YMR- အခန်း ၁၈၄

အခန်း ၁၈၄။

ဝေ့ခန်းရောက်လာခြင်း ချန်ချန်က ဝေဒနာခံစားနေရ
ဂိတ်ဝ၌ အနက်ရောင် ကားတချို့က ရပ်ထားပြီး စစ်ယူနီဖောင်းဖြင့် လူများစွာက ဆင်းလာ၏။ နံရံတောက်လျှောက် နွယ်တက်နေသော သွေးနွယ်ပွင့်များကိုကြည့်ပြီး ဝေ့ခန်းက မျက်ဝန်းများ မှေးကျဉ်းလိုက်ကာ လင်းရှန်ကလည်း မကျေမချမ်း ဖြစ်ပုံပေါ်နေ၏။ ထိုအပင်၏ လုပ်ဆောင်ပုံကို သူတို့သိနေပြီးသားဖြစ်ကာ သူတို့၏နောက်ဆုံး ကိုယ်ပျောက်စွမ်းအားရှင် နှစ်ယောက်သည်လည်း ဤနေရာ၌ အသတ်ခံလိုက်ရသည်။
“ငါတို့အထဲရောက်တဲ့အချိန် တုံးအတာတွေ ဘာမှမပြောနဲ့”
သူတို့ဤနေရာသို့ မလာခင် သူတို့သည် ဖုန်းထဲ၌ ကူမင်ရွှမ်းကို အကြောင်းကြားထားပြီးသားဖြစ်သည်။ ဂိတ်ဝ၌ ရပ်နေစဉ် ဝေ့ခန်းက လင်းရှန်ကို သတိပေးသည့်အကြည့် ကြည့်လိုက်၏။ သူတို့ဆုံးရှုံးသွားသည့် ရိက္ခာများက များပြားပြီး ရရှိရန် ခက်ခဲ၏။ အခြေစိုက် စခန်းထဲရှိ လူသာလျှင် သူသာရောက်မလာခင် ရိက္ခာများကို လုယူနိုင်စွမ်းရှိ၏။ လူအချို့က သုံးနိုင်လျှင်တောင် သူတို့သည် ရိက္ခာများစွာကိုရွှေ့ရန် လူ့စွမ်းအားများစွာ လိုအပ်လိမ့်မည်။ စစ်ဆေးပြီးနောက် ယွင်ချဲ့သည် အကြောင်းအရင်း နှစ်ရပ်အတွက် သူတို့၏ ဖြစ်နိုင်ချေအရှိဆုံး တရားခံ သံသယတရားခံ ဖြစ်လာ၏။ ပထမအချက်မှာ သူသည် ရိက္ခာများ လုယူခံရချိန်၌ အားလပ်ရက်ယူထား၏။ ဒုတိယအချက်မှာသူ့၌ အစွမ်းထက်သော တိုက်ပွဲဝင်စွမ်းအားနှင့် ဝင်ဆံ့မှုကြီးမားသည့် နယ်မြေရှိနေပြီး သူသည် ရိက္ခာများအားလုံးကို သူ့ဘာသာသူရွေ့ပြီး လုယူနိုင်၏။
ထိုသို့ကောက်ချက် ချမိပြီးနောက် သူတို့သည် ရွေးချယ်စရာမရှိတော့ဘဲ ဂုဏ်သိက္ခာကို ဘေးချိတ်ကာ လာရတော့သည်။ ရိက္ခာနှစ်သုတ်က ပမာဏ များပြားလွန်းသည်။ သူတို့က ပြန်မရယူလျှင် သူတို့အိတ်ထဲကနေ အခြေစိုက်စခန်း၏ အများပြည်သူ သိုလှောင်ရုံအတွက် ဖြည့်တင်းပေးရန် လိုအပ်ကာ သူတို့အတွက် သိသိသာသာ ဆုံးရှုံးလိမ့်မည်။ ဝေ့ခန်းသည် သူ၏လတ်တလော ဆောင်ရွက်ချက်များနှင့် ပတ်သတ်ပြီး မကျေနပ်မှန်း လင်းရှန်းသိနေ၏။ သူသာ အခွင့်အရေးအတွက် မတိုက်ခိုက်ခဲ့လျှင် ဝေ့ခန်းကသူ့ကို ဤနေရာကိုတောင် ခေါ်လာမှာမဟုတ်ပေ။ ဝေ့ခန်းကသူ့ကို သတိပေးချိန်၌ သူဘာကိုမှ မပြောရဲချေ။ သူက မျက်လွှာကျလျက် လက်သီးကျစ်ကျစ်ဆုပ်ထားရုံသာ တက်နိုင်၏။
“ဗိုလ်ချုပ်ဝေ့ ကြိုဆိုပါတယ်။ ကျေးဇူးပြုပြီး ဒီလမ်းပါ”
ဂိတ်ကို အတွင်းဘက်ကနေ ဖွင့်ပေး၏။ သူတို့ကို အပြင်ထွက် ကြိုဆိုမည့်အစား ယွီဝမ်ချင်းသည် ဖိတ်ခေါ်သည့် သဏ္ဌာန်သာ ပြုလုပ်လိုက်၏။ ယင်းက ဝေ့ခန်းနှင့် သူ့လူများကို မလေးမစား ပြုသည်ဟု ထင်ရသော်ငြား သူတို့သည် ထိုလူများထံမှ တစ်စုံတစ်ခု လိုအပ်နေသောကြောင့် ဘာမှမပြောဝံ့ချေ။
ငါတို့ကို အရူးတွေလို့များ ထင်နေလား။
ဝေ့ခန်းသည် တိတ်တဆိတ် အသက်ပြင်းပြင်း ရှုလိုက်ပြီးနောက် အထဲသို့ဝင်ရန် ကြိုးစားလိုက်သည်။ သို့သော် သူခြေတစ်လှမ်း မြှောက်လိုက်သည်နှင့် နံရံပေါ်ရှိ နွယ်ကြိုးများက စတင်ရွေ့လာတော့၏။ လူတိုင်းက ကြောက်လန့်သွားကြကာ ဝေ့ခန်းသည်လည်း ခြေထောက်အမြန် ပြန်ရုပ်လိုက်၏။ ယွီဝန်ချင်းက သူတို့ကို အာမခံသည့် အပြုံးဖြင့် ပြောလိုက်သည်။
“စိတ်အေးအေးထားပါ အနားသိပ်မကပ်သ၍ သူတို့က ခင်ဗျားတို့ကို မတိုက်ခိုက်ပါဘူး”
ငါတို့ကို အရူးတွေလို့ ထင်နေလား။
ဝေ့ခန်းနှင့် သူ့လူများသည် စိတ်ထဲ စောတကတက်နေ၏။ သူတို့သည် အစောတုန်းက နွယ်ပင်များ မကပ်ခဲ့ပေ။ သို့သော် နွယ်ပင်များသည် သူတို့ထံသို့ စတင်ရွေ့လာတာဖြစ်၏။ သူတို့အိမ်ထဲ ဝင်သွားခဲ့လျှင် အသက်ရှင်လျက် ထွက်နိုင်ပါအုံးမည်လော။ ချောင်ယန်းသည် ထိုအရာကို မည်သည့်နေရာက ရလာခဲ့သနည်း။ ယင်းက ကြောက်စရာ ကောင်းလွန်းလှသည်။
“ခင်ဗျားတို့ ဘေးကင်ပါတယ်။ ကျုပ်ကိုရော တွေ့ပြီလား။ ဒီနွယ်ပင်တွေက တကယ်တော့ အတော်လေး ချစ်ဖို့ကောင်းပါတယ်”
သူပြောတာကို သက်သေပြရန်အတွက် ယွီဝမ်ချင်းက လက်ဆန့်ထုတ်လိုက်ရာ အစောတုန်းက ရန်လိုပုံပေါ်သော နွယ်ပင်တစ်ပင်သည် အိမ်မွေးတိရိစ္ဆာန်လေး တစ်ကောင်ပမာ လက်ပေါ်သို့ ရောက်လာ၏။
“ဗိုလ်ချုပ်ယွီ ဒါတွေကို ကျုပ်တို့နဲ့ ဝေးဝေးနေဖို့ ကျေးဇူးပြုပြီး ပြောပေးနိုင်မလား”
အရာရှိတစ်ဦးသည် သိမ်မွေ့ပြီး ယဉ်ကျေးသော လေသံဖြင့် ပြောလိုက်၏။
သူတို့က အိမ်စာကို လုပ်လာခဲ့ပြီး ထိုနွယ်ပင်များက ချောင်ယန်းနှင့် ထိပ်ဦးအဖွဲ့ဝင်များကို မထိဘဲ အနားသို့ ကပ်လာသည့် ကျန်သည့်သူများကို လည်ပင်းညှစ်ကြောင်း သူတို့သိထား၏။
“ကျွန်တော်ကို အဲ့လိုမခေါ်ပါနဲ့။ ကျွန်တော်က ဗိုလ်ချုပ်တစ်ယောက် မဟုတ်တော့ဘူး။ ကျေးဇူးပြုပြီး အထဲဝင်ခဲ့ပါ”
လုံလောက်အောင် ပြောပြီးသွားသောအခါ ယွီဝမ်ချင်းကလည်း လက်ဝှေ့ယမ်းလိုက်ရာ နွယ်ပင်များက နာနာခံခံဖြင့် နောက်ဆုတ်သွားလေ၏။ ဝေ့ခန်းသည် နွယ်ပင်များ သူ့ကိုမတိုက်ခိုက်တာ အတည်ပြုရန် ခြေတစ်လှမ်း လှမ်းပြီးမှ အတွင်းသို့ တုန်တုန်ယင်ယင်ဖြင့် လှမ်းသွားလိုက်၏။ ခြံဝင်းထဲသို့ ရောက်သည့်အချိန်၌ နောက်ကျောက ချွေးများရွှဲနေပြီဖြစ်သည်။ ရှင်းဖုန်း၏ တံခါး၌လည်း ထိုနွယ်ပင်များ ရှိနေကြောင်း မြင်တွေ့လိုက်ရချိန်၌ ပိုကြောက်လန့်သွား၏။ သူသည် အခွင့်မသာသည့် စတင်မှုတစ်မျိုး ဖြစ်နေကြောင်း သဘောပေါက်သွား၏။
ထိုစဉ် စွမ်းအားနယ်မြေထဲ၌ ဟေးယွီနှင့် စကားပြောပြီးနောက် ယွင်ချဲ့သည် ဉာဏ်အလင်း ပွင့်သွားတော့၏။ ချန်ချန်ကို ကျောက်စိမ်းစမ်းရေထဲ၌ စိမ်ခိုင်းဖို့ သူ၏အစီအစဉ်က မပြောင်းလဲသွားသော်ငြား ယွင်ချဲ့ကဲ့သို့ သန့်စင်သည့် စမ်းရေကို မသောက်ခိုင်းတော့ပေ။ သူက ချန်ချန်ကို ဖြည်းဖြည်းချင်း သွားစေ၏။ သို့မှသာ ချန်ချန်က နာကျင်မှု သိပ်မခံစားရမှာဖြစ်သည်။
“နည်းနည်းတော့ နာလိမ့်မည်။ ဒါပေမဲ့ သားမကြောက်ဘူးဆိုတာ ဦးဦးသိတယ်။ သားက စစ်သည်တော်လေးမလား ဟုတ်တယ်ဟုတ်”
ယွင်ချဲ့သည် ချန်ချန်ကို အဝတ်အစား ချွတ်ပေးပြီးနောက် ရေကူးဘောင်းဘီ တစ်စုံသာ ဝတ်ထားပေးခဲ့ကာ သူ၏လည်ပင်းပေါ်၌ ဘောကွင်းလေး ဝတ်ပေးထားလိုက်၏။ ဘဲပုံသဏ္ဌာန် ဘောကွင်းလေးနှင့် သူ၏ အိစက်သော အသားများကသူ့ကို ရယ်စရာ ကောင်းနေစေတော့သည်။ ဟေးယွီသည် ရယ်ချင်သော်ငြား မရယ်ရဲချေ။ သူက အကြည့်လွှဲထားရ၏။ သို့မှသာ ထိုမင်းသားလေးကို ရန်ထပ်မစမိမှာဖြစ်သည်။
“စစ်သည်တော်လေး မဟုတ်ဘူး အက်ထရာမန်းလေး”
ချန်ချန်သည် မျက်မှောင်ကျုံ့လျက် အမှန်ပြင်ပေးလိုက်သည်။ ယွင်ချဲ့က အမြန်ပြောလိုက်တော့၏။
“ဟုတ်တယ် သားက အက်ထရာမန်းလေး ကာတွန်းထဲမှာဆို အက်ထရာမန်းတွေက မကောင်းဆိုးဝါးတွေ ရိုက်တာခံရရင်တောင် နာလို့ဆိုပြီး ဘယ်တော့မှ မငိုဘူး။ သားလည်း ငိုမှာမဟုတ်ဘူးမလား။ ငိုမှလား”
ကမ္ဘာပျက်ကပ် မတိုင်မီက ဒီဗီဒီများ ကျေးဇူးကြောင့် ယွင်ချဲ့သည် ကာတွန်းဇာတ်ကောင်များအကြောင်း နောက်ပိုင်းတွင် သိနေပြီဖြစ်သည်။ အထူးသဖြင့် ဗားရှင်းမျိုးစုံရှိ အက်ထရာမန်းပဲဖြစ်သည်။
“မငိုဘူး သားငိုမှာမဟုတ်ဘူး နာမှာမကြောက်ဘူး”
ချန်ချန်က လိမ်လိမ်မာမာ ခေါင်းညိတ်ပြီး ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်၏။
“ကောင်းတယ် ဒါဆို ရေတူတူချိုးရအောင်”
ပြီးနောက် ယွင်ချဲ့သည် သူ့ကိုသယ်သွားလျက် ကျောက်စိမ်းစမ်းရေဆီ လျှောက်သွားလိုက်သည်။ သူက စမ်းရေအိုင်ဘေး၌ရပ်လျက် အသက်ပြင်းပြင်း တစ်ချက်ရှုကာ ထိုနေရာဆီသို့ လျှောက်သွားလိုက်၏။
“အေးလိုက်တာ”
အေးစက်သောရေများက ယွင်ချဲ့၏ ရင်ဘက်နား ရောက်လာသည်။ ဘောကွင်းကြောင့် ချန်ချန်သည် ကိုယ်ဖော့နေပြီး သူ၏ကိုယ်အောက်ပိုင်းကသာ ရေထဲရောက်နေလေ၏။ သူ့ဦးလေးဆီကနေ ရုန်းထွက်ပြီးနောက် ကူးသွားလိုက်တော့၏။
“ဦးဦး အရမ်းအေးတာပဲ”
သူက ရယ်မောလျက် ပျော်ရွှင်နေကာ ယွင်ချဲ့ကလည်း အလိုလိုရယ်မောမိတော့သည်။ စမ်းရေဘေး၌ ရပ်ကြည့်နေသော ဟေးယွီကလည်း ခွေးပေါက်လေးအသွင် ပြောင်းလဲပြီးနောက် အထဲသို့ ခုန်ဝင်လိုက်၏။
“အို ဦးဦးဟေးယွီက ဆိုးလိုက်တာ”
ရေများက ချန်ချန်၏ မျက်နှာပေါ် စင်သွားတော့၏။ သူ၏လက်ဖောင်းဖောင်းလေးများဖြင့် သုတ်လိုက်ပြီးနောက် ဟေးယွီကို ရေများပြန်ပက်တော့၏။
“အခုဆိုးသွားတဲ့ကလေးက ဘယ်သူလဲ။ ပြိုင်ဘက်ကင်းတဲ့ လက်သည်းတွေ ပြမယ်ကွာ”
“ဟား ဟား မလုပ်နဲ့ ကျေးဇူးပြုပြီး ဦးဦးဟေးယွီ ရပ်လိုက်တော့”
“မင်းစတာလေ ပြော ငါ့ကိုထပ်ပြီး တိုက်ခိုက်အုံးမလား”
“မလုပ်တော့ဘူး သားဘယ်တော့မှ ထပ်မလုပ်တော့ဘူး။ ဦးဦးလည်း ရပ်လိုက်တော့”
ချန်ချန်တိုက်ခိုက်တာ ခံရပြီးနောက် ဟေးယွီသည် ချက်ချင်းပင် နောက်ရောက်သွား၏။ သူ့ဆီရောက်လာသည့် ရေများကနေ ပြေးရန်နေရာမရှိဘဲ ချန်ချန်က တစ်ဖက်သို့လှည့်ပြီး တောင်းပန်လိုက်၏။ သို့သော်ဟေးယွီက မရပ်တန့်ပေ။ သူကဆက်လက် ကူးခတ်နေပြီး ချန်ချန်ကို ရေပက်နေ၏။ သူတို့သည် စနောက်နေခဲ့တာ ဖြစ်သော်ငြား ကိစ္စရပ်များက ထိန်းချုပ်မှု ကင်းမဲ့သွား၏။ ချန်ချန်သည် မျက်လုံးမဖွင့်နိုင်တော့ပေ။ ရေအချို့က သူ၏ပါးစပ်ထဲသို့ ဝင်သွားတော့၏။
“အာဟား ဦးဦးဟေးယွီ နာတယ်”
ချန်ချန်က ရုတ်တရက် စတင်တုန်ယင်လာ၏။ ဟေးယွီက ထိတ်လန့်သွားသည်။ ယွင်ချဲ့ကလည်း အမြန်ရေကူးလာ၏။
“လခွမ်း ချန်ချန်က စမ်းရေတချို့ သောက်မိသွားပြီ”
ယွင်ချဲ့သည်အမြန် ချန်ချန်ကိုသယ်လျက် ကမ်းခြေဆီ ကူးခတ်သွား၏။ ချန်ချန်သည် စမ်းရေအပျော့နှင့် စတင်သင်ပြီး သူ၏ခန္ဓာကိုယ်ကို စတင်ပုံမသွင်းခင် သန့်စင်သော စွမ်းအင်ကို မသုံးစွဲခင် ၎င်းကို အသားကျအောင် လုပ်ရမှာပဲဖြစ်သည်။ ထိုနည်းဖြင့်သူက နာကျင်မှု သိပ်မခံစားရတော့မှာမဟုတ်။ သို့သော် ယခုမူ
“ဦးဦးနာတယ်”
ချန်ချန်၏ နှုတ်ခမ်းများက တုန်ယင်နေပြီး နာကျင်မှုကြောင့် အသံတုန်ယင်နေ၏။ ယွင်ချဲ့ကသူ့ကို တင်းကြပ်စွာ ဖက်ထားလိုက်၏။
“အဆင်ပြေသွားမှာပါ နာကျင်မှုက မကြာခင် ပျောက်သွားလိမ့်မယ်။ ခဏလောက် သည်းခံထားလိုက်။ နာကျင်မှုမရှိတော့တာနဲ့ သားကဦးဦးလို သန်မာလာပြီး အက်ထရာမန်းလေး မဖြစ်ချင်ဘူးလား။ အက်ထရာမန်း အစစ်ဖြစ်ဖို့ဆိုရင် နာကျင်မှုအချို့ကို ဖြတ်ကျော်ရမယ်”
ယခုအချိန်တွင် ယွင်ချဲ့ကသူ့ကို နှစ်သိမ့်ရုံမှတပါး ကျန်တာမလုပ်နိုင်ပေ။ သူသာထိုအရာကို ဖြတ်ကျော်နိုင်သ၍ နောက်ပိုင်း၌ ပိုလွယ်ကူသွားလိမ့်မည်။
“အင်း မနာတော့ဘူး သားသည်းခံမယ်”
နာကျင်မှုသည် သူ့ကိုတုန်ယင်စေပြီး ထစ်အစေသော်ငြား ချန်ချန်သည် မာကြောသည့် ကလေးတစ်ယောက်ဖြစ်ရန် ကြိုးစားနေသေးဆဲဖြစ်သည်။ မျက်လုံးထဲကနေ မျက်ရည်များ ကျလာ၏။ သို့သော်သူက နှုတ်ခမ်းတင်းတင်းစေ့ထားကာ လူးလိမ့်မနေတော့ပေ။ သူက ယခုအချိန်တွင် သနားစရာ ကောင်းနေလေ၏။
“သခင် ကျွန်တော်သွေး သူ့ကိုတိုက်လိုက်ရင်ရော”
ထိုအရာအားလုံးအတွက် တာဝန်ရှိသည်ဟု ခံစားရသော ဟေးယွီက ရင်နာနေလေ၏။ သူ၏သခင်အပြင် ချန်ချန်က သူအနှစ်သက်ဆုံးဖြစ်၏။ ချန်ချန်လေးသည် အင်မတန် နာကျင်နေချိန်၌ တင်းခံရန် ကြိုးစားနေသည်ကို မြင်ရတာ ရင်နာစရာကောင်းလှပေ၏။
“မင်းရဲ့သွေးက သူ့ရဲ့နာကျင်မှုကို မပျောက်စေနိုင်ဘူး။ စိတ်ထဲမထားနဲ့ ဖြစ်တာက ဖြစ်ပြီးသွားပြီ။ ငါတို့သူနဲ့ အတူရှိပေးဖို့ပဲလိုတာ”
ယွင်ချဲ့က တီးတိုးပြောလိုက်၏။
“ချန်ချန် ငိုချင်ရင်ငိုလိုက်။ ငိုတာက အားနည်းတဲ့ လက္ခဏာမဟုတ်ဘူး။ နာကျင်မှုကို သာမာန်တုန့်ပြန်တာပဲ”
“တကယ်လား”
ချန်ချန်သည် ယွင်ချဲ့ကို မျက်ရည်များ ရစ်ဝဲလျက် ကြည့်လိုက်၏။ သူသည် ငိုနိုင်သည်ဆိုသည့် စကားမှအပ ကျန်သည်ကို မကြားနိုင်တော့ပေ။
“ဒါပေါ့ ငိုလေ ဦးဦးဟေးယွီနဲ့ ဦးဦးက ဒီမှာရှိနေမှာ”
သူပြောတာ မပြီးသေးခင် ချန်ချန်က စတင်အော်တော့သည်။ သူ၏နူးညံ့သော အရေပြားများအောက်၌ တစ်ရှုးများက ရွေ့နေတာကိုမြင်ရပြီး သုံးနှစ်အရွယ် ကလေးအတွက် နာကျင်နေတာ ဖြစ်ရမည်။ ယွင်ချဲ့နှင့် ဟေးယွီက ရင်နာလာလေ၏။ သို့သော်ငြား သူတို့သည် နာကျင်မှုကို မရပ်တန့်နိုင်ပေ။ ချန်ချန်၏အသံက အက်ကွဲလာပြီး မျက်ရည်များက ထွက်လာ၏။ သူသည် ယွင်ချဲ့၏လည်ပင်းကို ကိုင်ထားလျက် ရှိုက်ငိုနေကာ လွှတ်ပေးရန် ငြင်းဆန်နေသည်။
နှစ်နာရီခန့် ကြာပြီးနောက် ချန်ချန်၏ ရှိုက်နေသောအသံသည် နောက်ဆုံး၌ တိုးသွားပြီးနောက် သူ့အရေပြားအောက်ရှိ လှုပ်ရှားမှုများကလည်း ရပ်တန့်သွားသည်။ သူ၏ခန္ဓာကိုယ်သည် အနက်ရောင် အညစ်အကြေးများဖြင့် လွှမ်းနေ၏။ ယခင်က တူညီသည့် အတွေ့အကြုံ ရှိပြီးသောကြောင့် ယွင်ချဲ့သည် သက်ပြင်းချလိုက်ကာ သူ့ခန္ဓာကိုယ်ကို သုတ်ပေးရန် တဘတ်တစ်ထည်ကို ထုတ်လိုက်သည်။ တစ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ချန်ချန်၏ ယောင်ကိုင်းနေသော မျက်ဝန်းများသည် ပုံမှန်အတိုင်း ပြန်ဖြစ်လာတော့၏။ သူကမျက်လုံးဖွင့်ကာ နှုတ်ခမ်းဆူလိုက်တော့သည်။
“ဦးဦး”
သူ၏အက်ကွဲနေသော အသံသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သို့သော်သူ၏ လေသံ၌ မကျေမချမ်းဖြစ်မှုများ ပြည့်နေ၏။
“အခုအားလုံး အဆင်ပြေသွားပြီ ထပ်မနာတော့ဘူး”
အနည်းငယ် ရင်နာနေလျက် ယွင်ချဲ့သည် သူ့ကို ပွေ့ဖက်ထားကာ နောက်ကျောကို သပ်ပေးလိုက်၏။ ယွင်ချဲ့အတွက် ကုန်လွန်သွားသည့် နှစ်နာရီသည် ငြင်းပန်းမှုဖြစ်ခဲ့သည်။ ကံကောင်းသည်မှာ ချန်ချန်က ဖြတ်ကျော်နိုင်ခဲ့၏။
“ချန်ချန် ဒါအားလုံး ငါ့အမှားပါ။ မင်းကို ပြန်ပေးဆပ်မယ်။ နယ်မြေထဲကို လိုက်ပြမယ်လေ”
ဟေးယွီက အနားကပ်ပြီး ပြောလိုက်၏။ သူသည် အပြစ်ရှိသလို ခံစားခဲ့ရတာ မည်မျှကြာသွားပြီနည်း။ သူသည် စွမ်းအားနယ်မြေ၏ အစောင့်အရှောက် သားရဲဖြစ်လာချိန်မှစပြီး ဤနေရာ၏ ဘုရင်တစ်ပါး ဖြစ်ခဲ့သည်။ သူ့ကို မည်သူကများ အပြစ်ရှိသလို ခံစားရစေမည်နည်း။ သူ့သခင်နောက်လိုက်ပြီး အပြင်လောကသို့ ထွက်လာချိန်၌ မည်သူ့ကိုမှ မကြောက်ခဲ့ဖူးပေ။ နှစ်ပေါင်းထောင်ချီရင်းကာ ပထမဆုံးအကြိမ်ဖြစ်၏။
“အမ်း ဟုတ်ပြီလေ”
ချန်ချန်က ခေါင်းညိတ်လျက် လှည့်ပတ်ကြည့်လိုက်သည်။ သူသည် နာကျင်မှုကို မခံစားရတော့ဘဲ သက်တောင့်သက်သာဖြစ်မှုနှင့် အေးဆေးမှုကိုသာ ခံစားရတော့သည်။
“အဝတ်အစား ဝတ်ကြရအောင်”
ယွင်ချဲ့ကလည်း စိတ်သက်သာရာ ရသွား၏။ သူသည် ချန်ချန်ကို ကမ်းစပ်သို့ ခေါ်သွားပေးပြီးနောက် ဂျင်းဘောင်းဘီနှင့် အနက်ရောင်တီရှပ် ဘိုးဖိနပ်တစ်စုံ ဝတ်ပေးလိုက်၏။ ဖွင့်ထွားထွား ကောင်လေးသည် ချက်ချင်းပင် ချောမောသည့် လူကြီးလူကောင်းလေး ဖြစ်သွားတော့၏။ ယွင်ချဲ့သည် သူ၏ဆံပင်ကို လေမှုတ်ပေးပြီးနောက် ချန်ချန်သည် အစောတုန်းက နာကျင်မှုကို မေ့သွားကာ ဟေးယွီကို စွမ်းအားနယ်မြေထဲ ပတ်ပြရန် ပူဆာနေတော့၏။
“သွားပျော်လိုက်အုံး ဦးဦးအပြင်ခဏထွက်ပြီး သားရဲ့အမေအတွက် ငါးဖမ်းအုံးမယ်။ ပြီးမှပြန်လာခဲ့မယ်”
“ဟုတ်”
ဟေးယွီ၏ကျောပေါ်၌ ထိုင်နေပြီး ချန်ချန်သည် ယွင်ချဲ့ပြောတာကို အာရုံသိပ်မစိုက်ဘဲ ယခုအချိန်တွင် သူအာရုံစိုက်သည်က စွမ်းအားနယ်မြေထဲ၌ လျှောက်သွားရန်သာဖြစ်၏။ ဟေးယွီသည် ချန်ချန်ကို သေချာကိုင်ထားရန် သတိပေးပြီးနောက် ဖြတ်ကနဲ ထွက်သွားတော့၏။ ယွင်ချဲ့က ထိုကလေးသည် နာကျင်မှုကို မေ့လျော့သွားပြီး မြန်မြန်ဆန်ဆန် စိတ်လှုပ်ရှားလာသည်ကို သူအံ့သြသွားသောကြောင့် ခေါင်းခါလိုက်မိ၏။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset