YMR- အခန်း ၁၆၀

အခန်း ၁၆၀။

ချူးဟောင်လင်ကို ဖျောင်းဖျခြင်းနှင့် မုန့်ရွှီ၏ပြန်ကောင်းလာမှု
“မင်း ဆန္ဒရှိတယ်ဆိုရင်ပေါ့”
လု‌ဟိုင်ရွှမ်းသည် သူ၏ နက်မှောင်သော မျက်ဝန်းများဖြင့် ချူးဟောင်လင်ကို စိုက်ကြည့်လိုက်လေ၏။ ချူးဟောင်လင် လက်ခံလျှင် သူဆန္ဒရှိ၏။ သို့သော်ငြား ချူးဟောင်လင်သည် သူပြောတာကို ကြားပြီးနောက် ထိတ်လန့်သွားတော့သည်။
“နောက်နေတာရပ်လိုက် ငါအဲ့လိုပြောတာ မဟုတ်ဘူး”
ဖြစ်ပျက်သွားသော ကိစ္စများက သူ့ကို ရှက်ရွံ့စေရန် လုံလောက်နေပြီဖြစ်ရာ သူတို့အမှန်တကယ် လက်ထပ်ခဲ့ကြမည်ဆိုလျှင် သူ့ကိုယ်သူကြိုးဆွဲချရုံသာ ရှိလိမ့်မည်ဟု တွေးလိုက်သည်။
“ငါ နောက်နေတာမဟုတ်ဘူး ချူးဟောင်လင် ငါ့ကို ကြိုးစားခွင့်ပေးပါ”
သူ၏မျက်လုံးများ၌ သူ့ပုံရိပ်ရောသ်ပြန်ဟပ်နေပြီး သူ၏ လေးနက်တည်ကြည်မှုသည် တစ်ဖက်သူကို ရှင်းရှင်းလင်းလင်း သိနေစေသည်။
“အတည်ပြောတာ ဟိုင်ရွှမ် မင်းကိုယ်မင်း တာဝန်ယူစရာမလိုဘူး စိတ်ထဲ မကောင်းသလိုလည်း ခံစားစရာမလိုဘူး မနေ့ညတုန်းက ဖြစ်သွားခဲ့တာက ကိစ္စကြီးမှမဟုတ်တာ”
ယခုအချိန်တွင် ချူးဟောင်လင်က တည်ကြည်လာ၏။
“မင်းကို နောက်နေတာ၊ ငါ ချစ်ကြည်နူးဖွယ် ဆက်ဆံရေးတစ်ခုထဲ ဝင်ရောက်ဖို့ တစ်ခါမှ မစီစဉ်ထားဘူး၊ ငါက တကယ်တော့ အလွန်ရိုးရှင်းတယ်၊ ငါ့မှာ စားစရာရှိနေသရွေ့ ငါပျော်နေတာပဲ အချစ်ဆိုတာက ရှိလည်းဖြစ်တယ် မရှိလည်းဖြစ်တဲ့အရာပဲ၊ ငါတို့ အတူနေကြမယ်ဆိုရင်တောင် စားစရာက ငါ့အတွက် အရေးကြီးဆုံးအရာ ဖြစ်နေဦးမှာပဲ၊ ပြီးတော့ ငါနဲ့အတူ တိုက်ခိုက်ကြတဲ့ ညီအစ်ကိုတွေ၊ ပြီးမှ မင်းက နောက်ဆုံးဖြစ်သွားလိမ့်မယ် တစ်ဖက်သူက တခြားတစ်ယောက်ကို သူ့ရင်ထဲမှာ အရေးကြီးဆုံးလူအနေနဲ့ ထည့်မတွေးထားပေးရင် ဒီလိုဆက်ဆံရေးမျိုးက ကြာရှည်မခံဘူးဆိုတာ မင်းသိမှာပဲ၊ မင်းစိတ်ထဲမထားဘူး စောင့်နိုင်တယ်လို့ ပြောလောက်တယ်၊ ငါ့ရဲ့ ပျော်ပျော်နေတတ်တဲ့ စိတ်သဘောထားကို ထည့်တွက်ပြီး တခြားတစ်ယောက်ဖြစ်ရင် ငါဂရုစိုက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါမင်းနဲ့ မလုပ်နိုင်ဘူး မင်းက ယွင်ချဲ့ရဲ့လူဖြစ်ပြီး ထိပ်ဦးအဖွဲ့ဝင်တစ်ယောက် ဖြစ်နေတာကြောင့်တင်မကဘူး ငါတို့က မိတ်ဆွေတွေ ဖြစ်နေတာကြောင့်ပဲ မင်းနဲ့မလုပ်နိုင်ဘူး ငါပြောတာ နားလည်လား၊ ငါတို့‌တွေ လက်တွဲမမြဲနိုင်ဘူးဆိုမှတော့ အစတည်းက ငါတို့ စတောင်မစသင့်ဘူး ဒါမှ ငါတို့‌တွေ တစ်ယောက်နဲ့တစ်ယောက် စိတ်မချမ်းမြေ့ဖွယ်အခြေအနေနဲ့ အဆုံးမသတ်တော့မှာ”
ချူးဟောင်လင်သည် ချောင်ယန်း၌ အငယ်ဆုံး မဟုတ်သော်ငြား သူသည် ရှင်းဖုန်း၏အဖွဲ့တွင် အငယ်ဆုံးဆိုတာ သေချာ၏။ လူတိုင်းက သူ့ကို ပုပ်သိုးနေအောင် အလိုလိုက်ထားကြပြီး သူသည် ရှင်းဖုန်းကိုတောင် ပြန်ပြောဝံ့သူဖြစ်သည်။ သို့သော်ယခု သူ့ကိုယ်သူ ရင့်ကျက်ပြီး ဆင်ခြင်တုံတရားရှိသည့်ပုံပေါက်အောင် အလွန်ခဲရာခဲဆစ် ကြိုးစားနေသည့်အကြောင်းမှာ လုဟိုင်ရွှမ်းက သူ့ထက်ပိုငယ်ရွယ်ပြီး သူ၏ညီငယ်လေး ဖြစ်နေသောကြောင့်ပင်တည်း။
“အခု ငါဘာများပြောနိုင်ဦးမှာလဲ ဒါပေမဲ့ ငါ့အတွေးက တူညီနေသေးတုန်းပဲ ချူးဟောင်လင် ကြိုးစားကြည့်ကြရအောင် ငါတို့ ကြိုးတောင်မကြိုးစားကြည့်ပဲ မဖြစ်နိုင်ဘူးဆိုတာ ဘယ်သူကသိမှာလဲ ငါတို့တွေအဆုံးကျ အတူမရှိနိုင်ဘူးဆိုရင်တောင် မင်းအပေါ် မကောင်းတဲ့ခံစားချက်တွေ ရှိမှာမဟုတ်ဘူးလို့ ကတိပေးတယ် ငါက အဲ့လောက် စိတ်သဘောထားသေးသိမ်တဲ့သူ မဟုတ်ဘူးဆိုတာယုံတယ်”
လုဟိုင်ရွှမ်းသည် ချူးဟောင်လင်ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် သူဆုံးဖြတ်ထားသည့် ကိစ္စရပ်များကို အလွယ်တကူ ပြောင်းလဲမှာမဟုတ်သည့် လူမျိုးဖြစ်သည်။
တစ်ဖက်သူ၏ ဇွဲမလျော့မှုကြောင့် အံ့ဩဆွံ့အနေစဉ် ချူးဟောင်လင်က ရင့်ကျက်မှု၊ ဆင်ခြင်တုံတရားရှိမှုတို့ ဆုံးရှုံးသွားပြီး ဆုံးဖြတ်ချက် ပြတ်သားစွာပြောလိုက်သည်။
“ပျော်ရွှင်ဖို့အတွက် ဆက်ဆံရေးတစ်ခုကို ဘယ်လိုလုပ် စမ်းကြည့်နိုင်မှာလဲ၊ တော်လောက်ပြီ။ ငါတို့တွေ သဘောတူညီချက်မရဘူးဆိုမှတော့ ဒီကနေထွက်သွားလိုက် ငါနားဖို့လိုနေတယ်”
သူ အနားယူမည်ဟု ပြောသော်ငြား ကော်ဖီစားပွဲပေါ်ရှိ အာလူးကြော်များကို လုဟိုင်ရွှမ်းပမာ တကြွပ်ကြွပ်ဝါးတော့၏။
“ချူးဟောင်လင် စမ်းကြည့်ရအောင်”
သို့သော် လုဟိုင်ရွှမ်းက တကယ်ဇွဲကောင်းသည်။ သူက ကော်ဖီစားပွဲပေါ် လက်ထောက်ထားလျက် သူ၏ခန္ဓာကိုယ်က ကော်ဖီစားပွဲကို အုပ်မိုးကာ နက်ရှိုင်းကောမျက်ဝန်းများဖြင့် စိုက်ကြည့်နေကာ တစ်ဖက်သူထံမှ ကောင်းမွန်သည့်အဖြေတစ်ခုထွက်လာအောင် ဖိအားပေးနေ၏။
“အမ် ကျေးဇူးပြုပြီး ဝေးဝေးသွား မင်းကို စားလို့မရတဲ့အခြေအနေမှာ ဘာကြောင့်များ အဲဒါကိုငါ ကြိုးစားကြည့်ရမှာလဲ”
သူ၏အပြုအမူကြောင့် ဆိုဖာပေါ် ဖိကပ်ခံထားရသော ချူးဟောင်လင်က အံ့ဩဆွံ့အသွားလေ၏။ ယခုသည် လုဟိုင်ရွှမ်း မည်သို့ခေါင်းမာမှန်း သူအတိအကျ သိလိုက်ရသည့် အခိုက်အတန့်ဖြစ်၏။ အတိတ်တုန်းက အပြစ်ကင်းစင်မှုသည် ဟန်ဆောင်မှုတစ်ရပ် ပေလားဟုတောင် သူသိချင်သွားသည်။ ထိုအတွေးများဖြင့် ချူဟောင်လင်က ဖြေရှင်းရန်ခက်ခဲသော ထိပ်ဦးအဖွဲ့ဝင်များကို တိတ်တဆိတ် ဝေဖန်မိတော့သည်။
“ငါက စားလို့မရနိုင်ဘူး ဒါပေမဲ့ မင်းကို စားစရာတွေအများကြီး ယူလာပေးနိုင်တယ်လေ”
လုဟိုင်ရွှမ်းက သူ့နားမကပ်လာခင် တစ်စုံတစ်ခုကို တွေးမိသွားပုံပေါ်ကာ သူ့ကို သွေးဆောင်လေ၏။
“မင်းက ယွင်ချဲ့ရဲ့ စွမ်းအားနယ်မြေထဲက စားစရာတွေကို အမြဲတမ်း လိုချင်နေတာ မဟုတ်ဘူးလား မင်းနှစ်သက်တဲ့ သခွားသီး ခရမ်းသီး သစ်သီးမျိုးစုံကို ယွင်ချဲ့ဆီကနေ ငါတောင်းနိုင်တယ် မင်းက မြစ်ထဲကငါး လိုချင်တယ်ဆိုရင် ဒါမှမဟုတ် နေ့စဉ်နေ့တိုင်း သက်ရှိတိရစ္ဆာန်တွေကို လိုချင်တယ်ဆိုရင်တောင် မင်းအတွက် အဲဒါတွေကို ရအောင်ယူပေးနိုင်တယ် ဘယ်လိုလဲ ချူးဟောင်လင် ငါနဲ့ စမ်းကြည့်ချင်လား”
နောက်ဆုံးတော့ ချူးဟောင်လင်ကို အကြောင်းပြချက်များဖြင့် ပြောရန်ကြိုးစားနေခြင်းက အကျုံးမဝင်ကြောင်း ရှာတွေ့သွား၏။ စားစရာနှင့် သွေးဆောင်ခြင်းက သူ့ကို ပိုကောင်းလိမ့်မည်။ သူ သွားရည်ကျနေတာကို မြင်သောအခါ လုဟိုင်ရွှမ်းက မှန်ကန်သည့်လမ်းကြောင်းကို ရောက်သွားမှန်း သိလိုက်၏။ ခေါင်းမာသော ချူးဟောင်လင်က ယိမ်းယိုင်နေပြီဖြစ်သည်။
“တ တကယ်လား”
ချူးဟောင်လင်က အမှန်တကာ်ပဲ ယိမ်းယိုင်နေ၏။ ယွင်ချဲ့၏ စွမ်းအားနယ်မြေမှ အရသာရှိသော ခရမ်းချဉ်သီးများကို သူ တောင့်မခံနိုင်သောကြောင့်ဖြစ်သည်။ ယခင်က သူ၏ သိုလှောင်နယ်မြေထဲ၌ ခရမ်းချဉ်သီးတစ်ခြင်းကို သိမ်းထားရန် စီစဉ်ခဲ့၏။ စားကုန်သွားပြီးနောက် ယွင်ချဲ့ကို ထပ်တောင်းသော်ငြား ယွင်ချဲ့က သူ့ကိုထပ်မပေးတော့ပေ။ သူက စားချင်လွန်းသဖြင့် သူတို့၏ ရေခဲသေတ္တာထဲ၌ သွားရှာပြီး သိုလှောင်နယ်မြေထဲ၌ သူဝှက်ထားသည့် အရာအားလုံးကိုပါရှာခဲ့ရာ ယွင်ယောင်ကို အံ့ဩဆွံ့အသွားစေတော့သည်။ ယခု သူသည် ထိုသစ်သီးဝလံများကို အကန့်အသတ်မရှိ ရနိုင်တော့မည့်ပုံပေါ်၏။
သို့သော် ချူးဟောင်လင်သည် သူက စားစရာကြောင့် စိတ်ကျေနပ်နေစဉ် လုဟိုင်ရွှမ်းကိုလည်း စိတ်ကျေနပ်အောင် လုပ်ပေးရမည့်အချက်ကို မေ့လျော့သွားပုံပေါ်၏။
“ဒီလိုကိစ္စတွေကို မင်းကိုလိမ်မှာမဟုတ်ဘူး ချဲ့က ငါတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ် သူက ငါတို့တောင်းဆိုသမျှ အားလုံးပေးတယ်”
ယွင်ချဲ့သည် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များအတွက် ကပ်စီးနည်းနေ‌မှာ မဟုတ်သောကြောင့် ထိုအချက်ကို လုဟိုင်ရွှမ်း သံသယမဝင်ပေ။
“ကောင်းပြီလေ စမ်းကြည့်လို့ရတယ် ဒါပေမဲ့ မင်းကို သတိပေးလိုက်မယ်၊ ငါမင်းကို တကယ် လျစ်လျူရှုထားရင် ငါ့ကိုလာပြီး မပေါက်ကွဲပြနဲ့နော်”
အဆုံးတွင်မူ စားစရာက အောင်နိုင်သွား၏။ သို့သော် ချူးဟောင်လင်သည် ထိုအကြောင်းကို သတိပေးရန် မမေ့ပေ။ သူသည် လုဟိုင်ရွှမ်းကို ယုံကြည်ချက်မရှိသောကြောင့် မဟုတ်ဘဲ သူ့ကိုယ်သူ ယုံကြည်ချက် မရှိသောကြောင့်ဖြစ်သည်။ လုဟိုင်ရွှမ်းက သူ့အတွက် စားစရာထပ်ပိုပြီး အရေးပါမလာနိုင်ဟု ခံစားမိသောကြောင့်ဖြစ်သည်။
“ကောင်းပြီ ဒါဆို ဒီနေ့ကစပြီး ဒီမှာနေမယ်”
လုဟိုင်ရွှမ်းက ခေါင်းညိတ်ပြီး စိတ်ကျေနပ်စွာ ပြန်သွားလေ၏။
ချူးဟောင်လင်သည် သူပြောတာကို ကြားသောအခါ တုန်ရင်သွားတော့၏။
“ဒီမှာနေတာလား ငါသဘောတူခါစပဲ ရှိသေးတယ် မင်းနဲ့ အိပ်ချင်တယ်လို့ မပြောဘူးလေ”
သေစမ်း သူ့တင်ပါးက နာနေသေးတုန်းပဲ။ သူ့ရဲ့ညီဘွားက ဘယ်လောက်တောင် ကြီးတာလဲ သူအသက်ရှင်နေသေးတာ ကံကောင်းတယ်လို့ ခံစားမိတာပဲ။
“ဘာတွေ‌တွေးနေတာလဲ ငါ ဒီမှာနေမယ်လို့ပြောတာ မင်းနဲ့တစ်ခန်းမျှနေမှာ မဟုတ်ဘူး”
လုဟိုင်ရွှမ်းက မရယ်ဘဲ မနေနိုင်တော့ပေ။ သူတို့ အတူရှိနေချိန်မှစပြီး သူသည် ကျိုးဇယ်ယွီနှင့် တစ်အိပ်ရာတည်း ဆက်အိပ်ခြင်းက ချူးဟောင်လင်ကို စိတ်ပျက်စေလိမ့်မည်ဟု ခံစားမိရုံသာဖြစ်သည်။ ဤနေရာ၌ အခန်းပို ရှိနေသောကြောင့် သူ ရွေ့ပြောင်းလာသင့်သည်ဟု တွေးမိသည်။ မည်သည့်နည်းနှင့်မဆို အဖွဲ့နှစ်ဖွဲ့သည် တစ်မိသားစုတည်းဖြစ်နေ၏။ သူနှင့်အတူ အိပ်မည့်အကြောင်းကို သူအမှန်တကယ် မတွေးခဲ့မိပေ။ သို့သော်
“မင်းလိုချင်တယ်ဆိုရင်တော့ ငါက အတူနေရမှာကို ပျော်ရွှင်တာထက် ပိုတာပေါ့ကွာ”
“သွားသေလိုက် တွေးတောင်မတွေးနဲ့ ငါတစ်ယောက်တည်း အိပ်နေကျ”
အစတည်းက အနည်းငယ် ရှက်နေပြီ‌ဖြစ်သော ချူးဟောင်လင်က ဒေါသချက်ချင်း ထွက်သွားလေ၏။ လုဟိုင်ရွှမ်း၏ မျက်နှာထက်၌ တောက်ပသော အပြုံးတစ်ပွင့် ရှိနေလေရာ ချူးဟောင်လင်သည် အမှန်တကယ် ချစ်စရာကောင်းလှသည်ဟု သူခံစားမိနေသည်။
ပရမ်းပတာနေ့ရက်များက နောက်ဆုံးတော့ ပြီးသွားချေပြီ။ နောက်ရက်အနည်းငယ်အတွက် ချောင်ယန်းနဲ့ ထိပ်ဦးအဖွဲ့တို့သည် ခါတိုင်းကဲ့သို့ တာဝန်ထမ်းဆောင်နေပြီး ရှင်းဖုန်းကမူ သင်တန်းကျောင်းကိစ္စများ ဖြေရှင်းနေသည်။ လက်ထဲ၌ အချိန်ရှိနေသော ယွင်ချဲ့က သူ့အစ်မ၊ သူ့တူလေးနှင့်အတူ နှစ်ရက်လုံးလုံး အိမ်တွင်နေခဲ့ပြီး မုန့်ရွှီကို ဂရုစိုက်ပေးခဲ့၏။ တတိယမြောက်နေ့၌ လေ့ကျင့်ခန်းလုပ်ပြီး ပြန်လာချိန်တွင် လူတိုင်းက မနက်စာသွားစားရမည့်အစား ဧည့်ခန်းထဲတွင် စုဝေးနေကြ၏။ မျက်လုံးကာကို ဝတ်ဆင်ထားသော မုန့်ရွှီသည် အဝိုင်း ခံထားရပြီး ချန်ချန်ကတောင် သူ့လက်ကို စိတ်ပူပန်စွာ ကိုင်ထားလေ၏။
“ငါ ဖယ်လိုက်တော့မယ်နော် ရွှီ စိတ်မပူနဲ့ မမြင်ရရင်တောင် အဆင်ပြေတယ် ငါတို့ နောက်တစ်နည်း‌ တွေးကြမယ်”
မုန့်ကန်းသည် တုန်ရင်နေသော သူ့လက်ကို ဆန့်ထုတ်လိုက်၏။ ယင်းက မျက်လုံးအကာမျှသာ ဖြစ်သော်ငြား သူ အတော်ကြာပြီးသည့်တိုင် ၎င်းကို မဖယ်ရဲသေးချေ။ မုန့်ရွှီက မရယ်ဘဲ မနေ‌နိုင်တော့ပေ။
“ဖယ်သာ ဖယ်လိုက်ပါ အစ်ကိုရယ် ကျွန်တော် စိတ်မပူပါဘူး”
သူ၏အစ်ကိုကသာ စိုးရိမ်ပူပန်နေသူဖြစ်သည်။ သို့သော် မုန့်ရွှီက သူ့ကို စိတ်မကွက်ပေ။ သူ၏အစ်ကိုသည် သူ့ကို ချစ်မြတ်နိုးလွန်းသောကြောင့် ထိုကဲ့သို့ ပြုမူမှန်းသိ၏။ သူ၏အစ်ကိုက မနက်မိုးလင်းလာချိန်၌ မျက်လုံးကာ ချွတ်ချင်ကြောင်းပြောသည့်အချိန်၌ မငြင်းပယ်ခဲ့ပေ။ ဧည့်ခန်းထဲ၌ စိတ်ရှည်လက်ရှည် စောင့်နေ၏။
“ငါ တကယ် ဖယ်လိုက်တော့မယ်နော်”
မုန့်ကန်က လူတိုင်းကို ထပ်ကြည့်လိုက်၏။ လူတိုင်း အချိန်ကြာမြင့်စွာ စိုးရိမ်ပူပန်စွာ စောင့်ပြီးနောက် သူသည် မျက်လုံးကာကို မဖယ်နိုင်သေးပေ။ လူတိုင်းက စိတ်လေသွားသည့်ပုံ ပေါ်လာပြီး တင်းမာလာလေ၏။
“မင်းက ယောင်္ကျားတစ်ယောက်ပဲ အချိန်ဆွဲနေတာ ရပ်လိုက် မျက်လုံးကာကို ချွတ်လိုက်တော့လေ”
ထိုသို့ပြောပြီးနောက် ကျောက်ကန်းသည် လက်ကို ဆန့်ထုတ်ပြီးနောက် မုန့်ရွှီ၏ မျက်လုံးကာကို ဖယ်ရှားလိုက်တော့သည်။ လူတိုင်းက သူ့ကို တိတ်တဆိတ် လက်ခုပ်တီးပေးလိုက်ကာ ယင်းက တကယ့် ယောင်္ကျားသားတစ်ယောက် ဖြစ်သင့်တာဟု တွေးလိုက်၏။
“ဖြည်းဖြည်း ရွှီ မင်းရဲ့မျက်လုံးကို ဖြည်းဖြည်းလေး ဖွင့်ကြည့်လိုက်”
သူနှင့် ငြင်းမနေတော့ဘဲ မုန့်ကန်းက မုန့်ရွှီရှေ့၌ စိုးရိမ်ပူပန်စွာ စောင့်ကျောင့် ထိုင်ချလိုက်၏။ မည်သူကမှ သူ့ကို အပြစ်မဆိုပေ။ လူတိုင်း အာရုံစိုက်မှုက မုန့်ရွှီဆီထဲ၌ ရောက်နေပြီး မုန့်ရွှီက မျက်လုံးဖွင့်ရန် ကြိုးစားနေစဉ် မျက်ခွံများ လှုပ်သွားလေ၏။ သူ၏ ရှည်လျားထူထဲသော မျက်တောင်များက ဖြည်းဖြည်းချင်း အထက်သို့ ကော့တက်သွားပြီးနောက် မျက်လုံးက ဖြည်းဖြည်းချင်း ပေါ်လာတော့သည်။ လူတိုင်ူက အသက်အောင့်ထားမိပြီး မုန့်ကန်းကလည်း တောင့်တင်းနေလေ၏။
လူတိုင်းသည် သူ၏မျက်လုံး၌ သွေးနီရောင် မရှိတော့ဘဲ ဖွင့်လိုက်သည့်အချိန်၌ မျက်လုံးက ပုံမှန်အတိုင်းဖြစ်နေတာကို မြင်လိုက်သည့်အချိန်ကျမှ စိတ်ပြေလျော့သွားတော့သည်။ နေရောင်ကို အနည်းငယ်ကြာ မတွေ့ရသောကြောင့် မုန့်ရွှီသည် မသက်မသာဖြစ်ကာ မျက်တောင်ခတ်လိုက်ပြီး ခဏကြာတွင် ပြောလိုက်တော့၏။
“ဟုတ်တယ် ကျွန်တော် မြင်နိုင်ပြီ မြင်ရပြီ”
“ရေး”
“ဟုတ်ပြီကွ”
မုန့်ရွှီက ပျော်ရွှင်စွာ ကြေညာပြီးနောက် လူတိုင်းက လက်ဝါးချင်း ရိုက်ကြပြီး လေးလံသည့်အရာဝတ္ထု ပြုတ်ကျသည့် အသံတစ်သံ ရုတ်တရက် ကြားလိုက်ရ၏။ လူတိုင်းက လှည့်ကြည့်လိုက်ရာ အံ့ဩဆွံ့အကုန်၏။ မုန့်ကန်းသည် အချိန်အတော်ကြာ တောင့်နေသောကြောင့် မြေကြီးပေါ် ပြုတ်ကျသွားတာပဲဖြစ်သည်။ ထိပ်ဦးအဖွဲ့ခေါင်းဆောင်အနေဖြင့် ယွင်ချဲ့က သူ၏နဖူးကို ကူကယ်ရာမဲ့စွာ ကိုင်ထားလျက် သူ၏ အသင်းထဲ၌ လူထူးဆန်းများ အမြဲတမ်း ရှိနေရသည့် အကြောင်းအရင်းကို တွေးမိနေတော့သည်။
“ဦးဦးရွှီ ဦးဦးကန်းက ဘာဖြစ်သွားတာလဲ”
ပြုံးဖြီးနေသော မျက်နှာဖြင့် ထရပ်ကာ ရှက်နေပုံ ပေါ်သော မုန့်ကန်းကိုကြည့်ပြီး ချန်ချန်က ဇဝေဇဝါဖြစ်ကာ မေးလိုက်တော့သည်။ ချန်ချန်သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အိမ်တွင်နေနေစဉ် မုန့်ရွှီနှင့် အတော်လေး ရင်းနှီးနေပြီဖြစ်၏။ ယခု မုန့်ရွှီ ပြန်မြင်ရချိန်၌ သူက ချန်ချန်ဘက် လှည့်လာပြီး သူ၏ပါးလေးကို ချစ်မြတ်နိုးစွာ ဖျစ်ညှစ်လိုက်၏။
“ဘာမှမဟုတ်ဘူး ဦးဦးရဲ့အစ်ကိုက ဦးဦးကို သိပ်ချစ်လို့လေ”
မုန့်ရွှီသည် သူ၏အစ်ကိုအတွက် ကာပြောပေးတတ်သည့် လူတစ်ယောက်ဖြစ်သည်။
“ဒါပေမဲ့ ရွှီ တကယ်မြင်ရရဲ့လား ပြောဦး ဒါဘာလဲ”
မုန့်ကန်းသည် ကိုးရို့ကားယား ပြုမူနေစဲဖြစ်ကာ သူ့ရှေ့၌ ဆောင့်ကြောင့်ထိုင်ချလျက် လက်ချောင်းထောင်ပြလိုက်၏။ မုန့်ရွှီတောင် သူ၏အစ်ကိုကို ရူးမိုက်လွန်းသည်ဟု ခံစားနေရကာ ကျန်သည့်သူများဆို ပြောရန်မလိုတော့ချေ။
“ဟ ဦးဦးကန်းက တုံးလိုက်တာ အဲဒါ နှစ်လေ”
“ဟားဟား”
မုန့်ရွှီသည် သူ့ကို ကောင်းမွန်သောနည်းဖြင့် မည်သို့ဖြေရမှန်း မစဉ်းစားနိုင်သေးခင် ချန်ချန်က သူ့ပါးစပ်ကိုကာလျက် ကြင်နာစွာဖြင့် အဖြေကို ကြေညာလိုက်‌တော့သည်။ လူတိုင်းက တသောသော ရယ်မောကြလေ၏။ ယွင်ချဲ့က‌ လျှောက်လာကာ သူ့ကို ပွေ့ချီပြီး အာဘွားပေးလိုက်၏။
“ချန်ချန်က တော်လိုက်တာ ဦးဦးကန်းထက်တောင် ဉာဏ်ကောင်းသေးတယ်”
“ဟားဟား”
ဒါက ချီးကျူးမှုတစ်‌ခုတောင် ဟုတ်ရဲ့လား။ လူတိုင်းက အရယ်မရပ်နိုင်တော့ပေ။ မုန့်ကန်းသည် သူ၏ရူးမိုက်သော အပြုအမူကို နောက်ဆုံး၌ သဘောပေါက်သွားသောအခါ ဆွံ့အသွားလေ၏။ သို့သော် ချန်ချန်က မျက်တောင်ခတ်လျက် ဇဝေဇဝါကြည့်ကာ ဦးလေးသည် မူကြိုကလေးများတောင်သိသည့် တစ်စုံတစ်ခုကို သူသိနေခြင်းအတွက် သူ့ကို အဘယ်ကြောင့် ချီးကျူးရလဲဆိုတာ သိချင်နေသည်။
သူမည်မျှ လိမ္မာပါးနပ်စေကာမူ ယွင်ချဲ့သည် သူ့ကို ချီးကျူးခြင်းဖြင့် မုန့်ကန်းကို လှောင်ပြောင်နေပြီဖြစ်ကြောင်း သိရန်မဖြစ်နိုင်ပေ။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset