YMR- အခန်း ၁၄၉

အခန်း ၁၄၉

အခြေစိုက်စခန်းအတွင်း ပြောင်းလဲမှု

သိုလှောင်ရုံတွင် ကတောင်းကလဲဖြစ်မှုက ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ကို အာရုံသိပ်မစိုက်စေခဲ့ပေ။ ဆိုရလျှင် တစ်ဖက်သူက အမှန်တကယ် ဂရုမဲ့လွန်း၏။ ဂရုမဲ့လွန်းသော‌ကြောင့်သာ ဉာဏ်မရှိသည့် လုပ်ရပ်မျိုး ပြုလုပ်ခဲ့တာပဲဖြစ်သည်။ သူတို့သည် ကုန်ပစ္စည်းများချပြီးနောက် ရှင်းဖုန်းသည် ကားမောင်းကာ ယွင်ချဲ့၊ ဟယ်ရုန်ယီတို့နှင့်အတူ ထွက်လာခဲ့၏။ သူတို့ အိမ်ပြန်ရောက်သည့်အချိန်တွင် နေ့လည်တစ်နာရီခွဲနေပြီဖြစ်ကာ ယွင်ယောင်နှင့် ကျန်သည့်သူများက စားပွဲအပြည့် စားကောင်းသောက်ဖွယ်များ၊ ဟင်းလျာများ ချက်ပြုတ်ထားပြီး လူတိုင်းက သူတို့ကို စောင့်နေလေ၏။

“ဟေးယွီ ဘာဖြစ်တာလဲ”

ယွင်ချဲ့က အသားတစ်ဖက်ကို ကောက်ယူပြီး ပါးစပ်ထဲ ပစ်ထည့်ကာ သာမန် တိဘက်ခွေးအရွယ်အစားခန့် ဖြစ်သွားပြီး ယွင်ချန်ကို ပွတ်သပ်ပြီး သူနှင့် ဆော့ကစားခွင့်ပေးထားသော ဟေးယွီကို အထူးတဆန်း ကြည့်လိုက်၏။ ယင်းက ပုံမှန်နှင့်မတူပေ။

“အာဝူး”

ခန္ဓာကိုယ်ကျုံ့ထားသော ဝံပုလွေဘုရင်သည် ရေခဲရိုက်ထားသော သိုးသားကို စားနေရင်းက ခေါင်းမော့လာပြီး သူ့ကို နှိပ်စက်ညှင်းပန်းခံရသည့်ပုံဖြင့် မကျေမချမ်း ညည်းတွားလေတော့၏။ ယဲ့ရှင်းချန်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ငါတို့ ပြန်ရောက်လာတဲ့ အချိန်တုန်းက ဟေးယွီက ဝံပုလွေဘုရင်ကို ငါတို့နယ်မြေကို အသိအမှတ်ပြုရအောင် ခေါ်သွားချင်တယ်လို့ ပြောတာ ဒါပေမဲ့ အဆင်အခြင်မဲ့ မလှုပ်ရှားရဲတဲ့ ဝံပုလွေဘုရင်ကို လူတိုင်း သဘောကျလိမ့်မယ်လို့ ဘယ်သူကသိမှာလဲ သူတို့က ဟေးယွီရဲ့ တည်ရှိမှုကို လျစ်လျူရှုထားတာလေ ပြီးတော့ မင်းသဘောပေါက်မှာပါ”

ဟေးယွီက မနာလိုဖြစ်နေပြီး အချိန်အတော်ကြာ စိတ်ဓာတ်ကျနေခဲ့၏။

“ဟားဟား အံ့ဩစရာမရှိပါဘူး”

သခင်တစ်ယောက်အနေဖြင့် ယွင်ချဲ့သည် သူ့ကို ချော့မြူရန် မရည်ရွယ်ထားပေ။ ခေါင်းခါပြီး ရယ်မောလိုက်တော့၏။ စွမ်းအားနယ်မြေထဲတွင် အချိန်အတော်ကြာ နေခဲ့ကြောင့်ပေလောမသိ။ ဟေးယွီသည် သူ့တည်ရှိမှု၏ ခံစားချက်ကိုသာ အမှန်တကယ် ဂရုစိုက်ပြီး ကျန်သည့်သူများကို လျစ်လျူရှုထားလေ၏။ ထို‌ေကြာင့် လးအများ သူ့ကို လျစ်လျူရှုထားတာကို မြင်သောအခါ စိတ်ဓာတ်ကျတာ အံ့ဩစရာမရှိပေ။ သို့သော် သူက ခုန်ပေါက်ပြေးလွားဖြစ်ဖို့က သိပ်မလိုတော့ပေ။

“မောင်လေးတို့တွေ ဒီတစ်ခေါက် တာဝန်အတွက် တော်တော်စတေးလိုက်ရတယ်လို့ ကြားတယ်”

ဘေးတွင်ထိုင်နေသော ယွင်ယောင်က ရုတ်တရက် မေးလိုက်၏။ ယွင်ချဲ့နှင့် ကျန်သည့်သူများ မစ်ရှင်သွားလုပ်တိုင်း သူမက အလွန်စိုးရိမ်ပူပန်ခဲ့ရပြီး ယခုအခေါက်တွင်လည်း ခြွင်းချက်မဟုတ်ပေ။

“အင်း စစ်တပ်က တော်တော်ဆုံးရှုံးသွားတာပဲ ဒါပေမဲ့ အသင်းကတော့ သိပ်မဆုံးရှုံးပါဘူး ပြောရရင် လူတိုင်းက အသန်မာဆုံး အဖွဲ့ဝင်တွေကို ပို့လိုက်ပြီး လေထုစွမ်းအားကလည်း ကောင်ကောင်းကာကွယ် ထားတာလေ ဒါပေမဲ့ နောင်ကျ စစ်တပ်ကပဲဖြစ်ဖြစ် အစိုးရကပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ ပြောလာခဲ့မယ်ဆိုရင် ကျွန်တော် သွားတော့မှာမဟုတ်ဘူး။ ဒါနဲ့ အခြေစိုက်စခန်းမှာ လတ်တလော ဘာတွေဖြစ်ပျက်သေးလဲ”

“မဖြစ်ဘူး”

တာဝန်အကြောင်းကို ထပ်မပြောချင်တော့သောကြောင့် ယွင်ချဲ့သည် အကြောင်းအရာကို တိတ်တဆိတ် ပြောင်းလိုက်ပြီး နောက်ထပ်အကြောင်းအရာတစ်ခုကို သဘာဝကျကျ ပြောင်းယူလိုက်၏။ ယွင်ချဲ့သည် အကြောင်းအရာကို တည်ငြိမ်စွာ ပြုံးပြောပြီး ကုမင်ရွှမ်းကလည်း သဘာဝကျကျ ပြောင်းပြောလိုက်သည်။

“ကိစ္စနှစ်ခုရှိတယ် ပထမတစ်ခုကတော့ မင်းခန့်မှန်းထားတဲ့ အတိုင်းပဲ မင်းတို့ အခြေစိုက်စခန်းက ထွက်သွားပြီးတော့ အခြေစိုက်စခန်းထဲက လူအချို့က ရေစွမ်းအားကို ဘယ်လိုအသုံးပြုရမလဲဆိုတာ စပြောလာကြတာလေ ပြီးတော့ မင်းတို့လူတွေက နည်းလမ်းကို ဝှက်ထားတယ်ဆိုပြီး ကောလဟာလ စဖြန့်ရောပဲ သူတို့က တစ်ကိုယ်ကောင်းဆန်လွန်းတယ်ကွာ။ ဒါပေမဲ့ မင်းတို့ကို ထောက်ပံ့ပေးနေတဲ့ အထူးစွမ်းအားရှင် အဖွဲ့တွေ အများကြီးရှိမယ်ဆိုတာ မထင်ထားကြဘူးလေ ဒုတိယအချက်ကတော့ ဒီငါ့ရဲ့အတွင်းလူဆယ်ယောက် ကိုယ်စီပါတဲ့ စွမ်းအားရှင် အသင်းလေးသင်းက ဘယ်နေရာကမှန်းမသိ ထွက်လာတာ။ နောက်ပိုင်းမှ သူတို့တွေကို တာဝန်ကို အလွယ်တကူ ပြီးမြောက်တဲ့ပုံပဲ လူတိုင်းက ဘာမှမပြောဘူးလေ။ ဒုတိယမြောက်နေ့ကစပြီး သူတို့တွေက ငါတို့ဆီကနေ အထူးစွမ်းအားရှင်ရှိတဲ့ အဖွဲ့တစ်ခုကို ရှာဖို့ သင်ယူတော့တာပဲ။ ပြီးတော့ တာဝန်အတူတူ ဆောင်ရွက်ကြတယ်။ ရလာတဲ့ ပစ္စည်းအများစုကို လူတိုင်းခွဲဝေကြတယ်လေ။ လေးငါးရက်အတွင်းမှာ သူတို့က အဖွဲ့တွေကြားထဲ ဂုဏ်သတင်းကောင်းတစ်ခုကို တည်ဆောက်ပြီးသွားပြီ။ အဖွဲ့လေးဖွဲ့လုံးက ထိပ်တန်းဆယ်ဖွဲ့ထဲကို ဝင်နိုင်ခဲ့ကြပြီး သူတို့ထဲက တစ်ဖွဲ့က အသူရာနတ်ဆိုးအဖွဲ့ပဲ။ အဲဒီအဖွဲ့က ချန်လဲ့အဖွဲ့ကိုတောင် အနိုင်ယူနိုင်ခဲ့ပြီး လက်ရှိမှာ ထိပ်ဆုံးသုံးဖွဲ့ထဲဝင်ပြီး ငါတို့ကို အမီလိုက်နေတာ”

လိုက်တုပသည့် အဖွဲ့ထဲရှိ တစ်ဝက်ကျော်က အဆင့်သုံး စွမ်းအားရှင်များဖြစ်ပြီး တစ်ဖွဲ့စီ၌ နယ်မြေစွမ်းအားရှင်ကိုယ်စီ ရှိကြ၏။ လူများများစားစား မရှိသော်ငြား အဖွဲ့သားများ တည်ဆောက်ထားပုံကမူ ခမ်းနားလှပေ၏။

“ဪ ဆယ်ယောက်စီပါတဲ့ လေးဖွဲ့လား သူတို့တွေက တူညီတဲ့နည်းပုံစံ လိုက်လုပ်နေတာလား”

ယင်းက စိတ်ဝင်စားစရာ ကောင်းလွန်းလှပေ၏။ ယွင်ချဲ့သည် စားသောက်ပြီးစီးပြီဖြစ်ရာ တူကို ချထားလိုက်‌တော့သည်။ ယင်းကို မြင်သောအခါ ရှင်းဖုန်းက သူ့အတွက် အသားနုတ်နုတ်စင်းထား‌သော ကြက်ရိုး ဟင်းချိုတစ်ခွက်ကို ဟင်းချိုတစ်ခွက်ကို ထည့်ပေးလိုက်၏။ ဟေးယွီအပြင် သူက အပင်ပန်းဆုံး ဖြစ်နေလေတော့သည်။

“ဟုတ်တယ် အဖွဲ့တွေထဲက တစ်ဖွဲ့ကတော့ အမျိုးသမီး‌တွေပဲ။ သူတို့ရဲ့နာမည်ကလည်း အတော်ရိုင်းစိုင်းတယ်။ နာမည်က ပါ့ဝမ်ဟွားလို့ ခေါ်တာပဲ။ စစ်တပ်ပုံစံပဲ ငါသိသလောက်တော့ မောတပ်ဖွဲ့အပြင် ဝမ်တပ်ဖွဲ့ရဲ့ ဒုတိယအဖွဲ့ကလည်း အမျိုးသမီးအဖွဲ့ရှိတယ်။ အမျိုးသမီးစစ်သည်တွေက အတော်လေး မာကျောကြပြီး စစ်သားတွေတောင် သူတို့ကို မလိုက်ရဲဘူးလို့ ကြားထားတာပဲ”

အမျိုးသားအများစုသည် ဂုဏ်သိက္ခာကို ဂရုစိုက်၏။ သူတို့ထက်ပိုသန်မာသည့် အမျိုးသမီးကို မည်သူက လက်ထပ်ချင်မည်နည်း။ ယန်းဟိုင်အန်းနှင့် မော့ဝမ်းယန်၏ဖခင် မော့ကျန်းချန်တို့ ခြွင်းချက်များလည်း ရှိပေ၏။

“မင်းရဲ့ လေသံထဲမှာ အမျိုးသမီးတွေကို ဘာကြောင့်များ ခွဲခြားနေရတာလဲ”

ဖုန်းရှင်းခတ်ပေးသော ဟင်းချိုကို သောက်ပြီးနောက် ယွင်ချဲ့သည် စနောက် ပြောဆိုလိုက်တော့၏။ ကမ္ဘာပျက်ကပ် ရောက်လာသည့်အချိန်တွင် အမျိုးသမီးအများစုက ဖုတ်ကောင်များ ဖြစ်ကုန်၏။ အကြောင်းမှာ သူတို့က နုနယ်လွန်းသောကြောင့် ဖြစ်သည်။ ကံကောင်းသည့် အသက်ရှင်သူများထဲတွင် အများစုက သန်မာသည့်သူကို အားကိုးရန် ရွေးချယ်ခဲ့ကြ၏။ သို့သော်ငြား သတ္တိရှိပြီး အမျိုးသားများထက် အရည်အချင်း မနိမ့်သည့် အမျိုးသမီးအနည်းစုလည်း ရှိသည်။ သူတို့က နောက်ပိုင်းနေ့ရက်များ၌ ပေါ်ပေါက်လာ၏။ ယွင်ချဲ့က ထိုကဲ့သို့ အမျိုးသမီးများကို လေးစားသည်။

ချက်ချင်းဆိုသလိုပင် ကုမင်ရွှမ်းသည် ရှိနေသည့် အမျိုးသမီးအားလုံး၏ အာရုံစိုက်မှုကို ရသွား၏။ ယွင်ချဲ့က သူ့ကို ချောက်ချလိုက်ရာ သူက အပြုံးလေးဖြင့် ငြင်းလိုက်တော့သည်။

“မဖြစ်နိုင်တာ အမျိုးသမီးတွေမရှိဘဲ ငါတို့ ဘယ်နေရာကနေ ထွက်လာမှာတုန်း။ သူတို့ကို လေးစားမှု မပြမိတာ နောက်ကျသွားပြီ”

အမျိုးသမီးများ၏ မကျေမချမ်းဖြစ်မှုက ကြောက်မက်ဖွယ်ကောင်းလွန်းလေရာ ကုမင်ရွှမ်းတောင် ၎င်းကို ဝန်ခံရ၏။

သူတို့ကို ပြဿနာရှာချင်နေသည့် ယွင်ချဲ့က ကုမင်ရွှမ်း၏မျက်မှန်သည် နှာရိုးပေါ် လျောကျလာတာကို သတိပြုမိလိုက်သည်။ ပြဿနာရှာရသော ယွင်ချဲ့သည် ကုမင်ရွှမ်းဝတ်နေကျ မျက်မှန်မရှိတော့တာကို နောက်ဆုံးတွင် သတိပြုမိသွား၏။

မင်းရှေ့မှာ ပျော်ရဲမှာတဲ့လား။

သူ၏နာကျင်မှုကို ထုတ်မပြနိုင်သော ကုမင်ရွှမ်းသည် မကျေမချမ်းဖြစ်မှုတို့ ပြည့်နေလျက် ပြုံးကာ ပြောလိုက်သေး၏။ “တစ်ခါတလေကျ ငါ့ရဲ့သွင်ပြင်ကို ပြောင်းလဲရမယ်လေ။ ငါ့ရဲ့ရုပ်ရည်ပုံရိပ်ကို ပြောင်းလဲတာပေါ့”

ကျိုးဇယ်ယွီနှင့် ကျန်သည့်သူများကလည်း တစ်စုံတစ်ခုကို တွေးမိပြီး ခေါင်းငုံ့ထားကြကာ တစ်ယောက်နှင့်တစ်ယောက် တွတ်ထိုးနေတော့၏။ ညီအစ်ကိုချဲ့က သိပ်ကို ကောက်ကျစ်လွန်း၏။ အစ်ကိုကုသည် မျက်မှန်များနှင့် စိတ်ဒဏ်ရာရရှိနေပြီ မဟုတ်ပါလော။ ယခုက ကမ္ဘာပျက်ကပ်လည်းဖြစ်သည်။ ကမ္ဘာပျက်ကပ် မတိုင်မီကသာဆိုလျှင် ထိုမျက်ခွံတစ်စုံကို ဖြတ်တောက်ရလောက်သည်။

“အစ်ကိုချဲ့ မုန့်ကန်းနဲ့မုန့်ရွှီ ဘယ်အခန်းမှာ နေမှာလဲ”

လူတိုင်းက စားပြီးခါနီးပြီဖြစ်၏။ မုန့်ရွှီက အနားယူရန် လိုအပ်သည်။ သူတို့ မေးရမှာ အနေခက်နေလောက်၏။ ထို့ကြောင့် လုဟိုင်ရွှမ်းက မေးပေးလိုက်တာပဲ ဖြစ်သည်။

“ကျိုးဇယ်ယွီနဲ့ အရင်နေလိုက်ပါလား။ နောက်ရက်အနည်းငယ်အတွင်း အိမ်ကို နည်းနည်းပြန်ပြင်ဖို့လိုလို့ ပြီးသွားရင် ငါတို့ နေရာပြန်ချထားပေးမယ်”

လူပိုများလာလေရာ နေထိုင်ရာနေရာ မလုံလောက်တော့ပုံပေါ်၏။ ယွင်ချဲ့ကလည်း အနည်းငယ် ခေါင်းခဲလာတော့သည်။

“ဟုတ်ပြီလေ ဒါဆို မုန့်ကန်းနဲ့ တခြားသူတွေကို ငါ့အခန်းထဲမှာ အိပ်ခိုင်းလိုက် ငါက ဇယ်ယွီနဲ့ အိပ်လိုက်မယ်”

အားလုံးက အမျိုးသားများဖြစ်သည်။ ထို့ကြောင့် သူတို့ အာရုံသိပ်စိုက်ရန် မလိုအပ်ချေ။ သူတို့အတွက် အိပ်စရာတစ်နေရာ ရှိလျှင် ရပြီ ဖြစ်သည်။

“ကောင်းပြီ မင်း မုန့်ကန်းနဲ့ တခြားသူတွေကိုခေါ်ပြီး အပေါ်ထပ်အရင်တက်နှင့် မုန့်ရွှီက ဒီနှစ်‌ရက်လောက် မျက်လုံးကာကို ဝတ်ထား မျက်လုံးကို မသုံးတာ ပိုကောင်းလိမ့်မယ်။ အားလုံး ဒီနေ့ ကောင်းကောင်းအနားယူကြ.. မနက်ဖြန်ကစပြီး ယဲ့ဟန်က တာဝန်ဆောင်ရွက်ဖို့ အဖွဲ့ကို ဦးဆောင်လိမ့်မယ် ငါ အလုပ်များကောင်း များလောက်တယ် အချိန်အတိုင်းအတာ တစ်ခုအတွက် ဒီအဖွဲ့အသစ်တွေကို လျစ်လျူရှုထားပြီး တခြားတစ်ခုလုပ်.. အတုက အတုပဲလေ။ စစ်မှန်တဲ့အကန့်အသတ်ကို ဘယ်တော့မှ ကျော်မှာမဟုတ်ဘူး”

စားသောက်ပြီးနောက် ယွင်ချဲ့သည် ဧည့်ခန်းထဲသို့ ပြန်သွားကာ အမိန့်ပေး၏။ ကုမင်ရွှမ်းအပြောအရ သူတို့ကို ယုံကြည်နေသော စိတ်စွမ်းအားရှင်အချို့ကို ခွဲထုတ်ချင်နေတာ ဖြစ်နိုင်၏။ ထိုကဲ့သို့အရာမျိုးကို တားနိုင်ရန် နည်းလမ်းမရှိပေ။ သူတို့နှင့် သေသည်အထိ တိုက်ခိုက်ပြီး အမြတ်ထုတ်ခံမည့်အစား ဘေးထွက်ရပ်နေကာ သူတို့ကို အငိုက်ဖမ်းရန် သင့်တော်သော အခွင့်အရေးတစ်ခု ရှာတာက ပိုကောင်းလိမ့်မည်။ ကောလာဟလများ အတွက်မူ မကြာမီ၌ ခုခံနိုင်လောက်မည်ဟု ယုံကြည်သည်။

မည်သူကမှ စိတ်လိုက်မာန်ပါ လုပ်တတ်သူ မဟုတ်။ ယွင်ချဲ့၏ညွှန်ကြားချက်က အမှန်တကယ်တော့ မလိုအပ်မှန်း လူတိုင်းသိသည်။ အနည်းဆုံးတော့ ယွင်ချဲ့ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့က ကိစ္စကြုံလာချိန်၌ ဆုံးရှုံးမှု ခံစားရမှာမဟုတ်ပေ။ အဆုံးတွင်မူ ခွန်အားကသာ ဤလောကထဲ၌ အဓိကကျပေ၏။

“အစ်ကိုကြီး”

ယွင်ချဲ့နှင့် ကျန်သည့်သူများ လာနေတာကို မြင်သောအခါ ယွင်ချန်က သူ့ရှေ့သို့ ပျော်ရွှင်စွာ ခုန်ချလာ၏။ သူက သူ့အတွက် သူ့အစ်ကို သယ်လာပေးသည့် တလင်းအမြုတေများအကြောင်း တွေးနေသေးတာပဲဖြစ်သည်။

“ဟားဟား မင်းအခုပဲ အပြည့်အဝစားပြီးပြီ ဒါပေမဲ့ အများကြီးစားလို့ မရဘူးနော်”

လန်ယဲ့ဟန်ဆီကနေ ကြားပြီးတာ ကြာပြီဖြစ်သော ယွင်ချဲ့က ပြုံးလျက် တလင်းအမြုတေများကို ထုတ်ပေးကာ သူ့အား ပေးလိုက်တော့သည်။

“ဟုတ်တယ် ဟုတ်တယ် အစ်ကိုကြီးက အကောင်းဆုံးပဲ အစ်ကိုကြီးကို အကြိုက်ဆုံးပဲ”

အဆင့်သုံးတလင်းအမြုတေများဖြင့် ပြည့်နေသောအိတ်ကို မြင်သောအခါ ယွင်ချန်သည် မယုံနိုင်စရာ ကောင်းလောက်အောင် ပျော်ရွှင်စွာ ခုန်ပေါက်နေလျက် သူ့မျက်နှာကို ရိုက်နေ၏။ သူတို့ပြောတာကိုကြားသည့် လန်ယဲ့ဟန်က မျက်လုံးများ မျက်လွှာချလျက် သူ၏နှုတ်ခမ်းတွင် ကူကယ်ရာမဲ့မှုများ ပြည့်နေ၏။ ချန်လေး၏နှလုံးသားထဲ၌ အရေးကြီးဆုံးအရာက သူ့ညီလေးပဲ ဖြစ်သေးသည်။ ယခုကဲ့သို့ အချိန်တွင်တောင် ယွင်ချဲ့က သူ အနှစ်သက်ဆုံးလူဖြစ်နေ၏။

“ဟုတ်ပြီ ယဲ့ဟန်က အနားယူဖို့လိုတယ် အနားယူဖို့အတွက် သူနဲ့အပေါ်တက်လိုက်တော့ ယဲ့ဟန်ကို မင်းအတွက် တလင်းအမြုတေတွေ ယူသွားပါစေ လျှောက်မပစ်နဲ့ဦး”

သူလုပ်စရာရှိသေးသည့် အချက်ကြောင့်သာမဟုတ်လျှင် ယွင်ချဲ့က ယွင်ချန်ကို မောင်းထုတ်လိုစိတ် ရှိမှာမဟုတ်ပေ။ သူက ဖုတ်ကောင်တစ်ကောင်‌ ဖြစ်နေသည့်အချက်ကို လျစ်လျူရှုထားလျှင် ယွင်ချန်က အရာအားလုံး ပိုအလွယ်တကူ ဖောက်မြင်နိုင်သော ယွင်ချန်၏ပုံစံက ပိုချစ်မြတ်နိုးဖွယ်ကောင်းကြောင်း သူအမြဲတမ်း ခံစားမိနေတာပဲဖြစ်သည်။

“အင်း”

အစ်ကိုကြီး ပြန်ရောက်လာပြီး အရသာရှိသော တလင်းအမြုတေများစွာ ရလာ၏။ ယွင်ချန်က လိမ်လိမ်မာမာပြုမူ၏။ သူ့အစ်ကိုကြီးကို သွားခွင့်ပေးလိုက်ကာ သူသည် လန်ယဲ့ဟန်၏လက်မောင်းကို ချစ်ခင်ရင်းနှီးစွာ ဖက်တွယ်လိုက်တော့သည်။ “ဟန်ဟန် အိတ် အိတ်”

“ဟုတ်ပြီလေ”

လန်ယဲ့ဟန်၏ မကျေမချမ်းဖြစ်မှုတို့သည် တစ်စွန်းတစ်စမျှ မကျန်ဘဲ ပျောက်ကွယ်သွားကာ ယွင်ချန်ကို ဖက်ထားလျက် စကားတစ်ခွန်းတောင် မပြောဘဲ အပေါ်သို့တက်သွားရန် ပြင်လိုက်၏။ တစ်ဖက်တွင်မူ ယွင်ချန်သည် လက်ဝေ့ယမ်းကာ အားလုံကို နှုတ်ဆက်နေလျက် သူ၏သွင်ပြင်သည် အမှန်တကယ် ချစ်မြတ်နိုးဖွယ် ကောင်းနေပေ၏။

ပြီးနောက် ကျန်းယာဖေးကလည်း သူမ၏မိခင်ကို အခန်းထဲသို့ ပြန်ခေါ်သွားပေးပြီး လုဟိုင်ရွှမ်းနှင့် ကျိုးဇယ်ယွီတို့က မုန့်ရွှီနှင့် မုန့်ကန်းကို အပေါ်ထပ်သို့ ခေါ်သွား၏။ ယွင်ယောင်ကမူ သန့်ရှင်းရေးတာဝန် ယူလိုက်သည်။ လောင်ချန်းက သူတို့အဖို့ တာဝန်ပြီးမြောက်ရန် မဖြစ်နိုင်မှန်း သိနေသောကြောင့် လူငယ်ရေးရာ၌ ဝင်မပါပေ။ သူက ဆေးလိပ်ထုတ်ပြီးနောက် အိမ်အပြင်သို့ ထွက်သွားပြီး ယွင်ချဲ့၊ ယဲ့ရှင်းချန်နှင့် ကုမင်ရွှမ်းတို့ကိုသာ သူတို့မှာလည်း ဆွေမျိုးများ ရှိသောကြောင့် သွားပို့ရဦးမည်ဖြစ်သည်။

“သခင်”

မတရားသလို ခံစားနေရသည့် ဟေးယွီသည် တစ်နပ်စာအတွက် ယွင်ချန်ညှင်းပမ်းတာ ခံရပြန်၏။ ယခု ယွင်ချဲ့ကို မြင်သည်နှင့် ခွေးပေါက်လေးပမာ ချက်ချင်းအသွင်ပြောင်းပြီးနောက် သူ၏ခြေထောက်ကို ခုန်အုပ်လိုက်တော့သည်။ ယွင်ချဲ့သည် စွမ်းအင်ချောင်းတစ်ခုကို ထုတ်ပြီး ပါးစပ်ထဲ ထိုးထည့်‌ပေးလိုက်၏။

“ဟေးယွီ ငါဒီည ငါးကင်ချင်တယ် စွမ်းအင်နဲ့ မြေထဲသွားပြီ နည်းနည်းလောက် ယူလာပေးနိုင်မလား”

ထိုအကြောင်းကို ထပ်တလဲလဲ တွေးပြီးပြီးနောက် သူ့ကို စွမ်းအားနယ်မြေထဲ သွားခိုင်းပြီး စိတ်အေးအောင် ထားခိုင်းမှ အဆင်ပြေလိမ့်မည်။

“အမ်” ဟေးယွီက မကျေမချမ်း အော်လိုက်ပြီး သူ စိတ်အခြေအနေ မကောင်းတော့ပေ။ သို့သော် သူ၏သခင်က သူ့ကို နှစ်သိမ့်ရန် ဘာစကားမှမပြောပေ။ သို့သော်ငြား သူ့ကို အလုပ်လုပ်ခိုင်းနေသေး၏။

“တွေ့လား ငါ့လက်က ဒဏ်ရာရထားတာ နာနေသေးတုန်းပဲ ငါ့ဘာသာငါ မဖမ်းနိုင်ဘူး ဟေးတ ဖမ်းပေးနိုင်မလား”

ယခုအချိန်တွင် ကျန်သည့်နည်းလမ်းများထက် ချော့မြူခြင်းက သေချာပေါက်ပိုကောင်း၏။ ယွင်ချဲ့က သူ့ကို ဖက်ထားလျက် ပွတ်သပ်ပေးလိုက်ကာ ဒဏ်ရာရထားသည့်ပုံမပေါ်ပေ။ အဓိကအချက်က ဟေးယွီ၏လိမ်းဆေးက အာနိသင်ရှိလွန်သောကြောင့် သူ၏လက်သည် အနည်းနှင့်အများ ဒဏ်ရာပျောက်လောက်ပြီ ဖြစ်သည်။ သူက အားဖြင့် မထိသေးသ၍ နာကျင်မှုကို ခံစားရမှာ မဟုတ်ပေ။

“ဟုတ်ပြီ ဟုတ်ပြီ ပွတ်သပ်နေတာ ရပ်လိုက်တော့ ကျုပ်က မုန့်နှစ်မဟုတ်ဘူး ခင်ဗျားအတွက် ငါးဖမ်းပေးမယ် ဟုတ်ပြီလား”

လုံလောက်သွားချေပြီ။ ထင်သည့်အတိုင်း ဟေးယွီက အမြန်အညံ့ခံကာ သူ့သခင်၏လှည့်ကွက်ကို သတိမပြုမိပေ။ ယွင်ချဲ့က ပြုံးလျက် မျက်ခုံးပင့်လိုက်တော့သည်။ “ဒါဆိုရင် ဘာကြောင့်များ ဂိမ်းတချို့အတွက် ထွက်လာရတာလဲ”

“ကြာလေကောင်းလေပဲ”

“ဟုတ်ပြီ”

သူက အထင်သေးသည့် အကြည့်မျိုး ကြည့်လိုက်လေ၏။ ကျန်သည့်သူများက အစားရူးဟု ပြောကြသည်။ သူကမူ စွမ်းအင်ချောင်းတစ်ချောင်းကို အပြီးကုန်အောင် မစားလိုက်ရပေ။ သူ့ဗိုက်ကို ပွတ်သပ်ပြီးနောက် နောက်တစ်ထုပ်ဖြည်ရန် လှည့်လာ၏။ ရှင်းဖုန်းနှင့် ကျန်သည့်သူများ အားလုံးက ကြိတ်ရယ်မောလိုက်ရသည်။ မည်သူက အမှန်တကယ် အစားဝါသနာအိုးနည်း။

“ဒါဆို မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ”

“ဟေး ငါ အခုလို့ မပြောဘူးလေ”

ပြောတာမပြီးခင် ဟေးယွီ၏ပုံရိပ်က လူတိုင်း၏ အမြင်အာရုံရှေ့ကနေ ချက်ချင်း ပျောက်ကွယ်သွား၏။ ယွင်ချဲ့က နောက်ဆုံးတွင် သူ့ကို လွှတ်လိုက်နိုင်သည်။ သူ တုံ့ပြန်တာ မြန်နေ‌တာ ကံကောင်း၏။ မဟုတ်လျှင် ဟေးယွီသာ ပထမဆုံး ပြောလိုက်လျှင် သူ ညှင်းပမ်းတာ ခံရဦးမည်ဆိုတာ မသိနိုင်ပေ။ ရိုးရိုးသားသားပြောရလျှင် သူ နားပူနားဆာ လုပ်တာကို ယွင်ချဲ့ကြောက်မိသည်။ ယင်းက ဆိုးဆိုးဝါးဝါး ညှင်းပမ်းခံရတာဟုတောင် သူခံစားမိ၏။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset