အခန်း ၁၄၇
အိမ်ပြန်လာခြင်း၊ ပျော်ရွှင်နေသော ယွင်ချန်း။
လျန်ကျင်းမြို့မှ ခရိုင်မြို့တော်ဆီ ငါးရက်အတွင်း အဝေးပြေးလမ်းကို သန့်ရှင်းပြီး တန်ကြေးကြီးကြီးမားမား မပေးဆပ်ရဘဲ မျိုးစေ့များ စုဆောင်းသည့်တာဝန်ကို ပြီမြောက်ပြီးနောက် တာဝန်တွင် ပါဝင်ခဲ့သော စစ်တပ်နှင့် အဖွဲ့မျာက အဆုံးမရှိ ချီးကျူးမှုများရရှိခဲ့ပြီး အခြေစိုက်စခန်း၏ လေးစားမှု ရရှိခဲ့သည်။ သူတို့ဂိတ်ဝသို့ ရောက်သည်နှင့် ပြန်ရောက်လာသည့်သတင်းက ပြန့်သွားကာ ချောင်ရန်အဖွဲ့အစည်းက သတင်းကို ချက်ချင်းရလိုက်၏။
“အစ်မ သူတို့ပြန်လာပြီ အစ်ကိုနဲ့ ဟန်ဟန်ပြန်လာပြီ”
ဗီလာ၏ အိမ်ဝင်ပေါက်၌ အဝေးကနေ ချည်းကပ်လာသော ဘတ်စ်ကားလေးတစ်စင်းကို တွေ့လိုက်ရ၏။ သာမန်ဝတ်ထားသည့် ယွင်ချန်က အဝေးကနေ ချည်းကပ်လာသော ဘတ်စ်ကားလေးကို မြင်သည့်အချိန်၌ ယွင်ယောင်၏လက်ကို ကိုင်လျက် ကလေးတစ်ယောက်ပမာ စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေလေ၏။ ယွင်ယောင်၊ ကုမင်စွမ်း၊ ဝမ်စူးဝါးနှင့် ကျန်သည့်သူများက တံခါးဝကိုကြည့်ပြီး ရယ်လိုက်မိကြသည်။ ယွင်ချန်က အမှန်တကယ် ချစ်ဖို့ကောင်းလွန်း၏။ သူက အရွယ်ရောက်နေပြီ ဖြစ်သည့်တိုင် သူ၏ဉာဏ်ရည်က ချန်ချန်ထက် အနည်းငယ်သာ ပိုမြင့်သည်။ သို့သော် ကလေးတစ်ယောက်ဟု ဆိုစေကာမူ သူက ကလေးတစ်ယောက်ထက်ပိုပြီး အသိတရားရှိ၏။ အထူးသဖြင့် သူက အသန့်ကြိုက်သည်။ သူ နည်းနည်းလေး ညစ်ပတ်သည်နှင့် ရေသွားချိုးပြီ အဝတ်အစားလဲတတ်၏။ အခြေခံအားဖြင့် ယွင်ယောင်က သူ့ကို ဂရုစိုက်ရန် မလိုအပ်ချေ။
“ဟုတ်တယ် ဟုတ်တယ် သူတို့ပြန်လာပြီ ထပ်မခုန်နဲ့တော့..”
ယွင်ယောင်သည် အလိုလိုက်ပြီး ချစ်မြတ်နိုးရသည့် မောင်လေးကို ဆွဲလိုက်လေ၏။ ယွင်ချဲ့နှင့် ကျန်သည့်သူများ လွန်ခဲ့သည့် ရက်အနည်းငယ်က ထွက်သွားပြီးနောက် ရှောင်ချန်သည် စိတ်မချမ်းမသာ ဖြစ်နေခဲ့၏။ မျက်နှာထက်တွင် အပြုံးတစ်ပွင့်နှင့် သူ့ဘာသာသူ တံခါးဝရှိ ခုံတန်းလေးပေါ်တွင် ထိုင်လျှင်ထိုင် ဘာမှလုပ်စရာမရှိလျှင် ပတ်ကြည့်နေတတ်သည်။ တစ်ခါထိုင်လျှင် နှစ်နာရီ သုံးနာရီ ကြာတတ်၏။ ချောင်ရန်ရှိ လူအများစုက သူ့ကိုသိပြီး ဦးဦး ဒေါ်ဒေါ်များက သူ့တွင် ချစ်သူရည်းစားရှိမရှိ မေးကြ၏။ ထို့ကြောင့် သူမ ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။ ကံကောင်းသည်မှာ သူက ယဲ့ဟန်နှင့် ရှောင်ချဲ့၏ စကားကို နားထောင်ပြီး သူ၏ မျက်ကပ်မှန်များကို နေ့စဉ်နေ့တိုင်း တပ်ထား၏။ ဖြူလျော့နေသော အသားအရည်နှင့် နွေးထွေးသော နှုတ်ခမ်းမှအပါး သူ့၌ မှားယွင်းတာ ဘာမှမရှိ ဖုတ်ကောင်အထောက်အထား မပေါ်သွားပေ။
“ဟီးဟီး”
ညီညာသော သွားနှစ်တန်းပေါ်အောင် ရယ်လျက် ယွင်ချန်လေးက အပြစ်ကင်းစွာ ပြုံးလိုက်၏။ ပြုံးနေစဉ် သူတို့ရှေ့၌ ကားရပ်သွားကာ ယွင်ချန်လေးက သူ့အစ်မ၏ လက်ထဲကနေ ရုန်းထွက်ပြီး လှည့်ပြေးသွားတော့သည်။
“ဟန်ဟန်”
ကားထဲကနေ ဦးစွာထွက်လာသည့် လန်ယဲ့ဟန်ကို ဦးစွာမြင်ပြီး ယွင်ချန်းက လက်ဆန့်လျက် သူ့ကို ပျော်ပျော်ရွှင်ရွှင် စိတ်အားထက်သန်စွာ ဖက်တော့သည်။ ထိုကဲ့သို့ အံ့အားသင့်စရာကို မထင်ထားတာ သိသာသည့် လန်ယဲ့ဟန်က အနည်းငယ် ပျော်သွားပြီးနောက် လက်မြောက်ကာ သူ့ကို ပြန်ဖက်လိုက်တော့သည်။
“လွမ်းနေတာ ချန်လေး”
ဖြူလျော့ပြီး သွယ်လျသော လည်တိုင်ပေါ် ခေါင်းအပ်ထားလျက် လန်ယဲ့ဟန်သည် သူ့အပိုင် အငွေ့အသက်ကို လောဘတကြီး ရှူရှိုက်လုနီးပါး ဖြစ်သွား၏။ ယခင်က သူသည် မခံစားမိခဲ့သော်ငြား ငါးရက်တာကြာသွားပြီး သူ့တစ်ကိုယ်လုံး နာကျင်နေပုံရသည်။
“အင်း ဒါက ယားတယ် ဟန်ဟန် ငါ့ကို အရင်လွှတ်ဦး”
သန္ဓေပြောင်းသစ်ပင်နှလုံးသားကို ရချိန်မှစပြီး ယွင်ချန်းသည် ဘာမှမပြောင်းလဲသွားသော်ငြား သူ၏ အာရုံကြောများက ပြန်ကောင်းမွန်လာပြီး ခံစားနိုင်လာ၏။ သူ၏ ထိလွယ်ရှလွယ်သော လည်ပင်းပေါ် အသက်ရှူငွေ့ပူပူတို့ ကျရောက်လာသောအခါ ယွင်ချန်းက ပြုံးလျက် ပွေ့ဖက်နေရာကနေ ရုန်းထွက်လိုက်သည်။ သို့သော်ငြား သူ့လက်ကို ဖက်ထားပြီး မလွှတ်ပေးပေ။ သူ၏အပြုံးထဲ၌ ပျော်ရွှင်မှုစစ်စစ် ရှိနေလေ၏။
“မင်းတို့နှစ်ယောက် တော်လောက်ပြီလား တစ်ကိုယ်တော်ခွေးလေးအတွက် လမ်းကြောင်းလေး ချန်ထားပေးပါဦးလား”
အချိန်ပြည့်ခါနီး၌ ကျိုးဇယ်ယွီက ကားပြတင်းပေါက်ကနေ ခေါင်းပြူထွက်လာ၏။ သူ၏လေသံ၌ စောဒဂတက်နေသော်ငြား မျက်နှာထက်ရှိ အပြုံးကမူ မတူညီပေ။ သူက ယွင်ချန်းနှင့် လန်ယဲ့ဟန်တို့ တစ်ယောက်နှင့်တစ်ယောက် ချစ်မြတ်နိုးတာကို စိတ်ပျော်ရွှင်နေပေ၏။ အကြောင်းမှာ လန်ယဲ့ဟန်နှင့် ယွင်ချန်းအတွက် မည်မျှခက်ခဲခဲ့ကြောင်း သူသိနေသောကြောင့် ဖြစ်သည်။
“…”
လန်ယဲ့ဟန်က သူ့ကို တစ်ချက်ခန့် ကြည့်လိုက်ပြီးနောက် တောင့်တင်းနေရာကနေ သတိပြန်ဝင်လာ၏။ ယင်းက ကျိုးဇယ်ယွီကို ဒေါသဖြင့် ပေါက်ကွဲစေတော့သည်။
“ယဲ့ဟန်ကြောင့်သာ မဟုတ်ရင် အဲဒီကို သွားဖို့ လိုပါဦးမလား”
ယွင်ချန်းနှင့် ပြောဆိုနေချိန်၌ သူက ရေကိုဖျစ်ညစ်နိုင်သည်အထိ နူးညံ့သိမ်မွေ့ပြီး သူတို့နှင့် ပြောဆိုချိန်တွင်မူ လန်ယဲ့ဟန်က အေးစက်ပြီး တင်းမာလွန်းသည်။ ယင်းက ကွာဟချက် ကြီးမားလွန်းနေသည် မဟုတ်ပါလော။
လန်ယဲ့ဟန်က သူ့ကို မတုံ့ပြန်တာတော့ သနားစရာ ကောင်းလှသည်။ လုဟိုင်ရွှမ်းနှင့် ကျန်သည့်သူများက သူကဲ့သို့ မဖိနှိပ်ချင်ကြပေ။ သူနှင့် တစ်တန်းတည်း မရပ်ရုံသာမက အဝေးကနေ ရပ်ကြည့်နေပြီး အသစ်စက်စက်ဝင်လာသည့် မုန့်ညီနောင်လည်း ပါဝင်၏။
“ဇယ်ယွီ”
အဆုံးတွင်မူ ယွင်ယောင်က သူ့ကို မျက်နှာသာပေးကာ လှည့်ကြည့်ပြီး ချိုမြိန်စွာ ခေါ်လိုက်လေ၏။
“ငါတို့မိသားစုမှာ ချန်လေးက ချစ်ဖို့အကောင်းဆုံးပဲ။ ဒီတစ်ခေါက် မင်းအတွက် အရသာရှိတဲ့ စားစရာတွေ သယ်လာတယ်”
ကျိုးဇယ်ယွီက သက်ပြင်းချလိုက်၏။ ကားပေါ်က ဆင်းပြီးနောက် သူ့ကျောပိုးအိတ်ကို ချွတ်ကာ ယွင်ချန်းကို အရသာရှိသည့်စားစရာများဟု ခေါ်သောအရာများ ထိုးကြိတ်ထည့်ပေးလိုက်၏။ ယင်းက တလင်းအမြုတေဆိုတာ ခန့်မှန်းရန် မလိုအပ်ပေ။ ယွင်ချန်းက ၎င်းတို့ကို ဖွင့်ကြည့်လိုက်ပြီး သူကြိုက်အနှစ်သက်ဆုံးဖြစ်သည့် တလင်းအမြုတေများကို တွေ့လိုက်ရသောအခါ မျက်စိများ ကွေးညွှတ်သွားသည်အထိ ချက်ချင်းပြုံးပြီး ပြောလိုက်တော့၏။
“ကျေးဇူးပါ ဇယ်ယွီ”
“ဟားဟား”
လန်ယဲ့ဟန်၏ သတိပေးသော အကြည့်ကို တွေ့မြင်ပြီးနောက် ကျိုးဇယ်ယွီက တစ်စုံတစ်ခုကို တွေးမိသွားကာ အနေခက်စွာ ရယ်မောပြီ ဘေးသို့ တိတ်တဆိတ် လျှောက်သွားလိုက်၏။ နောက်ဆုံးအခေါက်က သူသည် ယွင်ချန်းကို တလင်းအမြုတေ ပေးခဲ့စဉ်က ယွင်ချန်းသည် သူ့ဆီပြေးဝင်လာပြီး နမ်းလုနီးပါးဖြစ်ခဲ့၏။ အမှန်တကယ်တော့ သူ အနမ်းမခံခဲ့ရပေ။
“ဖေးဖေး”
“ဟိုင်ရွှမ်း”
ကျန်းယာ့ဖေးနှင့် လုဟိုင်ရွှမ်းတို့ အောက်ဆင်းသည့်အချိန်တွင် ဝမ်စူဟွာနှင့် ချန်လော့က ဆင်းလာပြီး သူ့ကို နှုတ်ဆက်လိုက်ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ကုမင်ရွှမ်းက ပိုတည်ငြိမ်နေခဲ့၏။ သူ၏ညီအစ်ကိုများ ဘေးကင်းစွာ ပြန်ရောက်နေတာကို သူက ပြုံးရုံသာပြုံးပြီ ထိုးလိုက်၏။ စကား များများစားစား မပြောပေ။
“သူတို့က ဘယ်သူတွေလဲ”
ကားထဲကနေ သူ့ညီလေးကို ကူတွဲထွက်လာသည့် မုန့်ကန်းလျှောက်လာသောအခါ ယွင်ယောင်တို့က မြင်ပြီး သိချင်စိတ်ဖြင့် မေးလိုက်လေ၏။
“သူတို့က မုန့်ကန်းနဲ့ မုန့်ရွှီပါ ထိပ်ဦးအဖွဲ့ရဲ့ အဖွဲ့ဝင်အသစ်တွေ အစ်မယောင် မုန့်ရွှီရဲ့မျက်လုံးတွေက သန္ဓေပြောင်းသစ်ပင်ကြောင့် ဒဏ်ရာရသွားတာ သူ့ခြေထောက်လည်း ဒဏ်ရာရထားတယ် အထဲဝင်ပြီး ပြောရအောင်”
အကြမ်းဖျင်း မိတ်ဆက်ပေးပြီးနောက် ကျန်းယာ့ဖေးသည် တစ်ဖက်သို့ လှည့်ပြီး မုန့်ကန်းကို ကူညီလိုက်၏။ ယင်းကို မြင်သောအခါ ယွင်ယောင်ကလည်း လျှောက်လာသည်။
“ကြိုဆိုပါတယ် အစ်မနာမည်က ယွင်ယောင်ပါ အစ်မက ယွင်ချဲ့ရဲ့အစ်မ အထဲဝင်ပြီး အရင်ဆုံး နားကြရအောင် မကြာခင်မှာ ပူပူနွေးနွေး ထမင်းစားသောက်ရမှာပါ”
“အာ ဟုတ်ကဲ့ ကျေးဇူးပါ”
မျက်နှာတွင် မုတ်ဆိတ်မွေးရှိသည့် မုန့်ကန်းက ထိုကဲ့သို့ စိတ်အားထက်သန်မှုကြောင့် အနည်းငယ် မသက်မသာဖြစ်သွား၏။ သူ၏မြင့်မားသော ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းသွားသည်။ သူ၏ လက်နှင့် ခြေထောက်ကို မည်သို့ထားရမှန်း မသိတော့ပေ။ ထိုမြင်ကွင်းကို မလှမ်းမကမ်းကနေ တွေ့လိုက်သည့် ကုမင်ရွှမ်းက မျက်တောင်ခတ်ကာ ရှေ့တိုးပြီး ယွင်ယောင်ဘေး၌ရပ်ကာ ကာကွယ်သူတစ်ယောက်အပမာ ပြောလိုက်တော့၏။
“မင်္ဂလာပါ ကျွန်တော်က ကုမင်ရွှမ်း ချောင်ရန်းရဲ့ဒုခေါင်းဆောင်ပါ”
“မင်္ဂလာပါ”
သူတို့နှစ်ယောက်ကို ရှေ့နောက်ကြည့်ပြီး မုန့်ကန်းက စိတ်ပူပန်လာ၏။ သူက ကူမင်ရွှမ်းကို လက်ဆွဲနှုတ်ဆက်ရန် လက်ဆန့်ထုတ်ရမည်လားမသိ ဖြစ်နေ၏။ သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး မုန့်ကန်း၏ပူပန်မှုက ချက်ချင်း ပျောက်ကွယ်သွားသည်။ သို့သော် သူမသိသည်က ကုမင်ရွှမ်းနှင့် လက်ဆွဲနှုတ်ဆက်သည့်အချိန်တွင် မှတ်ဉာဏ်များစွာက ကုမင်ရွှမ်း၏ စိတ်ထဲသို့ ရောက်သွားပြီဖြစ်နေတာကို မသိလိုက်ပေ။
“သွားကြရအောင်”
သူကလှည့်ပြီး ယွင်ယောင်ကို သိမ်မွေ့ညင်သာစွာ ပြုံးပြလိုက်သည်။ ကုမင်ရွှမ်းက ယွင်ချဲ့၏ အိမ်ထဲသို့ သူတို့ကို ခေါ်သွား၏။ သူက ကိုယ်ပိုင်အိမ်ပမာ ပြုမူနေတော့သည်။ ထိပ်ဦးအဖွဲ့ထဲရှိ လူတိုင်းက ကွဲပြားခြားနားတာကို သတိမပြုမိသော်ငြား ယွီဝမ်ချန်နှင့် ကျန်သည့်သုံးယောက်ကမူ အကြည့်ချင်း ဖလှယ်လိုက်၏။ ချက်ချင်းပင် သူတို့လည်း သဘောပေါက်စွားကြ၏။
“ဘာလို့လဲ”
နောက်ကနေ လျှောက်လာသည့် လန်ယဲ့ဟန်က ယွင်ချန်း မလှုပ်ရှားတာကို မြင်သောအခါ မေးလိုက်မိသည်။
“အစ်ကို”
လွတ်နေသည့် ခရီးသည်ကားကို ကြည့်ပြီး ယွင်ချန်းက နှုတ်ခမ်းစူက စိတ်မပျော်တော့ပေ။ ရှေ့သို့လျှောက်လာသည့် ယွင်ယောင်က ရှင်းဖုန်းနှင့် ကျန်သည့်သူများသည် ကုန်ပစ္စည်းများ ချရန်အတွက် စစ်တပ်ဌာနချုပ်သို့ သွားနေကြောင်း ကုမင်ရွှမ်း ပြောတာကို ကြားပြီးဖြစ်သည်။ သူမက သူ့မောင်လေးကို စွားရှင်းပြတော့မည့်အချိန်၌ ကုမင်ရွှမ်းက အနောက်ပြန်ဆွဲထားပြီး ကြည့်နေရန်သာ ပြောလိုက်လေ၏။ ထိုဘက်ခြမ်းကို ကြည့်လိုက်ရာ လန်ယဲ့ဟန်က ယွင်ချန်းကို သိမ်မွေ့စွာ ဖက်နေပြီဖြစ်သည်။
“ကျွန်မ အသားမကျသေးဘူး ကျွန်မ ချစ်ရတဲ့မောင်လေးက တစ်ယောက်ယောက်ကို နာကျင်စေခဲ့ပြီးပြီ”
ယွင်ယောင်က အလိုလို တီးတိုးပြောလိုက်မိ၏။ ယွင်ချန်းကြောင့်သာမက ယွင်ချဲ့လည်းပါဝင်၏။ ဤကပ်ဘေးအတွင်း သူမ ကိစ္စရပ်များစွာ တွေးခဲ့သည်။ သူမက ယွင်ချဲ့နှင့် ရှင်းဖုန်း အတူရှိတာကို အမှန်တကယ် မဆန့်ကျင်ပေ။ အခုအကျင့်စရိုက်နှင့် အရင်အကျင့်အရ ရှင်းဖုန်းက ယွင်ချဲ့အတွက် အသင့်တော်ဆုံးဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ သို့သော်ငြား သူမ နှစ်ပေါင်းများစွာ မြတ်နိုးတန်ဖိုးထားရသည့် ရတနာ အလုခံလိုက်ရသည့်ပမာ သူမက အနေခက်နေသေးပြီး မသက်မသာ ဖြစ်နေလေ၏။
“မင်းလည်း နာကျင်ရမှာပဲ”
သူမ ပြောတာကို ကြားသောအခါ ကုမင်ရွှမ်းက အကြည့်ကို လွှဲပြီး သူမက စိုက်ကြည့်လိုက်၏။ သူမနှင့်အတူရှိလေလေ သူမက ပေါ့သေးသေးမဟုတ်မှန်း ခံစားမိလေသည်။ သူမကို သူ့လက်ထဲ အမှန်တကယ် ဖမ်းဆုပ်ထားချင်၏။ သို့သော် တစ်ချိန်တည်းတွင် ယွင်ယောင်က သူမကို ဖိအားပေးခဲ့လျှင် ဤနေရာကနေ ထွက်သွားမည်မှန်း သိနေ၏။ ထို့ကြောင့် သူက အလျင်မလိုပေ။ ဖြည်းဖြည်းချင်း စောင့်နေသရွေ့ သူမ၏ ကမ္ဘာထဲသို့ နည်းနည်းစီ ကျူးကျော်လာနိုင်မှာပဲ ဖြစ်သည်။ ဤနည်းဖြင့် အဆုံးတွင် သူမက ဤလူဖြင့်သာ အဆုံးသတ်ပြီး သူတို့က အသီးအပွင့်များ ခံစားရလိမ့်မည်။
“ရှင် ဘာပြောလိုက်တာလဲ”
ယွင်ယောင်က တုံးအသူ မဟုတ်ပေ။ သူမအပေါ် ကုမင်ရွှမ်းကောင်းတာကို မည်ကဲ့သို့ သဘောမပေါက်ဘဲ နေမည်နည်း။ သူမက နောက်ထပ် ဆက်ဆံရေးတစ်ခု လက်ခံရန် အစီအစဉ်မရှိတာပဲ ဖြစ်သည်။ ထို့ကြောင့် သူမ အချိန်တိုင်း၌ ရှောင်နေရုံသာ တတ်နိုင်သည်။
“ဘာတွေပြောနေတာလဲ ကိုယ်ပြောတာက ညီလေးချဲ့နဲ့ ချန်းလေးကလည်း မင်းကို သိပ်ချစ်တဲ့အကြောင်းကို ပြောနေတာ ချန်ချန်လေးကောပဲလေ”
ကုမင်ရွှမ်းက အပါးနပ်ဆုံးဖြစ်၏။ သူက ယွင်ယောင်ကို သူ၏ ခံစားချက်များကို သိအောင် ဖိအားအနည်းငယ် ပေးခဲ့သည်။ ပြီးနောက် သူမအနေခက်မှုကို ဖြေလျော့ရန် ဆင်ခြေတစ်ခု ရှာခဲ့၏။ သို့မှသာ လေထုအခြေအနေက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ယွင်ယောင်က ထွက်ပြေးချင်လျှင်တောင် မလုပ်နိုင်ပေ။
“ဘာတွေပြောနေကြတာလဲ အစ်မကြီးယောင်”
ယွင်ယောင်သည် မည်သို့ ပြန်ပြောရမည်မှန်းမသိ ဖြစ်နေစဉ် အိမ်ထဲသို့ဝင်လာသော ကျန်းယာ့ဖေးက ရုတ်တရက်ပြောလာ၏။ ယွင်ယောင်က ချက်ချင်းပင် ရှေ့တက်သွားတော့သည်။
“လာလာ”
ထွက်သွားသော သူမနောက်ကျောကို မြင်သောအခါ ကုမင်ရွှမ်းက စိတ်အခြေအနေကောင်းကာ ပြုံးလိုက်၏။ ယွီဝမ်ချန်းနှင့် ရှန်လွေတို့ကလည်း ရှေ့သို့တက်လာ၏။
“ဂုဏ်ပြုပါတယ် အစ်မယောင်က.. ယိမ်းယိုင်နေပြီ”
သူက ထူးမခြားနားဖြစ်မနေသရွေ့ အခွင့်အရေးရှိသည်။
“စောပါသေးတယ် အထဲအရင်ဝင်ရအောင်”
သူတို့မျက်နှာထက်ရှိ အပြုံးက အနည်းငယ် ဖျော့သွားသည်။ ကုမင်ရွှမ်းက ရှေ့သို့ တစ်လှမ်းတိုးလာ၏။ ယွီဝမ်ချန်းနှင့် ကျန်သည့်သူများက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်မောလိုက်တော့သည်။
“ယွင်ချဲ့နဲ့ အဖွဲ့က ပစ္စည်းတွေချဖို့ စစ်တပ်ဌာနချုပ်ကို သွားနေတယ်။ မကြာခင်ပြန်လာမှာပါ စိတ်မပူနဲ့”
ဂိတ်အပြင်ဘက်တွင် ယွင်ချန်းကို ဖက်ထားသော လန်ယဲ့ဟန်က ကြင်နာစွာ ရှင်းပြနေလေ၏။ သူ့ချစ်သူ၏ ရင်ထဲ၌ သူ့အစ်ကိုကသာ အရေးကြီးဆုံးထြစ်ကြောင်း လန်ယဲ့ဟန် အစောတည်းက အသိအမှတ်ပြုခဲ့ပြီးဖြစ်သည်။
“ဒါပေမဲ့ အစ်ကိုကြီးကို လွမ်းတယ်”
ယွင်ချန်းက စိတ်မပျော်ဖြစ်နေသေး၏။ သူ့အစ်ကိုကြီးကို မတွေ့ရတာ ရက်အတော်ကြာပြီဖြစ်သည်။ သူ အသိစိတ် ပြန်ရပြီး ပထမဆုံးအကြိမ်လည်း ဖြစ်၏။
“ဟား ဟား ယွင်ချဲ့ကလည်း မင်းကို လွမ်းနေပါတယ်။ မင်းမသိဘူး သူက မင်းအတွက် အဆင့်သုံးတလင်းအမြုတေတွေ အများကြီး စုဆောင်းထားပေးတာ။ သူ အနှစ်သက်ဆုံးညီလေးကို ပေးတော့မှာ အထဲဝင်ပြီး စောင့်ကြရအောင် သူ မကြာခင် ပြန်လာလိမ့်မယ်”
လန်ယဲ့ဟန်က သူ့ကို ချစ်မြတ်နိုးစွာ နှာခေါင်းကို ညှစ်လိုက်၏။ မည်သည့်နည်းနဲ့မဆို ယွင်ချဲ့သည် အစတည်းက ထိုတလင်းအမြုတေများကို ပေးမှာပဲဖြစ်သည်။
“တကယ်လား”
စိတ်မပျော်ဖြစ်နေသည့်မျက်နှာက ရုတ်တရက် ဝင်းပသွားကာ ခေါင်းမော့လိုက်ပြီး သူ့ကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ လန်ယဲ့ဟန်က ခေါင်းညိတ်လိုက်သည်။
“ဒါပေါ့ ကိုယ်မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ”
“ဟုတ်ပြီ ဟန်ဟန်က အကောင်းဆုံးပဲ အကြိုက်ဆုံးပဲ”
ယွင်ချန်းက ပျော်လွန်းသောကြောင့် သူက လန်ယဲ့ဟန်ကို ဦးစွာဖက်လိုက်ပြီး မျက်နှာကို ဆတ်ကနဲ နမ်းလိုက်လေ၏။ ချိုမြိန်ပြီး သင်းပျံ့သော ရနံ့က ပေါ်ထွက်လာ၏။ သူက မတောင့်ခံနိုင်လုနီးပါး ဖြစ်သွားကာ သူ့နှုတ်ခမ်းကို ကိုက်ချင်စိတ်အား တင်းခံလျက် အကြိမ်ပေါင်းများစွာ အသက်ရှူသွင်းလိုက်သည်။ နှစ်ယောက်သား အခန်းထဲသို့ရောက်သည့်အချိန်၌ မိနစ်အနည်းငယ် ကုန်သွားပြီးဖြစ်သည်။
“ကျန်းရှန်နဲ့ ရှင်းချန်ကို ဘာကြောင့် မတွေ့မိတာလဲ သူတို့လည်း ရှောင်ချဲ့နဲ့အတူ သွားတာလား”
မီးဖိုချောင်ထဲ၌ ဟင်းသီးဟင်းရွက်များကို လျင်မြန်စွာ လှီးနေသော ယွင်ယောင်က လာကူညီသည့် ကျန်းယာ့ဖေးကို မေးလိုက်သည်။ ဝမ်စူးဟယာနှင့် လုမူတို့ကလည်း ချက်ပြုတ်ရန် ကူညီပေးကြ၏။ သူတို့က စားသောက်ပြီးဖြစ်သည်။ လန်ယဲ့ဟန်နှင့် ကျန်သည့်သူများအတွက် ဟင်းလျာများ ပြင်ဆင်ပေးနေတာဖြစ်သည်။
“ဟားဟား သူတို့ပေါ့ တကယ်သနားစရာပဲ”
သူတို့အကြောင်း တွေးမိပြီး ကျန်းယာ့ဖေးက မရယ်ဘဲ မနေနိုင်တော့ချေ။ ယွင်ယောင်က သူ့ကို ကြည့်ပြီး ပြောလိုက်တော့၏။ “ဘာဖြစ်တာလဲ တစ်ခုခု ဖြစ်သွားလို့လား”
အကြည့်အရ မထင်မှတ်ထားသည့် ကိစ္စဖြစ်ခဲ့ပုံပေါ်သည်။
“ဟေးယွီလေ။ ဒီတစ်ခေါက် ရှင်းချန်က အပြင်သွားတဲ့အချိန် ဝံပုလွေဘုရင်တစ်ကောင်ကို ခေါ်လာခဲ့တာ သူတို့အဖွဲ့ကို ပြန်ရောက်တဲ့အချိန် ဟေးယွီက အားလုံးကို နှုတ်ဆက်ဖို့ ဝံပုလွေဘုရင်ကို အော်ငေါက်ခဲ့တယ် ရှင်းချန်ကလည်း နောက်ကနေလိုက်ရတာ မလွယ်ဘူးလေ ခရိုင်ထဲကို ပြန်ရောက်တာနဲ့ ဟေးယွီက အားလုံးကို ချက်ချင်း နှုတ်ဆက်ခဲ့တာ ရှင်းချန်ကလည်း စိုးရိမ်ပူပန်ပြီး လိုက်သွားတာ ကျန်းရှန်ကတော့ ပြောနေဖို့ မလိုဘူး သူ့စီနီယာနောက်ပဲ လိုက်မှာပေါ့ ဟေးယွီရဲ့ စိတ်နေသဘောထားနဲ့ဆို သူတို့တွေ ဒုက္ခမရောက်ရင် အံ့ဩစရာပဲ”
“ဟား ဟား”
သူမပြောတာ ကြားပြီးနောက် ယွင်ယောင်၊ ဝမ်စူးဟွာတို့က ပြုံးလိုက်ကြ၏။ ဟေးယွီ၏ စကားလုံးများနဲ့ ပတ်သက်ပြီး မတတ်နိုင်ကြပေ။