YMR- အခန်း ၁၆၇

အခန်း ၁၆၇။

ဥက္ကဋ္ဌပြန်ရွေးရန် အဆိုတင်သွင်းမှု
“အခြေစိုက်စခန်းထဲမှာ ကျုပ်တို့ရှိတာ ပထမဆုံးနေ့မဟုတ်ဘူး ဥက္ကဋ္ဌ ဧရိယာအက်ဖ်နဲ့အီးက တကယ် လူထူထပ်လွန်းတယ်၊ ဒါပေမဲ့ ဧရိယာစီနဲ့ဒီထဲမှာ စွမ်းအားရှင်အဖွဲ့အစည်းခန်းမကို ယာယီအစားထိုးဖို့ နေရာတစ်နေရာ ရှာ‌တွေ့မယ်ဆိုတာ ကျုပ်တို့သေချာသိနေတယ် မဟုတ်ရင် ဒီဟင်းလင်းပြင်နေရာကို သုံးလို့လည်း ရတာပဲ”
ချန်ဟွားသည် လူအချို့က အနည်းငယ်သွားတာကို မြင်ပြီးနောက် အသံမြင့်ပြီး ပြောလိုက်တော့၏။ သူသည် အစိုးရမှ ခြံစည်းရိုးခွထိုင်သူများကို ဆွဲချရန် ယွင်ချဲ့နှင့်ပူးပေါင်းဖို့ ဆုံးဖြတ်ပြီးဖြစ်နေသောကြောင့် တွေဝေနေရန် မလိုအပ်တော့ချေ။ သူသည် သူတို့ကို ရန်စခဲ့မိသည်ဆိုလျှင်တောင် အစိုးရက စွမ်းအားရှင်များကို ဘာမှလုပ်ပိုင်ခွင့်မရှိပေ။
“အဟုတ်ပဲ ကျုပ်တို့အဆင်ပြေတာပဲလေ ဒါ့အပြင် အခြေစိုက်စခန်းထဲမှာ မြေနဲ့ရွှေစွမ်းအားရှင်တွေမှ မချို့တဲ့တောင် ပြန်လည်တည်ဆောက်တာက အချိန်သိပ်မကြာဘူးဆိုတာ သေချာတယ် ကျုပ်တို့ခဏ‌တော့ စောင့်နိုင်ပါတယ် စောင့်နေတဲ့အတောအတွင်း ပုံနေတဲ့ကိစ္စ်တွေကို ဖြေရှင်းပေးနိုင်တာပေါ့”
“စစ်တပ်က ကျုပ်တို့ကို မြေတချို့ပေးမယ်ဆိုပြီး စာချုပ်ချုပ်ထားတာ မဟုတ်ဘူးလား စိုက်ပျိုးဖို့ မြေယူဖို့ ဒီအခွင့်အရေးကို ကျုပ်တို့သုံးလို့ရတယ်”
“ဒါက ဉာဏ်ရှိတဲ့အ‌တွေးပဲ ရက်တွေအတော်ကြာနေပြီးပြီ ဒါပေမဲ့ စစ်တပ်က ကတိပေးထားတဲ့မြေက ဘယ်မှာလဲ သူတို့က ကျုပ်တို့ကို လိမ်နေတာလို့ထင်တယ်”
“အဟုတ်ပဲ”
သူ၏သွေးထိုးစကားများကြောင့် စွမ်းအားရှင်များသည် ပိုပြီးဒေါသထွက်လာကြတော့သည်။ ပြောနေသည့် အကြောင်းအရာက ခေါင်းစဉ်လွဲချော်သွားပြီး အခြေအနေက တဖြည်းဖြည်းချင်း ထိန်းချုပ်မှု ကင်းမဲ့လာလေ၏။ စွမ်းအားရှင်အဖွဲ့အစည်း ဥက္ကဋ္ဌက ကြောက်လန့်လာကာ ချွေးများသုတ်နေသည်။ သို့သော်ငြား အရှုပ်အထွေးကို ဖန်တီးသော ထိပ်ဦးအဖွဲ့ဝင်များက တည်ငြိမ်နေပုံပေါ်နေလျက် ဟေးယွီကလည်း ခွေးပေါက်လေး တစ်ကောင်အဖြစ် သူ့ကိုယ်သူ ပြန်ကျုံ့လိုက်ပြီဖြစ်သည်။ ယွင်ချဲ့က ဟေးယွီ၏လက်ကို ဆေးပေးရန် ရေသန့်တစ်ပုလင်းကို ဖြည်းဖြည်းချင်းထုတ်ပြီးနောက် သူ့ပေါ် တက်ခိုင်းလိုက်၏။ သူကယခုဆို ပခုံးပေါ် ထိုင်နေပြီး သူ၏ရှေ့ခြေဖြင့် စွမ်းအင်ချောင်းကို ကိုင်ထားလျက် ၎င်းကို ပျော်ရွှင်စွာ ဝါးစားနေလေသည်။ သူက အမှန်တကယ် ချစ်စဖွယ်ကောင်းပြီး အစောတုန်းက သွေးထွက်သံယို ရက်စက်ကြမ်းကြုတ်သည့်သွင်ပြင်နှင့် လားလားမျှ မအပ်စပ်ပေ။
“ဘာတွေဖြစ်ကုန်တာလဲ ဒီမှာဘာတွေ ဖြစ်နေတာလဲ”
အခြေစိုက်စခန်း၏ ကာကွယ်ရေးဝန်ကြီး ကျန့်ဝမ်ရှန်းသည် စစ်သားတစ်စုနှင့် နောက်ဆုံးတော့ရောက်လာ၏။ သူပေါ်မလာသေးခင်တွင်တောင် စိုးရိမ်ပူပန်သောအသံကို ကြားရ၏။ လမ်းပေါ်ရှိ လူအုပ်ကြီးက သူ့အတွက်လမ်းဖယ်ပေးလိုက်ရာ ဝန်ကြီးသည် သူ့လူများနှင့်အတူ လျှောက်လာသည်။ စွမ်းအားရှင်အဖွဲ့အစည်း လဲပြိုတာကို မြင်လိုက်ရချိန် သူ၏ဒူးခေါင်းများ ပျော့ခွေကုန်ပြီး သတိလစ်လုနီးပါးဖြစ်သွား၏။ ဘေးရှိလက်ထောက်က သူ့ကိုအချိန်မီသာ မထိန်းပေးထားလျှင် သူမြေကြီးပေါ် ပြုတ်ကျသွားမှာပဲဖြစ်သည်။
“မင်း ဘာတွေဖြစ်ကုန်တာလဲ”
နောက်ဆုံးတွင် ထိတ်လန့်နေရာမှ သတိပြန်ဝင်လာပြီး ကျန့်ဝမ်ရှန်းသည် နဖူးကို‌ကိုင်ထားလျက် တုန်ယင်နေသောလက်ဖြင့် စွမ်းအားရှင်အဖွဲ့အစည်းဥက္ကဋ္ဌကို လက်ညှိုးထိုးလိုက်၏။ သူ၏ရင့်ရော်နေသောမျက်နှာဖြင့် ဥက္ကဋ္ဌက တုန်တုန်ရင်ရင်အသံဖြင့် ဖြစ်ပျက်ခဲ့ပုံအတိအကျကို ပြောပြလိုက်၏။ အနားတွင် စွမ်းအားရှင်အားလုံး ရှိနေလေရာ သူက လှည့်ကွက်များ မလုပ်ရဲဘဲ အချက်အလက်များကို အမှန်အတိုင်းသာပြောရုံ တတ်နိုင်၏။ သို့သော် သူ့စိတ်ထဲတွင်ရှိခဲ့သည့် အကြံဉာဏ်ကိုမူ ထည့်မပြောခဲ့ပေ။
“မင်း အရူး”
ကျန့်ဝမ်ရှန်းသည် သူပြောတာ နားထောင်ပြီးနောက် အသံကုန်မြှင့်ကာ အော်ဟစ်လိုက်လေ၏။ သူတို့တွေက ဘယ်လိုလုပ်ရာရာစစ ထိပ်ဦးအဖွဲ့ဝင်တွေကို ရန်စရဲတာလဲ။ ထိပ်ဦးနဲ့ချောင်ယန်းကို ရန်မစဖို့ သူတို့ကို ထပ်ခါတလဲလဲပြောခဲ့တာ။ သူတို့နဲ့ တစ်ဖက်တည်းရှိဖို့ လိုတယ်လို့ပြောတာ ဒါပေမဲ့ ဘာဖြစ်သွားလဲ။ ကမ္ဘာပျက်ကပ်အသူရာက တိုက်ခိုက်ဖို့ ရွေးချယ်တဲ့အချိန် သူက မတားခဲ့တာ သိသာတယ်။ ဒီတော့ အခုချိန်မှာ ဖိတ်စင်သွားတဲ့မးနွားနို့အတွက် ငိုနေလို့ ဘာအကျိုးးထူးမှာလဲ။ သေသင့်တဲ့အရူးတွေတော့ အခု‌ဒီအရှုပ်အထွေးကို ဘယ်လိုဖြေရှင်းရမလဲ မသိတော့ဘူး။
“စိတ်အေးအေးထား ကျန့်ဝမ်ရှင်း ခင်ဗျား ဒီရာသီဥတုမှာ လေဖြတ်သွားဦးမယ်”
ယွင်ချဲ့သည် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်စဉ် ထိုလူက ပေါ်လာ၏။ သူ၏မျက်နှာထက်၌ အပြုံးဖျော့ဖျော့ ရှိနေလျက် သူသည် ကြင်ကြင်နာနာဖြင့် ရေသန့်တစ်ပုလင်း ကမ်းပေးလိုက်၏။ သူက ထိုလူကို စိတ်ကျေနပ်စေရန် ပြုလုပ်နေပုံပေါ်သော်ငြား တစ်စုံတစ်ခုတော့ ရှိရမည်မှန်း သူ့အကြောင်းသိသည့်လူတိုင်းက သတိပြုမိ၏။
ထို့အပြင် ကျန့်ဝမ်ရှန်းကလည်း သူ့ကိုသိသည့် ထိုလူများထဲမှ တစ်ဦး‌ဖြစ်နေ၏။ ယွင်ချဲ့မျက်နှာထက်ရှိ အပြုံးကိုမြင်ပြီး ကျန့်ဝမ်ရှန်းက ရှုံ့မဲ့သွားကာ ယွင်ချဲ့သည် အစည်းအဝေးခန်းထဲ၌ ဗိုလ်ချုပ်ကို အလွယ်တကူဖြေရှင်းခဲ့သည့်မြင်ကွင်းကို ပြန်အမှတ်ရ‌သွားသောအခါ သူ၏တစ်ကိုယ်လုံး နာကျင်လာသလို ခံစားလိုက်ရသည်။ ကျန့်ဝမ်ရှန်းက ခါးသက်စွာပြုံးလျက် သက်ပြင်းချလိုက်၏။
“ခေါင်းဆောင်ယွင် ဖြစ်ခဲ့တာတွေအတွက်”
ချောင်ယန်းမှလွဲလျှင် ကျန်သည့်အဖွဲ့များ၏ ခေါင်းဆောင်များသာဆိုလျှင် ထိုကဲ့သို့ အခက်တွေ့မှာမဟုတ်ပေ။ အခြေစိုက်စခန်း၏ ကာကွယ်ရေးဌာနက ယွင်ချဲ့၏ဖိုင်များဖြင့် ပြည့်နေပြီးသားဖြစ်၏။ စစ်တပ်ကလည်း သူ့ကိုကြောက်ရွံ့ကြောင်း သူကြားထားသည်။ ဗိုလ်ချုပ်ဝေ့ခမ်းသည် စွမ်းအားရှင်အဖွဲ့အစည်း၌ ပြဿနာ ရှာပြီးနောက် ယွင်ချဲ့ကို ရန်သွားမစရန် သူ့လူများကို ကိုယ်တိုင်အမိန့်ပေးခဲ့၏။ ယခု ဝေ့စစ်တပ်အလယ်နှင့် စစ်တပ်အလယ်တွင် အစိုးရကလည်း ပါဝင်ငြိစွန်းလာနိုင်သည်။ သူက ဆုံးရှုံးနစ်နာနေပြီး သက်ပြင်းချရုံသာ တတ်နိုင်၏။
“ကျန့်ဝမ်ရှန်း ဒီကိစ္စအတွက် ကျုပ်တို့ကိုအပြစ်တင်လို့ မရဘူးလေ၊ ဆန့်ကျင်ဘက်အနေနဲ့ ကျုပ်တို့ကို ဖြေရှင်းချက်တစ်ခုပေးဖို့ အကြွေးတင်နေတာလို့ထင်တယ် အခြေစိုက်စခန်းထဲမှာ ကျုပ်တို့‌တွေက အတော်ဆုံး အဖွဲ့တွေထဲကတစ်ဖွဲ့ပဲ ဒါပေမဲ့ ကမ္ဘာပျက်ကပ်အသူရာက ကျုပ်တို့ကို ထပ်ခါတလဲလဲ အနိုင်ကျင့်နေတဲ့အချိန် စွမ်းအားရှင်အဖွဲ့အစည်းထဲက ဘယ်သူကမှ ကျုပ်တို့အတွက် မပြောပေးခဲ့ဘူး၊ အဲ့ဒီအစား ဥက္ကဋ္ဌရန်က သူတို့တွေ မထိန်းထားတော့ဘဲ ကျွန်တော်တို့ ပြန်တိုက်ခိုက်တဲ့အချိန်ကျမှ ပေါ်လာတယ် ကမ္ဘာပျက်ကပ်အသူရာ တိုက်ခိုက်တဲ့အချိန်တုန်းက ကျွုပ်တို့က ဘာမှမလုပ်ဘဲနေရမှာလား အဲ့လိုနေရမှာလား ဥက္ကဋ္ဌရန်က ကျုပ်တို့ကိုတားဖို့ ကြိုးစားနေတဲ့အချိန်တုန်းက ကျုပ်တို့ကို သေစေချင်နေတယ်ဆိုတာ သိသာနေတာပဲမလား ဒီကိစ္စအတွက် ကျုပ်ကို ဖြေရှင်းချက်တစ်ခုပေးရင် ပိုကောင်းလိမ့်မယ် ကျန့်ဝမ်ရှန်း မဟုတ်ရင် ပြဿနာရှာတယ်ဆိုပြီး အပြစ်မတင်နဲ့”
အစတုန်းက စနောက်နေပုံပေါ်သည့်ယွင်ချဲ့က စကားပြောနေစဉ် လေးနက်တည်ကြည်လာပြီး သူပြောသည့်အခွန်းတိုင်းက သူတို့ကို‌ဖြည်းဖြည်းချင်း လှီးဖြတ်နေသည်ဟု ထင်ရသည်။ ကျန့်ဝမ်ရှန်း၏မျက်နှာက ရှုံ့မဲ့လာရုံသာမက ဥက္ကဋ္ဌရန်ကလည်း ကြောက်လန့်မှုကြောင့် သတိလစ်လုနီးပါး ဖြစ်လာလေ၏။ လူသတ်သမားက ပြန်လည်ပြုပြင်ရန် အမှန်တကယ် တောင်းဆိုနေ၏။ သို့သော်ငြား သူငြင်းဆိုချက်က ချက်ကျလက်ကျ ဖြစ်နေသောကြောင့် သူတို့သည် ဖြေရှင်းရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။
“အစောတုန်းက ကျုပ်စိတ်ပူလွန်းသွားတာ ခေါင်းဆောင်ယွင် ခင်ဗျားကိုအပြစ်တင်ဖို့ တကယ် မရည်ရွယ်ပါဘူး”
သူ့အနားရှိလူတိုင်းက သူ့ကို စူးစိုက်ကြည့်နေလေရာ ကျန့်ဝမ်ရှန်ူက သူ့ကို ခက်ထန်စွာကြည့်လိုက်၏။ ဥက္ကဋ္ဌရန်ကလည်း စကားပြောရန် သူ့ကိုယ်သူ ဖိအားပေးနေရသည်။ သို့သော်ငြား ယွင်ချဲ့က နှာခေါင်းရှုံ့လိုက်၏။
“အခုချိန်မှာ ခင်ဗျားပြောချင်တာ ပြောလိုက်လို့ရတာပဲလား ဒါ့အပြင် ကမ္ဘာပျက်ကပ်အသူရာက ထိပ်ဦူအဖွဲ့ကို ပြဿနာရှာတဲ့အချိန် ခင်ဗျားဘယ်ရောက်နေလဲ ပြီးတော့ ပျော်ရွှင်မှုနဲ့ တခြားအဖွဲ့တွေ ခင်ဗျားကိုလာပြောတဲ့အချိန် ခင်ဗျားနဲ့တုံ့ပြန်မှု‌ကရော ဘယ်မှာလဲ ခေါင်းဆောင်ချန်ပြောတာမှန်တယ် စွမ်းအားရှင်အဖွဲ့အစည်း တည်ရှိနေတယ်ဆိုတာ ကျုပ်တို့ စွမ်းအားရှင်တွေကြောင့်ပဲ ပြီးတော့ ဥက္ကဋ္ဌဖြစ်တဲ့ခင်ဗျားက ကျုပ်တို့ရဲ့ခေါင်းဆောင်ပဲ ကျုပ်တို့အတွက် ခင်ဗျားက မရပ်တည်ပေးနိုင်မှတော့ ခင်ဗျားကိုဘာကြောင့် လိုနေဦးတော့မှာလဲ ခင်ဗျား အိမ်ပြန်သင့်ပြီ”
သူသည် ကိစ္စများကို ဖြည်းဖြည်းချင်း လှုပ်ရှားချင်၏။ သို့သော်ငြား သူတို့က သူ့ကို ရှေ့ဆက်တိုးရန် အခွင့်အရေးများ ဆက်တိုက်ပေးနေ၏။ ဥက္ကဋ္ဌသည် မော့တပ်ဖွဲ့မှဖြစ်ရမည်။
သူ၏ကြမ်းတမ်းခက်ထန်သော စကားများကိုကြားပြီး ကြီးမားသည့် ပါဝင်ကြီးစိုးမှုအကြောင်းတွေးမိရာ ကျန့်ဝမ်ရှန်းသည် မျက်မှောင်ကြုံ့လိုက်၏။ သို့သော် သူစကားမပြောနိုင်သေးခင် ချန်ဟွားဖြတ်ပြောတာ ခံလိုက်ရပြန်၏။
“အဟုတ်ပဲ ခင်ဗျားအသက်ကြီးလှပြီလို့ထင်တယ် ဥက္ကဋ္ဌရန် ခင်ဗျားအမှားကို ဝန်ခံပြီး နုတ်ထွက်လိုက်ပါလား စွမ်းပားရှင်အဖွဲ့အစည်းက ဒီအခြေအနေ ရောက်နေပြီဆိုတာ ခေါင်းဆောင်က အားနည်းလွန်းတာကြောင့်ပဲ နောက်တက်မဲ့ ဥက္ကဋ္ဌအနေနဲ့ အနေအထားကို ထိန်းထားနိုင်မဲ့ တစ်စုံတစ်ယောက်ကို ကျုပ်တို့ကိုယ်တိုင် ရွေးသင့်တယ်ထင်တယ် ဥပမာအနေနဲ့ ခရိုင်မြို့ဆီ တာဝန်ထမ်းဆောင်တုန်းက ကျုပ်တို့ကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မော့လိုပေါ့”
“ခေါင်းဆောင်ချန်”
သူ၏အကြီးမားဆုံး အကြောက်တရားက အမှန်အတိုင်း ဖြစ်ပေါ်လာသောကြောင့် ကျန့်ဝမ်ရှန်းသည် မထောက်ခံသည့်အကြည့်ဖြင့် ကြည့်လိုက်လေ၏။ လေ့တာ့ရှန်က ထပ်ပြောသည်။
“ဗိုလ်ချုပ်မော့က ကောင်းမွန်တဲ့ရွေးချယ်မှု တစ်ခုပဲ သူက ကျုပ်တို့ တာဝန်ထမ်းဆောင်နေတုန်း ကျုပ်တို့စွမ်းအားရှင်တွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ် ပြီးတော့ သားန္ဓေပြောင်းဝံပုလွေငါးကောင်ရဲ့ အသားကိုတောင် အားလုံးနဲ့ မျှဝေပေးခဲ့တယ် ဒါပေမဲ့ ဝေ့စစ်တပ်ရဲ့ ဗိုလ်ချုပ်ကျန့်ကတော့ ဗိုလ်ချုပ်မော့ မျှဝေပေးတာကိုတောင် တားဖို့ကြိုးစားခဲ့တာ”
“အဟုတ်ပဲ ဒါက ကျုပ်တို့စိတ်ထဲမှာ နက်ရှိုင်းတဲ့အမြင်တွေ ချန်ခဲ့တာလေ တာဝန်ကို အတူသွားထမ်းဆောင်တဲ့ ဗိုလ်ချုပ်သုံးယောက်ထဲမှာ ဝမ်စစ်တပ်ရဲ့ ဗိုလ်ချုပ်ချန်က စောစောစီးစီး သေသွားပြီး ဗိုလ်ချုပ်ကျန့်ကလည်း အင်မတန် ကပ်စေးနဲ့တယ် ဗိုလ်‌ချုပ်မော့တစ်ယောက်ပဲ လေးစားရတဲ့သူ”
“ဗိုလ်ချုပ်မော့က ကျုပ်တို့ ဥက္ကဋ္ဌဖြစ်လာမယ်ဆိုရင် ကျုပ်တို့ ငြင်းစရာမရှိဘူး”
“ငါတို့အတွက်လည်း တူတူပဲ”
တာဝန်အတူ ထမ်းဆောင်ခဲ့သည့် အဖွဲ့နှစ်ဆယ်၏ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များက သူတို့အမြင်များကို ထုတ်ပြလာ၏။ ယခင်က မော့ဝမ်းရန်နှင့် အဆက်အသွယ်မပြုဖူးသည့် သူများကလည်း လူအုပ်ကြီးပြောတာကို လိုက်ကြပြီး လူတိုင်းက ဗိုလ်ချုပ်မော့ကို မြင့်မားစွာတွေးနေတာကို မြင်သောအခါ သူတို့က ကန့်ကွက်စကား မဆိုခဲ့ကြပေ။ ဥက္ကဋ္ဌရန်က တက်နင်းခံရပြီးဖြစ်သောကြောင့် သူတို့သည် ဥက္ကဋ္ဌသစ်တစ်ယောက်ကို တရားဝင် ရွေးခဲ့လေ၏။ ကျန့်ဝမ်ရှန်း၏မျက်နှာသည် ပိုတောင်သုန်မှုန်လာ၏။ သူ၏အင်္ကျီလက်ထဲ၌ ဝှက်ထားသောလက်ကို ကျစ်ကျစ်ဆုပ်လိုက်သည်။ ဥက္ကဋ္ဌရန်က ထိတ်လန့်ကြောက်ရွံ့လွန်းနေသည်။ သူက ဥက္ကဋ္ဌမဟုတ်လျှင် ကိစ္စမရှိပေ။ သို့သော် သူ၏ရာထူးသာ ဤအရေးကိစ္စကြောင့် မော့စစ်တပ်ယူသွားတာ ခံလိုက်ရလျှင် သူသည် အလောင်းဖြစ်သွားလိမ့်မည်။
ယွင်ချဲ့နှင့် ထိပ်ဦးအဖွဲ့၏ အဖွဲ့ဝင်များက ယခုအချိန်တွင် ထယတိတ်ဆိတ်နေလေ၏။ လူတိုင်းစည်းလုံးညီညွတ်နေရသည့် အကြောင်းအရင်းမှာ မော့ဝမ်းရန်ကို ဥက္ကဋ္ဌဖြစ်ရန် အဆိုတင်သွင်းသူက ချန်ဟွားနှင့် လေ့တာ့ရှန် ဖြစ်နေသောကြောင့်ဖြစ်သည်။ ထိပ်ဦးအဖွဲ့မှ တစ်စုံတစ်ယောက်က ထပ်ပြောခဲ့လျှင် ကျန်သည့်သူများက သူတို့နှင့် မော့စစ်တပ်၏ဆက်ဆံရေးကို သတိရသွားပြီး သူတို့အစီအစဉ်က ပျက်စီးသွားနိုင်၏။
“တိတ်ကြပါ ကျေးဇူးပြုပြီး အားလုံးပဲ ကျုပ်ပြောတာ နားထောာင်ပေး”
နောက်ဆုံးတွင် သူ၏စိတ်ခံစားချက်ကို ထိန်းချုပ်ပြီးနောက် ကျန့်ဝမ်ရှန်းက လူတိုင်းစိတ်အေးအေးထားရန် လက်ဝှေ့ယမ်းပြီးနောက် လူတိုင်းငြိမ်ကျသွားမှသာ စကားဆက်ပြောလိုက်သည်။
“ကျွန်တော်တို့က ဥက္ကဋ္ဌရန်ရဲ့ကိစ္စကို သေချာပေါက် အလေးထားဖြေရှင်းမှာပါ ထိပ်ဦးအဖွဲ့ ခံစားရတာတွေကို မျက်ကွယ်မပြုပါဘူး ဒါပေမဲ့ ဥက္ကဋ္ဌပြောင်းလဲတာက အသေးအမွှားကိစ္စ မဟုတ်ဘူး အဲဒါကို အလောတကြီး ဆုံးဖြတ်လို့မရဘူးလေ အခု လူတိုင်းရဲ့အမြင်ကို ကျွန်တော်သိပါပြီ အထက်ပိုင်း စီမံခန့်ခွဲမှုတွေအတွက် သူတို့ကို သုံးသပ်ခိုင်းလိုက်မယ် ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ ကိစ္စရပ်တွေကို ဖြေရှင်းနေတဲ့အချိန် သင့်တော်တဲ့အပြုအမူနဲ့ ကျုပ်တို့နဲ့ ပူးပေါင်းပေးပါ”
ကျန့်ဝမ်ရှန်းသည် ကမ္ဘာပျက်ကပ်မတိုင်မီက သူသည် ခရိုင်အတွင်းရေးမှူး ဖြစ်ခဲ့ခြင်းမှာ အကြောင်းမဲ့မဟုတ်။ သူသည် ပြဿနာရပ်များကို ဖြေရှင်းရာ၌ တော်သောကြောင့်ဖြစ်၏။ သူ၏ပါရမီသည် ကာကွယ်ရေး အခြေစိုက်စခန်း၏ ဝန်ကြီးအနေဖြင့် ကောင်းမွန်စွာ အသုံးကျ၏။ သို့သော်ငြား
“ဝန်ကြီးကျန့် ခင်ဗျားနဲ့ ကျုပ်တို့ပူးပေါင်းတာတော့ ဟုတ်ပါပြီ ဒါပေမဲ့ ခင်ဗျားရွေးထားတဲ့ ဥက္ကဋ္ဌက ကျုပ်တို့ကို စိတ်ပျက်စေခဲ့ပြီးပြီလေ ကျုပ်တို့ကိုထပ်ပြီး စိတ်ပျက်စေဦးမှာလား ကျုပ်အစောတုန်းကပြောသလိုပဲ စွမ်းအားရှင်အဖွဲ့အစည်းဆိုတာ ကျုပ်တို့စွမ်းအားရှင်တွေကြောင့် တည်ရှိနေတာ ဒီတော့ ကျုပ်တို့တွေက ကျုပ်တို့ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတစ်ယောက်ကို ဥက္ကဋ္ဌအဖြစ် ဘာကြောင့်မရွေးနိုင်ရမှာလဲ”
ချန်ဟွားသည် ပုံမှန်ဆို ကျန့်ဝမ်ရှန်းကို ဆက်ငြင်းမှာမဟုတ်ပေ။ သို့သော် သူ၏ဘက်ကို ရွေးချယ်ပြီး ဖြစ်နေသောကြောင့် တွေဝေနေစရာ အကြောင်းမရှိပေ။ ထို့ကြောင့် မဟာအခွင့်အရေးကို လွဲချော်မခံနိုင်ပေ။
“ကြားရတာ ကောင်းသားပဲ ဒီလိုလုပ်ကြရအောင်လား ကမ္ဘာပျက်ကပ်မတိုင်မီက ဒီမိုကရေစီရွေးကောက်မှု ရှိခဲ့တယ်မလား မျှမျှတတနဲ့ ဒီမိုကရေစီရွေးကောက်မှုတစ်ခု လုပ်လိုက်ရအောင် အစိုးရနဲ့ စစ်တပ်ကိုယ်စားလှယ်တွေအပြင် အခြေစိုက်စခန်းထဲက စွမ်းအားရှင်တွေအားလုံးက မဲပေးခွင့်ရှိတယ် မဲအများဆုံးရတဲ့သူက ဥက္ကဋ္ဌဖြစ်မယ် ကိုယ်စားလှယ်လောင်းတွေအတွက်ကတော့ အစိုးရက လူတိုင်းရဲ့နာမည်ကို မပေးလောက်ဘူး ဒီတော့ ကျုပ်တို့အကဲဖြတ်တာကို ထိခိုက်စေမှာ မဟုတ်ဘူးလေ ကျုပ်တို့ထောက်ပံ့ပေးမဲ့ လူရဲ့နာမည်ကို စာရွက်ပေါ်မှာရေးပြီး မဲနှိုက်ဖို့ သေတ္တာထဲ ထည့်ထားလိုက်မယ်”
လေ့တာ့ရှန်က အမြန်အကြံပြုလိုက်၏။ သူသည် အစောတည်းက တွေးထားသည့်ပုံ‌ပေါ်၏။
“ကျုပ်သဘောတူတယ် ခေါင်း‌ဆောင်ချန်ပြောတာမှန်တယ် ကျုပ်တို့ စွမ်းအားရှင်တွေက စွမ်းအားရှင်အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌအတွက် မဲပေးပိုင်ခွင့်ရှိတယ်”
“ဒါဆိုရင် ရွေးကောက်ပွဲလုပ်ဖို့အတွက် အခွင့်အရေးရှိတယ်မလား”
“ဟားဟား မင်းလား မေ့လိုက်တော့ ချောင်ယန်းနဲ့ထိပ်ဦးတောင် မလုပ်ရသေးဘူး”
“အဟုတ်ပဲ ရွေးချယ်မှုတစ်ခု ပေးရရင် ပြီးရင် ခေါင်းဆောင်ယွင်က အတင့်တော်ဆုံး ကိုယ်စားလှယ်လို့ ထင်တာပဲ ချောင်ယန်းက အဆင့်ပိုမြင့်ပေမဲ့ ခေါင်းဆောင်ရှင်းက အလုပ်များလွန်းပြီး တာဝန်တွေပိုယ်တိုင်ထမ်းဆောင်ဖို့ အချိန်နည်းတယ် ခေါင်းဆောင်ယွင်က ပိုပြီး မြင်တွေ့နေရတာ သူက တိုက်ခိုက်တာလည်းတော်တယ်လေ”
“ကြားရတာတော့ ကောင်းသားပဲ ဒါဆိုရင် ခေါင်းဆောင်ယွင် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ခံမှာလား ကျုပ်တို့အားလုံး ထောက်ပံ့ပေးမှာပါ”
“ဟုတ်တယ်”
ယင်းက ကောင်းမွန်သည့်အကြံပြုချက် ဖြစ်သော်ငြား ကိစ္စရပ်များက ထိုအတိုင်း မပြောင်းသွားသင့်ပေ။ ကျန့်ဝမ်ရှန်းနှင့် သူ့လက်အောက်ငယ်သားတို့၏ သုန်မှုန်နေသောမျက်နှာကို လျစ်လျူရှုထားလျက် စွမ်းအားရှင်များပ အတူစုဝေးကာ ယွင်ချဲ့ကို ရွေးကောက်ပွဲအတွက် ကြီးမှူးစေချင်သည်။ ယွင်ချဲ့ကိုယ်တိုင်တောင် ထိုရုတ်တရက်အလှည့်အပြောင်းကို မထင်ထားပေ။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset