YMR- အခန်း ၁၈၆

အခန်း(၁၈၆)

ကြင်နာသောဝေ့ခမ်း

ကျန်သည်သူများ သူ့ကိုတွေးနေပုံကို အရေးမစိုက်ဘဲ ယွင်ချဲ့သည် ရှင်းဖုန်းဆီသို့ အေးအေးလူလူ လျှောက်သွားလျှက် ထိုင်ချကာ တစ်ဖက်လူသည် သူ၏နှုတ်ခမ်းမှ စီးကရက်ကို ယူလိုက်လေ၏။ လူတိုင်းက ရှင်းဖုန်းသည် ယွင်ချဲ့အတွက် ဆေးလိပ်ကို ယူထားပေးတာဟု တွေးလိုက်ချိန်၌ ရှင်းဖုန်းသည် ယွင်ချဲ့ကို ပြာချွေပေးပြီးနောက် ယွင်ချဲ့၏ ပါးစပ်ထဲ စီးကရက် ပြန်ထည့်ပေးလိုက်သည်။ ကုမင်ရွှမ်မှအပ လူတိုင်းက သူတို့ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေ၏။ ဒါကတကယ်ကြီး သူတို့သိတဲ့ ရှင်းဖုန်းလား။ တစ်ယောက်ယောက်က သူ့အနေနဲ့ ရုပ်ဖျက်ထားတာများလား။

“ချန်းချန်း ဘယ်မှာလဲ”

ရှင်းဖုန်းက သူတို့ကို မရှိသလို သဘောထားပြီး သူတို့ကို စိတ်ထဲထားမနေပေ။ ယွင်ချဲ့က စီးကရက်ကို ယူပြီးနောက် လက်နှစ်ချောင်းကြား ညှပ်ထားကာ ပြုံးဖြီးပြီး ပြောလိုက်တော့၏။

“သူဟေးယွီနဲ့ ဆော့နေတယ်။ ကျွန်တော် သူတို့ကို ပြီးမှသွားခေါ်လိုက်မယ်”

“ဟုတ်ပြီလေ”

ရှင်းဖုန်းသည် သူပြောတာကြားပြီးနောက် ခေါင်းညိမ့်လိုက်သည်။ နောက်ဆုံးတော့ ယွင်ချဲ့အကြောင်း မူမမှန်တာ တစ်ခုမှ မမြင်ရတော့သည့် အချိန်၌ စိတ်အေးသွားတော့သည်။

“ခုနတုန်းက ခင်ဗျားတို့ပြောတာ ကြားမိတယ်။ ခေါင်းဆောင်ယွင် ခင်ဗျားတို့အဖွဲ့က ဒီနေ့ နားရက်ယူထားတာ မဟုတ်ဘူးလား”

သူတို့က လျစ်လျူရှု့လေလေ လင်းရှန်းကပိုပြီး ဆင်ခြင်တုံတရား ကင်းမဲ့လေဖြစ်ကာ ဝေ့ခမ်း၏ သတိပေးချက်ကို နားမကြားသူပမာ ပြုမူနေလေ၏။

သူပြောလိုက်ချိန်တွင် ဝေ့ခမ်းသာမက ဝေ့စစ်တပ်ရှိ ကျန်သည့်အဖွဲ့ဝင်များကလည်း မျက်မှောင်ကျုံ့ကုန်၏။ ဒီနေ့လင်းရှန်း ဘာဖြစ်နေတာလဲ။ သူစိတ်လွတ်သွားတာလား။ သူဘာကြောင့် ဒါမျိုးပြုမူနေတာလဲ။

“လင်းရှန်း ကျုပ်တို့တွေက အသိအကျွမ်းတွေထက် ပိုတယ်ဆိုပေမဲ့ ကိုယ်ရေးကိုယ်တာအကြောင်း တိုက်ရိုက် မေးလွန်းရာ ရောက်မနေဘူးလား။ ခင်ဗျားကို ဘယ်လိုဖြေပေးရမှာလဲ”

ယွင်ချဲ့က လက်ချောင်းကြား လောင်နေသော စီးကရက်ကို ကိုင်ထားလျှက် ရှင်းဖုန်း၏ တည်တင်းနေသော မျက်နှာကို တိတ်တဆိတ် ဆွဲယူလိုက်၏။ သူဆိုလိုတာက အလွန်သိသာသည်။ ငါဘယ်သွားခဲ့လဲဆိုတာ မင်းနဲ့မဆိုင်ဘူး။

“ကျုပ်တို့တွေက ခေါင်းဆောင်ယွင်ကို ဒီမှာနှစ်နာရီကျော် စောင့်ခဲ့ရတာ”

လင်းရှန်းကသူ့ကို အေးတိအေးစက် စူးစိုက်ကြည့်လျှက် သူ၏ဆင်ခြင်တုံတရား ဆုံးရှုံးသွားပြီဖြစ်သည်။ ယခုအချိန်၌ ဝေ့ခန်းတောင်သူ့ကို မကယ်နိုင်တော့ပေ။ ဝေ့စစ်တပ်မှ လူများက သူ့ကို မကျေမချမ်း အမူအရာဖြင့် ကြည့်နေကြ၏။ သူတို့သည် စစ်သားများအနေဖြင့် စွမ်းအားရှင် အဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်ကို မျက်နှာချိုသွေးရန် မလိုအပ်ပေ။ သို့သော်ငြား သူတို့ယနေ့၌ အကူအညီတောင်းရန် ဤနေရာသို့ ရောက်လာတာဖြစ်၏။ ယခုက အနည်းငယ် ရန်လိုလွန်းနေသည်။

“ဗိုလ်ချုပ်လင်း ခင်ဗျားကျုပ်ကို ရယ်အောင်လုပ်နေတာလား။ ခင်ဗျားကို စောင့်ခိုင်းထားလို့လား။ ဒါမှမဟုတ် ခင်ဗျားနဲ့ကျုပ် ချိန်းဆိုချက်ယူထားပြီး ခင်ဗျားကို တမင်တကာ စောင့်ခိုင်းထားတာလား”

ယွင်ချဲ့သည် မေးခွန်းသုံးခွန်း ဆက်တိုက်မေးပြီးနောက် ထပ်ပြုံးလိုက်ကာ လင်းရှန်းကို စွံ့အသွားစေ၏။ ထိုလူ၏ မျက်လုံးထဲ၌ အမုန်းတရားများ ပေါ်လာတော့သည်။ သူသည် ကိစ္စရပ်များ ပိုမဆိုးခင် တစ်စုံတစ်ခု ပြုလုပ်ရတော့မည်မှန်း မြင်သည်။ ဝေ့ခမ်းက အနေခက်သော အပြုံးဖြင့် ပြောလိုက်၏။

“ခေါင်းဆောင်ယွင်ပြောတာ မှန်တယ်။ ကျုပ်တို့တွေ အစောထဲက ပြောခဲ့သင့်တာ။ ဒီနေ့ မင်းတို့အဖွဲ့ နားတယ်ဆိုတာ အစောကတည်းက ကြားမိတယ်။ အထူးတလည် ပွဲရှိလို့လား”

တစ်ချိန်ထဲတွင် လင်းရှန်း၏ ဘယ်နှင့်ညာတွင် ထိုင်နေသည့် လူများကလည်း သူ့ကိုဟန့်တားရန် အခွင့်အရေး ယူလိုက်၏။ မဟုတ်လျှင် သူ့ကို ဆက်ပြောခွင့် ပေးထားပါက အချည်းနှီးဖြစ်သွားလိမ့်မည်။

“အင်း ဒီနေ့က ကျုပ်တူလေးရဲ့ မွေးနေ့လေ။ မဟုတ်ရင် အိမ်မှာအနားယူနေမဲ့အစား ရိက္ခာတွေ ထွက်စုဆောင်းနေမှာပေါ့။ လူတိုင်းက ရိက္ခာပြတ်လပ်နေတာ။ ကျုပ်တို့တွေက ရိက္ခာပြတ်လပ်မှုမရှိတဲ့ ခင်ဗျားတို့ စစ်သားတွေလို ကံမကောင်းဘူးလေ။ စစ်သားလေးတစ်ယောက်က အခြေစိုက် စခန်းထဲမှာ တာဝန်ယူထားရတာလေ။ ကျုပ်က ခင်ဗျားတို့ ဗိုလ်ချုပ်တွေကို တွေ့ချိန်တိုင်း တုန်ယင်နေတာပေါ့”

ယွင်ချဲ့က လင်းချန်းကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်ပြီးနောက် အကြည့်လွှဲကာ ပြုံးပြီးပြောလိုက်၏။ သို့သော် သူ၏စကားများသည် ဝေ့စစ်တပ်မှ လူများကို လှောင်ပြောင်နေသံနှင့် ဆင်သည်။ မပြုံးနိုင်လုနီးပါး ဖြစ်သွားသော ဝေ့ခမ်းက အတော်ကြာပြီးနောက် အားတင်းပြုံးလိုက်၏။

“ခင်ဗျားက အလွန်အကျူး ချဲ့ကားပြောနေတာပဲ။ ခေါင်းဆောင်ယွင် ဒီလိုအရေးကြီးတဲ့ပွဲကို ကျုပ်တို့ဆီ အကြောင်းကြားလို့ရတာပဲ။ ဒါမှ လက်ဆောင်ပြင်လာနိုင်မှာပေါ့”

ဦးစီးဦးဆောင်ပြုနိုင်သော ဗိုလ်ချုပ်တစ်ယောက်က တကယ် ကွဲပြား၏။ သူသည် ပင်ကိုယ်အရှင်လတ်လတ် အရေခွံစုတ်ချင်လျှင်တောင် သိပ်ကိုမှန်ကန်ဖြောင့်မတ်ပုံဖြင့် ပြောနိုင်သေး၏။

“ဪ ဒါက ကလေးတစ်ယောက်ရဲ့ မွေးနေ့ပါပဲ။ ဒါပေမဲ့ ဒီနေ့ ခင်ဗျားတို့တွေ လူတွေအများကြီး ခေါ်လာတာ။ ဝေ့ခမ်း ကျုပ်တို့ကို သုတေသန သင်တန်းကျောင်း ဖွင့်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပြီလား”

ယွင်ချဲ့က အပြစ်ကင်းစွာပြုံးလျှက် ချက်ချင်းပင် သုတေသန သင်တန်းကျောင်းဆီသို့ အကြောင်းအရာ ပြောင်းလိုက်သည်။ သူတို့ထင်သည့်အတိုင်းပင် ဝေ့နှင့် ဝမ်စစ်တပ်သည် မော့ဝမ်ရန်က စွမ်းအားရှင် အဖွဲ့အစည်း၏ ထိန်းချုပ်မှုကို ရရှိသွားပြီးနောက် သုတေသန သင်တန်းကျောင်းကိစ္စကို တင်းကြပ်စွာ ချုပ်ကိုင်ထား၏။ ရှင်းဖုန်းသည် ထိုအတွက် လဝက်ကျော် အလုပ်လုပ်ခဲ့ရပြီး သူတို့က ယနေ့ သူတို့တံခါးဝသို့ လာခေါက်တာပဲဖြစ်သည်။ ယင်းက အလွန်ကြင်နာသော ဝေ့ခမ်းပဲဖြစ်သည်။

ကျန်သည့်သူများကို သူအကြောင်းအရာ ပြောင်းပြောနေတာဟု တွေးမိလောက်သော်ငြား ရှင်းဖုန်းကမူ သူ၏အကွက်များကို လျှင်မြန်စွာ သိရန်လုံလောက်သည်။ သူက ယွင်ချဲ့ကို ပိုတောင် ချစ်မြတ်နိုးသည့် အကြည့်များဖြင့် ကြည့်လိုက်၏။ ရှင်းဖုန်းသည် သူ၏ ဦးနှောက်ပေါက်ထွက်အောင် နည်းလမ်းများ စဉ်းစားခဲ့ပြီး ယင်းက နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။ ဝေ့စစ်တပ်က နောက်ဆုတ်သွားသ၍ သူတို့က ဝမ်စစ်တပ်၏ အမြင်ကို လျစ်လျူရှု့ထားနိုင်သည်။

“ခေါင်းဆောင်ယွင် လိုရင်းကိုပဲ တန်းသွားကြရအောင်။ ဒီနေ့ ကျုပ်တို့လာတဲ့ ရည်ရွယ်ချက်ကို ခင်ဗျား သိသင့်တယ်။ ရိက္ခာနှစ်သုတ်ကို ခင်ဗျားပြန်မပေးခင် ကျုပ်တို့ ဘာလုပ်ရမလဲဆိုတာပဲပြော”

စဉ်းစားပြီးနောက် ယွင်ချဲ့ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် ဝေ့ခမ်းသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။ သူတို့သာ ရိက္ခာနှစ်သုတ် ပြန်ရနိုင်မည်ဆိုလျှင် သူက နောင်တွင် အရေးကြီးလာနိုင်ပြီး တန်ဖိုးဖြတ်မရပုံပေါ်သည့် သုတေသန သင်တန်းကျောင်း၏ ပိုင်ဆိုင်ခွင့်ကို သူ့ကိုပေးရမည် ဆိုလျှင်တောင် လက်ခံနိုင်၏။ ထို့အပြင် ယွင်ချဲ့သည် ယခုအခေါက် ရိက္ခာများကို ဖြတ်ယူကြောင်း ဝန်ခံခဲ့လျှင် သူသည် တူညီသည့် ကိစ္စရပ်များ နောင်တွင် ထပ်ဖြစ်လာခဲ့ပါက ထိပ်ဦးအဖွဲ့ကို ဖြေရှင်းဖို့ ကျန်သည့်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်၏။ ယခုအခေါက်တွင် ထိုအချိန်ရောက်လျှင် သူက ချောင်ရန်းနှင့် ထိပ်ဦးအဖွဲ့၏ ဂုဏ်သတင်းကို ဖျက်ဆီးနိုင်မှာပဲဖြစ်သည်။

ယင်းက ဝေ့ခမ်း၏စိတ်ထဲ ဉာဏ်ရှိသည့်လုပ်ရပ်ဖြစ်သည်။ ယွင်ချဲ့က ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် မျက်ခုံးပင့်ကာ မေးလိုက်တော့သည်။

“ဘာရိက္ခာတွေလဲ။ ခင်ဗျားပြောတာ သဘောမပေါက်ဘူး ဝေ့ခမ်း”

ယွင်ချဲ့က မတုံးအပေ။ သူသည် သုတေသန သင်တန်းကျောင်းအတွက် အလဲအလှယ်အနေဖြင့် ၎င်းတို့ကို အသုံးပြုချင်ပင်လျှင် စစ်တပ်၏ ရိက္ခာများကို ဖြတ်ယူကြောင်း သူဝန်ခံမှာမဟုတ်ပေ။ လင်းရှန်းရဲ့ မျက်လုံးထဲမှာ မောက်မာထောင်လွှားမှုနဲ့ အညှာအတာကင်းမှု တစ်စွန်းတစ်စကို မြင်ပြီးတဲ့နောက် သူတို့တွေက သူ့အတွက် ထောင်ချောက်ဆင်ထားတယ်ဆိုတာ သူမသိဘူးလို့ ထင်နေတာလား။

“ခေါင်းဆောင်ယွင်”

ဝေ့ခမ်းသည် သူ၎င်းကို ငြင်းမည်ဟု တွေးထင်ထားပြီးသားဖြစ်သော်ငြား ယွင်ချဲ့ပြောတာကို ကြားလိုက်ရချိန်၌ စိတ်ပျက်သွားသေး၏။ သူက တစ်ရာ ရာခိုင်နှုန်း မသေချာလျှင် ဤနေရာသို့ ကိုယ်တိုင်ရောက်လာမှာ မဟုတ်ပေ။ သူတို့က သက်သေမရှိရုံသာဖြစ်သည်။ မဟုတ်လျှင် ဤနေရာ၌ အချ်ိန်လာဖြုန်းနေမှာမဟုတ်။

“ကောင်းပြီ ခေါင်းဆောင်ယွင် ကျုပ်တို့စစ်တပ်က ဇွန်လမှာတုန်းက ရိက္ခာတွေကို စုဆောင်းတဲ့ စစ်ဆင်ရေး နှစ်ခုရှိတယ်။ တစ်ခေါက်က တုံးဝမ်ဆိပ်ခံတံတားနဲ့ နောက်တစ်ခေါက်က လုံခွင်းဆားတွင်းပဲ။ ဒါပေမဲ့ နှစ်ခေါက်လုံး ကျုပ်တို့လူတွေက ပစ္စည်းတွေကို ဒရုန်းကနေ ရှာတွေ့ပြီး ပစ္စည်းတွေယူဖို့ ကျုပ်တို့လူတွေ မရောက်လာခင်မှာပဲ ပစ္စည်းအရွှေ့ခံလိုက်ရတယ်။ ကျုပ်တို့ စစ်ဆေးမှုအရ ခင်ဗျားကလည်း နှစ်ခေါက်လုံး အိမ်မှာအနားယူနေခဲ့တာ။ ဒီတော့ ကျုပ်တို့အတွက် ကိစ္စတွေကို ကျေးဇူးပြုပြီး ခက်ခဲအောင် မလုပ်ပါနဲ့ ခေါင်းဆောင်ယွင်။ ရိက္ခာက အခြေစိုက် စခန်းအတွက် အလွန်အရေးကြီးတယ်။ ကျေးဇူးပြုပြီး ပြန်ပေးပါ”

ဝေ့ခမ်းသည် သူမတင်းထားနိုင်တော့မှာကို စိုးရိမ်သည့်ပမာ သူ့ဘေးရှိ လက်ထောက်က ယွင်ချဲ့ကို အမြန်ဝင်ပြောလိုက်၏။ ယွင်ချဲ့မှအပ သူတို့လူများ မရောက်ခင် အခြေစိုက်စခန်းထဲ၌ သူတို့မသိလိုက်ဘဲ သူတို့ရိက္ခာများကို ယူနိုင်သည့်လူက မရှိပေ။

“ဒီတော့ အဲ့ဒီနှစ်ခေါက်ရဲ့ ရိက္ခာတွေကို ယူသွားတဲ့လူက ကျုပ်လို့ပြောနေတာလား”

ယွင်ချဲ့သည် မျက်လုံးများ မှေးကျဉ်းသွားလျှက် မျက်နှာထက်ရှိ အပြုံးက ပျောက်ကွယ်သွားသည်။ သူက ဤကိစ္စနှင့် ဘာမှမဆိုင်ပုံပေါ်နေ၏။ ဝေ့စစ်တပ်မှ လူများသည် သူ့ကိုမည်သို့ တုန့်ပြန်ရမည်မှန်း မသိတော့ပေ။ သူက လက်သည်တရားခံဆိုတာ အကြွင်းမဲ့ သေချာနေသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူတို့ယွင်ချဲ့ကို ယုံကြည်လောက်၏။

“မင်းအပြင် ဘယ်သူက ဖြစ်နိုင်မှာလဲ။ ယွင်ချဲ့ ဒါတွေက စစ်တပ်ရိက္ခာတွေ။ စစ်တပ်ရိက္ခာကို ခိုးယူတဲ့ နောက်ဆက်တွဲကို မင်းသိလား။ ငါတို့မင်းကို ပစ်ပိုင်ခွင့်ရှိတယ်”

သူ့ကိုဆွဲထားသည့် လူနှစ်ယောက်ကို တွန်းဖယ်ပြီးနောက် လင်းရှန်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာ သတ်ဖြတ်လိုသော အကြည့်များဖြင့် စိမ်းစိမ်းဝါးဝါး ကြည့်လိုက်လေ၏။

“လင်းရှန်း ဒီကနေထွက်သွား”

ဖြောင်း ဖြောင်း ဖြောင်း

ဝေ့ခမ်းသည် ဒေါသကြောင့် တုန်ယင်နေ၏။ သို့သော် ယွင်ချဲ့က လက်ခုပ်တီးကာ ရှုံ့ချပြောဆိုလိုက်တော့၏။

“အံ့သြစရာပဲ တကယ်ပဲ ဗိုလ်ချုပ်လင်းဆိုတဲ့ လေသံပဲ။ ဒါပေမဲ့ ဒီလိုဆိုရင်တောင် ခင်ဗျားတို့ပြောတဲ့ အရာအတွက် သက်သေရှိရမယ်လေ။ ခင်ဗျားတို့ရဲ့ ရိက္ခာတွေကို ကျုပ်တို့ယူသွားတယ်ဆိုမှတော့ သက်သေပြပါအုံး။ ကမာ္ဘပျက်ကပ်ပြီးတဲ့နောက် လူတိုင်းက ပိုင်ရှင်မဲ့ရိက္ခာတွေ အများကြီးရှိတယ်ဆိုတာ ခင်ဗျားတို့ကို သတိပေးလိုက်မယ်။ ဒီတော့ ကျုပ်က အဲ့ဒီရိက္ခာနှစ်သုတ်ကို တကယ်ယူသွားခဲ့တယ်ဆိုရင်တောင် ကျုပ်ရဲ့ကိုယ်ပိုင် အရည်အချင်းနဲ့ပဲလေ။ စစ်တပ်ရဲ့ရိက္ခာကို ယူတယ်လို့ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ။ ခင်ဗျားလက်ထဲကနေ ကျုပ်ယူသွားတာမို့လို့လား”

အဲ့ဒီရိက္ခာတွေက သူတို့ဟာတွေပဲ ဖြစ်ရမယ်လို့ ဘယ်သူပြောလဲ။ အခုလင်းရှန်းက သူ့ကို ဘယ်လိုလုပ်မလဲဆိုတာ မြင်ချင်နေပြီ။

“မင်း”

လင်းရှန်းက စွံ့အသွားပြီးနောက် ဒေါသထွက်လာလေ၏။ ယွင်ချဲ့အစောတုန်းက ပြောတာကို သူငြင်းနိုင်၏။ သို့သော်ငြား ယွင်ချဲ့ကို အတွင်းထဲထိအောင် မုန်းတီးနေလျှင် တူညီသည့် စကားများအတွက် မပြောနိုင်ပေ။

“တော်လောက်ပြီ လင်းရှန်း ဒီကနေထွက်သွား”

ဝေ့ခမ်းက မတ်တပ်ထရပ်ပြီး တံခါးစီ လက်ညိုးထိုးလိုက်၏။ လင်းရှန်းသည် သူ၏အမူအကျင့်ဖြင့် သူတို့အားလုံးကို အရှက်ခွဲနေ၏။ စစ်တပ်က ကမာ္ဘပျက်ကပ် မတိုင်မီကလို တူညီတဲ့ အာဏာရှိနေသေးတယ်လို့ သူတကယ်ကြီး တွေးနေတာလား။ သူတို့က အခု အခြေစိုက် စခန်းထဲမှာ စွမ်းအားရှင် သုံးချိုးနှစ်ချိုးရဲ့ ထောက်ခံမှုရှိထားတဲ့ ယွင်ချဲ့ကို ရင်ဆိုင်နေရတာလေ။ ပြီးတော့ ရှင်းဖုန်းနဲ့ မော့ဝမ်ရန်ကလည်း သူ့ကို ကျောထောက်နောက်ခံ ပြုထားပေးသေးတယ်။ သူတို့က ဘယ်လိုလုပ် အလွယ်တကူ ခြိမ်းချောက်နိုင်ပါ့မလဲ။

“ခေါင်းဆောင်”

“ထွက်သွား”

လင်းရှန်းသည် သည်းမခံနိုင်သော်ငြား ဝေ့ခမ်းကသူ့ကို စကားပြောရန် အခွင့်အရေး မပေးတော့ပေ။ ကိစ္စများက ဆက်ပြောနေလျှင် ပိုရှုပ်ထွေးသွားလိမ့်မည်။

“ဟမ့်”

မထွက်သွားခင် လင်းရှန်းက ယွင်ချဲ့ကို ရှုံ့ချပြီး ကြည့်ပြီးနောက် ယွင်ချဲ့ဘက်လှည့်ပြီး နှာခေါင်းရှုံ့ကာ သတ်ဖြတ်လိုသော အကြည့်များဖြင့် ကြည့်လိုက်၏။ ယွင်ချဲ့၊ ရှင်းဖုန်းနှင့် ကုမင်ရွှမ်၏ အကြည့်များက နက်မှောင်ကုန်၏။ သူသည် သူတို့ကို သတ်ချင်နေသော ဗိုလ်ချုပ်ကို ညှာတာမှာမဟုတ်ပေ။ သုံးယောက်လုံးက အကြည့်ချင်း ဖလှယ်လိုက်ပြီး တူညီသည့် အရာကို တွေးမိလိုက်ကြ၏။

“ကျုပ်တောင်းပန်ပါတယ် ခေါင်းဆောင်ယွင် ကျုပ်ရဲ့လက်အောက်ငယ်သားကို မသွန်သင်နိုင်ခဲ့ဘူး”

ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး တပ်ဖွဲ့၏ တပ်မှူးတစ်ယောက်အနေဖြင့် ဝေ့ခမ်းသည် စွမ်းအားရှင်အဖွဲ့၏ ခေါင်းဆောင်တစ်ယောက်ကို တောင်းပန်ရသည်မှာ အမှန်တကယ် ဆိုးရွားလှ၏။ သို့သော် သူက ဦးစွာ မတောင်းပန်လျှင် ညှိနှိုင်းရန် အခန်းကဏ္ဍ မရှိတော့မှန်း လူတိုင်းထက် ပိုကောင်းကောင်းသိသည်။

“ခင်ဗျားကတော့ တကယ်ပါပဲ။ လင်းရှန်း စိတ်လွတ်နေတယ်လို့ ကျုပ်တွေးမိတာ။ သူက ခွေးရူးတစ်ကောင်လို ဟောင်နေတာပဲ”

သူ၏စကားများထဲ သက်ညှာမှုမပြဘဲ ယွင်ချဲ့က သက်ပြင်းချလိုက်ပြီးနောက် ဝေ့စစ်တပ်မှလူများ မတုန့်ပြန်နိုင်ခင် ဆက်ပြောလိုက်၏။

“ခင်ဗျားတို့ စုဆောင်းချင်တဲ့ ရိက္ခာတွေ လုယူခံလိုက်ရပြီးတဲ့နောက် ဒေါသထွက်တာကို ကျုပ်နားလည်တယ်။ ဒါပေမဲ့ အဲ့ဒါကျုပ်နဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်က မထင်မရှား စွမ်းအားရှင် အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။ စစ်တပ်က မျက်စိကျနေတဲ့ ရိက္ခာကို ဘယ်လိုလုပ် ယူသွားရဲမှာလဲ။ ဒီလိုဆိုရင်ရော အဲ့ဒီရိက္ခာနှစ်သုတ်နဲ့ တူညီတဲ့ ရိက္ခာပမာဏကို ပေးမယ်။ ဒါပေမဲ့ ခင်ဗျားတို့တွေက အလဲအလှယ်အနေနဲ့ အဖွဲ့မှူးရှင်းအတွက် သုတေသန သင်တန်းကျောင်းရဲ့ ပိုင်ဆိုင်မှုကို လွှဲပြောင်းပေးရမယ်”

၁၁နာရီခွဲကာနီးပြီမှန်း သိသောအခါ ယွင်ချဲ့သည် သူတို့နှင့် အချိန်ထပ်မဖြုန်းချင်တော့ပေ။ သူ့တူလေး၏ မွေးနေ့ပွဲက သူတို့ထက်ပို အရေးကြီး၏။

“သုတေသန သင်တန်းကျောင်းရဲ့ ပိုင်ဆိုင်မှုလား ခင်ဗျားက တကယ်လောဘကြီးတာပဲ ခေါင်းဆောင်ယွင်”

ဝေ့ခမ်းသည် ပြင်ဆင်ထားသည့်တိုင် မျက်ဝန်းများ မှေးကျဉ်းသွား၏။ ရှင်းဖုန်းသည် သုတေသန သင်တန်းကျောင်း၏ ပိုင်ဆိုင်မှုကို အဘယ့်ကြောင့် ရုတ်တရက် လိုချင်ရမှန်း သူတို့မသိသေးသော်ငြား မြို့တော်တွင် ရှင်းမိသားစုကိုယ်စား သူတောင်းဆိုထားခဲ့၏။ သူတို့သည် စွမ်းအားရှင် အဖွဲ့အစည်း၏ ထိန်းချုပ်ပိုင်ခွင့် ရသွားပြီးသည့် အချက်ကြောင့်သာ မဟုတ်လျှင် ရှင်းမိသားစုကို လေးစားသည့်အနေဖြင့် ပေးလိုက်ရလည်း စိတ်ထဲရှိမှာမဟုတ်ပေ။ သို့သော် ယခု စွမ်းအားရှင် အဖွဲ့အစည်းက မော့မိသားစု လက်အောက်တွင် ရှိနေပြီး အဆုံးတွင်လည်း သုတေသန သင်တန်းကျောင်းက သူတို့လက်အောက်တွင် ရောက်သွားပါက သူတို့ရှုံးနိမ့်ရပေလိမ့်မည်။

ယွင်ချဲ့က တမင်တကာ သက်ပြင်းချပြီးနောက် ရှင်းဖုန်း၏ မေးစေ့ဆီ ရုတ်တရက် လက်လှမ်းကာ လွမ်းဆွတ်တမ်းတစွာ ပြောလိုက်၏။

“အင်း ခေါင်းဆောင်ရှင်းက လတ်တလောမှာ ထူးထူးဆန်းဆန်း အရာတွေကို လေ့လာရတာ နှစ်ခြိုက်နေတယ်လေ။ သူ့ကို ကြည့်ပါအုံး။ သူဝိတ်ကျသွားတယ်လို့ မထင်ဘူးလား။ သူ့ကိုဒါမျိုး မြင်ရတာ ကျုပ်သိပ်နာကျင်တာပဲ”

“ဖွီ”

“ဟား ဟား”

စိတ်ပျက်နေသော ရှင်းဖုန်းက ယွင်ချဲ့၏လက်ကို ဆတ်ကနဲ ရိုက်ချလိုက်ပြီး စစ်သားများဘက် လှည့်ကြည့်လိုက်၏။ ပြီးနောက် ယွင်ချဲ့က ရယ်မောကာ သူ့ကိုဆုပ်ကိုင်လျှင် ဝေ့စစ်တပ်မှ လူများ အံ့သြစွံ့အအောင် ထရပ်လိုက်တော့သည်။ ရှင်းဖုန်းက ဝိတ်တောင်ကျသွားတယ်လား။ သူက ဒီလောက် ချစ်ကြည်နူး တစ်တီတူးချင်ယောင် ဆောင်မှရမှာလား။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset