YMR- အခန်း ၁၆၂

အခန်း ၁၆၂။

တစ်စိတ်တစ်ဝှမ်းထဲဖြစ်ခြင်း
“ဒီတော့ ဗိုလ်ချုပ်မော့က ငါတို့ကိုရော အနိုင်ရစေချင်တာလား”
ချန်ဟွားနှင့် လေ့တာ့ရှန်တို့က ယွင်ချဲ့နှင့်ရှင်းဖုန်းကြာရှိ ဆက်ဆံရေးကို သိထားပြီး ရှင်းဖုန်းနှင့် ဗိုလ်ချုပ်မော့ကြားရှိ ပတ်သက်မှုကိုလည်းသိ၏။ ယွင်ချဲ့သည် ယနေ့ သူတို့ကို အသေးစိတ် အချက်အလက်များကို ပြောပြခြင်းက သူတို့ကို သတိပေးရုံမျှသာ မဟုတ်လောက်ပေ။ စစ်တပ်ထဲ၌ ဗိုလ်ချုပ်မော့လည်း ရှိနေသည် မဟုတ်ပါလော။ သူတို့က သူနှင့် တစ်ဖက်တည်းရပ်မည်ဆိုလျှင် တစ်နည်းအားဖြင့် စစ်တပ်ထဲဝင်သွားသည်နှင့် တူနေမည် မဟုတ်ပါလော။ သူတို့၎င်းကို လက်မခံနိုင်ပေ။ ကြားလူက သူတို့နဲ့ရင်းနှီးသည့် ယွင်ချဲ့ဖြစ်နေပြီး သူဆို့ကို အမြဲတမ်းဂရုစိုက်သူ ဖြစ်နေပေလျှင် လက်မခံနိုင်ပေ။
“ဒါပေါ့”
ယွင်ချဲ့သည် စားပွဲပေါ် သူ့ကတ်များ တင်ထားပြီဖြစ်သောကြောင့် ထိုအချက်အလက်ကို သူတို့အား ဖုံးကွယ်ထားရန် ရည်ရွယ်ချက်မရှိပေ။ သူက အမြန်ထပ်ထည့်ပြောလိုက်၏။
“ခင်ဗျားတို့ ဘာကိုလွန်ဆွဲနေမှန်း ကျုပ်သိတယ် ဗိုလ်ချုပ်မော့ကလည်း စစ်တပ်ကိုယ်စားလှယ် တစ်ယောက်ဆိုတာ အမှန်ပဲ ဒါပေမဲ့ သူ့ကို ပံ့ပိုးပေးတာက စစ်တပ်ထဲဝင်ဖို့ လိုအပ်တယ်လို့ မဆိုလိုဘူး ပြဿနာကို ဖြေရှင်းဖို့အတွက် ဖြေရှင်းနည်းတစ်ခုပဲ ရှိတယမဟုတ်ဘူး၊ ဒီနည်းကို တွေးကြည့်ကြပါလား အစိုးရလက်ထဲက စွမ်းအားရှင်အဖွဲ့အစည်းနဲ့ သန်မာတဲ့သူဘက်လိုက်တဲ့ အစိုးရနဲ့ ဝေ့နဲ့ဝမ်စစ်တပ်က အခုဆိုရင် ပူးပေါင်းလိုက်တာ သိသာနေပြီး အစိုးရက အဖွဲ့လေးဖွဲ့ကို သူတို့နည်းသူတို့ဟန်နဲ့ ဆက်ခွင့်ပြုထားမယ်ဆိုရင် တာဝန်ချမှတ်ပေးမှုက ပိုပြီးပရမ်းပတာ ဖြစ်လာလိမ့်မယ်။ ခင်ဗျားဆန္ဒမရှိရင်တောင် အဆုံးကျသူတို့ကို အားကိုးရဦးမှာပဲ။ သူတို့တွေက လူသစ်စုဆောင်းနေပြီဆိုတာက သူတို့တွေက စွမ်းအားရှင်အဖွဲ့အစည်းကို အပြည့်အဝ ထိန်းချုပ်ချင်နေတယ်ဆိုတဲ့ အကောင်းဆုံးသက်သေပဲလေ”
ယွင်ချဲ့သည် ထိုအချက်၌ တမင်တကာ ရပ်လိုက်လေ၏။ လေ့တာ့ရှန်နှင့် ချန်ဟွားနှစ်ယောက်လုံးသည် မျက်မှာထက်၌ သုန်မှုန်သည့် အမူအရာတစ်ခု
ရှိနေလေပြီး သူတို့ဝန်ခံသည်ဖြစ်စေ မဝန်ခံသည်ဖြစ်စေ ယွင်ချဲ့ပြောတာက အမှန်ပဲဖြစ်၏။ သူတို့သည် ကျန်သည့်သူများ ထိန်းချုပ်တာ မခံချင်လျှင် အခြေစိုက်စခန်းကနေ ထွက်သွားရမည်။ သို့သော် အနောက်တောင်ဒေသတစ်ခုလုံး၌ အနောက်တောင်အခြေစိုက်စခန်းထက် ပိုလုံခြုံသည့် ကျန်သည့်အခြေစိုက်စခန်းမရှိပေ။ သူတို့အားလုံး၌ ကျွေးမွေးရန် ကိုယ်ပိုင်မိသားစုများ ရှိသော်ငြား အစာသွပ်မုန့်ကို စားရန်အတွက် ကျန်သည့်သူများကို မျက်နှာချုသွေးတာမျိုး မလုပ်နိုင်ပေ။
“ဒါဆို ငါတို့ ဘာလုပ်သင့်လဲ”
“သိပ်ကိုရိုးရှင်းပါတယ် ဝမ်နဲ့ဝေ့စစ်တပ်က ကိစ္စရပ်တွေကို လှည့်စားပြီးလုပ်နေတာဆိုတော့ ကျုပ်တို့က ဗိုလ်ချုပ်မော့ အာဏာရအောင်လို့ ပွင့်ပွင့်လင်းလင်း ကူညီပေးသင့်တယ် ဒါမှ မော့စစ်တပ်က အစိုးရကို အစားထိုးနိုင်ပြီး စွမ်းအားရှင်အဖွဲ့အစည်းကို ထိန်းချုပ်နိုင်မှာ”
ယွင်ချဲ့သည် သူတို့ကို သံသယဝင်ခိုင်းမည့်အစား ပွင့်ပွင့်လင်းလင်းပဲပြောလိုက်၏။ သို့သော်ငြား သူ၏ကိုယ်ပိုင် အကျိုးအမြတ်မျှအတွက် ပြုလုပ်တာမဟုတ်ပေ။ ယင်းက နှစ်ဦးနှစ်ဖက် အဆင်ပြေသော အခြေအနေပဲ ဖြစ်သည်။ သူတို့သည် စွမ်းအားရှင်အဖွဲ့အစည်းကို ထိန်းချုပ်ရာ၌ မော့ဝမ်းယန်ကို ကူညီပေးပြီး စစ်တပ်နှင့်စွမ်းအားရှင်များကြားရှိ ပေါင်းကူးတံတား ဖြစ်လာခဲ့လျှင် စွမ်းအားရှင်များက မမျှမတဆက်ဆံခံရတော့မှာမဟုတ်။ စစ်တပ်သည် သူတို့၏လူများဖြင့်သာ ဖြေရှင်းရလိမ့်မည်။ သူတို့က လိုအပ်သည့်အချိန်တွင် ပူးပေါင်းပေးမည်ဖြစ်ကာ လုပ်သင့်သည့်တာဝန်ကို လုပ်ဦးပေမည် သူတို့ ဆုံးရှုံးမှုမရှိ။ မည်သူ့ကိုမှလည်း ကပ်ဖားနေရန် မလိုအပ်တော့ပေ။ အလွန်ဆုံးမှ သူတို့သည် မော့ဝမ်းယန်လိုအပ်သည့်အချိန်၌ အကူအညီ ပေးရန်သာဖြစ်သည်။
“ဝမ်နဲ့ဝေ့စစ်တပ်က စွမ်းအားရှင်အဖွဲ့အစည်းထဲ တိတ်တဆိတ် ဝင်ပါ‌နေပြီးသား မော့စစ်တပ်တစ်ခုပဲ ဝင်မပါသေးတာလို့ ပြောတာလား။ ငါတို့တွေက ဗိုလ်ချုပ်မော့အာဏာရအောင် ကူညီပေးခဲ့ရင် စွမ်းအားရှင်အဖွဲ့အစည်းထဲမှာ သုံးပိုင်း ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ ဝေ့နဲ့ဝမ်စစ်တပ်က အတူပူးပေါင်းမယ်ဆိုရင်တော့ မော့စစ်တပ်က ထိန်းချုပ်မဲ့သူ တစ်ယောက်တည်းရှိတာကြောင့် သူတို့ကို မရှုံးနိုင်ဘူးလား။ လက်ရှိအခြေအနေကို အကဲဖြတ်ကြည့်ရင် ဒါက အကောင်းဆုံး ဖြေရှင်းနည်းပဲလေ”
ခေါင်းဆောင်အနေဖြင့် ချန်ဟွားသည် ယွင်ချဲ့ပြောပြရန် ကြိုးစားနေသည့်အရာကို နားလည်ရန် အချိန်သိပ်မယူလိုက်ရပေ။ သို့သော်ငြား ယွင်ချဲ့၌ အကျိုးအမြတ်မရှိဟု မဆိုလိုပေ။ ကမ္ဘာပျက်ကပ်နေ့၌ တစ်ကိုယ်ကောင်းမဆန်သည့်သူ ဟူ၍အရှိ။ နှိုင်းယှဉ်ကြည့်လျှင် မော့စစ်တပ်ကို ကိုယ်စားပြုသည့်ယွင်ချဲ့က အလွန်ပွင့်လင်းပြီး သူတို့ကို ဘာမှမဖုံးကွယ်ထား၊ သူတို့နောက်ကွယ်၌ ကျင့်ဝတ်မရှိသည့် ကိစ္စရပ်များကို ပြုလုပ်သည့်သူများနှင့်မတူပေ။ သူတို့ ရွေးချယ်မှုတစ်ခု ပြုလုပ်ရမည်ဆိုလျှင် မော့စစ်တပ်ကို သေချာပေါက် ရွေးချယ်မည်။
“ဟုတ်တယ် ဒါပေမဲ့ ပြဿနာက စွမ်းအားရှင်အဖွဲ့အစည်းကိုရဖို့ တာဝန်ယူတဲ့လူကို ဘယ်လိုပြောင်းလဲကြမလဲ ကျုပ်တို့တွေက အင်အားနည်းနည်းလေးရှိတဲ့ သာမန်လူတွေဖြစ်ရုံပဲ စစ်တပ်နဲ့အစိုးရကို ဘယ်လိုရင်ဆိုင် တိုက်ခိုက်မှာလဲ”
လေ့တာ့ရှန်သည် သဘောတူညီကြောင်း ခေါင်းညိတ်လိုက်ပြီးနောက် လက်တွေ့ကျသော မေးခွန်းတစ်ခုကို မေးလိုက်လေ၏။ စွမ်းအားရှင်များ ပေါင်းစည်းထားလျှင် သိသာသည့် အင်အားတစ်စု ဖြစ်လာမည် ဖြစ်သော်ငြား ပြဿနာက သူတို့ကြားထဲ၌ စည်းလုံးညီညွတ်မှုမရှိသည့်အချိန်၌ စွမ်းအားရှင်များကို မည်ကဲ့သို့ စုစည်းရမည်နည်း။ ထို့အပြင် သူတို့က လူအများစု မဆန့်ကျင်ချင်သော အစိုးရနှင့်စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ရမှာဖြစ်သည်။ အများစုက ဝင်စွတ်ဖက်ကြမှာမဟုတ်ပေ။
“ဟားဟား လွယ်ပါတယ် ဘယ်ခက်ခဲတဲ့ တာဝန်မှမယူနဲ့ ပုံမှန်တာဝန်လေးတွေပဲယူပြီး သူတို့ကို တိုက်ခိုက်ခိုင်းလိုက်။ ပြီးရင် မင်းတို့ အဖွဲ့သားတွေက စောဒကလိုက်တက် ကျန်တဲ့အဖွဲ့တွေကိုလည်း ထပ်တူညီ ခံစားရအောင်လုပ်ပြစ် အနှောက်အယှက် အဟန့်အတားကို မခံစားမိတဲ့ အဖွဲ့တွေကိုတောင် ကပ်ဘေးကို သတိထားမိလာအောင် ပျိုးထောင်ပေးဖို့ နည်းလမ်းစဉ်းစားကြ လူသားတွေ ဘာလုပ်နိုင်တယ်ဆိုတာ ဘယ်တော့မှ လျှော့မတွက်နဲ့၊ အထူးသဖြင့် လူတိုင်းရဲ့အကျိုးအမြတ်ကို စွန့်စားနေကြတဲ့ အခြေအနေမှာလေ ဒါက ခင်ဗျားရဲ့တာဝန်ပဲ ချောင်ယန်းနဲ့ထိပ်ဦးအတွက်တော့ ကျုပ်တို့တွေက ကျုပ်တို့ရဲ့ အနိုင်ယူလို့မရတဲ့ မှတ်တမ်းကို ထိန်းထားရမယ် ဒါမှ တတိယနေရာကလူတွေ ကျုပ်တို့ကို ကျော်တက်ဖို့အခွင့်အရေး ဘယ်တော့မှ မရှိမှာ ဒီ‌နည်းနဲ့ဆို ကျုပ်တို့က အယုံကြည်ရဆုံးဆိုတာကို ကျန်တဲ့အဖွဲ့တွေနဲ့ စွမ်းအားရှင်များကိုလည်း သိခွင့်ပေးရာရောက်သွားမယ် ဗိုလ်ချုပ်မော့အတွက်ကတော့ ရှင်းကို ကျုပ်အကြောင်းကြားလိုက်မယ် သူက ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီး တိတ်တဆိတ် စစ်ဆင်နိုင်တာပေါ့ ခင်ဗျားတို့ကို မျှဝေပေးဖို့အတွက် အချက်အလက်အတိအကျ မရှိသေးဘူး ဒါပေမဲ့ စိတ်မချမ်းမြေ့စရာတွေက အဆင့်တစ်ခုထထရောက်နေပြီး ခင်ဗျား‌တို့တွေက လက်ရှိခေါင်းဆောင်က တာဝန်ဝတ္တရားပျက်ကွက်တဲ့အ‌တွက်ကြောင့် သူ့ကို အစားထိုးဖို့အတွက် လူတိုင်းကို လိုက်ပြောရမယ် ပြီးရင် စွမ်းအားရှင်တွေကို အဖွဲ့အစည်းရဲ့ ခေါင်းဆောင်နေရာအတွက် မဲပေးခွင့်ရအောင် အကြံပြုခိုင်း ချောင်ယန်းနဲ့ထိပ်ဦးက ပြီးရင် လူတိုင်းကိုခေါ်ပြီး ဗိုလ်ချုပ်မော့ကို ထောက်ပံ့ပေးမယ် အောင်မြင်မယ်လို့ တစ်ရာရာခိုင်နှုန်း သေချာမပြောနိုင်ပေမဲ့ အောင်မြင်ဖို့ အခွင့်အရေး အလွန်မြင့်မားတယ်ဆိုတာ ကျုပ်ယုံကြည်တယ်”
ယင်းက ယွင်ချဲ့ပြောသည့် အခွင့်အလှမ်းပဲဖြစ်သည်။ ရှင်းဖုန်းနှင့် မော့ဝမ်းယန်၏ လက်ရှိစီမံခန့်ခွဲမှုဖြင့် သူတို့သည် စွမ်းအားရှင်များကို ထိန်းချုပ်နိုင်ရန် အနည်းဆုံး လအနည်းငယ် အချိန်ယူရပေလိမ့်မည်။ ယခု ဝမ်နှင့် ဝေ့တပ်ဖွဲ့သည် သူတို့ကို ထိုသို့ပြုလုပ်ကန် အခွင့်အရေး ရူးမိုက်စွာ ပေးလာသောကြောင့် ၎င်းကို အသုံးမချလျှင် ဖြုန်းတီးရာရောက်သွားလိမ့်မည်။
“ငါတို့ ဒါလုပ်နိုင်တယ် ဒါပေမဲ့ ကျုပ်တို့ကို ကျေးဇူးပြုပြီး ရိုးရိုးသားသားပြောပေးပါ ခေါင်းဆောင်ယွင် ခေါင်းဆောင်ယွင်နဲ့ မော့စစ်တပ်ကြားက ဆက်ဆံ‌ရေးကို ဘေးချိတ်ထားလိုက် မော့စစ်တပ်ကို ဘယ်လိုထင်လဲ သူတို့တွေက စွမ်းအားရှင်အဖွဲ့အစည်းကို ထိန်းချုပ်ပြီးတဲ့နောက် ဝေ့နဲ့ဝမ်စစ်တပ်လိုပဲ တူညီတဲ့လမ်းစဉ်အတိုင်း ပြုမူခဲ့မယ်ဆိုရင်ရော အတွေးများလွန်းတယ်ဆိုပြီး ငါတို့ကို အပြစ်မတင်နဲ့ ဒါပေမဲ့ ပျော်ရွှင်ခြင်းအဖွဲ့ထဲမှာ လူရာချီရှိနေတာ သုံပုံနှစ်ပုံက သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေပဲ ငါတို့တွေက စစ်တပ်ရဲ့ နယ်ရုပ်တွေအ‌ဖြစ် အသုံးချခံရပြီး တစ်နေ့ကျ ငါတို့အသက်စတေးပြီး အဆုံးသတ်ရမယ်ဆိုရင် ခွေးခွေးချင်းစားတဲ့ လောကကြီးမှာ သူတို့ဘယ်လိုအသက်ရှင်ရမလဲ”
ချန်ဟွားသည် ကရုဏာသက်မှုရရန် ကြိုးစားနေတာ မဟုတ်ပေ။ အ‌ခြေစိုက်စခန်းအတွင်းရှိ အဆင့်လေးအဖွဲ့အနေဖြင့် သူနှင့် သူ့အဖွဲ့ဝင်များသည် စားစရာနှင့် နေ့စဉ်သုံးပစ္စည်းများ ချို့တဲ့ခြင်းမရှိပေ သို့သော် သူပြောတာမှန်ပေ၏။ အခြေစိုက်စခန်းထဲ၌ မည်သည့်စွမ်းအားရှင်အဖွဲ့ကများ သူတို့နှင့်အတူ မိသားစုမရှိဘဲ နေမည်နည်း။ ချောင်ယန်းနှင့် ထိပ်ဦးကတောင် သူတို့ကာကွယ်ရန်လိုအပ်သည့်လူ‌များစွာ ရှိ‌နေ၏။ သူတို့ကဲ့သို့ ရှေ့တန်းတင် အသက်ခံရနိုင်ပြီး ဒုတ္ခိတဖြစ်နိုင်သူများဆိုလျှင် သူတို့က စတေးခံခဲ့ရပါက ထိုလူများက မည်သူတို့ကို အားကိုးရမည်နည်း။
“ငါ့မှာလည်း ထောက်ပံ့ပေးစရာ မိသားစု‌ရှိသေးတယ်။ မော့စစ်တပ်ကို ထောက်ပံ့ပေးရတဲ့ အဓိကအကြောင်းအရင်းက ရှင်းဖုန်းဆိုတာ ငါ မငြင်းဘူး။ ဒါပေမဲ့ ငါက ကိစ္စရပ်တွေကို မျက်စိစုံမှိတ်လုပ်တတ်တဲ့သူ မဟုတ်ဘူးလေ သူတို့‌တွေ ယုတ်မာကောက်ကျစ်တဲ့အရာတွေ ပြုလုပ်နေရင် မော့စစ်တပ်ကို ကျုပ်ထောက်ပံ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ခင်ဗျားတို့တွေက ဗိုလ်ချုပ်မော့ကို တွေ့ဖူးပါတယ် ဝမ်နဲ့ဝေ့စစ်တပ်ရဲ့ခေါင်းဆောင်တွေက အရင်တာဝန်မှာ သေဆုံးသွားတဲ့အချိန် ကျန်တဲ့သူတွေက သူတို့ရဲ့ ကျန်ရှိတဲ့ ထူးချွန်ထက်မြတ်တဲ့ စစ်သားတွေကိုဖယ်ပြီး သူတို့ရန်သူကို အားနည်းဖို့ အခွင့်အရေးရအောင် ကြိုးစားမှာသေချာတယ် ဒါပေမဲ့ ဗိုလ်ချုပ်မော့က ဘာလုပ်လို့လဲ သူက အားလုံးကိုတန်းတူညီမျှ ဆက်ဆံတယ် အဲ့ဒီကနေ ကျုပ်တို့ရည်ရွယ်ချက်ကို မြင်ရတယ်ဆိုပေမဲ့ သူက စစ်သားတွေရဲ့အသက်ကို ဂရုစိုက်တယ် ကျန်တဲ့တပ်ဖွဲ့က စစ်သားတွေကိုလည်း ဂရုစိုက်တယ် ဒီတော့ သူက စွမ်းအားရှင်တွေကို ဆိုးဆိုးဝါးဝါး ဆက်ဆံမှာမဟုတ်ဘူး။
သူ့ရည်မှန်းချက်အတွက်ကတော့ သူ့မှာ ရည်မှန်းချက်မရှိရင် သူ့ကိုထောက်ပံ့‌ပေးမဲ့အစား အခြေစိုက်စခန်းကနေ ကျုပ်ထွက်သွားလိုက်မယ်လို့ပဲ ပြောနိုင်တယ် အောင်မြင်တဲ့ခေါင်းဆောင်တစ်ယောက်က ရည်ရွယ်ချက်မရှိဘဲ အခြေစိုက်စခန်းတစ်ခုကို ဘယ်လိုများ အမိန့်ပေးနိုင်မှာလဲ”
ယွင်ချဲ့က အလေးအနက် ပြောနေတာဖြစ်ပြီး သူ၏အမူအရာက တည်ကြည်နေကာ သူ၏စွဲဆောင်နိုင်သော မျက်ဝန်းများက တောက်ပနေလေ၏။ ချန်ဟွားနှင့် လေ့တာ့ရှန်တို့က တိတ်ဆိတ်သွားတော့၏။ ယွင်ချဲ့အပေါ် သူတို့ နားလည်သဘောပေါက်ထားမှုအရ ယင်းက ကိစ္စရပ်များကို ဆောင်ရွက်သော သူ၏နည်းလမ်းပဲဖြစ်သည်။ သို့ဆိုလျှင် သူတို့အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်မည်လော။
“မပေါက်ကြားစေသင့်တဲ့ နောက်ထပ်ကိစ္စတစ်ခုရှိသေးတယ်။ ဒါပေမဲ့ ခင်ဗျားတို့ကို ကျုပ်ယုံတယ် ဒါကြောင့် နည်းနည်းပြောပြမယ် ကျုပ်တို့ တာဝန်ဆောင်ရွယ်ဖို့ ခရိုင်မြို့တော်ကို သွားတဲ့အချိန် ရှင်းရဲ့ သုတေသနအဖွဲ့ကို မြို့တော်ကနေ ကြိုတင်သုတေသန အဆိုပြုချက်တွေလုပ်ဖို့ ပြန်ခေါ်လာခဲ့တယ် တစ်ချက်ကတော့ အဆင့်နိမ့်သလင်းအမြုတေတွေကို လက်နက်လုပ်ပြီး အဆင့်နှစ်နဲ့ အဆင့်သုံးဖုတ်ကောင်တွေကို စွမ်းအားရှင်တွေရဲ့ အရည်အချင်းနဲ့ ယှဉ်နိုင်တဲ့ထိခိုက်မှုကို ဖြစ်စေတဲ့ စစ်လက်နက်တွေ ဖန်တီးဖို့ပဲ ဒုတိယနဲ့တတိယအချက်ကတော့ ဖုတ်ကောင်ဗိုင်းရပ်စ်အတွက် ဖြေဆေးရှာဖို့နဲ့ စွမ်းအားတွေပြန်ဖြေဖို့ အာဟာရဓာတ်‌ ဖော်ဖို့ပဲ”
ယွင်ချဲ့သည် သူတို့၏ တုံ့ပြန်မှုကို မြင်တွေ့ပြီးနောက် သူတို့ကို သွေးဆောင်ရန် ကြိုးစားလိုက်၏။
“တကယ်လား”
ချန်ဟွားနှင့် လေ့တာ့ရှန်၏မျက်လုံးက ပြူးကျယ်သွားတော့၏။ သူတို့သည် ထိုသုံးမျိုးကို သုတေသနပြုလုပ်ရာ၌ အောင်မြင်ခဲ့မည်ဆိုလျှင် သူတို့နေထိုင်ရာရပ်ဝန်းက ကျယ်ပြန့်လာမည်ဖြစ်ကာ ချောင်ယန်းကို မှီခိုအားထားရန် မလိုတော့ဘဲ မြို့သို့သွားကာ အထောက်အပံ့များ ရှာနိုင်လိမ့်မည်။ သာမနလူများကလည်း ဝင်ပါလာနိုင်မည်ဖြစ်ကာ သူတို့ ယခုလောက် ကန့်သတ်ခံထားရမှာ မဟုတ်တော့ပေ။
“ဒါပေါ့ ကျုပ်ဒီကိစ္စတွေကို နောက်နေတာမဟုတ်ဘူး ဒါပေမဲ့ သုတေသနအသင်းဆိုတာ စွမ်းအားရှင်အဖွဲ့အစည်းလိုပဲ စစ်တပ်သုံးဖွဲ့လုံးက ဘယ်သူမှမပိုင်ဆိုင်ဘူးဆိုတာ သိထားသင့်တယ် ကျုပ်တို့အခု သုတေသန်လုပ်နေတာ ဦးတည်ချက်တစ်ခုရှိတယ် ဒါပေမဲ့ ပြဿနာက သုတေသနလုပ်တာ အောင်မြင်ပြီးရင် ရောက်လာလိမ့်မယ် ဝမ်နဲ့ဝေ့စစ်တပ်ရဲ့ သဘောထားအရ ထွင်လာတဲ့ထုတ်ကုန်တွေကို ကျုပ်တို့ဆီ ပေးမယ်လို့တောင် ထင်လား၊ ကျုပ်တို့ အဲဒါတွေကို သုံးလို့ရမယ်ဆိုရင်တောင် အဲ့ဒီပစ္စည်းတွေအတွက် တန်ကြေးကြီးကြီးပေးဖို့ မလိုအပ်ဘူးလား ခင်ဗျားဒီအကြောင်းကို မသိလောက်ပေမဲ့ ကျုပ်ကသာ ရှင်းဖုန်းကို သလင်းအမြုတေတွေက စွမ်းအားရှင်တွေအတွက် စွမ်းအားမြှင့်တင်ပေးပြီး ပြန်လည်ဖြည့်ပေးနိုင်ကြောင်း ပြောပြပေးတဲ့သူပဲ ရှင်းဖုန်းက စစ်တပ်သုံးဖွဲ့နဲ့အစိုးရကို ချက်ချင်းပြောပြခဲ့တယ် မော့စစ်တပ်က သလင်းအမြုတေတွေရဲ့ အသုံးပြုပုံကို ကြေငြာဖို့ထောက်ခံတယ် ဒါပေမဲ့ ကျန်တဲ့သူတွေက စစ်တပ်ရဲ့အင်အားကို အရင်တိုးအောင် လုပ်ချင်နေတာ မော့စစ်တပ်လည်း ရွေးချယ်စရာမရှိဘဲ အများသဘောလိုက်ရတာ ဒီတော့သူတို့တွေက အဆုံးထိ ဒီကိစ္စကို မကြေငြာရုံတင်မကဘူး တာဝန်တစ်ရပ်အနေနဲ့ အဲဒါကို ဖုံးကွယ်ပြီး သလင်းအမြုတေတွေစုဆောင်းဖို့ သူတို့ကို အားလုံးကူညီအောင်လို့တောင် လှည့်စားခဲ့သေးတယ် (၁၅:၄၁)ကျုပ်တို့နဲ့ပူးပေါင်းပြီး တာဝန်တွေကို ဆောင်ရွက်ပြီးမှ သလင်းအမြုတေတွေရဲ့ လျို့ဝှက်ချက်က ကျုပ်တို့တွေက အခက်အခဲတချို့နဲ့ ပြီးမြောက်အောင် ဆောင်ရွယ်ခဲ့ရတယ် သလင်းအမြုတေတွေရဲ့ လျို့ဝှက်ချက်က ချောင်ယန်းနဲ့ ထိပ်ဦးကနေ ပေါက်ကြားလာတာလေ မဟုတ်ရင် လူတိုင်းက သူတို့ သလင်းအမြုတေတွေ စုဆောင်းတာမှာ ရူးရူးမိုက်မိုက်နဲ့ ကူညီပေးနေဦးမှာပဲ”
ထိုကိစ္စကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသောကြောင့် နှစ်ယောက်လုံးက သံသယမဝင်ကြပေ။ တာဝန်ပေးအပ်သည့်စစ်တပ်ကို ထိုစဉ်က အမေးထုတ်ခဲ့၏။ သို့‌သော် ကျန်သည်များက အစိုးရ၏ ဝင်ရောက်စွတ်ဖက်မှုကြောင့် မဖြေရှင်းရသေးပေ။ ထိုအ‌ဖြစ်အပျက်ကို တွေးလိုက်ချိန်တိုင်း၌ သူတို့က ထိုစဉ်က အရူးများနှင့်တူနေသည်ဟု ခံစားမိ၏။
“ကောင်းပြီ လောင်းကြေးထပ်ကြည့်တာပေါ့ မင်းနဲ့အလုပ်လုပ်မယ် ခေါင်းဆောင်ယွင်”
စီးကရက်မီးညှိပြီး အနည်းငယ်ဖွာပြီးနောက် ချန်ဟွားသည် တွေဝေခြင်းမရှိ ဆုံးဖြတ်လိုက်၏။ မော့စစ်တပ်က ယုံကသည်ဖြစ်စေ မယုံရသည်ဖြစ်စေ သူတို့က သူ့ကို ယုံဖို့သာ ရွေးချယ်နိုင်၏။ နားမလား ဆက်သွားမလား အဆိုးဆုံးအခြေအနေကျ အခြေစိုက်စခန်းမှ ထွက်သွားနိုင်၏။ ဆက်တိုက်အနိုင်ကျင့်ခံရခြင်းထက် မည်သည့်အရာက ပိုဆိုးနိုင်မည်နည်း။
“ငါ့ကိုပါ ထည့်တွက်လိုက် ယွင်ချဲ့ပြောသလိုပဲ ဗိုလ်ချုပ်မော့ ထိန်းချုပ်မှုရအောင် အရင်ဆုံး ကူညီပေးမယ်”
လေ့တာ့ရှန်ကလည်း ဝင်ပါလိုက်၏။ အမှန်တကယ်တွင် ယွင်ချဲ့ကသူ့ကို ယနေ့ အားလုံးမပြောပြလျှင် သူက ရွေးချယ်မှုတစ်ခု အမှန်တကယ် ပြုလုပ်ကချိန်၌ ထိပ်ဦးနှင့်တစ်ဖက်တည်း ရပ်နေဦးမှာပဲဖြစ်သည်။ ကမ္ဘာပျက်ကပ်အတွင်းရှိ လူများသည် နားမလည်နိုင် အားမကိုးရတာများသော်ငြား သူသည် ယွင်ချဲ့ကို အလွန်ယုံကြည်၏။ ယွင်ချဲ့ကလည်း သူတို့ကို အမြဲတမ်းယုံကြည်သည်။
“ဟားဟား ခင်ဗျားတို့‌တွေ ဒီအ‌တွက် နောင်တမရပါဘူး”
သူတို့ကို လက်ခံအောင် ပြောပြနိုင်ပြီးနောက် နောက်ဆုံးတွင် ယွင်ချဲ့သည် လေထုအကာအရံကို ဖယ်ရှားလိုက်ပြီး ရေတစ်ငုံသောက်လိုက်၏။ ပြီးနောက် စွမ်းအာားရှင်အဖွဲ့အစည်း၏ ခန်းမထဲ၌ တိုးလာသော လူများကို တစ်ချက်ကြည့်လိုက်သည်။ ယခုသူက အဖွဲ့များကို သူတို့တာဝန်များ ချမှတ်ပေးရန် လှုံ့ဆော်ပေးရမှာဖြစ်၏။ ထိပ်ဦးသည် လွန်ခဲ့တဲ့ရက်အနည်းငယ်တွင် သိုသိုသိပ်သိပ် နေနေခဲ့သောကြောင့် သူ့အတွက် ပြပွဲကို ခိုးယူရန် အချိန်ကျရောက်လာပေပြီ။
“ခေါင်းဆောင်ယွင် ခင်ဗျား တကယ် လှည့်စားတတ်တာပဲ”
သူ၏မျက်နှာပေါ်ရှိ အပြုံးနှင့် မျက်ဝန်းထဲရှိ ညစ်ကျယ်ကျယ်နိုင်မှုကို မြင်ပြီး ချန်ဟွားနှင့် လေ့တာ့ရှန်က အကြည့်ချင်းဖလှယ်ကာ သူ့ကို ပြောဆိုလိုက်ကြ၏။ သူဘာမှ ကောင်းတာမရှိမှန်း သိနေ၏။ သို့သော် ယင်းက သူတို့အတူ ပူးပေါင်းဆောင်ရွက်ရာ၌ သူတို့ရဲ့ ခံယူချက်ကို မြင့်တက်လာစေကာ ယွင်ချဲ့က ပိုကောက်ကျစ်လေ သူတို့က ပိုယုံကြည်လာလေဖြစ်၏။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset