YMR- အခန်း ၁၆၈

အခန်း ၁၆၈။

ထိတ်လန့်နေသောဝမ်ဝေ့နှင့် ခြိမ်းခြောက်နေသော ကျန့်ဝမ်ရှန်း
“မင်းဘာပြောလိုက်တာ လော့ဟွိုင်က သေပြီးတော့ စွမ်းအားရှင်အဖွဲ့အစည်း ပြိုလဲသွားပြီတဲ့လား”
ဝမ်စစ်တပ်တည်ရှိသည့် ဗီလာဇုန်ထဲ၌ ဝမ်ဝေ့က သတင်းရသောအခါ သူ၏မျက်လုံးများ ပြူးကျယ်သွားတော့၏။ သူ့ကို သတင်းတင်ပြသည့် အရာရှိကလည်း သူ့ကိုသတိထားကြည့်လျက် ထပ်ပြောပြလိုက်သည်။
“ဟုတ်ပါတယ် မကြာသေးခင်က ကမ္ဘာပျက်ကပ်အသူရာနဲ့ ထိပ်ဦးအဖွဲ့က အဖွဲ့အစည်းရဲ့ခန်းမထဲမှာ တိုက်ခိုက်ကြတာကြောင့် စွမ်းအားရှင်အဖွဲ့တစ်ခုလုံး ပြိုလဲသွားပါတယ်၊ ကမ္ဘာပျက်ကပ်အသူရာက ဖျက်ဆီးခံလိုက်ရပြီး ဘယ်သူမှ အသက်မရှင်ပါဘူး”
သူသည်လည်း သတင်းကြားသည့်အချိန်၌ ထိတ်လန့်နေခဲ့တာပဲဖြစ်သည်။ အဆင့်သတ်မှတ်ချက်၌ သူတို့ အဆင့်ပိုမြင့်စေရန်အတွက် ကမ္ဘာပျက်ကပ်အသူရာ၏ အဖွဲ့ဝင်ဆယ်ယောက်လုံးသည် ပျမ်းမျှအထက် အရည်အချင်းတွေ ရှိ၏။ အထူးသဖြင့် ၎င်းတို့၏ခေါင်းဆောင် လော့ဟွိုင်ပဲဖြစ်သည်။ သို့သော် လူပိုနည်းသောထိပ်ဦးအဖွဲ့က သူတို့ကို အလွယ်တကူ ဖျက်ဆီးခဲ့ပြီး စံချိန်အသစ်တင်လိုက်၏။ ပိုဆိုးသည်က ကမ္ဘာပျက်ကပ်အသူရာကို ဖျက်ဆီးရန် ထိပ်ဦးတစ်ဖွဲ့လုံး မလှုပ်ရှားခဲ့ဟု ကြားမိသည်။
“ဘာတွေဖြစ်ကုန်တာလဲ လော့ဟွိုင်က ထိပ်ဦးအဖွဲ့ကို ဘာကြောင့်ရန်သွားစရတာလဲ အဖွဲ့အသီးသီးနဲ့ မိတ်ဆွေဖွဲ့ဖို့ ငါသူတို့ကိုပြောခဲ့တာ သူတို့က ယွင်ချဲ့ကို ဘာကြောင့်များ ရန်စရတာလဲ ယွင်ချဲ့နဲ့ရှင်းဖုန်းကြားက ဆက်ဆံရေးကို သူတို့မသိဘူးလား”
ဝမ်ဝေ့က ထိတ်လည်းထိတ်လန့် ဒေါသလည်း ထွက်မိ၏။ ဝမ်စစ်တပ်သည် စွမ်းအားရှင်ဆယ်ယောက် ဆုံးရှုံးတာကို တတ်နိုင်သော်ငြား ယင်းက သူတို့အစီအစဉ်ကို ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်သေခဲ့သည်။ ကမ္ဘာပျက်ကပ်အသူရာနှင့် အရှင်သခင်မလေးများက ရက်အနည်းငယ်အတွင်း ထိပ်တန်းဆယ်နေရာထဲသို့ ဝင်နိုင်ခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ ထိပ်တန်းအဖွဲ့နှစ်ဆယ်၏ ပင်မအဖွဲ့ဝင်များက အခြေစိုက်စခန်းထဲမှ ထွက်သွားချိန် သူတို့က ဥက္ကဋ္ဌရန်ထံ အမှတ်များ တိတ်တဆိတ်လဲထားသောကြောင့်ဖြစ်သည်။ မဟုတ်လျှင် သူတို့ကို နောက်ထပ်တစ်လပေးလျှင်တောင် ထိပ်တန်းဆယ်နေရာထဲ ဝင်မှာမဟုတ်လေရာ ထိပ်တန်းသုံးနေရာဆို ပြောရန်မလိုအပ်တော့ချေ။
“အရှင်သခင်မလေးများနဲ့ ကျွန်တော်တို့လူတွေဆီက သတင်းတွေအရတော့ လော့ဟွိုင်ရဲ့လက်အောက်က နယ်မြေစွမ်းအားရှင်တစ်ယောက်က ယွင်ချဲ့ကို ထပ်တလဲလဲ ရန်စခဲ့တယ်တဲ့၊ ခေါင်းဆောင်ဖုန်းက သူတို့ကို မတိုက်ခိုက်အောင် တားဖို့ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ ယွင်ချဲ့က သူရဲ့အသံစနစ်ကို မြင်ခဲ့၊ပြီး သူ့ကို လည်ပင်းညှစ်သတ်လုနီးပါးဖြစ်ခဲ့တာ၊ ဒီကိစ္စက ဒီအတိုင်း အဆုံးသတ်သွားသင့်တာပဲ ဒါပေမဲ့ ကမ္ဘာပျက်ကပ်အသူရာက စိတ်လိုက်မာန်ပါလုပ်ပြီး ယွင်ချဲ့ကို စော်ကားပုတ်ခတ်ဖို့ ကြိုးစားရင်းနဲ့ ခေါင်းဆောင်ဖုန်းအတွက် ရပ်တည်ပေးချင် ယောင်ဆောင်ခဲ့တယ်လေ၊ နယ်မြေစွမ်းအားရှင်က ချောင်ယန်းကိုတောင် ဆွဲထည့်ခဲ့တာ၊ ယွင်ချဲ့က အစက အဆင်ပြေနေသေးတယ်၊ နောက်တော့ ခေါင်းတောင်ရှင်းကိုပါ ဝင်ဆွဲထည့်လာတဲ့အချိန် အခြေအနေတွေက စတော့တာပဲ၊ ကမ္ဘာပျက်ကပ်အသူရာက နားမနေ‌နိုင်ဘဲနဲ့ နောက်ဆုံး ထိပ်ဦးအဖွဲ့ကလည်း သူတို့ကို ထပ်ပြီး သည်းမခံနိုင်တော့ဘူးလေ ဒီတော့ အဖွဲ့နှစ်ဖွဲ့ကြား ရန်ပွဲစဖြစ်သွားတော့တာ ယွင်ချဲ့ရဲ့ခွေးကတောင် တိုက်ပွဲထဲ ဝင်ပါလာပြီ ကမ္ဘာပျက်ကပ်အသူရာက သူတို့ဖျက်ဆီးတာ ခံလိုက်ရတယ်”
သတင်းရထားသောဗိုလ်မှူးသည် စာရွက်စာတမ်းများကို ဝမ်ဝေ့အား လွှဲပေးလိုက်၏။ တင်ပြချက်အရ ကမ္ဘာပျက်ကပ်အသူရာသည် ကိုယ့်သေတွင်းကိုယ်တူးတာဖြစ်ပြီး သူတို့ကိုယ်သူတို့သာ အပြစ်တင်နိုင်၏။ ဤအခြေအနေထိ ရန်စခဲ့ပြီး သူတို့ကသာ ဖျက်ဆီးခံလိုက်ရသည်။ ကျန်သည့်သူများဆီမှ သတင်းအချက်အလက်ဆိုလျှင် သူတို့ သံသယဝင်လောက်သော်ငြား ထိုအချက်အလက်များက အရှင်သခင်မလေးများနှင့် သူတို့၏သတင်းပေးများဆီမှ ဖြစ်နေသောကြောင့် အမှန်အတိုင်း ဖြစ်ရပေမည်။ လူတိုင်းက ထိုအဖွဲ့က သူတို့အပိုင်မှန်း သိနေပေးလျှင် ဝမ်စစ်တပ်က ကမ္ဘာပျက်ကပ်အသူရာအတွက် လက်စားချေရန် နည်းလမ်းမရှိပေ။ ဤကိစ္စက အစတည်းက လျှို့ဝှက်ချက်တစ်ခု ဖြစ်နေသောကြောင့် ပိုဆိုးနေ၏။
“ဘန်း”
“အဲ့ဒီအရူးတွေ”
စာရွက်စာတမ်းများကို ပစ်ချလိုက်ပြီးနောက် ဝမ်ဝေ့ကစားပွဲကို လက်သီးဖြင့် ထိုးလိုက်လေ၏။ သူသည် ချောင်ယန်းနှင့်ထိပ်ဦးကို ရန်မစရန် သူတို့ကို ထပ်တလဲလဲ သတိပေးခဲ့၏။ သို့သော် သူတို့က သူပြောတာကို နားမကြားသူပမာ ပြုမူခဲ့သည်။ ယခုဆုံးရှုံးမှုကို သူတို့သာလျှင် ခံစားရ၏။ ကမ္ဘာပျက်ကပ်အသူရာသည် စစ်တပ်ပိုင်ဖြစ်ကြောင်း သူတို့က ကျန်သည့်သူများကို ပြောပြနေတာဖြစ်ပြီး စစ်တပ်က သူတို့အဆင့်သတ်မှတ်ချက်ကို ပျက်စီးအောင် တမင်တကာ လူလွှတ်သည်ဟု ထင်မြင်ကုန်၏။ ထိုအတိုင်း ဖြစ်လာပါက ထိပ်ဦးအဖွဲ့သည် သူတို့ကိုရင်ဆိုင်ရန် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ကာ ယခုထက်ပိုဆိုးသည့်အခြေအနေသို့ ရောက်သွားနိုင်၏။
“အစ်ကို တစ်ခုခုပြောဖို့က နောက်ကျသွားလွန်းပြီ အရှင်သခင်မလေးများကို ပိုဂရုစိုက်ဖို့ပဲ အမိန့်ပေးလိုက် ယွင်ချဲ့က ဖြေရှင်းရလွယ်တဲ့သူမဟုတ်ဘူး ရှင်းဖုန်းက ပိုတောင်‌ဆိုးသေးတယ်”
ရုံးခန်းထဲတွင်ရှိနေသော ဝမ်ကော့အန်းကလည်း ယခင်က ယွင်ချဲ့နှင့် ပြောဆိုဆက်ဆံဖူးသောကြောင့် အကြံပြုလိုက်သည်။ ရွေးချယ်ခြင်းသာ ရှိမည်ဆိုလျှင် သူကယွင်ချဲ့နှင့် ထပ်မဆုံချင်တော့ပေ။ သူသည် အင်မတန်ကောက်ကျစ်ရုံသာမက အင်မတန်လည်း အရှက်မဲ့ပေ၏။ ဝမ်ကော့အန်းက သူ့၌ တစ်ပါးသူများကို ပြက်ရယ်ပြုသည့် လျှို့ဝှက်စွမ်းအားတစ်ခု ရှိနေသည်ဟု တွေးထင်မိလောက်သည်။ သို့သော်ငြား ယွင်ချဲ့နှင့်ပတ်သက်ပြီး ကြောက်စရာအကောင်းဆုံးက သူ့၌ အရည်အချင်းရှိနေတာပဲဖြစ်သည်။
“ငါအဲဒါသိတယ်”
ဒေါသထွက်နေသော ဝမ်ဝေ့က အသက်ပြင်းပြင်းရှူလိုက်၏။
“ချောင်ယန်းနဲ့ထပ်ဦးကို ရန်ထပ်မစဖို့ အရှင်သခင်မလေးများကို အမိန့်ပေးလိုက် သူတို့တွေ ထိပ်ဦးအဖွဲ့နား မကပ်နိုင်ရင်လည်း မေ့ထားလိုက်တော့ တခြားအဖွဲ့တွေနဲ့ပဲ ဆက်ဆံရေးကောင်းအောင်လုပ် တခြားကိစ္စတွေကို ပြီးမှ ထပ်ပြောတာပေါ့”
“ဟုတ်ကဲ့ခေါင်းဆောင်”
ဗိုလ်မှူးက သူ့အမိန့်များကို နာခံပြီးနောက် သူ့ကို အလေးပြုပြီးနောက် ရုံးခန်းထဲက ထွက်သွားတော့၏။ ပြီးနောက် ဝမ်ဝေ့က မျက်နှာထက်၌ သုန်မှုန်သောအမူအရာဖြင့် ပြောလိုက်သည်။
“ရှင်းဖုန်းနဲ့ယွင်ချဲ့က တကယ်ဖြေရှင်းရခက်တာပဲ အခြေအနေတွေက တည်ငြိမ်လာတဲ့အချိန် အနည်းဆုံး‌တော့ သူတို့တွေထဲကတစ်ယောက်ကို ဖယ်ရှားဖို့ နည်းလမ်းတစ်ခုတွေးရမယ်”
သူသည် သူတို့ကို အနိုင်ယူရန် သေချာပေါက်ကြိုးစားမည်။ သူတို့က ဘက်ညီသည့်ပါတီများ ဖြစ်နေလျှင်တောင် အနိုင်ယူရန် သေချာပေါက်ကြိုးစားမည်။ သို့သော်ငြား သူတို့သည် ဘက်မလိုက်သည့်အဖွဲ့များ ဖြစ်နေခဲ့လျှင် သူကသူတို့ကို ခေါ်နိုင်ရန် သေချာပေါက်ကြိုးစားမည်။ သို့သော် သူတို့က မော့စစ်တပ်ကို ထောက်ပံ့ပေးနေသောကြောင့် သူတို့က ရန်သူများသာဖြစ်နိုင်၏။
“အစ်ကိုအခြေအနေကို နားမလည်ဘူးလား ယွင်ချဲ့ကို ခင်ဗျားဖယ်ရှားချင်နေတာ ကျွန်တော်သိတယ် ဒါပေမဲ့ နောက်ကျသွားပြီ ထိပ်ဦးအဖွဲ့က စွမ်းအားရှင်တွေကြားထဲမှာ သူတို့အတွက် နာမည်တစ်ခု တည်ဆောက်ပြီးသွားပြီ ယွင်ချဲ့နဲ့ ရှင်းဖုန်းကလည်း သူတို့နဲ့အရင် တာဝန်အတူထမ်းဆောင်ဖူးတဲ့ စစ်သားတွေပြောပုံအရ စုံတွဲတွေဖြစ်နေကြတာ၊ အစ်ကိုက ယွင်ချဲ့ကို တစ်ခုခုလုပ်ရင် ရှင်းဖုန်းက ခင်ဗျားနဲ့တိုက်ခိုက်မယ်ဆိုတာ သေချာတယ်၊ အဲဒီတုန်းက လုံမိသားစုအာဏာကျဆင်းသွားပုံကို မမေ့လိုက်နဲ့ ရှင်းမိသားစုက လူတွေကတောင် ရှင်းဖုန်းဒေ့သထွက်ရင် ဘာမှမလုပ်နိုင်ဘူး ကျုပ်တို့ဆို ဝေလာဝေးပေါ့ ဒီတစ်ခေါက် သင်ခန်းစာယူပြီး သူ့ကို ရန်ထပ်မစနဲ့တော့”
ဝမ်ကော့အန်းသူ့ကို မပြောပြသည့်အရာကတော့ သူတို့နှင့်အတူ ပြန်လာသောစစ်သားများသည် ယွင်ချဲ့အကြောင်း စိတ်ဓာတ်တက်ကြွစွာ ပြောပြနေတာဖြစ်ပြီး သူတို့က ယွင်ချဲ့ကို ကိုးကွယ်သည့်ပုံနှင့် တူနေလေ၏။
သူတို့၏စစ်သားများ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားမှာကို ကြောက်ရွံ့နေရချိန် ဖုတ်ကောင်ဗိုင်းရပ်စ်ကို အနိုင်ယူရန်အတွက် သူတို့ကို ခွန်အားပေးခဲ့သူက ယွင်ချဲ့မှန်း သူရှာတွေ့သွား၏။ သူတို့အပြန်အလှန် ယွင်ချဲ့သည် ဒဏ်ရာရ‌နေသော စစ်သားများကို ကာကွယ်ရန် လေထုစွမ်းအားကို အသုံးပြုခဲ့ပြီး သူ၏စွမ်းအားများ ကုန်ခမ်းသည့်စွန့်စားမှုကိုလည်း ရင်ဆိုင်ခဲ့ရ၏။ ယခင်က ဖြစ်ပျက်ခဲ့သည့်ကိစ္စကြောင့် ဝမ်ကော့အန်းသည် ယွင်ချဲ့နှင့် ပတ်သက်ပြီး အမြဲတမ်း စိတ်မပျော်ဖြစ်နေခဲ့၏။ သို့သော် အသေးစိတ်သဘောပေါက်သွားပြီးနောက် သူတို့ကရန်သူများ ဖြစ်နေသည့်တိုင် သူ့ကဲ့သို့ ဝါရင့်တစ်ဦးတောင် သူ့ကို အထင်ကြီးမိသေး၏။
“မင်းပြောတာမှန်တယ် ငါက အဆင်အခြင်မဲ့လွန်းတယ် စစ်တပ်တစ်တပ်လုံးကို အမိန့်ပေးလိုက်၊ ယွင်ချဲ့နဲ့ရှင်းဖုန်းကို ရန်သွားမစဖို့ပြောထားဦး”
ဝမ်ဝေ့သည် စိတ်ငြိမ်ကျသွားပြီးနောက် ထောက်ခံကြောင်း ခေါင်းညိတ်လိုက်၏။ ထိုစဉ်က ရှင်းဖုန်းသည် မိသားစုနှစ်စုက ခမည်းခမက်များ ဖြစ်နေသည့်တိုင် လုံမိသားစုကို သက်ညှာမှု မပြသခဲ့ပေ။ ဝမ်ဝေ့က သူ၏မိသားစုကို မငြိစွန်းစေချင်ပေ။ သူတို့ကို ဒုက္ခမခံစားရစေချင် ထို့အပြင် မနေ့တုန်းက ကိစ္စကို ရှင်းဖုန်းသာ ထပ်ထုတ်ပြောလာခဲ့လျှင် သူတို့ကမော့စစ်တပ်ကို ထောက်ပံ့ပေးနေသည်ဆိုပင်လျှင် သူတို့ကို ရန်ပိုမစသင့်တော့ပေ။
“ဟုတ်တယ်အစ်ကို ကျုပ်တို့ တကယ်… ထားလိုက်ပါတော့လေ အလုပ်ပြန်လုပ်တော့မယ်”
ဝမ်ကော့အန်းက ထရပ်ပြီး သူပြောချင်တာကိုမပြောဘဲ ရုံးခန်းထဲကနေ ထရပ်သွားလေ၏။ ဝမ်ဝေ့က သူ့နောက်‌ကျောကို ကြည့်ပြီးနောက် သူ၏နှာခေါင်းရိုးကို မောပန်းနွမ်းနယ်စွာ ညှစ်လိုက်တော့၏။ လတ်တလော၌ ကိစ္စတစ်ခုပြီးတစ်ခု ဖြစ်လာလေရာ ကမ္ဘာပျက်ကပ်မတိုင်မီကထက် ပိုပင်ပန်းလှသည်ဟု သူခံစားမိသည်။
ဝေ့စစ်တပ်၊ မော့စစ်တပ်နှင့် ကုမင်ရွှမ်းကလည်း တစ်ချိန်တည်းတွင် သတင်းရလိုက်၏။ ဝေ့ခန်းသည် လက်အောက်ငယ်သားများရှေ့၌ သူ့ရင်ဘတ်ကိုသူ ဖိလိုက်ပြီး ယွင်ချဲ့ကို ရန်မစရန် သူ၏လက်အောက်ငယ်သားများကို အစောတည်းက အမိန့်ပေးခဲ့မိသည့်အတွက် ကံကောင်းသည်ဟု တွေးနေမိသည်။ သူသည် သူ၏အဖွဲ့နှစ်ဖွဲ့ကို တမင်တကာတောင် စစ်ရေး၌ အဆင့်သိပ်မမြင့်အောင် ထားခဲ့၏။ မဟုတ်လျှင် သူတို့လည်း ဝမ်စစ်တပ်ကဲ့သို့ အဆုံးသတ်သွားလောက်သည်။ မော့ဝမ်းယန်အတွက်မူ သူသည် ကိစ္စများဖြစ်ပေါ်နေပုံကို ဝေဖန်ဆန်းစစ်ပြီးနောက် တစ်စုံတစ်ခုမှားယွင်းနေတာကို လျင်မြန်စွာ အာရုံခံမိလိုက်၏။ သူက ချက်ချင်းပင် ရှင်းဖုန်းကို ခေါ်လိုက်ရာ သူတို့နှစ်ယောက်လုံးက ဖုန်းထဲ၌ စကားအကြာကြီး‌ ပြောနေပြီးနောက် ယွင်ချဲ့၏ရည်ရွယ်ချက်ကို ဆန်းစစ်နေကြသည်။
နယ်ပယ်တွင်ရှိ ပြိုလဲနေသော စွန့်စားသူအပြင်ဘက်တွင်ဖြစ်သည်။
“ခင်ဗျားတို့ ထောက်ခံပေးတာ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်တော်က ခေါင်းဆောင်ပိုင်းအတွက် တကယ်မသင့်တော်ပါဘူး ဒါကြောင့် ကျွန်တော့်အတွက် ပြဿနာတွေ မဖန်တီးပေးပါနဲ့တော့”
ယွင်ချဲ့သည် အာရုံစိုက်မှုအလျင်းရောက်လာလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့မိချေ။ ဥက္ကဋ္ဌသည် ကြီးမြတိပြီး အင်အားကြီးသည့်လူတစ်ယောက်ဟု ထင်ရသော်ငြား သူ့အဖို့ စွမ်းအားရှင်များက မျှဝေထားသော အုပ်ထိန်းသူတစ်ယောက်သာဖြစ်နေပြီး စစ်တပ်သုံးခုသည်လည်း အသေအကြေတိုက်ခိုက်ရုံသာ ရှိလိမ့်မည်။ ထိုရာထူးကို ယူရမည်ဆိုပါက သူစိတ်လွတ်သွားလောက်မည်။
“ဟုတ်တယ် အားလုံးပဲ ခေါင်းဆောင်ယွင်က ဥက္ကဋ္ဌဖြစ်လာခဲ့မယ်ဆိုရင်တောင် ခက်ခဲတဲ့တာဝန်တွေကို ဆောင်ရွက်ဖို့ ကျုပ်တို့နဲ့ဘယ်သူက သွားတော့မှာလဲ”
ယွင်ချဲ့စဉ်းစားနေတာကို သိပြီး လေ့တာ့ရှန်က ရယ်ရယ်မောမောဖြင့် အမြန်ဝင်ပြောလိုက်၏။
“ဟားဟား အဲ့ဒီအကြောင်းမေ့သွားတာ ဒါပေမဲ့ ခင်ဗျားတို့တွေ အဆိုတင်သွင်းတဲ့ ဗိုလ်ချုပ်မော့က ခေါင်းဆောင်ရှင်းရဲ့ဝမ်းကွဲမလား ခေါင်းဆောင်ရှင်းနဲ့ ခေါင်းဆောင်ယွင်က စုံတွဲတွေဆိုမှတော့ ကျုပ်တို့တွေ ခေါင်းဆောင်မော့ကို ရွေးရင်လည်း တူတူပဲမဟုတ်ဘူးလား”
“အား ဟုတ်သားပဲ ဒီအကြောင်းကို ကျုပ်တို့ဘယ်လိုလုပ် မေ့သွားရတာလဲ ဗိုလ်ချုပ်မော့ကသာ ဥက္ကဋ္ဌဖြစ်လာခဲ့ရင် သူနဲ့ ခေါင်းဆောင်ရှင်း၊ ခေါင်းဆောင်ယွင်တို့ရဲ့ ဆက်ဆံရေးအရ ကျုပ်တို့တွေက ကြိုးတချို့တောင် ဆွဲထားနိုင်ဦးမယ်”
“အတိအကျပဲ ဒါဆို ဆုံးဖြတ်လိုက်ရအောင် ရွေးကောက်ပွဲကာလအတွင်းမှာ ဗိုလ်ချုပ်မော့ကို ကျုပ်တို့မဲပေးမယ်”
“သေချာတာပေါ့”
ယင်းက ချန်ဟွားရော လေ့တာ့ရှန်ပါ ဦးဆောင်တာမဟုတ်ပေ။ စွမ်းအားရှင်အဖွဲ့တစ်ဖွဲ့၏ခေါင်းဆောင်က ထုတ်ဖော်ပြောလိုက်သည်နှင့် ကျန်သည့်သူများကလည်း လက်ခံကာ အားပေးကြတော့၏။ ယခုအချိန်တွင် ရွေးကောက်မည်ဆိုပါက မော့ဝမ်းယန်သည် ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရမည်ဆိုတာ သံသယဖြစ်စရာမလိုပေ။ သို့သော်ငြား ၎င်းကို သူတို့မည်မျှလိုချင်ကာမူ မဖြစ်နိုင်ပေ။ စစ်တပ်သုံးတပ်နှင့် အစိုးရက ဒီမိုကရေစီရွေးကောက်ပွဲတစ်ခု ပြုလုပ်ပေးရန် သဘောတူပင်လျှင် ပြင်ဆင်မှုများက အနည်းဆုံး နှစ်ရက်၊ သုံးရက် ကြာဦးမည်ဖြစ်ကာ ယင်းက လူအချို့ တိတ်တဆိတ်လှုပ်ရှားရန်အတွက် လုံလောက်၏။
“ခင်ဗျားတွေ့ပြီနော် ကျန့်ဝမ်ရှန်း၊ ကျုပ်တို့စွမ်းအားရှင်တွေအားလုံးက ဥက္ကဋ္ဌကို အစားထိုးချင်နေတယ် ဥက္ကဋ္ဌသစ်ကိုတော့ ဒီမိုကရေစီကျကျ ရွေးချယ်မယ်၊ ဒီကိစ္စကိုပြောပေးဖို့ ခင်ဗျားကို ဒုက္ခပေးရတော့မှာ‌ပဲ ပြီးတော့ ကျုပ်တို့တွေ ခင်ဗျားရဲ့သတင်းကို အိမ်မှာထိုင်စောင့်နေမယ်”
ထိုစဉ် ယွင်ချဲ့က ပါးစပ်ပိတ်မနေတော့ဘဲ ပြောင်‌ပြောင်‌တင်းတင်း တောင်းဆိုလိုက်၏။ အခြေအနေက သူမှန်းဆထားသည်ထက် ပိုကောင်း၏။ နောက်ရက်အနည်းငယ်အတွင်း မသေချာမရောသည့်အရာများ ဖြစ်လာမည်ဆိုတာ သူသေချာသိသည်။ သို့သော်ငြား ယင်းက ကိစ္စမရှိပေ။ ကျန်သည့်သူများက ကိစ္စများခိုးချောင်ခိုးဝှက်လုပ်နိုင်လျှင် သူတို့လည်း လုပ်နိုင်၏။ အဆုံးသတ်ရာက သူတို့ကိုယ်ပိုင် အရည်အချင်းပေါ် မူတည်နေသည်။
“ဒါက စည်းမျဉ်းနဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ဆန့်ကျင်နေတယ်”
အစိုးရသည် စစ်တပ်အင်အားစုထဲမှတစ်စု အင်အားကြီးလာတာကို မြင်လိုစိတ် ရှိမှာမဟုတ်ပေ။ ကျန့်ဝမ်ရှန်းက ပြောတာ မဓိကကျ၏။ ယွင်ချဲ့သည် စည်းမျဉ်းမလိုက်နာရန် ကျန်သည့်သူများကို ပြောနိုင်စွမ်းရှိ၏။
“ဘာစည်းမျဉ်းစည်းကမ်းတွေလဲ အားလုံးက ပြောင်းလို့ရတာပဲ၊ အ‌ခြေစိုက်စခန်းက တည်ထောင်ထားတာ လအနည်းငယ်ပဲ ရှိသေးတယ်၊ ဒီတော့ အရာအားလုံး ဖွံ့ဖြိုးတိုးတက်နေဆဲကာလမှာ ဘယ်လိုလုပ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ထားတာတွေ အများကြီးရှိနေမှာလဲ၊ ဒီကိစ္စကို အထက်အရာရှိတွေဆီ သတင်းပါးပေးဖို့ ကူညီပေးလို့ရတာပဲ သူတို့က ကျုပ်တို့စွမ်းအားရှင်တွေရဲ့အမြင်ကို လျစ်လျူရှုခဲ့မယ်ဆိုရင် ကျုပ်တို့က စွမ်းအားရှင်အဖွဲ့အစည်းကနေ ထွက်ခွာရုံပဲ ထိပ်ဦးအဖွဲ့ကလည်း စွမ်းအားရှင်အဖွဲ့အစည်းမပါဘဲ တာဝန်တွေကို သီးသန့်ဆောင်ရွက်နိုင်တယ် ဘယ်သူမှ ဆာလောင်နေမှာမဟုတ်ဘူး၊ အခုထက် ကျုပ်တို့ဘ၀တွေ ပိုတောင်ကောင်းမလားဆိုတာ ဘယ်သူကသိမှာလဲ”
ယွင်ချဲ့၏အစပိုင်းစကားများသည် ကျန့်ဝမ်ရှန်းအတွက်ဖြစ်၏။ ကျန်သည်က ရှိနေသည့် စွမ်းအားရှင်များအားလုံးအတွက် ဖြစ်သည်။ သူ့၌ အရင်းအမြစ် မချို့တဲ့ပေ။ ဥက္ကဋ္ဌပြန်လည် ရွေးကောက်မှုကို လုပ်ကို လုပ်ရမည်၊ မဟုတ်လျှင် သူက ထိပ်တန်းစီမံလးခန့်ခွဲမှုဟု ခေါ်သည့်သူများကို စွမ်းအားရှင်များအားလုံး ဒေါသထွက်သွားအောင် အလွယ်တကူ ထိန်းချုပ်ပစ်နိုင်၏။
“ခင်ဗျား နောက်နေတာပဲဖြစ်ရမယ် ခေါင်းဆောင်ယွင်”
အစိုးရမှာရှိတဲ့အရင်းအမြစ်တွေထက် ကိုယ်ပိုင်အရင်းအမြစ်တွေက ဘယ်လိုလုပ် ပိုများမှာလဲ အားလုံးကို ဆွဲမချနဲ့”
ကျန့်ဝမ်ရှန်းက အဓိပ္ပာယ်နှစ်ခွဖြစ်နိုင်သည့်စကားကို ပြောလိုက်ရာ စွမ်းအားရှင်များက ရုတ်ရုတ်သဲသဲ မလုပ်နိုင်သေးပေ။ သူက ယွင်ချဲ့၏ ခြိမ်းခြောက်မှုကို အလေးမထားတာ သိသာ၏။ သို့သော်ငြား
“ကျုပ်တို့တွေ ချောင်ယန်းကိုပါ ထပ်ထည့်လိုက်ရင် ဘယ်လိုလဲ”
စွမ်းအားရှင်များက ယွင်ချဲ့နောက်နေသည်ဟု ခံစားမိသည့်အချိန်၌ ရှင်းဖုန်း၏စကားကို ရုတ်တရက် ကြားလိုက်ရသည်။ လူအုပ်ကြီးက လမ်းဖယ်ပေးပြီးနောက် ရှင်းဖုန်းသည် ကုမင်ရွှမ်းနှင့်အတူ လျှောက်လာလေ၏။ လတ်တလော သုတေသနသင်တန်းကျောင်းနှင့် အလုပ်များနေသော ရှင်းဖုန်းသည် စစ်တပ်သုံးတပ်နှင့် အစိုးရဆီကနေ သုတေသနသင်တန်းကျောင်းအတွက် တရားဝင် တောင်းဆိုခဲ့ပြီးဖြစ်၏။ သူသည် ဤနေရာ၌ ယွငိချဲ့ ပြဿနာရှာနေကြောင်း မကြားခဲ့လျှင် ဤကာလအတွင်း အများရှေ့ပေါ်လာမှာ မဟုတ်ပေ။
“ခေါင်းဆောင်ရှင်း”
ကျန့်ဝမ်ရှန်းသည် မျက်နှာဖြတ်ရိုက်သည်ဟု ခံစားမိပြီး ရှင်းဖုန်း ရုတ်တရုက်‌ ရောက်လာတာကို တိတ်တဆိတ် ကျိန်ဆဲနေမိ၏။ ချောင်ယန်း၌ အရင်းအမြစ် မချို့တဲ့ကြောင်း သူကောင်းစွာ သတိပြုမိ၏။ ချောင်ယန်း၏ရင်းမြစ်များကို အခြေစိုက်စခန်း တည်ဆောက်နေစဉ်ကာလအတွင်း ရထားဖြင့် လင်းကျန်သို့ ပို့ဆောင်နေတာပဲဖြစ်ကာ ကုန်တင်ကားများဖြင့် ခေါက်တို ပို့ပေးတာဖြစ်၏။ ကမ္ဘာပျက်ကပ်ပြီးနောက် သူတို့သည် မမှန်းဆနိုင်သည့် ပမာဏများစွာကို စုဆောင်းထားပြီးဖြစ်ကာ မြို့တော်မှ မော့စစ်တပ်နှင့် ရှင်းမိသားစုက သူ့ကို ကျောထောက်နောက်ခံ ပြုပေးနေတာလည်းရှိသည်။ သူဆန္ဒရှိလျှင် အချိန်တိုအတွင်း အခြေစိုက်စခန်းရှိ စွမ်းအားရှင်များအားလုံးကို ကျွေးမွေးထားနိုင်တာ သေချာ၏။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset