YMR- အခန်း ၁၆၅

အခန်း ၁၆၅။

ယွင်ချဲ့က ဒေါသထွက်ပြီး ရန်ပွဲတစ်ပွဲစတင်
“မင်း တွန့်ဆုတ်နေတာပဲ ဟုတ်တယ်မလား၊ ထိပ်ဦးအဖွဲ့နဲ့ သူ့ရဲ့ခေါင်းဆောင်က အတော်လေး အစွမ်းထက်တယ်လို့ စကားတွေထွက်နေတာ၊ ဒါပေမဲ့ ချောင်ယန်းအဖွဲ့က မင်း တာဝန်တစ်ခုပြီးမြောက်အောင် ဆောင်ရွက်တဲ့အချိန်တိုင်း မင်းကို ကူညီပေးနေတာ ငါအမြဲတွေ့နေရတာပဲ၊ အင်း ကောလာဟလတွေအရတော့ မင်းနဲ့ခေါင်းဆောင်ရှင်းက ချစ်သူတွေတဲ့ သူက… ”
“ဘန်း”
ယွင်ချဲ့ တွေဝေနေတာကို တွေးမိပြီး ထောင်ချန်းက စကားစတင် ဖိပြောတော့၏။ သို့သော်ငြား ယွင်ချဲ့က ယခုအခေါက်တွင် ပြီးဆုံးအောင်ပြောဖို့ အခွင့်အရေး မပေးခဲ့ချေ။ သူသည် ထောင်ချန်းဆီသို့ မိုးကြိုးစွမ်းအင်လုံးကို ပစ်ထုတ်လိုက်ရာ တစ်ဖက်လူက လွင့်ထွက်သွားကာ လူပေါင်းများစွာကို ဝင်တိုက်ပြီနောက် ရပ်တန့်သွား၏။ မည်သူမှ မတုံ့ပြန်ရသေးခင် ယွင်ချဲ့သည် လျှပ်စီးပမာ လှုပ်ရှားလျက် ထောင်ချန်းကို ဘယ်လက်ဖြင့် ထိုးလိုက်ရာ တစ်ဖက်လူ၏ အရိုးများကို ကျိုးသွားစေတော့၏။ ပြီးနောက် ထောင်ချန်း၏ပခုံးကို ဆုပ်ကိုင်လျက် ဒူး‌မြှောက်ကာ သူ့ကို ကန်လိုက်တော့၏။
“အွတ်”
“အား”
ပြင်းထန်သည့် ဒူးတိုက်ကွက်က သူ၏ရင်ဘတ်ကို ရောက်လာသည့်အချိန်၌ ကြောက်မက်ဖွယ်ကောင်းသော နောက်ထပ် အရိုးကျိုးသံတစ်သံ ထွက်ပေါ်လာပြီး ထောင်ချန်းက ဆိုးဆိုးရွားရွား အော်နေတော့၏။
“ဘန်း”
ယွင်ချဲ့သည် ထောင်ချန်း၏နောက်ကျောကို ညာဘက်တံတောင်ဖြင့် တွတ်လိုက်ရာ မြင့်မားသည့် ခန္ဓာကိုယ်ကြီးက မြေကြီးပေါ် ပြုတ်ကျသွားလေ၏။ နောက်တစ်စက္ကန့်၌ ယွင်ချဲ့သည် ဘောလုံးတစ်လုံးနှယ် ကွေးနေသောထောင်ချန်းကို ကန်ကြောက်လိုက်ရာ တစ်ဖက်သူကို မြေကြီးပေါ်၌ ဘေးသို့ မီတာအနည်းငယ် လှိမ့်သွားစေပြီးနောက် အချိန်မီမရှောင်နိုင်သော စွမ်းအားရှင်တစ်ယောက်နှင့် ဝင်တိုက်မသွားစေ၏။ ထိုကိစ္စအားလုံးကို အပြီးသတ်ရန်အတွက် ယွင်ချဲ့အဖို့ စက္ကန့်ပိုင်းသာ ကြာခဲ့၏။ ပြီးနောက် စွမ်းအားလုံးတစ်လုံးကို ပစ်ထုတ်ပြီး သူ့ကိုကန်လိုက်လေ၏။ အစောတုန်းက မောင့်မာထောင်လွှားစွာ တကျီကျီ ပြောနေသော ထောင်ချန်းသည် မြေကြီးပေါ်တွင်လှဲနေလျက် မထနိုင်တော့ပေ။
“အွတ်”
“သူ့နာမည်ကို ဒီလိုမျိုး ထည့်ပြောရအောင် မင်းကိုယ်မင်း ဘယ်သူလို့ထင်နေလဲ”
“အား”
ညာဘက်ရင်ညွန့်ရိုးက ရိုးသွားပြီး အနည်းဆုံးတော့ နံရိုးနှစ်ရိုး ကြိုးသွားကာ ပါးစပ်ကလည်း သွေးများစီးကျလာလျက် ထောင်ချန်းသည် ရံဖန်ရံခါ တနားစဖွယ် အော်ငြီးနေလေ၏။ ယွင်ချဲ့သည် လျှပ်စီးပမာ လှုပ်ရှားလျက် သူ့ဆီသို့သွားကာ မျက်နှာထက်၌ အထင်တသေးရှုတ်ချပြီး ရက်စက်ကြမ်းကြုတ်သည့် အကြည့်တစ်ခုရှိနေသည့် ထောင်ချန်းသည် နာကျင်လွန်းသောကြောင့် အော်ဟစ်နေပြီး တစ်ခွန်းမှမပြောနိုင် ဖြစ်နေလေ၏။ ဤနေရာမှာတွင် ရှိနေသည့်သူများက ယွင်ချဲ့၏ တိကျမြန်ဆန်ပြီး ယိမ်းယိုင်မှုမရှိသော လှုပ်ရှားမှုကြောင့် ကြောက်လန့်ကုန်၏။ သူ၏ပိန်ပါးပါးသွင်ပြင်က လှည့်စားထားတာပဲဖြစ်သည်။ ထိုနုနယ်သည်ဟုထင်ရသော အမျိုးသားက စွမ်းအားမပါလျှင် ထိုမျှအမှန်တကယ် သန်မာလိမ့်မည်ဟု မည်သူမှ မထင်ထားပေ။
“တော်လောက်ပြီ
“အော် မဆိုးဘူးပဲသခင် ဒါပေမဲ့ သခင်က နှေးလွန်းပြီး ညင်သာလွန်းတယ် အဲ့ဒီကောင်ကို အစောတုန်းက မြေကြီးပေါ် ပြစ်ချလိုက်ရမှာ။ ကျွန်တော်သာဆိုရင် လက်တစ်ဖက်တည်းနဲ့ သူ့ကို မွမွကျေအောင် လုပ်ပစ်လိုက်တယ် သခင်ရေ ရန်သူကိုသက်ညှာတာက ကိုယ့်ကိုယ်ကိုယ် ရက်စက်တာပဲနော် နောက်တစ်ခါ ဒီလောက်မနူးညံ့နဲ့”
လော့ဟွိုင်နှင့် ဟေးယွီ၏အသံက တပြိုင်နက်တည်းနီးပါး ပေါ်ထွက်လာ၏။ သို့သော် ဟေးယွီ၏ စကားရှည်ကြီးက လော့ဟွိုင်၏အော်သံကို လွှမ်းသွားတော့၏။ သူတကျီကျီပြောတာကို ကြားရသည့်လူအချို့က ဟေးယွီသည် အတိတ်တုန်းက ဖုတ်ကောင်များစွာကို နှစ်ခြမ်းကွဲအောင် ရိုက်ပစ်ခဲ့သောမြင်ကွင်းကို ပြန်တွေးမိကြပြီး သူတို့ ဦးရေပြားများ ချက်ချင်း ထုံကြဉ်သွားတော့၏။ အချို့ကမူ သူက ဖြီးဖြန်းနေသည်ဟုသာ ယုံကြည်လေ၏။ ဆိုရလျှင် သူ့ကို ဒဏ္ဍာရီတစ်ပါးသဖွယ် ဖြစ်စေခဲ့သော ကောလာဟလများ ရှိနေ‌နေသော်ငြား သူ၏ခွန်အားကို လူကိုယ်တိုင် တစ်ခါမှမမြင်ဖူးသောကြောင့်ဖြစ်၏။ သူတို့က ဟေးယွီ၏စကားများကို အလေးမထားပေ။
“တော်လောက်ပြီ ယွင်ချဲ့ မင်းငါ့ရဲ့လူကို အနိုင်ကျင့်နေတာကို ငါရပ်ကြည့်မနေနိုင်ဘူး”
ဒေါသကို မထိန်းနိုင်တော့ဘဲ လော့ဟွိုင်က ဒေါသတကြီးအော်ဟစ်ကာ မီးတောက်များစွာကိုသုံးလိုက်ရာ ချက်ချင်းပြန့်ထွက်လာ၏။ ရှုတ်ချမှုတစ်ချက်ဖြင့် ယွင်ချဲ့က ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်သည်။ သို့သော် တစ်စုံတစ်ယောက်က သူ့ရှေ့သို့ရောက်လာပြီး လော့ဟွိုင်ကို ပြောလိုက်သည်။
“မင်းက ငါတို့ရဲ့ခေါင်းဆောင်ကို ထိချင်တာလား ငါ့ကိုအရင် ကျော်ဖြတ်ရမယ်”
“ဘုန်း”
အော်သံတစ်ချက်နှင့် ရေဖြင့်ဖွဲ့တည်ထားသောဓားပြားသုံးခုသည် လေထဲကနေ ခုတ်ပိုင်းချလျက် မီးတောက်များက ချက်ချင်း ပျောက်ကွယ်သွားတော့၏။ ရေဓာတ်ဓားပြားများသည် မြေပြင်ပေါ် ကျရောက်သွားပြီးနောက် မီတာများစွာရှိသည့် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားစေ၏။ တိုက်ပွဲဝင်ရာ၌ ရေစွမ်းအားကို အသုံးပြုမပြုဖူးသည့် စွမ်းအားရှင်များသည် ထိတ်လန့်ပြီးမျက်ဝန်းများ ပြူးကျယ်ကုန်၏။ ဒါ သူတို့သိတဲ့ ရေစွမ်းအားလား။
ယွင်ချဲ့သည် ရေစွမ်းအားသုံးရန် နည်းလမ်းကို လူထုရှေ့ ပြောပြခဲ့သော်ငြား လူတိုင်းက ၎င်းကို မဖမ်းဆုပ်နိုင်ပေ။ အကြောင်းမှာ ရေကိုသိပ်သည်းရန်က သန်မာသည့်စိတ်စွမ်းအား လို‌အပ်သောကြောင့်ဖြစ်၏။ စွမ်းအားရှင်တစ်ဦး၏ စိတ်စွမ်းအားသည် လုံလောက်အောင် သန်မာပင်လျှင် သီအိုရီကျသည့် ဗဟိုသုတ လုံ‌လုံလောက်လောက်မရှိဘဲ ရေစွမ်းအားလက်နက်ကို အပြည့်အဝ သုံးနိုင်မှာမဟုတ်ပေ။ ထိုမတိုင်ခင် မော့ဝမ်းယန်သည် အခြေစိုက်စခန်းထဲ၌ အတော်ဆုံး ရေစွမ်းအားရှင်အဖြစ် သိကြတာပဲဖြစ်သည်။ သို့သော် ယခု မုန့်ကန်းကသူ့ကို ကျော်တက်သွား၏။
“ခွမ်း ခွမ်း”
လော့ဟွိုင်၏လှုပ်ရှားမှုကို ပိတ်ဆို့ပြီးနောက် မုန့်ကန်းသည် ခေါင်း‌မော့လျက် လော့ဟွိုင်ကို လက်ညှိုးထိုးလိုက်တော့ပြီး လော့ဟွိုင်ကိုကြည့်ကာ လက်ချောင်းကို ကွေးလိုက်သည်။
“လာလေ ဟေ့လူ ငါ့လက်အကြာကြီး မဆန့်နိုင်ဘူး မင်းဘာရှိသေးလဲ ကြည့်တာပေါ့”
ယခုအချိန်တွင် သူက သိပ်ကို ယောက်ျား ဆန်နေလေ၏။ သူပုံမှန် ရှိနေကျ သွင်ပြင်မျိုး မိန်းကလေးဆန်တာမျိုးနှင့် လုံးဝကွဲပြားခြားနားနေလေ၏။
“မင်းက အုပ်စုဖွဲ့တိုက်ခိုက်ချင်တယ်ဆိုရင် ငါတို့ကမင်းနဲ့ ပျော်ပျော်ကြီး က‌စားပေးရမှာပေါ့”
လန်ယဲ့ဟန်က ဦးဆောင်ပြီး ထိပ်ဦးအဖွဲ့သည် စီတန်းလာကာ ယွင်ချဲ့နှင့်မုန့်ကန်းဆီ လျှောက်လာလျက် အစွမ်းထက်သည့် အရှိန်အဝါတစ်ခုကို ဖန်တီးလိုက်၏။ ထို့အပြင် တစ်စုံတစ်ခုက ပိုကြောက်မက်ဖွယ် ကောင်းနေလေ၏။
“ဘုန်း”
“ဘယ်သူလဲ မင်းတို့‌တွေ ငါမပါဘဲ ပါတီလုပ်လို့မရဘူးနော် လာလိုက်အရှုံးသမားတွေ ငါ့ရဲ့လက်သည်းတွေနဲ့ မင်းတို့ကို သင်ခန်းစာပေးဖို့ ငါ့ကိုခွင့်ပြုပေး ယဲ့ဟန်လေးရေ မင်းဘာမှလုပ်ဖို့မလိုဘူး ငါဒါရသွားပြီ”
“ငါတော့သွားပါပြီ”
မျက်ဝန်းရာချီဖြင့် စိုက်ကြည့်ခံထားရကာ ဟေးယွီသည် ယွင်ချဲ့၏ပခုံးပေါ်ကနေ ခုန်ချပြီးနောက် သူ၏မူလအသွင်သဏ္ဌာန်ကို ပြောင်းလဲလိုက်၏။ သူ၏ခန္ဓာကိုယ်ကြီးသည် ကျန်သည့်သူများကို ကြောက်လန့်သွားစေကာ မြန်မြန်ဆန်ဆန် နောက်မဆုတ်ခဲ့သည့်သူများသည် မြေကြီးပေါ် တွန်းချခံလိုက်ရ၏။ ကံကောင်းသည်မှာ ထိုလူများ၌ သူတို့ မြန်မြန်ဆန်ဆန် ထရပ်နိုင်အောင် ကူညီပေးမည့် အသင်းဖော်များ ရှိနေသည်။ ထို့နောက် သူတို့သည် သေးငယ်သောအရာဝတ္ထုလေးကနေ အသွင်ပြောင်းလဲသွားသည့် ဧရာမသတ္တဝါဆီကနေ ခက်ဝေးဝေးသွားလိုက်ကြ၏။
“ကောင်းပြီ မင်းသူတို့အားလုံးကို ဖြေရှင်းလိုက်”
ယဲ့ဟန်လေးဟူသောအမည်ကြောင့် စိတ်တိုသွားကာ လန်ယဲ့ဟန်က အေးစက်စက်လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ ဟေးယွီက နောက်ကို အမြန်ပြန်ကြည့်လိုက်၏။
“လခွမ်း မင်းအတည်ကြီး ပြောနေတာတော့ မဟုတ်ဘူးမလား။ ငါက နောက်နေတာလေ မင်းက တကယ်ကြီး ငါ့ဆီ အားလုံးချန်ထားတော့မလို့လား”
တကယ်လား သူပြောပြီးသည့်အချိန်၌ အနားရှိလူများသည် စတင်ထိတ်လန့်ကုန်၏။ ဒါက နောက်စရာကိစ္စလား ဒါအတွက် သူ့ကိုယ်သူတောင် သတ်လိုက်နိုင်တာလေ။
“လခွမ်းခေါင်းဆောင် ဒါကို ဖြေရှင်းလိုက်ရအောင်”
“ဟုတ်တယ် ခေါင်းဆောင် သူတို့ကို ရှင်းထုတ်ပစ်မယ်”
“သူတို့ကိုရှင်းလိုက်ရအောင်”
ဒေါသ ထွက်သွားပြီး ကမ္ဘာပျက်ကပ်အသူရာကလည်း စတင်တိုက်ခိုက်ရန် စိတ်စောလာလေ၏။ သူတို့အားလုံး၌ ရက်စက်သောအကြည့်ရှိနေ‌ကာ ဟေးယွီ၏ဧရာမခန္ဓာကိုယ်အတွက် ကြောက်လန့်မှု တစ်စွန်းတစ်စမှ မပြပေ။ ယခင်က ဆိုခဲ့သည့်အတိုင်း ဤခွေးပေါက်လေးသည် ကောလာဟလများမှ ဖော်ပြသကဲ့သို့ တော်နေလိမ့်မည်ဆိုတာ မည်သူမှမယုံကြည်ပေ။ အကြောင်းမှာ သူ၏ခွန်အားကို သူတို့ကိုယ်တိုင် မတွေ့ဖူးသောကြောင့်ဖြစ်သည်။
“ဟိုးဟိုး မင်းတို့ကောင်တွေကို သတ်ဖို့ဆိုတာ ငါ့အတွက် ငှက်ပျောသီးအခွံခွာရသလိုပဲ”
ထိုလူများသည် ဒေါသလုံလုံလောက်လောက် မထွက်သေးသည့်ပမာ ဟေးယွီသည် နောက်ထပ် လှောင်ပြောင်ထေ့ရိသော မှတ်ချက်တစ်ခု ပြုလိုက်လေ၏။
“ခေါင်းဆောင် ကျွန်တော်တို့ ဘာစောင့်နေတာလဲ”
ဟေးယွီသည် သူတို့စိတ်ထဲ အောင်မြင်စွာ ရိုက်သွင်းနိုင်ခဲ့လေရာ ကမ္ဘာပျက်ကပ်အသူရာသည် နောက်ဆုံး၌ ဆင်ခြင်နိုင်စွမ်း ဆုံးရှုံးသွားလေ၏။ လော့ဟွိုင်သည် သူ့အပေါ်စိုက်ကြည့်လျက် စိတ်အားထက်သန်စွာ ခေါငခးညိတ်လိုက်၏။
“တိုက်ခိုက်လိုက်ရအောင်”
“သေစမ်း”
“ဆင်းကြ”
“ဝေးဝေးသွားပါဟ”
ကမ္ဘာပျက်ကပ်အသူရာ၏ လော့ဟွိုင်အပါအဝင် လူကိုးယောက်သည် သူတို့စွမ်းအားများကို ထုတ်ဖော်နေစဉ် နောက်ဆုံး၌ပေါ်လာသည့် စွမ်းအားရှင်အဖွဲ့အစည်းဥက္ကဋ္ဌက သူတို့ကို အမြန်ရပါယ်ရန်ပြောပြီး အမြန်ပြေးလာ၏။ အဝေးသို့ ဖယ်ခံလိုက်ရသည့်အဖွဲ့သည် သူဒေါသတကြီး ထိုလူကို မုန်းတီးစွာ အော်ဟစ်လိုက်လေရာအစိုးရကို ကိုယ်စားပြုသည့် ဥက္ကဋ္ဌက ချက်ချင်းပင် သုန်မှုန်သွားလေ၏။ စစ်တပ်တွင်ရှိသည့် သန်မာလှသောအာဏာကြောင့် သူသည် ထိုလူများကို မာကြောစွာ မကိုင်တွယ်ရဲပေ။ သို့သော်ငြား နိုင်ငံရေးသမားတိုင်းက သူတို့သဘောမကျသည့်လူကို တစ်ပါးသူ၏လက်ဖြင့် မည်သို့ ဖယ်ရှားရမည်ဆိုတာကို သိပေ၏။ ဥက္ကဋ္ဌကလည်း သူတို့ကိုတားရန် မကြိုးစားတော့ဘဲ ထိုလူများကို ထိပ်ဦးအဖွဲ့ရိုက်နှက်မှာကိုသာ စောင့်ဆိုင်းနေလေ၏။
“လုပ်လိုက်ကြရအောင်”
“ချကြ”
ယွင်ချဲ့သည် ထောင်ချန်း၏လည်ပင်းကို ချိုးလိုက်ပြီး‌နောက် ရှေ့ထွက်ကာ လေထဲ၌ဓားရှည်တစ်လက်ကို စုစည်းလိုက်သည်။ လန်ယဲ့ဟန်နှင့်အဖွဲ့ထဲရှိ ကျန်သည့်သူများကလည်း သူတို့စွမ်းအားများကို စတင် ထုတ်ဖော်တော့သည်။
“သူတို့ရဲ့ နယ်မြေစွမ်းအားရှင်ကို အာရုံစိုက်ထားကြ”
စစ်တပ်သည် အမြဲတမ်း ဗျူဟာများသုံးရတာကြိုက်၏။ သူတို့၏ နယ်မြေစွမ်းအားရှင်က အသတ်ခံရပြီးနောက် လော့ဟွိုင်သည် အမိန့်ပေးလိုက်၏။ နောက်တစ်စက္ကန့်၌ သူ၏ရွှေ၊မီးနှင့် မြေစွမ်းအားရှင်များသည် မုန့်ရွှီဆီသို့ဆက်တိုက် တက်လာကြ၏။ မုန့်ကန်းနှင့် ကျန်းချန်သည် မီးနှင့်ရွှေစွမ်းအားရှင်များ အသီးသီးကို တားလိုက်၏။ သို့သော် ထူးဆန်းသည်မှာ သူတို့၏နယ်မြေစွမ်းအားရှင်ကို လက်လျှော့လိုက်သည့်ပမာ မြေစွမ်းအားရှင်ကို မည်သူကမှ မပိတ်ဆို့တာပဲဖြစ်သည်။
“ငါမင်းအသက်ကိုယူမယ် မျိုးမစစ်လေး”
မြေစွမ်းအားရှင်က သက်ညှာမှုပြရန် ရည်ရွယ်ချက်မရှိပေ။ ခဏအကြာ၌ မြေနံရံတစ်ခုသည် မြေပြင်ထဲကနေ ပေါ်ထွက်လာပြီး မရေမတွက်နိုင်သော ရွှံ့လုံးများက ကောင်းကင်ကနေ ကျဆင်းလာ၏။
“ဘယ်သူက ဘယ်သူ့အသက်ကို ယူမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”
မုန့်ရွှီသည် သူ၏ပုံမှန်သိမ်မွေ့သော သွင်ပြင်ကို ပြောင်းလဲသွားပြီး လှောင်ပြောင်သည့်စကားများဖြင့် အော်ဟစ်လိုက်ကာသူ၏လက်နှစ်ချောင်းကနေ လေထဲတွင် မရေမတွက်နိုင်သော မျိုးစိတ်များကို ထုတ်လိုက်၏။ ဘန်းဟူသော အသံကျယ်ကြီးနှင့် နွယ်ကြိုးတစ်ကြိုး ဖန်တီးလိုက်ကာ သူ့ကို အတွင်း၌ ကာပေးထားလေ၏။ ရွှံ့လုံးများက ပြုတ်ကျလာသော်ငြား အံ့‌ဩဖွယ်ကောင်းသည်က ရွှံ့နံရံကို သစ်သား‌ချောင်း တစ်ဒါဇင်ခန့်က ဖောက်ထွက်သွားတာပဲဖြစ်ကာ ကမ္ဘာပျက်ကပ်အသူရာ၏ မြေစွမ်းအားရှင်ဆီသို့ ဦးတည်သွားလေ၏။
“မင်းက နယ်မြေစွမ်းအားရှင် မဟုတ်ဘူးလား”
မြေစွမ်းအားရှင်သည် ထိတ်လန့်ပြီး မျက်လုံးအပြူးသားဖြစ်နေကာ ပွဲကြည့်ပရိသတ်များသည်လည်း ထိတ်လန့်နေ၏။ ယွင်ချဲ့သည် အများရှေ့၌ လိမ်လိမ့်မည်ဟု သူတို့မထင်ထားပေ။ ချက်ချင်းပင် လူများစွာက ယွင်ချဲ့ကို တိတ်တဆိတ်ရွံရှာသွားသည်။ သို့သော် အမှန်တရားက သူတို့တွေးနေသလို မဟုတ်မှန်း မကြာမီ၌ ရှာတွေ့သွား၏။
“ဟုတ်တယ်လေ ငါက နယ်မြေစွမ်းအားရှင်၊ ဒါပေမဲ့ နယ်မြေစွမ်းအားရှင်တစ်ယောက်က သစ်သားစွမ်းအားကို သုံးလို့မရဘူးလို့ ဘယ်သူကပြောလဲ”
မုန့်ရွှီသည် ခဏအကြာ၌ အဖြေကို ကြေညာလိုက်လေ၏။
“မင်းကသောက် စွမ်းအင်နှစ်မျိုးရှိတဲ့သူပဲ”
မြေစွမ်းအားရှင်သည် ဒေါသထွက်ပြီး သေလုနီးပါး‌ဖြစ်လာ၏။ သူက ဘောဘယ်ညာကို ကြည့်လိုက်ရာ သူ၏အသင်းဖော်တိုင်းက တိုက်ခိုက်ရန် အလုပ်များနေပြီး ခန်းမက ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးနေကြောင်း‌ တွေ့လိုက်ရ၏။ထို့အတွက် အားကိုးစရာလူမရှိမှန်း သိလိုက်ရရာ မြေစွမ်းအားရှင်သည် ရွေးချယ်စရာမရှိဘဲ သူ၏ရန်သူကို သူကိုယ်တိုင် ရင်ဆိုင်ရတော့၏။ သူကရင်ထဲ စောဒကတက်နေစဉ် ကြည့်နေသည့်သူများကလည်း သူ့ကို ဂရုဏာသက်လာမိ၏။ သေစမ်း နယ်မြေစွမ်းအားနဲ့ သစ်သားစွမ်းအား နှစ်မျိုးရှိတဲ့ စွမ်းအားရှင်တစ်ယောက် ခေါင်းဆောင်ယွက်က လူတွေကို ဘယ်လိုကလိရမလဲဆိုတာ တကယ်သိတာပဲ။
“ဟူး… ကျန်းရေ ငါ့လမ်းကနေ မြန်မြန်ဖယ် ငါ့ရိုက်ချက်ကို သူတို့ကိုပြချင်လို့”
“ဘန်း”
ရက်စက်ကြမ်းတမ်းသည့် တိုက်ပွဲအတွင်း ဟေးယွီက မြင့်မားစွာ ခုန်လိုက်လေရာ ခန်းမမျက်နှာကြပ်ကို ဖျက်ဆီးလိုက်မိ၏။ သို့သော်ယင်းက ကြောက်မက်ဖွယ်အကောင်းဆုံး မဟုတ်ပေ။ ကျန်းရှန်က ဧရာမသားရဲကြီးက ပြိုင်ပွဲအတွင်းရှိ ရွှေစွမ်းအားရှင်ဆီသို့ သူ၏လက်သည်းကို ဝှေ့ယမ်းလိုက်တာပဲဖြစ်သည်။ ရွှေစွမ်းအားရှင်က အော်ရန်အခွင့်အရေးတစ်ခု မရလိုက်ခင် သူ၏ခန္ဓာကိုယ်အထက်ပိုင်းက သွေးများ ပန်းထွက်လာပြီး သူ၏ခန္ဓာကိုယ်အောက်ပိုင်းသည် မြေကြီးပေါ် ပြုတ်ကျသွား၏။
ဟိုလီမားသား ဝှက်သယ်ဟဲ
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် စွမ်းအားရှင်များက ကြောက်လန့်မှုကြောင့် တုန်ရင်သွား၏။ ကောလာဟလများက ချဲ့ကားပြောတာမဟုတ်ပေ။ ထိုကြမ်းတမ်းပြီး ရန်လိုသောခွေးသည် ထိပ်ဦးအဖွဲ့တွင်ရှိသည့် အစွမ်းအထက်ဆုံးလက်နက် ဖြစ်လောက်သည်။
“ချန်ယွမ်”
“ဟားဟား အခု ငါဘယ်လောက်တော်လဲဆိုတာ မင်းသိပြီမလား မင်းက သေတဲ့အထိ ဖိကြေမခံချင်ဘူးဆိုရင် မင်းတို့ရဲ့ခေါင်းကိုခုတ်ပြီး ငါ့အတွက် ဒုက္ခနည်းအောင် လုပ်လိုက်သင့်တယ်”
ကမ္ဘာပျက်ကပ်အသူရာရှိ ကျန်သည့်သူများက နောက်ထပ်အသင်းဖော်တစ်ဦး စုတ်စုတ်ပြတ်ပြတ် သေသွားတာကို မြင်သောအခါ သူတို့မျက်လုံးများက ရဲတောက်လာလေ၏။ သူ့ကိုယ်သူ မည်သို့ထိန်းချုပ်ရမည်မှန်း ဘယ်တော့မှမသိသည့် ဟေးယွီက ပိုမိုမောက်မာထောင်လွှားစွာ အော်နေသည်က မီးထဲလောင်စာထည့်နေတာနဲ့ မခြားပေ။ ခေါင်းဆောင်လော့ဟွိုင်သည် သူ၏ရန်သူ လုဟိုင်ရွှမ်းကို တွန်းထုတ်ရန် မီးစွမ်းအားလုံးကို သုံးပြီးနောက် ဟေးယွီဆီသို့ ခုန်ဝင်လိုက်၏။
“ခွေးမသား ငါမင်းကိုသတ်မယ်”
“ခင်ဗျားက တခြားသူတွေကို ကုညီဖို့အချိန် ရှိသေးတယ်လား”
“ဘန်း”
သူက ဟေးယွီနား မကပ်ရသေးခင် ယွင်ချဲ့က မည်သည့်နေရာကမှန်းအသိ ထွက်လာကာ လော့၏ခေါင်းကို မိုးကြိုးစွမ်းအားဓားဖြင့် ခုတ်ပိုင်းရန်ကြိုးစားလိုက်၏။ သို့သော် လော့ဟွိုင်သည် တိုက်ခိုက်မှုကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်၏။ ဆိုရလျှင် လော့ဟွိုင်သည် စစ်တပ်ကဂရုတစိုက်ရွေးထားသော ပါရမီရှင်တစ်ဦးဖြစ်၏။ သူက အလွယ်တကူ အသက်ခံရမှာမဟုတ်ပေ။
“သခင် ကျုပ်ရဲ့ကစားစရာကို ခိုးသွားတယ်”
ဟေးယွီက ဟိန်းဟောက်လျက် နောက်ထပ်လူတစ်ယောက်ဆီ သူ၏လက်သည်းကို ဝှေ့ယမ်းလိုက်၏။ ကမ္ဘာကျက်ကပ်အသူရာ၏ စွမ်းအားရှင်များအားလုံးက ဒေါသထွက်သွားသည်။ သူဘာပြောလိုက်တာလဲ သူတို့က သူ့ရဲ့ ကစားစရာတွေလား။
“ပေါက်တတ်ကရ‌တွေ တော်လိုက်တော့ သူတို့ကို ရှင်းလိုက်ကြရအောင်”
ဒေါသတကြီးအော်လျက် လန်ယဲ့ဟန်သည် မီးစွမ်းအားဓားဖြင့် သူ့ရန်သူ၏ရင်ဘတ်ကို ထိုးစိုက်လိုက်၏။ ထိုလူက ဓားသွားကို ရှောင်တိမ်းရန်ကြိုးစားပြီး သူလက်ထဲ၌ ရှည်လျားသည့်ဖြတ်ရာကို ဖန်တီးလိုက်တော့သည်။ သူက မနားနိုင်သေးခင် လန်ယဲ့ဟန်က ခုန်ဝင်လာပြီး မီးဓားတစ်ဒါဇင်ခန့်ကိုသုံးကာ သူ့ဆီသို့ တပြိုင်နက်တည်း လွင့်ပျံလာလေ၏။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset