YMR- အခန်း ၁၆၁

အခန်း ၁၆၁။

အခွင့်အရေးကို အရယူခြင်း
အိမ်ပြန်လည်ပြုပြင်သည့်ကိစ္စကို ယဲ့ရှင်းချန်အား လွှဲအပ်ထားချိန်မှစပြီး ယွင်ချဲ့က ထိုအကြောင်းကို မေးမနေတော့ချေ။ မုန့်ရွှီး ပြန်ကောင်းလာပြီးနောက် ယွင်ချဲ့ကိုယ်တိုင် သူ၏အဖွဲ့ကို ဦးဆောင်လျက် တာဝန်များ ဆောင်ရွက်သည်။ ကူးမင်ရွှမ်းပြောသည့်အတိုင်း အဖွဲ့အသစ်များက အမှန်တကယ် သန်မာလွန်းပြီး ဆယ်ရက်မပြည့်မီ၌ ကျော်ကြားမှုများစွာ ရရှိလာတော့သည်။ ယွင်ချဲ့သည် သူ၏လူများဖြင့် စွမ်းအားရှင်အဖွဲ့သို့ ရောက်သည့်အချိန်၌ အရှင်သခင်မလေးများဟူ၍ အမည်ရသော အမျိုးသမီးအဖွဲ့က လူစုဆောင်းနေတာကို တွေ့လိုက်ရသည်။ ထိုအဖွဲ့များသည် လွန်ခဲ့သည့်ရက်အနည်းငယ်က တစ်ကိုယ်တော်စွမ်းအားရှင်များစွာကို စုဆောင်းခဲ့ကြောင်း လန်ယဲ့ဟန်က သူ့ကို ပြောပြ၏။ သူတို့၏ စွမ်းအားအဆင့်ကို အမှုမထားပေ။ သူတို့ ဝင်လိုစိတ်ရှိသ၍ သူတို့မိသားစုနှင့်အတူ သူတို့ကို လက်ခံလိမ့်မည်။ အရှင်သခင်မလေးများသည် ကျန်သည့်အဖွဲ့သုံးခုနှင့် ကွာဟသည့် တစ်ခုတည်းသောအချက်က ၎င်းတို့သည် အမျိုးသမီးစွမ်းအားရှင်များကိုသာ စုဆောင်းတာဖြစ်သည်။ သူတို့၏ မိသားစုဝင်များကို ခေါ်လာနိုင်သော်ငြား အဖွဲ့ထဲသို့ ဝင်မည့်သူက အမျိုးသမီးတစ်ဦး ဖြစ်ရမည်။
စွမ်းအားရှင်အများစုသည် သူတို့က အမျိုးသားများကို ခွဲခြားနေသည်ဟု ပြက်ရယ်ပြုခဲ့ကြသည်။ သို့သော်ငြား အမျိုးသမီးများက စိတ်ထဲမထားဘဲ သူတို့သည် အမျိုးသားများ၏ပုံစံမျိုးစုံကို သဘောကျကြောင်းတောင် စနောက်ခဲ့လေရာ အမျိုးသားများကို ရှက်ရွံ့သွားစေတော့သည်။
“ဟေး ရှင်းလန် နင် လူထပ်ခေါ်နေပြန်ပြီဆိုတာ တွေ့လိုက်ရတယ် ဒီနေ့မင်းတာဝန်မှ မလုပ်ဘူးလား”
နောက်ထပ်စွမ်းအားရှင် အဖွဲ့ခေါင်းဆောင်က ရှေ့တက်လာ၏။ သူ၏ ကောက်ကျစ်သော အကြည့်များသည် သူက ဘာမှမကောင်းကြောင်း သိသာလွန်းနေ၏။ အရှင်သခင်မလေးများ၏ ခေါင်းဆောင် ဖုန်းရှင်းလန်သည် ထရပ်လိုက်လေ၏။ လူတိုင်းက သူမ ဒေါသတကြီး ထထွက်သွားတော့မည်ဟု တွေးလိုက်မိသည့်အချိန်၌ သူမ၏ လှပသောမျက်နှာထက်၌ အပြုံးတစ်ပွင့် ပေါ်လာသည်။
“ခေါင်းဆောင်ကျန်းက ကျွန်မတို့ကို အကြောင်းမဲ့သက်ကက် ကုန်းဆင်းလို့ရမဲ့လူတွေလို့များ တွေးနေတာလား”
ထိုစကားကို ကြားသောအခါ ခေါင်းဆောင်ကျန်းက ချက်ချင်း နောက်ဆုတ်သွားလေ၏။ တရုတ်နိုင်ငံတွင် အမျိုးသမီးများသည် အမျိုးသားများ အထင်သေးတာခံရပြီး ကမ္ဘာပျက်ကပ်ပြီးနောက် အမျိုးသမီးများ၏အဆင့်အတန်းက ပိုတောင် နိမ့်ကျသွား၏။ လူတစ်ယောက်၏ စွမ်းရည်ပေါ်အရာအားလုံး မှီခိုအားထားရသော ကမ္ဘာပျက်ကပ်ပြီးနောက် အမျိုးသမီးများ၏ အဆင့်အတန်းက ပိုလို့တောင် နိမ့်ပါးသွားသည်။ ထို့ကြောင့် သူ၏တာဝန်များ ပြီးမြောက်ရန်အတွက် အမျိုးသမီးတစ်စုကို အားကိုးရာနေရသောကြောင့် ခေါင်းဆောင်ကျန်းက ရှက်ရွံ့သွားသည်။
“ဟားဟား စိတ်ဝင်စားဖို့ကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပဲ သူမရဲ့စွမ်းအားက ဘာလဲ”
ယာဉ်ပေါ်ကနေဆင်းချိန် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ယွင်ချဲ့ကပြုံးလျက် သာမန်ကာလျှံကာ မေးလိုက်၏။ သူ၏လက်ထဲတွင်မူ ခွေးပေါက်လေးတစ်ကောင်အဖြစ် အရှက်မဲ့စွာ ကျုံ့သွားသည့် ဟေးယွီကို ပွေ့ချီထားလေ၏။
“မသိဘူး သူတို့နဲ့ အလုပ်တွဲမလုပ်ဘူး သူ့ကိုခေါ်ဖို့ တွေးနေတာလဖား ယွင်ချဲ့ ဒါအကြံကောင်းပဲ ငါတို့အဖွဲ့မှာ အမျိုးသားတွေများလွန်းတယ် ဒါကြောင့် မင်းတို့တွေအားလုံး ကွေးကုန်တာလေ အမျိုးသမီးအသစ်တချို့ ခေါ်လိုက် လှတာလေးဆို ပိုကောင်းတယ် မင်းတို့တွေအားလုံး ပြန်ဖြောင့်ကုန်လိမ့်မယ်လို့ အာမခံတယ်”
မည်သူမှ ဘာမှမပြောရသေးခင် ကျိုးဇယ်ယွီက အသံတိုးတိုးဖြင့် စကားရှည်ကြီးပြောလိုက်၏။ ကွေးသွားသည်ဟု အပြောခံထားရသော လန်ယဲ့ဟန်နှင့် ကျန်သည့်သူများကမူ သူ့ကို လျစ်လျူရှုထားလျက် စွမ်းအားရှင်အဖွဲ့ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်၏။ သို့ အရှက်ကွဲရာရနေကယ်သည့် တစ်ဦးတည်းသောသူက ယွင်ချဲ့သာဖြစ်၏။ သူက ဘေးကနေ လှမ်းကြည့်လိုက်သည်။
“မင်း အတွေးလွန်နေတာပဲ ငါ့ရဲ့အလိုလိုသိစိတ်ကိုရော ဟိုင်ရွှမ်းတောင် ရှင်းရဲ့အဖွဲ့ထဲ လက်ထပ်ပြီး ဝင်တော့မှာ ပြီးရင် မင်းပဲ”
“အမ်”
ယွင်ချဲ့သည် စကားပြောပြီးနောက် ထွက်သွားကာ ကျိုးဇယ်ယွီသည် ရှုံ့မဲ့လျက် ထိုနေရာတွင် အံ့ဩဆွံ့အကာ ရပ်ကျန်ရစ်တော့၏။ သူ‌ ကွေးသွားစရာ အကြောင်းမရှိပေ။ သူ၏ ပန်းတိုင်က မျက်နှာလှပြီး ခန္ဓာကိုယ်ကြည့်ကောင်းသည့်ဘအမျိုးသမီးတစ်ယောက်ကို ကိုယ်တိုင်ရှာရန်ဖြစ်၏။ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်လိုမျိုး ဘယ်လို အရည်အချင်းရှိနိုင်မှာလဲ။
“ခေါင်းဆောင်ဖုန်း အဲဒါက ထိပ်ဦးအဖွဲ့ရဲ့ခေါင်းဆောင် ယွင်ချဲ့မလား သူက အားနည်းပုံပေါ်တယ် သူက အစွမ်းထက်တာ သေချာရဲ့လား”
သူတို့သည် အရှင်သခင်မလေးများကို မြင်သည့်အချိန်၌ အရှင်သခင်မလေးများကလည်း သူတို့ကို သတိပြုမိ၏။ အထူးသဖြင့် ယနေ့တွင် ပထမဆုံးပေါ်လာသော ယွင်ချဲ့ပဲဖြစ်သည်။ အမျိုးသမီးများက တစ်ယောက်နှင့် တစ်ယောက် ပူးကပ်လျက် ဖုန်းရှင်းလန်၏နားနားကပ်ကာ တီးတိုးပြောလျက် မျက်နှာထက်တွင် သံသယများ ပြည့်နေ၏။
“ပါးစပ်ပိတ်ထား”
ဖုန်းရှင်းလန် လှည့်လာပြီး အသံတိုးတိုးဖြင့် သတိပေးလိုက်၏။
“အခုက ကမ္ဘာပျက်ကပ်ဆိုတာ နင်တို့ကို ဘယ်နှကြိမ် ပြောရမလဲ၊ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာက အရေးကြီးပေမဲ့ သူရဲ့စွမ်းအားက ပိုတောင်အရေးကြီးတယ်၊ ယွင်ချဲ့က အစွမ်းထက်တယ်လို့ လူတစ်ယောက်နှစ်ယောက်ကပဲ ပြောတယ်ဆိုရင် အချက်အလက် မှားယွင်းတာဖြစ်နိုင်တယ်၊ ဒါပေမဲ့ လူတိုင်း သူ့အကြောင်း ထပ်တူညီအောင် ပြောနေရင်တော့ ကိစ္စက မတူတော့ဘူးလေ သူက မိုးကြိုး၊ လေနဲ့ နယ်မြေ စွမ်းအားသုံးမျိုး ပိုင်ဆိုင်ထားတဲ့သူဆိုတာ မမေ့လိုက်နဲ့ အဲ့ဒီစွမ်းအားသုံးမျိုးက လူတိုင်း လိုချင်နေတာ မဟုတ်ဘူးလား ခေါင်းဆောင်က သူတို့နဲ့ရင်းနှီးအောင် နည်းလမ်းတစ်ခု ရှာခိုင်းထားတယ် စွမ်းအားရှင်တွေကြားထဲမှာ သူတို့ရဲ့ဂုဏ်သတင်းကိုဖျက်ဖို့ နည်းလမ်းတစ်ခုရှာခိုင်းထားတာ ငါတို့က သူ့ကို အထင်သေးဖို့ ဒီရောက်လာတာမဟုတ်ဘူး”
“ဟုတ်ကဲ့ပါ ကပ္ပတိန်ဖုန်း”
အဖွဲ့သားများကလည်း သတိပေးခံရပြီးနောက် အာရုံစိုက်ပြီး ရပ်နေ၏။ အကြမ်းဖျင်းဗဟုသုတ အနည်းငယ်ရှိသည့်သူတိုင်းက သူတို့၏နောက်ခံကို ပြောနိုင်သည်။ သို့သော် လူအများစုက ကန်းနေလေရာ သူတို့၏လှပသောမျက်နှာကိုသာ မြင်နိုင်၏။ စစ်တပ်ကလည်း အတွေးတချို့ ရှိပုံပေါ်၏။ အရှင်သခင်မလေးများမှ အမျိုးသမီးဆယ်ယောက်လုံးသည် ရုပ်ရည်အလွန် ကြည့်ကောင်း၏။ အထူသဖြင့် ကပ္ပတိန်ဖုန်းရှင်းလန်ပဲဖြစ်သည်။
“ယွင်”
မနက်စောစော၌ စွမ်းအားရှင်အဖွဲ့များစွာက စွမ်းအားရှင်အသင်း၏ခန်းမထဲ၌ တာဝန်များ ယူနေလေ၏။ ယွင်ချဲ့ဝင်လာတာကို မြင်သောအခါ လူတိုင်းကသူ့ကို ဦးစွာနှုတ်ဆက်ကြ၏။ သူတို့ထဲ၌ အရှုံးသမားအဖွဲ့မှ လေ့တာ့ရှန်သည် စိတ်အားထက်သန်ဆုံးဖြစ်သည်။ သူနှင့်အတူရှိနေသည်က ပျော်ရွှင်ခြင်းအဖွဲ့မှ ချန်ဟွားဖြစ်ပြီး သူသည်လည်း လက်ဝှေ့ရမ်းကာ နှုတ်ဆက်နေ၏။ သို့သော် သူ့စိတ်ထဲ၌ တစ်စုံတစ်ခု ရှိနေပုံပေါ်ကာ ခါတိုင်းလောက် တက်ကြွမှု ရှိမနေပေ။
“ဟိုင်း လေ့တာ့ရှန်၊ ဟိုင်းချန်ဟွား ငါလည်းဒီမှာ”
ယွင်ချဲ့၏လက်ပေါ်၌ သေသူပမာယောင်ဆောင်နေသော ဟေးယွီက ပခုံးပေါ်ရုတ်တရက် ထ‌ခုန်ပြီး ရှေ့လက်ကလေးကို‌မြှောက်ကာ စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်ရာ လေ့တာ့ရှန်နှင့် ချန်ဟွားနှစ်ယောက်လုံးကို ကြက်သေသေသွားစေ၏။ သူတို့ပါးစပ်အဟောင်းသား ဖြစ်နေလျက် ဤနေရာသို့ ဟေးယွီကို ခေါ်လာရသည့် အကြောင်းအရင်းကို အံ့ဩနေကြပုံပေါ်သည်။
“သိက္ခာရှိရှိနေ ဟေးယွီ၊ ဒါက မင်း သူတို့ကို နှုတ်ဆက်သင့်တဲ့ပုံလား”
ယွင်ချဲ့ကလည်း အံ့ဩဆွံ့အနေကာ သတိပေးသည့်အနေဖြင့် ခေါင်းခေါက်လိုက်၏။ ဟေးယွီက စိတ်မပျော်စွာ ပြောလိုက်‌တော့သည်။
“ဘာဖြစ်လို့လဲ ငါက သူတို့ထက် အသက်ပိုကြီး”
သူပြောတာ မပြီးသေးခင် မဖောက်ရသေးသော စွမ်းအင်ချောင်းက သူ၏ပါးစပ်ထဲထိုးသွင်း ခံလိုက်ရပြီး သူ ပေါက်တတ်ကရပြောတော့မှာကို ဟန့်တားလိုက်လေ၏။
“မင်းတို့တွေ ဘာကြောင့် အတူရှိနေတာလဲ ဘယ်တာဝန်ကိုယူဖို့ စီစဉ်နေတာလဲ”
နောက်ဆုံးတွင် ဟေးယွီကို ဖြေရှင်းပြီးနောက် ယွင်ချဲ့သည် အနေရခက်လျက် အကြောင်ူအရာကို စပြောလိုက်သည်။ သို့သော် လေ့တာ့ရှန်နှင့် ချန်ဟွား နှစ်ယောက်လုံးက စိတ်ပျက်သည့် အမူအရာ ပေါ်လာလေသည်။ ခဏအကြာတွင် ချန်ဟွားက မလှမ်းမကမ်းရှိ ထောင့်တစ်နေရာကို ညွှန်ပြပြီး ပြောလိုက်‌ေတာ့သည်။
“ငါတို့တွေ အဲ့ဒီမှာ စကားပြောကြမလား”
“ရတာပေါ့”
အရေးကြီးသည့်အရာမှန်း သိနေသောကြောင့် ယွင်ချဲ့သည် လန်ယဲ့ဟန်နှင့် ကျန်သည့်သူများကို မည်သည့်တာဝန်မှ မယူရန် မျက်လုံးဖြင့် အချက်ပြပြီးနောက် သူတို့နှစ်ယောက်နှင့်အတူ ထောင့်ဘက်သို့ လျှောက်သွားလိုက်၏။
“ခင်ဗျားတို့တွေ ဘာကြောင့် ဒီလောက်ထိ အလေးထားနေရတာလဲ ဘာဖြစ်လို့လဲ”
သူတို့သုံးယောက်လုံးသည် ထောင့်ဘက်ရှိ တစ်ယောက်ထိုင်ဆိုဖာလေးများပေါ်တွင် ထိုင်လိုက်၏။ ယွင်ချဲ့သည် သာမန်ရေပုလင်းသုံးပုလင်းကို ထုတ်ယူလိုက်သည်။ လူအများစုက ယခုအချိန်၌ သူတို့တာဝန်များကို ဆွေးနွေး‌နေကြသောကြောင့် သူတို့ကို သတိပြုမိသည့်သူ များများစားစား မရှိပေ။
“ငါ့ကို ပြောခွင့်ပေး”
နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ချန်ဟွားက သက်ပြင်းချကာ ပြောလိုက်တော့၏။
“ငါတို့တွေက စစ်တပ်နဲ့ တာဝန်တစ်ခု ထမ်းဆောင်နေတုန်းမှာ အဖွဲ့တွေ ရုတ်တရက် ပေါ်လာပြီး ထိပ်တန်းအဆင့်တွေ ယူသွားတာ မင်းကြားပြီးပြီလို့ထင်တယ်၊ ဟုတ်တယ်ဟုတ်၊ အဖွဲ့တွေထဲက တစ်ခုက ကမ္ဘာပျက်ကပ်အသူရာ သူတို့တွေက ငါတို့ကို စတုတ္ထနေရာထိတောင် ဆွဲချသွားတာ၊ ငါတို့တွေက သူတို့လောက် မသန်မာတော့ စောဒက မတက်နိုင်ဘူး၊ ဒါပေမဲ့ ကမ္ဘာပျက်ကပ်အသူရာက လွန်သွားပြီ သူတို့တွေက လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ငါတို့ယူသမျှတာဝန်တွေအားလုံးမှာ ဝင်ပါနေတယ်၊ တခြားအဖွဲ့တွေကိုတောင် ခေါ်လာခဲ့တာ လူတိုင်းက အမှတ်တွေရပြီး တာဝန်ပြီးတော့ ဆုလာဘ်တွေရတာကြောင့် ငါအဆင်ပြေပါသေးတယ်၊ ဒါပေမဲ့ တာဝန်တွေ ပြီးမြောက်ပြီးတာနဲ့ သူတို့တွေက ငါတို့ကို တမင်တကာ နှောင့်ယှက်တယ်၊ အခေါက်တိုင်းအားလုံးကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲ ငါတို့ တာဝန်ပြီး‌မြောက်သွားပြီးပြီဆိုတာနဲ့ သူတို့တွေက အရေတွက်များတာကို တွက်ပြီး သူတို့အဆင့် သတ်မှတ်ချက်တွေကို လျှော့ချပစ်တယ် သူတို့အဲ့လိုလုပ်တော့ ငါ သည်းမခံနိုင်ဘူး”
ချန်ဟွားက ဒေါသထွက်လွန်းပြီး စတင်ကျိန်ဆဲတော့၏။ လေ့တာ့ရှန်ကသူ့ကို ပခုံးပုတ်လျက် ပြောလိုက်တော့၏။
“ကမ္ဘာပျက်ကပ်အသူရာက တမင်တကာ တာဝန်အစဉ်လိုက်တွေကို နှောင့်ယှက်နေတာ သိသာတယ် ပြီးတော့ သူတို့တင်မကဘူးကျန်တဲ့ အရှင်သခင်မိန်းကလေူများနဲ့ ကျန်တဲ့အဖွဲ့နှစ်ခုကလည်း အဲ့လိုပဲ ပြုမူနေတာ ထိပ်တန်းအဖွဲ့နှစ်ဆယ်ထဲမှာ အများစုက သူတို့ဝင်နှောင့်ယှက်လို့ စိတ်ပျက်နေကြပြီ ငါတို့တွေက စွမ်းအားရှင်အဖွဲ့အစည်းဆီကို သွားပြောခဲ့ကြပေမဲ့ သူတို့က ဘာမှမလုပ်ပေးဘူး သူတို့ကို ရင်ဆိုင်ဖို့ ခက်ခဲတဲ့တာဝန်တွေယူရအောင် ခေါင်းဆောင်ချဲ့နဲ့ ဆွေးနွေးကြည့်ရုံပဲ ဒါပေမဲ့ အေအဆင့်ကနေ အက်စ်အဆင့်ထိတာဝန်တွေကို သူတို့ယူသွားတာ ကျန်တဲ့ အက်စ်အက်စ်အဆင့်နဲ့ အက်စ်အက်စ်အက်စ် အဆင့်ထိတာဝန်တွေကလည်း စိန်ခေါ်မှုများလွန်းတယ် ငါတို့သာ စိတ်လိုက်မာန်ပါ ယူလိုက်မယ်ဆိုရင် သေကြေမှုများမှာကို စိုးရိမ်ရတယ် ငါတို့ကိုယ်ငါတို့ သက်သေပြချင်ရုံနဲ့ ငါတို့ညီအစ်ကိုတွေရဲ့ အသက်ကို လောင်းကြေးထပ်ရလောက်အောင် မတန်ဘူးလေ”
ပြီးနောက် နှစ်ယောက်သားက သက်ပြင်းချလိုက်ပြန်၏။ ယွင်ချဲ့က စီးကရက်များထုတ်ပြီး သူတို့ကို တစ်ယောက်တစ်လိပ်စီပေးလိုက်၏။ မီးညှိပြီးနောက် သူက ပြောလိုက်သည်။
“စွမ်းအားရှင်အဖွဲ့အစည်းက သူတို့ကို ဘာကြောင့်မဖြေရှင်းတာလဲဆိုတာ သိလား”
စဉ်းစားပြီးနောက် ယွင်ချဲ့သည် သူတို့ကို ပွင့်ပွင့်လင်းလင်းပြောရန် ဆုံးဖြတ်လိုက်လေ၏။ ယင်းက မော့ဝမ်းယန်ကို စွမ်းအားရှင်အဖွဲ့အစည်းအား အပြည့်အဝ ထိန်းချုပ်ခွင့်ရအောင် ကူညီပေးနိုင်သော အခွင့်အရေးကောင်း တစ်ခုလည်းဖြစ်သည်။
“ဒါက နောက်ကွယ်မှာ ကိစ္စတစ်ခုခု ရှိနေတာလား”
နှစ်ယောက်လုံးက ငတုံးများ မဟုတ်ပေ။ အကြည့်ချင်းဖလှယ်ပြီးနောက် နှစ်ယောက်လုံးက သံသယဝင်လာကြ၏။ ယွင်ချဲ့က ခေါင်းညိတ်ပြီးနောက် သူတို့နား၌ လေထုစွမ်းအားကို ဖန်တီးလိုက်သည်။
“ခင်ဗျားတို့သိတဲ့အတိုင်း အခုအခြေစိုက်စခန်းကို တပ်ဖွဲ့သုံးဖွဲ့နဲ့အစိုးရက ဦးဆောင်နေတာ ဒါပေမဲ့ အစိုးရရဲ့ရဲ့အင်အားကတပ်ဖွဲ့သုံးဖွဲ့နဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး သူတို့တွေက တပ်ဖွဲ့သုံးဖွဲ့အတွက် ညှိနှိုင်းရေးတာဝန်ကဏ္ဍအဖြစ် တောင်ရွက်နေရုံပဲ တပ်ဖွဲ့သုံးဖွဲ့ကသာ အင်အားအကြီးဆုံးပဲ”
“တပ်ဖွဲ့သုံးဖွဲ့က သုံးပြည်ထောင်လိုမျိုးပဲ တစ်ယောက်နဲ့တစ်ယောက် မဖယ်ရှားနိုင်မချင်း လက်လျှော့ကြမှာမဟုတ်ဘူး သူတို့တွေက အပေါ်ယံမှာတော့ အခင်အမင် မပျက်ချင်ယောင်ဆောင်နေပေမဲ့ တကယ်တော့ ကျင့်ဝတ်သိက္ခာမရှိတဲ့ အပြုအမူမျိုးစုံ လုပ်နေကြတာ ဒါပေမဲ့ ထိပ်ဦးနဲ့ချောင်ယန်းက လူတိုင်းတွက် နှစ်လကျော်လောက် တာဝန်တွေရှိတယ် ပြီးတော့ စွမ်းအားရှင်တွေကြားထဲမှာ ဂုဏ်သတင်းကောင်းတသ်ခု တည်ဆောက်ထားတာလေ ခင်ဗျားတို့နှစ်ယောက်လုံးက ခေါင်းဆောင်ရှင်းနဲ့ ဗိုလ်‌ချုပ်မော့ကြားက ဆက်ဆံရေးအကြောင်း သတိပြုမိမှာပဲ ကျုပ်တို့တွေက တပ်ဖွဲ့တစ်ဖွဲ့ ရွေးချယ်ရမယ်ဆိုရင် မော့စစ်တပ်ကို သေချာပေါက် ရွေးချယ်မှာပဲ ဦးနှောက်ရှိတဲ့သူတိုင်းအတွက် သိသာနေတာပဲ ဝေ့နဲ့ဝမ်စစ်တပ်လည်း ဒါကိုသိမယ်ဆိုတာ သေချာတယ်”
“အရင်တာဝန်တုန်းက ရှန်လင်းအဝေးပြေးလမ်းကြောင်းကိုရှင်းဖို့ တာဝန်တစ်ခု ဘာကြောင့် ရုတ်တရက် ပေါ်လာတာလဲ ကျုပ်ထင်တကတော့ ဗိုလ်ချုပ်ဝမ်က အဲ့ဒီအကြောင်းကို အရင်ကြိုသိထားတယ်လို့ ခင်ဗျားတို့ တွေးနေလောက်တယ်မလား တကယ်တော့ သူက စထွက်ရမဲ့အချိန်ကျမှ အမိန့်ကတာ ဒါဘာကိုဆိုလိုတာလဲ ဆိုလိုတာကတော့ ကျုပ်တို့ကို စောစော‌စီးစီး ပြန်မလာစေချင်တဲ့သူတွေရှိနေတာ ဒါမှမဟုတ် ပိုဆိုးတာကျုပ်တို့ကို ပြန်မလာသေချင်တာပေါ”
“အခြေစိုက်စခန်းက ထွက်ပြီးပြီးချင်းမှာပဲ ကျုပ်က ရေစွမ်းအားအသုံးပြုတဲ့ပုံစံကို ဖုံးကွယ်ထားတယ်ဆိုပြီး ကောလာဟလတွေ ပြန့်လာတယ် ကျုပ်တို့‌တွေပြန်ရောက်လာတဲ့အချိန် ကျုပ်ကို စော်ကားပြောဆိုမှုတွေ အများကြီးကို ကြားမိမှာပဲ၊ တိုက်ဆိုင်တာလို့ မယုံဘူး ပြီးတော့ ပိုတောင်တိုက်ဆိုင်တာက သန်မာတဲ့စွမ်းအားရှင် အဖွဲ့တွေက အခြေစိုက်စခန်းထဲမှာ ရုတ်တရက် ပေါ်လာတာလေ၊ သူတို့တွေက ထိပ်ဦးနဲ့ချောင်ယန်းကို အပြည့်အဝတုပဖို့ လုပ်နေတာလို့ မတွေးမိဘူးလား၊ အခု အစိုးရထိန်းချုပ်ထားတဲ့ စွမ်းအားရှင်အဖွဲ့အစည်းက သူတို့ကို ဘာကြောင့် မဖြေရှင်းရဲတာလဲဆိုတာ ခင်ဗျားတို့ ခန့်မှန်းမိလောက်ပြီမလား”
ယွင်ချဲ့သည် သူတို့က သူယုံရသည့်လူများ မဟုတ်လျှင် ထိုကိစ္စကို ပြောပြမှာမဟုတ်ပေ။ သူတို့ကို ပြောပြခြင်းက သူတို့ကို သူ့ဘက်တွင်ရှိခိုင်းခြင်းနှင့်ညီမျှ၏။ သူတို့က မတုံးအ၊ သူပြောရန် ကြိုးစားနေသည့်အရာကို နားလည်မည်ဆိုတာ ယုံကြည်၏။
“ဝမ်နဲ့ဝေ့စစ်တပ်က အဖွဲ့လေးဖွဲ့ပဲ”
ယွင်ချဲ့က ကိစ္စရပ်များကို ပြောပြပြီးနောက် သူတို့က မခန့်မှန်းနိုင်သေးလျှင် အရူးများသာ ဖြစ်နေလိမ့်မည်။ ချန်ဟွားက အံ့ကြိတ်ထားပြီး ထိုစစ်တပ်နှစ်ခုကို မေးခွန်းထုတ်ချင်လာ၏။ အခြေစိုက်စခန်းထဲ၌ အာဏာထိန်းထားသူများအနေဖြင့် သူတို့ပန်းတိုင်ကို ရယူနိုင်ရန် စွမ်းအားရှင်များကို အညစ်အကြေးပမာ မည်ကဲ့သို့ ဆက်ဆံနိုင်ရသနည်း။ အခြေစိုက်စခန်းတစ်ခုက မည်မျှကြာရှည်ခံနိုင်တော့မည်နည်း။
“နေဦး မင်းဆိုလိုတာက ဝမ်နဲ့ဝေ့စစ်တပ်က မင်းကို တမင်တကာ သိက္ခာချပြီး ဒီအဖွဲ့လေးခုကို ခေါ်လာတာပေါ့ သူတို့တွေက စွမ်းအားရှင်တွေအားထဲမှာ မင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေချင်ပြီး မင်း မော့စစ်တပ်ကို ပံ့ပိုးပေးမှာကို စိုးရိမ်နေတာကြောင့်လား၊ တစ်ချိန်တည်းမှာပဲ သူတို့တွေက ဗိုလ်ချုပ်မော့က မင်းရဲ့ ထောက်ပံ့ပေးမှုနဲ့ တပ်ဖွဲ့ကို ဦးဆောင်သွားမှာကို သူတို့ မနာလိုဖြစ်နေတယ် ဒါကြောင့် ငါတို့ ပြန်လာတာ နှောင့်နှေးအောင်လို့ ရှန်လင်းအဝေးပြေးလမ်းကို ရှင်းလင်းဖို့အတွက် တမင်တကာပို့လိုက်တာလား၊ ပြီးတော့ အခု ငါတို့ကို အဲ့ဒီအဖွဲ့တွေက ဒုက္ခပေးနေတာက သူတို့အဆင့်ကို ထိန်းထားနိုင်ဖို့၊ တစ်ချိန်တည်းမှာပဲ စွမ်းအားရှင်တွေအားလုံးကို အောင်နိုင်အောင်လို့ပေါ့ ဒါမှ သူတို့တွေက မင်းတို့ကို တန်ဖိုးမထားရုံတင်မကဘူး သူတို့ကို အားကိုးလာအောင်မို့လား သူတို့တွေက တကယ်တော့ စစ်တပ်ကဖြစ်ပြီး ငါတို့သာ သူတို့ကိုအားကိုးလိုက်မယ်ဆိုရင် ငါတို့တွေ စစ်တပ်ထဲဝင်သွားတာနဲ့ မတူဘူးလား အဆုံးကျ သူတို့ထိန်းချုပ်မှုအောက်မှာရှိတဲ့ စွမ်းအားရှင်တွေအားလုံးက သူတို့ရဲ့ လက်ပါးစေတွေဖြစ်လာမှာ မဟုတ်ဘူးလား”
အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် လေ့တာ့ရှန်သည် နောက်ဆုံးတော့ အရာအားလုံးကို ထုတ်ဖော်နိုင်သွား၏။ သူ၏မျက်နှာ၌ ရန်လိုမှုများ ပြည့်နေသည်။ စစ်တပ်သည် စွမ်းအားရှင်များကို ရက်ရောသည့် ကမ်းလှမ်းမှုများ ပေးခဲ့၏။ သို့‌သော် သူတို့က စစ်တပ်ထဲ မဝင်ခဲ့ကြပေ။ အကြောင်းမှာ သူတို့၏ လွတ်လပ်မှုကို မဆုံးရှုံးချငပေ နယ်ရုပ်တစ်ရုပ် မဖြစ်ချင်သောကြောင့်ဖြစ်သည်။ ဝမ်နှင့်ဝေ့စစ်တပ် ပြုလုပ်ခဲ့သည်က သူတို့ကို စစ်တပ်ထဲဝင်အောင် နောက်တစ်နည်းသုံးလိုက်ခြင်းနှင့် ညီမျှ၏။ ထိုကဲ့သို့ လူမျိုးများကို ထိပ်ဦးနှင့် ချောင်ယန်းနေရာကို အစားထိုးခွင့်ပေးလိုက်ပါက သူတို့သာ အရူးများသာ ဖြစ်နေလိမ့်မည်။
“ဟုတ်တယ်”
ယွင်ချဲ့က ဆိုဖာကို မှီထိုင်လျက် ခေါင်းညိတ်လိုက်၏။
“ဒါ အကုန်မဟုတ်သေးဘူး၊ ကမ္ဘာပျက်ကပ်ကာလမှာ စွမ်းအားရှင်တွေက သန်မာတယ်ဆိုတာ လူတိုင်းသိကြတယ် ဒီတော့ စွမ်းအားရှင်တွေကို ထိန်းချုပ်ထားတာက ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အာဏာတစ်ဝက်ကို ရထားတာနဲ့ညီမျှတယ်၊ အရင်တာဝန် ဘယ်‌လောက်အန္တရာယ်များလဲဆိုတာ ကျုပ်တို့အားလုံး သိတာပဲ ဒီတော့ သူတို့တွေက ဗိုလ်ချုပ်မော့ကို ဘာကြောင့်နာလိုဖြစ်တာလဲ၊ သူတို့တွေက ပြဿနာရှာဖို့အတွက် ဗိုလ်ချုပ်မော့နဲ့ဆင်တူတဲ့ ခေါင်းဆောင်တစ်ယောက်ကို ဘာကြောင့် ပို့လိုက်တာလဲ လွယ်ပါတယ်၊ သူတို့တွေက ဗိုလ်ချုပ်မော့က စွမ်းအားရှင်တွေကို စိတ်ကျေနပ်စေမဲ့ အခွင့်အရေးတစ်ခု ရသွားမှာကို စိုးရိမ်နေတာကြောင့်ပဲလေ၊ ကျုပ်တို့မှာ စွမ်းအားရှင်တစ်ရာလောက် ရှိတယ်ဆိုပေမဲ့ တာဝန်သွားထမ်းဆောင်တဲ့သူတွေက အဖွဲ့ခေါင်းဆောင်တွေ ဟုတ်ရင်ဟုတ် မဟုတ်ရင် ထူးချွန်ထက်မြက်တဲ့ အရည်အချင်းရှိတဲ့သူတွေပဲ၊ စွမ်းအားရှင်အများစုရဲ့ ပံ့ပိုးမှုကိုရနိုင်တာ ကျုပ်တို့ကို အနိုင်ရသွားတာက အခြေစိုက်စခန်းထဲက စွမ်းအားရှင်တစ်ဝက်ရဲ့ ထောက်ပံ့မှုကို ရသွားတာနဲ့ တူတူပဲ ဒီတော့ သူက ဘယ်လိုလုပ် မနာလိုမဖြစ်ဘဲ ပြဿနာမရှာဘဲ နေနိုင်မှာတဲ့လဲ”

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset