YMR- အခန်း ၁၆၄

အခန်း ၁၆၄။

အသံစွမ်းအားရှင်၏အစွမ်း
“ခေါင်းဆောင် ကျွန်မတို့တွေ သူတို့ကို သတိသွားပေးသင့်လား”
အစောတုန်းက သူတို့ခေါင်းဆောင် ဆူပူတာခံရပြီးနောက် အရှင်သခင်မလေးများ၏ အဖွဲ့ဝင်များအားလုံးသည် ခေါင်းအေးအေးထားနိုင်သွားပြီဖြစ်သည်။ ပွဲကြည့်ပရိသတ်အမြင်ကနေ ယွင်ချဲ့က တွက်ချက်တတ်သည့်သူဆိုတာ သူတို့သတိပြုမိ၏။ သူက ထောင်ချန်း၌ စိတ်တိုလွယ်သည့်သဘောထား ရှာတွေ့သွားပြီး တမင်တကာ ထောင်ချန်းကို ရန်စပြီး သူ့ကို ကန့်သတ်ချက်မရှိသည့် တိုက်ပွဲတစ်ပွဲ ရွေးချယ်မိအောင် ဖိအားပေးခဲ့သည်။ ကျန်သည့်သူများကညထောင်ချန်းကို မတားခဲ့လျှင် သူသည် မကြာမီ၌ သေလူတစ်‌ယောက်ဖြစ်လိမ့်မည်။ ယွင်ချဲ့သည် ထောင်ချန်းကို သတ်ရန်အတွက် သူ၏နယ်မြေစွမ်းအားရှင်အား မည်ကဲ့သို့နည်းအသုံးပြုမည်ဆိုတာ သူတို့မသိသေးပေ။
“အင်း ငါတို့အခု ရှေ့တက်လိုက်မယ်ဆိုရင် ငါတို့က သူတို့နဲ့တစ်ဖွဲ့တည်းဆိုတာ အများကို ပြောပြသလို ဖြစ်သွားလိမ့်မယ်”
ဖုန်းရှင်းလန်က အခက်တွေ့နေလေ၏။ သူတို့၌ နယ်မြေစွမ်းအားရှင် အရေအ‌တွက်က အကန့်အသတ်သာရှိပြီး တစ်ယောက်ဆုံးရှုံးခြင်းက သူတို့အတွက် သိသာသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်လိမ့်မည်။ ကမ္ဘာပျက်ကပ်အသူရာနှင့် တူညီသော တပ်မဟာကနေလာသောကြောင့် သူမသည် ယွင်ချဲ့၏ လုပ်ငန်းစဉ်ကို သိသွားချိန်၌ သူတို့ကို သတိပေးချင်ခဲ့သည်။ သို့သော်ငြား သူမယခု ရှေ့တက်လိုက်ပါက သူတို့သည် ကမ္ဘာပျက်ကပ်အသူရာနှင့် တစ်သင်းတည်းဖြစ်နေကြောင်း လူတိုင်း‌ကို ပြောပြသလိုဖြစ်သွားပေလိမ့်မည်။ ယနေ့ပြီးနောက် ကမ္ဘာပျက်ကပ်အသူရာနှင့် ထိပ်ဦးအဖွဲ့တို့က တစ်ယောက်နှင့်တစ်ယောက် မုန်းတီးနေကြပေလိမ့်မည်။ သူတို့ကိုယ်သူတို့ ထုတ်ပြမိခဲ့ပါက သူတို့သည်‌နောင်ကျ ထိပ်ဦးအဖွဲ့နှင့် နီးကပ်အောင် မည်သို့ ပြုလုပ်ရတော့မည်နည်း။
“ဒါပေမဲ့ ခေါင်းဆောင်လော့က”
အရှင်သခင်မလေးများသည် တွေဝေနေသော လော့ဟွိုင်ကို စိုးရိမ်ပူပန်စွာ ကြည့်နေ၏။ ယင်းကို ကြည့်နေသည့် ကျန်သည့်အဖွဲ့နှစ်ဖွဲ့လည်းရှိ၏။ ကြီးမြတ်သောအဖွဲ့နှင့် အမွှေးနံ့သာအဖွဲ့ပဲဖြစ်သည်။ သူတို့သည် လက်ရှိရေတို ပူးပေါင်းဆောင်ရွက်ထားသော်ငြား ထိပ်ဦးအဖွဲ့နှင့် ကမ္ဘာပျက်ကပ်အသူရာတို့ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်တာကို မြင်ချင်နေသည်။ ထို့ကြောင့် သူတို့က လော့ဟွိုင်ကို စိန်ခေါ်မှုချက်ချင်း လက်ခံစေချင်၏။
“ဟေး ကမ္ဘာပျက်ကပ်အသူရာက ညီအစ်ကိုတို့ မင်းတို့တွေ ကြောက်နေတာလား”
“ဒါက နယ်မြေစွမ်းအားရှင်နှစ်ယောက်ကြားက တိုက်ပွဲတစ်ပွဲ‌ပဲလေ ထိပ်ဦးအဖွဲ့ရဲ့ နယ်မြေစွမ်းအားရှင်က ပိန်ပါးတဲ့ကလေးတစ်ယောက်ပဲ ဘာတွေကြောက်နေတာလဲ”
“ကြီးမြတ်တဲ့ခေါင်းဆောင်ယွင်၊ ကြီးမြတ်တဲ့ထိပ်ဦးအဖွဲ့”
“မင်းတို့ကောင်တွေ သတ္တိမရှိရင် အမှားဝန်ခံပြီး တောင်းပန်လိုက်ပါလား မင်းတို့စောင့်လေလေ မင်းတို့ကိုယ်မင်းတို့ အရှက်ခွဲရာရောက်လေပဲ”
အတန်ကြာပြီးနောက် တုံ့ပြန်မှုမရှိတာကို သတိပြုမိသောအခါ ယခင်ရက်ပိုင်းအတွင်း သူတို့နှောင့်ယှက်တာ ခံထားရသော ပျော်ရွှင်မှုအဖွဲ့သည် သူတို့ကို စတင်ပြက်ရယ်ပြုတော့သည်။ ယခင်က ကမ္ဘာပျက်ကပ်အသူရာ၏ အနိုင်ကျင့်ခြင်း ခံခဲ့ရသော ကျန်သည့်စွမ်းအားရှင်များကလည်း သံယောင်လိုက်၏။ ဆူညံမှုက ချက်ချင်း ပေါ်လာတော့၏။ ထိပ်ဦးအဖွဲ့က တည်ငြိမ်နေပြီး တစ်ဖက်သူကို ဆုံးဖြတ်ချက်ချခိုင်းရန် မလောသော်ငြား ကမ္ဘာပျက်ကပ်အသူရာအဖွဲ့သားတိုင်းကဒေါသထွက်နေကြလေ၏။ ပုံမှန်ဆို တည်ငြိမ်နေကျ လော့ဟွိုင်ကတောင် လက်သီးကျစ်ကျစ်ဆုတ်ထားသည်။
“ခေါင်းဆောင်”
ကမ္ဘာပျက်ကပ်အသူရာ၏ အဖွဲ့ဝင်တိုင်းက သူတို့ခေါင်းဆောင်ကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ ယ‌ခုအချိန်တွင် စိန်ခေါ်မှုကို လက်မခံခဲ့လျှင် သူတို့အတွက် အရှက်ကွဲပေလိမ့်မည်။
“ရို့ အားလုံးက စိတ်လှုပ်ရှားနေတဲ့ပုံပဲ ဘာတွေဖြစ်နေကြတာလဲ”
လော့ဟွိုင်က အံကြိတ်ပြီး စိန်ခေါ်မှုကို လက်ခံလိုက်တော့မည့်အချိန်၌ အမျိုးသမီးသံတစ်သံက ရုတ်တရက် ပေါ်ထွက်လာ၏။ ယွင်ချဲ့က မျက်ဝန်းများ မှေးကျဉ်းလိုက်ရာ အသင်းဖော်များနှင့်အတူ လူအုပ်ထဲကနေ ထွက်လာသော ဖုန်းရှင်းလန်ဆီ အကြည့်ရောက်သွား၏။ အမည်မသိ အကြောင်းအရင်းတချို့ကြောင့် သူမအသံက ထူးဆန်းနေမှန်း သိလိုက်ရသည်။
“ရှင်က ထိပ်ဦးအဖွဲ့ရဲ့ ခေါင်းဆောင်ယွင်ပဲဖြစ်ရမယ် ကျွန်မက အရှင်သခင်မလေးများအဖွဲ့ခေါင်းဆောင် ဖုန်းရှင်းလန်ပါ တွေ့ရတာ ဝမ်းသာပါတယ်”
ဖုန်းရှင်းလန်က လျှောက်လာပြီးနောက် လော့ဟွိုင်ကို မနှုတ်ဆက်ဘဲ သူမက တောက်ပသောအပြုံးဖြင့် ယွင်ချဲ့ဆီသွားကာ လက်ဆန့်ထုတ်လိုက်၏။
“တွေ့ရတာ ဝမ်းသာပါတယ်”
ယွင်ချဲ့က ခေါင်းညိတ်လိုက်ပြီး လက်ဆွဲနှုတ်ဆက်ရန် ရည်ရွယ်ချက် မရှိပေ။ လော့ဟွိုင်ကဲ့သို့ ရှက်နေရမည့်အစား ဖုန်းရှင်းလန်က ယွင်ချဲ့ကို ရွှင်ပြသော လေသံဖြင့် သတိပေးလိုက်၏။
“လက်ဆွဲနှုတ်ဆက်ရအောင်”
လုံလောက်သွားပြီပင်။
အလိုလိုရောက်သွားသော သူ့လက်ကိုကြည့်ပြီး ယွင်ချဲ့က ထိုအမျိုးသမီးသည် အသံစွမ်းအားရှင်ဖြစ်ကြောင်း သဘောပေါက်သွား၏။ အသံစွမ်းအားရှင်များသည် တိုက်ခိုက်မှုရော ခုခံမှုပါ ပြုလုပ်နိုင်သော ထူးခြားသောစွမ်းအားရှင်ဖြစ်ပြီး ညှို့ငင်ကာထိန်းချုပ်ပြီး လူများကို တိုက်ခိုက်ရန် အသုံးပြုနိုင်၏။ ဤနေရာ၌ အသံစွမ်းအားရှင်သည် ရန်သူတစ်ယောက်ကို တွေ့ ရတာ အံ့ဩနေမိသည်။
“အင်း ရှင်တို့နှစ်ဖွဲ့လုံးက ထိပ်တန်းသုံးဖွဲ့ထဲ ဝင်နေတာပဲ အချင်းပွားမှုတချို့အတွက် တိုက်ခိုက်ဖို့ မလိုပါဘူး ကျေးဇူးပြုပြီး ကျွန်မကို မျက်နှာသာပေးပြီး တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်ရအောင်”
သူမ၏စွမ်းအားက ယွင်ချဲ့ပေါ်သက်ရောက်ကြောင်း အတည်ပြုပြီးနောက် ဖုန်းရှင်းလန်က စကားဖြတ်ပြီး အမျိုးသားနှစ်‌ယောက်ကို ကြည့်လိုက်လေ၏။
“သူပြောတာမှန်တယ် ကိစ္စကြီးမှမဟုတ်တာ။ တစ်ခါတလေ ငါတို့အားလုံးက စိတ်လိုက်မာန်ပါ လုပ်တတ်တာပဲ စကားများတာက အဲ့လောက်လည်း မဟုတ်ဘူးလေ”
“ဟုတ်တယ် ခေါင်းဆောင်ယွင် အားလုံးက ကျုပ်အမှားပါ ဒါတွေမပြောလိုက်သင့်ဘူး”
“တွေ့လား အခုအားလုံး အဆင်ပြေသွားပြီ ဆုလာဘ်မရှိတဲ့ ယှဉ်ပြိုင်ပွဲအတွက် တိုက်ခိုက်ပြီး ဘာကြောင့် အချိန်ဖြုန်းမှာလဲ မစ်ရှင်တွေ ထမ်းဆောင်ရင် အချိန်သုံးတာက ပိုကောင်းလိမ့်မယ်”
“ခေါင်းဆောင်ဖုန်းပြောတာမှန်တယ် ခေါင်းဆောင်ယွင် ခေါင်းဆောင်လော့ လက်ဆွဲနှုတ်ဆက်ပြီး တစ်ယောက်နဲ့တစ်‌ယောက် ငြိမ်းချမ်းရေး ယူလိုက်ရအောင်လား”
သူမအသံကိုကြားသည့် လူအများစုက ရပ်တည်ချက်ကို ချက်ချင်းပြောင်းလဲသွား၏။ ထိပ်ဦးအဖွဲ့ဝင်များက ယွင်ချဲ့ကို စိတ်လျှော့လိုက်ရန် အကြံပေးပြီး ကမ္ဘာပျက်ကပ်အသူရာအဖွဲ့ဝင်များကလည်း ဦး‌စွာတောင်းပန်လာကာ ပွဲကြည့်ပရိသတ်များကတောင် ခေါင်းဆောင်နှစ်ယောက်ကို ပြေငြိမ်းလိုက်ရန် ဖျောင်းဖျနေလေ၏။ အဝေးတွင် ရပ်နေသောကြောင့် အသံကို ရှင်းရှင်းလင်းလင်းမကြားသူများကလည်း မှင်တက်နေလေ၏။ သူမ၏စွမ်းအားကြား လူနည်းစုသာ သက်ရောက်မခံရတာဖြစ်၏။ လန်ယဲ့ဟန်နှင့် ကျန်းရှန်တို့ကဲ့သို့သူများက ဇဝေဇဝါဖြစ်နေ၏။
“ဘန်း”
“မင်း ဘာလုပ်တာလဲ”
“ငါတို့ ခေါင်းဆောင်ကို လွှတ်”
ယွင်ချဲ့သည် ဖုန်းရှင်းလန်၏လည်ပင်းကို ရုတ်တရက် ဆွဲညှစ်ပြီး သူမကို တာဝန်ဇယား၌ ဖိကပ်ထားလိုက်၏။ အယ်လ်စီဒီ ဖန်သားပြင်က ကွဲအက်သွားပြီးနောက် မီးက ချက်ချင်းမှိတ်ကျသွားတော့သည်။ ယင်းကို မြင်ပြီးနောက် အရှင်သခင်မလေးများ၏ အမျိုးသမီးများက ချက်ချင်း ပြေးတက်လာသည်။ အသံထိန်းချုပ်မှုကနေ လွတ်မြောက်လာသော ကျိုးဇယ်ယွီနှင့် သူ့အသင်းဖော်များက ထိုအမျိုးသမီးများကို ဟန့်တားလိုက်ကြသည်။ အစောတုန်းက သူတို့ပြောခဲ့တာအတွက် သူတို့ကိုယ်သူတို့ အပြစ်တင်မိသည်။ ယွင်ချဲ့၏ မျက်နှာထက်မှအပြုံးက ပျောက်ကွယ်သွားပြီးနောက် အမျိုးသမီးများကို အေးစက်စွာကြည့်ပြီး ဖုန်းရှင်းလန်၏လည်ပင်းကို ပြင်းထန်စွာ ညှစ်လိုက်လေ၏။
“အသံစွမ်းအားက လူသားတွေရဲ့စိတ်ကို ရှုပ်ထွေးသွားအောင် တကယ်အစွမ်းထက်တယ်။ ခေါင်းဆောင်ဖုန်း ခင်ဗျားက ရင်ကြားစေ့ပေးသူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ကျုပ်ပြဿနာမရှိဘူး။ ဒါပေမဲ့ တခြားသူတွေ သံယောင်လိုက်အောင်လို့ ခင်ဗျားရဲ့စွမ်းအားကို အသုံးပြုမယ်ဆိုရင်တော့ ဘောင်ကျော်သွားပြီ အဲ့လိုမထင်ဘူးလား”
ဒီတော့ ဒီလိုဖြစ်ခဲ့တာကို အစောတုန်းက ထိုစကားများ ပြောခဲ့မိသည့် စွမ်းအားရှင်များသည် အဘယ်ကြောင့် ပြောရသလဲဆိုတာ အံ့ဩနေကြတာဖြစ်ပြီး သူတို့က ယခုဆို ဒေါသထွက်ကာ အောက်စီဂျင်ချို့တဲ့မှုကြောင့် မျက်နှာက ခရမ်းရောင်ပြောင်းသွားသော ဖုန်းရှင်းလန်ကို စိမ်းစိမ်းဝါးဝါး ကြည့်နေ၏။ မည်သူကမှ ထိန်းချုပ်ခံရတာကိုမကြိုက် အထူးသဖြင့် အများရှေ့တွင်ဖြစ်သည်။ ဖုန်းရှင်းလန်သည် သူတို့စိတ်ကို ရှုပ်ထွေးသွားအောင် ပြုလုပ်ခြင်းဖ်ြု့ ထိုလူများကို ကန်စခဲ့ပြီး လွန်ခဲ့သည့်ဆယ်ရက်က သူမတည်ဆောက်ခဲ့သော ပုံရိပ်ကောင်းက ချက်ချင်း ပြိုလဲသွားလေ၏။
“ကျွန်မ ကျွန်မ ရှင်ဘာပြောနေမှန်းမသိဘူး”
ဖုန်းရှင်းလန်က သူဟလက်ကို လက်နှစ်ဖက်ဖြင့် ဆွဲခွာကာ လွတ်အောင်ရုန်းချင်၏။ သို့သော် နည်မျှရုန်းကန်စေကာမူ သူမ လွတ်အောင်မရုန်းနိုင်ပေ။ သူမအဆုတ်ထဲရှိလေများက ကုန်ခမ်းနေပြီဖြစ်ကာ သူမ၏လှပသော မျက်နှာသည်လည်း ပျက်ယွင်းလာတော့၏။ ထိုသို့တိုင် သူမသည် ယခင်က လူတိုငခးကို သူမ၏ အသံစွမ်းအားဖြင့် ထိန်းချုပ်နေကြောင်း ဝန်မခံနိုင်ပေ။
“လုပ်စမ်းပါ ဟန်ဆောင်နေတာရပ်လိုက်တော့ ဒီက လူတွေအားလုံး အရူးတွေလို့ ထင်နေလား တခြားသူတွေတွက်တော့ မပြောနိုင်ပေမဲ့ ကျုပ်ရဲ့အဖွဲ့ကတော့ သူတို့သဘောထားကို အကြောင်းအရင်းမရှိ ဘယ်တော့မှ ပြောင်းမှာမဟုတ်ဘူး။ သူတို့ကို ညှို့ငင်ဖို့ အသံစွမ်းအားသံ မသုံးခဲ့ဘူးဆိုရင် သူတို့က ဘာကြောင့်ခင်‌ဗျားပြောတာကို သံယောင်လိုက်မှာလဲ မင်းက သိပ်ကိုဆွဲဆောင်မှုရှိလွန်းလို့ ကျုပ်အသင်းက မိန်းကလေးတွေတောင် ခင်ဗျားကိုမြင်မြင်ချင်း ချစ်ကျွမ်းဝင်သွားတယ်လို့ ကျုပ်ကို ယုံကြည်စေချင်နေတာလား”
အသံစွမ်းအား၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားရှိသည်။ ၎င်းသည် တစ်စုံတစ်ယောက်အပေါ်၌ အသုံးပြုလိုက်လျှင် ထိုလူသည် ရုပ်သေးကဲ့သြို ထိန်းချုပ်ခံရမည်ဖြစ်ကာ သူ့ကဲ့သို့ ဖြစ်သွားလိမ့်မည်။ သို့သော်ငြား အသံစွမ်းအားရှင်နှင့် ရင်ဆိုင်တိုက်ခိုက်ရာ၌ မခက်ခဲပေ။ စိတ်ကို ထိန်းချုပ်နိုင်သရွေ့ဖြစ်သည်။ ဖုန်းရှင်းလန်၏အမှားက သူ့ကိုဦးစွာ စမ်းသပ်လိုက်တာပဲဖြစ်သည်။ သူမက စကားဖြတ်ပြီး သူ့ကို အစထဲက ညှို့ငင်ခဲ့လျှင် ယခုလောက်ဆို သူမ လိုချင်တာ ရနေလောက်ပြီဖြစ်သည်။
“အမ်”
ဖုန်းရှင်းလန်က အသံမထွက်နိုင်တော့ပေ။ သူမမျက်နှာက ခရမ်းမှ အနက်ရောင်အဖြစ် ပြောင်းလဲသွားပြီး မျက်လုံးက ဖြူဖျော့ကာ စိုစွတ်လာ၏။ ယွင်ချဲ့သည် အနည်းငယ်ပိုပြင်းပြင်းညှစ်လိုက်လျှင် သူမချက်ချင်း သေသွားလိမ့်မည်။
“နေဦး သူ့ကိုလွှတ်လိုက် သူက ကူညီချင်ရုံပဲ မင်းစိန်ခေါ်တာ ငါတို့လက်ခံတယ်”
လော့ဟွိုင်သည် သူ့အတွက် တွေဝေနေရန် အချိန်မရှိမှန်းသိ၏။ သူက ပြေးတက်သွားချင်သော်ငြား လန်ယဲ့ဟန်နှင့် ကျန်သည့်သူများက တားထားသည်။ ထို့ကြောင့် လူသားနံရံ‌ကိုကျော်လျက် သူအော်ဟစ်လိုက်တာပဲ ဖြစ်သည်။ ဤနေရာ၌ ဖုန်းရှင်းလန် သေသွားခဲ့လျှင် ပြဿနာတစ်ပုံကြီးတက်လိမ့်မည်။
“ငါတို့တွေက မင်းတိုက်ခိုက်အောင် ဖိအားပေးတယ်ဆိုတဲ့ လေသံမျိုးမလုပ်နဲ့။ မင်းရဲ့နယ်မြေစွမ်းအားရှင်ကပဲ အစတည်းက အရင်ဆုံးရွေးချယ်တဲ့သူဆိုတာ မင်းကို သတိပေးလိုက်မယ်။ သူများကို အပြစ်ဖို့ဖို့ မကြိုးစားနဲ့”
“ဘန်း”
ရှုတ်ချသံတစ်ချက်ဖြင့် ယွင်ချဲ့သည် ဖုန်းရှင်းလန်ကို မြေပြင်ပေါ် ပစ်ချလိုက်ကာ ထိုအမျိုးသမီးပေါ် သက်ညှာမှု မပြသပေ။
“ခေါင်းဆောင်ဖုန်း”
“အမ် ဟမ်”
အရှင်သခင်မလေးများနှင့် ကမ္ဘာပျက်ကပ်အသူရာသည် သူမဆီသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာ၏။ သူမလည်ပင်းရှိ ယားယံမှုနှင့် နာကျင်မှုကို ခံစားမိပြီး ဖုန်းရှင်းလန်က အဆက်မပြတ် ချောင်းဆိုးတော့သည်။ သူမအဆင်ပြေကြောင်း အတည်ပြုပြီး‌နောက် လြောဟွိုင်က ထရပ်လိုက်တော့သည်။
“ဘယ်သူပဲ အရင်စစ ခေါင်းဆောင်ဖုန်းက ကူညီဖို့ ကြိုးစားရုံပဲ လူကြီးလူကောင်းတစ်ယောက်အနေနဲ့ အမျိုးသမီးတစ်ယောက်ကို ဒါမျိုး ဘယ်တော့မှမလုပ်သင့်ဘူး”
လော့ဟွိုင်က တိုက်ခိုက်ဖို့ကိစ္စကို ဘေးချိတ်ပြီး အမျိုးသမီးတစ်ယောက်ကို ထိခိုက်နာကျင်အောင် လုပ်ခြင်းအတွက် ယွင်ချဲ့ကို တာဝန်ယူခိုင်းချင်နေ၏။ ကမ္ဘာပျက်ကပ်ပြီးနောက် အမျိုးသမီးများသည် လူ့အသိုင်းအဝိုင်း၏ အောက်ခြေသို့ ကျရောက်သွားပြီး လူအများစုက သူတို့ကို မလေးစားပေ။ မည်သို့ပင်ဆိုစေကာမူ အမျိုးသမီးတစ်ယောက်ကို ရိုက်နှက်ခြင်းက စက်ဆုတ်ဖွယ်ကောင်းသည့် အပြုအမူဖြစ်နေ၏။ အထူးသဖြင့် ယွင်ချဲ့ကဲ့သို့ အစွမ်းထက်သည့် အမျိုးသားတစ်ယောက်အတွက်ဖြစ်သည်။
“ကူညီတာလား ဒီလိုစက်ဆုပ်စရာနည်းလမ်းကိုသုံးပြီး တခြားသူကို ဘယ်သူက ကူညီမှာလဲ၊ မင်းက ငါ့ကို လူကြီး လူကောင်းတစ်ယောက် ဖြစ်စေချင်တာလား၊ ကျုပ်ရဲ့ဂုဏ်သိက္ခာကရော ကျုပ်ကိုလေးစားမှုတွေ ပြခဲ့လို့လားဈ ခင်ဗျားနောက်နေတာပဲဖြစ်ရမယ် ခေါင်းဆောင်လော့ သေချာသွားပြီ၊ သူက ကူညီဖို့ကြိုးစားနေတာပေါ့ ခင်ဗျားတစ်ယောက်တည်းကို ကူညီဖို့ကြိုးစားနေတာ၊ ခင်ဗျားအသင်းနဲ့သူ့ရဲ့အသင်းက တစ်‌ဖွဲ့နဲ့တစ်ဖွဲ့ သိနေပုံပဲ ခင်ဗျားတို့ ပူးပေါင်းထားတာ မဟုတ်ဘူးလား၊ နောက်တစ်ခုရှိသေးတယ် အမျိုးသမီးတွေကို ဘယ်တော့မှ လျှော့မတွက်နဲ့၊ တစ်ခါတလေကျ သူတို့က ယောင်္ကျားတွေထက်ပိုပြီးတောင် ရက်စက်သေးတာ”
ယွင်ချဲ့က လော့ဟွိုင်၏လှည့်ကွက်ကို ထောက်လိုက်၏။ လော့ဟွိုင်သည် ကိုယ်ကျင့်တရား မြင့်မားသည့်သွင်ပြင်မျိုး ထိန်းထားရန် ကြိုးစားနေတာဖြစ်ပြီး သူ့ကို ဆန့်ကျင်ရန် အများကို လှုံ့ဆော်ပေးလိုက်တာပဲဖြစ်၏။ မည်သည့်နည်းနဲ့မဆို ယွင်ချဲ့က ထိုလူအလိုရှိသည့်အရာကို လုပ်ပေးမှာ မဟုတ်ပေ။
“ခေါင်းဆောင်ယွင် သတိထားပြောပါ အရှင်သခင်မလေးများက အမျိုးသမီးအဖွဲ့တစ်ဖွဲ့ပဲ သူတို့ကို ဒီလို‌စော်ကားလို့မရဘူး”
လူအများက မှတ်ချက်မချရသေးခင် လော့ဟွိုင်က သုန်မှုန်သောအကြည့်ဖြင့် ပြန်ပြောလေ၏။
“တူညီတဲ့လှည့်ကွက်တွေ ခင်ဗျားဘယ်နှစ်ကြိမ်လောက် သုံးဦးမှာလဲ အရူးတစ်‌ယောက်နဲ့ စကားပြောပြီး အချိန်မဖြုန်းချင်ဘူး၊ ဟေးယွီ အခု မင်းအလှည့်ပဲ”
လော့ဟွိုင်သည် သူတို့က အမျိုးသမီးများဖြစ်ကြောင်း အချက်ကိုသာ ဆက်တိုက်ဖိပြောနေခဲ့၏။ ဟုတ်တယ် သူတို့အမျိုးသမီးတွေလေ ဒီတော့ဘာဖြစ်လဲ။ သူတို့တွေက သူနဲ့ လိင်အမျိုးအစားမတူညီတာကြောင့် ဒီမိန်းမတွေကို အလိုလိုက်ရမယ်လို့ စည်းမျဉ်းမှမရှိတာ။ အမျိုးသမီးတွေကို သူက ရှုတ်ချတာမျိုး မရှိဘူးလေ။ ဆန့်ကျင်ဘက်အနေနဲ့ ဒီလောကကြီးမှာ မြဲမြံစွာခြေကုပ်ယူနိုင်တဲ့ အမျိုးသမီးတွေကိုတောင် သူလေးစားသေးတာလေ။ အမျိုးသားတွေ အုပ်စိုးနေတဲ့အချိန် သူတို့‌တွေက ဘာလှည့်ကွက်မှ မသုံးခဲ့ရင်ပေါ့။ သူတို့တွေ သူ့ကို လာမရှုပ်သရွေ့ သူတို့က ဝမ်စစ်တပ်အတွက်အလုပ်လုပ်ပေးပေ၊ ဝေ့စစ်တပ်အတွက်ပဲ အလုပ်‌လုပ်ပေးပေး သူတို့ကို တစ်ယောက်တည်း ထားပေးမှာပဲ။ ဒါပေမဲ့ ဖုန်းရှင်းလန်က သူမအကာကိုတောင် မဖယ်ဘဲ မဟာမိတ်ကိုကူညီဖို့ ကြိုးစားနေတာ မဖြစ်သင့်ဘူးလေ။ သူမဒီလောက်လောဘကြီးပြီး ယုံကြည်ချက် မလွန်ကဲသင့်ဘူး။
“ခင်ဗျား ကျုပ်ကို နောက်နေတာလား သခင် ကျုပ်လည်း ခင်ဗျားလောက်နီးနီး ဉာဏ်ရည်မြင့်ပါတယ်နော် ဒီအရူးနဲ့ ဘယ်လိုလုပ်ပြောရမှာလဲ သခင်သိသားနဲ့ ရူးမိုက်မှုက ကူးစက်တတ်တယ်လေ သူ့ရဲ့နိမ့်ပါးတဲ့ဉာဏ်ရည်ကြောင့် ကျွနါတော် ကူးစက်သွားမယ်ဆိုရင် နောင်ကျ သခင်ဆုံးဖြတ်ချက်ချဖို့ ဘယ်သူက ကူညီတော့မှာလဲ”
ဟေးယွီက အထင်တသေးပြောလိုက်ပြီး ထိုလူနှင့်စကားပြောဖို့ ငြင်းဆန်လိုက်လေ၏။ သူ့ ပြက်လုံးသည် တင်းမာနေသော စိတ်အခြေအနေကို ပြေလျော့သွားစေ၏။
မည်သို့တုံ့ပြန်ရမည်မှန်းမသိဘဲ ယွင်ချဲ့သည် နောက်ဆုတ်သွားကြသော သူ့အသင်းဘက်လှည့်ကာ တစ်ခွန်းမှမပြောတော့ပေ။ ယင်းက လော့ဟွိုင်ကို စိတ်တိုသွားစေ၏။ သူ၏မျက်လုံးထဲ၌ ဒေါသ‌မီးတောက်များ ပေါ်လာတော့သည်။
“မင်းက တစ်ယောက်တစ်ယောက်ချင်း တိုက်ခိုက်ချင်တာမလား လုပ်လိုက်ကြရအောင် မင်းကိုမကြောက်ဘူး”
ရုတ်တရက်ကြီး ထောင်ချန်းက သူတို့နှစ်ယောက်ကြား တဟုန်ထိုး ပြေးဝင်လာပြီး ပြောလိုက်၏။ ယွင်ချဲ့က စိတ်လေနေသောအကြည့်ဖြင့် ပြောလိုက်တော့သည်။
“မင်းရဲ့ခေါင်းဆောင်က ငါတို့ကို အပြစ်ပုံချဖို့ ကြိုးစားနေတာ မင်း သတိမပြုမိဘူးလား။ မင်းစိန်ခေါ်တာကို ငါတို့လက်ခံပြီး ရှုံးနိမ့်သွားရင် ရသေးတယ် ဒါပေမဲ့ ငါ့လူတွေကနိုင်ပြီး မင်းကို မတော်တဆသတ်လိုက်ရင်ရော ငါ့ရဲ့နာမည်က အခြေစိုက်စခန်းထဲမှာ ခြေမွှခံရပြီး ကောလာဟလတွေ ပြန့်ကုန်မှာ”
ပုံမှန်အခြေအနေအောက်တွင် ထိုကိစ္စက မှန်နေလျှင်တောင် လူအများက ထိုအကြောင်းကို ကျယ်လောင်စွာ ပြောကြမှာ မဟုတ်ပေ။ သို့သော် ယွင်ချဲ့က သူ၏ရန်သူပြုလုပ်ရန် ကြိုးစားနေသည့်အရာကို လူတိုင်းအား သိစေချင်၏။ သူ့တို့က သူ့ကို ထောင်ချောက်ဆင်ပြီး သူ၏နာမည်ကောင်းကို ဖျက်ဆီးချင်နေတာပဲဖြစ်သည်။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset