အခန်း ၁၄၆
ဟေးယွီကို မျှားခေါ်ရန် နှင့် ဗိုလ်ချုပ်မော့ကို ချိန်းခြောက်ခြင်း။
“မင်း ဘာပြောလိုက်တာ အခြေစိုက်စခန်းတစ်ခုလုံး သန္ဓေပြောင်းအပင်တွေ တိုက်ခိုက်ခံရတယ်လား”
ခက်ခဲသည့် စမ်းသပ်မှုပြီးနောက် အာရုံတက်ခါနီးပြီ ဖြစ်သည်။ လူတိုင်းက ကိုယ်လက် သန့်စင်ရန် ပြင်ဆင်ပြီး မနက်စာ စားကြတော့၏။ နယ်မြေထဲတွင် သိုလှောင်ထားသည့် စစ်တပ်သုံး ကုန်တင်ကားများကို ထုတ်နေစဉ် ယွင်ချဲ့နှင့် ကျန်သည့်သူများက မုန့်ရွှီကို ဒဏ်ရာသန့်စင်ပေး၏။ မုန့်ရွှီ၏မျက်လုံးအကြောင်း မေးသည့်အခါ မုန့်ကန်းက အခြေစိုက်စခန်းကို သန္ဓေပြောင်း သားရဲများနှင့် ဖုတ်ကောင်များ သတ်ဖြတ်သွားကြောင်း ပြောလိုက်တာဖြစ်သည်။ ထိုစဉ် ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်း နှစ်ယောက်လုံးက ကျယ်လောင်စွာ ပြောလိုက်တော့သည်။
“အွန်း အဲဒီမှာ သန္ဓေပြောင်းသစ်ပင်တွေ ဘယ်လောက်များလဲတော့ အတိအကျ မသိဘူး အခြေစိုက်စခန်း တစ်ခုလုံး ဗရမ်းဗတာ ဖြစ်နေပြီ ပြီးတော့ ဖုတ်ကောင်တွေကလည်း တိုက်ခိုက်တာ ရှောင်ရွှီက ဖရိုဖရဲဖြစ်နေတုန်း သန္ဓေပြောင်းအပင်ရဲ့ သစ်စေးနဲ့ ထိမိသွားလို့ သူထပ် မတိုက်ခိုက်နိုင်တော့ဘူး ဒါကြောင့် ဖရိုဖရဲဖြစ်နေတာကို အခွင့်ကောင်းယူပြီး သူ့ကို ဆွဲထုတ်လာတော့တာပဲ”
သူတို့အားလုံးက လူငယ်များဖြစ်ကြသည်။ ထို့ကြောင့် သူတို့၌ ရန်လိုမှုကို မခံစားရသောအခါ မုန့်ကန်းက ခုခံမှုကို လွှတ်ချလိုက်၏။ သို့သော်ငြား သူ့ညီလေးအကြောာင်း ပြောသည့်အချိန်တွင်မူ စိတ်ဓာတ်ကျမိသွားသည်။ သူတို့မိဘများနှင့် ဆွေမျိုးသားချင်းများအားလုံး သေဆုံးကုန်ပြီဖြစ်သည်။ ထို့ကြောင့် သူတို့ ညီအစ်ကိုနှစ်ယောက်သာ ကျန်တော့သည်။ ညီငယ်လေးက ကန်းနေပြီဖြစ်သွားရာ ကမ္ဘာပျက်ကပ်ကာလ၌ သူမည်ကဲ့သို့ ရှင်သန်ရမည်မှန်းတောင် မသိတော့ပေ။
“မင်းတို့ မေးစရာရှိရင် နောက်မှမေးကြ”
ကျိုးဇယ်ယွီနှင့် ကျန်သည့်သူများ မေးချင်သေးတာကို မြင်သောအခါ ယွင်ချဲ့က သူတို့ကို ဖြတ်ပြောလိုက်လေ၏။ ပြီးနောက် မုန့်ရွှီဘက်သို့ လျှောက်သွားလိုက်သည်။ သူက မျက်ခွံကို လှန်လိုက်ပြီးနောက် နယ်မြေထဲမှ ရေနဲ့ ဆေးကြောပေးလိုက်သည်။ ပြီးနောက် ရေပုလင်းအချို့ကို ထုတ်ပြီး တစ်ပုလင်းကို မုန့်ကန်းအား ပေးပြီး သူ့ကို ရေတိုက်ခိုင်းလိုက်၏။ ပြီးနောက် ကျန်သည်များကို ဇလုံထဲသို့ ထည့်လိုက်သည်။
“တော်ပြီ”
မုန့်ရွှီသည် တစ်ငုံခန့် သောက်ပြီးနောက် ငြင်းလိုက်၏။ ယွင်ချဲ့၏အသံ သုန်မှုန်လာပြီး လေးနက်တည်ကြည်တဲ့မျက်နှာကို မြင်လိုက်ရသောအခါ ချက်ချင်းပင် လက်ဆန့်ထုတ်ပြီး မုန့်ရွှီအား ဆက်တိုက်လိုက်တော့သည်။ “ရှောင်ရွှီ ဖြည်းဖြည်းချင်း သောက်လိုက်ဦး”
“အင်း”
သူ၏အစ်ကိုကို စိတ်မပူစေချင်သောကြောင့် ရှက်ရွံ့နေသော မုန့်ရွှီက ခေါင်းညိတ်လိုက်ပြီး ရေပုလင်းကိုယူရန် လက်လှမ်းပြီးနောက် ပါးစပ်ထဲ သောက်လိုက်တော့သည်။ သူသောက်ပြီးနောက် ယွင်ချဲ့က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ရေဇလုံ၏ အစွန်းကို ဖိလိုက်၏။
“မင်းမျက်လုံးကိုမင်း သန့်ရှင်းဖို့ ကြိုးစား နာမှာ မကြောက်နဲ့ ဒီရေတွေကို မင်းရဲ့မျက်ခွံထဲ ဝင်သွားအောင် လုပ်လိုက် အာနိသင်ကို အရင်ကြည့်တာပေါ့ အလုပ်မဖြစ်ရင် နောက်တစ်နည်းရှာမယ်” ဝိညာဉ်စမ်းရည်သည် အဆိပ်ဖယ်ရှားပေးနိုင်သည့် အာနိသင်ရှိ၏။ ဖုတ်ကောင်ဗိုင်းရပ်စ်ကိုတောင် ဖယ်ရှားနိုင်လျှင် သန္ဓေပြောင်းအပင်၏ အဆိပ်ကိုလည်း ဖယ်ရှားနိုင်သင့်သည်။
“အင်း”
ယွင်ချဲ့သည် သူကောင်းဖို့အတွက် လုပ်ပေးနေမှန်း သိသောကြောင့် လက်တစ်ဖက်ဖြင့်ယူကာ ရေဇလုံထဲကို မျက်နှာအပ်လိုက်၏။ ပြီးနောက် သူ့မျက်လုံးထောင့်ကို ဆေးရန် ရေသုံးလိုက်ပြီး မျက်ခွံထဲ ရေဖြင့်ဆေးကြောကာ မျက်လုံးတစ်ဝိုက် ဆေးလိုက်၏ နောက် မျက်လုံးကို ထပ်ဖွင့်လိုက်သည်။ ဝိညာဉ်စမ်းရည်များ မျက်လုံးကို ထိသွားချိန်၌ စူးရှသည့် နာကျင်မှုက ပေါ်ထွက်လာကာ သေးသွယ်သော ခန္ဓာကိုယ်က တုန်ရင်မိသွား၏။ ဘေးကနေကြည့်နေသော မုန့်ကန်းက သူ့ကို လှမ်းဖက်ချင်သည်။ သို့သော်ငြား ယွင်ချဲ့က ဆွဲထားကာ တားပြီး သူ့ကို ခေါင်းခါပြလိုက်၏။ မုန့်ကန်းကို တည်တည်ငြိမ်ငြိမ် နေခိုင်းလိုက်သည်။ ယခုအချိန်တွင် ဆွဲထုတ်လိုက်ပါက သူ့ညီလေးကိုသာ ထိခိုက်စေလိမ့်မည်။
“မင်းတို့တွေ မနက်စာအရင်စားနှင့်ဦး ငါ ဟေးယွီကို သွားရှာလိုက်ဦးမယ်”
မုန့်ရွှီ မျက်လုံးဆေးပြီးတာကို စောင့်မနေဘဲ ယွင်ချဲ့က သူတို့၏မနက်စာ ယူပြီးထွက်သွားကာ လမ်းလျှောက်သွား၏။ သူပြန်ရောက်လာသည့်အချိန်တွင် မုန့်ရွှီက သူ့မျက်လုံး ဆေးကြောပြီး ဖြစ်ကာ မျက်လုံး မဖွင့်နိုင်သေးပေ။
“သူလား ပြောကြည့်ပါဦး.. ဘာကြောင့်များ အမြဲတမ်း ဒုက္ခရောက်နေတာလဲ သခင်ရေး.. ခင်ဗျား ပါးပါးနပ်နပ်လေး နေလို့ရမလား ဒီလို နိမ့်ပါးတဲ့ဉာဏ်ရည်နဲ့ အံ့ဖွယ်သားရဲမှာ ဖိအားတွေ တော်တော်များနေပြီနော်”
သူ စကားပြောလိုက်သည့်အချိန်၌ မုန့်ညီနောင်က ထိတ်လန့်သောကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ယခင်မေးခွန်းဟောင်းကြီးအတိုင်းပင် ခွေးတွေက အမှန်တကယ် စကားပြောနိုင်သည်လော။
“ဒီပေါက်တတ်ကရတွေ တော်လိုက်တော့ သူ့မျက်လုံးကို ကုသပေးနိုင်တဲ့ ဆေးရှိမရှိ ကြည့်ခိုင်းရုံပဲ မင်းရဲ့အသားကို ဖြတ်ရအောင်မလုပ်နဲ့”
စိတ်မချမ်းမသာဖြစ်ပြီးနောက် သူ့နဖူးသူ ရိုက်လိုက်၏။
ယွင်ချဲ့ကို အားနည်း ဖျော့တော့စွာ ကြည့်လိုက်သည်။ သူ့ကိုသတ်ခြင်းထက် သွေးထွက်အောင်လုပ်ရတာက ပိုခက်ခဲ၏။ သူ့ထက် ခေါင်းမပါသည့် သံမဏိကြက်ကတောင် ပိုပြီး သဘောထားကြီးသေးသည်။
“ကျုပ်ရဲ့အသားကို ဖြတ်တာနဲ့ တူတူပဲ မဟုတ်ဘူးလား။ ကျုပ်တို့ သိလာတာကြာပြီ အဲဒီပစ္စည်းတွေကို စုဆောင်းရတာ ခက်ခဲမှန်း သခင်သိသားနဲ့၊ သခင်သုံးဖို့အတွက်က အဆင်ပြေတယ်။ ဒါပေမဲ့ သခင့်အဖွဲ့ဝင်တွေ အတွက်ကတော့ မနေ့တုန်းက သူတို့တစ်ခုစီ ရပြီးပြီလေ။ ဒီမှာ ရတနာတွေအများကြီ သိမ်းထားတယ်။ ကျုပ်ဆီက ရတနာတွေအားလုံး ယူထုတ်သွားပြီးပြီ ဒီနေ့ကျ ထပ်ရောက်လာပြီး ပစ္စည်းတွေ တောင်းနေပြန်ပြီ ဘာမှတောင် ပြောခွင့်မရှိဘူး သခင့်လိုမျိုး လိမ်တတ်တဲ့သူ ရှိသေးရဲ့လား”
ဟေးယွီက ဒေါသကြီးသည်။ မနေ့တုန်းက ကိစ္စကို စိတ်ထဲမဖြေဖျောက်နိုင်သေးပေ။ ယနေ့ ယွင်ချဲ့ထပ်ရောက်လာသောကြောင့် သူ့ခံစားချက် ကောင်းနေမှသာ ထူးဆန်းနေမှာပဲဖြစ်သည်။
“ကောင်းပြီ ကောင်းပြီ ဆေးသေတ္တာတစ်လုံးပဲ မဟုတ်ဘူးလား မင်း ဘာထင်နေလဲ ကောင်းပြီ ငါကတိပေးတယ် နောင်ကျ စွမ်းအင်ဘား ထုတ်လုပ်တဲ့စက်ရုံနှင့် တွေ့ကြုံခဲ့မယ်ဆိုရင် မင်းအတွက် ကိရိယာတစ်စုံ တည်ဆောက်ပေးမယ် ရုံးခန်းဆိုရင် အဆင်ပြေလား”
သူက ဟေးယွီ၏စကားအတိုင်း လိုက်နာလျှင် ဒေါသထွက်သေမည့်သူက သေချာပေါက် သူသာဖြစ်၏။ ယွင်ချဲ့က သူ့ကို ဖျောင်းဖျချင်သည်။ ဟေးယွီ၏လှည့်ကွက်အတွင်း သူ မကျရောက်ဆိုတာ မယုံပေ။
“စကားပြန်မရုပ်သိမ်းနဲ့နော်”
သူပြန်ရုတ်သိမ်းမှာကို ကြောက်သည့်အလား ဟေးယွီသည် သူ့လက်ပေါ်ကနေ ခုန်ဆင်းပြီးနောက် သူ့ကို သာမန်တိဘက်ခွေးပုံအရွယ်အစားဖြင့် အသွင်ပြောင်းပြီး စိုက်ကြည့်လိုက်၏။
“ကောင်းပြီ ကောင်းပြီ ကောင်းပြီ ဘယ်တော့မှ ငါ့စကားကို မရုတ်သိမ်းဘူး”
“ငါက စကားပြန်ရုပ်သိမ်းရဲပါ့မလား အဲဒီအချိန် ငါ စိတ်ပျက်ပြီး သေရမှာမဟုတ်ဘူးလား”
ဒီတော့မှ ဟေးယွီက စိတ်ကျေနပ်သွား၏။ မနေ့တုန်းက အနည်းငယ် စိတ်ထဲ မသက်မသာဖြစ်နေမှုကတောင် ပျောက်ကွယ်သွား၏။ သူက မျက်လုံးမှိတ်ထားသော မုန့်ရွှီကို ချက်ချင်းပဲ ပါးစပ်ဟကာ ပြောလိုက်တော့၏။
“ကောင်စုတ်လေး မျက်လုံးဖွင့် ဒီအံ့ဖွယ်သားရဲကို ကြည့်ခွင့်ပေး”
“အမ် ဒါက..”
မော့ရွှီက မတုံ့ပြန်ရသေးပေ။ သို့သော် မုန့်ကန်းက ယွင်ချဲ့နှင့် ကျန်သည့်သူများကို တွေဝေစွာ ကြည့်လိုက်၏။ သူနှင့်အနီးဆုံးဖြစ်သည့် လုဟိုင်ရွှမ်းက ပုခုံးကို ပုတ်ကာ အကြံပြုလိုက်တော့သည်။
“မင်းတို့တွေ သူပြောတာ နားထောင်သင့်တယ် မဟုတ်ရင်..”
လုဟိုင်ရွှမ်းက သက်ပြင်းချလိုက်၏။ သူမက ခေါင်းခါလိုက်ရာ ပြီးအောင် မပြောနိုင်တော့ချေ။
“အင်း ရှောင်ရွှီ မင်းမျက်လုံးကို ဖွင့်လိုက် သူကြည့်ပါစေ”
မုန့်ကန်းသည် ယွင်ချဲ့ထံမှ ယွင်ချဲ့ခေါင်းညိတ်တာကို မြင်ပြီး ပိုတောင် သံသယဖြစ်လာကာ သူ့ညီလေး၏ လက်ကို ထိလိုက်၏။ မုန့်ရွှီကလည်း မျက်လုံးဖွင့်လိုက်တော့သည်။ မူလက အဖြူအနက်မျက်လုံးသည် ယခု သွေးနီရောင်သန်းနေပြီး ယွင်ချန်း၏ အနီရောင်သူငယ်အိမ်ထက်တောင် ပိုရဲတောက်နေပြီး သွေးနီရောင် ပုတီးစေ့နှစ်စေ့နှင့် တူနေ၏။ ထို့အပြင် မျက်လုံးထဲ၌ ဘာမှမရှိပေ။
“မက်မွန်သီးအနံ့ အဲလောက်မဆိုဘူးပဲ”
“အလေးထားလို့ မရဘူးလား”
ဟေးယွီပြောတာကို ကြားသောအခါ လူအားလုံးက သူ့ကို သံသယဖြစ်စွာ ကြည့်လိုက်၏။ သူ့ရဲ့ မျက်လုံးအခြေအနေက မပြင်းထန်ဘူးဆိုရင် ဘာက ပြင်းထန်တာလဲ။
“ဟေး.. ဒါကိုစားလိုက် မင်း နှစ်ရက်သုံးရက်အတွင်း အလင်းပြန်ရလိမ့်မယ် ဒီအံ့ဖွယ်သားရဲကို သိပ်မကိုးကွယ်နဲ့နော် ဒီသားရဲက သိပ်ကို အံ့ဩဖို့ကောင်းတာ”
“အမ်”
ဟေးယွီ၏ ရှေ့ခြေထောက်က သူ၏အစာအိမ်ကို ပွတ်ပြီး မကြာမီ၌ လက်မ အရွယ်အစားခန့်ရှိသည့် အနက်ရောင်အလုံးလေးက သူ့လက်ဖဝါး ပေါ်၌ ပေါ်လာသည်။ သူ၏နယ်မြေအကြောင်း ယွင်ချဲ့က သိနေသောကြောင့် သူက ဘာမှမဖြစ်သွားပေ။ သို့သော် မသိသည့် မုန့်ကန်းကမူ သုန်မှုန်နေလျက် ရွှံ့လုံးသည် သူ့ခန္ဓာကိုယ်ထဲမှ ပွတ်တိုက်ရာမှ ထွက်လာသော အညစ်အကြေးဖြင့် ပြုလုပ်ထားသလားဟု သံသယဝင်နေမိ၏။
“ယူလိုက် အွန်း.. အားမနာနဲ့ ငါ့ကို အားမနာနဲ့ မဟုတ်ရင် ဒီအံ့ဖွယ်သားရဲက မင်းတို့ကို စိတ်ပျက်မိမှာ”
သူတို့ ၎င်းကိုယူရန် လက်မဆန့်တာကို မြင်သောအခါ ဟေးယွီက မော့ကြည့်လိုက်၏။ ထိုဆေးလုံးများကို စွမ်းအင်ဘားများစွာဖြင့် လဲလှယ်နိုင်၏။ သူတို့မယူလျှင် သူ၏ပစ္စည်းများကို မည်သည့်နေရာက ရမည်နည်း။ သူ့သခင်ပေါ် သူ နားလည်သဘောပေါက်ထားမှုအရ ထိုလူကို သူ မကုပေးနိုင်ခဲ့လျှင် သခင်က သူ့ကို ပစ္စည်းများမပေးမှာ သေချာ၏။ ပိုပြီး လိမ်လည်လှည့်စားနိုင်တဲ့ လူတစ်ယောက်ကို တစ်ခါမှ မတွေ့ဖူးဘူး။
ယွင်ချဲ့သာ သူ့ရင်ထဲတွေးနေတာကို သိမည်ဆိုလျှင် ပျက်ရယ်ပြုလောက်၏။ သူကိုယ်တိုင်က လူလိမ်တစ်ယောက် ဖြစ်နေချိန် ကျန်သည့်သူများလိမ်ညာသည်ဟု မည်ကဲ့သို့ ပြောနိုင်ရသနည်း။
“ယူလိုက် ထူးဆန်းတဲ့ဟာ မဟုတ်ဘူး အဲဒါက မုန့်ရွှီကို ကုပေးနိုင်တယ်လို့ပြောရင် ကုပေးနိုင်မှာပဲ ဟေးယွီက နည်းနည်းလေး ညစ်တတ်ပေမဲ့ အားကိုးလို့ ရပါသေးတယ် အချိန်အတော်ကြာ အတူရှိပြီးရင် မင်းတို့ သိလာလိမ့်မယ်”
မုန့်ကန်း၏အတွေးကို မြင်ပြီး ယွင်ချဲ့က ခေါင်းညိတ်ပြလိုက်၏။ မုန့်ကန်းသည် လက်ဖဝါးပေါ်မှ ရွံ့လုံးကို ယူပြီးနောက် တသ်ချက်လှည့်ကြည့်ကာ အနမ်းခံပြီး မုန့်ရွှီအား သုန်မှုန်သောအမူအရာဖြင့် ရွှံ့လုံးပေးလိုက်၏။
“ရှောင်ရွှီ ဘယ်လိုပဲဖြစ်ဖြစ် သောက်ကြည့်လိုက်လေ”
“ဟုတ်”
မုန့်ရွှီသည် ၎င်းကို မမြင်နိုင်ပေ။ သို့သော် သူ့ရင်ထဲ၌ ဝန်ထုပ်ဝန်ပိုးကြီးကို ခံစားသေး၏။ သူက ပါးစပ်ဟပေး ရွှံ့လုံးကို မျိုချလိုက်ကာ ကြွယ်ဝသည့် ဆေးရနံ့က နှုတ်ဖျားကနေ ချက်ချင်း ထွက်ပေါ်လာ၏။ မုန့်ကန်းနှင့် ကျန်နေသူများတောင် ဆေးနံ့ရလိုက်သည်။ ယင်းကို ကြည့်ပြီးနောက် ယွင်ချဲ့သည် စွမ်းအင်ဘားကို ထုတ်ကာ ဟေးယွီ၏ပါးစပ်ထဲထည့်ပေးလိုက်၏။
“ကျေးဇူးပါ ဟေး ဒါက အစွမ်းထက်ဆုံးပဲ”
“ပေါက်တတ်ကရ ဒါပေါ့ ဒီသားရဲက ဘယ်သူလဲဆိုတာ ဘာကြောင့် မတွေ့တာလဲ။ သခင်.. သခင်ရဲ့ဉာဏ်ရည်က နောက်ဆုံးတော့ လိုင်းပေါ်ရောက်လာပြီပဲ။ ဂုဏ်ပြုပါတယ်”
“သောက်ဂွပဲ”
ယွင်ချဲ့က သူ့ခွေး၏မျက်နှာကို ရိုက်ချပြီးနောက် ရှင်းဖုန်းဘက်သို့ လျှောက်သွားကာ သူ့လက်ထဲရှိ အသားပေါက်စီကို ကိုက်ချလိုက်၏။ ဟေးယွီကမူ စွမ်းအင်ချောင်းကို ကိုက်ဝါးနေပြီး ပြန်မပြောတော့ပေ။
ဘာမှကောင်းတာမရှိဟု ခံစားနေရပြီး သူက လူတစ်ယောက်ပုံစံအတိုင်း ထိုင်ပြီး စွမ်းအင်ချောင်းကို ထုတ်ကာ အရှေ့ခြေများဖြင့် အခွံခွာပြီး ပါးစပ်ထဲသို့ ထည့်လိုက်၏။ မုန့်ကန်းကမူ ကြောင်အစွာ ကြည့်နေပြီး စိတ်ထဲကမူ ကမ္ဘာပျက်ကပ်က ခွေးများအတွက် အံ့ဩဖွယ်ကောင်းပုံကို တွေးနေမိတော့သည်။
မနက်ရှစ်နာရီ၌ သူတို့အဖွဲ့သည် လူစီပြီးသွား၏။ စစ်သားဆယ့်နှစ်ယောက်နှင့် ခရီးသယ်တင်ယာဉ်တစ်စီးက လူအယောက်နှစ်ဆယ်ကို တင်လျက် အဝေးပြေးလမ်းဆီသို့ မောင်းနှင်၏။ လမ်းပေါ်ရှိ အတားအဆီးများကို လွန်ခဲ့သည့်ရက်ပိုင်းက ရှင်းလင်းခဲ့ပြီးဖြစ်သည်။ ဖုတ်ကောင်အသေများက ယခင်ကလောက် မမြန်ဆန်ပေ။ သူတို့ပြန်ရောက်သည့်အရှိန်က ထင်ထားသည်ထက် ပိုမြန်ဆန်၏။ ထို့ကြောင့် နှစ်နာရီမပြည့်မီ၌ သူတို့သည် လျန်ကျင်းဧရိယာထဲ ဝင်ခဲ့ပြီဖြစ်သည်။
လမ်းတလျှောက်၌ သူတို့သည် မုန့်ကန်းနှင့် ကျန်သည့်သူများ နားနေသည့် အခြေစိုက်စခန်းဖြစ်သည့် နေရာကနေ ထွက်ပြေးနေသော ကားများစွာကို တွေ့ခဲ့ရသည်။ စစ်သားများ၏ပုံရိပ်ကြောင့် မော့ဝမ်းယန်က ရွေးချယ်စရာ အရှိတော့ဘဲ ကျန်သည့်သူများကို ဦးစွာ ခေါ်ခိုင်းရ၏။ ထို့ကြောင့် သူတို့နောက်ကနေ မောင်းသွားရ၏။ ရလဒ်အနေဖြင့် လမ်းကြောင်းက နှစ်နာရီကျော်ခန့် အချိန်ယူလိုက်ရပြီး အခြေစိုက်စခန်းသို့ သူတို့ပြန်ရောက်ချိန်၌ ဆယ့်နှစ်နာရီဝန်းကျင် ရှိနေပြီဖြစ်သည်။
“ပစ္စည်းတွေကို တင်ချဖို့အတွက် ရှင်းတကျန်းနဲ့ သွားလိုက်မယ် မင်းတို့တွေ အရင်ပြန်သွားနှင့် င့ါရဲ့အစ်မကို ဟင်းနည်းနည်း ပိုချက်ခိုင်းလိုက် ငါဗိုက်ဆာနေပြီ”
အခြေစိုက်ခန်းထဲသို့ အဝင်၌ ယွင်ချဲ့သည် လန်ယဲ့ဟန်နှင့် ကျန်သည့်သူများကို စကားအနည်းငယ်ပြောပြီးနောက် သူက ဂျစ်ကားပေါ်တွင် ထိုင်လိုက်၏။ တပ်ဖွဲ့သုံးဖွဲ့၏ စစ်သားများ အားလုံး ပြန်လာသည်။ နယ်မြေစွမ်းအားရှင်များသည် ပစ္စည်းများ ချရန်အတွက် စစ်တပ်သိုလှောင်ရုံဆီသို့ သွားရမည်။
“ဗီလာခရိုင်က ထင်တဲ့အတိုင်းပဲ ငါတို့တွေထက် ပိုကြီးတယ်”
ဂျစ်ကားက ဗီလာခရိုင်ကို မောင်းသွားစဉ် ယွင်ချဲ့က ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်လေ၏။ ဥယာဉ်ကျယ်ကြီးများဖြင့် ဗီလာများရှိ၏။ အတွင်း၌ သစ်ပင်ပန်းမန်တို့ မရှိသော်ငြား ခြံဝန်းက ကြီးမားပြီး ဗီလာများက သုံးထပ်တိုက် အဆောက်အဦးများ ဖြစ်ကာ အနည်းဆုံးတော့ သူတို့အိမ်များထက် နှစ်ဆသုံးဆ နေရာပိုယူထားပြီး အာဏာရှင်ကြီးများသာ တတ်နိုင်သည့် အိမ်တော်ရှင်ကြီးဖြစ်သည်။
“ကမ္ဘာပျက်ကပ် မတိုင်မီတည်းက ချောင်ရန်က ဖွံ့ဖြိုးပြီးသား ဒါပေမဲ့ ကမ္ဘာပျက်ကပ်ပြီးတဲ့နောက် စစ်တပ်က အမိန့်ပေးဖို့ လိုနေတုန်းပဲ”
ရှေ့တွင်ထိုင်နေသော ယွင်ချဲ့က သာမန်ကာလျှံကာ ပြောလိုက်၏။ သူက အော်ပြောလိုက်ပြီး လှည့်ကြည့်လာရာ ရှင်းဖုန်းကို ရေရွတ်ပြောလိုက်၏။ “မင်းဘာကြောင့်များ ဒီလိုနေရာကောင်းကို တခြားတစ်ယောက်အတွက် ဘာမှမရဘဲ ဘာလို့ ပေးလိုက်ရတာလဲ သူတို့မင်းကို ဘာပေးလို့လဲ”
ရှင်းဖုန်း၊ မော့ဝမ်းယန်နှင့် ယာဉ်မောင်းကတောင် ကြောင်အသွားလေ၏။ မည်သည်က အချိုးအကွေ့နည်း။ သူတို့ဘာကြောင့် လိုက်မမှီရသနည်း။
“အားသာချက်က သူတို့အားလုံးက စီမံခန့်ခွဲပိုင်ခွင့် မရှိဘူး။ သူတို့တွေက ချောင်ရန်ရဲ့အတွင်းအပြင် အရာအားလုံးကို ထိန်းချုပ်ပိုင်ခွင့် မရှိတော့ဘူးလေ ဒါလုံလောက်ပြီမလား”
ရှင်းဖုန်းက မပြောရဲပေ။ အလဲအလှယ်အတွက် သူက ထောက်ပံ့မှုများစွာတောင် ပို့ပေးခဲ့ရသည်။ နည်းလမ်းမရှိပေ။ ယခုဆို သူက မိသားစုရှိသည့် အမျိုးသားတစ်ယောက် ဖြစ်နေပြီပင်။ ဖြုန်းတီးလွန်းသည်ဟု သူ၏ဇနီးသည်က ခံစားရပါက အိမ်ပြန်ရောက်သည့်အချိန်၌ အရိုက်ခံရမည် မဟုတ်ပါလော။
“ဒါတော့ဟုတ်တာပဲ ဒါပေမဲ့ နစ်နာနေသေးတယ်။ ထားလိုက်တော့လေ နောင်ကျ ငါတို့ ဒါမျိုးထပ်လုပ်လို့မရဘူး။ ငါတို့ အလုပ်ကြိုးစားပမ်းစားလုပ်ရမယ် မင်း သိလား”
သူပြောနေစဉ် မော့ဝမ်းယန်က နောက်ကြည့်မှန်ကနေ ကြည့်လိုက်ရာ သူ၏မျက်လုံးများက စောင်းသွားလေ၏။ တာဝန်က ပြီးမြောက်ခဲ့၏။ ယခုက သူတို့ ပုဂ္ဂိုလ်ရေးအငြိုးတွေအတွက် ဖြေရှင်းရမည့်အချိန်ဖြစ်သည်။ မော့ဝမ်းယန် သူ့ကို အရှက်ခွဲခဲ့ပုံကို မမေ့သေးပေ။
“ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ အခုကစပြီး ငါတို့မိသားစုမှာ မင်းက နောက်ဆုံးပြောခွင့်ရှိတဲ့သူပဲ”
ဆင့်ခေါ်ခံသားရဲများက ဘာမှမဟုတ်ပေ။ ခရီးသည်ခုံတွင် ထိုင်နေသော မော့ဝမ်းယန်က မကျေမချမ်း လှည့်ကြည့်လိုက်၏။
“လခွမ်း.. ရှင်းဖုန်း မင်းက သားရဲကောင်ကို တာဝန်ယူခိုင်းတော့မှာလား”
ယင်းက သိပ်ကြောက်ဖို့ကောင်းလွန်းသည်။ သူက နောင်ကျ ရှင်းဖုန်းကို ရှာချင်သည်ဆိုလျှင် ယွင်ချဲ့ကို ဦးစွာရှာရမည်ဆိုပါက သူ မကြာမီ သေသွားလောက်၏။
“သူတော်စင်သားရဲ နာမည်က တစ်မျိုး ပိုထူးကဲတာပဲ မော့ဗိုလ်ချုပ်က မင်းကို ဘာ်အချိန်က ပေးလိုက်တလဲ”
ယွင်ချဲ့၏ မျက်နှာထက်တွင် ရက်စက်သည့်အပြုံး ရှိနေ၏။ သူက လက်ကို တတောက်တောက် ခေါက်နေလေသည်။ မော့ဝမ်းယန်က ကြောက်လွန်းသောကြောင့် တုန်ယင်လာ၏။
“အင်း.. ရာသီဥတုက ဒီနေ့ ကောင်းပုံပဲနော် ကောင်းကင်ကြီးက ကြည်လင်ပြီး တိမ်မရှိဘူး”
“သေစမ်း သားရဲက သားရဲပဲ။ သူနဲ့ယှဉ်ရင် ဟေးယွီကမှ ချစ်ဖို့ကောင်းသေးတယ်”
“ဟုတ်တယ် ရာသီဥတုက သိပ်သာယာတယ် ရာသီဥတုကကောင်းလေ မိုးကြိုးတွေ ပိုပစ်လေပဲ ဗိုလ်ချုပ်မော့ မိုးခြိမ်းသံ ကြားချင်လား”
ထိုသို့ပြောပြီးနောက် ရှင်းဖုန်းက ချက်ချင်းပင် ကားရှေ့သို့ မှီကာ သူ၏ကိုယ်ပိုင်တည်ရှိမှုကို လျော့ချရန် ကြိုးစားလိုက်၏။ ပြီးနောက် မော့ဝမယန်ကို ဂရုဏာသက်စွာကြည့်ရန် မမေ့ခဲ့ပေ။ ညီအစ်ကိုရေ ဂရုစိုက် နောက်နှစ် ဒီအချိန်မှာ မင်းရဲ့အုတ်ဂူမှာ ပေါင်းလာသင်ပေးမယ်။
“မကြားချင်ဘူး မကြားချင်ဘူး မကြားချင်ဘူး ဒီသခင်လေးက အရင်တုန်းက မိုးခြိမ်းသံတွေကို တစ်ခါမှ နားမထောင်ခဲ့ဖူးဘူး။ ခေါင်းဆောင်ယွင် ကျေးဇူးပြုပြီး အားမနာပါနဲ့ မြန်မြန် ဖယ်လိုက်ပါတော့။ စွမ်းအားတွေ ဘယ်လောက်တောင် ဖြုန်းတီးလိုက်သလဲလို့ ချွေတာထား ချွေတာထား”
နောက်လှည့်လာသည့် မော့ဝမ်းယန်က အမြန်လှည့်ပြီး လက်ကာပြကာ ပြောလိုက်၏။ သူက ငိုတော့မယောင်တောင် ဖြစ်နေသည်။ ယွင်ချဲ့သည် ထိုအရာကို မြင်တွေ့သည့်အချိန်၌ မျက်မှောင်ကြုံတ်ကာ ပြောလိုက်တော့သည်။
“တကယ်မလိုဘူးလား သေချာလား”
“သေချာတယ် သေချာတယ် ခေါင်းဆောင်ယွင်က ကြင်နာတတ်တဲ့သူ တစ်ယောက်ပဲ ကျေးဇူးပြုပြီး ရှုပ်တာရပ်နိုင်မလား”
ဤအတိုင်း ဆက်ဖြစ်ပွားနေလျှင် သူအမှန်တကယ် ငိုမိတော့မည်။
“သားရဲကရော..”
“ဘယ်သူကများ မင်းကို ဖိနှိပ်နိုင်စွမ်းရှိတဲ့ သားရဲကောင်လို့ ပြောရဲမှာလဲ ဒီသခင်လေးက ပြောတဲ့သူကို ခွင့်မလွှတ်ဘူး”
မော့ဝမ်းယန်က မျက်လုံးနှစ်ဖက်ဖြင့် စိုက်ကြည့်နေပြီး အတည်ပြောချင်ယောင်ဆောင်လိုက်သည်။ ဒီတော့မှ ယွင်ချဲ့သည် သူ၏ ခန္ဓာကိုယ်ထဲက မိုးကြိုးတွေကို စိတ်ကျေနပ်စွာ ဖယ်ရှားလိုက်၏။ မော့ဝမ်းယန်ကမူ စိတ်ထဲ အကြောက်တရားများ ပြည့်သွားတော့သည်။