YMR- အခန်း ၁၇၀

အခန်း ၁၇၀။

မင်းအနိုင်ရရန်အတွက် ယွင်ချဲ့၏အကြံပြုချက်
နောက်ဆုံးတွင် စွမ်းအားရှင်များက အလေးအနက် ဆောင်ရွက်ကြတော့သည်။
ကမ္ဘာပျက်ကပ်၌ လောကကြီးကို လွှမ်းမိုးနိုင်သောအာဏာသည် စွမ်းအားရှင်များပဲ ဖြစ်၏။ ထိုအကြောင်းကို လူတိုင်းသိကြသည် သို့သော်ငြား ကမ္ဘာပျက်ကပ် စတင်တာ သိပ်မကြာသေးသောကြောင့် စစ်လက်နက်များကို ထိန်းချုပ်ထားသည့် စစ်တပ်နှင့် နိုင်ငံရေးအာဏာကို ကိုယ်ပိုင်ပမာ အသုံးပြုနေကျအစိုးရက ကိစ္စရပ်များစွာအပေါ် သန်မာသည့်လွှမ်းမိုးမှု ရှိနေသေး၏။ စွမ်းအားရှင်များက မညီညွတ်လျှင် အဖွဲ့အစည်းသည် အာဏာပိုင်များကို ခြိမ်းခြောက်နိုင်စွမ်း မရှိသည့် အစွယ်မရှိသာ ကျားတစ်ကောင် ဖြစ်နေလိမ့်မည်။ သို့သော်ငြား ကြီးမြတ်သောချောင်ယန်းက ကျောထောက်နောက်ခံပြုပေးထားသော ယွင်ချဲ့က အိပ်ပျော်နေသော ကျားကို သွားဆွပေးခဲ့၏။ အာဏာပိုင်များ ဒေါသထွက်သည့်အချိန်၌ သူတို့အမြင်ကို အလေးထား ဆောင်ရွက်ရပေလိမ့်မည်။
စစ်တပ်သုံးဖွဲ့နှင့် အစိုးရကြား အချိန်ကြာမြင့်စွာ ထပ်ခါတလဲလဲ ဆွေးနွေးပြီးနောက် စွမ်းအားရှင်များအဖွဲ့၏ ဥက္ကဋ္ဌအတွက် ရွေးကောက်ပွဲကို နောက်ဆယ်ရက်ကြာပြီးနောက် အစိုးရက ကျင်းပပေးမှာပဲဖြစ်သည်။ စွမ်းအားရှင်တိုင်းက မဲပေးပိုင်ခွင့်ရှိပြီး စစ်တပ်သို့မဟုတ် အစိုးရဝန်ထမ်းများကမူ မပါပေ။ လာမည့်နှစ်ရက်အတွင်း လူအားလုံးသည် လချန်ဟွား၊ လေ့တာ့ရှန်တို့နှင့် ပူးပေါင်းဆောင်ရွက်သည့် ထိပ်တန်းခေါင်းဆောင်နှစ်ဦး၏ ရေဒါအောက်၌ တစ်ကိုယ်တော်စွမ်းအားရှင်များအားလုံးက သိုသိုသိပ်သိပ် ကမ်ပိန်းများ ပြုလုပ်နေပြီးနောက် လူတိုင်းကို မော့ဝမ်းယန်အတွက် မဲပေးရန် အားပေးနေလေ၏။ ဝမ်နှင့်ဝေ့စစ်တပ်သည် သူတို့က ထိုင်‌မနေဘဲ တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်၏။ သူတို့အမိန့်အောက်ရှိ အဖွဲ့သုံးဖွဲ့ကလည်း စတင်လှုပ်ရှားကြပြီး တတ်နိုင်သမျှမြန်မြန် မဲစွယ်နေလေ၏။
ရုတ်တရက် section cနှင့် section dက စူပါမားကပ်များပမာ ဖြစ်သွားတော့၏။ စွမ်းအားရှင်များသည် ထိုအဓိကပွဲစဉ်အတွက် စုဝေးနေကြတာဖြစ်သည်။ ဝမ်စစ်တပ်၏အဖွဲ့၏ လော်ဘီများက ထွက်သွားပြီးနောက် ဝမ်စစ်တပ်က လိုက်ပါလာ၏။ သို့သော်ငြား မော့စစ်တပ်က မည်သူ့ကိုမှ မပို့ခဲ့ပေ။ ပျော်ရွှင်ခြင်းအဖွဲ့ကတောင် အချိန်အတိုင်းအတာတစ်ခုအထိ ငြိမ်နေ၏။ စွမ်းအားရှင်အများစုက သူတို့၏လုပ်ရပ်အတွက် ဇဝေဇဝါဖြစ်လာသည်။ သို့သော်ငြား ပါးနပ်သူများကမူ ဝေ့နှင့်ဝမ်စစ်တပ်နှင့် သူတို့၏အဖွဲ့များကို ကြိတ်ရယ်နေလေ၏။
“ခေါင်းဆောင်ချန် ဝေ့နဲ့ဝမ်စစ်တပ်က ပြင်းပြင်းထန်ထန် လှုပ်ရှားနေတဲ့အကြောင်း ခေါင်းဆောင်ယွင်ကို စာပို့သင့်လား ဝမ်စစ်တပ်က သူတို့အတွက် မဲပေးတဲ့သူတိုင်းကို ဆန်ငါးကီလိုဂရမ်ပေးပြီး အရှင်သခင်မလေးများကို သူတို့ရဲ့တာဝန် လက်တွဲဖော်အနေနဲ့ရမယ်လို့ ပြောနေတယ် အဲ့ဒီသနားစရာကောင်းတဲ့ မိန်းကလေးတွေ သူတို့ကို အစတုန်းက လေးစားမိပါရဲ့ သူတို့တွေက ကျန်းယာဖေး‌လိုပဲ ရိုးရိုးသားသားနဲ့ ကြိုးစားတဲ့မိန်းကလေးတွေလိုပေါ့ ဒါပေမဲ့”
စွမ်းအားရှင်အဖွဲ့အစည်း ပြန်လည်တည်ဆောက်မှုက စတင်နေပြီဖြစ်သည်။ လုပ်စရာတာဝန်မရှိလေရာ လေ့တာ့ရှန်နှင့် ချန်ဟွားတို့က ဤရပ်အတွင်းစုဝေးနေ၏။ မော့ဝမ်းရန် ဥက္ကဋ္ဌရာထူးကို အနိုင်ရစေရန် သူတို့လှုပ်ရှားနေလေ၏။ တစ်ဖက်တွင်မူ သူတို့က အများ၏အမြင်ကို လမ်းကြောင်းပေးမေရာ ကျန်တစ်ဖက်တွင်မူ ကျန်သည့်တပ်ဖွဲ့နှစ်ဖွဲ့နှင့် အစိုးရ၏ အရည်အချင်းမပြည့်မီမှုကို ကြော်ငြာရန်အတွက် သူတို့အဖွဲ့ဝင်များကို ခိုင်းထားလေ၏။ အမှန်တကယ်တွက် ယင်းက တာဝန်များ ပြုလုပ်ရနေတာထက်တောင် ပိုပြီးမောပန်းလှပေသည်။
လေ့တာ့ရှန်သည် အရှင်သခင်မလေးများအတွက် အမှန်တကယ် ခံစားရတာဆိုးနေ၏။ သူတို့သည် ကမ္ဘာပျက်ကပ်မတိုင်မီက သန်မာသည့် အမျိုးသမီးများ ဖြသ်ခဲ့၏။ သို့သော်ငြား လက်တစ်ဆုပ်စာသော အမျိုးသမီးများသာလျှင် ကမ္ဘာပျက်ကပ်ထဲ၌ နေရာရနိုင်ကြသည်။ အခြေစိုက်စခန်း၌ ရပ်တည်နေနိုင်သော တစ်ဦးတည်းသောသူက ကျန့်ယာဖေးဖြစ်၏။
ချောင်ယန်း၌ မိန်းကလေးရှိသည်ဟု သိသော်ငြား သိသိသာသာပင် သူတို့ ဘာမှမရသေးပေ။ အရှင်သခင်မလေးများက မိန်းကလေးအားလုံးရှိသည့် ပင်မအဖွဲ့တစ်ဖွဲ့ဖြစ်၏။ သို့သော် ယခုမူ ထိုလူများက ကြိုးကို ဆွဲလိုက်ခြင်းဖြင့် ဖြုန်းတီးလိုက်ပုံရ၏။ ယင်းက အမှန်တကယ် ကံဆိုးတာပဲဖြစ်သည်။
“သူတို့ကိုယ်ပိုင် ရွေးချယ်မှုပဲလေ ငါတို့ဘယ်လိုပဲ ခံစားရခံစားရ ကွာခြားသွားမှာမှ မဟုတ်တာ သူတို့တွေက စစ်တပ်ကအမိန့်ကို လိုက်နာဖို့ ရွေးချယ်ခဲ့တယ်ဆိုမှတော့ ငါတို့ ကရုဏာသက်နေဖို့ ဝမ်နဲ့ဝေ့စစ်တပ်က အခြေအနေကို မထုတ်ဖော်ရသေးတဲ့ပုံပဲ ဟုတ်တယ် ဆန်က သာမန်လူတွေအတွက် ကျေနပ်တင်းတိမ်စရာပဲ ဒါပေမဲ့ စွမ်းအားရှင်အဖွဲ့တွေနဲ့ တစ်ကိုယ်တော်စွမ်းအားရှင်တွေအတွက်တော့ ဒါက အသေးအမွှားပဲလေ အခြေခံအသိစိတ် ရှိတဲ့သူတွေက ဆန်ငါးကီလိုဂရမ်အတွက်နဲ့ ချောင်ယန်းနဲ့ထိပ်ဦးကို ဆန့်ကျင်ကြမှာ မဟုတ်ဘူး။ အရှင်သခင်မလေးများကို ထည့်လိုက်တာကလည်း တုံးအတဲ့လုပ်ရပ်ပဲလေ အရှင်သခင်မလေးများအဖွဲ့က ချောင်ယန်းနဲ့ထိပ်ဦးအဖွဲ့ကို ဘယ်လို လုပ် အနိုင်ယူနိုင်မှာလဲ ဒါမှမဟုတ် မိန်းကလေးတွေက အမျိုးသားတွေကို အနိုင်ယူနေကျ ပြောရရင် အဲ့ဒီမိန်းကလေးတွေက လှတယ် အရည်အချင်းရှိတယ်ဆိုပြီး ထင်နေကြတာဖြစ်လောက်တယ် ဒီလောကထဲမှာ အမျိုးသမီးတွေက များများစားစား မကျန်တော့ဘူး အရည်အချင်းရှိတဲ့ မိန်းကလေးတွေက မလုံလောက်ဘူး အဲ့ဒီစွမ်းအားရှင်တွေက ယောင်္ကျားသားအများစုက သူတို့အတွက် မဲလေးလိမ့်မယ်ဆိုတဲ့အကြောင်း သေချာနေတယ် ဒါပေမဲ့ အဲ့ဒီယောင်္ကျားတွေအများစုက ငနာတွေပဲဆိုတာ သူတို့မေ့သွားပြီအမျိုးသားတွေက ဖုတ်ကောင်တွေကို တိုက်ခိုက်နိုင်တဲ့ မိန်းမလှလေးတွေကို ကြည့်ရတာနှစ်သက်တယ် ဒါပေမဲ့ သူတို့ရဲ့ဇနီးသည်ကို ဘယ်သူကများ မာကျောစေချင်မှာလဲ ပိုအရေးကြီးတာက ကမ္ဘာပျက်ကပ်မှာ အသက်ရှင်ဖို့က နံပါတ်တစ်ဦးစားပေးပဲ ကျန်တာတွေက နောက်မှ”
ချန်ဟွားသည် တွေးခေါ်တတ်သည့်သူတစ်ယောက် ဖြစ်၏။ လူရာချီ၏ ခေါင်းဆောင်အနေဖြင့် ခွဲခြမ်းစိတ်ဖြာတတ်သောစိတ် ရှိကိုရှိရမည်။ ထိုအကြောင်းအရင်းကြောင့်သူသည် ကျန်သည့်သူများထက် အမြင်ကျယ်ပြီး ဆုံးဖြတ်ချက် ပြတ်သားတာပဲဖြစ်သည်။ ဝေ့နဲ့ဝမ်စစ်တပ် အနိုင်ရရန်အတွက် သူတို့သည် ချောင်ယန်းနဲ့ ထိပ်ဦးအဖွဲ့ကို ဦးစွာဖြိုလှဲမည်။ မလုပ်နိုင်ရင် မော့ဝမ်းယန်က ရွေးကောက်ပွဲအနိုင်ရမှာ သေချာနေ၏။
“ဟုတ်တယ် အဲ့မှာရှိတဲ့ မိန်းမလှလေးတွေအားလုံးက မင်းရဲ့အိမ်က အဖွားကြီးကို အနိုင်မယူနိုင်ဘူး”
အိမ်ထောင်သည်တစ်ဦးအနေဖြင့် လေ့တာ့ရှန်သည် သူမှတ်ချက်ချလိုက်၏။ ကမ္ဘာပျက်ကပ်မတိုင်မီက ဘော်ဒါတချို့သည် ပျော်ပါးရန် အပြင်၌ပိုက်ဆံတချို့ သုံးခဲ့၏။ သို့သော်ငြား သူတို့၏အချစ်က သူတို့ဇနီးများအတွက် ရှိနေသေး၏။ ထို့အပြင် ကမ္ဘာပျက်ကပ်ကာလ၌ အမျိုးသားအများစုက သူတို့ဘေးတွင်နေသည့် အမျိုးသမီးများကသာလျှင် သို့မဟုတ် သူတို့အတွက် သေပေးနိုင်သည့် အမျိုးသမီးများကသာလျှင် သူတို့၏ဇနီးများဖြစ်ကြောင်း သဘောပေါက်သွား၏။
“ဟားဟား မစ္စလေ့ကတော့ သူ့ရဲ့အဖိုးကြီးကို ဘယ်လိုသင်ပြရမလဲဆိုတာ သိနေတာသေချာတယ်”
လေ့တာ့ရှန်သည် ထိုစကားကို ကြားလိုက်သည်နှင့် ပြန်ပြောလိုက်၏။
“မစ္စချန်က မင်းကို ခက်ခဲတဲ့အချိန် မကြာခဏ ပေးလွန်းတယ်မလား ဟုတ်တယ်ဟုတ်”
“ဟားဟား”
သူတတို့နှစ်ယောက်လုံးက ရယ်မောလိုက်ကြ၏။ ထိုသို့ဆိုလျှင်တောင် သူတို့ဇနီးများက သူတို့ကို အနိုင်ကျင့်ခြင်းထက် ပိုချစ်သောကြောင့်ဖြစ်သည်။
“အော် တခြားခေါင်းဆောင်တွေနဲ့ အချက်အလက်တွေ မျှဝေပြီးပြီလား ငါတို့အနိုင်ရမဲ့ပုံပေါ်နေပေမဲ့ ကြိုတင် သတိထားကြရအောင် ဟုတ်ပြီလား ဝေ့နဲ့ဝမ်က ဥက္ကဋ္ဌနေရာကို ယူသွားခဲ့ရင် ငါတို့ယွင်ချဲ့ကို မျက်နှာချင်းဆိုင်နိုင်မှာ မဟုတ်ဘူး”
စနောက်ပြီးနောက် လေ့တာ့ရှန်သည် လေးနက်တည်ကြည်သည့်သဘောထား ပြန်ဖြစ်သွား၏။ ယွင်ချဲ့သည်သူ့ကို ဝတဖြိုးဖြိုးအဆီပြည့်ပြည့်ဝက်ဝံနှင့် ကလေးများအတွက် ကစားစရာများစွာ ပေးခဲ့သူဖြစ်သည်။ သူက ကိစ္စရပ်များကို ရှုပ်ထွေးအောင် ပြုလုပ်ခဲ့ပါက ရှက်စရာ ကောင်းနေလိမ့်မည်။
“လုပ်ပြီးပြီ စိတ်မပူနဲ့ ထိန်းချုပ်မှုအောက် ရောက်ပြီးသား”
ချန်ဟွားသည် လေ့တာ့ရှန်ကို အာမခံပြီးနောက် လဘ္ဖက်ရည်တစ်ငုံ သောက်လိုက်၏။ ယွင်ချဲ့ခေါ်လာသည့်သူများက သူတို့ကို မသက်မသာဖြစ်မှု သို့မဟုတ် မလေးမစားဖြစ်မှုကို တစ်ခါမှ မခံစားရစေပေ။ သို့‌သော်ငြား ဝေ့နှင့်ဝမ်စစ်တပ်ကမူ သူတို့က စွမ်းအားရှင်များကို ဖယ်ရှား‌၍ရသော ဈေးပေါသည့်ပစ္စည်းများပမာ ဆက်ဆံပြီး ယင်းက သီးမခံနိုင်စရာ ကောင်းလှ၏။
ချောင်ယန်းအစုတွင်ဖြစ်သည်။
ရက်အတော်ကြာ ကြိုးစားအားထုတ်ပြီးနောက် ပြန်လည်ပြုပြင်မှု ပြီးစီးသွား၏။ ယွင်ချဲ့ ဒီဇိုင်းဆွဲထားသည့်အတိုင်း အရှေ့ဘက်ခြံဝန်း၏ ဘေးတစ်ဖက်တစ်ချပ်စီ၌ အကန့်ငယ်ခြောက်ခုရှိသည့် ယုန်လေးများကို တည်ဆောက်ထားပြီး မြက်ဖျာများ ခင်းထားလေ၏။ အကန့်ငယ်တိုင်းက တစ်ဆယ်စတုရန်းမီတာခန့် ကြီးမားပြီး စားခွက်များနှင့် ကျန်သည့်လိုအပ်သည့်ပစ္စည်းများ ထည့်သွင်းထားသည်။ တင်းကုပ်တည်ဆောက်ပြီးသည်နှင့် ချန်ချန်က ရှောင်ပိုင်အတွက် တစ်ခန်းရွေးပြီးနောက် ရှောင်ပိုင်နှင့် ဟေးယွီတို့သည် ညစာစားချိန်အထိ အတူဆော့ကစားနေခဲ့ကြသည်။ ယွင်ချဲ့က သူ့ဆီသို့ သွားသည့်အချိန်၌ ၎င်းက သူ့၏ကစားကွင်စလေးပမာ မြက်ဖျာပေါ်၌ ကစားစရာမျိုးစုံ အစာပြေမုန့်မျိုးစုံ ရှိနေလေသည်။ ချန်ချန်က ခါတိုင်းလိုပင် ဆိုးသွမ်းပြီး ချစ်စဖွယ်ကောင်း၏။
ဒုတိယ၊ တတိယနှင့် စတုတ္ထထပ်ရှိ ယွင်ချဲ့၏အိမ်တွင် ဒုတိယ၊ တတိယနှင့် စတုတ္ထထပ်ရှိ လေသာဆောင်များ၌ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များကို ရိတ်သိမ်းပြီးနောက် ကန်တင်းသို့ပို့လိုက်၏။ ကျန့်ယာဖေးက မြေဆီလွှာများကို သိမ်းစဲကာ မုန့်ရွှီကမူ အိတ်နှစ်အိမ်ကြားရှိလမ်း၌ မြေဆီလွှာများ ရွေ့ပြောင်းလိုက်၏။ ယဲ့ရှင်းချန်သည် ဒုတိယထပ်ရှိ လေသာဆောင်ကို တကယ့်ကလေးကစားခန်းအဖြစ် ပြောင်းလဲလိုက်တော့သည်။ သူတို့စုဆောင်းထားသည့် ကစားစရာမျိုးစုံကို ကြီးငယ်မရွေး သူပင်ပန်းနေသည့်အချိန်တွင် ချန်ချန်အနားယူရန်အတွက် တဲအိမ်လေးတစ်ခုတောင် ထည့်ထားပေး၏။ စားပွဲများ၊ ကုလားထိုင်များနှင့် ခုံတန်းများကိုလည်း တတိယနှင့် စတုတ္ထအလွှာရှိ လေသာဆောင်များတွင် ထားထား၏။ ယင်းက အနားယူရန်အတွက် နေရာများဖြစ်သည်။ ရှင်းဖုန်းကလည်း ကူးမင်ရွှမ်းကို ကြေးနန်းကြိုးကို ဆန့်ထုတ်ခိုင်းလိုက်၏။ ထို့ကြောင့် သူတို့သည် အင်တာနက်သုံးရန်အတွက် ဘေးအခန်းသို့သွားရန် မလိုအပ်တော့ချေ။
ယွင်ချဲ့၏အိမ်ဘက်ရှိ ဧည့်ခန်းက အတော်လေး ကြံ့ခိုင်ပုံရသည်။ သူတို့သည် အထဲ၌ လေးထောင့်စားပွဲကြီးတစ်လုံးကို ထည့်သွင်းထား၏။ ဒုတိယထပ်နှင့် အထပ်၏ဒီဇိုင်းများသည် ယွင်ချဲ့၏အိမ်နှင့် လိုက်လျောညီထွေ ဖြစ်လှပေသည်။ ကောင်းမွန်ပြီး နွေးထွေး၏။ ထိုအိမ်ကလည်း ဆိုလာလမ်းကြောင်းတစ်ခုရှိပြီး အမိုးပေါ်၌ ရေစည်များရှိ၏။ အခန်းတိုင်း၌ လေအေးပေးစက်ရှိသည်။ ပြန်လည်ပြုပြင်မှု ပြီးစီးသွားသောအခါ လူ၏အဖိုး၊ အမေနဲ့ ကျန့်ယာဖေး၏မိဘများက ယွင်ချဲ့ဘာမှမပြောခင် ထိုအိမ်သို့ရွှေ့ပြောင်းရန် အဆိုတင်သွင်းကြ၏။ လူငယ်များက သူတို့နေရာလိုအပ်ကြောင်း သူတို့အပြည့်အဝ သတိပြုမိပြီးဖြစ်သည်။
“ရပါတယ် ဒါပေမဲ့ နည်းနည်းတော့ ဒုက္ခများတယ်မလား အပိုင်းတစ်ခုနဲ့တစ်ခုက တော်တော် ဝေးနေသေးတာလေ သွားလိုက်ပြန်လိုက်က တော်တော်ဒုက္ခများတယ်”
ရှင်းဖုန်း၏ဧည့်ခန်းကိုမူ မည်သည့်အရာကမှ နှောင့်ယှက်နိုင်ပုံမရပေ။ ယွင်ချဲ့သည် ချောင်ယန်းသို့ ကျိုးဇယ်ယွီ၊ ဟေးယွီနှင့်အတူ လာရောက်လည်ပတ်၏။ လူအချို့က ချိန်းတွေ့နေကြပြီး အချို့က ဆက်ဆံရေးတစ်ခု တည်ဆောက်နေကြကာ အိမ်တွင်နေသည့်သူများက တစ်ကိုယ်တော်ယောင်္ကျားသားများ ဖြစ်ကြ၏။ ယွင်ချဲ့ကတော့ ချွင်းချက်ဖြစ်သည်။ သူနှင့်ရှင်းဖုန်းက သီးသန့်အချိန်မရှိပေ။ အကြောင်းမှာ ရှင်းဖုန်းသည် ဓာတ်‌ခွဲခန်းကိစ္စနှင့် အလုပ်များနေကြောင်း သူသိသောကြောင့်ဖြစ်၏။ ရှင်းဖုန်းသည် မနက်စောစော၌ ထွက်သွားပြီး ညအချိန်ကျမှ ပြန်လာသည်မှာ ထိုလူက ဖောက်ပြန်နေသည့်ပမာ ဖြစ်နေ၏။ ယွင်ချဲ့သာ အမျိုးသမီးတစ်ယောက်ဆိုလျှင် သူက ရှင်းဖုန်းနှင့် ရန်ဖြစ်နေလောက်ပြီဖြစ်သည်။
“ဘယ်လိုလုပ် ဒုက္ခများမှာလဲ အဖွဲ့တိုင်းမှာ ကားတွေရှိနေတာပဲ ချောင်ယန်းကလည်း section cနဲ့ ဝေးမှမဝေးတာ”
ယွင်ချဲ့က သဘောမတူပေ။ သူတို့က လက်ရှိတွင် ယွင်ချဲ့၏အကြံပြုချက်ကို ဆွေးနွေးနေကြတာပဲဖြစ်၏။ သူက ချောင်ယန်းမူကြိုကျောင်းကို ပိုကြီးအောင်လုပ်ချင်သည်။ သို့မှသာ အသက်ခုနှစ်နှစ်အောက် ကလေးများအားလုံးကို ခေါ်ထားနိုင်မည်ဖြစ်ကာ ပညာရေးအတွက် စွမ်းအားရှင်အဖွဲ့တိုင်း ဤနေရာသို့ ရောက်လာလိမ့်မည်။ ယင်းက ဝေ့နှင့်ဝမ်စစ်တပ်က သတိပေးထားသည့် စံထောက်ပံ့ခြင်းထက်ပိုပြီး အကျိုးသက်ရောက်မှုရှိ၏။ လာဘ်ထိုးခြင်းက အဆင့်မဲ့ပစ္စည်းဖြစ်ရန်မလို။ လူအများ၏ လက်ရှိကြုံတွေ့နေရသော ပြဿနာကို ထောက်ပြတာက ပိုအဆင်ပြေ၏။
“ဟုတ်ပြီလေ ရတယ် ချောင်ယန်းနေရပ်ရဲ့ ဝင်ပေါက်နားမှာ နှစ်ထပ်အိမ်တစ်လုံးရှိတယ် အဲဒါက ငါတို့အနားယူဖို့အတွက် သင့်တော်တယ် နောက်‌ထပ် ဝန်းတစ်ခု ရှိတာပေါ့ ဝမ်ချင်း မင်း ကျေးဇူးပြုပြီး အဲဒါကို ကြည့်ပေးနိုင်မလား မင်းရဲ့မရီးက ကျွမ်းကျင်သူတစ်‌ယောက်လေ သူဘာပဲလိုချင်လိုချင် ပြောသာပြောလိုက် တတ်နိုင်သမျှမြန်မြန် မူကြိုကျောင်းကို တည်ဆောက်ကြတာပေါ့ ရှန်လွေ့ စွမ်းအားရှင်အဖွဲ့အားလုံးကို အကြောင်းကြားလိုက် သူတို့ဆန္ဒရှိရင် ဒီနေ့ကစပြီး စာရင်းသွင်းလို့ရပြီ ကလေးတွေက နေ့လယ်စာနဲ့ အစာပြေကို အခမဲ့စားလို့ရမယ် ချောင်ယန်းထဲက ကလေးတွေအားလုံးကို ဂရုစိုက်ပေးမယ် ငါတို့တွေက အလှူဒါနလုပ်နေတာ ဒါမှမဟုတ် အလှူဒါနတစ်ခုနဲ့တူအောင် လုပ်မှာမဟုတ်ဘူး”
ကူးမင်ရွှမ်းသည် လျင်မြန်စွာစဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်လေ၏။ အလုပ်ဖြစ်လျှင် သူတို့သည် ကမ္ဘာပျက်ကပ်မတိုင်မီကကဲ့သို့ မူကြိုများအားလုံး၌ ကျောင်းကားတစ်စီး ရနိုင်သည်။ ချောင်ယန်းရှိ လူအများစုက သာမန်အလုပ်များ ပြုလုပ်နိုင်သည့် သာမန်လူများ ဖြစ်သည်။
“ဟုတ်ပြီ”
အလုပ်က လျင်မြန်စွာ စတင်တွေသည်။ ယွီဝမ်ချင်းနှင့် ရှန်လွေ့ ထွက်မလာခင် ယွင်ချဲ့က သူတို့ကို ဟန့်တားလိုက်၏။
“ခဏလောက် ရှန်လွေ့”
ယွီယွင်ချင်းနှင့် ရှန်လွေ့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။ ရှန်လွေ့က သူ့ခုံတွင်ပြန်ထိုင်က ယွင်ချဲ့က ဆက်ပြော၏။
“ပညာရေးဆိုတာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အုတ်မြစ်တစ်ခုပဲ ဟုတ်တယ် လူတွေက ကမ္ဘာပျက်ကပ်မှာ အသက်ရှင်ဖို့အတွက် အလုပ်များနေကြတာ ပညာရေးက ရုတ်တရက်ကြီး ဦးစားမပေးခံရတာဖြစ်လာတယ် ဒါပေမဲ့ စဉ်းစားကြည့်လေ ဒီတိုင်းဆက်ဖြစ်သွားရင် နောက်မျိုးဆက်က စာ‌မတတ်တော့ဘဲ နေလိမ့်မယ် မိဘကောင်းတွေက သူတို့ရဲ့ကလေးတွေ စုတ်ရုတ်လာတာကို ဘယ်လိုလုပ် မြင်ချင်ပါ့မလဲ ငါတို့လက်ရှိပန်းတိုင်က စွမ်းအားရှင်အဖွဲ့အစည်းကို ထိန်းချုပ်ပြီး ကိုယ်ပိုင်ဓာတ်ခွဲခန်း တည်ဆောက်ဖို့ပဲ ဒါပေမဲ့ တစ်နေ့ကျ ဗိုလ်ချုပ်မော့က အခြေစိုက်စခန်းခေါင်းဆောင်ရာထူးအတွက် လှုပ်ရှားရဦးမှာပဲမလား အခုတည်းက ဟိုးအစကနေ စလိုက်ရင်ရော ဘယ်လိုလဲ မော့စစ်တပ်က အခမဲ့ ပညာသင်ကျောင်းအတွက် အခြေစိုက်စခန်းထဲမှာ ဆရာ၊ ဆရာမတွေ ကျူ‌တာတွေကို စငှားလို့ရတယ် ဂုဏ်သတင်းလည်းရမယ် အလုပ်တွေပိုရလာရင် စာမတတ်တာကိုလဲ ကာကွယ်ပြီးသား ဖြစ်သွားလိမ့်မယ် ဒါက ခဲတစ်လုံးနဲ့ ငှက်သုံးကောင် ပစ်လိုက်တာပဲ”
သို့သော် ယင်းက အလုပ်ထက်အပြောက ပိုလွယ်ကူပေ၏။ ထို့အပြင် တန်ဖိုးကြီးလွန်းသော ပရောဂျက်ဖြစ်၏။ မော့ဝမ်းယန်က အခြေစိုက်ခန်းခေါင်းဆောင် ဖြစ်ရန်အတွက် သူသည် စွမ်းအားရှင်အဖွဲ့အစည်းများထက် မဲများပိုရရမည်။ သာမန်လူများက ဘဝနေထိုင်ရတာ ခက်ခဲသော်ငြား သူတို့သည် လူဦးရေအများစုဖြစ်၏။ ရှေးခေတ်ကာလက ဆိုရိုးအတိုင်း လူတို့ကို အနိုင်ယူလျှင် လောကကိုအောင်နိုင်၏။ ယင်းက modern ခေတ်တွင်လည်း အလုပ်ဖြစ်ပေ၏။
“မော့စစ်တပ်က ကျောင်းတည်ဆောက်မဲ့အကြောင်း ကြေငြာပြီး ဂုဏ်သတင်း လုံလုံလောက်လောက် ရပြီးတဲ့နောက် မူကြိုကျောင်းပရောဂျက်ကို ကြေငြာရမယ်ဆိုတဲ့အကြောင်း ပြောနေတာလား”
ရှန်လွေ့ကမေးလိုက်စဉ် ကူးမင်ရွှမ်းက ယွင်ချဲ့အကြံပြုချက်၏ အလုပ်ဖြစ်နိုင်ချေကို တွေးနေလေ၏။
“ဟုတ်တယ်‌လေ ခေါင်းဆောင်ရှင်းက အခြေစိုက်စခန်းခေါင်းဆောင်ဖြစ်ဖို့ ဆန္ဒမရှိဘူးဆိုမှတော့ မော့စစ်တပ်ကို နာမည်ကောင်းယူခွင့် ပေးလိုက်တာပိုကောင်းတယ်”
ရှန်လွေ့က သိသွားသည်။ ကျောင်းသည် ရက်အနည်းအတွင်း တည်ဆောက်နိုင်တာ အရာမဟုတ်။ သို့သော် သူတို့သည် ယခုအချိန်၌ သတင်းစပြီး ဖြန့်နိုင်သည်မဟုတ်ပါလော။ ယင်းက ဥက္ကဋ္ဌရွေးကောက်ပွဲနှင့် အခြေစိုက်စခန်းခေါင်းဆောင် ရွေးချယ်မှုအတွက် အထောက်အကူဖြစ်နိုင်သည့်အရာဆိုတာ လူအများကို သိခွင့်ပေးမည်။ စစ်တပ်သုံးတပ်ကလည်း အခြေစိုက်ခန်းဟ ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းအားရှင်အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို အာရုံစိုက်နေတာ ဖြစ်လေရာ မော့စစ်တပ်က ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ပရိုဂရမ်ကို အစပြုလိုက်လျှင် ကျန်သည့်တပ်ဖွဲ့နှစ်ဖွဲ့ထက် ခြေလှမ်းတစ်လှမ်း သာသွားမှာပဲဖြစ်သည်။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset