YMR- အခန်း ၁၇၃

အခန်း ၁၇၃။

ညအချိန်တွင် စကားပြောခြင်း၊ တစ်စုံတစ်ခုဖြစ်သွားတယ်
ခါတိုင်းလိုပင် ရှင်းဖုန်းက ညဆယ်နာရီ မထိုးခင်အထိ ပြန်မလာခဲ့ပေ။ သူတို့မနက်ဖြန်ကျ ချန်ချန်ကို စတင်လေ့ကျင့်ပေးရန် လိုအပ်ကြောင်း သိနေသောကြောင့် လူတိုင်းသည် အိပ်ရာစောစော ဝင်ကြ၏။ ရှင်းဖုန်း ပြန်ရောက်လာသည့်အချိန်တွင် ယွင်ချဲ့က ဧည့်ခန်းထဲရှိ ဆိုဖာပေါ်၌ သူတစ်ယောက်တည်း သူ့ကို စောင့်နေလေသည်။ ယွင်ချဲ့ကို မြင်လိုက်ရသည်က ရှင်းဖုန်းကို မောပန်းနွမ်းနယ်မှုများအားလုံး ချက်ချင်းမေ့လျော့သွားစေပုံရ၏။ သူကလျှောက်လာပြီး ယွင်ချဲ့၏နှုတ်ခမ်းမှ စီးကရက်ကို ယူပြီးနောက် နှုတ်ခမ်းကို ဆတ်ကနဲ နမ်းလိုက်လေ၏။
“မင်းကို ကိုယ့်အတွက် အကြာကြီး စောင့်မနေစေချင်ဘူး နောင်ကျ အိပ်ရာစောစောဝင်သင့်တယ်”
ရှင်းဖုန်းက အနည်းငယ်ကြမ်းတမ်သောလက်ဖြင့် ယွင်ချဲ့၏မျက်နှာကို ပွတ်သပ်လျက် တိုးလျသောလေစံဖြင့် ပြောလိုင်သည်။ လူတိုင်းက ယခုအားလပ်ရက် ရနေတာဖြစ်သည်။ သူသည် ယွင်ချဲ့နှင့် အချိန်တချို့ ပိုနေသင့်သော်ငြား ဓာတ်ခွဲခန်းကိစ္စက သူ့ကိုလတ်တလော အလုပ်များနေစေ၏။
“စောစောအိပ်ရာဝင်ရင်တောင် အိပ်ပျော်မှာမဟုတ်ဘူး”
ယွင်ချဲ့က ဆိုဖာပေါ်၌ထိုင်ကာ စီးကရက်ကို ပြန်ယူပြီးနောက် တစ်ချက်ဖွာလိုက်၏။
“ဓာတ်ခွဲခန်းကိစ္စက ဘယ်လိုဖြစ်သွားပြီလဲ”
လတ်တလော၌ သူတို့ဂရုအစိုက်ဆုံး ကိစ္စနှစ်ရပ်ရှိသည်။ ပထမတစ်ခုက ဓာတ်ခွဲခန်းကို ထိန်းချုပ်ခြင်းဖြစ်ပြီး နောက်တစ်ခုက လာမည့်ရွေးကောက်ပွဲပဲဖြစ်သည်။ သူနှင့် ကူးမင်ရွှမ်းက ရွေးကောက်ပွဲကိစ္စကို ဖြေရှင်းရန် လုပ်ဆောင်နေပြီး ရှင်းဖုန်းကမူ ကျန်သည့်ကိစ္စအားလုံးကို သူတစ်ယောက်တည်း ဖြေရှင်းနေတာပဲဖြစ်၏။ ရှင်းဖုန်း အလုပ်မည်မျှ ကြိုးစားရမည်မှန်း သူမှန်းဆနိုင်၏။
“ဝေ့ခန်းနှင့် ဝမ်ဝေ့တို့က လိုက်လျောပေးဖို့ ငြင်းနေတယ်။ သူတို့တွေက ရွေးကောက်ပွဲရလဒ် ထွက်လာမှာကို စောင့်နေတယလို့ ကိုယ်ထင်တာပဲ ဝမ်ယန်က စွမ်းအားရှင်အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဖြစ်လာခဲ့ရင် သူတို့ဓာတ်ခွဲခန်းကို လွှဲမပေးမှာ စိုးရိမ်ရတယ်”
ရှင်းဖုန်းက သူ၏နှာခေါင်းကိုပွတ်လျက် ပင်ပန်းနွမ်းနယ်နေပုံပေါ်သည်။ သူ့လက်ကို ဖယ်လိုက်သည့်အချိန်၌ ရေတစ်ပုလင်းကို သူ့ရှေ့တွင် ရောက်လာသည်။ သူက ယွင်ချဲ့ကို လှည့်ကြည့်ပြီးနောက် ရေယူလိုက်၏။ ယွင်ချဲ့က စီးကရက်ကို ထုတ်ကာ ရှင်းဖုန်းအတွက် ပြင်ဆင်ပေးထားသည်။ စားစရာများကို စွမ်းအားနယ်မြေထဲကနေ ထုတ်ပြီးနောက် စားပွဲပေါ် တင်ထားလိုက်၏။
“အင်း ဒီကြက်စွပ်ပြုတ်ကို မြည်းကြည့်ဦး ဒါကို နေ့လယ်တုန်းက အန်တီချန်းက တစ်နေ့လုံး ချက်ထားရတာ”
ယွင်ချဲ့သည် ပူပူနွေးနွေး ကြက်စွပ်ပြုတ်တစ်ပန်းကန်ကို ခတ်လိုက်ပြီးနောကါ သူ့အားပေးလိုက်၏။ သို့သော် ရှင်းဖုန်းက လက်ဆန့်မထုတ်လာပေ။
“ကိုယ့်ကိုကျွေး”
“ဒါက”
ငါနဲ့တွေက ကျန်းရှန်နဲ့ ယဲ့ရှင်းချန်လို့ ဖြစ်သွာစတယ်လို့ ဘာကြောင့်များ ခံစားမိနေတာပါလိမ့်။
သူနောက်တေတာမဟုတ်မှန်း အာရုံခံမိပြီးနောက် ယွင်ချဲ့က တွန့်တွန့်ဆုတ်ဆုတ်ဖြင့် တူငိုကိုင်လျက် ကြက်သားတစ်ဖဲ့ ကျွေးလိုက်တော့၏။
“ကျန်းရှန်က ရှင်းချန်ကို အမြဲတမ်းခွံ့ကျွေးခိုင်းနေတာ အံ့‌ဩစရာမရှိဘူးပဲ၊ ကိုယ်ချစ်ရတဲ့သူ ခွံ့ကျွေးတဲ့အချိန် စားစရာတွေက ပိုအရသာရှိနေတာကို”
ဝါးနေစဉ် နူးညံ့သည့်ကြက်သားကို မျိုချလိုက်ကာ ရှင်းဖုန်းသည် ချစ်ခင်ရင်းနှီးစွာ မှတ်ချက်မချဘဲ မနေနိုင်တော့ပေ။ သူကအတော်လေး လွမ်းဆွတ်နေပုံပေါ်၏။ ယွင်ချဲ့က စိတ်နစ်သွားကာ သူ့ကို စွပ်ပြုတ်တစ်ဇွန်း တိုက်လိုက်၏။
“ကျန်းရှန်က ရှင်းချန်ကို ကျွေးတယ်ဆိုတာ ခင်ဗျားသိတယ် ဒီတော့ တခြားနည်းတွေကော ကျုပ်တို့ဘာကြောင့် မလုပ်ကြည့်ရမှာလဲ ဒါက ခင်ဗျားချစ်ရသူကို ဂရုစိုက်တဲ့နည်းပဲလား”
သူသည် တစ်စုံတစ်ယောက်ကို ခွံ့ကျွေးခံရခြင်းကိုလည်း စိတ်မဝင်စားပေ။
“မင်းသဘောကျရင် အဲ့ဒီ ချီးထုတ်ဓာတ်ခွဲခန်းကိစ္စ ပြီးသွားတာနဲ့ မင်းကိုအနပ်တိုင်း ခွံ့ကျွေးမယ်”
သူ့အဖွဲ့က သူ့ကို စောဒကတက်မှာ သေချာမှန်း သူသိနေသည့်တိုင်း ခွံ့ကျွေးရမှာကို သူပျော်ရွှင်နေပေ၏။ ကျိုးဇယ်ယွီက လူပျိုလေးများကို စိတ်ပိုင်းဆိုင်ရာ အနိုင်မကျင့်ရန် သူ့ကို အော်လောက်မှာပဲဖြစ်သည်။
ထိုအကြောင်းကိုတွေးနေစဉ် ရှင်းဖုန်းက အလိုလို ရယ်လိုက်မိ၏။ ပြီးနောက် ကျန်သည့်သူများနှင့် နောက်ဆုံးအခေါက် ညစာစားခဲ့ချိန်မှစားပြီးတာက အတော်ကြာခဲ့ပြီဟု တွေးလိုက်မိသည်။
“တော်လိုက်တော့ တွေးကြည့်ရုံနဲ့တင် ကြက်သီးတွေထတယ်”
သူသည် ထိုပုံရိပ်ကို တွေးတောင် မ‌တွေးနိုင်ပေ။ ယဲ့ရှင်းချန်နှင့် ကျန်းရှန်တို့ ၎င်းကို အဘယ်ကြောင့်ထိုမျှ နှစ်ခြိုက်နေရမှန်း သူနားမလည်နိုင်ပေ။
“ဟားဟား”
ရှင်းဖုန်းက ရယ်မောလိုက်၏။ ရိုးရိုးသားသားပြောရလျှင် သူလည်း သီးမခံပေ။ မည်သို့ပင် ဆိုစေကာမူ သူ၏ဒါလင်က ထိုကဲ့သို့ တောင်းဆိုမှုတစ်ခု ပြုခဲ့လျှင် မည်သည့်နည်းနှင့်မဆို လုပ်ပေးမှာပဲဖြစ်သည်။
သူတို့က စကားပြောလျက် တစ်ယောက်နှင့်တစ်ယောက် ကျီစယ်နေကြစဉ် ရှင်းဖုန်းက တစ်နာရီနီးပါး စားသောက်ခဲ့၏။ သူတို့အိပ်ခန်းထဲသို့ ပြန်ရောက်သောအခါ သန်းခေါင်ချိန် ရောက်ခါနီးပြီဖြစ်သည်။ မောပန်းနေသော်ငြား ရှင်းဖုန်းသည် ယွင်ချဲ့ကိုယ်ပေါ် အုပ်မိုးလိုက်၏။ သူတို့နှစ်ချီခန့် ဆောင်ရွက်ခဲ့လေသည်။ ပထမအချိန်က ရေချိုးခန်းထဲတွင်ဖြစ်ပြီး ဒုတိယအချိန်၌ အိပ်ရာပေါ်တွင်ဖြစ်၏။ သူတို့ရေချိုးခန်းထဲတွင် ကိစ္စပြီးနောာက် ယွင်ချဲ့က လမ်းလျှောက်နိုင်သေးသည်။ အိပ်ရာပေါ်၌ပြီးတော့ ယွင်ချဲ့က လက်မြှောက်နိုင်ရုံလောက်သာ ရှိတော့သည်။ ဆန့်ကျင်ဘက်အနေဖြင့် ရှုပ်ပွနေသည်များကို ရှင်းပြီးသည့် ရှင်းဖုန်းကမူ အားအင်ပြည့်ဖြိုးနေသေး၏။
“ကိုယ့်ဦးလေးက ကျောင်းဖွင့်ဖို့ အကြံဉာဏ်ကို သဘောကျတယ် အဆိုတင်သွင်းချက်ကို လက်ခံပြီးပြီ ပြီးတော့ မနက်ဖြန်မနက် ကြေညာလိမ့်မယ် ကျောင်းကို အပိုင်းဒီ ဒါမှမဟုတ် အီးနေရာမှာ ထားလိုက်မယ်လေ အီးနေရာမှာ ဖြစ်လောက်တယ်”
ရှင်းဖုန်းက ယွင်ချဲ့ကို ဆွဲခေါ်လျက် သူ့ရင်ဘက်ပေါ် သူ့မျက်နှာကို အပ်ထားစေကာ ယွင်ချဲ့ခေါင်းလေးကို ပွတ်သပ်နေ၏။ ယွင်ချဲ့ကလည်း ဆံပင်များ ပေါက်လာပြီဖြစ်လေရာ သူဂတုံးဖြစ်နေစဉ်ကကဲ့သို့ ပို၍မကောင်းတော့ပေ။
“အင်း အပိုင်းဒီက ပိုအဆင်ပြေမဲ့ပုံပဲ မဟုတ်ဘူးလား ပြောကြတာတော့ အပိုင်းအီးနဲ့အက်ဖ်က လူထူထပ်လွန်းတယ် နေထိုင်ဖို့အတွက် အပြင်ဘက်ဧရိယာတွေကို သုံးဖို့ သူတို့တွေးမိရဲ့လား ဧရိယာတစ်လခုလုံးကို တစ်ခုလုံးကို ပြောင်းလိုက်တာက အလုပ်ဖြစ်မှုမဟုတ်ဘူး”
ယွင်ချဲ့က သူ့ကိုကြည့်လျက် ရင်ဘတ်ကိုပွတ်သပ်ကာ သူ၏နို့ကို လိမ်ဆွဲလိုက်၏။ ရှင်းဖုန်းက သူ့ကိုဟန့်တားရန် လက်ကိုဆုပ်ကိုင်လိုက်သည်။
“မင်းမစချင်ဘူးဆိုရင် ကိုယ့်ကို မမြူစွယ်နဲ့”
“ဟုတ်ပြီဟုတ်ပြီ”
ယွင်ချဲ့က ရယ်မောလျက် သူ၏လက်ကို ပြန်ဆွဲလိုက်၏။ သူက ရှင်းဖုန်းကို ဆက်လက်မြှူဆွယ်နေပါက မနက်ဖြန်ကျ အိပ်ရာထဲက ထနိုင်တော့မှာမဟုတ်မှန်း။သူသိနေသည်။
“ဟုတ်တယ် အပိုင်းဒီမှာလို့ ထင်တာပဲ အပြင်ဘက်ဧရိယာတွေ အတွက်ကတော့ မူလမြို့‌တွေ၊ ရွာတွေအတိုင်းထားမယ် ပြီးတော့ အဲ့ဒီနေရာတွေက အလွန်ဆုံးမှ လူထောင်ချီ နေနိုင်ရုံပေါ့ လူနေထိုင်တဲ့ ဧရိယာတွေက အိမ်ငှားတွေ ဖြစ်ကုန်လိမ့်မယ် စစ်တပ်က အဲ့ဒီနေရာ‌မှာလည်း တပ်တချို့ ချထားလောက်တယ်”
“စစ်တပ်က တကယ်တွက်ချက်နေတာပဲ လူတွေကို မြေငှားတယ်ဆိုတဲ့ နာမည်အောက်မှာ သူတို့တွေက သူတို့အတွက်မေ့ကို စမ်းသပ်ဖို့ အိမ်ငှား‌တွေကို တကယ်အသုံးပြုနေမှာ မြေက သီးပင်တွေ တကယ်စိုက်ပျိုးလို့ ရတယ်ဆိုရင် စစ်တပ်က မြေကို ပြန်သိမ်းဖို့အတွက် ဆက်ခြေတွေ သုံးနိုင်တာပဲ စိုက်ပျိုးလို့မရဘူးဆိုရင် စစ်တပ်က ဆုံးရှုံးမှု ခံစားရမဲ့သူမဟုတ်ဘူး သစ်တပ်က အခမဲ့မျိုးစိတ် ပေးလိမ့်မယ်လို့တော့ ငါမထင်ဘူးနော်”
နှာခေါင်းတစ်ချက်ရှုံ့ပြီးနောက် ယွင်ချဲ့က နှုတ်ခမ်းစူကာ သူ့အနေအထားကိုပြင်လျက် ရှင်းဖုန်း၏ လက်မောင်းပေါ် ခေါင်းတင်ကာ အနားယူလိုက်၏။ သူ၏ လယ်စိုက်သည့်အစီအစဉ်ကို တစ်ခါမှ မထောက်ခံဘူးပေ။ သူသည် ယခင်ဘဝတုန်းက အနောက်တောင် အခြေစိုက်စခန်းသို့ရောက်ချိန်၌ တတိယမြို့ရိုးသည် အပြင်ဘက်၌ တည်ဆောက်ပြီးပြီဖြစ်ကာ ဝမ်အန်းခရိုင် တစ်ခုလုံးက အခြေစိုက်စခန်းထဲ ပါနေလေ၏။ အချို့သောအကြောင်းအရင်းကြောင့် ယာယီဆိုင်းငံ့ထားသော နေရာအချို့မှလွဲလျှင် ခရိုင်တစ်ခုလုံးသည် နေထိုင်ရန် ရည်ရွယ်ချက်အတွက် ဆောင်ရွက်နေတာဖြစ်ပြီး သူတို့၏ လယ်စိုက်သည့်အစီအစဉ် ကျရှုံးတာကို ညွှန်ပြနေ၏။
“မြေနဲ့မျိုးစေ့ နှစ်ခုလုံးကို အခမဲ့ ကမ်းလှမ်းမှာ ဒါပေမဲ့ တစ်ခုခု ရိပ်သိမ်းနိုင်ခဲ့မယ်ဆိုရင် အိမ်ငှားတွေက အပြန်အလှန်အနေနဲ့ ရိက္ခာတစ်ဝက်ကို အပ်ပေးဖို့လိုတယ်”
ယင်းက အင်မတန် မြင့်မားသည့် အခွန်နှုန်းဖြင့် အခွန်ကဲ့သို့ပဲဖြစ်သည်။
“ယာမြေတွေကနေ ဘာမှ ရမလာရင်ကော”
“စစ်တပ်က ပြန်ပေးဖို့ မျိုးစိတ်တွေတော့ လိုမှာမဟုတ်ဘူး ဒါပေမဲ့ မျိုး‌စေ့ကို လက်ခံရတဲ့လူတိုင်းက စိုက်ပျိုးမယ်ဆိုတာ သေချာမှလေ၊ တစ်ယောက်ယောက်က စည်းမျဉ်းကို ချိုးဖျက်ခဲ့ရင် သူက အပြစ်ပေးခံရမှာ”
“အင်း စစ်တပ်က ဒီလောက် တစ်ကိုယ်ကောင်းမဆန်တဲ့ပုံ ပေါက်တာပဲ တစ်ဝက်ယူတာက နည်းနည်းတော့ များလွန်းတယ် ဒါပေမဲ့ အစတည်းက စားစရာ မလုံလောက်တဲ့ သူတွေအတွက် မျက်နှာသာပေးလိုက်တဲ့ ပေါ်လစီပဲလေ သူတို့တွေ ဘာမှမရဘဲ အဆုံးသတ်သွားရမှာကို ငါစိုးရိမ်နေမိရုံပဲ”
“ဘာတွေ သွယ်ဝိုက်ပြောနေတာလဲ ပြောစရာရှိရင် ကိုယ့်ကိုပြောလေ”
အကြိမ်အနည်းငယ် ယွင်ချဲ့ကစားတာ ခံရပြီူနောက် ရှင်းဖုန်းသည် သူသင်ခန်းစာ ရနေပြီဖြစ်သည်။ သူသည် အရာအားလုံး ကောင်းသော်ငြား ယွင်ချဲ့သည် သတင်းအချက်အလက်များကို ပျော်စရာအတွက် ဆုပ်ကိုင်ထားသည့် အကျင့်ဆိုးလေးတစ်ခု ရှိနေပုံပေါ်၏။
“အင်း တစ်ယောက်ယောက်ကတော့ သင်ခန်းစာရသွားတဲ့ ပုံပဲ”
ယွင်ချဲ့က ရှင်းဖုန်း၏လည်ပင်းကို တွဲခိုကာ တစ်ဖက်သူ၏ မေးစေ့ကို ကိုက်လိုက်‌တော့၏။ ရှင်းဖုန်းက ရှင်းပြလိုက်သည်။
“ဒါပေါ့ ချောင်ယန်းကလည်း ဟင်းသီးဟင်းရွက်တချို့ စိုက်ပျိုးထားတာ ကိုယ်သတိထားရမယ်လေ”
“ဟားဟား”
ယွင်ချဲ့က မရယ်ဘဲ မနေ‌နိုင်တော့ချေ။ ခဏအကြာ၌ သူက လက်မောင်းထဲတိုးဝင်ပြီး ပြောလိုက်၏။
“တတ်နိုင်ရင် စိုက်ပျိုးတဲ့ကိစ္စတစ်ခုလုံးကို ရပ်တန့်လိုက် မရပ်နိုင်ဘူးဆိုရင် အနည်း‌ဆုံးတော့ နောက်လထိ ဆိုင်းငံ့ထားလိုက် ငါမှတ်မိတာ အမှန်ပဲဆိုရင် ဇွန်လမှာ နှင်းကျလိမ့်မယ် ရက်အတိအကျ မမှတ်မိနိုင်ပေမဲ့ တခြားသဘာဝ ကပ်ဘေးမျိုးစုံလည်းရှိနေတာ မြေငလျင်တို့၊ ဆူနာမီတို့လိုမျိုးပေါ့ ပြီးတော့ နှင်းကျပြီးသွားရင် ဖုတ်ကောင်တချို့က အဆင့်သုံးအကန့်အသတ်ကို ဖြတ်ကျော်နိုင်လိမ့်မယ် အဲ့ဒီအချိန် သီး‌နှံတွေ ပျက်စီးတာထက် ပိုကြီးမားတဲ့ ပြဿနာ ကြုံတွေ့လာရလိမ့်မယ် အစောင့်တွေက ဖုတ်ကောင်တွေကို ရင်ဆိုပြီး ခြံစည်းရိုးကို ကာကွယ်နိုင်မှာမဟုတ်ဘူး ငါတို့ အဲ့ဒီကို ရောက်သွားတဲ့အချိန် နောက်ကျသွားလိမ့်မယ်”
ယွင်ချဲ့သည် ရှင်းဖုန်းကို သူပြန်လည်မွေးဖွားလာသည့်အကြောင်း မပြောပြခဲ့ပေ။ သို့သော်ငြား ရှင်းဖုန်းသည် သူ့ဘာသာသူ ထုတ်ဖော်နိုင်လိမ့်မည်ဟု သူယုံကြည်၏။
“…”
ရှင်းဖုန်းသည် ဘာမှမပြောနိုင်လောက်အောင် ထိတ်လန့်နေ၏။ သူမေစမိလိုက်တာ ဝမ်းသာသည် မဟုတ်လျှင် ထိုသို့ ဖြစ်လာခဲ့ပါက ပိုင်ဆိုင်မှု ဆုံးရှုံးရုံလောက်သာ မဟုတ်လောက်ပေ။ ထိုအချက်အလက်သည် ယွင်ချဲ့ဆီမှ ဖြစ်သောကြောင့် အမှန်ဆိုတာ သံသရမရှိပေ။
“ဒါ့အပြင် မင်းကြားရင်တောင် မြေပြင်ပေါ်မှာ ဘာမှ မပေါက်ရောက်နိုင်ဘူး ဒါပေမဲ့”
သူက ဖုတ်ကောင်ဗိုင်းရပ်စ်ကို မြေကိးထဲကနေ ရှင်းလင်းရန် မြေအားလုံးပေါ်၌ သူ၏စွမ်းအားနယ်မြေထဲမှ ဝိညာဉ်စွမ်းရည်ကို မပက်ဖြန်းလျှင် ဧရိယာတစ်ခု၌ သူ၏အပင်များကို မစိုက်ပျိုးလျှင် ရမှာမဟုတ်။ သို့သော် သူသည် ထိုကဲ့သို့ ပရောဂျက်ကြီးတစ်ခုကို သူကိုယ်တိုင် ဖြေရှင်းနိုင်မှာ မဟုတ်ပေ။
“ထားလိုက်တော့ ကိုယ့်ရဲ့ဒေါ်လေးနဲ့ တခြားသူတွေကို ပြီးမှသွားပြောလိုက်မယ် သူတို့တားနိုင်မယ်လို့ မျှော်လင့်ရတာပဲ”
သူက ၎င်းကို ဆုံးဖြတ်နိုင်သည့် အနေအထားတွင် မရှိပေ။ သူလုပ်နိုင်သမျှက သူ့ဒေါ်လေးနှင့် ကျန်သည့် အဆင့်မြင့်အရာရှိများဆီသို့ သတင်းပါးရန်ဖြစ်ပြီး ကျန်သည့်ကိစ္စက သူတို့ပေါ်တွင်သာ မူတည်သွားလိမ့်မည်။ သူက သိပ်ဝင်မပါချင်ပေ။ အကြောင်းမှာ သူက ရွှေစွမ်းအားရှင်ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပြီးဖြစ်ရာ မြို့တော်ကနေ ဖုန်းခေါ်ဆိုမှုများစွာ ရရှိခဲ့၏။ မြို့တော်ကသာ သူအခြေစိုက်စခန်း တည်ဆောက်မှု၌ ဝင်ပါနေကြောင်း သိနေလျှင် သူ့ကို ပြန်ခေါ်ရန် တစ်စုံတစ်ယောက်ကို လွှတ်လိုက်မှာပဲဖြစ်၏။ သူအလိုမရှိလျှင် သူ့ကို မည်သူကမှ ဖိအားမပေးနိုင်သော်ငြား သူ့ကို ထိုလူများ နားပူနားဆာ မလုပ်နိုင်အောင် အကြောင်းပြချက်တစ်ခု မပေးတာက ပိုကောင်းလိမ့်မည်။
“ခင်ဗျား ဒီချီးထုတ်တွေအားလုံးကို ဖြေရှင်းပြီးသွားရင်တော့ တာဝန်ခရီးတစ်ခေါက် ထွက်ကြရအောင်”
နောက်ကျနေပြီမှန်း တွေးလိုက်မိပြီး ယွင်ချဲ့က မျက်လုံးမှိတ်ထားလျက် အကြောင်းအရာကို အဆုံးသတ်ကာ သူ့ဘေး၌ လှဲလိုက်တော့၏။
“ဂွတ်နိုက်”
ရှင်းဖုန်းသည် သူ့ကိုခြုံရန် ဆောင်ဆွဲယူလိုက်ပြီးနောက် ယွင်ချဲ့၏နဖူးကို ဆတ်ကနဲနမ်းကာ မျက်လုံးမှိတ်လျက် သူ့ကို လက်မောင်းထဲ ထွေးပွေ့ထားလိုက်၏။
ယခုအချိန်တွင် ရှင်းဖုန်းက ကိစ္စရပ်များကို မဖြေရှင်းရသေးခင် သူတို့တောင်ပေါ်သို့ မသွားနိုင်မှန်း သိနေ၏။
နောက်နေ့နံနက်၌ ယွင်ချဲ့သည် မနက်ခြောက်နာရီ၌ထ၏။ သူသည် ချန်ချန်ကို ကတိပေးထားသည့်အတိုင်း မနက်ခြောက်နာရီ၌ ထသည်။ သူနှင့်ရှင်းဖုန်းတို့က ဘေးအခန်း၌ ချန်ချန်ကို သွားခေါ်ပြီး ကြိုပေးတော့၏။ အားလုံးက အားကစားဝတ်စုံ ဝတ်ထားကြသည်။ ရှင်းဖုန်းက အရပ်မြင့်ပြီး ထောင့်ကောင်း၏။ ယွင်ချဲ့က သေးသွယ်ပြီး ပိန်ပါးသညါ။ အဖြူရောင် အားကစားဝတ်စုံဖြင့် နှစ်ယောက်လုံး၏သွင်ပြင်က ပြီးပြည့်စုံနေသည်။ တစ်ဖက်တွင်မူ ချန်ချန်သည် ပိုလာဝက်ဝံပမာ ဝနေလေ၏။ ဆန့်ကျင်ဘက်သွင်ပြင်က ရယ်စရာ ကောင်းစေတော့သည်။ သူတို့ကို မြင်သည့်သူတိုင်းက မရယ်ဘဲ မနေနိုင်ကြချေ။
“ဟမ့်”
ချန်ချန်က နှာခေါင်းရှုံ့ကာ နောက်မှသူ့အတွက် အနက်ရောင် အားကစားဝတ်စုံတစ်စုံ လုပ်ပေးရန် သူ့အမေကိုပြောဖို့ ဆုံးဖြတ်လိုက်၏။ သူသည် အနက်ရောက်ဝက်ဝံနှင့် တူနေနိုင်လောက်သော်ငြား သူ့ကို မည်သူကမှ မရယ်ရဲလောက်ဟု ယုံကြည်သည့်အကြောင်းမှာ ယွင်ချဲ့နှင့်ရှင်းဖုန်းတို့က အစောတုန်းက သူ့ကို ရယ်မောခဲ့သည့်သူများကို သင်ခန်းစားပေးခဲ့သော်ကြောင့်ဖြစ်သည်။
“သွားကြမယ်”
“ဟုတ်ပြီ”
တံခါးတွင် ယွင်ချဲ့နှင့်ရှင်းဖုန်းတို့က ချန်ချန်ပြေးမထွက်ခင်အထိ စမပြေးပေ။ ယဲ့ရှင်းချန်၊ ကျန်းရှန်၊ လန်ယဲ့ဟန်နှင့် ကျန်သည့်သူများကလည်း သူတို့နှင့်အတူ ပြေးနေ၏။ ယွင်ယောင်သာမနက်စာမလုပ်ရလျှင် သူမသည်လည်း သူတို့နှင့်ပြေးလောက်သည်။ အမျိုးသားများက ချန်ချန်၏ဘေးတစ်ဖက်တစ်ချက်စီ၌ ပြေးနေပြီး သူတို့က မင်းသားလေးတစ်ပါးကို စောင့်ကြပ်နေသည့်ပမာ ဖြစ်နေ၏။
“ဟေးဒီမှာ ဘယ်သူလည်းကြည့်ဦး ချန်ချန် မင်းဝိတ်လျှော့ဖို့ ကြိုးစားနေတာလား”
“…”
ချောင်ယန်းအစုရှိလူတိုင်းက မနက်ခင်းလေ့ကျင့်ခန်း လုပ်နေကြဖြစ်၏။ အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ဦးက သူတို့ကို မြင်တွေ့ချိန်၌ ချန်ချန်ကို ခေါ်လိုက်၏။ ချန်ချန်က မောသွားကာ သူ‌ငိုတော့မည့်ပမာ ချက်ချင်း နှုတ်ခမ်းစူလိုက်တော့၏။ သူမည်သို့ ခံစားရမှန်း သိသောကြောင့် ယွင်ချဲ့က ရှေ့သို့ ကမန်းကတန်း ပြေးသွားတော့၏။
“မင်္ဂလာနံနက်ခင်းပါ”
“မင်္ဂလာနံနက်ခင်းပါ ခေါင်းဆောင်ယွင်၊ အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ”
အမျိုးသမီးက ပျာယာခက်သွားကာ အားလုံးကို နှုတ်ဆက်လျက် အစောတုန်းက သူမပြောခဲ့တာကို မေ့သွား၏။ ထိုစဉ်ယွင်ချဲ့က ချန်ချန်ကို အဝေးသို့ ခေါ်သွားပြီဖြစ်သည်။ အဝေးသို့ကြည့်ပြီးနောက် ချန်ချန်က နှုတ်ခမ်းစူပြီး မကျေမနပ်လေသံဖြင့် ပြောလိုက်၏။
“ဦးငယ် သားဝလား”
“အဓိပ္ပာယ်မရှိတာ ဦးငယ်သားကို ဘယ်နှစ်ကြိမ် ပြောပြီးပြီလဲ သူတို့က သားကို မနာလိုဖြစ်နေရုံပဲ စိတ်မတိုနဲ့ ဆက်ပြေးကြရအော်”
“ဟုတ်”
ယွင်ချဲ့သည် ချန်ချန်ကို စိတ်အားထက်သန်နေသော အကြည့်ဖြင့် ချော့မြူနေစဉ် ချန်ချန်က နောက်ဆုံး၌ ခံစားရပိုကောင်းလာကာ ဆက်ပြေးတော့၏။ သူတို့နောက်၌ လိုက်ပါလာသည့် သူများက ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ ချန်ချန်သည် သူဝကြောင်းဝန်ခံရန် ငြင်းဆန်ခဲ့၏ အကြောင်စမှာ ယွင်ချဲ့သည် သူ့ကို တစ်ချိန်လုံး လမ်းမှားပြခဲ့သောကြောင့်ဖြစ်၏။ ထိုလူသည် မျက်ကွယ်ပြုရန် ရွေးချယ်ထားတာ သိသာ၏။
ချန်ချန်သည် စွမ်းအားရှင်တစ်ယောက်ဖြစ်ပြီး သူ၏စွမ်းအားသည် သူ၏ခွန်အားနှင့် ခံနိုင်ရည်ကို တိုးမြှင့်ပေးသည့်တိုင် သူအသက်သုံးနှစ်သာ ရှိသေး၏။ လေ့ကျင့်မှု ပထမဆုံးရက်၌ တစ်နာရီခန့်ပြေးခြင်းက သူ့အတွက် မဖြစ်နိုင်ပေ။ သူတို့အပြန်လမ်းတွင် ရှင်းဖုန်းက ချန်ချန်ကို ကျောပေါ်တင်သယ်လာ၏။ ယင်းက ယွင်ချဲ့၏ အလုပ်ဖြစ်သင့်သော်ငြား ရှင်းဖုန်းက သူ၏အချစ်လေးက နောက်ကျောပေါ်ဝ၌ ထိုကဲ့သို့ လေးလှသည့်ကောင်လေးနှင့် ပြေးနေရတာကို သူမမြင်ရက်ပေ။
“ခေါင်းဆောင် သတင်းဆိုးရှိတယ်”
လူတိုင်းက ရေချိုးပြီးနောက် မနက်စာစားရန် ဧည့်ခန်းထဲသို့ ရောက်လာသဉ် ကူးမင်ရွှမ်းက သုန်မှုန်‌နေသောအကြည့်တို့ဖြင့် အထဲသို့လျှောက်လာ၏။ ပျော်ရွှင်စွာ စကားပြောနေကြသည့် သူအားလုံးက သူ့ကို စိုက်ကြည့်လိုက်သည်။ သူတို့သိထားပုံအရ ကူးမင်ရွှမ်းသည် အလွန်အရေးကြီးသည့် ကိစ္စမဟုတ်လျှင် ထိုကဲ့သို့ လေးနက်တည်ကြည်သော အမူအရာမျိုး ရှိနေမှာမဟုတ်ပေ။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset