YMR- အခန်း ၁၆၉

အခန်း ၁၆၉။

အဲဒါကိုထုပ်ပိုးပြီး အိမ်ပြန်မယ်
“ထိပ်ဦးရဲ့အရင်းအမြစ်တွေက မလုံလောက်ဘူးလား သူတို့နဲ့ ချောင်ယန်းရဲ့အရင်းအမြစ်တွေကို ပေါင်းလိုက်ရင်ရော ဘယ်လိုလဲ”
ယွင်ချဲ့နှင့်ရှင်းဖုန်းက ဘေးချင်းယှဉ်ရပ်လျက် ကျန့်ဝမ်ရှန်းကို ကြည့်လိုက်သည်။ ယွင်ချဲ့၏ရည်ရွယ်ချက်ကို သတိမပြုမိပြီးနောက် ရှင်းဖုန်းနှင့် မော့ဝမ်းယန်တို့က ထွက်လာရန် ဆုံးဖြတ်လိုက်လေ၏။ ယွင်ချဲ့သည် ထိုကိစ္စရပ်များကို ဤအနေအထားထိ မည်ကဲ့သို့ ဦးဆောင်သွားမှန်း သူသို့သေချာမသိသော်ငြား ယင်းက တစ်သန်းလျှင်တစ်ပုံသာရနိုင်သော အခွင့်အရေးတစ်ခုဖြစ်၏။ သူတို့က ၎င်းကိုမဖမ်းဆုပ်လျှင် သူတို့ကအရူးများ သို့မဟုတ် ကျန်သည့်စစ်တပ်နှစ်တပ်နှင့် ယှဉ်ပြိုင်ရန်အတွက် တုံးအလွန်းနေသူများ ဖြစ်နေလိမ့်မည်။
“အမ်”
ကျန့်ဝမ်ရှန်းက ဘာပြောရမယ်မှန်း မသိတော့ပေ။ စွမ်းဆောင်ရည်ရှိလှသော ချောင်ယန်းနှင့် လျှို့ဝှက်ဆန်းကြယ်သောထိပ်ဦးတို့ ပူးပေါင်းသွားခဲ့လျှင် မလုံလောက်ဟု မည်သူမှပြောမှာ မဟုတ်ပေ။ ထိုသို့သာဆိုလျှင် ကိစ္စရပ်များက အာဏာရှင်များ၏လက်ထဲကနေ ချော်ထွက်သွားလိမ့်မည်။
ဤနေရာရှိမည်သူကမှ တုံးအသူမဟုတ်ပေ။ လူတိုင်းက ချောင်ယန်း၏(၁:၁၉)နှင့် သူတို့၏မိတ်ဆွေ မော့စစ်တပ်‌အကြောင်း သိထား၏။ ထို့အပြင် ချောင်ယန်း၏ပါတနာကထပ်ဦးဖြစ်ပြီး လူအရေအတွက် နည်းသော်ငြား အင်အားကြီးသည့် အဖွဲ့တစ်ခုဖြစ်၏။ မိန်းကလေးဖြစ်သည့် ကျန့်ယာဖေးကတောင် ခေါင်းဆောင်အများစုထက် ပိုသန်မာသည်။ ထိပ်ဦးနှင့်လက်တွဲပြီး တာဝန်များ အတူထမ်းဆောင်ဖူးသည့်သူများက ထောက်ပံ့‌ပစ္စည်းများစွာ ရခဲ့ကြ၏။ သူတို့သည် ခရိုင်မြို့တော်သို့ သွားသည့်ခရီးစဉ်အတွင်း စူပါမားကတ်များ၊ မောလ်များကို မှတ်မိနေသေးစဲဖြစ်သည်။ ယွင်ချဲ့၏ သိုလှောင်နယ်မြေက အကန့်အသတ်မဲ့သောကြောင့် သူသည် စူပါမားကတ်များ ၊ မောလ်များအားလုံးကို အပြောင်ရှင်းနိုင်ခဲ့၏။ စုစုပေါင်းပမာဏက လူတိုင်းမှန်းဆနိုင်တာဖက် ကျော်လွန်သည်။
ယခုအချိန်တွင် မည်သူကမှ ယွင်ချဲ့၏စကားကို အမေးမထုတ်ရဲကြချေ။ သူက အာဏာပိုင်များကို ခြိမ်းခြောက်နေတာပဲဖြစ်၏။
စွမ်းအားရှင်များက ယွင်ချဲ့ကို ပိုမိုလေးစားရိုသေသော အကြည့်များဖြင့် ကြည့်လာကြ၏။ ယင်းက အာဏာပိုင်များကို စိန်ခေါ်နိုင်စွမ်း သတ္တိရှိပြီး စစ်တပ်ကိုတောင် စိန်ခေါ်နိုင်သည့် တကယ်ယောင်္ကျားသားပဲဖြစ်သည်။ သူသည် စွမ်းအားရှင်များအဖွဲ့၏ ခေါင်းဆောင်ဟူသည့် သူ၏အမည်အတိုင်း နေထိုင်သူဖြစ်သည်။ သူက ဥက္ကဋ္ဌမဖြစ်လိုတာ ဆိုးရွားလွန်း၏။ မဟုတ်လျှင် စွမ်းအားရှင်အဖွဲ့အစည်းက အနောက်တောင် အခြေစိုက်စခန်း၌ ပဉ္စမပင်အားစု ဖြစ်လာလိမ့်မည်။
“မစ္စတာကျန့် သုန်မှုန်မနေပါနဲ့ ကျုပ်ကခင်ဗျားကို ခက်ခဲအောင်လုပ်နေတာ မဟုတ်ဘူး ကျုပ်ပြောသမျှ အခွန်းတိုင်းကို အထက်အရာရှိတွေဆီ သတင်းပို့လိုက် ပြီးတော့ ကျုပ်တို့စွမ်းအားရှင်တွေက လွယ်ကူတဲ့သူ‌တွေ မဟုတ်ဘူး ကျုပ်တို့ကို အရူးလုပ်ဖို့ မကြိုးစားနဲ့”
ပြီးနောက် ယွင်ချဲ့က လှည့်ထွက်သွားကာ ကျန့်ဝမ်ရှန်းကို နောက်ထပ်တစ်ခွန်းမှ ထပ်မပြောတော့ပေ။ သူက ရှင်းဖုန်းနှင့် အကြည့်ချင်း ဆက်သွယ်ပြီးနောက် လူအုပ်ကြီးကို စကားပြောလိုက်တော့၏။
“ဘယ်လိုပဲဖြစ်ဖြစ် စွမ်းအားရှင်အဖွဲ့အစည်းဖြစ်ခဲ့တာအတွက် ကျုပ်တစ်စိတ်တစ်ပိုင်း တာဝန်ယူမယ်၊ဒီတော့ နောက်ရက်အနည်းငယ်အတွင်း ခင်ဗျားတို့အားလုံး တာဝန်လုပ်စရာ မရှိတာအတွက် ကျုပ်တောင်းပန်ပါတယ်၊ စာရင်းသွင်းထားတဲ့ စွမ်းအားရှင်အဖွဲ့ ဒါမှမဟုတ် တစ်ကိုယ်တော်စွမ်းအားရှင် ဘယ်သူပဲဖြစ်ဖြစ် နေ့လယ်ကျရင် ချောင်ယန်းအစုဆီကိုလာပြီး စာရင်းလာထုတ်ကြပါ ကျုပ်ရဲ့အိတ်ထဲကနေ ကိုယ်တိုင်ထုတ်ပေးပါ့မယ် ရက်အနည်းငယ်လောက်ကြာပြီး ဥက္ကဋ္ဌရွေးချယ်ပြီးတဲ့အချိန် စွမ်းအားရှင်အဖွဲ့အစည်းက ပြန်တည်ဆောက်မယ် ပြီးတော့မှ တာဝန်တွေကို ဆက်လုပ်ကြတာပေါ့ ပြီးတော့ မြို့ထဲနဲ့ ရွာထဲတွေမှာ ကင်းလှည့်တာတော်လောက်ပြီ အခုက မြို့ထဲမှာ ပျော်ရမဲ့အချိန် ရောက်ပြီလေ”
အထက်အာဏာပိုင်များသည် စွမ်းအားရှင် အစုအဖွဲ့ တစ်ခုလုံးကို ဒေါသမထွက်စေချင်လျှင် သူတို့က ရွေးကောက်ပွဲကို သဘောတူကြလိမ့်မည်။ သို့သော် ဝေ့နှင့်ဝမ်စစ်တပ်၊ အစိုးရက လာမဲ့ရက်အနည်းငယ်အတွင်း ငြိမ်နေကြမှာ မဟုတ်ပေ။ အသုံးအဝင်ဆုံး ချဉ်းကပ်နည်းက စွမ်းအားရှင်များကို လာဘ်ထိုးပြီး သူတို့မဲပေးချင်သည့်သူအတွက် မဲပေးရန် သူတို့ကို ထောက်ခံခိုင်းတာပဲဖြစ်ကာ သူတို့ကလည်း မဲပေးပြီး ပိုတောက်ပသည့် ကားချပ်တစ်ခုကိုလည်း ရွေးချယ်ရာရောက်ထားလိမ့်မည်။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကိစ္စမရှိ အရေးကြီးဆုံးအရာက မော့ဝမ်းယန်သည် ဥက္ကဋ္ဌနေရာကို ရယူနိုင်ရန်ပဲဖြစ်သည်။ အဖွဲ့အများစုက ထောက်ပံ့ငွေကို ဂရုမစိုက်ပေ။ ထိပ်တန်းအဖွဲ့နှစ်ဆယ်က လှူတန်းပေးကမ်းစာအတွက် တန်းစီစောင့်နေမည့် သူများမဟုတ်။ ပထမအခွန်းက အဓိပ္ပယ်မဲ့ပုံပေါ်ပြီး ဒုတိယစကားကတော့ အဓိကသော့ချက်ပဲ ဖြစ်သည်။ လူတို့သည် ထောက်ပံ့မှုအများဆုံးကို မည်သည့်နေရာတွင် ရမည်နည်း။မြို့ထဲတွင်သာဖြစ်၏။ လက်ရှိတွင် ထိပ်ဦးနှင့်ချောင်ယန်း အဖွဲ့နှစ်ဖွဲ့ကသာလျှင် မြို့များသို့ သွားလာပြီး လုံခြုံဘေးကင်းစွာ ပြန်လာနိုင်သူဖြစ်သည်။ စစ်တပ်သုံးဖွဲ့ကလည်း အသက်ရှင်လျက် ပြန်လာနိုင်‌လောက်သော်ငြား သေကျေပျက်စီးမှု လုံးဝ မဖြစ်ဖို့ကတော့ မျှော်လင့်ချက် မရှိလောက်ပေ။
“ရိက္ခာတွေလား၊ လာလိုက်လေခေါင်းဆောင်ယွင် ကျုပ်တို့တွေက ရက်အနည်းငယ်လောက် အားရက်ရတာပဲ အားလပ်ရက်တိုလေးလိုပေါ့”
“ဟုတ်တယ် ခေါင်းဆောင်ယွင် ကျုပ်တို့ကို ထောက်ပံ့ငွေပေးဖို့ မလိုဘူး ကျုပ်တို့တွေက တစ်ဖွဲ့ထဲမဟုတ်ဘူး ဒါပေမဲ့ ကျုပ်တို့တွေက တူညီတဲ့စွမ်းအားရှင် အဖွဲ့အစည်းကပဲလေ ခင်ဗျားရဲ့ပစ္စည်းတွေ ဘယ်လိုလုပ် ယူနိုင်မှာလဲ”
“ဟုတ်တယ်ဟုတ်တယ် ဒါ့အပြင် ဘယ်လိုပဲဖြစ်ဖြစ် အခုကိစ္စက ခင်ဗျားအမှားမှ မဟုတ်တာ ကမ္ဘာပျက်ကပ်အသူရာက မရှိတော့ဘူး၊စွမ်းအားရှင်အဖွဲ့အစည်းက ဒီမှာ ရှိနေသေးတုန်းပဲ၊ အဖွဲ့အစည်းက ကျုပ်တို့ကို လျော်ကြေးပေးသင့်တာ မင်းရဲ့ပစ္စည်းတွေ ကျုပ်တို့မယူနိုင်ပါဘူးလေ”
“ခေါင်းဆောင်ယွင်က တကယ့်ယောက်ျားပဲ”
စွမ်းအားရှင်များအားလုံးသည် ယွင်ချဲ့ပြောပြီးနောက် ယွင်ချဲ့၏ကမ်းလှမ်းချက်များကို ငြင်းပယ်လိုက်၏။ ထောက်ပံ့ငွေသည် မြို့ထဲသို့ ခရီးသွားလာခြင့်နှင့်ယှဉ်လျှင် ရသည်က နည်းပါးလွန်း၏။ အမှန်တကယ်တွင် သူတို့က ယွင်ချဲ့၏ပစ္စည်းကိုယူလျှင် အရှက်ရလိမ့်မည်။ အချို့သော စွမ်းအားရှင်များက ဉာဏ်ထက်သည့်သူများထက် အတော်နှေးသော်ငြား သူတို့သည်လည်း မကြာမီ၌ အတွေးပေါက်လာ၏။ စဉ်းစားဆင်ခြင်ဉာဏ်ရှိသည့် မည်သူမဆို ရေရှည်အရင်းအမြစ်သည် ရေတိုအတိုးအမြတ်ထက် ပိုတန်ဖိုးရှိကြောင်း နားလည်၏။ ယွင်ချဲ့၏ကတိနှင့်ယှဉ်လျှင် ထောက်ပံ့ငွေက ဘာမှမဟုတ်ပေ။
အရှင်သခင်မလေးများအဖွဲ့၊ ကြီးမြတ်သူများအဖွဲ့နှင့် အမွှေးနံ့သာတို့က လေးလံသော စိတ်နှလုံးတို့ဖြင့် သူတို့ပြောတာကို နားထောင်နေရ၏။ ယွင်ချဲ့က အမှန်တကယ် ပါးနပ်လှပေသည်။ သူသည် လူတို့ ဘာလိုချင်မှန်း တိတိကျကျသိသည်။ထို့အပြင် စွမ်းအားရှင်များကြားထဲ၌ သူက ဂုဏ်သတင်းကောင်းတစ်ခုရှိ၏။ သူတို့အတွက် ရွေးကောက်ပွဲတွင် မော့စစ်တပ်ကို အနိုင်ယူဖို့က ခက်ခဲလွန်းလှသည်။ သူတို့က အားကုန်ထုတ်မသုံးလျှင်မရ သို့သော်ငြား ထုတ်သုံးခြင်းကလည်း မူလအကြံဉာဏ်ဖြစ်ပုံမပေါ်ပေ။
“ဟားဟား ဟုတ်ပြီလေ ဒါဆို ပစ္စည်းတွေမပြင်ထားဘူး လိုတဲ့အချိန်ကျရင် လာခဲ့လိုက် ငါတို့သွားမယ်”
ပန်းတိုင်အထမြောက်ပြီဖြစ်သောကြောင့် ယွင်ချဲ့သည် ဤနေရာ၌ အချိန် ထပ်မဖြုန်းချင်တော့ပေ။ သူက ရှင်းဖုန်းနှင့်အတူ လူအုပ်ကြီးထဲက ထွက်လာ၏။ စွမ်းအားရှင်များက လမ်းဖယ်ပေးလိုက်ပြီး သူတို့ကို နှုတ်ဆက်စကားပြောလိုက်သည်။ နှစ်ယောက်လုံးက ခေါင်းညိတ်ပြီး လူတိုင်းကို တိတ်တဆိတ် ပြုံးပြလိုက်၏။ ကူးမင်ရွှမ်းက နှာခေါင်းကိုထိလိုက်သည်။ သူတို့၏တည်ရှိမှုက အမှန်တကယ်ကွာဟချက် ပြုလုပ်နိုင်သည်ဟု သူမခံစားဘဲ မနေနိုင်တော့ချေ။ ရှင်းဖုန်းသည် ယွင်ချဲ့၏အကြံဉာဏ်ကို သိရှိပြီးနောက် ချက်ချင်းနီးပါး ထွက်လာ၏။ တကယ့်ကိုနာခံလိုက်တဲ့ အစောင့်အရှောက်သားရဲကြီးပဲ။
“ချဲ့ရေ ငါတို့ အိမ်မပြန်ဘူး ငါတို့ ဘာမှလုပ်စရာမရှိဘူးဆို‌တော့ လမ်းတွေအကြောင်းသင်ယူပြီး သလင်းအမြုတေတွေ စုစည်းလို့‌ရအောင် မုန့်ရွှီကို အပြင်ခေါ်သွားမယ်”
သူတို့မထွက်သွားခင် ကျိုးဇယ်ယွီက အားလုံးကိုယ်စား ပြောပေးလိုက်၏။ သူတို့က ဆုလာဘ်ကို ဂရုမစိုက်သလို တာဝန်ရှိမရှိကိုလည်း ဂရုမစိုက်ပေ။ သူတို့က အမှတ်များအတွက် တာဝန်များ လုပ်နေခြင်းသာဖြစ်၏။ အမှန်သည် ထိပ်ဦးက အစွမ်းထက်သည်။ သို့သော်ငြားအဆင့်သတ်မှတ်ချက်ကလည်း အရေးကြီး၏။
“ဟုတ်ပြီလေ ရတယ် မင်းတို့တွေတတ်နိုင်သလောက် အထောက်အပံ့ပစ္စည်းတွေစုဆောင်း ငါဒီနေ့ ပင်ပန်းနေပြီ မင်းတို့နဲ့ မသွားတော့ဘူး”
ယွင်ချဲ့က ခေါင်းညိတ်လိုက်၏။ အတိတ်တုန်းကသာဆိုလျှင် အဖွဲ့နှင့်အတူ တာဝန်များဆောင်ရွက်ရန် သူမသွားခဲ့လျှင် တာဝန်ကလိုအပ်သည့် ပစ္စည်းများအပြင် ပစ္စည်းများကနေ ကျန်သည့်အဖွဲ့များဆီသို့ သူ၏လူများက ပစ္စည်းများအားလုံး အပ်ထားရလိမ့်မည်။ ယခုသူတို့က နောက်ထပ်နယ်မြေစွမ်းအားရှင် တစ်ယောက်ထပ်ရှိလာပြီဖြစ်သောကြောင့် သူတို့သည် တာဝန်ထမ်းဆောင်နေစဉ် ပစ္စည်းများကို စုဆောင်းနိုင်၏။ ထောက်ပံ့ပစ္စည်းများက မရှိမဖြစ်မဟုတ်ပေ။ သို့သော် လာဘ်ပေးလာဘ်ယူအနေဖြင့် ရောက်လာသေး၏။
“ဟုတ်ပြီ ငါသိပြီ”
တာ့တာပြပြီးနောက် သူတို့က လန်ခရူဇာပေါ်တက်ပြီး ထွက်သွားတော့၏။ သူတို့သည် မြို့ထဲသို့မသွားပေ။ ထို့ကြောင့် အဆင့်သုံးဖုတ်ကောင်များစွာနှင့် ကြုံ‌တွေ့ရမှာမဟုတ်။ သူတို့စုဆောင်းထားသည့် သလင်းအမြုတေများ အားလုံးက အဆင့်နိမ့်များသာဖြစ်သည်။ ယွင်ချန်းသည် ယခင်က အစားချေးများသူ မဟုတ်ခဲ့ပေ။ သို့သော်ငြား ယခုသူသည် အဆင့်သုံး သလင်းအမြုတေများသာစားသည်။ သတင်းကောင်းက အချို့သောအဖွဲ့များနှင့် အခြေစိုက်စခန်းရှိ စွမ်းအားရှင်များသည် အဆင့်တစ်နှင့် အဆင့်နှစ် သလင်းအမြုတေများကို အဆင့်သုံးထက် ပိုလိုအပ်၏။ ထို့ကြောင့် ထိပ်ဦးက သူတို့နှင့် လဲလှယ်နိုင်သည်။ သူတို့ရနိုင်သမျှ သလင်းအမြုတေတိုင်းကို စုဆောင်းထားမည်။
“မင်းက ကိုယ်တို့အစီအစဉ်တွေကို မွှေနှောက်လိုက်တာပဲ အခုဝေ့နဲ့ဝမ်ရယ်၊ အစိုးရရယ်က ဒီမှာဘာမှ အကျိုးအမြတ် မရလိုက်ဘူး သူတို့ ဓာတ်ခွဲခန်းကို အလွယ်တကူ ပေးတော့မှာမဟုတ်ဘူး”
တန်ဖိုးကြီး အာဗီထဲ၌ ယွင်ချဲ့က ပြန်ကန်လိုက်သည်။ ရှင်းဖုန်းကသူ့ကို လှည့်ကြည့်လိုက်၏။ သူက အလေးထားပြောပုံ ပေါ်သော်ငြား သူ၏မျက်နှာထက်က အကြည့်ကမူ အခြားတစ်ခုကို အကြံပြုနေလေ၏။
“မပြောခဲ့ရင်တောင် သူတို့တွေက လွယ်လင့်တကူ လက်လျှော့မှာမှမဟုတ်တာ မလွယ်ဘူးဆိုတာသိတယ် ဒီတော့ လိုချင်တဲ့အရာကို ဘာကြောင့်များ မဆုပ်ကိုင်ထားရမှာလဲ တကယ်ခက်ခဲတဲ့နေ့ပဲ ဗိုလ်ချုပ်မော့ကလည်း ငါ့အတွက် လုပ်ပေးခဲ့ပြီးပြီ သူ့ရဲ့တုံးအတဲ့ ဥက္ကဋ္ဌရာထူးအတွက် ငါ့ကိုယ်ငါတောင်ပေးထားတာ သေစမ်း”
ယွင်ချဲ့က သူသည် ဆုံးရှုံးနစ်နာမှုကို ခံစားလိုက်ရသည့်ပမာ အဆုံးတွင် သက်ပြင်းချလိုက၏။ ရှင်းဖုန်းက စိတ်ထဲပျော်ရွှင်နေ၏။ အကြောင်းမှာ ယွင်ချဲ့ကို ကောင်းကောင်းသိလွန်းသောကြောင့်ဖြစ်သည်။ ယွင်ချဲ့ကို အနားသို့ဆွဲယူပြီး သူ့ပေါင်ပေါ် လှဲလိုက်လေ၏။ ကူးမင်က ချက်ချင်းပင် ခါးမတ်မတ်ထိုင်လျက် သူ၏အာရုံအလုံးစုံကို လမ်းပေါ်တင်ကာပို့လိုက်၏။ သူသည် ဤချစ်ခင်နေသောစုံတွဲကို မီးမြှိုက်ချင်စိတ် ပေါ်လာ၏။
“ဘာတွေဖြစ်နေတာလဲ အခုငါတို့ဘက်မှာ အဖွဲ့ဘယ်နှစ်ဖွဲ့ရှိလဲ”
ရှင်းဖုန်းက သာမန်ကာလျှံကာမေးလိုက်ပြီး သူ၏လက်ချောင်းများဖြင့် ယွင်ချဲ့၏နားထင်ကို ပွတ်သတ်လိုက်၏။ သူ့လက်ထဲတွင်ရှိသည့် အချက်အလက်အရ ယွင်ချဲ့၏နည်းလမ်းများနှင့် ရည်ရွယ်ချက်က ကိုးဆယ်ရာခိုင်နှုန်း သိသည်။
“ပျော်ရွှင်မှုနဲ့ အရှုံးသမား၊ ငါ့ကိုအပြစ်မတင်နဲ့ သူတို့တွေက အခွင့်အရေးကို ငါ့ဆီပေးလာတာ ဒီတော့ ယူလိုက်ရမှာပေါ့”
စစ်တပ်ထဲရှိ အဆင့်မြင့်အရာရှိများက ထိုမျှမတုံးအနိုင်ဟု ယွင်ချဲ့ယူဆမိသည်။ ဖြစ်နိုင်သည်က သူတို့သည် စွမ်းအားရှင်များနှင့် မိတ်ဆွေဖွဲ့ဖို့ကြိုးစားရန် ထိုအဖွဲ့လေးဖွဲ့ကို အမိန့်ပေးထားသည်။ စွမ်းအားရှင်များကြားထဲ၌ ထိပ်ဦးနှင့် ချောင်ယန်း၏ဂုဏ်သိက္ခာကို ဖျက်ရန်ဖြစ်သည်။ လော့ဟွိုင်၏ တွေဝေမှုနှင့် အမျှော်အမြင်ရှိသည့်လုပ်ရပ်က အကောင်းဆုံးသက်သေဖြစ်နေ၏။ အရာရှိများက ဆုံးဖြတ်ချက်ချတာ မှန်ကန်သော်ငြား တာဝန်ကိုဆောင်ရွက်သည့်သူများက အရူးတစ်သိုက်ဖြစ်နေ၏။ သူတို့က လှပသောအကြံအစည်ကို ဖျက်ဆီးခဲ့သည်။
“ဟားဟား ဝေ့ခမ်းနဲ့ဝမ်ဝေ့တို့ကတော့ မင်းပြောတာကြားရင် ဒေါသထွက်တော့မှာပဲ”
ကမ္ဘာပျက်ကပ်အသူရာက အလုံးစုံ အမှားလုပ်ခဲ့တာ မဟုတ်။ သူတို့က စိတ်လောပြီး အဆင့်သတ်မှတ်ချက်ကနေ သူတို့ကိုယ်သူတို့ သက်သေပြရန် စိတ်အားထက်သန်ခဲ့တာပဲဖြစ်သည်။ သူတို့က ထိပ်ဦးကို တက်နင်းနိုင်လျှင် ပြီးပြည့်စုံပေလိမ့်မည်။ ထိုအကြောင်းအရင်းကြောင့် သူတို့သည် တာဝန်များကနေ ကျန်သည့်အဖွဲ့များ အမှတ်မရအောင် နည်းမျိုးစုံဖြင့် ဟန့်တားခဲ့ပြီး နောက်ဆုံးတွင် အမုန်းတရားများ၊ အညိုးအတေးများဖြင့် အဆုံးသတ်သွားရ၏။ သူတို့က ပျော်ရွှင်မှုကို ပုံသေမှတ်ခဲ့တာဖြစ်နိုင်သည် အကြောင်းမှာ ပျော်ရွှင်မှုအဖွဲ့ထဲ၌ လူအယောက်တစ်ရာသာရှိပြီး ကျန်သည့် စွမ်းအားရှင်ထောင်ချီ၏ ယုံကြည်မှုက ပိုအရေးကြီးနေသည်ဟု ထင်ခဲ့သောကြောင့်ဖြစ်မည်။ သို့‌သော် သူတို့ထည့်မတွေးခဲ့မိသည်က ထိပ်တန်းအဆင့်သတ်မှတ်ချက်ရှိ အဖွဲ့များသာလျှင် အများအမြင်ကို ဦးဆောင်သည်ဆိုသည့်အချက်ပဲဖြစ်သည်။
ထို့အပြင် သူတို့ထိပ်ဦးကို ပြုလုပ်ခဲ့သည့်ပုံမှာ သူတို့သည် ရေကိုစမ်းသပ်ချင်ခဲ့ရုံသာဖြစ်သည်။ မဟုတ်လျှင် လော့ဟွိုင်သည် ထို‌နယ်မြေစွမ်းအားရှင်က ထိပ်ဦးကို ရန်စနေသည့်အချိန်၌ ဟန့်တားခဲ့မှာပဲဖြစ်၏။ ကံဆိုးသည်မှာ သူတို့က ယွင်ချဲ့ကို မှားယွင်းအကဲဖြတ်ခဲ့သည်။ ဖိပ်ဦး၏ကျန်သည့်သူများကို လျှော့တွက်ခဲ့ကာ သူတို့ဘာသာ အရှုပ်ထဲ ကျရောက်သွား၏။
“သူတို့‌တွေ ဒေါသထွက်ပြီးသေပါစေလို့ ဆုတောင်းတယ်၊ဟေးယွီ မင်းစားနေတာ ရပ်လိုက်တော့ မင်းစိတ်ပျက်ဖို့ကောင်းတဲ့ ဆူညံသံတွေလုပ်နေတာပဲ”
စက္ကူဖြင့်ထုတ်ထားသော စွမ်းအင်ချောင်းကို ဆုတ်ဖြဲနေသော ခွေးပေါက်လေးကို လှည့်ကြည့်ပြီး ယွင်ချဲ့က ကြုံးဝါးကာ မျက်စောင်းထိုးလိုက်၏။ သူသည် ဟေးယွီကို ထုတ်လုပ်ရေးစက်ပစ္စည်းအကြောင်း ပြောချိန်မှစပြီး ခွေးသည် စွမ်းအင်ချောင်းများစုဆောင်းတာ ရပ်တန့်လိုက်၏။ ဟေးယွီစကား‌မပြောသည့် အချိန်တိုင်း၌ သူသည် တစ်နေရာရာ၌ စွမ်းအင်ချောင်းကို ဝါးစား‌နေပြီး သားရဲနတ်ဘုရား၌ မြင့်မြတ်မှုမျိုး ရှ်မနေပေ။
“ကျုပ်ဘာလုပ်နိုင်ဦးမှာလဲ နှစ်ယောက်က ချစ်ကျွမ်းဝင်နေတာကိုကြည့်ပြီး ကျုပ်ဘာသာကျုပ် ပျို့အန်နေရမှာလား၊မင်းတို့နှစ်ယောက်လိုမျိုးကို တစ်ခါမှမတွေ့ဖူးဘူး မင်းတို့ရဲ့အချစ်တွေကို အများရှေ့မှာပြရတာ စိတ်ထဲမထားဘူးလား မင်းတို့ဒီမှာ သားရဲနတ်ဘုရားတစ်ပါးနဲ့ တစ်ကိုယ်တော် ယောင်္ကျားသားတစ်ယောက် ဒီမှာရှိနေသေးတယ်လေ”
ကျန်သည့်စွမ်းအင်ချောင်းများကို ဝါးမျိုပြီးနောက် ဟေးယွီသည် စိတ်ကျေနပ်စွာ သူ့ဗိုက်ကို ပွတ်သပ်လိုက်ပြီး မျက်နှာထက်၌ မနှစ်မြို့သည့်အကြည့်မျိုး ရှိနေလေ၏။ ကူးမင်ရွှမ်းကလည်း သွယ်ဝိုက်ပြီးဝင်ပြောသည်။
“ရွံလွန်းလို့ သေတော့မလား ကောင်းပြီလေ ငါတို့တွေက ပိုချိုမြိန်ပြ‌တာပေါ့”
ဟေးယွီကို စိုက်ကြည့်ပြီးနောက် ယွင်ချဲ့သည် သူ၏မျက်လုံးကို မှိတ်လိုက်၏။ လန်ခရူဇာပေါ်၌ သက်သောင့်သက်သာရှိလွန်းသောကြောင့် ဖြစ်နိုင်သည်။ သူကတစ်မှေး အိပ်ချင်လာ၏။ အမှန်တကယ်ပင် ပင်ပမ်းလွန်းသည့် မနက်ခင်းဖြစ်ခဲ့သည်။
“တကယ်မဟုတ်ဘူး ကျုပ်ဒီလိုနေရတာလည်း မလွယ်ဘူး‌ ပြောပြဦး ကျုပ်က”
“ဟေးယွီ”
ယွင်ချဲ့က နောက်လိုက်ရုံသာရှိသည်။ ဟေးယွီက တကယ်‌အလေးထား၏။ သူက ပြောရန်မကြိုစားရသေးခင် ရှင်းဖုန်းက သူ့ကို အသံတိုးတိုး နေခိုင်းလိုက်ပြီးနောက် ယွင်ချဲ့ကို လက်ညှိုးထိုးပြလိုက်၏။ ဟေးယွီက သူ၏မျက်လုံးလေးများကို လှည့်ကြည့်လိုက်သည်။ ယွင်ချဲ့၏အသက်ရှူနှုန်းတည်ငြိမ်သွားသည်နှင့် ဟေးယွီက ပါးစပ်ပိတ်ကာ ယွင်ချဲ့၏ မျက်နှာချင်းဆိုင်ရှိ ခုံတွင် လှဲချလိုက်သည်။ သူသည် ခရီးစဉ်က ထိုမျှ ပျင်းစရာကောင်းမည်မှန်းသိပါက ဖုတ်ကောင်များကိုသတ်ဖို့ လန်ယဲ့ဟန်နောက် လိုက်သွားမှာပဲဖြစ်သည်။
“အိမ်ပြန်ရောက်တဲ့အချိန် ချန်ချန်နဲ့သွားဆော့ရင်ရော ဘယ်လိုလဲ ဒါမှမဟုတ် မဟုတ်ဘူး ချောင်ယန်းက လူတွေနဲ့ အပြင်ထွက်မယ်၊ ဟုတ်ပြီကောင်းတယ် ဒီလိုပဲဆုံးဖြတ်လိုက်ပြီ”

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset