကြောင့် သူ့ကို စိတ်ထဲမထားတော့ပေ။ ချန်းချန်းက ပါးစပ်အုပ်လျှက် ရယ်မောလိုက်စဉ် ရှင်းဖုန်းနှင့် ကုမင်ရွှမ်က ဝင်လာတော့၏။ သူတို့အပြုံးများကိုမြင်ပြီး သူတို့က သိချင်စိတ်ဖြင့် မေးလိုက်သည်။

“တစ်ခုခုကောင်းတာ ဖြစ်သွားလို့လား”

ရှင်းဖုန်းသည် ယွင်ချဲ့ပေါ်ကနေ ချန်းချန်းကို သက်တောင့်သက်သာ ယူလိုက်ပြီးနောက် ပွေ့ထားလိုက်၏။

“ဟုတ်တယ် အံ့သြဖို့ကောင်းတာ တစ်ခုပေါ့။ ပြီးရင် ခင်ဗျားတွေ့လိမ့်မယ်”

ယွင်ချဲ့က ပျော်ရွှင်စွာ ပြုံးနေပြီး ရှင်းဖုန်း၏လက်မောင်းကို ဆုပ်ကိုင်ထားလေရာ တစ်ဖက်သူကို မျက်ခုံးပင့်သွားစေတော့သည်။

“မင်းက ဆန်းကြယ်သလိုတောင် ပြုမူနေတယ်”

ယင်းက အမှန်တကယ် အံ့သြဖို့ကောင်းသည့်ကိစ္စ ဖြစ်ရမည်ဆိုတာ တွေးသောကြောင့် ရှင်းဖုန်းသည် ချန်းချန်းကို ငုံ့ကြည့်ပြီးနောက် ယွင်ချန်းကို ကြည့်လိုက်ရာ တစ်ဖက်သူသည် ပါးစပ်ထဲ အနီရောင် သစ်သီးတစ်လုံး ပစ်သွင်းနေတာကို မြင်လိုက်ရချိန်၌ သူထိတ်လန့်သွား၏။ ယွင်ချန်းက သစ်သီးတွေ စားနိုင်တာလား။

“ဒီတော့ အံ့အားသင့်စရာဆိုတာ ဒါပေါ့”

သူမြင်ပြီးသွားပြီမှန်း သိသောအခါ ယွင်ချဲ့ကလည်း လှည့်ကြည့်ပြီး ယွင်ချန်းကို ကြည့်လိုက်၏။ သူ့ညီလေးနှင့် သက်ဆိုင်သမျှ ကိစ္စအားလုံးက အရေးပါသည်။

“ဟုတ်တယ်”

ရှင်းဖုန်းက သူ့ကိုယ်သူ တည်ဆောက်ပြီး ခေါင်းညိမ့်လိုက်၏။ ယွင်ချန်းသည် ကျန်သည့်အရာများကို တဖြည်းဖြည်းချင်း စားနိုင်လျှင် အမှန်တကယ် အံ့သြဖွယ်ကောင်းသည့် ကိစ္စပဲဖြစ်သည်။ ယင်းက ကုမင်ရွှမ်ကိုလည်း ထပ်တူထိတ်လန့်သွားစေ၏။ သူကလည်း ခေါင်းညိမ့်လိုက်တော့သည်။ သီးသန့်သုတေသန သင်တန်းကျောင်းတစ်ခု တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်ကို သူ့အပြင် ကျန်သည့်သူများ ပိုမသိနိုင်ပေ။ ယွင်ချန်းက ပုံမှန်ပိုဖြစ်လေလေ သူတို့ရင်ဆိုင်ရသည့် ဖိအားက ပိုနည်းလေလေဖြစ်၏။ ထိုကဲ့သို့ ပုံမှန်သည် ပျမ်းပျနှင့်ယဉ်လျှင် မသိသာမထင်ရှားသည့် ကိစ္စဖြစ်လျှင် သူတို့ရင်ဆိုင်ရသည့် ဖိအားက လျော့နည်းသွားလိမ့်မည်။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset