YMR- အခန်း ၁၆၆

အခန်း ၁၆၆။

စွမ်းအားရှင်အဖွဲ့အစည်းပြိုကွဲခြင်း
“သူတို့ကို ဖျက်ဆီးဖို့လား သဘောကျတယ်၊ အားလုံးပဲ အချိန်မဖြုန်းကြရအောင်”
ကျိုးဇယ်ယွီသည် သူ၏လေဓားသွားကို ထပ်ပြီး မထိန်းချုပ်တော့ပင်။ မြင့်တက်လာသော လေဆင်နှာမောင်းနှစ်ခုက သူ၏ရန်သူဆီသို့ တဝှီဝှီတက်သွားသည်နှင့် သူနှင့်အနီးဆုံးတွင် ရှိနေသော လုဟိုင်ရွှမ်းသည် သူတို့ရန်သူများဆီသို့ သေးငယ်သော ဓားတစ်ဒါဇင်ခန့်ကို ပစ်ထုတ်လိုက်၏။
“အား”
လေဆင်နှာမောင်းနှစ်ခုသည် ရန်သူကို ထိမိသွားချိန်၌ စိတ်ပျက်အားငယ်တဲ့အော်သံများကို ကြားလိုက်ရပြီး လေထဲ၌ လတ်လတ်ဆတ်ဆတ်အသားများက လွင့်စဉ်လာလေ၏။ ကြမ်းတမ်းလာသောလေနှင့် ရွှေစွမ်းအားတို့၏ပေါင်းစည်းမှုကြောင့် ထိတ်လန့်ကုန်ပြီး ယင်းကိုမြင်သည့်လူတိုင်းက ကြောက်လန့်မှုကြောင့် ဖြူဖျော့ကုန်သည်။
“ရှင်ပြောတာ လုံလောက်ပြီလို့ ငါထင်တယ်၊ ရှင်တို့ကို ငရဲပို့ပေးမယ်”
ကျန့်ယာဖေးနှင့် တိုက်ခိုက်နေသည့်သူကလည်း မြေစွမ်းအားရှင်တစ်ဦးပဲဖြစ်သည်။ သူတို့နှစ်ယောက်လုံးက အစီအစဉ်တကျ တိုက်ခိုက်နေခဲ့၏။ သို့သော် သူတို့၏တိုက်ပွဲကို အဆုံးသတ်နေသော သူမ၏အသင်းဖော်များကို မြင်ပြီးနောက် ကျန့်ယာဖေးက ရှေ့သို့ရုတ်တရက် ခုန်လိုက်လေ၏။ သူမ၏ခြေနှစ်ဖက်ဖြင့် ကြမ်းပြင်ကို ထိမိလိုက်ချိန် သုံးမီတာခန့်ရှိသော မျက်နှာပြင်သည် သဲအဖြစ် ပြောင်းလဲသွားလေ၏။
“အား”
သူမ၏ရန်သူက အော်ဟစ်နေပြီး သဲရှင်ထဲ ပြုတ်ကျသွားပြီး စက္ကန့်အနည်းငယ်အတွင်း အရှင်လတ်လတ်မြုပ်နှံ ခံလိုက်ရတော့၏။ ကျန့်ယာဖေးက စုပ်သပ်ကာ ခေါင်း‌ခါလိုက်တော့သည်။
“ကြိုဆိုပါတယ်”
ပြီးနောက် သူမက တစ်ဖက်သို့လှည့်ပြီး နောက်ထပ်တိုက်ပွဲထဲ လျင်မြန်စွာ ဝင်ပါတော့၏။ ကျန်ရှိသည့်လူအချို့ကလည်း။မကြာမီ၌ သူတို့ရှင်းထုတ်တာခံရပြီး ဟေးယွီသည် လူနှစ်ယောက်ကို ရိုက်ချက်နှစ်ချက်မျှဖြင့် မွမွချေပြီးနောက် မောက်မာထောင်လွှားစွာ ပြုံးနေတော့သည်။ ယခုဆို သူသည် အဆင့်သုံးစွမ်းအားရှင်တစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်ကြောင်း သူ့ကိုမည်သူမှ သံသယထပ်မဝင်ရဲတော့ချေ။ သူက ထိုမျှကြီးမြတ်လာတာမဟုတ်ဘဲ အနိုင်မယူနိုင်တာပဲဖြစ်သည်။
“ခေါင်းဆောင် ကျွန်မတို့တွေ သူတို့ကို သွားကူညီမှာလား”
အရှင်သခင်မလေးများ၏ အဖွဲ့ဝင်များကလည်း ဖုန်းရှင်းလန်နှင့်အတူ လူအုပ်ကြီးထဲ၌ ရပ်နေပြီး ကြောက်လန့်နေကြလေ၏။ ကမ္ဘာပျက်ကပ် မတိုင်မီကနှင့် ကမ္ဘာပျက်ကပ်ပြီးနောက် မည်သူကမှ ထိုမျှ မကြောက်လန့်ဖူးပေ။ သို့သော်ငြား ယခုအခေါက်တွင်မူ သူတို့အနည်းငယ် ကြောက်လန့်လာ၏။ သားရဲတစ်ကောင်နှင့် ထိပ်ဦးအဖွဲ့ထဲရှိ လူတိုင်းက အလွန်သန်မာပြီး သူတို့တွေးထင်ထားသည်ထက် ပိုသန်မာ၏။
“သူတို့ကို ကူရမှာလား ဒါက သေဖို့‌တောင်းဆိုနေတာပဲ ကမ္ဘာပျက်ကပ်အသူရာက ကိစ္စချောသွားပြီ ဒီကိစ္စကို ခေါင်းဆောင်ဆီ သတင်းပို့ရအောင်”
ဖုန်းရှင်းလန်က စိတ်လေသွားပြီးနောက် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်တော့သည်။ ယွင်ချဲ့နှင့် မတိုက်ခိုက်သည့်သူများက သူ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ဘယ်တော့မှ သိမှာမဟုတ်ပေ။ သူ့ကြောင့် သူမလည်ပင်းညှစ်သတ်ခံရတော့မည်ဟု အမှန်တကယ်ထင်ခဲ့ပြီး သူမစိတ်ထဲ၌ အကြောက်တရားက ရှိနေသေးဆဲဖြစ်သည်။ သူမသည် ယခုအချိန်တွင် ရန်ပွဲထဲ ဝင်မပါရဲရုံသာမက သူမ၏ခေါင်းဆောင် ပေးအပ်သောတာဝန်ကို ဆောင်ရွက်နိုင်ပါ့မလားဟုတောင် လေးနက်စွာ သံသယဝင်နေမိ၏။
အရှင်သခင်မလေးများ၏ အဖွဲ့ဝင်များသည် ကျင့်ဝတ်သိက္ခာအရ ထိုသို့မလုပ်သင့်မှန်းသိသော်ငြား စိတ်သက်သာရာ ရပြီး သက်ပြင်းချလိုက်၏။ သူတို့ခေါင်းဆောင်ပြောတာ မှန်ပေ၏။ ကမ္ဘာပျက်ကပ် အသူရာကတောင် သူတို့အတွက် မယှဉ်နိုင်လေရာ အရှင်သခင်မလေးများအဖွဲ့က ရှေ့တက်သွားခဲ့လျှင် သေဖို့တောင်းဆိုရုံသာ ဖြစ်ပေလိမ့်မည်။ သူတို့ဝန်ခံသည်ဖြစ်စေ မဝန်ခံသည်ဖြစ်စေ ကမ္ဘာပျက်ကပ်အသူရာသည် သူတို့ထက် အလုံးစုံခွန်အား ပိုသန်မာသည်ဆိုတာ မငြင်းပယ်နိုင်သော အချက်ပဲဖြစ်၏။ သူတို့က ယွင်ချဲ့ပြောသည့်အချိန်တည်းက သူတို့နုတ်ထွက်ခဲ့လျှင် သူတို့အသက်ရှင်လျက် ရှိနေနိုင်၏။ သို့သော်ငြား သူတို့က အရှုံးပေးရန် ငြင်းဆန်ခဲ့ကြ၏။ သူတို့ကိုယ်သူတို့သာ အပြစ်တင်နိုင်ပေမည်။
“အို့ သခင် မင်းရဲ့ တိုက်ပွဲဝင်စွမ်းအားက ကျသွားပြီ၊ သူ့ကိုဘာကြောင့် မသတ်တာလဲ မနေ့တုန်းက ခေါင်းဆောင်ရှင်းနဲ့ တအားတွေ ပျော်နေခဲ့တာကြောင့် မဟုတ်ဘူးလား၊ သခင်တို့လူသားတွေက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သင်ယူထားရမယ်လေ၊ အလွန်အကျွံလုပ်တာက ကျန်းမာရေးအတွက် မကောင်းဘူးနော်”
ကမ္ဘာပျက်ကပ်အသူရာထဲ၌ တစ်ဦးတည်းသော ကျန်ရှိသည့် အဖွဲ့ဝင်လော့ဟွိုင်သည် ရုန်းကန်နေရသေးဆဲ ဖြစ်၏။ ယွင်ချဲ့ကသူ့ကို အမှန်တကာ်ပင် စိတ်ရှည်လက်ရှည် ရိုက်နှက်နေတာဖြစ်၏။ သို့သော်ငြား မြင်ကွင်းကမူ ဟေးယွီ၏အမြင်တွင်မူ လုံးဝကွဲပြားခြားနားနေတာဖြစ်သည်။ ပါးစပ်မပိတ်နိုင်သည့်သားရဲသည် ကျင့်ဝတ်သိက္ခာလည်း မရှိပေ။
“ပါးစပ်ပိတ်လိုက် တစ်ခွန်းထပ်ထွက်လာတာနဲ့ မင်းရဲ့စွမ်းအင်ချောင်းတွေကို ငါသိမ်းယူပစ်မယ်”
“ဟမ်”
ယွင်ချဲ့သည် လော့ဟွိုင်၏ပခုံးကို ဓားသွားဖြင့် ပိုင်းဖြတ်ပြီးနောက် သူ့ကိုတစ်ချက်ကြည့်လိုက်ရာ ဟေးယွီက ချက်ချင်း အော်လိုက်၏။
“သခင် ဘယ်လိုလုပ် ဒီလောက် လူမဆန်ရတာလဲ၊ ကျုပ်အဲဒါကို လွယ်လွယ်လေးရထားတာ မဟုတ်ဘူးလေ ကျုပ်အနှစ်သက်ဆုံးအရာကို ဘာကြောင့်များ ကျုပ်ဆီနေ ဖယ်ရှားပစ်ချင်ရတာလဲ ဝူးဝူး သခင် ကျွန်တော့်ကို မချစ်တော့ဘူးလား သိပ်ဝမ်းနည်းတာပဲ ကျေးဇူးပြာပြီး နှစ်သိမ့်ပေးပါ အဟမ်”
“ထွက်သွား”
လန်ယဲ့ဟန်က ဟေးယွီကို အေးတိအေးစက်ပြောလိုက်ရာ ဟေးယွီ၏အူသံသည် စွမ်းအားရှင်အဖွဲ့အစည်း၏ ခန်းမတစ်ခုလုံး၌ ချက်ချင်းပြည့်သွား၏။ ထိပ်ဦးအဖွဲ့မှလူတိုင်းသည် တပြိုင်နက်တည်း နားကြပ်တစ်စုံကို ထုတ်လိုက်ပြီး သူတို့နားထဲထည့်ကာ mp3ကို ထုတ်ပြီးနောက် ဖွင့်လိုက်တော့၏။ သူတို့သည် နောက်ဆုံးတော့ ဟေးယွီ၏ ရွံရှာဖွယ်အော်သံအစား သာယာငြိမ့်ညောင်းသော ဂီတာကို နားဆင်နိုင်ပြီဖြစ်သည်။
သို့သော် ရှိနေသည့်ကျန်သည့် စွမ်းအားရှင်များကမူ ထိုမျှကံမကောင်းပေ။ သူတို့သည် ခွေးအူနေတာကို ကြားရမည့်အစား ဤနေရာက ထွက်သွားချင်စိတ်သာ ရှိနေ၏။
“မင်းရဲ့တိုက်ပွဲဝင်စွမ်းအားကြောင့် အထင်ကြီးဖို့ ဝေးပါသေးတယ်ကွာ”
မျက်နှာချင်းဆိုင်ရှိ လော့ဟွိုင်သည် သွေးများ လွှမ်းနေပြီဖြစ်၏။ ယွင်ချဲ့က သူ၏ဓားကို ရုတ်တရက် ဖယ်လိုက်ပြီး ခရမ်းရောင် လျှပ်စီးနှစ်ခုကို ထုတ်လိုက်၏။ သိပ်သည်းသော လျှပ်စီးများ ပေါ်ထွက်လာသည်နှင့် ဒူးတစ်ဖက် ထောက်ချသွားသော‌ လော့ဟွိုင်သည် သူ့ဆီသို့ ကြောက်မက်ဖွယ်ကောင်းသောလေများ စီးဆင်းလာတာကို ခံစားမိလိုက်၏။ ယွင်ချဲ့သည် အစွမ်းကုန်ထုတ်သုံးထားတာ မဟုတ်မှန်း သူသဘောပေါက်သွားပြီး လော့ဟွိုင်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်ကုန်လေ၏။ သူသည်လည်း အဆင့်သုံး ဖြစ်နေသော်ငြား အဘယ်ကြောင့် ထိုမျှ အစွမ်းထက်နေရသနည်း။
“ငါတတ်နိုင်တာ ဘာပဲလုပ်ခဲ့လုပ်ခဲ့ ဒီဓားသွား သုံးတဲ့အချိန် လျှပ်စီးစွမ်းအား စွမ်းအားဆယ်ပုံတစ်ပုံ လျှော့ချထားတာ၊ ငါတို့နှစ်ယောက်လုံးက စွမ်းအားရှင်တွေဆိုမှတော့ မင်းကို ငရဲပို့ဖို့အတွက် ငါ့ရဲ့စွမ်းအားကို သုံးသင့်တာပေါ့”
“ရပ်လိုက်”
အခြေအနေက ထိန်းချုပ်မှု ကင်းမဲ့တော့မည်‌ကို မြင်သောအခါ ထိတ်လန့်နေရာမှ မြင်သောအခါ စွမ်းအားရှင်အဖွဲ့အစည်းဥက္ကဋ္ဌက နောက်ဆုံး အော်လိုက်၏။ သို့သော် ယွင်ချဲ့သည် သူ့ကို အေးတိအေးစက် တစ်ချက်မျှသာကြည့်လျက် လက်ဖြင့် ထိုးစိုက်လိုက်တော့သည်။
“ဘုန်း”
“မဟုတ်ဘူး”
“ဘန်း”
သိပ်သည်းသော လျှပ်စီးနှစ်ခုသည် တစ်ခုပြီး တစ်ခု ပျံ့လွင့်လာကာ သူတို့၏အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားက လောကကို ဖျက်ဆီးနိုင်‌သောစွမ်းအားကို သယ်ဆောင်လာပုံရသည်။ တောက်ပသော ခရမ်းရောင်အလင်းက မျက်စိတစ်မှိတ်အတွင်း လော့ဟွိုင်ကို ဝါးမျိုသွားလေ၏။ သူ့ထံကနေ အော်သံတစ်သံ ထွက်ပေါ်လာပြီးနောက် အဆုံးမရှိ မြည်သံများက နေရာတစ်ခုလုံး တဖြည်းဖြည်း ပြည့်သွားပြီး ကြမ်းပြင်က စတင် လှုပ်ခါလာပုံရ၏။
“လခွမ်း စွမ်းအားရှင်အဖွဲ့အစည်း ပြိုလဲတော့မယ်”
တစ်စုံတစ်ယောက်က‌ အော်လိုက်ရာ အားလုံးက ကမန်းကတန်း အပြင်ထွက်ကြလေ၏။
“ဘန်း ဘုန်း”
သူတို့ အပြင်ရောက်သွားသည်နှင့် နောက်ရှိအဆောက်အဦက မြည်သံကျယ်ကြီးနှင့်အတူ လဲပြိုကျသွားတော့သည်။ လူတိုင်းက လှည့်ကြည့်လိုက်ရာ သူတို့မြင်ရသည့် တစ်ခုတည်းသောအရာက ပစ္စည်းပုံကြီးသာ ဖြစ်သည်။ လွန်ခဲ့သည့် တစ်နာရီခန့်က ဤနေရာတွင် ရှိနေသေးသော စွမ်းအားရှင် အဖွဲ့အစည်းက ပျောက်ကွယ်သွားပြီး တစ်လမ်းလုံး ရုတ်တရက် တိတ်ဆိတ်သွားလေ၏။ ဖြတ်သန်းသွားလာသူများသည် စွမ်းအားရှင်အဖွဲ့အစည်း၏ လဲပြိုမှုကြောင့် ကြောက်လန့်ကုန်ကာ စွမ်းအားရှင်များကမူ ယွင်ချဲ့၏ နောက်ဆုံးထိုးနှက်ချက်စွမ်းအားကို ကြောက်ရွံ့တာဖြစ်သည်။ စွမ်းအားရှင်အဖွဲ့အစည်းကို အမှန်တကယ် ပိပြားသွားစေနိုင်လောက်အောင် ယွင်ချဲ့သည် မည်မျှ အစွမ်းထက်သနည်း။ ထိပ်ဦးအဖွဲ့၏ အဖွဲ့ဝင်များက ဖျက်ဆီးရေးကျွမ်းကျင်သူများပေလော။
သူတို့နှင့် တိုက်ခိုက်နေသော ယွင်ချဲ့သည် သူတို့တွေးထင်သလောက် အစွမ်းထက်တာမဟုတ်။ အစောတုန်းက တိုက်ပွဲသည် စွမ်းအားရှင်အဖွဲ့အစည်းကို ပြိုကွဲစေပြီးသားဖြစ်ကာ ယွင်ချဲ့သည် ၎င်းကို ဖျက်ဆီးရန် နောက်ဆုံး ထိုးနှက်ချက်တစ်ခုကိုမျှ သုံးလိုက်တာဖြစ်သည်။
“မင်း မင်းလုပ်လိုက်တာကို ကြည့်ဦး”
စွမ်းအားရှင်အဖွဲ့အစည်းဥက္ကဋ္ဌက ယွင်ချဲ့ကို လက်ညှိုးထိုးပြီးနောက် သူ၏တုန်ယင်နေသော လက်ချောင်းဖြင့် အကျိုးအပဲ့များကို လက်ညှိုးထိုးပြီးနောက် မျက်ရည်ကျလုနီးပါး ဖြစ်သွား၏။ စွမ်းအားရှင်အဖွဲ့အစည်းက သူတို့ဖျက်ဆီးတာ ခံလိုက်ရပြီးသည့်အချိန်တွင် ယခုသူ၏ သူဌေးများကို မည်ကဲ့သို့ ရှင်းပြရတော့မည်နည်း။ ဝမ်စစ်တပ်က ပိုင်ဆိုင်သည့် ကမ္ဘာပျက်ကပ်အသူရာသည် သူတို့ဖျက်ဆီးတာလည်း ခံခဲ့ရ၏။ ဝမ်စစ်တပ်က သူ့ကို ထိုအကြောင်းမေးခဲ့လျှင် မည်သို့ပြုလုပ်ရမည်နည်း။ ထိပ်ဦးအဖွဲ့၏အဖွဲ့ဝင်များ ထိုမျှကြမ်းတမ်းမှန်း သူသိခဲ့လျှင် ကမ္ဘာပျက်ကပ်အသူရာကို သင်ခန်းစာပေးရန် ထိပ်ဦးအဖွဲ့ကို ခွင့်ပြုဖို့အတွေး ရှိခဲ့မှာမဟုတ်ပေ။
“ကျုပ် ဘာလုပ်ခဲ့လို့လဲ”
ယွင်ချဲ့က ပခုံးတွန့်လျက် လက်နှစ်ဖက်ဖြန့်ကာ ဘာကိုမှ တာဝန်မယူပေ။ ကျိုးဇယ်ယွီက ရောက်လာပြီး ပြုံးလျက် ပြောလိုက်တော့၏။
“ကျုပ်တို့ဘာလုပ်ခဲ့လို့လဲ၊ ဥက္ကဋ္ဌ အစကနေအဆုံးထိ အားလုံးကို ခင်ဗျားတွေ့တာပဲ၊ ခင်ဗျားက အသက်ကြီးနေပြီး ဉာဏ်ရည် ချို့တဲ့နေပြီဆိုပေမဲ့ ဒီမှာရှိနေတဲ့ စွမ်းအားရှင်တွေအားလုံးကလည်း ကမ္ဘာပျက်ကပ်အသူရာကပဲ ကျုပ်တို့ကို ထပ်တလဲလဲ ရန်စခဲ့တယ်ဆိုတာလည်းမြင်တယ်။ ကျုပ်တို့တွေက ထိန်းထားပါရက်နဲ့ ကျုပ်တို့မထိန်းထားကြတဲ့အချိန်ကျမှ ပြန်တိုက်ခိုက်တာလေ။ အရေးကြီးတာက ကျုပ်တို့ကို အရင်ဆုံးတိုက်ခိုက်တာက ကမ္ဘာပျက်ကပ်အသူရာပဲ သူတို့ကို ကျုပ်တို့ကို ဖျက်ဆီးမှာကိုတော့ ထိုင်စောင့်နေလို့လည်း မဖြစ်နိုင်ဘူးလေ။ ကျုပ်တို့က အရူးတွေမှမဟုတ်တာ”
စွမ်းအားရှင်အဖွဲ့အစည်းကသာ ဖျန်ဖြေဖို့အတွက် စောစောထဲက တက်လာခဲ့ရင်။ ဒါမျိုးဖြစ်ဦးမှာလား အခုကျမှ သူတို့ကို ဘယ်လိုလုပ်အပြစ်တင်နိုင်ရတာလဲ။ သူတို့လူသတ်ရတာ ပျော်မနေဘူး။ အဲဒီအရူးတွေကို ဖျက်ဆီးရတာ ကောင်းပေမဲ့ပေါ့လေ။
“ဇယ်ယွီပြောတာမှန်တယ် ခင်ဗျားက စွမ်းအားရှင်အဖွဲ့အစည်းခေါင်းဆောင်ပဲ ဥက္ကဋ္ဌ… ထိပ်ဦးအဖွဲ့က အနိုင်ကျင့်ခံနေရတဲ့အချိန် ထိပ်ဦးအဖွဲ့အတွက် တရားမျှတမှုကို ဘာကြောင့်မရှာပေးရတာလဲ ပြီးတော့ ကမ္ဘာပျက်ကပ်အသူရာက ဒိရက်ပိုင်း ကျုပ်တို့ရဲ့တာဝန်တွေကို ဖျက်ဆီးနေတာလေ ခင်ဗျားဆီကို ကြိမ်ဖန်များစွာ ပြောပြခဲ့ပေမဲ့ တစ်ခါလေးတောင် မဖြေရှင်းခဲ့ဖူးဘူး ခင်ဗျားက ကမ္ဘာပျက်ကပ်အသူရာနဲ့ ပူးပေါင်းနေတာလို့တော့ မပြောနဲ့နော်”
နောက်တွင်ထိုင်နေပြီး အချိန်အတော်ကြာ ကြည့်ပြီးနောက် ချန်ဟွားသည် အခွင့်အရေးကို မြင်သည့်အချိန်၌ ပြောလိုက်တာ သူပြောတာကို လူတိုင်းကြားစေရန်အတွက် တမင်တကာ အသံကျယ်လိုက်သည်။ လေ့တာ့ရှန်ကလည်း စိတ်စုစည်းပြီး ရှေ့တိုးလာလေ၏။
“ကမ္ဘာပျက်ကပ်အသူရာတင် မဟုတ်ဘူး ဘယ်ကမှန်းမသိ ပေါ်လာပြီး ထိပ်တန်းဆယ်နေရာကိုယူထားတဲ့ အဖွဲ့တွေအတွက်လည်း တူတူပဲ သူတို့တွေက ထိပ်တန်းဆယ်ဖွဲ့ထဲ ဝင်ဖို့မလွယ်ဘူးဆိုတာ ကျုပ်တို့နားလည်တယ် သူတို့အဆင့်တွေ မကျချင်ဘူး‌ဆိုတာ ကျုပ်တိာ့သိတယ် ဒါပေမဲ့ တခြားအဖွဲ့တွေရဲ့တာဝန်ကို တမင်တကာ နှောင့်ယှက်ပိုင်ခွင့် မရှိဘူးလေ အဖွဲ့တွေအများကြီးက ဒီကိစ္စတွေကို ခင်ဗျားဆီ လာပြောခဲ့တယ် ဒါပေမဲ့ ခင်ဗျားအဲဒါကို ဘယ်လိုဖြေရှင်းလိုက်လဲ ကျုပ်က လူကြမ်းတစ်ယောက်ဖြစ်ပြီး စကားကောင်းကောင်း မပြောတတ်ပေမဲ့ ယောင်္ကျားတစ်ယောက် ဖြစ်နေသေးတုန်းပဲ စွမ်းအားရှင်အဖွဲ့အစည်းက ခင်ဗျားကသူတို့ဘက်မှာ ရှိနေတဲ့အချိန် စွမ်းအားရှင်အဖွဲ့အစည်းက ဘာများဟောင်ဖွာဖွာ လုပ်ခွင့်ရှိလို့လဲ”
“ဟုတ်တယ် ခေါင်းဆောင်ချဲ့နဲ့ ခေါင်းဆောင်လေ့ရဲ့စကား မှန်တယ်ဆိုတာ ကျုပ်သက်သေခံနိုင်တယ် ကျုပ်တို့အဖွဲ့က လတ်တလောမှာ တခြားသူတွေရဲ့ ထပ်ခါတလဲလဲ နှောင့်ယှက်တာ ခံခဲ့ရတယ် ကျုပ်တို့တွေ ဒီကိစ္စကို အကြိမ်ပေါင်းများစွာပြောခဲ့ပေမဲ့ ဘာမှ မဖြေရှင်းပေးခဲ့ကြဘူး စွမ်းအားရှင်အဖွဲ့အစည်းက ကမ္ဘာပျက်ကပ်အသူရာက ဥပဒေမဲ့လှုပ်ရှားနေပေမဲ့ ခင်ဗျားဘာမှ မျှတအောင် မလုပ်ပေးခဲ့ဘူးလေ ဒီဖြစ်ရပ်နောက်ကွယ်မှာ တကယ်ကြီးတစ်ခုခု ရှိနေတာလား”
“အဟုတ်ပဲ ထိပ်ဦးအဖွဲ့က သန်မာလို့တော်သေးတယ် ကျုပ်တို့တွေသာဆိုရင် ဖျက်ဆီးခံရမှာ ကျုပ်တို့ ဖြစ်လောက်တယ် ဒါဆိုကျုပ်တို့အတွက်ရော တရားမျှတမှု ရှာပေးမှာလား ဥက္ကဋ္ဌ”
“အိပ်မက်မက်နေလိုက် ကျိုးဇယ်ယွီပြောသလိုပဲ အဲဒီအဖွဲ့တွေက စွမ်းအားရှင်အဖွဲ့အစည်းနဲ့ ပူးပေါင်းထားတာ ဖြစ်ရမယ်၊ မဟုတ်ရင် သူတို့တွေက ရက်အနည်းငယ်အတွင်းမှာ ထိပ်တန်းဆယ်ဖွဲ့ထဲ ဘယ်လိုလုပ်ဝင်နိုင်မှာလဲ”
ကမ္ဘာပျက်ကပ်မတိုင်မီက ပူးပေါင်းလိမ်လည်တဲ့အကြောင်းကို အမြဲတမ်း ကြားဖူးနေတာ ကမ္ဘာပျက်ကပ်ပြီးတာတောင် ဒါမျိုးတွေ ဖြစ်နေဦးမယ်လို့ မထင်ထားဘူး ဒါဆိုကျုပ်တို့ ဘယ်လိုရှင်သန်ရတော့မလဲ”
“အဟုတ်ပဲ”
သူတို့ကို ဦးဆောင်ပြောပေးလိုက်ရာ ကျန်သည့်အဖွဲ့များကလည်း ရှေ့တက်ပြီး ပြောလာလေ၏။ ညှဉ်းပန်းမခံသူများနှင့် အမြတ်မထုတ်ခံရသည့်သူများကတောင် တစ်ယောက်ပြီးတစ်ယောက် ရှေ့တက်လာပြီး ထိပ်ဦးအဖွဲ့အစည်းနှင့် စစ်ဖြစ်တော့မည့်အချိန်၌ တစ်လေသံတည်း ဝင်ပြောလာပေ၏။ ထိပ်ဦးနှင့် ချောင်ယန်းသည် သူတို့ အမှန်တကယ် လေးစားရသည့် အဖွဲ့များဖြစ်၏။
စွမ်းအားရှင်အဖွဲ့အစည်းဥက္ကဋ္ဌနှင့် ဝန်ထမ်းများက စွမ်းအားရှင်များ ဝိုင်းခံရပြီးနောက် ခြိမ်းခြောက်ခံနေရတော့သည်။ သူတို့ထဲမှ အများစုသည် အဆက်အသွယ်ကနေ အလုပ်ရ‌လာသော သာမန်လူများသာ ဖြစ်သည်။ သူတို့က စွမ်းအားရှင်များ၏ အမျက်ဒေါသကို သွားဆွမိလျှင် စွမ်းအားရှင်များ အလွယ်တကူဖိချေတာ ခံရနိုင်သည်။
“ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ အားလုံးပဲ ကျုပ်ပြောတာ နားထောင်ပေးကြပါဦး”
ကြောက်လန့်နေသော်ငြား စွမ်းအားရှင်အဖွဲ့အစည်း၏ ဥက္ကဋ္ဌသည် စကားပြောရန် သူ့ကိုယ်သူ ဖိအားပေးလိုက်ရ၏။ ဒေါသထွက်နေသော စွမ်းအားရှင်များက သူ့ကို စိုက်ကြည့်နေလျက် သူသာ ယနေ့တွင် အကြောင်းပြချက်ကောင်းတစ်ခု မပေးခဲ့လျှင် သူ့ကို ရှင်းပစ်တော့မည့်ပမာ ကြည့်နေတာဖြစ်သည်။ ဥက္ကဋ္ဌသည် သူ၏တုန်ယင်နေသောလက်ဖြင့် ချွေးစေးများကို သုတ်လိုက်၏။
“အားလုံးပဲ စိတ်အေးအေးထားပါ ထိပ်ဦးနဲ့ ကမ္ဘာပျက်ကပ်အသူရာကြားက ဖြစ်ခဲ့တဲ့ကိစ္စကို ကျွန်တော် ရည်ညွှန်းပြောနေတာ မဟုတ်ဘူး၊ စွမ်းအားရှင်အဖွဲ့အစည်း ဖျက်‌ဆီးခံလိုက်ရတဲ့ကိစ္စကို စိတ်တိုနေရုံပဲ၊ အခြေစိုက်စခန်းထဲမှာ မြေက တန်ဖိုးရှိတယ် ကျုပ်တို့ရွှေ့အပြောင်းဖို့အတွက် နေရာအပို မရှိဘူးလေ အဖွဲ့အစည်း ပြန်လည်တည်ဆောက်ဖို့အတွက် ရက်ပေါင်းများစွာ အချိန်ယူရလိမ့်မယ် ပြီးတော့ ခင်ဗျားတို့တွေပဲ ခံစားရမှာ ခင်ဗျားတို့အားလုဲးအတွက် စိတ်ပူနေရုံပဲ”
သူ့၌ အခွင့်အရေး ရှိလာချိန်တိုင်း လူတွေအတွက် ဝန်ဆောင်ပေးရန်အကြောင်းကို သူပြောပေးရပြီး ပြောရမည့်အခွင့်အရေး ရှိလာချိန်တိုင်း၌ စွမ်းအားရှင်အဖွဲ့အစည်းနှင့် အသင်းအဖွဲ့များအကြောင်းပါ ထိလွယ်ရှလွယ်သော ကိစ္စရပ်များကို ပါးနပ်စွာ ရှောင်သွားခဲ့၏။ ကံဆိုးသည်မှာ ကိစ္စရပ်များက ယခုအခေါက်တွင် သူတွေးထင်ထားသကဲ့သို့ မရိုးရှင်းတော့ပေ။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset