YMR- အခန်း ၁၇၆

အခန်း ၁၇၆။

ယွင်ချဲ့က အဆင့်ထပ်တက်သွားပြန်ပြီလား တောင်ပေါ်ခြေလျင်တက်ခြင်း
သူတို့သည် ကိုယ်ပျောက်စွမ်းအားရှင်ကို ဖြေရှင်းပြီး အရှုပ်အထွေးများကို သန့်ရှင်းပြီးနောက် တစ်နာရီကျော်ခန့် အချိန်ကုန်သွားလေ၏။ မနက်ခင်း၌ တင်းမာမှုကို တွေ့ကြုံပြီးနောက် ယွင်ယောင်နှင့် ဝမ်စူးဟွာတို့က ချက်ပြုတ်ရန် စိတ်မပါတော့ပေ။ ထို့ကြောင့် ယွင်ချဲ့သည် နေ့လယ်စာအတွက် ဟင်းသီးဟင်းရွက်တချို့ ထုတ်လိုက်၏။ လန်ယဲ့ဟန်က ယွင်ချန်းကိုပြန်ခေါ်လာသည့်အချိန်၌ အားလုံးက ဘာမှမဖြစ်ခဲ့သည့်ပမာ tabletနဲ့ ဆော့ကစားနေသေးသော ယွင်ချန်းကို စိုက်ကြည့်နေကြသည်။
“သူစိတ်မလွတ်ဘူးလား”
ဖုတ်ကောင်၏သဘာဝသည် လတ်လတ်ဆတ်ဆတ်သွေးကို တုံ့ပြန်၏။ အမှန်တကယ်တွင် အဆင့်မြင့် ဖုတ်ကောင်တစ်ကောင်သည် သူ၏ဆန္ဒကို ဖိနှိပ်နိုင်နေကြဖြစ်သော်ငြား ယွင်ချန်းသည် နောက်ဆုံးအခေါက်က လုဟိုင်ရွှမ်း၏မိခင် သွေးထွက်တာကို မြင်ချိန်၌ ပြင်းထန်သည့်တုံ့ပြန်မှု ရှိခဲ့သည်။ ပြန်လည်ကောင်းမွန်ရန်အတွက် သလင်းအမြုတေများစွာ စားသုံးရမည်။ ယခုအခေါက်တွင် အဘယ်ကြောင့် မကောင်းသည့်တုံ့ပြန်မှု မပြသနည်း။
“မဖြစ်ဘူး”
လန်ယဲ့ဟန်က ပြန်ပြောပြီးနောက် ယွင်ချန်းကို ထိုင်ရန်ခေါ်လိုက်လေသည်။ သူက ယွင်ချန်းကို လွန်ခဲ့သည့်တစ်နာရီတုန်းက ဘေးအခန်းသို့ ခေါ်သွားစဉ် တစ်ချိန်လုံး ယွင်ချန်းကို စိုးရိမ်ပူပန်စွာ ကြည့်နေခဲ့ပြီး တသ်ဖက်သူ ရုတ်တရက် စိတ်လွတ်သွားမှာကို စိုးရိမ်နေခဲ့၏။ သို့သော်ငြား ယွင်ချန်းက ဗီဒီယိုဂိမ်း ဆက်တိုက်ဆော့နေပြီး ရံဖန်ရံခါ၌ ခါတိုင်းလိုပင် သူ့ပါးစပ်ထဲ သလင်းအမြုတေတစ်လုံးထည့်ကာ ဆိုးရွားသည့်တုံ့ပြန်မှု မပြပေ။
“သူလတ်တလောမှာ အဆင့်သုံး သလင်းအမြုတေ စားနေတာ သူ့အဆင့် ထပ်တက်သွားတာဖြစ်နိုင်တယ်”
ယွင်ချန်းကို ဂရုတစိုက် လေ့လာနေစဉ် ယွင်ချဲ့က သူ မသေချာမရေရာသည့် ကောက်ချက်တစ်ခုကို ချလိုက်၏။ ယခင်ဘဝတုန်းက သူတွေ့ဆုံခဲ့ဖူးသည့် အဆင့်အမြင့်ဆုံးဖုတ်ကောင်သည် အဆင့်ခုနှစ်ပဲဖြစ်၏။ အဆင့်ခုနှစ်ဖုတ်ကောင်၏ ဉာဏ်ရည်သည် ဆယ်ကျော်သက်တစ်ဦးနှင့် ဆင်တူသည်။ သူတို့ထဲက အချို့သည် သွေးမြင်လျှင် တည်ငြိမ်နေနိုင်၏။ သို့သော် သွေးကို မဆာလောင်ဟု မဆိုလိုပေ။ သူတို့က ချေးများလာတာပဲဖြစ်သည်။ သာမန်အသားက သူတို့၏စားချင်စိတ်ကို မနှိုးဆွနိုင်ပေ။ သူတို့သည် အဆင့်မြင့်သလင်းအမြုတေများနှင့် စွမ်းအားရှင်များ၏ ဦးနှောက်ကိုသာလျှင် စိတ်ဝင်စား၏။
ယွင်ချန်း၏ကိစ္စကမူ အတော်လေး ကွဲပြားပေ၏။ သွင်ပြင်ကို အကဲဖြတ်ကြည့်လျှင် သူက အဆင့်တစ်ဆယ် ရောက်နေလောက်ပြီဖြစ်သည်။ အဆင့်တစ်ဆယ် ဖုတ်ကောင်သာလျှင် မျက်ဝန်းနီများရှိ၏။ သို့သော် သူ၏အတွင်းအားက ထိုမျှ အဆင့်မမြင့်ပေ။ သူ၏အမှန်တကယ်အဆင့်က အလွန်ဆုံးမှ အဆင့်ခြောက်တွင်သာရှိမည်။ သူသည် ရက်အနည်းငယ်အတွင်း အဆင့်ခုနှစ်သို့ တက်နိုင်သည်လော။ သို့တွင်မဟုတ် သူသည် အဆင့်ခုနှစ် အစောပိုင်းနား ကပ်နေပြီဖြစ်နိုင်၏။ လတ်တလော၌ ယွင်ချဲ့သည် သူ့အတွက် စမ်းရေများ သောက်သုံးခိုင်းခဲ့သည်။ ပြီးနောက် သူ့ကို အဆင့်သုံး သလင်းအမြုတေ ပမာဏများစွာပဲ ကျွေးခဲ့ရာ အဆင့်ခုနှစ်သို့ ချိုးဖျက်တက်ရန် ကူညီပေးနိုင်ခဲ့တာပဲဖြစ်သည်။
“မင်းရဲ့ လေဇယားကွက်မှာ ကြည့်လို့မရဘူးလား”
သူ၏လေသံထဲရှိ မသေချာမရေရာမှုကိုအာရုံခံမိပြီး ရှင်းဖုန်းက မေးလိုက်၏။ ယွင်ချဲ့က ခေါင်းခါလိုက်သည်။
“ခင်ဗျားသိတဲ့အတိုင်း သူ့ရဲ့သွင်ပြင်က အဆင့်မြင့်အတင့်ကို ရောက်နေပြီ ပြီးတော့ လေဇယားကွက်မှာ သူ့ကိုကိုယ်စားပြုတဲ့ အနီရောင်အစက်က အမြဲတမ်းကြီးနေတာ ဒါကြောင့် အနီရောင်အစက်ရဲ့ အရွယ်အစားကနေ သူ့ရဲ့အဆင့်အစစ်အမှန်ကို အပြောနိုင်ဘူး”
“ထားလိုက်တော့ အခု သေချာဖို့မှမလိုတာ တစ်ခါတလေ သူ့ကိုအပြင်ခေါ်သွားမယ် လတ်လတ်ဆတ်ဆတ်သွေးတွေကို သူစိတ်ဝင်စားမှု မရှိတော့ဘူးလားဆိုတာ ကြည့်ရတာပေါ့ စိတ်ဝင်စားမှု မရှိတော့ဘူးဆိုရင် ငါတို့အတွက် သတင်းကောင်းပဲလေ”
ရှင်းဖုန်းက သူထိုင်အောင် ဆွဲချလိုက်ပြီးနောက် နှစ်သိမ့်လိုက်၏။ လတ်လတ်ဆတ်ဆတ် သွေးအပေါ် ယွင်ချန်း၏ ထိန်းချုပ်မရသည့် စိတ်ဆန္ဒက သူတို့အတွက် ပြဿနာတစ်ရပ် အမြဲတမ်းဖြစ်ခဲ့၏။ ၎င်းကို သူကျော်လွှားနိုင်မည်ဆိုလျှင် သူတို့၏ကိုယ်ပိုင်ဓာတ်ခွဲခန်းသည် ဖုတ်ကောင်များအပါ် သုတေသနပြုရန် ယာယီပင် ချိတ်ထားနိုင်ပြီး သလင်းအမြုတေကို စတင်လေ့လာနိုင်မှာပဲဖြစ်သည်။
“အင်း အင်း ဒါဆို ဘယ်လိုပဲဖြစ်ဖြစ် တောင်ပေါ်ခြေလျင် သွားရမှာပဲလေ ချန်းနဲ့အတူ သွားရအောင်လား သူ အဲ့ဒီမှာ စိတ်ဖောက်သွားရင် ဘယ်သူမှ ရှာတွေ့မှာမဟုတ်ဘူး”
ယွင်ချဲ့က ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်၏။ ချန်း၌ ထူးခြားသော အခြေအနေတစ်ခုရှိပြီး ယွင်ချဲ့အားမထုတ်ဖော်နိုင်သည့် ကိစ္စများစွာရှိ၏။ သူတို့က တစ်လမ်းစီ စမ်းတဝါးဝါး သွားရုံသာရှိ၏။
“တောင်ပေါ်ခြေလျင် တက်မှာလား”
ရှင်းဖုန်းက အံ့ဩသွားလေ၏။
သူ့လက်ထဲက ကိစ္စတွေပြီးမှ တောင်ပေါ်ခရီးထွက်ဖို့ သူတို့သဘောတူထားတာ မဟုတ်ဘူးလား။
ကျန်သည့်သူများက ယွင်ချဲ့ကို သိချင်စိတ်ဖြင့် ကြည့်လိုက်ကြသည်။ တောင်တန်းသည် အတော်လေးငြိမ်းချမ်းသည်ဟု သိထားသော်ငြား ထိုနေရာများသည် မြို့များထက် ပိုအန္တာရာယ်များ၏။ အခြေစိုက်စခန်းနောက်ရှိ လုံးမန်းဒေသသည် များ‌စွာသော တောင်တန်းများနှင့်ဆက်နွယ်နေပြီး တောင်တန်းဒေသ တစ်ခုလုံးသည် မိုင်တစ်သောင်းကျော် ဆန့်တန်း၏။ ကမ္ဘာပျက်ကပ် မတိုင်မီကတောင် လူအနည်းစုသာလျှင် တောင်တန်းဒေသအတွင်းသို့ သွားရဲတာဖြစ်သည်။ အစက လူအချို့သည် အမဲလိုက်ရန် ဖိုနေရာသို့ သွားခဲ့သော်ငြား မည်သူမှ ပြန်မလာခဲ့ကြပေ။ တဖြည်းဖြည်းချင်းနှင့် ထိုနေရာကို မည်သူမှ ထပ်ထွက်မသွားရဲတော့ပေ။
“ကိုယ်ပျောက်စွမ်းအားရှင်ကို ဖြေရှင်းဖို့ နည်းရှိလားလို့ မေးတာမှတ်မိသေးလား”
ယွင်ချဲ့က ရှင်းဖုန်းကို တစ်ချက်ကြည့်ပြီးနောက် ခုံကို မှီလိုက်တော့၏။
“လုံမန့်ဒေသထဲမှာ အရိုးဆွေးသွေးနွယ်လို့ခေါ်တဲ့ သန္ဓေပြောင်း အပင်တစ်မျိုးရှိတယ်၊ သူ့ရဲ့နာမည်ကနေ လုပ်ဆောင်ချက်ကို ခင်ဗျားပြောနိုင်ပါတယ် သွေးနွယ်တချို့ကိုယူပြီး သူတို့ကို ငါတို့အစုထဲမှာ စိုက်ထားမလို့လေ အထူးသဖြင့် ငါတို့ဗီလာမှာပေါ့ အဲ့ဒီအပင်တွေက အနားကပ်လာတဲ့သူတွေကို လည်ပင်းညစ်ပြီးမျိုချပစ်တာ သွေးနွယ်က အမှောင်စွမ်းအားရှင်တွေကို ဖမ်းဖို့အတွက် အထိရောက်ဆုံး ကိရိယာပဲ၊ အဲ့ဒီအပင်တွေက ငါတို့ကို ထိခိုက်စေဖို့ စိုးရိမ်စရာမလို့ဘူး ငါတို့က သူ့အမြစ်ပြုတ်ရည်ကို သောက်ထားရင် သူတို့က ငါတို့ကို မတိုက်ခိုက်ဘူး”
သွေးနွယ်များသည် သက်ရှိများကို ဝါးမျိုရုံသာမက လူသေကောင်များနှင့် ဖုတ်ကောင်များကိုလည်း ဝါးမျို၏။ သူယခင်ဘဝတုန်းက အခြေစိုက်စခန်းများစွာသည် သူတို့နံရံ အပြင်ဘက်၌ သွေးနွယ်များ စိုက်ပျိုးထားကြောင်း မှန်မိ၏။ ဖုတ်ကောင်များသည် ဖိုအပင်များနားတောင် ကပ်တောင်မကပ်ရသေးခင် လည်ပင်းညစ်ခံထားရပြီး အမျိုခံလိုက်ရ၏။
“ဟုတ်ပြီ ဒီအပင်က ငါတို့လိုနေတာပဲ ဒါပေမဲ့ လုံခြုံရေးအတွက် တောင်တန်းဒေသထဲကို မင်းတို့သုံးယောက်ပဲသွားရင် လုံခြုံပါ့မလား”
ယဲ့ရှင်းချန်က သူတို့ကို လက်ညှိုးထိုးလိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။ ရှင်းဖုန်းနှင့် ယွင်ချဲ့သည် အဖွဲ့နှစ်ဖွဲ့၏ အဓိကပဲ ဖြစ်သည်။ သူတို့ တစ်စုံတစ်ခု ဖြစ်သွားပါက နှစ်ဖွဲ့လုံး ကြောက်လန့်နေရလိမ့်မည်။
“ငါမင်းနဲ့ လိုက်မယ်”
လန်ယဲ့ဟန်က တွေဝေမနေဘဲ ပြောလိုက်၏။ မည်သည့်နည်းနှင့်မဆို သူ မပါဘဲ အန္တရာယ်များသည့် ခရီးစဉ်ကို ယွင်ချန်းအား သွားခွင့်မပေးနိုင်ပေ။ ထို့အပြင်သူက ယွင်ချဲ့ဘေးကင်းကြောင်း အတည်ပြုချင်၏။
“ငါရော”
“စိတ်အေးအေးထားပါ အားလုံးပဲ”
ကျန်သည့်သူများက သူတို့နှင့်လိုက်ရန် ကြိုးစားနေသောအခါ ယွင်ချဲ့သည် ထိုလူများကိုတားရန် လက်ဝှေ့ရမ်းလိုက်၏။
“ယဲ့ဟန်က ငါတို့နဲ့လိုက်မယ်၊ ကျန်တဲ့သူတွေက အိမ်မှာနေ တကယ်တော့ တောင်တန်းဒေသက အန္တရာယ်များတယ်၊ ဒါပေမဲ့ တောရိုင်းတိရစ္ဆာန်တွေအားလုံး ဟေးယွီကို ကြောက်တယ်ဆိုတာ မင်းတို့ မှတ်မိသင့်တယ် သန္ဓေပြောင်းအပင်တွေအတွက်တော့ အများစုက ဒုက္ခမပေးနိုင်၊ဘူး တချို့ကပဲ လူတွေကို တိုက်ခိုက်တာ တကယ်တော့ ငါတို့ကိုတိုက်ခိုက်မဲ့ အဲဒီအပင်‌တွေကို လိုချင်နေတာလေ၊ ဒါမှ သန္ဓေပြောင်းအပင်တွေက အဆင့်နိမ့်နေသေးတဲ့အချိန် သစ်ပင်နှလုံးသားတချို့ကို ရနိုင်မှာပေါ့၊ ဟုတ်ပြီ ရှင်းချန်း မင်းရဲ့ဝံပုလွေဘုရင်ကို ငှားဖို့လိုအပ်တယ် ငါတို့ နေ့လယ်စာစားပြီးရင်ထွက်မယ် ပြီးတော့ ညနေမစောင်းခင် ပြန်လာချင်ရင် ဟေးယွီနဲ့ ဝံပုလွေဘုရင်ကို ငါတို့နဲ့အတူ သွားခိုင်းမှရမယ်”
“ဟုတ်ပြီ ဂရုစိုက်အခြေအနေက မဟန်ရင်ပြန်လာခဲ့ ငါတို့မနက်ဖြန်မှ အတူသွားကြမယ်”
သူ၏အကြည့်ကို ဆုံကြည့်ပြီးနောက် ယဲ့ရှင်းချန်သည် သူ၏ဆုံးဖြတ်ချက်ကို တွန့်တွန့်ဆုတ်ဆုတ်ဖြင့် လက်ခံလိုက်ကာ ဂရုတစိုက် မှာကြား၏။ သူစိုးရိမ်ပူပန်နေသည်က ယွင်ချဲ့၏ဘဝသည် သူတို့ထက် ပိုအရေးကြီး၏။ ယွင်ချဲ့သည် သူ၊ဇယ်ယွီ၊ ယဲ့ဟန်၊ ကျန်းရှန်တို့အတွက် အဓိက ပင်မထောက်တိုင်ဖြစ်၏။ အားလုံး၏အသက်က သူ့အပေါ် မူတည်နေသည်။ ယွင်ချဲ့ သူတို့နှင့် ရှိနေသ၍ သူတို့သည် အခက်အခဲများကို ကျော်လွှားရန် အကန့်အသတ်မဲ့ စွမ်းအားရှိနေလိမ့်မည်။ ယွင်ချဲ့က‌သာ သူက အကယ်၍ဟူသည့်စကားလုံးကို မစဉ်းစားတော့ပေ။ ယွင်ချဲ့က ပြိုင်ဘက်ကင်းသည်ဟု သူယုံကြည်သည်။ သူယွင်ယောင်ကို အမြဲတမ်း ပြောခဲ့သည့်အတိုင်း ယွင်ချဲ့ကို သတ်နိုင်သည့်သူက မမွေးဖွားသေးပေ။
“အင်း ဟင်း”
ခေါင်းညိတ်ပြီးနောက် ယွင်ချဲ့က သူက ခြေဆန့်ရန် မတ်တပ်ထရပ်လိုက်၏။ ကိုယ်ပျောက်စွမ်းအားရှင်ကို သူတို့ဖြေရှင်းပြီး နောက်ထပ်ဗျူဟာကို ချမှတ်ပြီးနောက် မနက်ခင်းက မကောင်းသည့် စိတ်အခြေအနေသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ယခုအချိန်၌ လူအချို့အတွက် စိတ်ပျက်ရမည့်အလှည့် ရောက်လာ၏။ သူတို့ထဲမှတစ်ယောက်က ဝမ်စစ်တပ်ပဲဖြစ်သည်။ အိုင်တီကျွမ်းကျင်သူ ယွီဝမ်ချင်းက သူ၏ကျွမ်းကျင်မှုကိုသုံးကာ နိုင်ငံခြား ဂြိုဟ်ထုကွန်ရက်ကို ဟက်ပြီးနောက် ဝမ်စစ်တပ်ကို ဗီဒီယိုပို့ပေးလိုက်၏။ ဝမ်ဝေ့သည် ဗီဒီယိုကို ရသည့်အချိန်၌ သူ၏ရုံးခန်းထဲရှိ ကွန်ပျူတာကို ချေမွပစ်လိုက်ကာ ဗိုလ်ချုပ်များအားလုံးကို ဒေါသတကြီး စုဝေးလိုက်၏။ သူ့လူများကို သူတို့ထပ်ဖွဲ့ထဲ ထိုးဖောက်ဝင်ရောက်လာသော ကိုယ်ပျောက်စွမ်းအားရှင်အများအား ရှာရန် အမိန့်ပေးလိုက်တော့၏။ သူကဝေ့စစ်တပ်ကို ထိုအတွက် ပြန်ပေးဆပ်ရအောင်လုပ်မည်ဟု ဆုံးဖြတ်ချက်ချထားသည်။
တစ်ဖက်တွင်မူ ဝေ့စစ်တပ်သည် ကျောင်းတစ်ကျောင်း တည်ဆောက်မည့် အစီအစဉ်ကို ကြေညာပြီးနောက် ချီးကျူးမှုများစွာ ရခဲ့၏။ ဝမ်ခမ်းသည် ပါးစပ်မှ နားရွက်တက်ချိတ်သည်အထိ ရယ်မောနေခဲ့ကာ ကျန်သည့် ကိုယ်ပျောက်စွမ်းအားရှင်နှစ်ယောက်ကို ပို့သင့်သလားဟု တွေးနေသည်။ သူသည် တပ်ဖွဲ့နှစ်ဖွဲ့၊ အစိုးရနှင့် ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ ပြစ်မှတ်ထားတာ ခံနေရမှန်း သဘောမပေါက်ပေ။ ယနေ့ပြီးနောက် သူထပ်မရယ်နိုင်လောက်ပေ။
နေ့လယ်စာစားပြီးနောက် ယဲ့ရှင်းချန်နှင့် ကျန်းရှန်တို့က ချန်ချန်ကိုခေါ်လျက် အပြင်သို့ လမ်းလျှောက်ထွက်ရန် ခေါ်သွားချင်သည်။ ချန်ချန်က နောက်လှည့်ကြည့်လိုက်ရာ ဆိုဖာပေါ်၌ ယွင်ချဲ့ထိုင်နေပြီး ထရပ်မည့်ပုံ မရှိတာကို မြင်သောအခါ သူကမေးလိုက်၏။
“ဦးဦးက သားတို့နဲ့ မလိုက်ဘူးလား”
ယနေ့သူသည် ကျောင်းသွားရန် မလိုအပ်ပေ။ သူ့ဦးလေးနှင့် နေချင်၏။
“သားဦးဦးက အလုပ်များနေတာ လိမ်လိမ်မာမာနေချန်ချန် ဦးလေးကျန်းနဲ့ ဦးက သားနဲ့ လမ်းလျှောက်ထွက်ပေးမယ် ညနေကျ သားဦးလေးနဲ့ ဆော့လို့ရတာပဲ”
ယဲ့ရှင်းချန်က ဆောင့်ကြောင့်ထိုင်လျက် ကလေး၏လည်စည်းကို ညှိပေးလိုက်၏။ အိမ်ထဲရှိ အမျိုးသမီးများနှင့် ယွင်ချဲ့စုဆောင်းထားသည့် များစွာသော ကလေးအဝတ်အစားများစွာကြောင့် နေ့စဉ်နေ့တိုင်း ချန်ချန်သည် မတူညီသည့်ပုံစံများ ဝတ်စားတတ်၏။ သူ၏ပြည့်ဖြိုးဖြိုးသွင်ပြင်က ချစ်စဖွယ်ကောင်းနေပြီဖြစ်ရာ လူကြီးလူကောင်းဝတ်စုံ၊ သို့မဟုတ် တိရစ္ဆာန်ဝတ်စုံလေးများက သူ့ကိုပိုပြီး ချစ်စဖွယ်ကောင်းစေ၏။
“ဟုတ်”
သူက တွန့်ဆုတ်နေသော်ငြား ခေါင်းညိတ်လိုက်သေး၏။ ယဲ့ရှင်းချန်က သူ့ခေါင်း‌ကို ချစ်ခင်ရင်းနှီးစွာ ပွတ်သပ်လျက် လက်ကိုင်လိုက်ပြီး အစောတည်းက ချန်ချန်၏လက်တစ်ဖက်ကို ကိုင်ထားသော ကျန်းရှန်က ယဲ့ရှင်းချန်၏တစ်ဖက်သို့သွားကာ ယဲ့ရှင်းချန်၏လက်ကို ကိုင်လိုက်၏။ သူတို့လက်များ အတူချိတ်ထားလေရာ ယဲ့ရှင်းချန် လှည့်ကြည့်လိုက်သည့်အကြည့်တွင် ကျန်းရှန်ကသူ့ကို တောက်ပစွာပြုံးနေလျက် လောကကြီးရှိ အလှပဆုံး ပန်းထက်‌တောင်ပို နှစ်လိုကောင်းသည့် တောက်ပသောအပြုံမျိုး ပြုံးပြနေတာ တွေ့လိုက်ရ၏။
“သွားကြမယ်”
ယဲ့ရှင်းချန်သည် သူက ကျန်းရှန်အပြုံး၏ ငြို့ငင်မှုကို မခုခံနိုင်မှန်းသိနေသောကြောင့် ရုန်းရန် မကြိုးစားတော့ပေ။ ကျန်းရှန်၏လက်နှင့် ချန်ချန်၏လက်ကိုတွဲလျက် ယဲ့ရှင်းချန်က ခြံဝန်းထဲကနေ သူတို့နှင့်အတူ ပျောက်သွားတော့၏။
“ငါတို့ထွက်ဖို့ အချိန်ကျပြီ”
မော့စစ်တပ်က ပို့ပေးသည့်ဖိုင်များ ဖတ်ပြီးနောက် ယွင်ချဲ့က ထရပ်တော့သည်။ ရှင်းဖုန်းနှင့် လန်ယဲ့ဟန်ကလည်း ထရပ်လိုက်၏။ ယွင်ချန်းကခုန်လာကာ သူ့အစ်ကို၏လက်မောင်းကို ဆုပ်ကိုင်လျက် ပြောလိုက်၏။
“ချဲ့ ငါတို့ဘယ်သွားမလို့လဲ”
သူသည် လတ်တလော၌ အင်တာနက် စွဲလမ်းနေတာပဲဖြစ်သည်။ ကမ္ဘာပျက်ကပ်မတိုင်မီက သူလုပ်ထားသည့် ဗီဒီယိုများအရ သူသည် ကိစ္စအသစ်များစွာကို သင်ယူစရာ ကိစ္စအသစ်များစွာရှိသည်။ အရာအားလုံးက သူ့အတွက် စိတ်ဝင်စားစရာကောင်းလှပြီး စွဲလမ်းလာ၏။ ယွင်ချန်းသည် သူ၏ tabletကို လွှတ်ချနိုင်ခြင်းမှာ ယွင်ချဲ့က ဆော့ကစားရန် ယွင်ချန်းကို အပြင်ဘက်သို့ ခေါ်သွားလိမ့်မည်ဟု ပြောသောကြောင့်ဖြစ်သည်။
“သွားကြမယ် တောင်‌ပေါ်မှာ လေကောင်းလေသန့်ရှူကြမယ်”
ယွင်ချဲ့က စိတ်အေးလက်အေးလေသံဖြင့် ပြောလိုက်သောအခါ သူ့နောက်ရှိလူများက စိတ်လေသွားကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ယွင်ချန်းက စိတ်လှုပ်ရှားနေပုံပေါ်၏။ သူက အပြင်ထွက်ရမှာကို အမြဲတမ်း စိတ်လှုပ်ရှားနေတာဖြစ်သည်။
“ဟေးယွီ၊ ဝံပုလွေဘုရင် သွားဖို့အချိန်ကျပြီ”
ခြံဝန်းထဲ၌ သခင်လျစ်လျူရှုတာ ခံနေရသည့်ဟေးယွီက ဝံပုလွေဘုရင်ကို အနိုင်ကျင့်နေသည်။ ဝံပုလွေဘုရင်သည် ဟေးယွီသူ့နား ကပ်လာချိန်၌ အမြဲတမ်း ကြောက်လန့်နေခဲ့တာဖြစ်၏။ ဟေးယွီကို ပျော်စေသည်က သူပျော်စေရန် သူရံဖန်ရံခါ ငိုနေရ၏။ ယင်းက သူ့အတွက် ညှင်းပန်းမှုဖြစ်နေသည်။ သူသည်တောင်ပေါ်၌ ပြိုင်ဘက်ကင်း ဘုရင်တစ်ပါး ဖြစ်ခဲ့သော်ငြား လက်ရှိတွင် ခွေး‌တစ်ကောင် အနိုင်ကျင့်တာ ခံနေရ၏။ စော်ကားထံလိုက်ရလေခြင်း ။
“လာနေပြီ သခင် ခြံစည်းရိုးဆီသွားမှာလား ဒါမှမဟုတ် အရှေ့ဘက်ဂိတ်ဆီ သွားမှာလား”
သူ့သခင်ခေါ်တာ ခံရပြီးနောက် ဟေးယွီသည် ချက်ချင်းပြေးလာ၏။ ဝံပုလွေဘုရင်သည် သူ့နောက်ကနေ တွန့်တွန့်ဆုတ်ဆုတ် ဖြည်းဖြည်းချင်း လိုက်လာတော့သည်။ သူက ဤတာဝန်ကို ငြင်းနိုင်ရန် ဆုတောင်းနေမိသည်။
“သွားမယ် ငါတို့ရှေ့ကို သွားနေတာ အရှေ့ဘက်ဂိတ်ကနေ သွားရမှာပေါ့”
ယွင်ချဲ့သည် အရှေ့ကိုသွားရခြင်းသည် ဂုဏ်ယူဝံ့ကြွားရသည့် ကိစ္စရပ်ပမာ မျက်နှာထားတင်းတင်း ထားလိုက်၏။ သူ့ဘေးတွင်ရပ်နေသော ရှင်းဖုန်းက အရယ်မရပ်နိုင်တော့ပေ။ သူ့လက်ကို ဆုပ်ကိုင်ထားလျက် ယွင်ချဲ့က ပျော်ရွှင်စွာ သံယောင်လိုက်တော့၏။
“ဟုတ်ပြီကွ ငါတို့ရှေ့သွားရပြီ”
အရှေ့ဟူသည်က မည်သည်ကို ဆိုလိုသနည်း။
ယွင်ချန်းက လန်ယဲ့ဟန်ကို မေးချင်သည်။ သို့သော် လန်ယဲ့ဟန်က နှုတ်ခမ်းပေါ် လက်ညှိုးတစ်ချောင်းတင်လျက် တိုးတိုးနေခိုင်းလိုက်သည်။ ယွင်ချန်းက ဖိုကဲ့သို့ ကိစ္စမျိုးကို သင်ယူနိုင်လိမ့်မည်ဟု သူမထင်ပေ။ သူတွေးမိသလောက် ယွင်ချဲ့သည် ယွင်ချန်းပေါ်၌ ဆိုးရွားသည့် လွှမ်းမိုးမှုများစွာ ရှိခဲ့သည်။
“ဝူး သခင်က ငါ့ကို ကောင်းကောင်းသိသားပဲ ရှေ့သွားရတာ ကြိုက်တယ်”
ထိုသားရဲသည် သူ့သခင်ထက် ပိုအရှက်မဲ့တာ သိသာ၏။ သို့သော် ကျန်သည့်သူများက သူတို့ပြောတာ မ‌ကြားသည့်ပမာ ဟန်ဆောင်နိုင်သောကြောင့် အဆင်ပြေ၏။
“ဟုတ်ပြီ မင်းရဲ့မူလပုံသဏ္ဌာန်အတိုင်း ပြန်ပြောင်းလိုက်တော့ မင်းက ကြွားလုံးထုတ်ဖို့အတွက် ကြောက်မက်ဖွယ်ကောင်းတဲ့သွင်ပြင် ပြဖို့လိုတယ်”
သူတို့တံခါးဝသို့ ထွက်သွားသည်နှင့် ယွင်ချဲ့က ဟေးယွီကို ပြောလိုက်သည်။ ပြီးနောက် ဟေးယွီသည် မူလသဏ္ဌာန်အတိုင်း အသွင်ပြောင်းလိုက်၏။ ထိုစဉ် ဝံပုလွေဘုရင်က နောက်သို့ အနည်းငယ်ဆုတ်ကာ သန္ဓေပြောင်းအသွင်ကို ပြောင်းလဲလိုက်၏။ ယွင်ချဲ့က ယွင်ချန်းဆီကနေ ကြည့်ကို ရှင်းဖုန်းနှင့် လန်ယဲ့ဟန်ဆီ ရွှေ့ကာ ပြောလိုက်၏။
“ချန်းကို ငါနဲ့ခေါ်ရမလား”
“မရဘူး”
ရှင်းဖုန်းမတုံ့ပြန်လိုက်သေးခင် လန်ယဲ့ဟန်က ယွင်ချန်းကို လှမ်းဆွဲထားပြီး သူ့ကို ဝံပုလွေဘုရင်၏ နောက်ကျောပေါ်၌ သူနှင့်အတူ တက်ထိုင်ခိုင်းလိုက်၏။ သူက သားရဲတစ်ကောင်နဲ့ မျှဝေလိုစိတ်မရှိသောကြောင့်ဖြစ်သည်။ ရှင်းဖုန်းက ပခုံးတွန့်လျက် ယွင်ချဲ့နှင့် အကြည့်ချင်း ဖလှယ်လိုက်၏။ နှစ်ယောက်လုံးက ဤစီအးမံမှုကို ငြင်းစရာမရှိပေ။ ပြီးနောက် သူက ဟေးယွီ၏ကျောပေါ် ခုန်တက်လိုက်တော့သည်။
“သွားကြမယ်”
“ဝူး အပြင်လောကက သေမျိုးတွေ ငါလာနေပြီဟေ့”
ဟေးယွီက စိတ်လှုပ်ရှားစွာ အူလျက် မိုင်တစ်ရာကျော်အကွာကို ချက်ချင်း ပြေးဖွက်သွားသည်။ လန်ယဲ့ဟန်နှင့် ယွင်ချန်းကို ကျောတွင် သယ်ထားလျက် ဝံပုလွေဘုရင်က ဟေးယွီနောက်ကနေ နီးကပ်စွာ လိုက်သည်။ သူတို့ပုံရိပ်များသည် အစုထဲကနေ မကြာမီ၌ ပျောက်ကွယ်သွားတော့၏။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset