YMR- အခန်း ၁၇၅

အခန်း ၁၇၅။

သူတို့က ကိုယ်ပျောက်စွမ်းအားရှင်ကို ဖမ်းမိသွားကြ
ဟေးယွီနှင့် ယွင်ချဲ့ကြား ရန်ပွဲ၌ နောက်ဆုံးအနိုင်ရမည့်သူက မည်သူနည်း။
ယွင်ချဲ့ဆိုတာ သေချာ၏။ လှည့်ကွက်အားလုံး သုံးခဲ့သော်ငြား ယွင်ချဲ့သည် ဟေးယွီ၏အားနည်းချက်ကို ထိန်းချုပ်ထားနိုင်သောကြောင့် ဟေးယွီကို အမြဲတမ်းနောက်ဆုံး၌ လိုက်လျောအောင် ပြုလုပ်နိုင်ခဲ့တာပဲ ဖြစ်သည်။
“မင်းဘာလုပ်နေတာလဲ”
သူတို့ ဟေးယွီနှင့်အတူ ဝင်လာချိန်၌ ဧည့်ခန်းထဲရှိလူတိုင်းက ဇဝေဇဝါဖြစ်သွား၏။ ဟေးယွီက ဘာအတွက် နှာခေါင်းတရှုံ့ရှုံ့လုပ်နေတာလဲ။
“အင်း သူက”
“အမျိုးယုတ် ငါမင်းကို အလွတ်မပေးဘူး”
ယွင်ချဲ့က ရှင်းပြရန် ကြိုးစားခဲ့၏။ သို့သော် သူသည် လှေကားခွေဆီသို့ ခုန်အုပ်သွားသောဟေးယွီ နှောင့်ယှက်တာခံလိုက်ရ၏။
“အွတ်”
ထိုစဉ် စူးရှသည့်အော်သံတစ်သံ ပေါ်ထွက်လာပြီးနောက် ဟေးယွီ၏ ဟနေသောပါးစပ်ကနေ သွေးများစီးကျလာ၏။ နောက်တစ်စက္ကန့်၌ အနက်ရောင်ခေါင်းစွပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသော ကြွက်သားများဖြင့် လူတစ်ယောက် ပေါ်လာလေ၏။ ဟေးယွီက သူ၏ပခုံးကို ချွန်ထက်သောသွားများဖြင့် ကိုက်ခဲထားလျက် သွေးများကစီးကျနေ၏။
“ဘုရားရေ”
သူတို့အိမ်ထဲ၌ ကျူးကျော်သူတစ်ယောက်ရှိနေသည့်အချက်ကြောင့် ထိတ်လန့်သွားကြပြီး လူတိုင်းက တပြိုင်နက်တည်း ထုတ်ပြောမိကြ၏။ သူတို့ထဲက အချို့ကဆို အမြန်သတိဝင်လာပြီး ထိတ်လန့်နေသည့်နေရာ၌ ဒေါသတို့အစားထိုး ဝင်ရောက်လာ၏။
“ချန်းရော”
လန်ယဲ့ဟန်က သတိဝင်လာပြီးနောက် ဤနေရာ၌ ယွင်ချန်းရှိနေကြောင်း သဘောပေါက်သွားသောအခါ သူက စိုးရိမ်ပူပန်စွာ လှည့်ကြည့်လိုက်၏။ သူ့အဖို့ အံ့ဩသွားရသည်က နောက်ဆုံးအခေါက်တွင် သွေးကိုမြင်ပြီး စိတ်လွတ်သွားသောယွင်ချန်းသည် သူ့ကိုဇဝေဇဝါ ကြည့်လာတာပဲဖြစ်သည်။
“ယဲ့ဟန် ငါ့ကိုခေါ်လိုက်တာလား”
ယွင်ချန်းသည် သွေးကို တုံ့ပြန်မှု ပြပုံမပေါ်ပေ။ မည်သို့ပင် ဆိုစေကာမူ လန်ယဲ့ဟန်က သူ့ကိုခေါ်ပြီးထွက်သွားကာ ကျန်သည့်သူများကို ပြောလိုက်၏။
“ငါတို့ ဘေးအခန်း သွားလိုက်ဦးမယ် တတ်နိုင်သမျှမြန်မြန် အရှုပ်တွေကိုရှင်းဦး”
“အင်းအင်း”
ယွင်ချဲ့က ယွင်ချန်းကို သိ‌ချင်စိတ်ဖြင့် တစ်ချက်ကြည့်လိုက်၏။ သို့သော်ငြား ယခုက မေးရန် အကောင်းဆုံးအချိန်မဟုတ်မှန်း သိနေ၏။ လန်ယဲ့ဟန်နှင့်ယွင်ချန်း ထွက်သွားပြီးနောက် လူတိုင်း၏အာရုံသည် ကျူးကျော်လာသူဆီ ပြန်ရောက်သွား၏။
“အွတ် ကျေးဇူးပြုပြီး ကျုပ်ကိုမသတ် မသတ်ပါနဲ့”
“ဖာ့ချ”
“ဘန်း”
ကိုယ်ပျောက်စွမ်းအားရှင်က နာကျင်စွာအော်နေစဉ် ဟေးယွီက ခေါင်း‌ခါလျက် ထိုလူကို လေထဲပစ်သွင်းလိုက်၏။ သွေးသံရဲရဲ ခန္ဓာကိုယ်က ဘန်း ဟူသော မည်သံကြီးဖြင့် မြေကြီးပေါ် ပြုတ်ကျလိုက်၏။ ဟေးယွီက မပြီးသေးပေ။ သူကအမြန် ပြေးသွားပြီးနောက် ကျူးကျော်သူ၏ ကျောကို သူ၏ ရှေ့ခြေထောက်များဖြင့် ကုတ်ချလိုက်သည်။
“အွတ်”
နောက်ကျော၌ ခြစ်ရာများစွာ ချက်ချင်းပေါ်လာပြီး ကျောက သွေးများထွက်လာပြီး နာကျင်နေတော့သည်။ ထိုလူက ဆက်တိုက် အော်ဟစ်နေလျက် နာကျင်မှုကြောင့် တုန်ယင်နေ၏။ ယွင်ချဲ့နှင့် ကျန်သည့်သူများက လျှောက်လာသည်။ လက်ခးထဲ၌ ချန်ချန်ကို ထွေးပွေ့ထားလျက် ကျန်သည့်သူများ နောက်တွင်ရပ်နေကာ ယွင်ယောင်သည် သူမသားကို မကြောက်ရန် ပြောနေလေ၏။ သူမသားသည် ကိစ္စရပ်များကို သူ့နည်းသူ့ဟန်နှင့် နားလည်သဘောပေါက်နေပြီမှန်း သဘောပေါက်ဟန်မတူ။ လူဆိုးများကို ရိုက်နှက်သည့်အချိန်၌ မြင်ကွင်းက မည်မျှ ရက်စုတ်စေကာမူ သူက ကြောက်လန့်မှာမဟုတ်ပေ။
“သေစမ်း ငါတို့အစီအစဉ်ကို တမင်အ‌ဖျက်အမှောက်လုပ်တာက မင်းလားကွ”
“အွတ်”
ကျိုးဇယ်ယွီက ရှေ့တိုးပြီးနောက် ကျူးကျော်လာသူ၏ဗိုက်ကို ကန်လိုက်သည်။ မနေ့တုန်းက သတင်းပေါက်ကြားကြောင်း သူသိသွားချိန်၌ လူတိုင်းထက်ပိုပြီး ဒေါသထွက်ခဲ့လေ၏။ ယင်းက ယွင်ချဲ့၏အကြံဖြစ်သည်။ အဆုံးတွင်မူ သူတို့က အထမြောက်အောင် မဆောင်ရွက်ရေသေးခင် ရန်သူက ခိုးယူသွား၏။ ယင်းက သူတို့အတွက် လက်မခံနိုင်စရာပဲဖြစ်သည်။
“ဟုတ်တယ် သူ့ကိုကန် အမျိုးယုတ် သူ့ကြောင့်သာမဟုတ်ရင် ငါ့ရဲ့သခင်ကငါ့ကို ရှာဖွေရေးခွေးအနေနဲ့ သုံးမှာမဟုတ်ဘူး”
ဟေးယွီက ကျိန်ဆဲပြီးနောက် ဒေါသတကြီးဖြင့် ငြင်းလိုက်သည်။ သူ၏ဒေါတအားလုံးကို ထိုလူပေါ်၌ သွန်ချနေတာ သိသာ၏။ မဟုတ်လျှင် အစောတုန်းက ထိုလူကို ပြင်းပြင်းထန်ထန် ကိုက်ခဲ့မှာမဟုတ်ပေ။
“ဒါနဲ့ မင်းကိုယ်မင်းပြန်ပြီး သုံးသပ်သင့်တယ် မထင်ဘူးလား မင်းမှာဒီလောက် အနံ့ခံကောင်းတဲ့ နှာခေါင်းရှိနေမှတော့ မနေ့တုန်းကသူ့ကို ဘာကြောင့်ရှာမတွေ့တာလဲ”
ယွင်ချဲ့က လျှောက်လာပြီးနောက်။သူ၏စူဖြိုသောတင်ပါးကို ရိုက်လိုက်လေ၏။ ဟေးယွီက ချက်ချင်းပင် သူ့ကိုယ်သူ ခုခံကာကွယ်တော့သည်။
“ဒီမှာ ကိုယ်ပျောက်စွမ်းအားရှင်ရှိတယ်ဆိုတာ ငါက ဘယ်လိုလုပ်သိမှာလဲ မင်းတို့ကမ္ဘာက လေက ညစ်ညမ်းလှတာ၊ ဒါကြောင့်ငါ့ရဲ့ အနံ့ခံအာရုံကို ပိတ်ထားနေကျလေ”
သူသာ သိခဲ့မည်ဆိုလျှင် ဤကိစ္စရပ်များ ရှာဖွေရေးခွေးအနေဖြင့် အသုံးချခံထားရသည့် အနေအ‌ထားသို့ အရောက်ခံမည့်အစား အစောထဲက ကျူးကျော်သူကို သေအောင်ကိုက်သတ်မှာပဲဖြစ်သည်။
“သူက ငါတို့ကို အမှန်တရားကို အလိုအလျောက် ပြောမယ်တော့မထင်ဘူး သူ့ကိုစစ်မေးပြီးမှ လုပ်စရာရှိတာ လုပ်ပါလား”
ယွင်ချဲ့က ဆောင့်ကြောက်ထိုင်ချကာ ထိုလူကိုကြည့်လိုက်၏။ သွေးရနံ့ပြင်းပြင်းကို မသက်မသာမဖြစ်စေပေ။ ထို့အပြင်သူက ရှင်းဖုန်းကို ခေါင်းညိတ်ပြပြီးနောက် သူက လက်ခါကာ ထရပ်လိုက်၏။ သုန်မှုန်နေသော အကြည့်ဖြင့် ရှင်းဖုန်းက ဆောင့်ကြောက်ထိုင်ချကာ ထိုလူ၏ပါးကို ဖျစ်ညှစ်ကာ သူ့ကိုမော့ကြည့်ခိုင်းလိုက်၏။
“မင်းဘယ်သူလဲ မင်းကို ဒီနေရာ ဘယ်သူပို့လိုက်တာလဲ ငါတို့အိမ်ကိုရောက်နေတာ ဘယ်လောက်ကြာပြီလဲ မင်းလိုလူရှိသေးလား ဘယ်နှစ်ယောက်လဲ မင်းသိသမျှ အားလုံးပြောပြ”
အိပ်ငွေ့ချခြင်းစွမ်းအားသည် အလွန်အစွမ်းထက်၏။ ထိုလူသည် ချက်ချင်းပင် အော်ဟစ်နေတာ ရပ်တန့်လိုက်ကာ သူ၏သားငယ်အိမ်တို့က အာရုံစိုက်မှု ကင်းမဲ့သွားလေ၏။ သူ၏ဒဏ်ရာက သွေးထွက်နေသေးသည့်တိုင် သူကနာကျင်ပုံမရပေ။
“ငါ့နာမည်က ယောင်ခဲ့ ငါက တပ်ဖွဲ့အုပ်စု XXX တတိယတပ်ရင်းရဲ့ ပထမဆုံး ကျိတပ်က ဒုတိယမြောက်တပ်ရင်းရဲ့ လက်ထောက်တပ်မှူးပဲ၊ ဗိုလ်ချုပ်လင်းက ငါ့ကို လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက ဒီကိုပို့လိုက်တာ ငါ့ရဲ့တပ်ဖွဲ့ထဲမှာ ကျန်တဲ့စွမ်းအားရှင် နှစ်ယောက်ရှိတယ် ဒါပေမဲ့ ချောင်ယန်းအစုကိုလာတာ ငါတစ်ယောက်တည်းပဲ မင်းရဲ့ ဝံပုလွေနဲ့ခွေး ငါ့ကိုရှာတွေ့သွားမှာကို စိုးရိမ်နေခဲ့တာ ဒါကြောင့်မနေ့က ဒီအနား ကပ်မလာခဲ့ဘူး မင်းတို့တွေက အများပြည်သူ ထောက်ခံချက်ရအောင်လို့ ကျောင်းတစ်ကျောင်းဖွင့်ချင်တယ်ဆိုတဲ့အကြောင်း ငါကြားတဲ့အချိန် ဗိုလ်ချုပ်လင်းကို ချက်ချင်းဆက်သွယ်ခဲ့တယ် ငါ့ရဲ့ခေါင်းဆောင်က မင်းတို့ကို ဆက်စောင့်ကြည့်ပြီး သူ့ကို သတင်းဆက်တိုက်ပို့ဖို့ ပြောထားတာ”
အိပ်ငွေ့ချခံထားရပြီး ယောင်ခဲ့သည် ရှင်းဖုန်းမေးသမျှစကားတိုင်းကို စက်ရုပ်တစ်ရုပ်ပမာ ဖြေလေ၏။
“မင်းဘယ်လိုထင်လဲ”
ရှင်းဖုန်းက ထိုလူကိုလွှတ်ချလိုက်ပြီး ထရပ်လိုက်၏။ ယွင်ချဲ့က လက်ပိုက်ထားလျက် ပြန်ပြောသည်။
“ခင်ဗျားရဲ့ အိပ်ငွေ့ချတာက အတော်လေး အလုပ်ဖြစ်တဲ့ပုံပဲ ပြီးတော့သူက အမှန်အတိုင်း ပြောနေတာ သူပြောတဲ့ ဗိုလ်ချုပ်လင်းက ကျုပ်တို့သိတဲ့လူနဲ့ တူတူပဲလား”
သူသည် ဝေ့စစ်တပ်ထဲ၌ ဗိုလ်ချုပ်တစ်ဦးကိုသာသိသည်။
“သူ့ကို မေးစေချင်လား”
“မလိုဘူး ရပြီ သူလို့ပဲ မှတိယူလိုက်မယ် အဲ့ဒီလူတွေက ငါ့ရဲ့အကြံဉာဏ်ကို ခိုးသွားတာ ဒါမပြီးသေးဘူး သူငါတို့ဆီကနေ နှိုက်ထုတ်သွားတာအားလုံးကို ဝေ့ခန်း ထုတ်ပြောအောင်လုပ်ရမယ်”
ယွင်ချဲ့က လက်ဝှေ့ရမ်းလျက် သူ၏မျက်လုံးထဲရှိ ဝင်းလက်နေမှုက သူသည် တန်ပြန်အစီအစဉ်များ ရှိနေပြီးသားဟု ညွှန်ပြနေ၏။
“ချဲ့ ဒီလူက တန်ဖိုးမရှိတော့ဘူးမလား သူ့ကို ငါတို့ဆီ အပ်လို့ရမလား”
ကျိုးဇယ်ယွီက ရက်စက်သောအပြုံးဖြင့် လက်ဆစ်များချို့နေလေ၏။ ထိုလူသည် ထိပ်ဦးအဖွဲ့အတွက် ဆုံးရှုံးမှုကို ဖြစ်စေခဲ့၏။ ကျိုးဇယ်ယွီက သူ့ကို သေချာပေါက် ပြန်ပေးဆပ်ရအောင် လုပ်မည်ဟု ဆုံးဖြတ်ချက်ချထား၏။
“ပြီးရင်သူ့ကို ယူလို့ရတယ် ဒါပေမဲ့ ရှင်းဖုန်း သူ့ကိုထပ်ပြီး အိပ်ငွေ့ချနိုင်မလား၊ ဝေ့စစ်တပ်ထဲမှာ နောက်ထပ် ကိုယ်ပျောက်စွမ်းအားရှင်နှစ်ယောက်ရှိတယ်လို့ သူပြောတယ် သူ့ရဲ့ဝန်ခံချက်ကို ပြောင်းအောင်လုပ်လိုက် ကိုယ်ပျောက်စွမ်းအားရှင်နှစ်ယောက်က ဝမ်စစ်တပ်နဲ့ မော့စစ်တပ်ထဲကို ခိုးဝင်နေတယ်လို့ ပြောစေချင်တယ် ဝန်ခံတဲ့ဖြစ်စဉ်ကို ရိုက်ကူးထားလိုက် ပြီးရင် ဝမ်စစ်တပ်ကို အမည်မ‌ဖော်ဘဲ ပို့လိုက်လေ”
“ဝိုး ထက်မြက်လိုက်တဲ့အကွက်ပဲခေါင်းဆောင် ညစ်ပတ်တဲ့လှည့်ကွက်တွေလုပ်တဲ့အချိန် မင်းကအတော်ဆုံးပဲ”
ဝမ်စစ်တပ်က ဗီဒိုယိုရသွားသည့်အချိန် သူက ဝေ့ခန်းကို ဒေါသထွက်လိမ့်မည်။ ထို့ကြောင့် သူတို့က တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ပြီး အလုပ်များနေပြီဖြစ်ကာ အားလုံးအတွက် ပြဿနာရှာနိုင်တော့မှာ မဟုတ်ပေ။
လူတိုင်းက ဦးခေါင်းညွှတ်၍ အရိုအသေပေးလျက် ယွင်ချဲ့ကိုာပြုံးလျက် ချီးကျူးနေကြသည်။
ယွင်ချဲ့က လက်ဝှေ့ရမ်းကာ နိမ့်ချသောလေသံဖြင့် ပြော၏။
“ငါ့ကိုမချီးကျူးနဲ့ ဒါက လှည့်ကွက်လေးပဲ ဘယ်လိုပဲဖြစ်ဖြစ် အစစ်အမှန်လို့ထင်ရအောင်လုပ်လိုက် ငါတို့တွေ ပူးပေါင်းဖို့အတွက် မော့စစ်တပ်ကိုလိုအပ်တယ်”
“ကျုပ်ပြောလိုက်မယ်”
ပြီးနောက် ကူးမင်ရွှမ်းက လှည့်ထွက်သွားပြီး အပြင်သို့သွားလိုက်၏။ ရှင်းဖုန်းသည် ကင်မရာတစ်လုံးထုတ်ကာ ယွီဝမ်းချင်အား ပေးပြီးနောက် ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလျက် ကိုယ်ပျောက်စွမ်းအားရှင်ကို ထပ်မံအိပ်ငွေ့ချတော့၏။ ပြီးနောက် သူတို့အားလုံးက နောက်ဆုတ်လိုက်သည်။ ကင်မရာထဲ၌ ယောင်ခဲ့တစ်ယောက်သာရှိသည်။ ယွီဝမ်းချင်ကို သူ့ကို အသံနက်နက်ဖြင့် မေးခွန်းများစွာ မေးခဲ့၏။ သူမည်သည့်နေရာမှလာကြောင်း၊ သူ့၌ မည်သည့်စွမ်းအားရှိကြောင်း၊ ကျန်သည့်တပ်ဖွဲ့များထဲသို့ ခိုးဝင်သည့် ကိုယ်ပျောက်စွမ်းအားရှင် မည်မျှရှိကြောင်း စသဖြင့် မေးခဲ့၏။ ယွီဝမ်းချင်သည် ချောင်ယန်း သို့မဟုတ် ထိပ်ဦးအဖွဲ့အကြောင်းကို တမင်တကာ ရှောင်ပြောခဲ့၏။ သို့သော် မော့စစ်တပ်ကသာ ကျောင်းဖွင့်ရန်အတွက် အကြံ ပထမဆုံးရသည့်သူဖြစ်ကြောင်း ကိုယ်ပျောက်စွမ်းအားရှင်ကို တမင်တကာ ထုတ်ပြောခိုင်း၏။ ယင်းက ဗီဒီယိုကို ကြည့်မိသူအဖို့ ပိုထိတ်လန့်ပြီး ဒေါသထွက်စေမှာပဲဖြစ်သည်။
“ဟုတ်ပြီ အခု သူက မင်းတို့အပိုင်ပဲ”
ဗီဒီယိုရိုက်ကူးပြီးနောက် ရှင်းဖုန်းသည် ယောင်ခဲ့ကို အိပ်ငွေ့ချရာကနေ နှိုးလိုက်၏။ သွေးများစွာ ဆုံးရှုံးသွားသောကြောင့် ယောင်ခဲ့သည် အော်ဟစ်ရန် ခွန်အားမကျန်တော့ပေ။ သူက မြေပြင်ပေါ်၌ တွန့်လိမ်လျက် တုန်ယင်နေလေ၏။ သူ့ကို ယွင်ချဲ့က ကြည့်တောင်မကြည့်ဘဲ လှည့်ထွက်သွားကာ ဆိုဖာဆီသို့ လျှောက်သွား၏။ ကျန်သည့်သူများက သူ့ကို မည်သို့ဖြေရှင်းရမည်မှန်း သိကြသည်။
“ကျိုးလေး ငါမင်းနဲ့ လိုက်ခဲ့မယ် သေစမ်း သူ့ကြောင့်သာမဟုတ်ရင် ငါက ခွေးတစ်ကောင်အနေနဲ့ အသုံးချခံရမှာ အဟုတ်ဘူး”
ဟေးယွီက စိတ်တိုနေသေး၏။ သူသည် အံ့ဖွယ်သားရဲဖြစ်သည်။ သို့သော် ရှာဖွေရေး ခွေးတစ်ကောင်အဖြစ် အသုံးချခံခဲ့ရ၏။ ယင်းက သူ့အတွက် စော်ကားမှုတစ်ရပ်ပဲဖြစ်သည်။
“ဒါပေမဲ့ မင်းက ခွေးပဲလေ”
ယောင်ခဲ့ကို ကောက်မလျက် ကျိုးဇယ်ယွီက ဟေးယွီကို ဇဝေဇဝါဖြစ်ကာ ကြည့်လိုက်၏။ သူ့ကိုယ်သူ ခွေးလို့မထင်ဘူးလား ဘာကြောင့်လဲ ချန်ချန်က သူဝသည်ဟူသည့်အချက်ကို ချန်ချန်သည် သူဝကြောင်း ဝန်မခံသည့်အတိုင်း ဟေးယွီက ငြင်းနေ၏။ ဟေးယွီသည်လည်း ယွင်ချဲ့ကြောင့် မှားယွင်းလမ်းပြခြင်း ခံထားရသည်လော။
“ကျိုးလေး”
ဟေးယွီသည် ကျိုးဇယ်ယွီကို မကျေမချမ်းကြည့်လိုက်ပြီး သူသည် တစ်လောကလုံး စွန့်ပစ်ထားသည့်ပမာ ခံစားလိုက်ရ၏။ သူက အရပ်မြင့်ကာ သန်မာပြီး ဉာဏ်ကောင်းပြီး ချစ်စဖွယ်ကောင်း၏။ သူ၏ မည်သည့်အစိတ်အပိုင်းကများ ကျန်သည့်သူများ သူ့ကို ခွေးနှင့်မှားသနည်း။။သူတို့မျက်လုံးများသည် မစင်များကြောင့် ကန်းနေသည်လော။
“ကိုယ်ပျောက်စွမ်းအားရှင်ကို ငါတို့ရှာတွေ့ပြီဆိုပေမဲ့ ဝေ့စစ်တပ်က အသာစီးရနေပြီးပြီ ကျောင်းအစီအစဉ်က ချီးကျူးမှုတွေ အများကြီးရမှာ သူတို့အတွက် မဲတွေရလိမ့်မယ် ငါတို့နောက်ထပ် ဘာလုပ်သင့်လဲ”
လူတိုင်းက ဟေးယွီ၏နားပူနားဆာတိုက်နေမှုကို လျစ်လျူရှုထားလျက် ယဲ့ရှင်းချန်က လေးလံစွာ မေးလိုက်တော့၏။ သူတို့ဒီဟာကို ဘာမှမလုပ်နိုင်တော့ဘူးလား။ ရွေးကောက်ပွဲမတိုင်မီ ရက်နည်းနည်းပဲ ရှိတော့တာလေ ကျောင်းအစီအစဉ်သာ အောင်အောင်မြင်မြင်နဲ့ ရွေးကောက်ပွဲရလဒ်ကို သက်ရောက်စေခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်လလုံး သူတို့ပြုလုပ်ခဲ့တဲ့ အားစိုက်ထုတ်မှုအားလုံးက အချည်းနှီးဖြစ်သွားမှာလေ။
“အင်း”
ယွင်ချဲ့က ဘာမှမပြောဘဲ သူ့အတွက် စီးကရက်မီးညှိလိုက်၏။ ရှင်းဖုန်းက စိတ်အားထက်သန်သောလေသံဖြင့် ပြောလိုက်သည်။
“ကျောင်းကိစ္စထက် ငါတို့ပိုကြီးတဲ့ပြဿနာ ရှိလောက်တယ်။ ယောင်ခဲ့က သူ့ခေါင်းဆောင်ဆီကို မင်းရဲ့စကားတွေ အတိအကျ ပြောခဲ့မယ်ဆိုရင် ဆိုလိုတာက စွမ်းအားရှင်တွေက အသေးအမွှားဖြစ်ပြီး အခြေစိုက်စခန်းကို ထိန်းချုပ်ချင်တဲ့သူ ဘယ်သူမဆို အားလုံးကို ခြုံကြည့်ဖို့လိုအပ်ကြောင်း သူတို့ကို သတိပေးလိုက်ရာရောက်သွားမယ်၊ ပြီးတော့ ဒါက ငါတို့အတွက် အတားအတဆီးတစ်ခုဖြစ်လာပြီး အခြေစိုက်စခန်းတည်‌ဆောက်မှုအတွက် ပဟန့်အတားဖြစ်လာမှာ”
မထင်မရှား စွမ်းအားရှင်တစ်ယောက်ကြောင့် ဖြစ်လာသည့် ထိခိုက်မှုသည် သိသိသာသာဖြစ်လာပြီး ရေရှည်ထိခိုက်နေလေ၏။ သူတို့သည် သေးငယ်သည့် အမှားလေးတစ်ခုသာ ပြုလုပ်မိခဲ့သော်ငြား သူတို့အားသာချက်အားလုံး ဆုံးရှုံးသွားပုံရသည်။
“ဖြစ်တာက ဖြစ်ပြီးသွားပြီ ငါတို့အတွက် တစ်ကျော့ပြန်ဖို့ လွယ်တော့မှာမဟုတ်ဘူး”
ပထမဆုံး အကြိမ်အနေဖြင့် ပြဿနာတစ်ရပ် ဖြေရှင်းသွားပြီးနောက် မည်သူမှ မပြုံးကြတာပဲဖြစ်သည်။ ထိုကိစ္စရပ်က ရွံရှာစရာကောင်းလှ၏။
“မှုန်ကုပ် မနေကြနဲ့ ငါ့ကောင်တို့ ငါတို့ ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်ဖို့လိုတယ် ဝေ့စစ်တပ်က ငါတို့ကို မျက်ကွယ်ကနေ တိုက်ခိုက်ဖို့ ချောင်းနေပြီး ငါတို့ပြန်မတိုက်ခိုက်နိုင်ဘူးလို့ မဆိုလိုဘူးလေ”
ယွင်ချဲ့က စီးကရက်ငွေ့များ မှုတ်ထုတ်လျက် အားလုံးကို တသ်ချက်ကြည့်လိုက်၏။ ရှင်းဖုန်းက ဘာမှမပြောရသေးခင် ချူးဟောင်လင်က ယွင်ချဲ့နားကပ်ပြီး မေးလိုက်၏။
“မင်းမှာ ဗျူဟာရှိလား”
“ရှိတယ် ကောင်းတာတော့ မဟုတ်ဘူးပေါ့ ကျောင်းတစ်ကျောင်းဖွင့်ဖို့က မလွယ်ဘူး ဝမ်စစ်တပ်က သူတို့အစီအစဉ်ကို နှောင့်ယှက်ဖို့ ကြိုးစားလိမ့်မယ် ငါတို့က သူနဲ့ပူးပေါင်းဖို့ မော့ဝမ်းယန်ကို ပြောလိုက်ဖို့ပဲ လိုတာ ဝမ်စစ်တပ်ကို ဦးဆောင်ခိုင်းလိုက် သူအကူအညီ လိုအပ်တဲ့အချိန် ငါတို့က လက်တစ်ဖက်ငှားတာပေါ့ ပြီးတော့ မောက်တစ်ခုက”
ယွင်ချဲ့က ရပ်တန့်ပြီစ ရှင်းဖုန်းကို လှည့်ကြည့်ကာ တစ်ဖက်သူ၏ပခုံးပေါ် လက်တင်ထားလျက် ပြုံးစစဖြင့် ပြောလိုက်လေ၏။
“မော့ဝမ်းယန်ကို အနံ့ခံခိုင်းထားလိုက်ဦး ဝေ့စစ်တပ် လတ်တလောမှာ ဘာတာဝန်တွေ ထမ်းဆောင်နေလဲဆိုတာ ရှာခိုင်း အခြေစိုက်စခန်းလုပ်ဆောင်မှုနဲ့ ကတ်သက်တဲ့တာဝန်တွေကို ငါတို့မနှောင့်ယှက်ဘူး ဒါပေမဲ့ သူတို့ ရိက္ခာစုဆောင်းဖို့ သွားတဲ့အချိန်တိုင်း ငါတို့တွေက သူတို့ထက် တစ်လှမ်းကျော်သွားပြီး သူတို့တာဝန် ကျရှုံးအောင် လုပ်မယ်လေ”
ကျန်တဲ့သူတွေရဲ့ တာဝန်ကို နှောင့်ယှက်ရတာလဲ သူ့အလုပ်ပဲလေ။
“အကြံကောင်းပဲ မင်းနဲ့သွား‌မယ်”
အစီအစဉ်ကို ကြားသောအခါ ချူးဟောင်လင်က ထောက်ခံမှုကို ချက်ချင်းပြသ၏။ ကျန်သည့်သူများကလည်း စမ်းကြည့်ချင်တာ ယားနေပြီဖြစ်သည်။ယွင်ချဲ့နှင့် ရှင်းဖုန်းက သူတို့ကို ဘာမှကတိမပေးခဲ့ပေ။ ဆိုရလျှင် အစီအစဉ် အလုပ်ဖြစ်မဖြစ်က ဝေ့စစ်တပ်၌ မည်သို့သောာတာဝန်ရှိလည်းဆိုတာပဲ မူတည်နေသည်။
“မုန့်ကန်း၊ မုန့်ရွှီပြီးရင် ပျော်ရွှင်ခြင်းအဖွဲ့ဆီ သွားလည်ပြီး ဒီမှာဖြစ်ခဲ့တာတွေ အတိအကျ ပြောခဲ့လိုက်ဦး ဝေ့စစ်တပ်က ကျောင်းတစ်ကျောင်း တည်ဆောက်ချင်နေရတဲ့ အကြောင်းအရင်းအကြောင်း သတင်းလည်း သူတို့ကို ဖြန့်စေချင်တယ် ဒီလို ထိလွယ်ရှလွယ်အခြေအနေမှာ လူတစ်ချို့က သူတို့ရဲ့ အစစ်အမှန်လှုပ်ရှားမှုကို အမေးထုတ်လိမ့်မယ် မေးခံရတဲ့အသံက လုံလောက်အောင် ကျယ်လောင်လာပြီဆိုရင် ဒီကျောင်းကိစ္စက ဘာမှအကျိုးရှိတော့မှာ မဟုတ်ဘူး အဲ့ဒိအစား သူတို့ဂုဏ်သတင်းပဲ ဆုံးရှုံးလိမ့်မယ်”
လူသားများ၌ ယုံကြည်ရသည့် ကိစ္စရပ်များရှိသည်။ လူတစ်ယောက်က သင်၏လှုပ်ရှားမှုအပေါ် သင်ဆင်ခြင်လိုက်သည်နှင့် အကြောင်းအရာတစ်ချက်၊ ကောင်းမွန်သည့်လုပ်ရပ်တစ်ခုကတောင် နုံချာသည့် ပူးပေါင်းကြံစည်မှုတစ်ရပ်နှင့် တူသွားမည်ဖြစ်ရာ ဝေ့ခမ်းက နဂိုတည်းက ဤသဘောဖြင့် ပြုလုပ်ထားလေရာ ပိုဆိုးလိမ့်မည်။
“အထင်ကြီးစရာပဲ”
လူတိုင်းသည် ယွင်ချဲ့ချမှတ်ထားသည့် အကြံအစီတောင် အထင်ကြီးသွား၏။ သူ၏လှည့်ကွက်က နိမ့်သော်ငြား ယခုအခေါက်တွင် သူတို့သဘောကျ၏။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset