YMR- အခန်း ၁၇၂

အခန်း ၁၇၂။

အလုံးစုံစွမ်းအားလား။ သူကအားလုံးကို လက်ခံယုံကြည်စေခဲ့တာပဲ
“စိတ်မရှိပါနဲ့ အလုံးစုံစွမ်းအားရှင်တဲ့လား”
ယွင်ချဲ့သည် ချန်ချန်နှင့်အတူ အိမ်သို့ပြန်ရောက်လာသည့်အချိန်၌ အားလုံးက ဧည့်ခန်းထဲတွင် ရှိနေသည်။ ချန်ချန်က အလုံးစုံစွမ်းအားပိုင်ဆိုင်သည့် စွမ်းအားရှင်တစ်ယောက်ဖြစ်ကြောင်း သူကြေညာလိုက်ပြီးနောက် လူတိုင်းသည် ဘေး၌ ရှောင်ပိုင်နှင့် ဆော့ကစားနေသော ဖက်တီးလေးကို အထိတ်တလန့် စိုက်ကြည့်ပြီး သတင်းကို လက်ခံနိုင်ရန် ခက်ခဲနေလေ၏။ အလုံးစုံစွမ်းအားရှင်တစ်ယောက်ဖြစ်ချင်သည့် နှစ်နှစ်အရွယ် ကလေးက စွမ်းအားနှစ်မျိုးပိုင်သည့် စွမ်းအားရှင်များကို နိမ့်ကျသွားစေ၏။
“ဟုတ်တယ် ချဲ့၊ သေချာရဲ့လား ချန်ချန်မှာ နယ်မြေလေးတစ်ခုရှိတာတော့သိတယ် ဒါပေမဲ့ သူ့မှာ တခြားစွမ်းအားရှိတယ်ဆိုတာ တစ်ခါမှမပြောပြဖူးဘူး”
ယွင်ယောင်က ယွင်ချဲ့၏ဘေး၌ထိုင်ကာ သူ့လက်ကို ဆုပ်ကိုင်ထားလျက် မေးလိုက်လေ၏။ ချန်ချန်သည် ရံဖန်ရံခါ၌ ပစ္စည်းအချို့ ထုတ်တတ်ကြောင်း သူမသိထားခဲ့တာ ကြာပြီဖြစ်၏။ ယင်းကို ချန်ချန်က သူမအား ဝန်ခံခဲ့သည်။ သို့သော်ငြား
“အစ်မကို မပြောဖို့ ကျွန်တော်သူ့ကို ပြောထားတာ”
သူသည် အစတည်းက သူမကိုပြောပြချင်၏။ သို့သော် ပိုကောင်းတာကို တွေ့ခဲ့၏။ ထိုစဉ်က သူတို့သည် လုံလုံလောက်လောက် မသန်မာခဲ့ပေ။ လျှို့ဝှက်ကို သိသည့်သူကပိုများလေ အန္တာရယ်ပိုမျာစလေဖြစ်၏။
“အလုံးစုံစွမ်းအားရှင်တစ်ယောက်ဖြစ်တာက သူက စွမ်းအင်အားလုံးကို သုံးနိုင်တယ်လို့ မဆိုလိုဘူး အလုံးစုံစွမ်းအားရှင်လို့ခေါ်တာက စွမ်းအင်ငါးမျိုးရှိတဲ့ စွမ်းအားရှင်တွေကိုပြောတာပဲ ရွှေ၊ သတ္တု၊ ရေ၊ မီးနဲ့ မြေ ဒါတွေအပြင် ချန်ချန်ကလည်း စွမ်းအားနယ်မြေရှိတယ် အရင်တုန်းက လူတွေက အလုံးစုံစွမ်းအားရှင်တွေက အတော်လေး အစွမ်းထက်တယ်ဆိုတာပဲသိတာ ဒါပေမဲ့ အဆင့်တက်ဖို့ ဘယ်လောက်ခက်လဲဆိုတာ သူတို့မသိကြဘူးလေ တခြားသူတွေက အခုအချိန်မှာ ချန်ချန်က အလုံးစုံစွမ်းအားရှင် ဖြစ်တဲ့အကြောင်း ရှာတွေ့သွားခဲ့မယ်ဆိုရင် အဖွဲ့တိုင်းကသူ့ကို စိတ်ဝင်တစား ဖြစ်နေလိမ့်မယ် စစ်တပ်အပါအဝင်ပေါ့ ဒါကြောင့် ဒီလိုဆိုရင် ဓာတ်ခွဲခန်းထဲမှာ စစ်ဆေးခံရမယ် မူမမှန်တဲ့အကြောင်း အမြဲတမ်းသိချင်နေကြမှာ ချန်ချန်ကို ကာကွယ်ဖို့အတွက် သူ့ရဲ့စွမ်းအားအကြောင်း ဘယ်သူ့ကိုမှမပြောဖို့ သူ့ကိုဂတိပေးခိုင်းခဲ့တာ အစ်မကို အချိန်အကြာကြီး သွယ်ဝှက်ထားမိတဲ့အတွက် တောင်းပန်ပါတယ်”
ယင်းက ယုံကြည်မှုအကြောင်းမဟုတ်ပေ။ သူသည် လုံခြုံရေးအတွက် ကြိုတင်သတိထားသည့်အနေဖြင့် လျှို့ဝှက်ထားရမည်။
“အခု အစ်မတို့ကို ဘာကြောင့်ပြောပြတာလဲ သူအန္တရာယ်ရှိတော့မှာလား”
ယွင်ယောင်က ပိုစိုးရိမ်ပူပန်လာ၏။ သူမ၏သားက သူမအတွက် အရာရာပဲဖြစ်သည်။ သူ့ကို ဘာ‌မှဖြစ်ခွင့် မပေးနိုင်ပေ။
“စိတ်မပူပါနဲ့ အလုံးစုံစွမ်းအားရှင်ဆိုတာ လက်ဆောင်မွန်တစ်ခုဟုတ်သလို ဝန်ထုပ်ဝန်ပိုးတစ်ခုလည်း ဟုတ်တယ်၊ သာမန်လူတွေက သူ့ရဲ့ကြီးမားတဲ့ သုံးစွဲတဲ့နှုန်းက ထိန်းထားနိုင်မှာမဟုတ်ဘူး အခုလူတိုင်းက အလုံးစုံစွမ်းအားရှင်အတွက် အဆင့်တက်ဖို့ ခက်ခဲတယ်ဆိုတာ သဘောပေါက်သွားပြီလေ ဒါကြောင့် လူအနည်းစုလောက်ပဲ သူ့ကိုစိတ်ဝင်စားမှာ ဒါ့အပြင် ကျွန်တော်တို့က သူ့ကိုကာကွယ်ဖို့ လုံလုံလောက်လောက် သန်မာနေပြီလေ သူအတင်ပြေမှာပါ”
ယွင်ချဲ့က သူမပခုံးကို ပုတ်လိုက်၏။ သူက စိတ်လိုက်မာန်ပါ ပြုမူတာမဟုတ်ပေ။ ချန်ချန်ကို ဝိတ်ကျအောင် ကူညီပေးဖို့ ဆိုသော်ငြား ချန်ချန်ကို လေ့ကျင့်ပေးရန် ဆုံးဖြတ်ထားတာ အတော်ကြာခဲ့ပြီဖြစ်သည်။ သူ၏မူလအစီအစဉ်က ချန်ချန် သုံးနှစ်ပြည့်သည့် နောက်လ၌ လေ့ကျင့်မှုစတင်ရန်ဖြစ်၏။ ယခုသူက ရှေ့‌နည်းနည်း တိုးလိုက်တာပဲဖြစ်သည်။
“သေချာရဲ့လား”
ယွင်ယောင်သည် သူမသား၏ ဘေးကင်းမှုအကြောင်း စိုးရိမ်ပူပန်နေသေးသည်။
“ဟုတ်တယ် ကျွန်တော် သေချာပါတယ် ကျွန်တေယ် အစ်မကို ဘယ်တုန်းက လိမ်ဖူးလို့လဲ”
ယွင်ချဲ့က သူမနှင့် အကြည့်ချင်း ဆုံကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။ သို့သော်ငြား သူပြောပြီးသည်နှင့် ယွင်ယောင်က အသံတိုးတိုးဖြင့် ရေရွတ်ပြောလိုက်၏။
“နင်ငါ့ကို အကြိမ်ပေါင်းသန်းချီလောက် လိမ်ခဲ့တာလေ”
ယင်းကို ယွင်ချဲ့ မငြင်းနိုင်ပေ။ သူသည် သူလိမ်ရမည်ဖြစ်သောကြောင့် သူမကို တစ်ခါတစ်ရံလိမ်ခဲ့၏။ ယွင်ချဲ့က သူ့နှာခေါင်းကို ထိကာ ဘာကိုမှ မကြားလိုက်ပမာ ပြုမူနေ၏။ သို့မှသာ သူ၏အစ်မက ထိုအကြောင်းအရာ ဆက်ပြီး နားပူနားဆာ မလုပ်တော့မှာပဲဖြစ်သည်။
“ဟုတ်ပြီ သားဒီလောက်ထိ သန်မာလာလိမ့်မယ်လို့ တစ်ခါမှမထင်ထားခဲ့ဘူး နောင်ကျ ဦးဦးကို ကာကွယ်ပေးရမယ်နော်”
ယွင်ချဲ့က သူ့အစ်မကို စကားပြောနေချိန်၌ ချန်ချန်ကို အမြဲတမ်းအလိုလိုက်သော ယဲ့ရှင်းချန်က လျှောက်လာပြီး ချန်ချန်ကို ပွေ့ချီလိုက်၏။ ချန်ချန်သည် လူကြီးများ ပြောနေသည့် အကြောင်းအရာကို နားမလည်သော်ငြား သူက တောက်ပသော အပြုံးဖြင့် ခေါင်းညိတ်လိုက်၏။
“ပြဿနာ မရှိဘူး ဦးဦးယဲ့ကို ကာကွယ်ပေးမှာပေါ့”
“ကောင်းတယ် သားက သိပ်ချစ်ဖို့ကောင်းတာပဲ”
ယဲ့ရှင်းချန်က ပျော်ရွှင်သွားလျက် ချန်ချန်၏ခေါင်းကို ပြုံးလျက် ပွတ်သပ်ပေးလိုက်သည်။ လျှောက်လာသည့် ကျန်းချန်က သူ့အဝတ်အစားကိုဆွဲကာ သူနောက်လှည့်ကြည့်ချိန်၌ တီးတိုးပြောလိုက်၏။
“ကျွန်တော် ရှိသားပဲ ကျွန်တော်က စီနီယာ့ကို ကာကွယ်ပေးမှာပေါ့ ရှင်းချန်”
သူ မနာလိုဖြစ်နေတာလား။
ယဲ့ရှင်းချန်က ပျော်သွား၏။ သို့သော် နောက်တစ်စက္ကန့်၌ သူက ပြုံးတာ ရပ်တန့်ပြီးနောက် စိတ်အားထက်သန်နေသောအကြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ငါသိတယ် ကျန်းရှန် မင်းကလည်း ချစ်ဖို့ကောင်းလွန်းတယ် မင်းကိုချစ်တယ်”
ထိုသို့ပြောပြီးနောက် ယဲ့ရှင်းချန်က ခေါင်းစောင်းကာ ပါးကိုဆတ်ခနဲ နမ်းလိုက်သည်။ ကျန်းရှန်က ရှက်သွေးဖြာကာ အပျော်များ ပြည့်သွားတော့၏။
“ကျွန်တော်လည်း ခင်ဗျားကို ချစ်တယ် စီနီယာ”
အနား၌ လူများစွာ ရှိမနေခဲ့လျှင် သူက စီနီယာဆီ ပြေးဝင်နေလောက်ပြီ ဖြစ်သည်။ လူပျိုများက ထိုကဲ့သို့ မိန်းကလေးဆန်ဆန် ချစ်ခင်ရင်းနှီးသည့်ပုံရိပ်ကို မြင်လိုက်ပြီးနောက် သူတို့ကြက်သီးများထကုန်၏။
“ဟုတ်ပြီချဲ့၊ အခု ငါတို့ကို လျှို့ဝှက်ချက်အကြောင်း ဘာလို့ပြောပြတာလဲ”
ချစ်လင်ယုယနေသောစုံတွဲကို ကြည့်နေရတာ မူးဝေလာသောကြောင့် ကျိုးဇယ်ယွီသည် သူတို့ဆီကနေ အကြည့်ခွာပြီးနောက် ယွင်ချဲ့ကို ပြောလိုက်၏။ ယွင်ချဲ့သည် ယခုအချိန်၌ အကြောင်းပြချက်မရှိဘဲ လျှို့ဝှက်ချက်ကို ထုတ်ဖော်မှာမဟုတ်ဆိုတာ သူယုံကြည်နေ၏။
“ချန်ချန်ကို သူ့ရဲ့စွမ်းအား အဆင့်မြှင့်တင်ဖို့ လမ်းညွှန်ပေးရမယ့်အချိန်လို့ ငါထင်တယ်”
“နည်းနည်းစောတယ် အဲ့လိုမထင်ဘူးလား”
လန်ယဲ့ဟန်သည် မျက်မှောင်ကြုတ်လျက် ဝင်ပြောလိုက်၏။ သူသည် တစ်ခါတလေသာ ပြောတတ်သာဖြစ်၏။ ယွင်ချန်းက သူ့ကို မော့ကြည့်ပြီးနောက် သူနှင့်လိုက်ပြော၏။ ထိုလူများ ဘာပြောနေမှန်း အသိသော်ငြား လိုက်ပြောလိုက်သည်။ ပြီးနောက် သူက ခေါင်းငုံ့လိုက်ပြီးနောက် သူ၏အိုင်ပတ်နှင့် ဗီဒီယိုဂိမ်း ဆက်ကစားနေသည်။ ဤလောကထဲ၌ သွေးနှင့်အသားများကို မနှစ်သက်ဘဲ ဗီဒီယိုဂိမ်း ဆော့ကစားရတာကို နှစ်ခြိုက်သည့် တစ်ဦးတည်းသော ဖုတ်ကောင်ဖြစ်လောက်သည်။
“စွမ်းအားအဆင့်မြှင့်တင်တာက ရေရှည်ဖြစ်စဉ်ပဲ တကယ်တော့ ချန်ချန်က ငယ်သေးတယ် ဒါပေမဲ့ သူစောစောစတာ ပိုကောင်းမယ်လို့ငါထင်တယ် ဒါ့အပြင်သူက အလုံးစုံစွမ်းအားရှင်လေ သူက ပိုမြင့်တဲ့အဆင့်ကို ရောက်လေလေ သူ့အတွက် အဆင့်ထပ်တက်ဖို့က ပိုခက်ခဲလေပဲ”
ယွင်ချဲ့ မတုန့်ပြန်နိုင်သေးခင် ကူးမင်ရွှမ်းက သူ၏အမြင်ကို မျှဝေလိုက်၏။ စွမ်းအားရှင်များရောက်နိုင်သည့် အမြင့်ဆုံးက အဆင့်သုံးသာဖြစ်၏။ သူတို့က ချန်ချန်ကို စတင်လေ့ကျင့်ပေးခဲ့လျှင် သူအဆင့်နှစ် ရောက်အောင်သာ သူတို့ကူညီပေးနိုင်မည်။ ဆိုရလျှင် အဆင့်သုံး သလင်းအမြုတေများက ရရှိရန် ခက်ခဲလွန်း၏။ ယွင်ချန်းသည် အဆင့်သုံး သလင်းအမြုတေများမှလွဲလျှင် ကျန်သည်များကိုလည်း မစားသည့်အချက်က ရှိသေး၏။
“ဘာကြောင့်များ ငါ့ရဲ့ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးက ပိုလေးလာတယ်လို့ ရုတ်တရက်ကြီး ခံစားမိနေတာလဲ”
လုဟိုင်ရွှမ်း၏ဘေးတွင် ထိုင်လျက် ခရမ်းချဉ်သီးစားနေသော ချူးဟောင်လင်က ယွင်ချဲ့ကို တစ်ချက်ကြည့်လိုက်၏။ ထိုလူသည် အခမဲ့ နေ့လယ်စာကို တစ်ခါမှမပေးပေ။ သူက သူတို့၏လုပ်အားကို ထပ်မံသုံးတော့မည်။
“ဒီမှာလည်းတူတူပဲ”
ယွီဝမ်းချင်နှင့် ကျန်သည့်အသင်း‌ဖော်များကလည်း တွန့်ဆုတ်နေသောအကြည့်ဖြင့် ကြည့်လိုက်လေ၏။ ယွင်ချဲ့က သူတို့ကို တစ်ခုခုလုပ်ရန် ဖိအားမပေးသော်ငြား သူတို့၌ ယွင်ချဲ့အတွက် ဘာမဆို လုပ်ပေးမည့် ခေါင်းဆောင်တစ်ယောက် ရှိနေသည်။ သူပြန်လာချိန် ထိုအကြောင်းကို သိသွားပါက သလင်းအမြုတေများကို စုစည်းရန်အတွက် ယွင်ချဲ့ကို ကူညီပေးဖို့ သူက သူတို့ကိုအမိန့်ပေးမှာ သေချာသည်။ သူတို့က သူတို့၏ အားလပ်ရက်ကို အပြီးသပ်နေနိုင်တော့မှာ မဟုတ်သည့်ပုံပေါ်၏။
“ဟားဟား ငါ့ကောင်တို့ စိတ်အေးအေးထား ငါတို့မှာ အဆင့်တစ်နဲ့ အဆင့်နှစ် သလင်းအမြုတေတွေ အများကြီး ရှိသေးတယ်၊ ပြီးတော့ သူအဆင့်တက်အောင် ကူညီပေးဖို့ သလင်းအမြုတေကိုပဲ အားကိုးမှာ မဟုတ်ဘူး”
သူတို့၏ငုံ့နေသော အကြောင်းအရာကို အာရုံခံမိပြီး ယွင်ချဲ့က သူတို့ကို အာမခံလိုက်၏။ သူက နေ့စဉ်နေ့တိုင်း တိုက်ခိုက်နေလျှင် သလင်းအမြုတေမရှိဘဲ စွမ်းအားရှင်တစ်ယောက်သည် အဆင့်တက်နိုင်၏။ တိုက်ခိုက်ပြီး သလင်းအမြုတေများကို ဆက်တိုက် အသုံးပြုနေသော ကျန်သည့်သူများလောက် အဆင့်တက်မမြန်ရုံသာ ရှိလိမ့်မည်။ ယွင့်ချဲ့၏အဆင့်တက်တာမြန်ဆန်သည့် အရှိန်သည် သူ၏ရုပ်ပိုင်းဆိုင်ရာသဘာဝနှင့် ဝိညာဉ်စွမ်းရည်ကြောင့်ပဲ ဖြစ်သည်။ သူက သူသယ်လာသည့် မွေးမြူရေးတိရစ္ဆာန်များကို ကူးမင်ရွှမ်းအား ပေးအပ်ခဲ့ပြီး ဖြစ်သည်။ သူသည် အခေါက်တိုင်း၌ ရှုပ်ထွေးအောင်လုပ်ခဲ့သော်ငြား ရလဒ်က စိတ်ကျေနပ်စရာကောင်း၏။ စွမ်းအားနယ်မြေထဲသို့ သက်ရှိသတ္တဝါများ ပို့ဆောင်ရသည်က ပိုလွယ်ကူလာသည်ဟု ခံစားမိသည်။ သူသည် မကြာမီ၌ ချန်ချန်ကို အထဲသို့ ခေါ်သွားနိုင်ပြီး ယင်းက ခက်ခဲတော့မှာ မဟုတ်ဟု ယုံကြည်သည်။ ချန်ချန်သည် ဝိညာဉ်စွမ်းရည်ထဲ၌ ရေစိမ်ပြီး နေ့စဉ်နေ့တိုင်း စွမ်းရည်ကို သောက်သုံးခဲ့ပါက အဆင့်တက်ရတာ ပိုမြန်ဆန်လာလိမ့်မည်။ တိုက်ပွဲဝင်အတွေ့အကြုံနှင့် သလင်းအမြုတေက မရှိမဖြစ် လိုအပ်နေသေး၏။
“မင်းနောက်နေတာလား ချန်ချန်က ကလေးတစ်ယောက်ပဲ ရှိသေးတာ သူ့ကို ဖုတ်ကောင်တွေ သတ်ခိုင်းတော့ မလို့လား”
ချူးဟောင်လင်က ခရမ်းချဉ်သီးစားတာ ရပ်လိုက်ပြီးနောက် သူ၏မျက်နှာထက်၌ လက်မခံသည့် အကြည့်တို့ဖြင့် ထုတ်ပြောလိုက်သည်။ ကျန်သည့်သူများက ထိုမျှ စိတ်ဆတ်နေပုံ မပေါ်သော်ငြား သူပြောတာကို ထောက်ခံသည်။ ကလေးတစ်ယောက်ကို စွမ်းအားရှင်တစ်ယောက် ဖြစ်လာစေရန်အတွက် လေ့ကျင့်ပေးရတာ သူတို့၌ ပြဿနာမရှိပေ။ သို့သော် နှစ်နှစ်အရွယ်ကလေးကို ဖုတ်ကောင်သတ်ခိုင်းသည်က သူတို့အတွက် ရက်စက်ပုံပေါ်၏။
ယွင်ချဲ့က သူ့တူအရင်းကို တကယ်ကြီး သတ်ခိုင်းတော့မလို့လား။
“ချန်ချန်က ငါတို့ဖုတ်ကောင်တွေကို သတ်တာကို အရင်တုန်းက တစ်ခါမှ မမြင်ဖူးတာ မဟုတ်ဘူး”
ဒီအကြံဉာဏ်ကို အကြံပေးလိုက်တာနဲ့ သူက မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သွားသလိုမျိုး သူတို့က ဘာကြောင့် ပြုမူနေတာလဲ။
ယွင်ချဲ့သည် တိုက်ပွဲဝင်အတွေ့အကြုံ မရှိမဖြစ်လိုအပ်ကြောင်း ယုံကြည်၏။ ချန်ချန်သည် အတိုက်အခိုက် လေ့ကျင့်မှုမရှိဘဲ သလင်းအမြုတေဖြင့် အဆင့်တက်လာခဲ့ပါက သူ့၌ ခိုင်မြဲသည့်အုတ်မြစ်ရှ်တော့မှာမဟုတ်။ ထို့အပြင်ယင်းက သူ၏အနာဂတ်ကို ပျက်စီးစေလိမ့်မည်။
“ချဲ့ ဒါကိုတော့ ငါတို့ အလျှော့အတင်းလုပ်ရလိမ့်မယ်၊ ဒီလောက်ထိ လုပ်ဖို့မလိုဘူးမလား ချန်ချန်က နောက်လမှ အသက်သုံးနှစ်ပြည့်မှာ မင်းက သူ့ကို ဖုတ်ကောင်တွေကိုသတ်ဖို့ ခေါ်သွားချင်တယ်ဆိုရင်တောင် အနည်းဆုံး သူ အသက် ငါးနှစ်ပြည့်တဲ့အထိ စောင့်သင့်တယ်”
ကျိုးဇယ်ယွီက ယဲ့ရှင်းချန်ကို အဝေးသို့တွန်းထုတ်ပြီးနောက် ယွင်ချဲ့ဘေး၌ထိုင်ကာ ယွင်ချဲ့၏ပခုံးကို ဆုပ်ကိုင်လျက် ယွင်ချဲ့ကို ဖျောင်းဖျနိုင်အောင် ကြိုးစားနေလေ၏။ သူတို့သည် နုနယ်ပြီးချစ်စဖွယ်ကောင်းသော ချန်ချန်ကို ပျိုးထောင်နိုင်ရန် အရည်အချင်းရှိတာထက်ပို၏။ ငယ်ငယ်ရွယ်ရွယ်ဖြင့် ချန်ချန်အဖို့ ဖုတ်ကောင်များကို သတ်စရာအကြောင်းမရှိပေ။ ယွင်ချဲ့သည် သူ့တူလေးကို ဒါမျိုးမည်ကဲ့သို့ လုပ်ခိုင်းနိုင်ရသနည်း။
“ဇယ်ယွီ ပြောတာမှန်တယ် ချဲ့ ငါတို့ နှစ်နှစ်လောက် စောင့်ရင်ကော ဘယ်လိုလဲ”
ယဲ့ရှင်းချန်၏ ပွေ့ဖက်မှုထဲ၌ မျက်တောင်ခတ်နေသော ချန်ချန်ကို ကြည့်ပြီး ကျန်းယာဖေးက ယွင်ချဲ့ကို ပြောလိုက်၏။ ဤမိသားစု၌ သူတို့တွင် ကလေးတစ်ယောက်သာရှိသည်။ ယွင်ချဲ့သည်ထိုကဲ့သို့ အညှာအတာမဲ့သည့် ကိစ္စရပ်ကို မည်ကဲ့သို့ ပြုလုပ်ခိုင်းနိုင်သနည်း။ မည်သည့်နည်းနဲ့မဆို သူမမလုပ်နိုင်ပေ။
“ငါတို့တွေက အချိန်အတိုင်းတာ တစ်ခုအထိ သူ့ရဲ့စွမ်းအားကိုမြှင့်တင်ပေးဖို့ သလင်းအမြုတေ သုံးနိုင်တယ် သူအသက်ငါးနှစ်ပြည့်တဲ့အချိန် မင်းက…”
“အသက်သုံးနှစ်မှာ ဖုတ်ကောင်ကို သတ်တာနဲ့ အသက်ငါးနှစ်မှာသတ်တာကျ ဘာကွာလို့လဲ”
ယွင်ချဲ့က ကူးမင်ရွှမ်းကို ဖြတ်ပြောလိုက်၏။ သူ့ရှေ့ရှိ လူတစ်ယောက်ချင်းစီကို ကြည့်ပြီးနောက် ယွင်ယောင်ကို စိုက်ကြည့်လိုက်တော့၏။
“စွမ်းအားရှင်တွေက ဖုတ်ကောင်တွေကို လက်သီးနဲ့ တိုက်ခိုက်တာ မဟုတ်ဘဲ စွမ်းအားနဲ့ တိုက်ခိုက်တဲ့အကြောင်း မင်းတို့တွေ မေ့သွားတဲ့ပုံပဲ အဆင့်တက်အရှိန်အတွက် စွမ်းအားကို မကြာခဏသုံးရမှာပဲ ငါက သူ့ကို ဖုတ်ကောင်တွေကိုပဲ သတ်ခိုင်းမယ်လို့ ပြောနေတာမဟုတ်ဘူး၊ သူက‌ ဟေးယွီရဲ့ကျော ပေါ်မှာနေပြီး ဖုတ်ကောင်တွေဆီ စွမ်းအားလုံးတွေ ပစ်ချဖို့ပဲလိုတာ မြင်ကွင်းက ကြမ်းကြုတ်မှန်းတော့ ငါသိတယ်၊ ဒါပေမဲ့ သူ အသားကျနေတာ ကြာပြီမဟုတ်ဘူးလား၊ ပြီးတော့ သူဘေးကင်းမယ်ဆိုတာ ငါလည်းအာမခံနိုင်တယ်လေ”
ချန်ချန်၏ဦးလေး‌အနေဖြင့် သူသည် လုံခြုံစိတ်ချရသည့် အစီအစဉ်မရှိဘဲ ထိုနေရာသို့ ချန်ချန်ကို ပို့မှာ မဟုတ်ပေ။ ထိုထက်ပိုသည်က အပြင်ဘက်သို့ ဟေးယွီသူ့ကို ခေါ်သွားချိန်၌ အနည်းဆုံးတော့ သူတို့ထဲမှ တစ်‌ယောက်က ရှိနေမှာပဲဖြစ်ရာ ချန်ချန်အတွက် ပိုပြီးလုံခြုံပေလိမ့်မည်။ နှစ်နှစ်စောင့်နေစရာ အကြောင်းမရှိဟု သူမြင်မိသည်။ သူစိုးရိမ်ပူပန်နေသည်က သူတွေ့မိသလောက်တော့ သုံးနှစ်အရွယ်သည် ငါးနှစ်နဲ့မခြားပေ။ သူတို့က သူ့ကို လေ့ကျင့်ပေးတာ လက်လျှော့ပြီး လက်ကျန်ဘဝအတွက် သူတို့ကာကွယ်မှုကိုလိုအပ်သည့် ပျမ်းမျှစွမ်းအားရှင်အဖြစ် နေခိုင်းမလား ဒါမှမဟုတ် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနဲ့ အခုချက်ချင်း စလုပ်ခိုင်းမလား။
လူတိုင်းက တိတ်ဆိတ်သွားတော့၏။ ယွင်ချဲ့၏ အကြံပြုချက်က လက်မခံနိုင်စရာမရှိပေ။ မရင့်ကျက်သေးသည့်သူ ဖြစ်သော်ငြား ဟေးယွီသည် အားကိုးရသည့်သူဖြစ်၏။ မည်သို့ပင် ဆိုစေကာမူ ကလေးတစ်ယောက်ကို သွေး‌ဆာလောင်သည့်ဖုတ်ကောင်များကို ရင်ဆိုင်ခိုင်းခြင်းက သူတို့အတွက် ရက်စက်နေသေးပုံရ၏။
“ကမ္ဘာပျက်ကပ်ဆိုတာ အစိမ်းရောင်အိမ်ထဲက ပန်းပွင့်တွေအတွက် ရှင်သန်ဖို့ ရက်စက်လွန်းတယ်၊ မင်းတို့ မလုပ်ခိုင်းစေချင်သလောက်ပဲ ငါလာ်းမလုပ်ခိုင်းစေချင်ဘူး ဒါပေမဲ့ ငါတို့မှာ ရွေးချယ်စရာမရှိဘူး။ ငါတို့သူ့ကို တစ်သက်လုံး မကာကွယ်နိုင်ဘူးလေ ကမ္ဘာပျက်ကပ်က မကြာခင် ပြီးသွားလိမ့်မယ်ဆိုတဲ့ စိတ်ကူးယဉ်မှုတွေကို ဆုပ်ကိုင်မထားနဲ့ ဖုတ်ကောင်တွေသေသွားခဲ့ပြီး သန္ဓေပြောင်းအပင်တွေ ပျောက်ကွယ်သွားခဲ့ရင်တောင် လူသားတွေရဲ့ စစ်ပွဲရှိနေဦးမှာပဲ လူသားရှိနေတဲ့နေရာတိုင်းမှာ အားပြိုင်မှုတွေ ရှိနေလိမ့်မယ် ကျန်တဲ့မျိုးစိတ်တွေဆီက ခြိမ်းခြောက်မှုတွေက ပြဿနာစတ်ရပ်မဟုတ်တော့တဲ့အချိန် စွမ်းအားရှင်တွေက အာဏာအတွက် တစ်ယောက်နဲ့တစ်ယောက် စတိုက်ခိုက်ကြလိမ့်မယ်၊ကမ္ဘာပျက်ကပ်ဆုံးသွားရင်တောင် ဒီကမ္ဘာကြီးက အရင်အတိုင်း ဖြစ်ဦးမှာမဟုတ်ဘူး”
ယွင်ချဲ့သည် ထိုကဲ့သို့ ဆင်ခြင်တုံတရားရှိသည့်မှတ်ချက်ကို ချခဲ့၏။ ကမ္ဘာပျက်ကပ် မည်သည့်အချိန်တွင် ဆုံးမည်ဆိုတာ မည်သူမှမသိ။ သို့သော် သူကမူ ဤကမ္ဘာကြီးသည် အချိန်ကြာလာသည်နှင့်အမျှညပိုရက်စက်လာမည်မှန်း သူသိနေ၏။ ကျန်သည့်နည်းလမ်းမရှိပေ။ ချန်ချန်သာမက သူတို့အားလုံးလည်း လိုက်လျောညီထွေဖြစ်ကာ ပိုသန်မာလာအောင် အလုပ်ကြိုစားဖို့ လိုအပ်သည်။ ယင်းက သူတို့ရှင်သန်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်၏။
ဧည့်ခန်းသည် တစ်ဖန်ထ့်မံ တိတ်ဆိတ်သွားလေ၏။ မည်သူကမှ ပြန်ပက်စရာစကားမရှိပေ။ ယွင်ယောင်သည် ဘေးကနေ သူမမောင်လေးမျက်နှာကိုကြည့်ပြီး လက်သီးကျစ်ကျစ်ဆုပ်လျက် ပြောလိုက်၏။
“ဟုတ်ပြီ လုပ်ကြတာပေါ့ ချဲ့ မင်းတို့တွေ ချန်ချန်ကို နည်းနည်း ယုံရမယ်”
ပြီးနောက် ယွင်ယောင်သည် ထရပ်ကာ အားလုံးကို အရိုအသေပေးလိုက်၏။ ယခုအချိန်တွင် သူမသည်လည်း သူမကိုယ်သူမ တိုးတက်အောင် ပြုလုပ်ရမည်ဟု သတိပေးနေ၏။ ရေဓာတ်စွမ်းအားရှင်သည် တိုက်ပွဲဝင်နိုင်၏။ သူမက သူတို့နှင့်အတူ သွားမတိုက်ခိုက်နိုင်သည့်တိုင် သသူမဘာသသာ ပိုသန်မာလာအောင် ကြိုးစားသင့်သေးသည်။ သူမ၏သားနှင့် သူမ၏မောင်လေးများကို မကူညီနိုင်လောက်သော်ငြား အနည်းဆုံးတော့ သူတို့ကို ခရီးမနှောင့်နှေးစေသင့်ပေ။
“ကိစ္စမရှိဘူး”
လူတိုင်းက တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်ကြ၏။ သူတို့က ချန်ချန် အဆင့်တက်ရန် ကူညီပေးဖို့ ဆုံးဖြတ်လိုက်ကြပြီး သူ့ကိုကာကွယ်ပေးမည်ဖြစ်ကာ သူတို့ကိုယ်တိုင်လည်း တိုးတက်အောင် ကြိုးစားကြမှာပဲဖြစ်သည်။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset