အခန်း ၁၅၃
ပါဝင်ပစ္စည်းတွေ လာပို့တာလား ဒေါ်လေး။
ချောင်ယန်း၏ကန်တင်းက အဖွဲ့အစည်း၏အလယ်တွင်ရှိပြီး အလွန်ရိုးရှင်းပြီး ပတ်ဝန်းကျင်ရှိ ဗီလာများနှင့် မကိုက်ညီပေ။ ယင်းက စတီးဖြင့် ပြုလုပ်ထားသည့် အခန်းကြီးတစ်ခန်းသာဖြစ်၏။ သို့သော်ငြား တစ်ချိန်တည်းတွင် လူတစ်ထောင်ကျော် ဆန့်ပေ၏။ အထဲသို့ ဝင်လိုက်သည်နှင့် အထူးပြုလုပ်ထားသည့် စားပွဲရှည်ကြီးများ အတန်းလိုက်ရှိနေပြီး စားပွဲတစ်လုံးစီက အနည်းဆုံး သုံးမီတာခန့်ရှည်ကာ ခုံတန်းရှည်ကြီးများကို ဘေးတစ်ဖက်တစ်ချက်စီ၌ သပ်သပ်ရပ်ရပ် ထားရှိလေ၏။ လူတိုင်းက ပုံမှန်ဆို အသိစိတ်ဓာတ် အလွန်ရှိသောကြောင့် စားသောက်ပြီးနောက် သူတို့က သန့်ရှင်းရေးလုပ်သွားကြသည်။ ထို့ကြောင့် သန့်ရှင်းရေးပြုလုပ်ရန်အတွက် လူအင်အားများစွာ မသုံးစွဲရပေ။ ကန်တင်း၌ စားဖိုမှူးအယောက်နှစ်ဆယ်ကျော် ရှိ၏။ လူဆယ့်နှစ်ယောက်ခန့်က သန့်ရှင်းရေးနှင့် ဝေရာဝစ္စများ ဆောင်ရွက်ပေးသည်။ ပုံမှန်ဆို လူတိုင်းက ဘာမှလုပ်စရာမရှိသည့်အချိန်၌ လာရောက် ကူညီပေးကြ၏။ ကန်တင်း၏ စားဖိုမှူးဖြစ်သည့် စားဖိုမှူးချင်သည် ကမ္ဘာပျက်ကပ်မတိုင်မီက ကြယ်သုံးလုံးဝင်ဟိုတယ်၏ စားဖိုမှူးတစ်ဦးဖြစ်သည်။ သူသည် သိသာထင်ရှား ပေါ်လွင်ခြင်းမရှိသည့်သွင်ပြင် ရှိသော်ငြား အမှန်တကယ်တွင် ပုန်းနေသောကျား ငုပ်လျှိုးနေသော နဂါးပဲဖြစ်၏။ ယွင်ချဲ့သည် ထိုအကြောင်းကို ပထမဆုံး သိသွားချိန်၌ အံ့ဩသွားခဲ့သည်။
“ဒီနေ့ ခေါင်းဆောင် ဒီကို ဘာကြောင့်ရောက်လာတာလဲ”
ညနေလေးနာရီ ထိုးနေပြီဖြစ်သည်။ စားဖိုဆောင်က ချက်ပြုတ်ရန် ပြင်ဆင်နေပြီဖြစ်၏။ အပြင်ဘက်တွင် စားဖိုမှူးလေးများနှင့် အာလူးအခွံခွာနေသည့် အဖွဲ့မှူးချင်က အဝေးကနေ သူတို့နှစ်ယောက် လျှောက်လာတာကို မြင်သောအခါ သူတို့က မတ္တေရဗုဒ္ဓပမာ ဆီးကြိုနှုတ်ဆက်ပြီး ပြုံးပြလိုက်၏။ “ခေါင်းဆောင်ယွင် ဘယ်အချိန်ကျမှ ဂေါ်ဖီထုပ်တွေ သယ်လာမှာလဲ ဒီမှာ မရှိတော့ဘူး”
အဖွဲ့မှူးချင်သည် အသက်လေးဆယ်ကျော်ပြီဖြစ်၏။ သူက ဝပြီး အသားဖြူ၏။ သူက ပြုံးနေလေ၏။ သူက အလွန်နာမည်ကြီးကာ ကန်တင်းသို့ မကြာခဏသွားလေ့မရှိသည့် ယွင်ချဲ့တောင် သူ့ကို မှတ်မိနေပြီဖြစ်သည်။
“ခင်ဗျားကို ပစ္စည်းကောင်းတွေ ပို့ပေးလိုက်တယ် မဟုတ်ဘူးလား”
ယွင်ချဲ့သည် အစတည်းက တခမ်းတနား ပြုမူမနေပေ။ သူ အလိုရှိပါက ကျန်သည့်သူများနှင့် ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့က အလွန်လွယ်ကူ၏။
“ဘာပစ္စည်းတွေလဲ ခေါင်းဆောင်ယွင် လတ်လတ်ဆတ်ဆတ်ငါးလိုမျိုး ရှားပါးတဲ့ လူသုံးကုန်တွေတောင် ရလာတယ်လို့ ကြားထားတယ် ဒီနေ့မင်း ဒီကိုရောက်နေပြီဆိုမှတော့ ငါတို့အတွက်တကယ်ကောင်းတယ် ကုန်ခြောက်တွေအချို့ သယ်လာတယ်မလား”
အဖွဲ့မှူးချင်က သူ့ကို အားနာမနေတော့ပေ။ သူတိာ့နှစ်ယောက်က စတင်စနောက်နေစဉ် ရှင်းဖုန်းက ဘေးထွက်ရပ်လျက် သူတို့ကို ခွင့်ပေးထားလိုက်၏။ သို့သော် ယွင်ချဲ့စည် ဤနေရာသို့ တစ်စုံတစ်ခုလာကို့ကြောင်း စာဖိုမှူးလေးများက ကြားသည့်အချိန်၌ တစ်ယောက်ပြီးတစ်ယောက် ဝိုင်းလာ၏။ သူတို့သည် ယွင်ချဲ့ ပစ္စည်းလာပို့တိုင်း မလွဲချော်ဖူးပေ။ ဟင်းသီးဟင်းရွက်အချို့သာဖြစ်သော်ငြား ယခုအချိန်တွင် ပချို့တဲ့ဆုံးက ဟင်းသီးဟင်းရွက်များသာ ဖြစ်နေ၏။ ချောင်ယန်းတွင် အသား မချို့တဲ့စော်ငြား ဟင်းသီးဟင်းရွက်များ ချို့တဲ့နေသည်။
“ခေါင်းဆောင်ယွင် ကျန်တာအားလုံးကို မေ့ထားလည်း ကျုပ်တို့ကို ဟင်းသီးဟင်းရွက်တွေသာ ပို့ပေးပါ”
“ခေါင်းဆောင်ယွင် ကျွန်တော်တို့တွေ နေ့တိုင်း အစားချည်းပဲ စားရလွန်းလို့ ဝမ်းတောင်ချုပ်တော့မယ်”
“ဖာ့ခ်ယူ မင်းပဲ ဝမ်းချုပ်မှာ”
“ဟားဟား”
စားဖိုမှူးလေးများက အသက်သိပ်မကြီးပေ။ သူတို့က အသက်နှစ်ဆယ်ဝန်းကျင်သာ ရှိသေး၏။ သူတို့အားလုံးက စားဖိုမှူးချင်၏ လက်သင်တပည့်များဖြစ်ကြောင်း ကြားထား၏။ ရှင်းဖုန်း၏လူများက ကမ္ဘာပျက်ကပ်ပြနောက် စားဖိုမှူးချင်ကို တွေ့ချိန်၌ သူတို့အတူရှိနေေသာကြောင့် အားလုံးကို ခေါ်လာခဲ့တာဖြစခသည်။ ဆိုရလျှင် တစ်ခါချက်တိုင်း လူတစ်ထောင်ကျော်စာ ချက်ပေးရပြီး သူတစ်ယောက်တည်း ချက်နိုင်တာမဟုတ်ပေ။
“တကယ်ပဲ ဟင်းသီးဟင်းရွက်တွေပဲလား”
ယွင်ချဲ့က မျက်ခုံး ပင့်လိုက်တော့သည်။ သူ၏မျက်နှာ၌ စနောက်ကျီစယ်မှုများ ပြည့်နေ၏။ အဖွဲ့မှူးချင်က နှစ်ပေါင်းလေးဆယ်ကျော် နေထိုင်ခဲ့တာဖြစ်သည်။ ယွင်ချဲ့ဆိုတာကို သူ မည်ကဲ့သို့ နားမလည်ဘဲနေမည်နည်း။ သူက လူငယ်လေးများကို အမြန်ဆူပူကာ ပြုံးလျက် ပြောလိုက်တော့၏။
“ခေါင်းဆောင်ယွင် နောက်မနေပါနဲ့တော့ ပစ္စည်းကောင်းတွေ ထုတ်လိုက် နောက်နေမယ်ဆိုရင် ချောင်ယန်းမှာ ဒီည ဘယ်သူမှ ညစာစားရတော့မှာ မဟုတ်ဘူး”
“ဟားဟား” ထိုအကြောင်းကို တွေးပြီး ပြုံးလျက် ယွင်ချဲ့က လက်ဝှေ့ရမ်းပြလိုက်သည်။
“အဲ့တာတွေလား ငါးတွေ အဖွဲ့မှူးချင် ကြည့်ပါဦး ငါးအကြီးကြီးပဲ ဆယ်ကျင်းကျော်လောက်ရှိလောက်တယ် ဟုတ်တယ်မလား အကောင်ရေ ဆယ့်နှစ်ကောင်လာက်ရှိနေတာ အားလုံးက အသက်ရှင်ပြီး ခုန်နေတုန်းပဲ”
“ဒါ ဘာလဲ ဝံပုလွေတစ်ကောင်လား”
“အသက်ရှင်နေသေးတုန်းပဲ”
“ဒါက ဝက်ဝံရိုင်းလား ဒီလောက် ဝဖြီးနေတဲ့ဝက်ဝံကိုတွေ့တာ ပထမဆုံးအချိန်ပဲ”
“ဒီလောက်အမျိုးစုံတဲ့ ဟင်းသီးဟငရွက်တွေ မတွေ့တာကြာပြီ”
ခဏကြာတွင် လူတိုင်းက စိတ်လှုပ်ရှားသွား၏။ မူလက ရှင်းလင်းနေသော နေရာစည် ယခုဆို ငါးများကူးခတ်နေသည့် ဇလုံများဖြင့် ပြည့်သွား၏။ ဝါးပုံးများထဲတွင် ဟင်းသီးဟင်းရွက်မျိုးစုံက ပြည့်နေပြီး မီးခိုးရောင် ဝံပုလွေကြီးအချို့နှင့် စုဖြိုသော ဝက်ဝံရိုင်းနှစ်ကောင် ရှိနေ၏။ အသားက မရှားတော့ဟု လူတိုင်းက ပြောသော်ငြား မည်သူက မလိုချင်ဘဲ ရှိမည်နည်း။ အထူးသဖြင့် အသားလတ်လတ်ဆတ်ဆတ် ဖြစ်သည်။ ကမ္ဘာပျက်ကပ် စချိန်မှစပြီး မစားရတာ မည်မျှ ရှိသွားပြီနည်း။ သူတို့က လတ်လတ်ဆတ်ဆတ်အသား မစားရတာ အတော်ကြာနေပြီဖြစ်သည်။
“ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ ဒါက တကယ်ပဲ မင်းတို့ရဲ့ ဒီအဖွဲ့အတွက်ပဲ ကြည့်မနေကြနဲ့ ကောင်လေးတွေ မြန်မြန် ဒီည ရှယ်ချက်လိုက်ရအောင်”
အဖွဲ့မှူးချင်က ကောင်းပြီဟု သုံးကြိမ်သုံးခါ ပြောပြီးနောက် သူက အော်ဟစ်လိုက်လေ၏။ စိတ်လှုပ်ရှားနေသော စားဖိုမှူးလေးများက ရပ်တန့်သွားကြ၏။ ယွင်ချဲ့က သူ့ကို ဟန့်တားလျုက်တော့၏။ “အဖွဲ့မှူးချင် ဒီဝံပုလွေတွေက သန္ဓေပြောင်း ဝက်ဝံတွေပဲ စွမ်းအားရှိတဲ့ လူဆွေအတွက် စားရတာ အလွန်အကျိုးရှိတယ် ဒါပေမဲ့ သာမန်လူတွေ မစားရင်တော့ အကောင်းဆုံးပဲ ကျွန်တော်တို့ အားလုံး ဒီည ဒီမှာ စားမှာ အဖွဲ့မှူးချင် လူအယောက်နှစ်ဆယ်စာအတွက် ချက်ပေးဖို့ မမေ့နဲ့ဦး ပြိးတော့ ဝက်ဝံရိုင်းရဲ့ ခြေထောက် ချန်ထားပေးဦး ပြီးမှ ဝံပုလွေဘာရင်ဆီ သယ်သွားပေးမလို့”
“သန္ဓေပြောင်းဝက်ဝံလား ဒီလောက်ကြီးတာ အံ့ဩစရာ မရှိတော့ဘူးပဲ ဒါက ဝက်ဝံမဟုတ်ဘူး သန္ဓေပြောင်းဝက်ဝံကိုရော စားလို့ရတာပဲလား”
အဖွဲ့မှူးချင်က ပြောလိုက်ပြီးနောက် သန္ဓပြောင်းဝက်ဝံများသည် လူသားများကို စားချင်ကြောင်း ရုတ်တရက် သဘောပေါက်သွား၏။ သူတို့ကရော သန္ဓပြောင်းသားရဲများငို စားနိုင်မည်လော။
“ဟုတ်တယ် ဘယ်သန္ဓေပြောင်းတိရစ္ဆာန်ကိုမဆို စားလို့ရတယ် စားလိုက်တာက ဖုတ်ကောင်သားရဲတင်မဟုတ်ဘူး တချို့ သန္ဓေပြောင်းသစ်ပင်တွေ ဒါမှမဟုတ် သစ်သီးတွေကိုလည်း စားလို့ရတယ်”
ဖြည့်စွက်စာကိုစားပြီးေနာက်၎င်းတို့ကို စားသောက်ပြီး၌ အမျိုးသားများကမူ ဘေးထွက်ဆိုးကျိုးအချို့ ရှိနိုင်၏။
ယွင်ချဲ့က ၎င်းကို ရက်ရက်စက်စက် မပြောခဲ့ပေ။ သူတို့ ညဘက် ပြန်သွားသည့်အချိန်ကျမှ သူတို့ဘာသာ တွေ့ကြုံခံစားခွင့် ပေးလိုက်မည်။ တစ်ကိုယ်တော်ခွေးကတော့ ထပ်ပြီး ကံဆိုးတော့မည်။
“ကောင်းတာပဲ နောင်ကျ စားစရာကို စိုးရိမ်ပူပန်နေစရာ မလိုတော့ဘူး ခေါင်းဆောင်ယွင်နဲ့ ခေါင်းဆောင်ရှင်းတို့ လုပ်စရာရှိတာ လုပ်လိုက်ပါတော့ ကျွန်တော် ဒီမျောက်တစ်စုကိုခေါ်ပြီး သွားရှင်းလိုက်ဦးမယ် ဒီည ကောင်းကောင်းချက်စားကြတာပေါ့”
သူတို့ရဲ့ ဟင်းချက်စွမ်းရည်တွေကို ပြဖို့ အခွင့်အရေးမရတာကြာပြီ။ အဖွဲ့မှူးချင်သည် ယွင်ချဲ့၏ ပုခုံးကို ပုတ်ပြီးနောက် စားဖိုမှူးလေးများကို အလုပ်သွားလုပ်ခိုင်းလိုက်၏။
“ဝက်ဝံရိုင်းကလည်း နယ်မြေစွမ်းအားထဲက ထုတ်ကုန်ပဲလား”
ရှင်းဖုန်းကညလျှောက်လာပြီးနောက် သူ့လက်ကို ကိုင်လိုက်သည်။ ဖြတ်သန်းသွားလာသူများက အစားအသောက်ပမာဏများစွာကြောင့် သွေးဆောင်ခံလိုက်ရပြီး အဖွဲ့မှူးနှစ်ဦး၏ ကျီစယ်နေသော အပြုအမူကို ဘယ်သူမှ သတိမပြုအိလိုက်ပေ။
“ဟုတ်တယ် ဟေးယွီနဲ့ ကျွန်တော် လှည့်ကွက်လေးတွေ လုပ်ခဲ့တာလေ တစ်ခါတည်း ဝက်ဝံရိုင်းငါးကောင်ကို အမဲလိုက်ခဲ့တယ် ငါးကောင်ဆိုရင် အာရုံစိုက်ခံရမှာ မဟုတ်ဘူးလား ကျန်တဲ့သုံးကောင်ကို နောက်ရက်အနည်းငယ်ကြာမှ ပို့ပေးလိုက်တော့မယ်”
မှော်ဝင်ပစ္စည်းများပို့ပြီးနောက် သူတို့နှစ်ယောက်သည် ဘာမှလုပ်စရာ မရှိတော့ပေ။ ထို့ေကြာင့်သူတို့က ပြန်လျှောက်လာလေ၏။ ပိတ်ရက်များထဲ သူတို့က အလုပ်များလွန်းနေသောကြောင့် ဤကဲ့သို့ အားလပ်ချိန်ရှိသည်က နည်းပါးလွန်းသည်။
“ဟားဟား လူတိုင်းက ဟေးယွီကို ကြမ်းတမ်းလိမ့်မယ်လို့ ထင်နေကြတာလို့ ကျွန်တော်ထင်တယ်”
“မဟုတ်ဘူးလား အထူးသဖြင့် အစ်ကိုချူလေ”
ချူဟောင်လင်ကို တွေးမိသည့်အချိန်၌ နှစ်ယောက်လုံးက မရယ်ပဲ မနေနိုင်ကြတော့ချေ။
“ဒါနဲ့ သားငါးတစ်ချို့ ဒါမှမဟုတ် တစ်ခုခုကျွေးသေးလား”
ထိုကိစ္စကို စဉ်းစားပြီးနောက် ယွင်ချဲ့က လှည့်မေးလိုက်သည်။ ဟေးယွီပြောပုံအရ သာမန်ပစ္စည်းများထက် နယ်မြေစွမ်းအားထဲတွင် သက်ရှိများက ပိုအသုံးဝင်သည်ဟု ဆိုသည့်ရှင်းဖုန်းက ကမ္ဘာပဖက်ကပ် မတိုင်မီကတည်းက ပြင်ဆင်ထားသည်ဖြစ်သောကြောင့် မွေးမြူရေးတိရစ္ဆာန်တချို့ ရှိလောက်သည် မဟုတ်ပါလော။
“ရှိတယ် ဒါပေမဲ့ သူတို့တွေ အကောင်သိပ်မကြီးသေးဘူး အဲဒီတုန်းက ပို့ဆောင်တဲ့နေရာ ချွေတာနိုင်ဖို့အတွက် အကောင်ပေါက်လေးတွေပဲ ဝယ်လာခဲ့တာ မင်း မွေးမြူချင်လို့လား”
မွေးမြူနေမှသာ အချိန်အတော်ကြာတောင့်ခံနိုင်လိမ့်မည်။ ကမ္ဘာပျက်ကပ်ကို ဖြေရှင်းနိုင်ရန်အတွက် သူသည် ပြုလုပ်ရန် လိုအပ်သမျှ အရာအားလုံးကို ပြင်ဆင်ထား၏။ အထယးသဖြင့် စစ်တပ်ပဲဖြစ်သည်။ စစ်တပ်တိုင် စစ်တပ်ထဲ၌ ကိုယ်ပိုင် မွေးမြူရေးဧရိယာ ရှိနေ၏။ ဝက်များ၊ သိုးများ၊ နွားပေါက်များ၊ ကြက်၊ ဘဲ၊ ယုန်များစသည်တို့ကို အကန့်အသတ်ဖြင့် မွေးထားသည်။ ငါးများ၊ ပုစွန်နှင့် ရေထဲရှိ ဂဏန်းများကတော့ ရှိဖို့က မဖြစ်နိုင်ပေ။
ကျွေးစရာအစာရှိရမည်။ အရေးကြီးဆုံးအရာက ထိုအရာများကို စားသောက်ခြင်းဖြင့် ဗိုက်မပြည့်နိုင်ပေ။
“အင်း အရွယ်အစားက ကိစ္စမရှိဘူး ကျုပ်ကို တစ်မျိုးစီအတွက် တစ်စုံစီပေး စွမ်းအားနယ်မြေထဲမှာ ထည့်ထားလိုက်မယ် ဟေးယွီက ပထဲမှာ တိရစ္ဆာန်လေးတစ်ချို့ ထည့်ဖို့ ကြိုးစားကြည့်လို့ရတယ်လို့ ပြောတာပဲ လက်ရှိမှာ သမုဒ္ဒရာပဲ မပွင့်သေးတာ သမုဒ္ဒရာပွင့်သွားပြီဆိုတာနဲ့ ခင်ဗျားလည်း အထဲဝင်လို့ရပြီ”
“ဒါ သတင်းကောင်းပဲ ပြီးမှ ပို့ပေးဖို့ မင်ရွှမ်းကို ပြောလိုက်မယ်”
သူသည် ယွင်ချဲ့၏ စွမ်းအားနယ်မြေကို မြင်ချင်နေတာ အတော်ကြာပြီဖြစ်၏။ သူပြောပုံအရ အလွန်မွန်သည့် နေရာတစ်ခု ဖြစ်မည့်ပုံပေါ်သည်။
“မနက်ဖြန် လုပ်လိုက်မယ်”
“သခင်”
“ဦးဦး”
ရှင်းဖုန်းက စကားစပြောလိုက်သည်နှင့် ဟေးယွီ၏ နှောက်ယှက်သည့်အသံက ရုတ်တရက် ပေါ်လာသည်။ မျက်တောင်တစ်ခတ်အတွင်း သူက ဖက်တီးလေးချန်ကို ခေါ်ပြီး ရောက်လာလေ၏။ ဖက်တီးလေးချန်က သူ့ဦးလေးကို မတွေ့ရတာ ကြာပြီဖြစ်သည်။ ထို့ကြောင့် ယွင်ချဲ့ဆီသို့ ပျော်ရွှင်စွာခုန်ပေါက် ပြေးလွှားသွားပြီး သူ၏ အိမ်မွေးတိရစ္ဆာန်လေးကို ဂရုမစိုက်တော့ချေ။
“ဟားဟား မတွေ့ရတာ ရက်အနည်းငယ်ပဲရှိသေးတယ် ချန်ချန်က ဦးဦးကို လွမ်းနေပြီလား”
ဝဖြီးလာသော ဖက်တီးလေးချန်ကို ယွင်ချဲ့က ဖက်ထားပြီး ယွင်ချဲ့က ပါးနှစ်ဖက်နမ်းရှိုက်ပြီးနောက် ကျန်လက်တစ်ဖက်ဖြင့် နှာခေါင်းလေးကို ဆွဲညစ်လိုက်သည်။
“သားတွေ့ပြီးပြီ သားရဲ့ဦးလေးကို ချန်ချန်နဲ့အတူ ဆော့စေချင်လို့ စောင့်နေတာ”
ဖက်တီးလေးချန်သည် သူ့လည်ပင်းကို ချစ်ခင်ရင်းနှီးစွာ တွယ်ဖက်ထားပြီးနောက် ကြက်ပေါက်လေးပမာ ခေါင်းညိတ်လိုက်တော့၏။ သူသည် မနက်တိုင်း ချန်ချန်နောက်လိုက်ပြီး ကျောင်းသွား၏။ သူ့ဦးလေးက တံခါးဝ၌ စောင့်နေခဲ့သော်ငြား သူပြန်မလာခဲ့ပေ။ ယမေ့ကျမှ ဦးလေးဟေးယွီက သူ့ကို မူကြိုကျောင်းကနေ လာကြိုသည်။ အိမ်ပြန်ရောက်ချိန်၌ သူ၏ဦးဦး ကန်တင်းသို့ သွားကြောင်း ကြားလိုက်ရသည့်အချိန်၌ သူက ရှောင်ပိုင်ကို ခေါ်ပြီးနောက် ဦးလေးဟေးယွီကို သူ့ဦးလေးကို သွားရှာရန် သူ့ကို ခေါ်သွားပေးခိုင်းလိုက်သည်။
“ပါးစပ်လေးကတော့ သိပ်ချိုနေတာပဲ ဦးဦးက သားကို ချစ်ရတာ အချည်းနှီးမဖြစ်တော့ဘူး”
သူ့ကို ပွေ့ဖက်လိုက်ပြီးနောက် ထပ်မံနမ်းလိုက်သည်။ ယွင်ချဲ့က လက်ပြောင်းဖက်လိုက်၏။ သူ့တူလေးက အနည်းငယ် လေးလာပုံပေါ်သည်။
“ချန်ချန်က ဦးလေးရှင်းကို မလွမ်းဘူးလား”
သူတို့ကို အမြဲတမ်းကြည့်နေသည့် ရှောင်ဖုန်းသည် လူအများကို ချော့မြူရတာကို အသားကျနေပြီဖြစ်၏။ ထို့ကြောင့် ဖက်တီးလေးချန်က ရှောင်ဖုန်းက ဖက်လျက် စကားအနည်းငယ် ပြောလိုက်သည်။ “ဦးလေးရှင်းကို လက်ထပ်ချင်ေနတာလား ဦးလေးဟေးပြောတော့ ဦးလေးရှင်းက ဦးဦးကို လက်ထပ်ချင်နေတာဆို အမှန်ပဲလား”
ဖက်တီးလေးချန်သည် သူ့စကားကို မထိန်းနိုင်ဘဲ မေးစရာရှိသည့်အချိန်၌ နေရာမှာတင် မေးလိုက်၏။ သူက အသက်သုံးနှစ်မပြည့်သေးဘဲ လက်ထပ်ခြင်းဟူသည့် အဓိပ္ပာယ်ကို နားမလည်သေးသော်ငြား သူ၏သူငယ်ချင်းများပြောတာကို ကြားနေကျဖြစ်၏။ မင်းသားလေးတစ်ပါးက မင်းသမီးလေးတစ်ပါးကို လက်ထပ်၏။ ဆိုလိုသည်က လက်ထပ်ခြင်းသည် အတူတကွ နေထိုင်ခြင်းဖြစ်သည်။ မည်သို့ နေထိုင်သည်ကိုတော့ သူမသိပေ။
“ဟားဟား”
ရှင်းဖုန်းက ဟေးယွီကို ကြည့်၏။ ပြီးနောက် ယွင်ချဲ့ကို အပြုံးတစ်ပွင့်ဖြင့် ကြည့်လိုက်သည်။ သူက ယွင်ချဲ့လက်ကို လွတ်နေသည့်လက်ဖြင့် ကိုင်ထားပြီး ပြောလိုက်တော့သည်။
“ဟုတ်တယ် ချန်ချန်က အခုကစပြီး ဦးဦးရဲ့တူလေး ဖြစ်လာပြီ”
ဖက်တီးလေးချန်က အလွန်ချစ်စရာကောင်းသည်။ လူတိုင်းက သူ့ကို နှစ်သက်ကြပြီး ရှင်းဖုန်းသည်လည်း ခြွင်းချက်မဟုတ်ပေ။
“ဘာလို့လဲ ဦးဦးကရော သားရဲ့ ဦးလေးဖြစ်တော့မှာလား”
ဖက်တီးလေးချန်က နားမလည်ပေ။ သူက ခေါင်းလေးစောင်းပြီးနောက် အရှက်မဲ့စွာ မေးလိုက်၏။ သို့သော်
“ချန်ချန် ဒါ ဦးလေးမဟုတ်ဘူး ဒေါ်လေးပဲ”
“ဟွီး ဟွီး ဟွီး”
ဟေးယွီက မြန်မြန်ပြန်ပြောလိုက်သည့်အချိန်၌ ယွင်ချဲ့က ကျယ်လောင်စွာ ရယ်မောမိတော့၏။ သို့သော်ငြား ရှင်းဖုန်း၏နဖူးပေါ်၌ အမည်းရောင်မျဥ်းများ ပြည့်နေပြီဖြစ်သည်။ သူ၏နှုတ်ခမ်းထောင့်ကလည်း ထိန်းချုပ်မရအောင် တွန့်ကွေးသွား၏။ သူတို့ကို ထပ်ပြီး လိမ်လည်ခဲ့သော ဟေးယွီက ရွှင်ပြစွာ ခေါင်းမော့ပြီး စူဖြိုသောတင်ပါးများကို လှုပ်ရမ်းလျက် ယွင်ချဲ့ဘေး၌ ခမ်းခမ်းနားနား လျှောက်သွားလိုက်သည်။ မည်သည့်အကြောင်းကြောင့်ရယ်မသိ ဖက်တီးလေးချန်က ထိုအရာကို ကြည့်ပြီးနောက် သူ၏အကြည့်ထဲ သံသယများက နက်ရှိုင်းလှ၏။ အချိန်အတိုင်းအတာတစ်ခုထိ မမေးဖို့ ဆုံးဖြတ်လိုက်ရာ သူ၏အမေးကို မေးရန်သာတွေးလိုက်၏။
ညနေ ခြောက်နာရီခွဲတွင် ကန်တင်း၌ လူပြည့်သွားပြီဖြစ်သည်။ ယနေ့ညတွင် စားသောက်ပွဲကြီးရှိမည်ဟု ကြားထားသည်။ အမျိုးသား၊ အမျိုးသမီး အသက်ကြီးငယ်မရွေး သူတို့အားလုံးက ကန်တင်း၌ စောစော စောင့်ဆိုင်းနေကြ၏။ ယွင်ချဲ့သည် နောက်ဆုံးအခေါက်က လေးတရှန်ကို ဘီယာသေတ္တာ ငါးဆယ် လွှဲပေးထားတာကို မှန်မိထား၏။ ထို့ကြာင့် သူက သူတို့ကိုလည်း ခေါ်လာ၏။ လူတိုင်းကိုလည်း ပြောခွင့်ပေးလိုက်၏။ ခုနှစ်နာရီဝန်းကျင်၌ အသားအိုးများကို စားပွဲပေါ် လာချပေးသည်။ ထို့အပြင် ငါးဟင်းအစပ်သုံးအိုးလည်း ရှိနေပြီး အသားကြော် ဟင်းသီးဟင်းရွက်ကြော် စသည်ဖြင့် ဟင်းအားလုံးက စားပွဲတိုင်း၌ ရှိနေ၏။
လူတိုင်းက သရေမကျဘဲ မနေနိုင်ကြတော့ချေ။
“အားလုံးပဲ အာရုံစိုက်ကြပါ ဒီအိုးထဲမှာ သန္ဓေပြောင်း ဝံပုလွေသားပါတယ် အထူးစွမ်းအားရှိတဲ့သူတွေပဲ စားလို့ရမယ် စွမ်းအားမရှိတဲ့သူတွေက ထိန်းထားသင့်တယ် မဆင်မခြင်မစားကြပါနဲ့”
ပြည့်ဖြိုးသော အဖွဲ့မှူးချင်က လော်စပီကာဖြင့် လိုက်လံအော်တော့သည်။ ကန်တင်းထဲတွင် အမျိုးသမီးများက ပန်းကန်လုံးများ၊ တူများ လိုက်ချပေး၏။ သူတို့က ထိုအကြောင်းကို ကြားသည့်အချိန်၌ အထူးစွမ်းအားမရှိသည့်သူများက တညီတညွတ်ထဲ ငြီးငြူကြပြီး ဆင်ခြင်ရန် ပြောဆိုနေကြ၏။
“သန္ဓေပြောင်းတိရစ္ဆာန်တွေကို တကယ်စားလို့ရတာလား”
“ခေါင်းဆောင်ယွင်က စားလို့ရတယ်လို့ပြောတယ် ဒီတော့ သူတို့ စားလို့ရလောက်မှာမလား သူနဲ့ခေါင်းဆောင် ဒီမှာ ရှိနေတာ မတွေ့ဘူးလား”
“သန္ဓေပြောင်းသားရဲဆိုတဲ့ စကားက..”
စွမ်းအားရှင်များက အတော်ကြာတွေးမိပြီးနောက် မည်သူက ဦးဆောင်လိုက်သည်မသိ လူတိုင်း၏အကြည့်က အိုးဆီသို့ ရောက်သွားကာ ဝံပုလွေခြေထောက်ကို ဆွဲယူပြီး ပါးစပ်ထဲထည့်လိုက်၏။ လူတိုင်း၏အကြည့်ကို သတိပြုမိသည့်အချိန်၌ သူက ချက်ချင်းပင် ပြောလိုက်ေတာ့သည်။
“ဘာတွေကြည့်နေတာလဲ မင်းတို့တွေက ဒီအံ့ဖွယ်သားရဲကို စားချင်တာလား ယုံချင်ရုံမရုံချင်နေ ဒီသားရဲက မင်းတို့ကို အရင်စားသွားလိမ့်မယ်”
“ဟားဟား”
အစွယ်တငေါ့ငေါ့သွားများဖြင့် ကြည့်နေတာကို မြင်သောအခါ ကန်တင်းတစ်ခုလုံးက ရယ်မောသံများ ပြေးသွား၏။ သူတို့က ထိုအကြောင်းကို မတွေးကြတော့ပေ။ သူ၏အကျင့်စရိုက်အရ သူ့ကို ဆန့်ကျင်လွန်းသည့်သူ မရှိလောက်ပေ မဟုတ်ပါလော။