YMR- အခန်း ၁၇၁

အခန်း ၁၇၁။

ကလေးအဆီတွေမရှိတော့တာက အတော်လေးပြင်းထန်တယ်
ကူးမင်ရွှမ်းနှင့် ကျန်သည့်သူများသည် အကြံဉာဏ်အတိုင်း ဆောင်ရွက်ကြတော့၏။ ကူးမင်ရွှမ်းက မော့ဝမ်းယန်ကို ဖုန်းချက်ချင်း ခေါ်လိုက်သည်။ ရွေးကောက်ပွဲက ရက်အနည်းငယ်အတွင်း စမည်ဖြစ်သောကြောင့် ယင်းကသူ့အတွက် မဲအတော်များများ ရနိုင်ခြေရှိသည်။ သတင်းကို တတ်နိုင်သမျှမြန်မြန် ဖြန့်ဖြူးရန် လိုအပ်၏။ ယွင်ချဲ့က ဘာမှလုပ်ရန် မလိုအပ်ဘဲ သူနှင့်ဟေးယွီက လမ်းလျှောက်ထွက်နေတော့သည်။
“သခင် သခင်ပျင်းလွန်းလို့ ခေါင်းဆောင်ရှင်းရဲ့တင်ပါးကို ရိုက်ချင်နေပြီမလား”
သူတို့သည် ချောင်ယန်းအစုအတွင်းရှိလမ်းပေါ် လျှောက်နေတာဖြစ်၏။ လမ်းတောက်လျှောက် အပင်များ မရှိလေရာ ကြည့်စရာများများစားစား မရှိပေ။ ရံဖန်ရံခါ၌ သူတို့သည် တစ်စုံတစ်ယောက်နှင့် ကြုံတွေ့မိပြီး သူတို့က ယွင်ချဲ့ကို နှုတ်ဆက်စကားဆိုကာ အပြန်အလှန်အနေဖြင့် ပြုံးပြလိမ့်မည်။ တစ်ယောက်ယောက်က ငရဲကို ပိတ်ထားလျှင် နေသိပ်မပူတော့ဘဲ အတော်လေး သက်သောင့်သက်သာရှိနိုင်၏။
“မင်းက ခွေးတစ်ကောင်ပဲ အဲ့ဒီအကြောင်းကို မင်းဘာကြောင့် သိချင်ရတာလဲ”
ယွင်ချဲ့သည် တတ်နိုင်လျှင် ဟေးယွီ၏တင်ပါးကိုတောင် ရိုက်နှက်မှာပဲဖြစ်သည်။ သူသည် ချစ်ကြည်နူးဖွယ်အားလုံးကို အရာအားလုံး သိနေသည့်ပမာ နောက်ပိုင်း၌ ပိုပိုပြီး သည်းမခံနိုင်စရာဖြစ်လာ၏။ သူက လူပျိုသာရှိသေးသည်။
“အကြောင်းအရာပြောင်းဖို့ မကြိုးစားနဲ့ ကွန်ပျူတာပြောတာတော့ မင်းရဲ့လူက အလုပ်များနေပြီး မင်းအတွက် အချိန်မရှိဘူးဆိုရင် မင်းစိတ်ပျက်သလို ခံစားရမယ်လို့ ပြောတာပဲ။ သူက ဖောက်ပြန်နေတာ၊ ဒါမှမဟုတ် သူက သခင့်ကို ကြိုက်နေသေးတာဆိုရင်တော့ အံ့ဩစရာကောင်းတာပဲ ပြီးတော့ သခင်သူ့တင်ပါးကို ရိုက်ချင်နေတာပဲလေ ရှက်သလို မခံစားပါနဲ့သခင်ရယ် ကျုပ်တို့တွေက ဘော်ဒါတွေပဲ သူ့ဖင်ကို ကန်ချင်တယ်ဆိုရင်၊ ပြောသာပြောလိုက် သူ့ရဲ့မျက်နှာကို ထိုးပေးမယ် သူသခင်ကို သူတစ်ယောက်တည်း ဘယ်တော့မှထပ်မထားအောင် လုပ်ပေးမယ်”
ဟေးယွီက မော့ကြည့်ပြီး ကတိပေးလိုက်၏။ ယွင်ချဲ့က သူ့ခေါင်းကို ရိုက်လိုက်တော့သည်။
“သူတို့ပြောနေတာ မိန်းမတွေအကြောင်းလေ။ ငါကမင်းအတွက် မိန်းမတစ်ယောက်နဲ့ တူနေလို့လား ပြီးတော့ အဲ့ဒီတုံးအတဲ့ စကားတွေက ကမ္ဘာပျက်ကပ်မတိုင်မီတုန်းက ပျင်းရိနေတဲ့ ငကြောင်တွေလုပ်ထားတာ‌တွေ၊ အမျိုးသမီးအများစုက တကယ်ကျိုးကြောင့်သင့် တွေးတတ်တယ်ကွ။ ကွန်ပျူတာသိပ်မသုံးသင့်ဘူး မင်းက ခွေးတစ်ကောင် ဘာကြောင့် ကွန်ပျူတာတစ်လုံးလိုမှာလဲ အဲ့ဒီအသုံးမ၀င်တဲ့ အချက်အလက်တွေကို မင်းမလိုဘူးလေ”
ယင်းက လန်ယဲ့ဟန်၏အမှားပဲဖြစ်သည်။ သူသည် ချန်းကို အင်တာနက်အကြောင်း သင်ပေးခဲ့တာပဲဖြစ်၏။ ဟေးယွီရှေ့၌ သင်ပေးခဲ့တာဖြစ်သည်။ ထို့အပြင် ယခုတော့ လူပါးဝသည့်ကောင်သည် အင်တာနက်ကြောင့် အဆိပ်ခတ်ခံရချေပြီ။
“ဒါပေမဲ့ အဲဒါကွန်ပျူတာက ပြောတာလေ သခင်ကျွန်တော့်ကိုထပ်ပြီး အရူးလုပ်နေပြန်ပြီလား”
ဟေးယွီသည် အရိုက်ခံလိုက်ရသောကြောင့် စိတ်မပျော်ဖြစ်သွားတော့သည်။ အင်တာနက်ပေါ်၌ တူညီသည့်လေသံဖြင့် ပြောကြသည့် ဗီဒီယိုဖိုင်များစွာ ရှိ၏။ ယွင်ချဲ့၏စကားသည် သူတို့နီင့် ဆန့်ကျင်ဘက် ဖြစ်နေပြီး သူ့သခင်၏စကားတစ်ခုတဘ်းဖြင့် သိပ်ပြီး လက်ခံနိုင်စရာမရှိပေ။
“ဟုတ်တယ် သူငါ့ကို ထပ်ပြီးအရူးလုပ်ပြန်ပြီ သူက လူလိမ်ချည်းပဲ”
ယွင်ချဲ့စမျက်နှာက သုန်မှုန်သွားကာ နယ်မြေကိုဖွင့်လျက် သူ့ကိုကန်ထည့်လိုက်တော့၏။
“ဟေး ဒါက အနိုင်ကျင့်နေတာပဲ”
ဟေးယွီ၏ အော်သံသည် စွမ်းအားနယ်မြေထဲ၌ ဖျော့တော့‌သွားတော့သည်။ ယွင်ချဲ့ကသူ့ကို လျစ်လျူရှုလိုက်ရုံသာမက ခဏတာ ငြိမ်းချမ်းမှုရရန်အတွက် သူတို့ကြားရှိ စိတ်ဆက်နွယ်မှုကိုလည်း ဖြတ်တောက်လိုက်သည်။ ဟေးယွီနှင့် စကားပြောရတာက ခေါင်းကိုက်စရာ ကောင်းလှပေ၏။
“ဒါက ချန်ချန်ရဲ့မူကြိုလား”
သူ့ကို နှောက်ယှက်မည့်သူမရှိသောကြောင့် ယွင်ချဲ့သည် သက်ဝင်တက်ကြွနေသော အလှဆင်ယင်မှုများရှိသည့် အဆောက်အဦးတစ်ခုကို မြင်သည်အထိ နောက်ထပ်မီတာရာချီ လျှောက်လာမိသည်။ အရှေ့ဘက်ခြံဝန်းထဲ၌ ဆီးဆောများနှင့် ကျန်သည့်ကစားစရာများတောင် ရှိနေသည်။ ယွင်ချဲ့သည် ပုံမှန်ကို ကြို‌စေမှာမဟုတ်ပေ။ ထို့ကြောင့် ဤနေရာက သူ၏အာရုံစိုက်မှုကို ရသွား၏။
“ငါ့ကိုစောင့်ဦးဖန်း စောင့်နေဦး”
ယွင်ချဲ့သည် ရင်းနှီးနေသော အသံတစ်သံကို ကြားလိုက်ရ၏။ ဝဝဖိုင့်ဖိုင့်အသားလုံးသည် ငါးနှစ်အရွယ် ကျန်သည့် ကောင်လေးများနောက် လိုက်နေလေ၏။ ဖန်းဟူသည့် အမည်ရသောကောင်လေးက ဝဝဖိုင့်ဖိုင့် ကောင်လေးကို ကြည့်ပြီး ခဏရပ်ကာ သူ့လက်ကို ပြန်ကိုင်ချင်၏။
“ယွင်ဇီချန် မင်း ဝိတ်လျှော့သင့်ပြီ လျော့စားဦး”
ယွင်ဇီချန်ဟူသည် ကျိုးဇီချန်ဟူသည့်အမည်ရှိခဲ့သူဖြစ်သည့် သူတို့၏ချန်ချန်ပဲဖြစ်သည်။ သူသည် မူကြိုကျောင်းသို့မသွားခင် ယွင်ယောင်က သူ၏မျိုးရိုးအမည်ကို ပြောင်းလဲပေးခဲ့၏။ သူမက သူမ၏သားကို ကျိုးမိသားစုနှင့် ဘာမှမသက်ဆိုင်စေချင်ပေ။
“ငါ တကယ်မဝဘူး ငါ့ဦးဦးပြောတာတော့ အဲဒါ ကလေးအဆီတွေတဲ့ ငါကြီးလာရင် ဒါတွေရှိတော့မှာ အဟုတ်ဘူး”
လက်ကိုင်ထားလျက် ချန်ချန်သည် ဖန်းကို ပြန်ပြောကာ အမောတကော ဖြစ်နေလေ၏။ သူသည် ထိုစကားကို နေ့စဉ်နေ့တိုင်း ကြိမ်ဖန်များစွာ ပြောနေသောကြောင့် ပြောတာတော်နေပြီဖြစ်သည်။
“လာစမ်းပါဖန်း သူ့ကိုထားခဲ့လိုက်၊ သူကအမြဲတမ်း ငါတို့ကို နှေးအောင်လုပ်နေတာ”
“ဟုတ်တယ် အဲ့ဒီဖက်တီးကောင်နဲ့ ငါတို့ထပ်မဆော့တော့ဘူး”
ကျန်သည့်ကောင်လေးများက ချန်ချန်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။ ထိုစဉ် မိန်းကလေးအချို့က ပြေးလာပြီး သတိပေးတော့သည်။
“နင်တို့ဘာလုပ်နေတာလဲ ချန်ချန်ကို ထပ်ပြီးအနိုင်ကျင့်ပြန်ပြီလား”
“ငါတို့ မစ္စရှီးကို သတင်းပို့ရမယ် နင်တို့က ချန်ချန်ကို ထပ်ပြီးအနိုင်ကျင့်နေပြန်ပြီ”
“နင်တို့သူ့ကို အနိုင်ကျင့်လို့မရဘူး”
မိန်းကလေးများက အလွန်အားကိုးရသည်။ သူတို့က ချန်ချန်ကို အလယ်တွင်ထားလျက် သူ့ကိုကာထားပေး၏။ မိန်းကလေးများ၏ အဖွဲ့ခေါင်းဆောင်က အသက်ခုနှစ်နှစ်အရွယ်ရှိသည့် ကလေးမလေးဖြစ်သည်။ သူမက ဆောင့်ကြောင့်ထိုင်ချလျက် ချန်ချန်၏နီထွေးသောပါးများကို ဖျစ်ညှစ်လိုက်၏။
“လိမ္မာလိုက်တဲ့ကောင်လေး ချန်ချန် အစ်မဒီမှာ ကာကွယ်ပေးမယ်”
“ကျေးဇူးပါပဲ ဒါပေမဲ့ သူတို့က သားကို အနိုင်ကျင့်နေတာမဟုတ်ဘူး သူတို့နဲ့ အတူလျှောစီးစေချင်နေတာ”
ချန်ချန်ကပြုံးပြလျက် သူ၏ကလေးသံလေးဖြင့် ရှင်းပြလိုက်သည်။ ထိုမိန်းကလေးများက သူ့ကိုနှစ်သက်တာ သိသာ၏။ အမှန်တကယ်တွင် မူကြိုကျောင်းရှိ လူအားလုံးနီးပါးက သူ့ကိုသဘောကျသည်။ သို့သော် သူ့ထက်တစ်နှစ်ခန့်ကြီးသည့် ကလေးတစ်ယောက်နှစ်ယောက်ခန့်က သူ့ကို ဖက်တီးဟုခေါ်ပြီး အနိုင်ကျင့်တာတော့ ရှိသည်။ ထိုမိန်းကလေးများက အခေါက်တိုင်း လာရောက်ကယ်ဆယ်၏။ ချန်ချန်၏သူငယ်ချင်း ဖန်းကလည်း သူ့ကိုကာကွယ်ပေးသည်။
“ချန်ချန် သူတို့ကို ကာကွယ်ပေးဖို့ မလိုပါဘူး သူတို့တွေက ကလေးဆိုးတွေဆိုတာ ငါသိတယ်”
သို့သော်ငြား ထိုမိန်းကလေးက နားမထောင်ပေ။ သူမက ထိုကလေးဆိုးများကို မျက်စောင်းထိုးကြည့်လိုက်၏။
“ဟမ့် သူတို့နဲ့မကစားနဲ့ သွားကြမယ်”
ထိုကောင်လေးများက မျက်နှာရှုံ့မဲ့သွားပြီးနောက် စူပုပ်ကာ လှည့်ထွက်သွားတော့၏။ လက်ထဲ၌ ကလေးတစ်ယောက်ချီထားသည့် ဆရာမက ထွက်လာပြီး အံ့ဩနေလေ၏။
“ဟမ် ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ ခေါင်းဆောင်ယွင် ချန်ချန်ကိုကြိုဖို့ ဒီရောက်လာတာလား”
“ဦးဦး”
ချန်ချန်သည် ဆရာမ၏စကားကို ကြားသည့်အချိန်၌ မော့ကြည့်လိုက်၏။ သူက မိန်းကလေးများကို ထားခဲ့လျက် ဂိတ်ဝဆီသို့ ပြေးသွားသည်။ ယွင်ချဲ့က ဂိတ်တံခါးကိုဖွင့်ကာ ခါးညွှတ်လျက် သူ့ကို ပွေ့ချီလိုက်၏။
“ဟားဟား ဦးဦးကိုတွေ့ရတာ သိပ်ပျော်တယ်ပေါ့”
“ဒါပေါ့”
မူကြိုကျောင်းသို့ သူ့ဦးလေးလာတာ ပထမဆုံးအကြိမ်ပဲဖြစ်သည်။ ချန်ချန်သည် ယွင်ချဲ့၏လည်ပင်းကို ဖက်ထားချိန်၌ ပျော်ရွှင်စွာ ခေါငခးညိတ်နေလေ၏။ ဆရာမကလည်း ရောက်လာသည်။
“ချန်ချန်က လိမ္မာတဲ့ကလေးပဲ မင်းတွေ့တဲ့အတိုင်းပဲ မိန်းကလေးတွေမးအားလုံးက သူ့ကိုသဘောကျတယ် ယောက်ျားလေးတွေအားလုံးက သူ့ကို အားကျနေကြတာ”
ယွင်စီချန်က ချစ်စဖွယ်ကောင်းပြီး နှုတ်ချိုသည့် ကောင်လေးတစ်ဦးဖြစ်သည်။ သူက လတ်လတ်ဆတ်ဆတ် သစ်သီးများနှင့် သကြားလုံးများကို အားလုံးနှင့်လည်း မျှဝေတတ်၏။ သူ့ကိုမကြိုက်တာက ရှားသည်။
“ဟားဟား ကျေးဇူးပါပဲ မစ္စ”
သူ၏တူကို ပွေ့ချီထားလျက် ယွင်ချဲ့က ယဉ်ကျေးစွာ မေးလိုက်‌တော့သည်။
“ရပါတယ် ကျွန်မက ရှီးကျောင်း၊ ယွီဝမ်းချင်ရဲ့မရီးလေ”
သူမ၏အမည်အတိုင်း ရှီးကျောင်းက သေးသွယ်သည့် မိန်းမငယ်လေးတစ်ဦး ဖြစ်သော်ငြား သူမက အမှန်တကယ် မိမိုက်ပြီး ပွင့်လင်းသော စိတ်သဘောထားရှိ၏။ ယွင်ချဲ့ကဖြေလိုက်သည်။
“အော် ခင်ဗျားက ယွီရဲ့မရီးကိုး၊ အသက်နှစ်ဆယ်အရွယ်လောက်ပဲ ရှိဦးမယ်လို့ မထင်ထားဘူး၊ ခင်ဗျားသာ မပြောရင် ဆယ်ကျော်သက်လေးလို့ ထင်မိမှာ”
ယွင်ချဲ့သည် သူမကို ချီးကျူးရန် ကြိုးစားနေတာမဟုတ်ပေ။ ရှီးကျောင်းက ကလေးမျက်နှာလေးဖြင့် သေးသွယ်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမက မိတ်ကပ်မလိမ်းထားပေ။ ထို့ကြောင့် ငယ်ရွယ်ပုံပေါ်နေ၏။
“ဟားဟား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ရှင့်စကားကို အတည်ယူလိုက်ပြီ”
ရှီးကျောင်းက ရယ်မောလိုက်၏။ ဆရာမများက အိမ်ထဲကနေ ထွက်လာ၏။ တစ်ရေးအိပ်သည့်အချိန်က ကုန်သွားပြီဖြစ်ရာ သူတို့သည် ယခင်က အိမ်ထဲ၌ အိပ်ယာလေးမျာစလုပ်နေ၏။ ယွင်ချဲ့သည် အမျိုးသမီးများနှင့် ဘာပြောရမယ်မှန်းမသိပေ။ အမှန်တကယ်တွင် သူနှင့်ရှင်းဖုန်းကြားရှိ ဆက်ဆံရေးကို နှာခေါင်းတရှုံ့ရှုံ့ လုပ်နေကြသည့် ဖန်ဂဲလေးများလည်းရှိသည်။ ယွင်ချဲ့က အနေခက်နေပြီးနောက် စွမ်းအားနယ်မြေထဲကနေ မုန့်များကိုထုတ်လိုက်၏။
“စိတ်မရှိပါနဲ့ မိန်းကလေးတို့ ကျုပ်ချန်ချန်ကို အိမ်ပြန်ခေါ်သွားရမယ် ကျေးဇူးပြုပြီး ဒီမုန့်နဲ့ အစာပြေမုန့်ကို နေ့လယ်လက်ဖက်ရည်သောက်ချိန်မှာ စားလိုက်ပါ”
ဆရာမများ၏တုံ့ပြန်မှုကို အမှုမထားဘဲ ယွင်ချဲ့သည် အားလုံးကို ဆရာမတစ်ယောက်၏လက်ထဲ ထည့်ပေးပြီးနောက် ချန်ချန်နှင့် အမြန်ထွက်လာ၏။
“ဦးဦး ဦးဦး”
ချန်ချန်က သူ့နာမည်ကို ဆက်တိုက်ခေါ်နေ၏။ ယွင်ချဲ့သည် မူကြိုကျောင်းကနေ မီတာတစ်ရာအကွာအထိ ပြေးပြီးသည်အထိ မရပ်ခဲ့ပေ။
“ဘာလဲ”
သူသည် ထိုဖန်ဂဲလ်များကို မဖြေရှင်းနိုင်ပေ။ သူတစ်မိနစ် ထပ်နေခဲ့လျှင် သူတို့ ဆက်ဆံကြပုံကို ကောင်မလေးများက ဆွေးနွေးလောက်သည်။
“သားရဲ့ ကျောပိုးအိတ်က အခန်းထဲမှာ ရှိသေးတယ်”
ချန်ချန်က မျက်မှောင်ကြုတ်လျက် သူ့ဦးလေးကို စိတ်မကောင်းဖြစ်စွာ ကြည့်လိုက်သည်။ သူ၏လေ့ကျင့်ခန်းစာအုပ်များနှင့် ကျောင်းသုံးစာအုပ်များက လွယ်အိတ်ထဲတွင်ရှိ၏။
“အမ်”
“ကျောပိုးအိတ်ယူဖို့ အဲဒီကိုပြန်သွားရမှာလား”
ယွင်ချဲ့က သူ့ဘာသာသူ တွေးလိုက်၏။ သူ၏နှုတ်‌ခမ်းထောင့်က တွန့်ရှုံ့သွားကာ မေးလိုက်တော့သည်။
“သားအတွက် လေ့ကျင့်ခန်းစာအုပ်အသစ် ဝယ်ပေးရင်ရော ဘယ်လိုလဲ”
မရဘူး သူပြန်မသွားဘူး ပြီးတော့ ချန်ချန်ကို ထပ်လာကြိုတော့မှာမဟုတ်ဘူး ဒီမှာက စိတ်ထိခိုက်နာကျင်ဖွယ် အတွေ့အကြုံတစ်ခု ရှိပြီးပြီ။
“ဟုတ်”
ချန်ချန်သည် သူ၏ဦးလေး‌ငိုတော့မတတ် ဖြစ်နေတာကို မြင်သည့်အချိန်၌ ခေါင်းညိတ်လိုက်၏။ သို့သော် သူ၏မျက်ဝန်းလေးများက သိချင်စိတ်ရှိနေ၏။ သူ၏ဦးလေး ငိုချင်ရသည့်အကြောင်းအရင်းကို သူ မထုတ်ဖော်နိုင်ပေ။
“လိမ္မာတဲ့ကလေး အော် သားရေခဲမုန့်ကတော့ လိုချင်လား”
ချန်ချန်အတွက် ဖြည့်ဆည်းပေးရန် ယွင်ချဲ့သည် သူကမ္ဘာပျက်ကပ်မတိုင်မီက ရထားသည့် ကတော့ရေခဲမုန့်တစ်ခုကို ထုတ်လိုက်၏။ ယင်းကို ချန်ချန်နောက်ဆုံးအခေါက် စားခဲ့သည်က အတော်ကြာညောင်းခဲ့ပေပြီ။ သူက သူ့ဦးလေးကို အနမ်းတစ်ပွင့်ပေးပြီးနောက် ကတော့ရေခဲမုန့်ကို ယူလိုက်၏။
“ကျေးဇူးပါ ဦးဦး”
“နှုတ်ချိုလိုက်တဲ့ကလေး”
ယွင်ချဲ့က ချန်ချန်၏ပါးလေးကို ချစ်ခင်ရင်းနှီးစွာ ဆွဲညှစ်လိုက်စဉ် ကောင်လေးက ရေခဲမုန့်ကိုပတ်ထားသည့် စက္ကူများကို အမြန်ခွာလိုက်၏။ သို့သော် ချန်ချန်က ပထမဆုံးတစ်ကိုက်ကို မကိုက်ခဲ့ဘဲ ထိုအစား ယွင်ချဲ့၏ပါးစပ်ဆီသို့ တွန်းပို့လိုက်၏။
“ဦးဦး စားလေ”
“အွန်း အရသာရှိလိုက်တာ အခုသားစားလို့ရပြီ”
ယွင်ချဲ့သည် စိတ်နှလုံး နွေးထွေးဖွယ် ပေးကမ်းမှုကို မခုခံနိုင်ဘဲ ရေခဲမုန့်ကို အကိုက်သေးသေးလေးတစ်ကိုက် ကိုက်လိုက်၏။ သူက ချန်ချန်၏လက်ကို တွန်းထုတ်ပေးပြီးနောက် ကောင်လေးကိုမြေပြင်ပေါ် ချလိုက်၏။ သူ့ဦးလေးနဲ့လက်တွဲထားလျက် ချန်ချန်က ရေခဲမုန့်ကို ရပ်စားနေတော့သည်။ သူ၏ ချစ်စဖွယ်ကောင်းသော တူလေးကို ကြည့်မိနေချိန်၌ မူကြိုကျောင်းတွင် ဖြစ်ပျက်ခဲ့တာက ယွင်ချဲ့ကို မေ့သွားစေ၏။ မူကြိုကျောင်းတွင် ဖြစ်ခဲ့သည့်ကိစ္စက ယွင်ချဲ့ကို သတိရသွားစေသည်။ အသေးစိတ် ကြည့်ရှုပြီးနောက် သူ့တူလေးက အမှန်တကယ်ပင် အဆီများလွန်းနေပြီး ခပ်ဖိုင်းဖိုင်းဖြစ်နေတာမဟုတ်ကြောင်း သိလိုက်ရသည်။
“ချန်ချန် သားစွမ်းအားတွေ ဘယ်လိုသုံးရမလဲဆိုတာ ဦးဦးသားကို သင်ပေးရမလား”
အခက်တွေ့နေပြီးနောက် ယွင်ချဲ့သည် ရို့တိုးရိပ်တိတ်လေသံဖြင့် မေးလိုက်၏။
“ဒါဆိုရင် ဦးဦးနဲ့အတူ လူဆိုးတွေကို တိုက်ခိုက်လို့ရမှာလား”
ချန်ချန်သည် ရေခဲမုန့်ကို ရပ်စားနေရာကနေ ခေါင်းမော့ပြီးမေးလိုက်၏။ သူက ultramanဖြစ်ပြီး မကောင်းဆိုးဝါးများကို တိုက်ခိုက်ရန် အိပ်မက်မက်နေသူဖြစ်၏။
“ဒါပေါ့ သားအသက်ပိုကြီးလာတဲ့အချိန်ပေါ့ ဒါပေမဲ့ စွမ်းအားသုံးဖို့ သင်ယူရမှာက ပင်ပန်းလွန်းတယ် သားအဆင်ပြေပါ့မလား”
သူ့ကို အဆင့်မြှင့်တင်ပေးရတာက လွယ်ကူ၏။ အကြောင်းမှာ သူတို့၌ အဆင့်နိမ့်သလင်းအမြုတေ တန်ချီရှိပြီး မကြာမီ၌ ချန်ချန်က အဆင့်သုံးရောက်လိမ့်မည်။ သို့သော်ငြား သူ၏အစစ်အမှန် တိုက်ခိုက်နိုင်စွမ်းက သူ၏အဆင့်နှင့် မကိုက်ညီပေ။ သူဝိတ်ချနိုင်အောင်လည်း ကူညီပေးမှာမဟုတ်။ ယွင်ချဲ့သည် ကောင်လေးကို ဘယ်တော့မှ ပျက်စီးအောင် အလိုမလိုက်ချင်ပေ။ ချန်ချန်သည် အဆင့်တက်နေစဉ်၌ မြေပြင်ပေါ်၌ မြဲမြံစွာ ရပ်နေရမည်။ သုံးနှစ်ကဘေးအရွယ်အတွက် ခက်ခဲကြမ်းတမ်းနိုင်လောက်သော်ငြား ကိုယ်တိုင်ကမူ ခက်ခက်ခဲခဲ ကြိုးစားခြင်းကသာလျှင် ချန်ချန်အသိုက်ထဲက ထွက်ချိန်၌ မြင့်တက်နိုင်မည်ဟု တွေးနေမိ၏။
“ဟုတ် ဦးဦးလိုမျိုး ultramanတစ်ယောက် ဖြစ်ချင်တယ် လူဆိုးတွေကို သားရိုက်ပစ်မှာ”
ချန်ချန်က ရုတ်တရက် ရပ်တန့်ပြီးနောက် ယွင်ချဲ့ကိုကြည့်ကာ သူ့ရင်ဘတ်ပေါ် ခုန်တက်လိုက်၏။ သူ့ဦးလေးများနှင့် သူ့အမေကို လူဆိုးများရန်မှ ကာကွယ်ပေးမည်ဟု ကျိန်ဆိုလိုက်သည်။
“ဟားဟား ဒါဆို အပေးအယူဖြစ်ပြီ မနက်ဖြန်ကစပြီး ခါတိုင်းထက် တစ်နာရီစောထပြီး ဦးဦးနဲ့ ပြေးရမယ် ကျောင်းဆင်းသွားတဲ့အချိန် စွမ်းအားတွေသုံးတာ သင်ပေးမယ်”
ယွင်ချဲ့သည် သူ့တူလေးက အနည်းငယ်ရဲရင့်သည့်ကောင်လေးမှန်း သိနေ၏။ သူက ခါးညွှတ်ကာ နှာခေါင်းကို ညှင်သာစွာ ဖျစ်ညှစ်လိုက်၏။ ထိပ်ဦးက လုံလောက်အောင် သန်မာနေပြီဖြစ်သည်။ ချောင်ယန်း၏အကူအညီဖြင့် ချန်ချန်သည် သူက လောကကြီးက အသိအမှတ်ပြုသည့် စွမ်းအင်အားလုံးသုံးသည့် ပါမောက္ခတစ်ဦးဖြစ်ပေလျှင် ကောင်းစွာ ကာကွယ်ပေးခြင်းခံရနိုင်သည်။
“ဒါပေါ့”
ချန်ချန်က ပျော်ရွှင်စွာခေါင်းညိတ်လိုက်၏။ သူ့ဦးလေး၏ရည်ရွယ်ချက်ကို သံသရဖြစ်ရိပ်မပြပေ။ လက်ချင်းတွဲလျက် တူအရီးနှစ်ယောက်သားက အိမ်ကိုပြန်လာကာ သူတို့နောက်၌ ရယ်သံများ ကျန်ခဲ့သည်။ သူတို့သည် တူအရီးထက် သားအဖနှင့် ပိုတူနေ၏။ အမှန်တကယ်တွင်သူတို့သည် များစွာသောကျန်သည့် သားအဖများထက် ပိုရင်းနှီးပေသည်။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset