YMR- အခန်း ၁၇၄

အခန်း ၁၇၄။

ကျူးကျော်သူကိုရှာဖို့ ကူညီပေးရမှာလား ဟေးယွီက စော်ကားခံရသလို ခံစားရတယ်
“ဝေ့စစ်တပ်က သာမန်လူတွေနဲ့ စွမ်းအားရှင်နှစ်ရပ်လုံးအတွက် တက်ရောက်နိုင်တဲ့ အခမဲ့ကျောင်းတစ်ကျောင်းကို အပိုင်းစီမှာ တည်ဆောက်မယ်လို့ ခုနကပဲ ကြေညာတယ်။ ကျောင်းက မူလတန်းကနေ ဆယ့်နှစ်တန်းအထိ ပညာသင်ယူခွင့်ရရှိမယ် မူလတန်းကျောင်းသားတွေက နေ့လယ်စာရမယ်”
ကူးမင်ရွှမ်းသည် အားလုံးမမေးခက်သုန်မှုန်နေသော အမူအရာဖြင့် သတင်းကို ကြေညာလိုက်၏။ အားလုံးက သတင်းကြားလိုက်ရသည့်အချိန်၌ မှုန်ကုပ်ကုန်တော့သည်။ ထိုအကြံဉာဏ်သည် သူတို့မနေ့တုန်းက တွေးသည့်အကြံနှင့် တစ်ထပ်တည်း တူ၏။ မော့စစ်တပ်သည် ယနေ့ကျောင်းအစီအစဉ်ကို ကြေညာတော့မှာဖြစ်သည်။ သို့သော် ဝေ့စစ်တပ်က မနက်စောသောစီးစီး ကြေညာလိုက်၏။ တိုက်ဆိုင်လွန်းနေပုံပေါ်သည့် ဝေ့စစ်တပ်က သသတို့အကြံဉာဏ်ကို တစ်နည်းနည်းဖြင့် ခိုးသွားတာပဲ ဖြစ်ရမည်။
“ဒီအကြောင်းကို ဝမ်းယန်ဘာပြောလဲ သူတို့ဆီကနေ သတင်းပေါက်ကြားတာလား”
သတင်းဆိုးကြောင့် လူတိုင်းသည် စားချင်စိတ် မရှိတော့ပေ။
ရှင်းဖုန်းသည် ထရပ်ပြီး‌နောက် အခန်းထဲက ထွက်သွား၏။ သက်ပြင်းချပြီးနောက် ယွင်ချဲ့သည် အသားပေါက်စီအချို့ကို သူ၏စွမ်းအားနယ်မြေထဲသို့ ထည့်ပြီးနောက် မတ်တတ်ထရပ်လိုက်၏။
“အားလုံးပဲ မနက်စာ စားနှင့်ကြ ငါသွားစစ်ဆေးလိုက်မယ်”
ပြီးနောက် သူသည် ရှင်းဖုန်းနှင့် ထွက်သွား၏။ ကျန်သည့်သူများက တစ်ယယောက်ကိုတစ်ယောက်ကြည့်ကာ ဘာကိုမှ စားချင်စိတ်မရှိတော့ပေ။ သူတို့၏အကြံဉာဏ်ကို ကူးယူသည့် တစ်စုံတစ်ယောက်ကို ရှာတွေ့လိုက်ပြီး သူတို့က အကြံဉာဏ်ကိုတောင် မကြေညာရသေးခင် ထိုလူများက ကြေညာလိုက်၏။ မည်ကဲ့သို့ စိတ်မတိုဘဲနေမည်နည်း။
“ဝမ်းယန်ကပြောတာတော့ သူ့ရဲ့မိဘတွေနဲ့ သူယုံကြည်ရတဲ့ လူတချို့အကြောင်းကိုပဲ ဒီအစီအစဉ်အကြောင်း ပြောပြခဲ့တာ သတင်းအချက်အလက် သူတို့ပေါက်ကြားစေတဲ့ပုံ မပေါ်ဘူး”
သူတို့အိမ်သို့ ပြန်လာပြီးနောက် ကူးမင်ရွှမ်းက မှုန်ကုပ်နေသော မျက်နှာထား ရှိနေသေးစဲဖြစ်သည်။ ဝေ့စစ်တပ်က တစ်လှမ်းစောသွားတာ စိတ်တို၏။ သို့သော်ငြား ပိုအရေးကြီးသည်က သတင်းပေါက်ကြားသည့် အကြောင်းပဲဖြစ်သည်။ သူတို့၌ သစ္စာဖောက်တစ်ယောက် ရှိနေသည်ဟုမထင် ထို့အပြင် ဖြစ်နိုင်ခြေက ဤနေရာက ထိန်းချုပ်ခံထားရတာ သို့မဟုတ် (၂:၂၅)ပဲဖြစ်လောက်သည်။
“မနေ့တုန်းက ဒီမှာ ဘယ်သူရှိတာလဲ”
“ငါတို့ထဲက မဟုတ်ဘူး”
ယွင်ချဲ့က ကူးမင်ရွှမ်းမပြောရသေးခင် ဖြတ်ပြောလိုက်၏။
အကြည့်ချင်းဆုံသွားပြီးနောက် ယွင်ချဲ့ကလျှောက်လာကာ ရှင်းဖုန်းဘေး၌ ထိုင်လိုက်၏။
“မနေ့တုန်းက ကျောင်းအစီအစဉ်အကြောင်း ငါတို့ပြောနေတဲ့အချိန် ဒီမှာ အပြင်လူမရှိဘူး ပြီးတော့ မင်ရွှမ်းက ဒီအခန်းထဲမှာ ဖုန်းခေါ်ခဲ့တာ၊ ပြီးတော့ ဒီအစီအစဉ်အကြောင်း ငါတို့ထဲက ဘယ်သူမှ ထပ်မပြောဘူးလေ ငါတို့လူတွေ ရောင်းစားတယ်လို့ ငါတော့မထင်ဘူး”
ဤနေရာရှိ လူအားလုံးသည် တစ်ယောက်အတွက်တစ်ယောက် အသက်စွန့်ပေးနိုင်သည့် ရင်းနှီးသော မိတ်ဆွေများပဲဖြစ်သည်။ ယွင်ချဲ့က သူ၏မိတ်ဆွေ၊ သူငယ်ချင်းများကို အကြွင်းမဲ့ ယုံကြည်သည်။ သူ့မိတ်ဆွေများကို သံသရဖြစ်ခြင်းက သူ့ကို ဆော်ကားနေခြင်းဖြစ်ပြီး သံသရဝင်ခဲ့လျှင် သူက သူတို့မိတ်ဆွေဖြစ်ရန် မတန်ပေ။
“ချဲ့ပြောတာမှန်တယ် ဒါကို လျှို့ဝှက်ထားဖို့ အားလုံးကို အထူးတလည်မှာထားတာ တစ်ယောက်ယောက်က စကားပေါက်ကြားစေတယ်တော့ မထင်ဘူး”
ကူးမင်ရွှမ်းက ခေါင်းညိတ်လျက် ယွင်ချဲ့ပြောတာ လိုက်ပြော၏။ ထိုအသင်းဖော်များသည် အမြဲတမ်း စနောက်ကျီစယ်တတ်သော်ငြား သူတို့က ဘာကိုလုပ်သင့်သည် ၊ မလုပ်သင့်သည်မှန်းတော့ သိ၏။
“ဖုန်းလိုင်းတွေနဲ့ ငါတို့အဆောက်အအုံကို တသ်လက်မမကျန် စစ်ဆေးဖို့ ဝမ်ချင်းကိုပြောလိုက သူတစ်ခုခုကို ရှာတွေ့လောက်တယ်”
ခေါင်းဆောင်အနေဖြင့် ရှင်းဖုန်းသည် သူ့လူများကို လူတိုင်းထက် ပိုယုံကြည်၏။ မကြာမီ၌ ယွီဝမ်းချင်သည် ရှာဖွေရေးကိရိယာကို သယ်လာပြီး အိမ်ကိုစတင် စစ်ဆေး၏။ သို့သော် တစ်မနက်လုံး စစ်ဆေးပြီးနောက် သူတို့သည် မည်သည့်ကင်မရာဘက်မှ ရှာမတွေ့ခဲ့ပေ။ ထိုစဉ် မော့စစ်တပ်က စာတတစ်စောင်ပို့လာ၏။ သူတို့ဘက်၌ သတင်းပေါက်ကြားသည့် ဖြစ်နိုင်ခြေကို ထုတ်ဖော်မိပြီဖြစ်ကြောင်း ပြော၏။ ရှင်းဖုန်းက လမ်းဆုံးသို့ ပြေးဝင်သွားမိပြီဖြစ်သည်။
“မင်ရွှမ်း သူ့ဆီသွားလည်ပြီ ယုံကြည်ရတဲ့သူအားလုံးကို စုဝေးခိုင်းထားလိုက် ကးပြီးတော့ ဘယ်သူလိမ်လဲဆိုတာ သိရအောင် စွမ်းအားသုံး”
ရှင်းဖုန်းကလည်း သုန်မှုန်နေလေ၏။ ယင်းက ကျော်ကြား၍မရသော ပြဿနတစ်ရပ်သည်။ သူတို့သည် သတင်းအေါက်ကြားမှုကို မရှာနိုင်ပါက နောင်ကျ သူတို့လျှို့ဝှက်ချက် မည်သို့ ထိန်းရတော့မည်နည်း။ ဝေ့စစ်တပ်က သူတို့ကို အကွယ်ကနေ တိုက်ခိုက်ရန် ပြင်နေလေ၏။ သူတို့က ဝေ့စစ်တပ် မည်ကဲ့သို့ပြုလုပ်မှန်း မဖော်ထုတ်နိုင်သေးသည်က သူတို့သည် ချိန်ကိုက်ဗုံးတစ်လုံးနှင့် နေနေရသေးတာပဲဟု ဆိုသည်။
“ငါ အခုသွားလိုက်မယ်”
၎င်းက အကောင်းဆုံးဗျူဟာဟု သူမထင်သည့်တိုင် ကူးမင်ရွှမ်းက လေးလံစွာ ခေါင်းညိတ်လိုက်သည်။ သူသည် ပြဿနာ မည်မျှပြင်း‌ထန်ကြောင်း သိ၏။
“အဲ့မှာ ဘယ်သူလဲ”
ရုတ်တရက် ယွင်ချဲ့က အသံမြှင့်ပြီးနောက် အပြင်သို့ ပြေးထွက်သွားသည်။ ၎င်းကို မြင်သောအခါ ရှင်းဖုန်းနှင့် ကျန်သည့်သူများကလည်း ထွက်သွား၏။ ယွင်ချဲ့က တံခါးဝ၌ ရပ်ပြီး ပတ်ဝန်းကျင်ကို မျက်မှောင်ကြုပ် ကြည့်လိုက်တော့သည်။
“ဘာဖြစ်လို့လဲ”
ရှင်းဖုန်းကလည်း မေးလျက် ကျန်သည့်သူများက လူစုခွဲကာ ခြံဝန်းထဲ၌ ရှာဖွေတော့သည်။ ယွင်ချဲ့၏အကျင့်ကို အကဲဖြတ်ကြည့်လျှင် တစ်စုံတစ်ယောက်သည် အစောတုန်းက သူတို့ပြောတာကို ချောင်းနားထောင်နေမှန်း ရှင်းဖုန်း သဘောပေါက်သွား၏။
“တစ်ယောက်ယောက် လှောင်ရယ်တာကို ကြားလိုက်ရတယ်”
လေစွမ်းအားရှင် တစ်ယောက်အနေဖြင့် ယွင်ချဲ့သည် အသံများကို အလွန်သိလွယ်၏။ လေထဲကနေ ပို့ဆောင်သည့် အသံများကို သိလွယ်သည်။ သူကြားလိုက်ရတာ ဘာမှန်းသိနေသည်။
“သေချာလား”
ရှင်းဖုန်းသည် ရှိနေသည့်သူအားလုံးကို ကြည့်ပြီးနောက် မေးလိုက်၏။ သူတို့အားလုံးသည် အကြားအာရုံ ကောင်းမွန်သော အဆင့်သုံး စွမ်းအားရှင်များပဲ ဖြစ်၏။ သို့သော် မည်သူကမှ ဘာမှမကြားခဲ့ပေ။
“ဟုတ်တယ် သေချာတယ်။ မင်ရွှမ်း ခေါင်းညိတ်လိုက်တဲ့အချိန် တစ်ယောက်ယောက်က ငါတို့တုံးအတာအတွက် လှောင်ပြောင်နေသလိုမျိုး လှောင်သံတစ်သံ ကြားလိုက်ရတယ်”
အသေးစိတ်အချက်များကို ရေရွတ်ပြောလိုက်၏။ ယွင်ချဲ့က သူကြားလိုက်တာ ဘာမှန်းသိနေ၏။ ရှင်းဖုန်းက ပြဿနာကို ကျော်ကြည့်သွားမှား မဟုတ်ပေ။
“ငါတို့တွေ သံသရဖြစ်စရာလူကို မရှာနိုင်ဘူး”
မကြာမီ၌ လူအားလုံးက အနား၌ စုဋေးလာသည်။ သူတို့က ခြံဝန်းတစ်ခုလုံးကို ရှာဖွေပြီးသော်ငြား ဆန်းကြယ်သူ၏ လက္ခဏာကို မတွေ့ပေ။ လူတိုင်းက ပိုမို သုန်မှုန်လာလျက် ယွင်ချဲ့က ဆန်းကြယ်စွာပြုံးလိုက်သည်။
“တံခါး ပိတ်ထားလိုက် အးမလိုအပ်ရင် မဖွင့်နဲ့ စားစရာနဲ့ ရေတွေကို အခန်းထဲ ပစ်ထုတ်ထားပြီး ရေခဲသေတ္တာကို ပိတ်ထားလိုက်”
“ယွင်ချဲ့ပြောသလိုလုပ်”
“အင်း”
ရှင်းဖုန်းက အမိန့်ပေးကာ လက်ဝှေ့ရမ်းလိုက်ပြီးနောက် ယွင်ချဲ့ကို အကြွင်းမဲ့ယုံကြည်ကြောင်း ပြသနေ၏။ ရှန်လွေ့နှင့် ကျန်သည့်သူများက အပေါက်ပိတ်ပြီးနောက် ယွင်ချဲ့သည် လေမှုတ်စက်နှင့် ဂျုံများကို ထုတ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။
“ကြမ်းပြင်ပေါ် ဂျုံတွေဖြူးလိုက် တစ္ဆေဆိုရင်တောင် ဖမ်းမယ်”
သူပြောပြီးနောက် လူတိုင်းသည် သူတို့ဘေး၌ တစ္ဆေတစ်ကောင် ရပ်နေသည့်ပမာ အချို့သော‌အကြောင်းအရင်းကြောင့် ကျောစိမ့်သွားတော့သည်။ တုန်ရင်သွားလျက် သူတို့က လေမှုတ်စက်နှင့် ဂျုံများကို ယူကာ အမိန့်အတိုင်း ဖြန့်လိုက်၏။ ရှင်းဖုန်း၊ ယွင်ချဲ့နှင့် ကူးမင်ရွှမ်းတို့က အိမ်ထဲသို့ ပြန်လာလိုက်သည်။
“အလင်းပြပေးပါဦး”
သူတစ်ခုခု သိထားတာ ဖြစ်ရမည်ဟု သူတို့အသိစိတ်က ပြောပြနေ၏။
“စွမ်းအားမျိုးစုံ ရှိတာပဲလေ အားလုံးဖြစ်နိုင်တယ် ကမ္ဘာပျက်ကပ် မတိုင်မီက ရုပ်ရှင်တွေ ကြည့်ဖူးတယ်မလား တစ္ဆေတစ်ကောင်လိုမျိုး သူ့ကိုယ်သူ ပျောက်ကွယ်သွားအောင် လုပ်နိုင်တဲ့ စွမ်းအားတစ်မျိုးကို ကြားဖူးမှာပဲ”
“ကိုယ်ပျောက်တာလား”
ရှင်းဖုန်းနှင့် ကူးမင်ရွှမ်းက ပါးစပ်ထဲ ထုတ်ပြောလိုက်၏။ ယင်းက အရာအားလုံးကို ရှင်းပြနိုင်လိမ့်မည်။ ကိုယ်ပျောက်စွမ်းအားရှင် ရှိနေခဲ့လျှင် သူက သူတို့အစုထဲသို့ ခိုးဝင်ပြီး သူတို့ သတိမပြုမိစေဘဲ သူတို့ပြောစကားကို နားထောင်နေတာပဲဖြစ်၏။
“အမ် ဟမ်း ငါသိထားပုံအရ သူတို့ကိုယ်သူတို့ ဖုံးကွယ်နိုင်တဲ့ စွမ်းအားရှင်မှာ စွမ်းအားနှစ်မျိူးရှိတယ် ပထမတစ်ခုက ကိုယ်ပျောက်စွမ်းအားပဲ နောက်တစ်ခုက အမှောင်ထုစွမ်းအား အမှောင်ထုစွမ်းအားက အမှောင်ထဲမှာ ရောနှောနိုင်စွမ်းရှိတဲ့ စွမ်းအားရှင်တစ်ယောက်ပဲ ဒါပေမဲ့ နေ့ခင်းကြောင်တောင်မှာဆို အလုပ်မဖြစ်ဘူး ဒါကြောင့် ငါတို့အိမ်ထဲ ခိုးဝင်လာတဲ့သူက ကိုယ်ပျောက်စွမ်းအားရှင်ပဲ ဖြစ်ရမယ်”
ယခုအချိန်ထိ ကိုယ်ပျောက်စွမ်းအားရှင်တစ်ယောက် ဖြစ်နိုင်သည်ဟု ယွင်ချဲ့တွေးခဲ့ပေ။ ထိုကဲ့သို့ စွမ်းအားရှင်များက တိုက်ပွဲဝင်စွမ်းအား မရှိပေ။ သို့သော် အမှောင်ထဲ၌ ပုန်းနေပြီး သူတို့ပြောတာကို နားထောင်ကာ သတင်းအချက်အလက် တိတ်တဆိတ် စုဆောင်းပို့ကာ လွယ်ကူလှပေ၏။ ယခု ကိုယ်ပျောက်စွမ်းအားရှင်တစ်ယောက်က သူတို့အိမ်ထဲသို့ ခိုးဝက်လာကြောင်း သူတို့သိပြီဖြစ်၏။ နောင်ကျ ထပ်ရှိလာဦးမည်ဟု ယူဆမိသည်။ ထို့ကြောင့် ကိုယ်ပျောက်စွမ်းအားရှင်အားများကို ရင်ဆိုင်ရန် နည်းလမ်းတစ်ခု စဉ်းစားရမည်။
“ဒါကြောင့် မင်းက အားလုံးကို စားစရာတွေထုတ်ထားပြီး မြေကြီးပေါ် ဂျုံမှုန့်တွေ ဖြူးခိုင်းထားတာပေါ့ ကိုယ်ပျောက်စွမ်းအားရှင်က အိမ်ထဲမှာ ပုန်းနေနိုင်ပေမဲ့ အနှေးနဲ့အမြန် ဗိုက်ဆာလာမှာပဲ သူထွက်လာဖို့ ကြိုးစားတဲ့အချိန် ကြမ်းပြင်ပေါ်က ဂျုံမှုန့်တွေက သူ့ခြေရညတွေ ပေါ်လာလိမ့်မယ်”
နောက်ဆုံးတော့ ကူးမင်ရွှမ်းသည် ယွင်ချဲ့ပြုလုပ်ရန် ကြိုးစားနေသည့်အရာကို ထုတ်ဖော်နိုင်သွား၏။ ကိုယ်ပျောက်စွမ်းအားရှင်တစ်ယောက်သည် ကိုယ်ပျောက်နေသော်ငြား သူသည် တစ္ဆေတစ်ကောင်ပမာ လေထဲ၌ ကိုယ်မဖော့နိုင်ပေ။ ထို့ကြောင့် သူ့ကို ဖမ်းဖို့က ခက်ခဲမှာမဟုတ်ပေ။
“အင်းဟင်း ဝမ်းယန်ကိုလည်း အကြောင်းကြားထားတာ ပိုကောင်းလိမ့်မယ် ကျုပ်‌တို့တွေက ကိုယ်ပျောက်စွမ်းအားရှင်ကို မကြာခဏ မတွေ့ရဘူးဆိုပေမဲ့ အရမ်းရှားပါးတာလည်း မဟုတ်ဘူးလေ အပြင်မှာ ကိုယ်ပျောက်စွမ်းအားရှင်တွေ ရှိနိုင်တယ်”
သူသည် ယခင်က ကြိုတင်သတိထားမှု မပြုခဲ့ပေ။ အကြောင်းမှာ ပေါ်လာမည်ဟု မထင်ထားသောကြောင့်ဖြစ်သည်။ ဆိုရလျှင် နေ့စဉ်နေ့တိုင်း ထိုအကြောင်းကို စဉ်းစားနေမိတာ မဟုတ်ပေ။
“ငါလုပ်လိုက်မယ်”
ခေါင်းညိတ်လျက် ကူးမင်ရွှမ်းက ထရပ်ကာ ဝမ်ကန်၏နံပါတ်ကို နှိပ်လိုက်သည်။ ရှင်းဖုန်း၏ မျက်နှာထက်ရှိ တည်တင်းနေသောအကြည့်က နောက်ဆုံး၌ အနည်းငယ်ပြေလျော့သွားကာ မေးလိုက်တော့သည်။
“ကိုယ်ပျောက်စွမ်းအားရှင်ကို ဖြေရှင်းဖို့ နည်းလမ်းများရှိလား”
“ရှိ‌တာပေါ့ ဒါပေမဲ့ အဲ့ဒီကိုယ်ပျောက်စွမ်းအားရှင်ကို မဖမ်းနိုင်ခင်အထိ ပြောလို့မရသေးဘူး သူက ငါတို့ဘေးမှာ ရပ်နေပြီး အခုချိန်မှာ ငါတို့ပြောတာကို နားထောင်နေနိုင်လောက်တယ်လေ”
ယွင်ချဲ့က လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ပြီး တစ်ငုံသောက်ကာ ခန်းမတစ်ခုလုံးကို လှည့်ကြည့်လိုက်၏။ တစ်ခါတရံတွင် အလွန်ကြီးမားသည့် အိမ်တစ်လုံးရှိခြင်းက အကျိုးယုတ်စေပုံပေါ်သည်။ ထိုလူကိုဖမ်းရန် သူတို့ စိတ်ရှည်ရမည်။
“သူ့ကို ငါတို့ ဘာလုပ်သင့်တယ်လို့ထင်လဲ”
သူ့အစီအစဉ်ကို သိပြီးနောက် ရှင်းဖုန်းက ယွင်ချဲ့နှင့် သာမန်ကာရှန်ကာ မေးတော့သည်။ သူသည် အိမ်ထဲမှ ထွက်မသွားနိုင်သောကြောင့် တစ်ရက်တာ ခွင့်ယူပြီး မနက်ဖြန်မှ ဓာတ်ခွဲခန်းကိစ္စများကို ဆောင်ရွက်တော့မည်။ သူက ငရဲလို ဓာတ်ခွဲခန်းထဲကနေ ထွက်လာနိုငခပိဖြစ်၏။ စစ်တပ်နှစ်ဖွဲ့က အလွတ်မပေးလျှင် သူက မည်သည့်နည်းနဲ့မဆို သူတို့ကို ဖိအားပေးမည်။ သူသည် ယွင်ချဲ့ အကြံပြုသည့် သုတေသနကို တတ်နိုင်သမျှ မြန်မြန် စရမည်။
“ဒါက ခင်ဗျားပေါ်ပဲ မူတည်တယ် သူ့ကို ကြော်ကြော် ပြုတ်ပြုတ် ဖုတ်ကောင်အုပ်စုထဲ ပစ်သွင်းရင်လည်း သွင်းလိုက်ပေါ့”
ပခုံးတစ်ချက်တွန့်လျက် ယွငခချဲ့သည် မနက်တုန်းက သူ၏ နယ်မြေစွမ်းအညးထဲ ထည့်ထားသည့် အသားပေါက်စီနှင့် နို့သုံးပုလင်း ထုတ်လိုက်သည်။ ရုတ်တရက် သူက တစ်စုံတစ်‌ခုကို တွေးလိုက်မိကာ သူ့နဖူးကို အုပ်လိုက်၏။
“ငါ ဟေးယွီကို ဘာကြောင့် မေ့သွားတာပါလိမ့် သူ့ရဲ့ အနံ့ခံကောင်းတဲ့ နှာခေါင်းနဲ့ဆို အဲ့ဒီလူကို မကြာခင်မှာ ရှာတွေ့မှာပဲ”
ဟေးယွီကို ရှာဖွေရေး ခွေးတစ်ကောင်အနေဖြင့် အသုံးပြုရန် စဉ်းစားလိုက်၏။
“အကြံကောင်းပဲ စမ်းကြည့်ကြတာပေါ့”
ရယ်ချင်စိတ်ကို ထိန်းထားလျက် ရှင်းဖုန်းက စိတ်အားထက်သန်နေသောအကြည့်ဖြင့် ခေါင်းညိတ်ကာ ယွင်ချဲ့သည် စွမ်းအားနယ်မြေထဲကနေ ဟေးယွီကို ထုတ်လိုက်၏။
“လခွမ်း သခင် ငါ့ကို တစ်နေ့လုံး တစ်ညလုံး ပိတ်ထားတာ သခင်က ဘယ်လိုလူမျိုးလဲ ငါနေမကောင်းဖြစ်ရင်ရော ဘယ်လိုလုပ်မလဲ ငါစိတ်ဓာတ်ကျပြီး အချိန်အတော်ကြာ ပိတ်ခံထားရတာကြောင့် စိတ်ကျန်းမာရေး ချို့တဲ့သွားရင်ရော”
ဟေးယွီသည် လွတ်ထွက်သွားသည်နှင့် ယွင်ချဲ့ပေါ် ခုန်တက်‌တော့သည်။ ကံကောင်းသည်မှာ သူက တိဘက်တန်ခွေးလေး အ‌ရွယ်အစားခန့်သာ ရှိ၏။ သူကး၏မူလ အရွယ်အစားဖြင့်သာဆိုလျှင် ယွင်ချဲ့ကို သေအောင် ဖိချေမိလိမ့်မည်။ ထထိုသို့တိုင် ယွင်ချဲ့က ရုန်းကန်နေလျက် သူ၏နားထင်၌ အပြာရောင်သွေးကြောများ ပေါ်လာ၏။
“စိတ်မပူနဲ့ ဒီကမ္ဘာမှာ အထီးကျန် စိတ်ဝေဒနာဖြစ်မယ်ဆိုရင် မင်းက နောက်ဆုံးမှဖြစ်မှာ၊ မင်း ဘယ်တော့မှ စိတ်ဓာတ်ကျမှာ မဟုတ်ဘူး”
ယွင်ချဲ့က ဟေးယွီ၏ရှေ့ခြေကို ဆုပ်ကိုင်ပြီးနောက် တွန်းထုတ်လိုက်၏။ သူ၏နှုတ်ခမ်းက တွန့်ကွေးသွားကာ စဉ်းစားလိုက်၏။ အထီးကျန်စိတ်ဝေဒနာလား ဒီသားရဲက အဲ့ဒီအသုံးအနှုန်းနဲ့ ဆော်ကားနေတာပဲ ဒါ့အပြင်သူက စွမ်းအားနယ်မြေထဲမှာ နှစ်ပေါင်းများစွာ နေလာခဲ့တာလေ ဒါပေမဲ့ နားပူနားစာ တိုက်နေသေးတုန်းပဲ မဟုတ်ဘူးလား ဘာကြောင့်များ စကားပြောနိုင်စွမ်း ရှိနေရတာလဲ တခြားသာမန်သားရဲတွေလိုမျိုး တစ်ချိန်လုံး တိတ်နေစေချင်တာလေ။
“အခုဘာလဲ သခင် ငါ့ကို ပြက်ရယ်ပြုနေတာလား”
ဟေးယွီက ပြောနေစဉ် ဆိုးနင်းလာ၏။
“ငါ့မှာ ဒီလိုသခင်မျိုးရှိတာ ငါဘယ်လောက် သနားဖို့ကောင်းလိုက်လဲ”
ကောင်းတယ် အခုတော့ ဒီတိရစ္ဆာန်ကောင်က အထွန့်တက်နေပြီ။ မိန်းမတစ်ယောက်လို ငိုနေပြန်ပြီ။
ယွင်ချဲ့က သူနှင့်ရှင်းဖုန်းတို့ကို ရစ်ပတ်ရန် လေထုစွမ်းအားကို သုံးလိုက်၏။ သို့မှသာ ထိုစိတ်ညစ်ညူးစရာအသံကို နားထောင်စရာမလိုဘဲ မုန့်စားနိုင်မှာဖြစ်သည်။ ထိုအချိန်၌ သူသည် ဟေးယွီကို လွှတ်ပေးသည့် သူ၏ဉာဿ်မရှိသော် ဆုံးဖြတ်ချက်ကို နောင်တရလာခဲ့ပြီဖြစ်သည်။
သူတို့ထံမှ တုံ့ပြန်မှု မရသောအခါ ဟေးယွီသည် သူ၏သခင်က သူ့အသံကိုကာရန် စွမ်းအား သုံးထားတာမှန်း သဘောပေါက်သွား၏။ ယင်းက သူ့ကို ပိုလို့တောင် မချေမချမ်း ဖြစ်သွားစေသည်။ သူသည် ယွင်ချဲ့သူ့ကို ဆက်လက် လျစ်လျူရှုနေပါက အချိန်မရွေး မျက်နှာကျလာတော့မည့်ပမာ ယွက်ချဲ့ကို စိုက်ကြည့်လိုက်၏။
“မင်း ပြီးပြီလား မင်းရဲ့အကူအညီလိုနေတယ်”
စားသောက်ပြီးနောက် ယွင်ချဲ့သည် လေထုစွမ်းအားကို ဖယ်လိုက်ကာ မေ့ကြီးပေါ်၌ လှဲနေသော ဟေးယွီကို ကန်လိုက်‌တော့၏။ ဟေးယွီက သူ့ကို ဒေါသတကြီး ကြည့်လိုက်သည်။
“ဘာလဲ သခင်ငါ့ကို အခုလိုပြီလား စွမ်းအားနယ်မြေထဲမှာ ငါ့ကိုပိတ်ထားတုန်းက ဘယ်ရောက်နေလဲ သခင်နဲ့ အံ့ဖွယ်စာချုပ် ချုပ်ဆိုလိုက်တာက ငါစိတ်လွတ်နေတာပဲ ဖြစ်ရမယ် သခင်သိလား ငါ့အခုဒေါသထွက်နေတာ သိပ်ဒေါသထွက်နေတယ်၊ ကူညီပေးမှုမဟုတ်ဘူး”
ထိုသားရဲသည် ရာစုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့သည်။ သို့တိုင်သူက ကလေးတစ်ယောက်ပမာ ပြုမူနေ၏။ မည်မျှ အရှက်မဲ့သနည်း။
“မင်း သေချာလား ဒီလိုဆိုမှတော့ စွမ်းအားနယ်မြေထဲက စွမ်းအင်ချောင်းတွေကို ရှင်းဖုန်းရဲ့ နေရာဆီ ရွေ့သင့်ပြီ”
“မလုပ်နဲ့ ကျေးဇူးပြုပြီး မလုပ်ပါနဲ့ သခင်လုပ်စေချင်တာအားလုံး လုပ်ပေးပါ့မယ် ဘယ်လိုပဲဖြစ်ဖြစ် သခင်က ငါ့ရဲ့သခင်ပဲ မဟုတ်ဘူးလား အမိန့်သာပေးလိုက် ချက်ချင်းလုပ်ပေးမယ်”
စွမ်းအင်ချောင်းများသည် အမြဲတမ်း သူ၏အားနည်းချက် ဖြစ်ခဲ့၏။ ဟေးယွီက သူ၏ဒေါသထွက်နေသောအကြည့်ကို ဖယ်လျက် ချက်ချင်းပင် နာခံသွားတော့သည်။ ရှင်းဖုန်းနှင့် ကူးမင်ရွှမ်းက မရယ်ဘဲ မနေနိုင်တော့ချေ။ ယွင်ချဲ့က ကျေနပ်နေသော အပြုံးဖြင့် ပြောလိုက်၏။
“လွယ်ပါတယ် ကြွက်တစ်ကောင်က ငါတို့အိမ်ထဲ ခိုးဝင်လာတာ မင်းတော့မင်းရဲ့ အနံ့ခံကောင်းတဲ့ နှာခေါင်းကို သုံးပြီး သူ့ကို ရှာနိုင်အေညက် ကူညီပေးစေချင်တာ”
“လခွမ်း ငါ့ကိုခွေးတစ်ကောင်လို့ ထင်နေတာလား ငါက အံ့ဖွယ်သားရဲကွ”
ဟေးယွီက ဒေါသထပ်ထွက်လာ၏။ သူ၏အော်ဟစ်သံက ဗီလာတစ်ခုလုံးကို တုန်လှုပ်သွားစေလုနီးပါးပဲ ဖြစ်သည်။ ယွင်ချဲ့က နားပိတ်ထား၏။ ထိုရလဒ်ထွက်သွားမည်မှန်း ကြိုသိမနေသည့် ရှင်းဖုန်းနှင့် ကုမက်ရွှမ်းက ထိုမျှ ကံမကောင်းပေ။ ထိုကျယ်လောင်သည့်အသံကြောင့် သူတို့နားက တဝှီဝှီ ဖြစ်နေတော့၏။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset