YMR- အခန်း ၁၈၅

အခန်း ၁၈၅။

မွေးနေ့ပွဲ ပြင်ဆင်ခြင်းနှင့် သနားစဖွယ်ဝေ့ခန်း
ယွင်ချဲ့ အောက်ပြန်ဆင်းလာချိန်၌ ဧည့်ခန်းက သွင်ပြင်လုံးဝ ကွဲပြားသွားလေ၏။ နံရံများသည် ရောင်စုံဘောလုံးများ ပြည့်နေပြီး အချို့က Loveဟူသည့် စကားလုံးကို အသည်းပုံများဖြင့် ပြုလုပ်ထားပြီး အလယ်တွင် မွေးနေ့ဟူသည့် စကားလုံးကို ရေးထားကာ အချို့ကို ရောင်စုံဖဲကြိုးများဖြင့် မျက်နှာကျက်တွင် ချိတ်ဆွဲထားလျက် ကြိုးအဆုံး၌ နှစ်လက်မအရွယ်အစားခန့်ရှိ ချန်ချန်၏ ဓာတ်ပုံများ ရှိနေလေသည်။ Happy Birthdayဟူသော စကားလုံးကို စာရွက်ညှပ်ထားကာ နံရံပေါ်တွင် ကပ်ထားပြီး တစ်အိမ်လုံးက အိပ်မက်ဆန်သော ကလေးများ၏ ကမ္ဘာနှင့် တူနေတော့သည်။
“ကြည့်အုံးအစ်ကို ကျွန်တော်လုပ်ထားတာ”
အမြင်အာရုံ စူးရှသော ယွင်ချန်းသည် ယွင်ချဲ့ကို တွေ့သည့်အချိန်၌ သူမှုတ်နေသည့် အသည်းနှစ်ထပ် ဘောလုံးကို အမြန်ယူပြလိုက်၏။ သူတို့သည် အလုပ်များနေသော်ငြား တမနက်လုံး ပြင်ဆင်ပြီး ပျော်ရွှင်နေကြလေ၏။
“ဟမ် ကြည့်ကောင်းလိုက်တာ။ မင်းတို့တွေ ပျော်နေကြတာပဲ။ မီးဖိုချောင်နဲ့ အစ်မဆီကို ပစ္စည်းတချို့ ယူသွားပေးအုံးမယ်”
ယွင်ချဲ့သည် သူ၏ညီလေးကို အားပေးသည့် အကြည့်ဖြင့် ကြည့်ပြီးနောက် ခေါင်းကိုပုတ်လိုက်လေ၏။
“ဟုတ် မြန်မြန်သွားအစ်ကို”
ယွင်ချန်းက ခေါင်းညိတ်လိုက်ပြီးနောက် လန်ယဲ့ဟန်ဆီ လျှောက်သွားလိုက်၏။ ကျန်းရှန်နှင့် ယဲ့ချင်းရှန်းတို့ကလည်း တစ်စုံတစ်ခုကို ကပ်နေပြီး အချို့ကမူ လှေကားဖြင့် မျက်နှာကျက်ပေါ်တက်ပြီး အလှဆင်နေ၏။ အချို့က ပစ္စည်းများ ကမ်းပေးရန် တာဝန်ယူထားသည်။ လူတိုင်းက ကလေးများပမာ ပြုမူနေသည်။ ယွင်ချဲ့က သူတို့ကို အကြိမ်ရေအနည်းငယ် လှည့်ကြည့်ပြီးနောက် ခေါင်းခါကာ ထွက်သွားတော့သည်။
“အန်တီချန်း ဒါတွေလုပ်ထားတာလား။ အန်တီက သိပ်ကျွမ်းတာပဲ”
ယွင်ချဲ့သည် မီးဖိုချောင်ထဲ ရောက်သည့်အချိန် သူ၏အစ်မနှင့် ကျန်သည့်သူအချို့ ထမင်းစားခန်းထဲ စုဝေးနေတာကို တွေ့လိုက်ရသည်။ သူက ရှေ့တက်သွားလိုက်ရာ လုမင်ဟွေ့၏မိခင်သည် ဆယ်လက်မ အရွယ်အစားခန့်ရှိ နှစ်ထပ်ကိတ်တစ်လုံး ပြင်ဆင်နေတာကို တွေ့လိုက်ရ၏။ ကိတ်၏အပေါ်၌ အရောင်မတူသည့် ယိုများဖြင့် အိမ်ပုံစံခြယ်ထားပြီး ကိတ်ပေါ်၌ ချစ်စရာကောင်းသည့် တိရိစ္ဆာန်လေးတစ်ကောင် ရှိနေကာ မျက်နှာချင်းဆိုင်၌ ဝဝဖြိုးဖြိုး အက်ထရာမန်း ရှိနေလေ၏။ ယွင်ချဲ့သည် အနက်ရောင်ခွေးနှင့်တူသည် သတ္တဝါက သူမည်သို့ပင် ကြည့်စေကာမူ ဟေးယွီ၏ ပိုချစ်စရာကောင်းသော ဗားရှင်းဟု တွေးလိုက်မိသည်။ အက်ထရာမန်း၏ အရွယ်အစားအတွက်မူ ချန်ချန်က ဝဖိုင်းဖိုင်းဖြစ်ပြီး ချစ်စဖွယ်ကောင်းသည်ဟု သဲလွန်စပေးတာ ဖြစ်ဟန်တူ၏။ ၎င်းကိုမြင်သည့်အချိန်၌ ချန်ချန်မည်သို့ တုန့်ပြန်မည်မှန်း မသေချာသော်ငြား ယင်းက ပြုလုပ်ထားတာ အလွန်ကောင်းသော်ငြား ဖန်တီးမှုပြည့်ဝသည်။
“ဒါဘာမှမဟုတ်ဘူး အန်တီတို့မိသားစုက နယ်မှာနေတာလေ။ အန်တီ့သမီးက တီဗီမှာတွေ့တဲ့ အရာရှိတဲ့ စားစရာတွေကို အမြဲတမ်းစားချင်နေတာ။ သူ့အဖေက မကြာခဏ ဝယ်လာတယ်လေ။ ဒါကြောင့် အချိန်ရတိုင်း အဆာပြေမုန့် လုပ်ပေးဖြစ်တာ”
နောက်ဆုံးအလှဆင်မှုများ ပြုလုပ်ပေးနေသော လုမင်ဟွေ့၏ မိခင်ကလည်း ပြုံးလျက် မော့ကြည့်လိုက်ကာ ယွင်ချဲ့ကို တွေ့သွားတော့သည်။ သူမသမီးလေးအကြောင်း ပြောနေစဉ် သူမမျက်ဝန်းထဲ၌ ကွယ်ဝှက်ထားသော နာကျင်မှု တစ်စွန်းတစ်စ ရှိနေ၏။ သူမသမီး၏ သေခြင်းတရားသည် သူမနှင့် ဘာမှမဆိုင်။ သူမသည် ကောက်ကျစ်သော မိသားစုကြောင့် ထိခိုက်ကြောင်း သူမသားက ပြောပြခဲ့ပြီး ဖြစ်သည့်တိုင် ရံဖန်ရံခါ၌ ရှုံ့ချနေမည့်အစား သူမသမီးပြောတာကို ထဲထဲဝင်ဝင် နားထောင်ပြီး သူမသမီးကို နားလည်အောင် ကြိုးစားခဲ့သင့်သည်ဟု တွေးမိနေသေးသည်။ မဟုတ်လျှင်သူမက ထွက်ပြေးသွားမှာမဟုတ်။ အဆုံးတွင် ဆိုးရွားသည့် သေခြင်းတရားနှင့် အဆုံးသတ်သွားမှာမဟုတ်ပေ။
မည်သို့ပင် ဆိုစေကာမူ သူမက အချိန်အများစု၌ ပျော်ရွှင်နေပြီး ထိုအကြောင်းကို တစ်ခါတရံသာ တွေးမိတာဖြစ်၏။ ယွင်ချဲ့သည် သူတို့ကို ငြိမ်းငြိမ်းချမ်းချမ်း အနားယူခိုင်းပြီး သူတို့၏ ပုံမှန်ဘဝဖြင့် ဆက်လက် ရှင်သန်နေထိုင်တာ မှန်ကန်ကြောင်း ပြောခဲ့၏။ သူမ၏ဖခင်က ယခုဆို ပိုမြန်ဆန်ဖြတ်လတ်လာပြီး အသက်ကြီးပုံ မပေါ်တော့ပေ။ သူမ၏သားကလည်း ယွင်ချဲ့၏ ဦးဆောင်မှုအောက်၌ ပိုသန်မာလာကာ အိမ်သူတစ်ယောက် ရှာတွေ့ခဲ့ပြီဖြစ်သည်။ သူသည် အမျိုးသားတစ်ယောက် ဖြစ်သည့်တိုင် သူတို့နှစ်ယောက် ပျော်ရွှင်နေသ၍ သူမလည်း အဆင်ပြေသည်။ သူမ၏မိခင် ခင်ပွန်းနှင့် သမီးတို့က ယခုအချိန်တွင် ငြိမ်းချမ်းနေပြီဟု ယုံကြည်မိ၏။ သူတို့မိသားစု၏ မျိုးဆက်သုံးဆက်သည် ပျော်ပျော်ရွှင်ရွှင် အတူတကွ နေထိုင်နေကြလိမ့်မည်။
“ကောင်းတယ် အခုကစပြီး ကျွန်တော်တို့ မွေးနေ့ကိတ်ကို လုပ်ပေးဖို့ အန်တီ့ကိုပဲ အပ်ထားလိုက်တော့မယ်။ ကျွန်တော်နဲ့ ချန်းရဲ့မွေးနေ့က အောက်တိုဘာလမှာလေ။ မမေ့နဲ့နော်”
ယွင်ချဲ့သည် အချိုမရှောင်ပေ။ အဓိကအားဖြင့် သူယခင်ဘဝတုန်းက စားစရာ မလုံလောက်သောကြောင့် ဖြစ်သည်။ သူက ကပ်စေးမနည်းနိုင်ဘဲ ကိတ်များ စားသောက်ခြင်းကို မထိန်းချုပ်ခဲ့ပေ။ ထို့အပြင် လု၏မိခင် ပြုလုပ်ပေးထားသည့် ကိတ်က ချစ်စဖွယ်ကောင်းပြီး ရုပ်ကြွသည်။ ထို့ကြောင့်သူသည် သူတို့ကို စားသောက်ရာ၌ စိတ်ခံစားချက် သေချာပေါက် ကောင်းပေလိမ့်မည်။
“ဒါပေါ့ သားတို့နှစ်ယောက်အတွက် ပိုကြီးတာလေး လုပ်ပေးမယ်”
ထိုကဲ့သို့ ကလေးဆန်သည့် စကာများကို သူပြောတာ ကြားရတာ ရှားပါးသော်ငြား ဝမ်စုဟွနှင့် သူမသမီးကလည်း ရယ်မောလိုက်၏။ လု၏မိခင်ကလည်း ချက်ချင်းလက်ခံကာ ယွင်ယောင်က ဝင်ပြောလိုက်တော့သည်။
“ဒီအရွယ်ကြီးမှ ကလေးတစ်ယောက်လို လုပ်နေသေးတုန်းပဲ”
“ကျွန်တော်က အသက်ရှစ်ဆယ်ဆိုရင်တောင် အစ်မအတွက် ကလေးတစ်ယောက်ပဲလေ”
ယွင်ချဲ့က သူမပခုံးကိုဖက်လျက် ရွတ်နောက်နောက်ဖြင့် မျက်စပစ်ပြလိုက်ကာ ယွင်ယောင်ကို အံ့သြစွံ့အသွားစေတော့သည်။ လု၏မိခင်သည် နောက်ဆုံး၌ Happy Birthdayဟူသည့် စကားလုံးကို ချောကလက်ပြားဖြင့် ရေးဆွဲပြီးနောက် ကိတ်ကပြီးသွားတော့သည်။ ရာသီဥတုက ပူသောကြောင့် လု၏မိခင်သည် ကိတ်ကို အပေါ်မှခရင်များ အရည်မပျော်သွားစေရန် ရေခဲသေတ္တာထဲ ဂရုတစိုက် ထည့်ထားလိုက်၏။
“အစ်မ ဒီငါးတွေက လုံလောက်ပြီလား”
ယွင်ချဲ့သည် အရှင်လတ်လတ် ငါးကြီးအချို့ကို ထုတ်လိုက်၏။ သူသည် မနက်တုန်းက ငါးမှအပ ကျန်သည့်ပါဝင်များ ပေးပြီးသားဖြစ်၏။
“လုံလောက်ပါပြီ ချန်ချန်ဘယ်မှာလဲ”
ယွင်ချဲ့ထံမှ ရေကြိုငါးကြီးများကို ယူပြီးနောက်မှသာ သူမသားကို တွေးမိသွားသည်။ တစ်မနက်လုံး အလုပ်များနေရာ ယခုအချိန်ထိ သူ့အတွက် အချိန်မရှိပေ။ ယွင်ချဲ့ကသူ့ကို အပေါ်ထပ် ခေါ်သွားတာသာ သူမသိသည်။
“သူဟေးယွီနဲ့ ဆော့နေတယ်။ ကျွန်တော်ပြီးရင် ခေါ်လာခဲ့မယ်”
“ဟုတ်ပြီ ဘာကိစ္စမှမရှိရင် သွားလို့ရပြီ။ အထဲမလာနဲ့”
သူမသားက ဟေးယွီနှင့် ရှိနေကြောင်း သိလိုက်ရသည့်အခါ စိတ်မပူတော့ပေ။ ယွင်ယောင်က မီးဖိုချောင်သုံးဓားကို ကောက်ယူပြီးနောက် ယွင်ချဲ့ကို မောင်းထုတ်လိုက်တော့၏။
“ဝေ့ခန်းက သူ့လူတွေနဲ့ ရှစ်နာရီတုန်းက ရောက်လာတာ။ သူတို့ဘေးအခန်းမှာ ရှိနေတုန်းပဲ။ ရန်ကျီကနေ ကြားတာတော့ မင်းကသူတို့ရဲ့ ရိက္ခာတွေကို ဖြတ်ယူသွားတယ်လို့ ထင်နေတုန်းပဲ။ မင်းကို ဝင်ရောက် ဖြန်ဖြေပေးစေချင်နေတာ။ ခေါင်းဆောင်ရှင်းကတော့ မင်းမပါဘူးလို့ ပြောပေမဲ့ သူတို့က မယုံဘူးလေ။ အနားမှာ ယောင်ပေပေ လုပ်နေသေးတုန်းပဲ”
ယွင်ချဲ့သည် မီးဖိုချောင်ထဲက ထွက်လာခိုက် ကျန်းယာဖေးက သူ့ကိုမြင်ပြီး ပြောလိုက်တော့၏။ သူတို့၏ ကိုယ်ပျောက်စွမ်းအားရှင်များကို ပို့ပေးပြီး အချက်အလက် ခိုးယူရန် ပြင်ဆင်ခဲ့တာပဲဖြစ်သည်။ သတင်းအချက်အလက်များ ခိုးယူရန်အတွက် သူတို့၏ ကိုယ်ပျောက်စွမ်းအားရှင်များကို ပို့ပေးသောကြောင့် သူတို့က အချိုပွဲများ ယူလိုက်ရုံသာရှိသည်။ မည်သည့်သက်သေမှ ရှာမတွေ့သောကြောင့် သူမက ရိက္ခာများ ပြန်ပေးမှာမဟုတ်ပေ။
“ဘာရိက္ခာတွေလဲ။ အဲ့ဒါငါနဲ့ ဘာမှမဆိုင်ဘူး”
“ဟား ဟား အတိအကျပဲ အဲ့ဒါငါတို့နဲ့ လုံးဝမဆိုင်ဘူး”
ကျန်းယာဖေးသည် ယွင်ချဲ့က ရိက္ခာများ ပြန်ပေးရန် ရည်ရွယ်ချက်မရှိကြောင်း ကြားသည့်အချိန်၌ အပျော်လွန်သွား၏။ သူတို့၌ ရိက္ခာမပြတ်လပ်သော်ငြား သူတို့ရန်သူကို ရိက္ခာပြတ်လပ်မှုကြောင့် ဒုက္ခပေးနိုင်သည့်အတွက် ပျော်ရွှင်နေသေးသည်။
“ဒါပေါ့ သူတို့တွေက သူတို့ကိုငြင်းပန်းခွင့်ပေးဖို့ ငါတို့ဆီ ရောက်လာတယ်ဆိုတော့ သူတို့ကို ကျေနပ်အောင် လုပ်ပေးရမှာပေါ့။ ပျော်စရာထဲ ဝင်ပါချင်လား”
ယွင်ချဲ့က စကားပြောနေစဉ် ညစ်ကျယ်ကျယ်အကြည့် ရှိနေပြီး ကျန်းယာဖေးကလည်း သွေးဆောင်ခံလိုက်ရ၏။ သို့သော် နေ့လည်၌ မွေးနေ့ပွဲအကြောင်း တွေးမိချိန်၌ ခေါင်းခါလိုက်တော့သည်။
“ထားလိုက်တော့ ဒီမှာကူညီဖို့ နေလိုက်မယ်။ ချန်ချန်အတွက် ပြီးပြည့်စုံတွဲ မွေးနေ့ပွဲပေးတာထက် သူတို့ကို ညင်းပန်းတာက ဘယ်လိုလုပ် ပိုအရေးကြီးမှာလဲ”
သူတို့သည် ညနေစောင်း၌ အသားကင် ကင်ရန်တောင် စီစဉ်ထား၏။ ချန်ချန်၏ မွေးနေ့ပွဲကို ပျော်ရွှင်မြူးကြွမှုများ၊ စိတ်လှုပ်ရှားမှုများပြည့်အောင် ပြုလုပ်ပေးရန် တညီတညွတ်ထဲ ဆုံးဖြတ်ထား၏။ ယွင်ချဲ့သည်လည်း တောရိုင်းတိရိစ္ဆာန်များ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များစွာကို ပို့ပေးထား၏။ ထို့ကြောင့် စာဖိုးမှူးရှင်းကလည်း အားလုံးအတွက် စားသောက်ပွဲ ပြင်ဆင်နိုင်သည်။
“အမှန်ပဲ ငါသွားပြီး သူတို့အလုပ်ကိစ္စအကြောင်း ပို့လိုက်မယ်။ ငါတို့ဒီနေ့ မွေးနေ့ပွဲ ကျင်းပနေတဲ့အချိန် လာနှောက်ယှက်ခွင့် မပေးသင့်ဘူးလေ”
ယွင်ချဲ့က ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြီးနောက် အပြင်သို့ ထွက်သွားလိုက်၏။ ကျန်းယာဖေးက သူ့နောက်ကနေ ခိုးခိုးခစ်ခစ် ရယ်မောလျက် မုန့်ရွှီကလည်း ရုတ်တရက် ထွက်လာကာ ခေါင်းခါလိုက်လေ၏။
“သူတို့တွေ ချဲ့ကိုရန်စမိတာ သူတို့ကိုယ်သူတို့ ကံမကောင်းဘူးလို့ တွေးရုံပဲရှိတယ်”
သူ့ကိုသိလာတာ အချိန်တချို့ကြာပြီးနောက် ချဲ့သည် လက်တွေ့ဆန်သူဖြစ်ပြီး အမျိုးမျိုးသော စွမ်းအားရှင်များနှင့် အလွယ်တကူ အဆင်ပြေသူဖြစ်ကြောင်း သူပြောနိုင်၏။ သူက သူ့ကိုဦးစွာ နှုတ်ဆက်လာသည့် လူတိုင်းကို ပြုံးပြပြီး ခေါင်းညိတ်နှုတ်ဆက်မည်။ သူမသိသည့် အဖွဲ့မှ ဖြစ်လျှင် သူတို့သူ့ကို ယခင်က ရန်စမသ၍ အဆင်ပြေ၏။ သို့သော်သူ့ကို တစ်စုံတစ်ယောက် ရန်စခဲ့ပါက သူသည် ကိုယ်တိုင်မလုပ်ပေးရင် သူတို့ကိုညှဉ်းပန်းရန် ဟေးယွီကိုခိုင်း၏။ ဝေ့စစ်တပ်က နောက်ဆုံးအခေါက်က သူတို့၏ အရေးကြီးသည့် အချက်အလက်ကို ခိုးယူသွားပြီး သူတို့ကို ဆုံးရှုံးမှုကြီး ဖြစ်စေခဲ့သောကြောင့် ယွင်ချဲ့သည် သူတို့ကို အလွယ်တကူ လွှတ်ပေးစရာ အကြောင်းမရှိပေ။
“အတိအကျပဲ”
ကျန်းယာဖေးက လှည့်ကြည့်လိုက်ရာ နှစ်ယောက်လုံးက အကြည့်ချင်း ဖလှယ်လျက် သူတို့မျက်လုံးထဲ၌ ကျေနပ်အားရသည့် အပြုံးများရှိနေ၏။ ယွင်ချဲ့၏ လွှမ်းမိုးမှုအောက်၌ ထိပ်ဦးအဖွဲ့မှလူတိုင်းသည် တူညီသည့် စိတ်နေစိတ်ထား ရှိလာကြသည်။ စစ်တပ်ဖြစ်လျှင်တောင် သူတို့ကို ရန်စသူတိုင်းအတွက် သူတို့က ခက်ခဲအောင် ပြုလုပ်မှာပဲဖြစ်သည်။
ဧည့်ခန်းဘေးရှိ အခန်းရှိ လေထုကမူ ကျန်တစ်ဖက်နှင့်ယှဉ်လျှင် အနည်းငယ် တည်ကြည်နေ၏။ သူတို့ ဤနေရာသို့ ရောက်နေတာ နှစ်နာရီကြာ ရှိပြီဖြစ်ကာ ဝေ့ခန်းနှင့် သူ့လူများသည် သူတို့ဖြေရှင်းလိုသည့် ကိစ္စကိုတောင် သတိမရဘဲ ဒေါသကို မျိုသိပ်နေရသည်။ ဝေ့ခန်းပြောလိုက်ချိန်တိုင်းတွင် ရှင်းဖုန်း သို့မဟုတ် ကူးမင်ရွှမ်းက အကြောင်းအရာကို ပြောင်းပစ်၏။ သူတို့က ယွင်ချဲ့ကိုတောင် မတွေ့ရသေးချေ။
“၁၁နာရီထိုးခါနီးပြီ ခေါင်းဆောင်ယွင်က ဘာကြောင့် ပြန်မလာသေးတာလဲ”
ဝေ့ခန်းနောက်တွင် ထိုင်နေသော လင်းချန်းသည် နာရီကြည့်ကာ နောက်ဆုံးတွင် သူတို့ပြောနေတာကို ဝင်နှောက်ယှက်လိုက်၏။ ဘေးအခန်းကနေ ဆက်တိုက် ရယ်မောသံများ ထွက်လာချိန်၌ ယွင်ချဲ့မည်ကဲ့သို့ မရှိရသနည်း။
ထိုစကားကို ကြားသောအခါ ရှင်းဖုန်းက ဖြေးဖြေးချင်း မော့ကြည့်လျက် သူ့ကိုအဖြေပေးရန် စိတ်ထဲမထားဘဲ စူးရှသော မျက်ဝန်းများဖြင့် ထူးမခြားနား ကြည့်လိုက်၏။ ကူးမင်ရွှမ်း၏ မျက်နှာက တည်ကြည်သွားတော့သည်။
“ဘယ်သူ့ကို မေးနေတာလဲ ဗိုလ်ချုပ်လင်း ဒါကချောက်ယန်း ဝေ့စစ်တပ်မဟုတ်ဘူးဆိုတာ သတိပေးလိုက်မယ်။ ကျုပ်တို့တွေက ခင်ဗျားရဲ့ စစ်သားတွေမဟုတ်ဘူး”
ချဲ့ကိုတွေ့ရအောင် သူကဘယ်သူမို့လို့လဲ။ သူ၏စိတ်မြန်လက်မြန် ပြုလုပ်တတ်သော အကျင့်အရ သူသာ ချဲ့ကို တွေ့မည်ဆိုလျှင် သေသည်အထိ ညှဉ်းပန်းခံရလောက်သည်။
“လင်းရှန်း”
စိတ်အခြေအနေ မူမမှန်ကြောင်း အာရုံခံမိသောအခါ ဝေ့ခန်းသည် အသံတိုးတိုးဖြင့် သတိပေးလိုက်ကာ သူ့ကိုဤနေရာသို့ ခေါ်လာခဲ့မိသည့်အတွက် နောင်တရသွားသည်။ သူတို့ယနေ့တွင် အကူအညီ လာတောင်းသည့်အချိန်၌ သူသည် အဘယ့်ကြောင့် ထိုကဲ့သို့ သဘောထား ရှိနေရသနည်း။ သူ့နေရာ သူမသိတာက ဆိုးရွားလှသည်။ ဝေ့ခန်းသည် လင်းရှဲ့ကဲ့သို့ ပါးနပ်သည့်လူက အဘယ့်ကြောင့် ဤအတိုင်း ဖြစ်လာမှန်း နားမလည်နိုင်ဖြစ်နေသည်။ ယွင်ချဲ့သူ့ကို စိတ်တိုအောင် လုပ်ခဲ့ဖူးတဲ့ အရင်တုန်းက အဖြစ်အပျက်လေးကြောင့်ပဲလား။
“ခင်ဗျားက သတိပေးလိုက်တာပဲ ဗိုလ်ချုပ်လင်း၊ အခု၁၁နာရီ ထိုးနေပြီ ခင်ဗျားတို့ ထွက်မသွားသေးဘူးလား”
ကျန်သည့်သူများသည် ထိုအခြေအနေအောက်၌ ရယ်မောစနောက်လျက် အေးအေးဆေးဆေး ပြောမှာဖြစ်သည်။ သို့သော်ရှင်းဖုန်းက သူတို့ကို ထွက်သွားရန် မျက်နှာသေဖြင့် ပြောလိုက်တော့၏။ သူသည်ဝေ့ခန်းကို ယခင်တုန်းက လေးစားမှုအချို့ ပြကောင်းပြခဲ့မည်။ သို့သော် ကိုယ်ပျောက်စွမ်းအားရှင်အဖြစ် ပြကာ ရှင်းဖုန်းကို ဝေ့ခန်းအတွက် လေးစားမှုအားလုံး ဆုံးရှုံးသွားစေ၏။ ဝေ့စစ်တပ်သည် သုတေသန လမ်းကြောင်း၏ ပိုင်ရှင်အတွက် ဆုံးဖြတ်ပိုင်ခွင့် သုံးပုံတစ်ပုံ ရှိသည့်တိုင် ဖြစ်သည်။
“ခေါင်းဆောင်ရှင်း ကျေးဇူးပြုပြီး ကျုပ်လက်အောက်ငယ်သားရဲ့ မသိတတ်မှုကို ခွင့်လွှတ်ပေးပါ။ ကျုပ်တို့တွေက”
“အို လူတွေစုဝေးနေပါလား ခင်ဗျားတောင်ဒီကို ကိုယ်တိုင်ရောက်လာတာကို။ အိုး လင်း ခင်ဗျားကို နောက်ဆုံးတစ်ခေါက် တွေ့တဲ့အချိန်ကစပြီး ခင်ဗျားက ကျုပ်စိတ်ထဲ ရောက်နေပြီပဲ”
ဝေ့ခန်းသည် အနေခက်စွာ ပါးစပ်ဟလျက် နောက်ဆုံးတွင် ဇာတ်လိုက်ကျော်၏အသံကို ကြားလိုက်ရပြီဖြစ်သည်။ ဝေ့စစ်တပ်၏ လူတစ်ဒါဇင်ခန့်ကလည်း ထိတ်လန့်သွား၏။ သို့သော် ဝေ့ခန်းနှင့် လင်းရှန်းကို နာမည်တပ် ခေါ်ဝေါ်ပုံကိုကြားပြီး သူတို့မျက်နှာထက်၌ ထိတ်လန့်သည့် အမူအရာ ရှိလာ၏။ သူတို့ကသူ့ကို မြင်သည့်အချိန်၌ ပိုတောင်ဆိုးသွားတော့၏။ သူကအိတ်ကပ်ထဲ လက်နှိုက်ကာ ပါးစပ်၌ စီးကရက်တစ်ခုကို ခဲထားသည်မှာ ဂန်းစတားနှင့် တူနေလှ၏။
“ချန်ချန်ဘယ်မှာလဲ”
“နောက်ဆုံးတော့ ရောက်လာပြီပဲ ခေါင်းဆောင်ယွင်”
ရှင်းဖုန်းနှင့် လင်းရှန်းတို့က တပြိုင်နက်ထဲနီးပါး ပြောမိသွား၏။ ပထမအခွန်းက နူးညံ့ပြီး ချစ်မြတ်နိုး၏။ နောက်တစ်ခုက ဇဝေဇဝါဖြစ်စေပြီး ရက်စက်၏။ ဝေ့ခန်း၏ မျက်နှာသည် ဒေါသကြောင့် နီရဲလာသည်။
“လင်းရှန်းပါးစပ်ပိတ်ထား”
သေစမ်း သူဘာလုပ်နေလဲတောင် မသိဘူးလား။ သူက ရိက္ခာတွေ ပြန်လိုချင်သေးရဲ့လား။
“အိုး လာစမ်းပါဝေ့ခန်းရဲ့ ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေကို တင်းကျပ်လွန်းတယ်။ လင်းရှန်း ဘယ်လောက် ဒေါသထွက်နေလဲ ကြည့်လေ။ ခေါင်းဆောင်ရှင်းဆီကနေ သင်ယူသင့်တယ်။ သူ့ရဲ့ညီအစ်ကိုတွေကို ဒီလိုမျိုး မအော်ဘူး။ ဗိုလ်ချုပ်တစ်ယောက်က ပိုပြီးသဘောထား ကြီးရမယ်လေ”
လင်းရှန်းကြောင့် စိတ်ပျက်သွားရမည့်အစား ယွင်ချဲ့သည် ဝေ့ခန်းကို သင်ခန်းစာပေးနေ၏။ ဝေ့ခန်း၏ မျက်နှာထက်၌ သုန်မှုန်သည့် အမူအရာရှိနေပြီး ဝေ့စစ်တပ်ထဲရှိ ကျန်သည်သူများကလည်း ရှုံးနိမ့်ကုန်၏။ ထိပ်ဦးအဖွဲ့ ခေါင်းဆောင်ယွင်သည် အင်မတန် ခန့်မှန်းရခက်ခဲသည်ဟု သူတို့ကြားခဲ့ဖူးတာ ကြာပြီဖြစ်သည်။ သို့သော် ၎င်းတို့က ကောလာဟလများသာဟု သူတို့တွေးထင်ခဲ့တာဖြစ်၏။ အခြေစိုက် စခန်းထဲရှိ နံပါတစ်နှစ် အဖွဲ့ခေါင်းဆောင်က မည်ကဲ့သို့ ထိုမျှစိတ်မချရ ဖြစ်နေသနည်း။ သို့သော် သူပြောသည့် စကားအနည်းငယ်ကို ကြားပြီးနောက် ကောလာဟလများက အမှန်ကို ခံစားလိုက်မိသည်။ သူက ခန့်မှန်း၍ မရရုံသာမက စိတ်လွတ်နေတာပဲဖြစ်သည်။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset