YMR- အခန်း ၁၄၄

အခန်း (၁၄၄.၁)

နိုင်ငံပိုင် မြေအောက်သိုလှောင်ခန်းကြီး

နိုင်ငံပိုင်သုတေသနသင်တန်းကျောင်း၏ အတိုင်းအတာကား ကိုယ်ပိုင်သုတေသနသင်တန်းကျောင်းများနှင့် သေချာပေါက်မယှဥ်နိုင်ပေ ခရိုင်မြို့ရှိ ဤသုတေသနသင်တန်းကျောင်းသည် အပင်မျိုးစေ့မျိုးစုံ၏ သန္ဓေ ပြောင်းမှုနှင့် မျိုးဆက်မှုကို အဓိက လေ့လာ၏ ကမ္ဘာပျက်ကပ်မတိုင်ခင်က အ တော်နာမည်ကြီးပြီး တရုတ်နိုင်ငံကို အထောက်အကူပြုခဲ့သည်ဟု ဆိုရပေမည်။ အထဲရှိသိပ္ပံပညာရှင်များက မသေကုန်ဘဲ ထိုအစား ဖုတ် ကောင်များဖြစ်ကုန်၏။ အနည်းစုကသာလျှင် စစ်တပ်ကယ်တင်ခြင်းခံရ၏။ သုတေသနပညာရှင်များနှင့် ပတ်သတ်ပြီး တွင်ကျယ်ကားသူတို့ကို ဂရုမစိုက်ပေ။

“ပစ္စည်းကိရိယာတွေ အားလုံးနဲ့ ကုန်ကြမ်းတွေ သိမ်းဆည်းဖို့အတွက် နယ်မြေစွမ်းအားရှင်သုံးယောက်ကို ခေါ်သွားလိုက် မြေအောက်သိုလှောင်ခန်းကို ဘယ်လိုဖွင့်ရမလဲဆိုတာ ကြည့်အုံးမယ်”

နေ့လည်မွန်းတည့် နှစ်နာရီချိန်၌ စားသောက်ပြီးစီးသည်နှင့် လက် ထောက်ဗိုလ်ချုပ်ကို ပစ္စည်းကိရိယာများ သွားသိမ်းဆည်းခိုင်းခဲ့ပြီး သူကိုယ်တိုင်ကမူ tabletတစ်လုံးထုတ်ကာ သူအစောတုန်းက ဒေါင်းလုတ်ဆွဲထားသည့် သုသေသနသင်တန်းကျောင်း၏ blueprintဆီသို့ ၎င်းကို ရွှေ့ပြောင်းနေလေ၏။ မြေအောက်သို‌လှောင်စခန်းသည် သာမန်လူများအတွက် လျှို့ဝှက်ချက်တစ်ခုဟု သတ်မှတ်နိုင်ပြီး ယခင်သုတေသနပညာရှင်များတောင် မြေအောက်သိုလှောင်စခန်းအကြောင်း မသိကြပေ။

“ဒီအတိုင်းဆိုရင် ငါတို့ ဘယ်အချိန်များမှရှာနိုင်မှာလဲ”

အချိန်အတော်ကြာ စောင့်နေသောယွင်ချဲ့က သူ၏tabletကိုလုယူပြီးနောက် သုတေသနသင်တန်းကျောင်း၏ ပင်မထိန်းချုပ်ရေးအခန်းစီသို့ ရွှေ့ပြောင်းလိုက်ကာ အဖွဲ့ကို ပင်မထိန်းချုပ်ရေးအခန်းသို့ ခေါ်သွားလိုက်၏။ ပြီးနောက် သူ၏စွမ်းအားနယ်မြေထဲမှာ လက်တော့တစ်လုံးကိုထုတ်ပြီး ဖွင့်လိုက်သည်။

“စစ်တပ်ဂြိုလ်တုကွန်ရက်အတွက် လျို့ဝှက်နံပါတ်ကဘာလဲ”

ကမ္ဘာမြေပေါ်ရှိ ကွန်ရက်က ဖျက်စီးခံခဲ့ရပြီးငြား ဂြိုလ်တုကွန်ရက်က အသုံးပြု၍ရနေသေးသည်။ သို့သော်ငြား ဂြိုလ်တုကွန်ရက်ကို ရံဖန်ရံခါ၌ codeများ တစ်ထပ်ပြီးတစ်ထပ် ထားထားသောကြောင့် hackerများ မည်မျှစွမ်း စေကာမူ အလွယ်တကူ မဖြိုခွဲနိုင်ပေ။

“ဒီနေရာမှာ လျှပ်စစ်မရှိဘူး ဒီတော့ ပင်မထိန်းချုပ်ခန်းကို ကွန်ရက်နဲ့ ဆက်သွယ်မယ်ဆိုရင်တောင် အသုံးမဝင်ဘူး”

သူလုပ်ချင်တာကို သိနေသောကြောင့် မော့ဝမ်းယန်က ခေါင်းခါလိုက်၏။ ယွင်ချဲ့က သူ့ကိုဒေါသတကြီး စိုက်ကြည့်ကာ လက်ကာပြပြီး နောက်ထပ်မီးစက်ကို ထုတ်လိုက်၏။

“ရှန်ကော အစ်ကို့ကိုပဲ မီးဆက်မောင်းပေးဖို့ ဒုက္ခပေးရတော့မှာဘဲ”

ခင်ဗျားကဘယ်တော့မှ မပြောင်းလဲပေ။ ထောက်ပံ့ပစ္စည်းအနည်းဆုံးရှိသေး သူ့အပေါ်လျှပ်စစ်မရှိပြသနာကို ဖြေရှင်းရန်အတွက် လျှပ်စစ်ကိုလုံလောက်အောင် မောင်းနှင်နိုင်လျှင် အဆင်ပြေသွားပြီဖြစ်၏။

“အန်း ဒီလေဟာနယ်စွမ်းအားရှင်က အတော်လေးဉာဏ်ကောင်းတာပဲ ငါမင်းကို လေးစားပါတယ်”

မော့ဝမ်းယန်သည် မီးစက်နှင့်ဒီဇယ်ကို တစ်ပါတည်းသယ်လာကာ သုတေသနသင်တန်းကျောင်းအတွက် လျှပ်စစ်ထုတ်ရန် တစ်ပါတည်းပြင်ဆင်လိုက်၏။

မော့ဝမ်းယန်သည် သူ့နဖူးသူရိုက်လိုက်လိုက်ကာ သူ၏အားနည်းမှုအတွက် စောဒကတက်လာ၏။ ရှန်လင်းနှင့်ယန်းဟိုင်အန်းတို့က မီးစက်နှင့်ဒီဇယ်ကိုထုတ်ပြီးဖြစ်ကာ သုတေသနသင်တန်းကျောင်းအတွက် လျှပ်စစ်ရရန်ပြင်ဆင်နေသည်။ ရှင်းဖုန်းနှင့်ကျန်သည့်သူများသည် ယွင်ချဲ့၏ဒိုရာမွန်စွမ်းအင်ကြောင့် အံ့အားသင့်နေတာကြာပြီဖြစ်၏။ အသားကျနေမိတာကြာနေဖြစ်ပြီး သူဆန္ဒဖြစ်သည့်အချိန်တွင် ၎င်းကို မလုပ်ပါက ထူးဆန်းနေမည်မဟုတ်ပါ။

ယန်းဟိုင်အန်းနှင့်ကျန်သည့်သူများက ပစ္စည်းကိရိယာများ တပ်ဆင်ရာ၌အလွန်ကျွမ်းကျင်သည်ဟု ဆိုရ ပေမည်။ မိနစ်ပိုင်းအတွင်း သုတေသနသင်တန်းကျောင်းတစ်ခုလုံးကို မီးပေးလိုက်နိုင်၏။ မော့ဝမ်းရန်က ဂြိုလ်တုကွန်ရက်အတွက် လျို့ဝှက်နံပါတ်ပေးရန်သာ လိုအပ်ပြီး ယွင်ချဲ့က၎င်းကို မြန်မြန်လေးနှိပ်လိုက်၏။ keyboardကိုနှိပ်ပြီး နောက်သူက သုတေသနသင်တန်းကျောင်း၏ ပင်မကွန်ပျူတာနှင့် ၎င်းကို သွက်သွက်လေး ဆက်သွယ်လိုက်တော့သည်။ ထိုအထဲ၌ သိုလှောင်ထားသည့် အချက်အလက်များစွာကို တွေ့ပြီးမော့ဝမ်းရန်က စိတ်လှုပ်ရှားလွန်းသောကြောင့် ယွင်ချဲ့ကို အချက်အလက်များအားလုံး ကောပီကူးခိုင်းလိုက်၏။ အသုံးဝင်သည်ဖြစ်စေ အသုံးမဝင်သည်ဖြစ်စေ ဦးစွာယူထားပြီးမှ စစ်ဆေးမှာပဲဖြစ်၏။

သူတို့က မြေအောက်သိုလှောင်ခန်းစီသို့ ဝင်ပေါက်ကိုမြင်တွေ့သောအခါ နောက်ထပ်နာရီဝက်နီးပါး ကြာသွားပြီဖြစ်၏။

ဂိတ်တံခါးဖွင့်ခြင်းကဲ့သို့ ကိစ္စရပ်များကို တံခါးဖွင့်ပြီးမှ ဆောင်ရွက်မှာပဲဖြစ်သည်။ သူတို့အဖွဲ့က မျိုးစေ့သိုလှောင်ရုံသို့ ရောက်သွားပြီး နောက်တံခါး နောက်ကွယ်ရှိ မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြစ်ကာ မှင်သက်ကုန်ကြ၏။ လျှပ်စစ်ကြောင့် မြေအောက်သိုလှောင်ခန်းတစ်ခုလုံးသည် လင်းထိန်နေကာ မြေပြင်ပေါ်မှာရှိ နေသကဲ့သို့ လင်းထိန်နေ၏။ နေရာကကျယ်လွန်းသောကြောင့် တစ်ချက်တည်းဖြင့် တစ်ဆုံးထိမမြင်နိုင်ပေ။ သေသေသပ်သပ် စီထားသောစင်များနှင့် သေတ္တာများအိမ်များ မျိုးစေ့များ၏ နာမည်တံဆိပ်များပြည့် နေပြီး အမျိုးအစားများ သေချာခွဲထား လေ၏။ သူတို့က ပင်စိုက်ပျိုးရန်မလိုသည့်တိုင် သူတို့မျိုးစေ့များကတင် အနောက်တောင်အခြေစိုက်စခန်းကို နှစ်နှစ်သုံးနှစ်တာ ထိန်းသိမ်းထားနိုင်၏။

“နိုင်ငံအဆင့် မြေအောက်သိုလှောင်ရုံက အံ့သြစရာ ကောင်းလိုက်တာ”
အချိန်မည်မျှကြာသွားပြီမသိ ယွင်ချဲ့ကချီးကျူးလိုက်ပြီး နောက်အထဲသို့ဝင်သွားသည်။ ဤနေရာ၌ သူတောင်စွံ့အရစေသည်။ ဤနေရာရှိ စာရင်းများစု ဆောင်းထားမှုက များပြားလွန်းသောကြောင့် သူတောင်စွံ့အရ သေသည့်တကား စစ်တပ်က မြေအောက်သိုလှောင်ခန်းပြုလုပ်ရန် အကြံဥာဏ်ရှိတာအ့သြစရာမရှိပေ။

“အိုးရွာနဲ့ နေ့ရက်အတွက် ပြင်ဆင်ထားတာက ငါတို့တရုတ်လူမျိုးတွေရဲ့ အားသာချက်ပဲ ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် ဒါကအတော်လေး ချဲ့ကားရာရောက်တယ်လို့ ငါလည်းခံစားမိတယ်”

မော့ဝမ်းရန်သည် နောက်ဆုံးတော့ သတိဝင်လာပြီးနောက် လျှောက်လာလေ၏။ ထိုမတိုင်ခင်က မြေအောက်သိုလှောင်ခန်း ထိုမျှကြီးမားလိမ့်မည်ဟု မထင်ထားပေ။

“ခရိုင်နားမှာ ဒီလိုသိုလှောင်ရုံမျိုးရှိတယ်လို့ မင်း ပြောခဲ့တာမဟုတ်ဘူးလား။ ဒီသိုလှောင်ရုံနဲ့ အရွယ်အစားတူတူဘဲလား”

နောက်မှဝင်လာသော ယဲ့ရှင်းချန်နှင့်ကျန်သည့်သူများက ထိတ်လန့်သွားသေး၏။ သူတို့ကိုသာ ထိုအရာများပေးမည်ဆိုလျှင် ဘဝသက်တမ်း အနည်းငယ်အတွင်း အပြီးသတ်နိုင်မည်မဟုတ်ပါလား။

“မတူဘူး အခြားခရိုင်တွေမှာ သိုလှောင်ရုံအများကြီး မရှိလောက်ဘူး အနောက်တောင်ကတော့ ထူးခြားတယ်။ တခြားခရိုင်တွေမှာက ခံတပ်တစ်ခုပဲ စခန်းချထားတာ ဒါပေမဲ့ အနောက်တောင်ခရိုင်တွေမှာက ခံတပ်သုံးခုရှိတယ်လေ ရှေးယခင်ကနေ အခုချိန်ထိ အနောက်တောင်က လူသားတွေရဲ့ အရင်းအမြစ်သိုလှောင်ဖို့အတွက် နေရာကောင်းတစ်ခုဖြစ်ခဲ့တာပဲ”

ယွင်ချဲ့ဘေးရှိရှင်းဖုန်းက နောက်လှဲမကြည့်ဘဲ အားလုံးကိုရှင်းပြလိုက်၏။ ရှင့်မိသားစုက သူ့ထက်ပိုတောင်သိသည်။

“တခြားခရိုင်တွေအကြောင်း ဂရုမစိုက်ဘူး ငါတို့အတွက် အရင်ကြည့်ရအောင် မော့ရှောင် အရင်ဆုံး စီစဥ်လိုက်မလား”

ယခုတစ်ခေါက် သူနှင့်ရှင်းဖုန်းမှအပ အဖွဲ့ထဲ၌နယ်မြေစွမ်းအားရှင် ဆယ်ယောက်ရှိသေး၏။ ခြောက်ယောက်ကစစ်တပ်မှဖြစ်ပြီး လေးယောက်က အဖွဲ့မှဖြစ်သည်။ နောက်ဆုံးသုံးယောက်ကမူ မော့ဝမ်းရန်သည် သုတေသနပစ္စည်းကိရိယာများနှင့်ကုန်ကြမ်းများကို စု ဆောင်းခိုင်းပြီးသားဖြစ်၏။ သူတို့ကကျွမ်းကျင်သည့် ပါရမီရှင်များမဟုတ်ကြောင်း သူတို့ကိုပစ္စည်းခေါ်လာခြင်းကအထောက်အကူဖြစ် စေမှာမဟုတ်ပေ။

“အွန်း စပြီး စုဆောင်းလိုက်ရအောင်”

မော့ဝမ်းရန် ကိုယိတိုင်လဲ ဒွိဟဖြစ်နေ၏။ နယ်မြေစွမ်းအားရှင်သုံး ယောက်က ကျန်ရှိသည့်ပစ္စည်းများကို သိမ်းရန်မဖြစ်နိုင်လောက်ပေ။ ကျန်သည့်နယ်မြေစွမ်းအားရှင် ခုနစ်ယောက်က အရွယ်မတူသည့်နယ် မြေအရွယ်အစားများ ရှိကြသောကြောင့် သူတို့များများစားစား သိမ်းနိုင်မှာမဟုတ်ချေ။ မော့ဝမ်းရန်ကလည်း ဒွိဟဖြစ်နေ၏။ သူ့၌တခြားကိစ္စသာမရှိလျှင် သူလိုချင်၏။ သို့သော် မည်ကဲ့သို့ ပြန်သယ်သွားရမည်နည်း။ ယင်းကခက်ခဲလွန်းလှသည်။ သေကျေပျက်စီးမှုက ကြုံနိုင်သေး၏။ နောက်တစ်ခေါက်၌ ဟေးယွီနှင့်ယွင်ချဲ့တို့ ရှိတော့မှာမဟုတ်ပေ။

အမှတ်ရရှိသည့်နှယ် မြေစွမ်းအားရှင်ခုနစ်ယောက်က စင်ပေါ်ရှိပစ္စည်းများကို နယ်မြေထဲသို့ထည့်လိုက်၏။ ယွင်ချဲ့၏ လက်တစ်ဖက်အဝှေ့နှင့်ယှဥ်လျှင် သူတို့က နည်းနည်းသနားစဖွယ် ကောင်းသည်။ သူတို့က ပစ္စည်းများကို လက်ဖြင့်ထိရသေး၏။

“မရတော့ဘူး မဆံ့တော့ဘူး”

ဆယ်မိနစ်ခန့်ကြာသွားပြီးနောက် နယ်မြေစွမ်းအားရှင် ခုနစ်ယောက်က ကိုယ်ဝန်သည်အမျိုးသမီးပမာ ခါးသက်စွာ လျှောက်လာရတော့သည်။ သိုလှောင်ရန်အတွက် အသုံးပြုမှုက အထူးစွမ်းရည် အသုံးပြုဟန်နှင့်ညီမျှ၏။ သူတို့က လက်ရှိတွင် ကိုယ်ဝန်ဆောင်သည်ပမာ မူးဝေနေပြီး သူတို့၏ခြေလက်များ အင်မတန်အားနည်းနေလေ၏။

“အား သုံးပုံတစ်ပုံတောင် မရသေးဘူး”

မော့ဝမ်းရန်သည် သူကနယ်မြေစွမ်းအားရှင် မဟုတ်သည့်အတွက် မုန်းတီးမိသည်။ ကျန်တဲ့စစ်သည်များအားလုံးက သုံမှုန်သည့်အမူအရာရှိနေ၏။ အကြောင်းမှာ သူယခုတစ်ခေါက်အပြီးမသတ်လျှင် သူတို့ နောက်တစ်ခေါက်ထပ်လာရမည်မှန်း သိနေသောကြောင့်ဖြစ်သည်။ ရက်အနည်းငယ်ကြာ တိုက်ခိုက်ပြီး နောက် သူတို့ကထပ်မလာချင်တော့ပေ။ နောက်တစ်ခေါက်လာလျှင် ဖုတ် ကောင်များ ပိုမိုသန်မာလာမည်ကို မည်သူကသိမည်နည်း။

“မင်းရဲ့နယ်မြေမှာ သိုလှောင်လိုရသေးလား”

ယွင်ချဲ့သည် ဘယ်သူ့မှ မရှိသည့်ပုံနှင့် ရှင်းဖုန်းဘက်လှည့်မေးလိုက်သည်။ မနေ့တုန်းက သူတို့ပစ္စည်းများစွာ ရထားသောကြောင့် ရှင်းဖုန်း၏နယ်မြေကလည်း ယခုလောက်ဆို ပြည့်ခါနီးမည်ဖြစ်သည်။

“ထည့်လို့ရသေးတယ်”

ရှင်းဖုန်းက ဖိတ်ခေါ်သည့် လက်ဟန်ပြုလုပ်လိုက်၏။ သူ့မှာ နေရာအပိုရှိရင်တောင် များများစားစား မထည့်နိုင်ပေ။

“ဒါဆိုရင် ငါအားမနာတော့ဘူး”

အပြုံးဖျော့ဖျော့ဖြင့် ယွင်ချဲ့က ရှေ့တိုးပြီး နောက်လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်။ တစ်ချက်တည်းဖြင့် စင်တန်းများအားလုံးက ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွား၏။ ယွင်ချဲ့သည် လျှပ်စစ်ကားကို ထုတ်ပြီးနောက် ၎င်းကို စီးလိုက်၏။ ပြီးနောက် အားလုံးကို သူ၏စွမ်းအားနယ် မြေထဲသို့ ထည့်လိုက်တော့သည်။ သူ ပထမဆုံးအကြိမ် တိုက်ခိုက်သည့်အခါ မော့ဝမ်းရန်နှင့် ကျန်သည့်သူများအားလုံးက အံ့သြဆွံအလွန်း နေပြီးပါးစပ်ကအဟောင်းသားဖြစ်ပြီး ကျယ်လောင် နေသည်မှာ ကြက်ဥတောင်ဝင်လောက်သည်။

“ကောင်းပြီ ပြီးသွားပြီ”

သူသည် သိုလှောင်ရုံထဲရှိ ပစ္စည်းအားလုံးကို အလွယ်တကူ စုဆောင်းခဲ့ပြီး ယင်းက ငါးမိနစ်ခန့် အချိန်ယူလိုက်ရ၏။ ထို့အပြင် သူ့၌ ကျန်သည့်သိုလှောင်စွမ်းအားရှင်များကဲ့သို့ မသက်မသာဖြစ်တာမျိုးမရှိ ဘာမှမဖြစ်ခဲ့သလိုပင်။

“မင်းရဲ့နယ်မြေက ဘယ်လောက်ကျယ်တာလဲ မဟုတ်ဘူး ယွင်ချဲ့ စောစောတုန်းက မင်းရဲ့နယ်မြေ ဒီလောက်ကျယ်တာ ဘာကြောင့် မပြောတာလဲ”

ထိုအကြောင်းကို တွေးလေလေ မော့ဝမ်းရန်က ပိုစိတ်လှုပ်ရှားလာလေဖြစ်ပြီး အဆုံးတွင်မူ သူက အော်ဆဲ တော့၏။ “အစောတုန်းက သိခဲ့မယ်ဆိုရင် ငါက သူ့ကိုပဲ နယ်မြေစွမ်းအားရှင်အဖြစ် ခေါ်သွားမှာလေ ဘာကြောင့်ဒီ လောက်အများကြီး ခေါ်လာတော့မှာလဲ သူတို့ကို ကာကွယ်ပေးဖို့ လူက အကုန်ခံနေရတာပဲ”

“မေးမှ မမေးခဲ့တာ”

“ငါ”

ယွင်ချဲ့၏ စကားတစ်လုံးတည်းဖြင့် မော့ဝမ်းရန်တစ်ကိုယ်လုံး အားလျော့သွားပြီး အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမှမပြောနိုင်ခဲ့ပေ။ ယွင်ချဲ့သည် အစောထဲက ရှင်းဖုန်းကိုခေါ်ပြီး ထွက်သွားခဲ့ပြီဖြစ်ရာ ရှောင်ရန်နှင့်ထိပ်ဦးမှာ ဒီသိုလှောင်ရုံထဲမှ ထွက်သွားကြပြီဖြစ်သည်။

“လခွမ်း ဒါက”

မတော်ကြာပြီးနောက် ရှင်းလင်းနေသော သိုလှောင်ရုံထဲကနေ အော်သံကြီးတစ်သံထွက် ပေါ်လာ၏။ မလှမ်းမကမ်းက စစ်သည်များစစ်သားများအားလုံးသည် ယခုအခေါက်၌ ယွင်ချဲ့တို့ကို လိမ်သွားသကဲ့သိုခံစား နေရ၏။ လေးနာရီ၌ သူတို့အားလုံးသည် ပစ္စည်းအားလုံးကို သိမ်းဆည်းပြီးပြီဖြစ်၏။ သုတေသနသင်တန်း ကျောင်း၏ ပင်မအဆောက်အဦးဖြစ်သောကြောင့် သူတို့သည် တွဲလှည်းစီစွန်ဖြင့် ktv သို့ တိုက်ရိုက်ပျံသန်းသွား၏။ မိနစ်ပိုင်းအတွင်း လုံခြုံစွာ ဆင်းသက်လိုက်သည်။ စွမ်းအားရှင်များနှင့် ဒဏ်ရာရထားသူများက သက်သာရာရသွားပြီး အနည်းငယ် မယုံနိုင်ဖြစ်နေကြ၏။ စွမ်းအားရှင်အနည်းငယ် ဆုံးရှုံးမှုက လျစ်လျှူရှုထားနိုင်ပြီး ယင်းကား မထင်မှတ်ထားသည့် အရာဖြစ်သည်။

“ငါတို့ထွက်သွားသင့်လား ဒါမှမဟုတ် မနက်ဖြန်မှ ပြောမလား”

ပြောရလျှင် ဤနေရာက ဒုတိယကွင်းနှင့် တတိယကွင်းကြားနယ်စပ် ဖြစ်၏။ သို့သော်ငြား သူတို့ ယခုထွက်သွားမည်ဆိုလျှင် လေးနာရီထိုးနေပြီ ဖြစ်သည်။ ခုနစ်နာရီဆို မှောင်နေလောက်ပြီ နှစ်နာရီသာကျန်တော့ရာ နောက်တွင်ကျန်နေသည့် ဒဏ်ရာရထားသည့်လူများဖြင့် သွားနိုင်လောက်မှာ မဟုတ်ပေ။

“သွားမယ်”

အပြင်ဘက်၌ ဖုတ်ကောင်များစွာရှိနေသော်ငြား သူတို့က အားလုံးကို အပြီးသတ်ခဲ့သည်။ သူတို့လာလမ်းအတိုင်း ပြန်သရွေ့ ညမနက်ခင်းအရှိန်ပြင်းပြင်းဖြင့် ပြန်သွားနိုင်လောက်သည်။

“မနေ့တုန်းက နှစ်ထပ်ကား၁စီး ရထားသေးတယ် ပြီးတော့ ဒဏ်ရာရထားတဲ့သူတွေနဲ့ စွမ်းအားရှင်အားလုံးကို ကားပေါ်တင်လိုက်မယ် လေထုစွမ်းအားနဲ့ ကားတစ်စင်းလုံးကို ရစ်ပတ်လိုက်မယ်ဟေ့ ရွှေနဲ့ဝံပုလွေဘုရင်က ရှေ့ကသွားပြီး ကျန်တဲ့သူတွေက ဘတ်စ်ကားနောက်ကလိုက် အဲ့လိုဘဲ”

အဆင့်သုံးဖုတ်ကောင်များ ရှိမနေသရွေ့ အရှိန်ကို လျော့မှာမဟုတ်ပေ။ လမ်းအခြေအနေက မကောင်းသော်ငြား ဤနေရာတွင် နေခြင်းထက်တော့ ပိုအဆင်ပြေ၏။ အချိန်အတော်ကြာလေလျှင် အဆင်ပြေမှာ မဟုတ်ပေ။ တစ်ညအတွင်း ဖုတ်ကောင်များ တစ်နေရာအတွင်း ရောက်မသွားနိုင် ဆိုသည်မှာ မည်သူကသိမည်နည်း။

“ကောင်းပြီလေ ဒီညသွားမယ်”

တစ်စုံတစ်ခုကို တွေ့နိုင်သ ရွေ့ မော့ဝမ်းရန်ကလည်း စဥ်းစားနိုင်မည်ဖြစ်သည်။ ဒဏ်ရာရထားသည့်သူများ၏ ပြသနာကို ဖြေရှင်းပြီးနောက် သူတို့တွေဝေနေစရာ အကြောင်းမရှိတော့ပေ။

“ဒါဆိုရင် မင်းမတိုက်ခိုက်နိုင်ဘူးလား”

ချန်လဲ့အဖွဲ့၏အဖွဲ့ခေါင်းဆောင်ချန်ဟွက ရုတ်တရက် မေးလိုက်သည်။ ယွင်ချဲ့မရှိဘဲ တိုက်ခိုက်ပါက သူတို့သည် တိုက်ခိုက်စွမ်းအား အတော်ဆုံးရှုံးလိမ့်မည်။

“လေထုစွမ်းအား အများကြီးသုံးရမှာ စွမ်းအားကုန်ဆုံးမှုကလည်း ကြီးမားတယ် မြို့တစ်ပတ်ကိုပတ်နိုင်ပါ့မလား တောင် မသိဘူး အရှိန်ပြင်းပြင်းနဲ့လည်း သွားရအုံးမှာ တိုက်ပွဲထဲ စွမ်းအားထပ်မဖြုန်းနိုင်တော့ဘူး”

သူတတ်နိုင်တာ ဘာမှမရှိပေ။ သူ၌စွမ်းအား အကန့်အသတ်မဲ့ရှိနေတာမဟုတ်။ သူသည်လည်းဆုံးရှုံးမှုရှိသည်။
“တော်လောက်ပြီ သူ့အပေါ်ဒီလောက် အားတဲ့လူတွေ သူကိုယ်တိုင်ကာကွယ်ရတာနဲ့တင် ခက်နေပြီ ငါတို့ပုခုံးပေါ် ဝန်ထုတ်ဝန်ပိုး ထမ်းရမယ့်အချိန်ရောက်နေပြီ ငါတို့ပန်းတိုင်က မြိုတစ်လျှောက် အဝေးပြေးလမ်းကနေ ဝန်ဆောင်ရေးဧရိယာဆီရောက်ဖို့ပဲ ငါတို့ခုနစ်နာရီမတိုင်ခင် ရောက်ရမယ်”

“ဟုတ်ကဲ့”

စစ်သားများက ထိတ်လန့်သွားကြ၏။ လူတိုင်းက သူတို့ပစ္စည်းများကို သေချာထုတ်ပိုးလိုက်ကြသည်။ ဆယ်မိနစ်မပြည့်မီ၌ သူတို့ယခင်လမ်းအတိုင်း ရွှေစွမ်းအားရှင် နှစ်ယောက်က ရှေ့သွားပြီး စွမ်းအားရှင်များကနောက်ကနေလည်း ကာထားပေးသောကြောင့် ဖုတ်ကောင်များကို ဖြေရှင်းပေးရာလည်း ရောက်သည်။ ရွှေနှင့်ဝံပုလွေဘုရင်တို့ကလည်း ရှေ့ကနေဦးဆောင်သွားပြီး နောက်ကနေလိုက်ပါလာသည့် ဖုတ်ကောင်များကို ရွှေနှင့်ဝံပုလွေတို့က တစ်သုတ်ပြီးတစ်သုတ် ဖြေရှင်းလိုက် စွမ်းအားရှင်များကလည်း သွက်သွက်လေးလှုပ်ရှားကြပြီး ယွင်ချဲ့ကနှစ်ထပ်ဘတ်စ်ကားကို ထုတ်လိုက်၏။ ပြီးနောက် ဒဏ်ရာရထားသည့် စွမ်းအားရှင်များကို ကားပေါ်တင်ပေးလိုက်သည်။ သူတို့တစ်ယောက်ပြီးတစ်ယောက် ကားပေါ် ရောက်သွား၏။ အားလုံး ကားပေါ်ရောက်သည့်အချိန်၌ ရှင်းဖုန်းက ယာဥ်မောင်း နေရာသို့ သွားလိုက်ပြီး ယွင်ချဲ့က ခရီးသည်ခုံတွင် ထိုင်ကာသာ လေထုစွမ်းအားကို ထုတ်ဖော်ပြီး ကားတစ်ခုလုံးကို ရစ်ပတ်လိုက်တော့သည်။

အခန်း ၁၄၄.၂

တလင်းအမြုတေများ၏ အသုံးဝင်မှုများ

သူတို့သည် မနေ့တုန်းကအတိုင်း သွားခဲ့ကြသောကြောင့် လမ်းပေါ်၌ အဆင့်သုံးဖုတ်ကောင် အနည်းအကျည်းသာရှိသည်။ လမ်းတလျှောက်၌ မည်သည်ကမှ သူတို့ကို အငိုက်မဖမ်းနိုင်ပေ။ တတိယလမ်းလွှဲကနေ မြို့ပတ်လမ်းဆီသွားရန် အချိန်နှစ်နာရီ ယူခဲ့ရပြီး ဖုတ်ကောင်‌များအားလုံးကို သတ်ရန် နောက်ထပ် နာရီဝက်ယူရကာ ဝန်ဆောင်မှုဌာန၏ ပြတင်းပေါက်များနှင့်ဂိတ်များကို ပံပိုးပေးထား၏။ ညအချိန် ရောက်လာသောအခါ သူတို့က ဗိုက်ဖြည့်ပြီး အုပ်စုဖွဲ့ စကားပြောကြတော့သည်။

“စက်မှုဧရိယာထဲမှာ ဘာစက်ရုံ‌တွေရှိလဲဆိုတာ မသိဘူး”

ယွင်ချဲ့သည် လမ်းတိုင်း မတိုက်ခိုက်ခဲ့သော်ငြား စွမ်းအင်ကုန်ဆုံးမှုက အသေးအမွှားမဟုတ်ပေ။ နှစ်ထပ်ဘတ်စ်ကားသည် သူတို့ ခရီးသွားရန် သုံးနေကျ ကားလေးကဲ့သို့မဟုတ်ပေ။ ဆိုရလျှင် သူ၏ လေစွမ်းအားက အဆင့်သုံးသာရှိသေးသည်။ ထို့ကြောင့် ညအချိန်၌ မော့ဝမ်းယန်သည် သူတို့ ကင်းစောင့်ပေးရန် မလိုကြောင်း အကြံပြုခဲ့သည်။ သို့သော်ငြား ညနက်ချိန်သို့ ရောက်သောအခါ သူနှင့် ရှင်းဖုန်းတို့က ခေါင်မိုးထပ်သို့ အတူတက်သွားကြသည်။ သူတို့က လက်တန်းပေါ်၌ထိုင်ပြီး ကြယ်စုံသော ကောင်းကင်ကို မော့ကြည့်လိုက်၏။

“ဟေးယွီကို ထုတ်ကုန်ကိရိယာတစ်စုံ ပေးဖို့ တကယ်ပြင်ဆင်နေတာလား”

ရှင်းဖုန်းက ရယ်မောလျက် သူ့ကို မျက်ဝန်းများ မှေးကျဉ်းကာ ကြည့်လိုက်၏။ ဟေးယွီက သူ့ကို အမြဲတမ်းလိမ်ညာတာ အံ့ဩစရာမရှိပေ။ မည်သူကများ သူ့ကို ထိုမျှ အလိုလိုက်ခိုင်းသနည်း။

“ဟုတ်တယ် အခြေအနေပေးရင်တော့ တစ်စုံတည်ဆောက်ပြီး လေဟာနယ်ထဲမှာ ထားထားမလို့ ကုန်ကြမ်းတွေကို နယ်မြေထဲမှာ စိုက်ပျိုးနိုင်မယ်ဆိုရင် စိုက်ပျိုးတာပေါ့ အဲ့မှာ မစိုက်နိုင်ဘူးဆိုရင်လည်း သူတို့ကို စုဆောင်းဖို့ နည်းလမ်းတစ်ခု ရှာလိုက်မယ် ဒါဆိုရင် သူတို့ကို စိုက်လို့ရပြီ အဆင်ပြေပြီလေ”

လက်နောက်ပြန် ထောက်ထားလျက် ခေါင်းမော့လိုက်ကာ ယွင်ချဲ့က မ‌ငြင်းပေ။ ဟေးယွီက သူ့၌ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ရှိကြောင်း ယွင်ချဲ့မငြင်းခဲ့ပေ။

“ဟေးယွီသာ ဒါကိုကြားရင် မင်းကိုသေချာပေါက် နှစ်ချက်ကိုက်လိမ့်မယ်”

“အာ မပြောနဲ့ ဖြစ်နိုင်တာက ကိုက်မှာမဟုတ်ဘူး လျက်ဖို့လောက်ပဲ”

“လျက်တာလား”

သူက ရုတ်တရက် လှည့်ကြည့်လာပြီး ရှင်းဖုန်းက၏ အကြည့်တို့က နက်မှောင်လာကာ သူ့အကြည့်တို့က ယွင်ချဲ့ဆီထံသာ မြဲမြံစွာ ရောက်နေလျက် သူမယုံနိုင်စရာကောင်းသည်။ တစ်စုံတစ်ခုကို ပြောလိုက်မိကြောင်း သဘောပေါက်သွားပုံပေါ်ကာ ယွင်ချဲ့က သူ၏လည်တိုင်ကို တွဲခိုလျက် ရယ်မောပြီး ပြောလိုက်တော့သည်။

“ဘယ်လောက်တောက် ရှိနေပြီလဲ ခင်ဗျားက မပြဘဲနဲ့ အခုကျ ဒီလိုမျိုး သဝန်တိုနေတယ်လား”

“အဓိပ္ပာယ်မရှိတာလေ ကိုယ့်ရဲ့လူကို တစ်ယောက်ယောက်က လျက်တာဆိုတော့ တိရစ္ဆာန်တစ်ကောင် ဖြစ်နေရင်တောင် ဘယ်လိုလုပ် သဝန်မတိုဘဲနေမှာလဲ”

ရှင်းဖုန်းက တမင်တကာ ဒေါသထွက်ချင်ယောင်ဆောင်လိုက်သည်။ အခြေအနေကို အခွင့်ကောင်းယူပြီးနောက် သူက ယွင်ချဲ့၏ခါးကို ဖက်ထားကာ သူ၏ တက်ကြွစွာ ချဉ်းကပ်လာမှုကို ခံစားလိုက်သည်။

“ဟားဟား ဒီအကြောင်း ဟေးယွီကို ခင်ဗျား ပြောသင့်တယ် ထင်တာပဲ”

သူက မှီလျက် လျှာထုတ်ကာ နှုတ်ခမ်းသပ်လိုက်ပြီး ယွင်ချဲ့က ရွှင်ပြစွာ မျက်စပြစ်ပြလိုက်၏။ ဟေးယွီက သူ့အပေါ် ခုန်အုပ်သည့် အချိန်တိုင်း၌ သူတားရန် မလိုအပ်ပေ။ အကြောင်းအရင်းက ခုန်အုပ်သူက ဟေးယွီဖြစ်နေသောကြောင့်ဖြစ်သည်။

“ဟုတ်ပြီလေ ဒါပေမဲ့ အခုတော့ ကိုယ်မင်းကို အပြစ်ပေးတော့မှာ”

ယွင်ချဲ့သည် ထိုစကားများ ကြားလိုက်ပြီးသည်နှင့် သူ၏ခေါင်းနောက် တင်းကြပ်သွားသည်ဟု ခံစားလိုက်ရကာ သူ၏ခေါင်းကို လက်တစ်ဖက်က ထိန်းကာထားလျက် သူ၏နှုတ်ခမ်းဆီသို့ အပူလှိုင်းတစ်ခု ကျရောက်လာ၏။ မျက်ဝန်းထဲ၌ အပြုံးရိပ်သဲ့သဲ့ပေါ်လာကာ ယွင်ချဲ့က သူ၏ပါးစပ်ကို ဦးစွာဖွင့်ပေးလိုက်သည်။ သူ၏လျှာနှင့် ရှင်းဖုန်း၏လျှာက လိမ်ယှက်သွားက နူးညံ့သိမ်မွေ့သော အနမ်းသည် ရုတ်တရက်ကြီး ပြင်းထန်လာပြီး ရှင်းဖုန်း၏ ကျယ်ဝန်းပြီး ပူပြင်းလှသောလျှာက သူ့ခံတွင်း၏ အနက်ဆုံးအပိုင်းဆီသို့ အဓမ္မထိုးဖောက်လာပြီး ဆက်ဆံမှု၏ အခြေခံအကျဆုံးအကွက်ကို သူ့ပေါင်နှင့်သူ ရှေ့တိုးနောက်ဆုတ် ပြုလုပ်နေလျက် နှစ်ယောက်သား၏ တံတွေးတို့ ရောသွားလေ၏။ ပြီးနောက် နှစ်ရောက်သားက ဆက်လက်ဝါးမြို နေကြတော့သည်။

“ဟွန်း” ဆွဲဆောင်မှုရှိသော ညို့ငင်သံက သူ၏ လည်ချောင်း၏ အနက်ဆုံးအပိုင်းထဲမှ ပေါ်ထွက်လာသည်။

ယွင်ချဲ့က မခံစားနိုင်တော့ဘဲ အကြိမ်အနည်းငယ် လိမ့်တွန့်သွားပြီးနောက် ပါးစပ်ကို ဖွင့်လိုက်တော့သည်။ သူက လျှာကို ထုတ်လိုက်ပြီး စုပ်ယူကာ ပြင်းပြစွာ နမ်းရှိုက်လျက် မတူညီသည့် ရှုထောင့်ကနေ သူ၏ ချိုမြိန်မှုအတွက် တောင်းခံနေလေသည်။ အရည်များကလည်း မို့ချရန် နောက်ကျလွန်းနေပြီး ယွင်ချဲ့၏ နှုတ်ခမ်းထောင့်ကနေ စီးကျလာသည်မှာ စိုစွတ်ပြီ ရမက်ပြင်းသည့် အရိပ်အယောင်တို့ ရှိနေလေ၏။

“ဟူးဟူး ကိုယ်တို့ ပြန်ရောက်ပြီးရင် ခြံစည်းရိုးဖြိုလိုက်တဲ့အခါ ကိုယ်တို့ တစ်မိသားစုတည်း ဖြစ်လာမှာလား”

အနမ်းသည် သူတို့နှစ်‌ယောက် အသက်မရှူနိုင်တော့ဟု ခံစားမိသည်အထိ ချစ်ပြခဲ့ပြီးမှ ရှင်းဖုန်းက သူ့ကို လွှတ်ပေးကာ လည်ပင်းပေါ် ခေါင်းအပ်ထားလျက် တတိတိကိုက်ခဲနေတော့၏။ နောက်ဆုံးကိုက်ခဲမှုက နားသန်သီးနားဖြစ်ကာ ပြင်းပြသည့် အသက်ရှူသံတို့က ခံစားလွယ်သော နားများတစ်ဝိုက် ရစ်ဝဲနေလေ၏။

“အင်းပေါ့”

ဝေ့ဝါးဝါး ခံစားနေရသော ယွင်ချဲ့က မငြင်းခဲ့ပေ။ မည်သည့်နည်းနဲ့မဆို သူတို့ဆက်ဆံရေးကို သူ၏အစ်မကလည်း သိပြီးဖြစ်သည်။ ထို့ကြောင့် နံရံဖြိုချမှုက ပိုလွယ်ကူလာ၏။

“တကယ် ထပ်မအိပ်တော့ဘူးလား”

ရှင်းဖုန်းသည် သူ့ကို တိုက်ရိုက် ထိုးဖောက်ချင်စိတ်ကို တင်းခံလျက် သူ့ကို ပွေ့ဖက်ထားကာ အမှောင်ယံကောင်းကင်ကို ကြည့်နေလိုက်သည်။

“အင်း ခရိုင်မြို့ကနေ လင်းကျန်မြို့ကို အဝေးပြေးလမ်းက ပွင့်နေပြီး ဖုတ်ကောင်တွေ ရှိမယ်ဆိုရင်တောင် သူတို့ တကွဲတပြားစီ ဖြစ်နေလောက်မှာ မနက်ဖြန်ကျ လေထုစွမ်းအား သုံးသရာမလိုဘဲ မောင်းလို့ရပြီလေ အိပ်အိပ် မအိပ်အိပ် ကိစ္စမရှိပါဘူး”

သူသည် ပထမတစ်ပိုင်း အိပ်ထားသောကြောင့် နာရီအနည်းငယ်က လုံလောက်နေပြီဖြစ်သည်။

“လင်းကျန်မြို့က အခြေစိုက်စခန်းကို သွားဖို့အတွက် လမ်းကြောင်းအရှည်ကြီး ရှိသေးတယ်”

“ခရိုင်မြို့ထက် ပိုခက်ခဲနိုင်မှာတဲ့လား”

“မင်း”

အနားယူခြင်းဟူသော ခေါင်းစဉ်နှင့်ပတ်သက်ပြီး ရှင်းဖုန်းက ရွေးချယ်စရာမရှိဘဲ အဆုံးသတ်လိုက်ရသည်။ ယွင်ချဲ့က ထိုအကြောင်းကို တွေးပြီးနောက် ရုတ်တရက် မတ်မတ်ထိုင်လိုက်၏။

“ငါတို့တွေ အကြိမ်ရေနည်းနည်းလောက် တာဝန်အတူတူ ထမ်းဆောင်ခဲ့ပြီးပြီ ဘာတွေ့ထားလဲ”

“တွေ့တာလား”

သူ ဘာရည်ရွယ်နေမှန်း နားမလည်တာ သိသာ၏။ ရှင်းဖုန်းက မျက်ခုံးပင့်ကာ ဆက်ပြောရန် အချက်ပြလိုက်၏။ ယွင်ချဲ့ပြောတာကို သူမသိပေ။ “သာမန်သေနတ်တွေက အဆင့်မြင့်ဖုတ်ကောင်တွေအတွက် အလုပ်မဖြစ်ဘဲ သတ္တုဓာတ်ကျည်ဆံတွေပဲ သူတို့ ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်တာ ခင်ဗျား သတိပြုပြီးဖြစ်မှာပဲ အဆင့်သုံးဖုတ်ကောင်တွေရဲ့ ရုပ်ခန္ဓာခွန်အားက ပိုသန်မာလာပြီး ဟေးယွီတောင် သူတို့ခေါင်းကို သွားနဲ့ မကိုင်နိုင်တော့ဘူး စစ်သားတွေရဲ့ သေနတ်တွေနဲ့ ခဲယန်းကျည်ဆံတွေက ပိုတောင်များလာတာ အဆုံးမှာတော့ ချွင်းချက်မရှိဘဲ တိုက်ခိုက်ဖို့အတွက် အထူးစွမ်းအားတွေပဲသုံးလို့ရမှာ ဒါပေမဲ့ အထူးစွမ်းအားဆိုတာ အကန့်အသတ်မရှိ ထုတ်လို့ရတာမဟုတ်ဘူး အဆင့်မြင့်ဖုတ်ကောင်တွေများလာရင် သေဆုံးနှုန်းကလည်း တိုးလာမှာပဲ ဒီတစ်ခေါက် ငါတို့အဖွဲ့လိုပေါ့ အလုံးစုံခွန်အားက မဆိုးရွားဘူး မတိုက်ခိုက်နိုင်တဲ့ နယ်မြေစွမ်းအားရှင် ဆယ်ယောက်က လွှဲရင် ကျန်တဲ့သူတွေက အဆင့်အနိမ့်ဆုံးပဲ ဒါပေမဲ့ မနေ့တုန်းက သေဆုံးနှုန်းက ရိုးရိုးသားသားပြောရရင် အတော်များတယ်လို့ ထင်တာပဲ ဒဏ်ရာပြင်းပြင်းထန်ထန်လည်း ရထားသေးတယ် တစ်နည်းပြောရရင် အလင်းစွမ်းအားသာ မရှိခဲ့ရင် သေဖို့စောင့်ရုံပဲရှိတယ် ဒါမှမဟုတ် ဖုတ်ကောင်ဖြစ်ရုံပေါ့ သန္ဓေပြောင်းဖုတ်ကောင်တွေရဲ့စွမ်းအားက သာမန်လူတွေထက် ပိုသာမာနေရုံမကဘူး စွမ်းအားအသုံးပြုတဲ့သူက သန္ဓေမပြောင်းခင် အဆင့်သုံးဆိုရင် သန္ဓေပြောင်းပြီးတဲ့နောက် သူတို့လည်း အဆင့်သုံးဖုတ်ကောင် ဖြစ်လာမှာ ပိုခက်ခဲလာဖို့ဆိုတာ သံသယဖြစ်ဖို့ မလိုဘူး ဒါပေမဲ့ ဒီအခြေအနေ နှစ်ခုထက် ခင်ဗျားအလုပ် ကြိုးစားလိုသရွေ့ အပြည့်အဝ ရှောင်နိုင်မှာပဲ”

စွမ်းအား ကုန်ခမ်းသွားလျှင် သေဖို့သာ စောင့်နေရပေလိမ့်မည်။ စွမ်းအားကုန်ခမ်းပုံကို သူ့ထက် မည်သူမှပိုသိမှာ မဟုတ်ပေ။ လန်ယဲ့ဟန်က တိုက်ခိုက်ရန် အခွင့်အရေး လုံလုံလောက်လောက် ရှိချိန်တိုင်း၌ သူ၏စွမ်းအား ကုန်ဆုံးသွားမှာကို တွန့်ဆုတ်နေခဲ့သည်။ ထိုအခြေအနေက အချိန်အတော်ကြာသည်အထိ အလုပ်မဖြစ်ခဲ့ပေ။ အကြောင်းမှာ တစ်စုံတစ်ယောက်အဖို့ သူစွမ်းအား ကုန်ခမ်းချိန်၌ တစ်စုံတစ်ယောက်က စောင့်ကြပ်နေပေးဖို့က မဖြစ်နိုင်သောကြောင့်ဖြစ်သည်။ လန်ယဲ့ဟန်နှင့် ကျန်သည့်သူများ တိုက်ပွဲဝင်စွမ်းအား လုံလောက်စေရန်အတွက် သူက သူ့ကိုယ်သူ စွမ်းအားကုန်ခမ်းရန်သာ ဖိအားပေးခဲ့ရသည်။ ဤသို့သော အခြေအနေမျိုးက စွမ်းအား ကုန်ခမ်းချိန်တိုင်း၌ ထိုသို့ဖြစ်လာဖို့ မဖြစ်နိုင်ပေ။ အကြောင်းမှာ သူ့ကို ကာကွယ်ရန် ဘေး၌တစ်စုံတစ်ယောက် ရှိနေသောကြောင့်ဖြစ်သည်။

“ဒါကို ကိုယ်ဘယ်လို ရှောင်ရှားရမလဲ”

အရေးကြီးသည့် ကိစ္စကိုပြောနေစဉ် ရှင်းဖုန်းက လေးနက်တည်ကြည်လာ၏။ ယွင်ချဲ့သည် သူ၏ ပြန်လည်မွေးဖွားမှုအကြောင်း အသေးစိတ် မပြောခဲ့သော်ငြား ယွင်ချဲ့သည် သူတို့ထက်ပိုသိကြောင်း သူ သတိပြုမိပြီးသားဖြစ်သည်။

“တလင်းအမြုတေတွေက ပြန်လည်ကုစားဖို့ အသုံးပြုတာအပြင် တခြားဘာတွေ သုံးလို့ရလဲဆိုတာ ခင်ဗျား မသိချင်ဘူးလား သုတေသနသင်တန်းကျောင်းကိစ္စကြောင့် အဲဒီတုန်းက ခင်ဗျားကို မပြောပြခဲ့တာ အခုဆို အချိန်စေ့လောက်ပြီ ဒါပေမဲ့ တလင်းအမြုတေတွေထဲမှာ ဖုတ်ကောင်တွေရဲ့ ကြမ်းတမ်းတဲ့စွမ်းအင် အားလုံးပါဝင်နေတယ် တတ်နိုင်မယ်ဆိုရင် တလင်းအမြုတေနဲ့ ပတ်သက်ပြီး သုတေသနအကြောင်းအရာ နှစ်ရပ်ရှိတယ် ပထမတစ်ခုက စွမ်းအင်လက်နက်ပဲ တလင်းအမြုတေလက်နက်လို့ ပြောလို့ရတယ် ကျည်ဆံတွေနေရာမှာ အစားထိုးဖို့ အခြေခံအကျဆုံး သတင်းအမြုတေကိုသုံးပြီး အနည်းဆုံးတော့ အဆင့်သုံးဖုတ်ကောင်ကို ထိခိုက်အောင်လုပ်နိုင်တယ့် လက်နက်တစ်ခု ဖန်တီးနိုင်တယ် ဒါဆို ကျုပ်တို့တွေရဲ့ အထူးစွမ်းရည်နဲ့ လက်နက်တွေကို လဲလှယ်နိုင်ပြီ သေမှာကို စောင့်ဆိုင်းတဲ့ ကံကြမ္မာကို ရှောင်တိမ်းနိုင်မယ် ပြီးတော့ တလင်းအမြုတေကိုလည်း ဖွံ့ဖြိုးတိုး‌တက်အောင်လုပ်ပြီး အာဟာရ ဖြည့်ပေးနိုင်တယ် သုတေသန အားစိုက်တာက ဖြေဆေးရဲ့ အရေပြာတစ်ရှူးနဲ့ သွေး‌တွေပဲဆိုတာ ကျုပ်သိတယ် ပထမတစ်ခုက အစာအိမါကို ဖြည့်ဖို့အတွက် စွမ်းအင်ကုန်ဆုံးမှု များမယ်ဆိုတာ သံသယဖြစ်ဖို့ မလိုဘူး နောက်တစ်ခုကတော့ ကုန်ဆုံးမှု အဆပေါင်းများစွာ နည်းသွားလိမ့်မယ် ဒီကိစ္စတချို့ကို သုတေသန လုပ်ခဲ့မယ်ဆိုရင် အခြေစိုက်စခန်းနှင့် လူသားမျိုးနွယ်ရဲ့အနာဂတ် နှစ်မျိုးလုံးအတွက် အကူအညီကြီး ဖြစ်စေလိမ့်မယ်”

“ဒါဆိုရင် ကျုပ်တို့တွေ တလင်းအမြုတေကိုသုံးပြီး ဖြေဆေးဖော်လို့ရမယ် အာဟာရဖျော်ရည် လုပ်လို့ရမယ် သုတေသနသင်တန်းကျောင်းက ဖြေဆေးကိုပဲ အားစိုက်နေတယ်ဆိုတာ ငါသိတယ် ဒါပေမဲ့ သူတို့ သုတေသနရဲ့လားရာက ဖုတ်ကောင်ရဲ့ သွေးနဲ့အရေးပြားတစ်ရှူးတွေပဲ တကယ်တော့ ကုန်ကြမ်းအစစ်က တလင်းအမြုတေတွေပဲ ဘယ်လိုရလာလဲဆို‌တာတော့ မသိဘူး တလင်းအမြုတေက သော့ချက်ပဲဆိုတာသိတယ် ဒါပေမဲ့ ဖြေဆေးက အပြည့်အဝ အသွင်မပြောင်းသေးတဲ့ ဒဏ်ရာရထား လူတွေအတွက်ပဲ သင့်တော် တာ လူသားတွေက သေပြီးပြီလေ သေပြီးရင် ပြီးတော့ စွမ်းအားပြန်ဖြည့်ဖို့ ရည်ရွယ်တဲ့ အာဟာရ‌ေဖျာ်ရည်တွေလည်းရှိမယ် စွမ်းအားပြန်ပြည့်ဖို့ တလင်းအမြုတေကို တိုက်ရိုက်စုတ်ယူပြီး အာဟာရဖျော်ရည်လုပ်ဖို့ သတင်းအမြု‌တေသုံးတာက မတူညီတဲ့ သဘောတရားနှစ်ခုပဲ ဆန်ကို စားတာနဲ့ ထမင်းဖြူကို စသလိုမျိုးပေါ့ ပထမတစ်ခုက ဗိုက်ပြည့်ဖို့ အများကြီး စားရမှာသေချာတယ် နောက်တစ်ခုကတော့ နည်းနည်းနဲ့ အကြိမ်ပေါင်းများစွာ စားနိုင်မယ် ဒါတွေကို သုတေသနပြုခဲ့မယ်ဆိုရင် အခြေစိုက်စခန်းနဲ့ လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် အကူအညီဖြစ်လိမ့်မယ်”

သူ ယခင်ဘဝတုန်းက မြို့တော်အခြေစိုက်စခန်းသည် ထိုအရာအားလုံးကို သုတေသနပြုခဲ့ပြီး အနောက်တောင်အခြေစိုက်စခန်းက သန်မာလာကြောင်း သူ ရှင်းရှင်းလင်းလင်း မှတ်မိသည်။ သူက ရှင်းဖုန်း၏ ချစ်သူဖြစ်ပြီး မော့ဝမ်းယန်နှင့်လည်း ခင်မင်သည်။ ထို့ကြောင့် အနောက်တောင်အခြေစိုက်စခန်းကို ကူညီရန် နည်းလမ်းတစ်ခု ရှာပေးပြီး ၎င်း၏ ဦးဆောင်မှုကိုတောင် မြန်နိုင်သမျှမြန်မြန် ထူထောင်ချင်သည်။

“ဟုတ်ပြီ ဒီကိစ္စကို ကိုယ့်ရဲ့ဒေါ်လေးနဲ့ ဦးလေးနဲ့ကို ဆွေးနွေးချင်သေးတယ် ဒါပေမဲ့ ဒါမတိုင်ခင်တော့ ကိစ္စတစ်ခု လုပ်ရဦးမယ်”

ရှင်းဖုန်းက သူ့မေးစေ့ကို အချိန်အတော်ကြာ ထိနေပြီးနောက် အဖြေပြန်ပေးလိုက်သည်။ ယွင်ချဲ့၏စကားက ရဲတင်းမှုမရှိ အမှန်တကယ်သာဆိုလျှင် အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ဖြစ်နိုင်သည့် ဖြစ်ရပ်ကြီးတစ်ခု ဖြစ်လာလိမ့်မည်။

“သုတေသနသင်တန်းကျောင်းကို မင်းလက်ထဲမှာ ထားမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ”

ယွင်ချဲ့က တုံးအသူမဟုတ် သူ၏အတွေးများကို ချက်ချင်းနီးပါး မှန်းဆမိသည်။ သုတေသနအဖွဲ့ကို သူတို့လက်ထဲတွင် ကိုင်ဆောင်ထား၍ သုတေသနပြုခြင်း၏ ရလဒ်များက သူတို့အပိုင်း ဖြစ်နေမှာပင်။ သူတို့က သိုသိုသိပ်သိပ် လုပ်ချင်တာမဟုတ်။ လူအများအတွက် ပိုအကျိုးရှိစေမည့် တစ်စုံတစ်ခုကို သုတေသနပြုပြီးနောက် အကျိုးပြုစေချင်တာပဲဖြစ်သည်။ လူသားများအတွက် ပိုအကျိုးရှိစေပါက တလင်းအမြုတေများ၏ လျို့ဝှက်ချက်စသည့်ကိစ္စရပ်များကို သူတို့လက်ထဲ၌ တင်းကြပ်စွာ ဆုပ်ကိုင်ထားမှာမဟုတ်ပေ။

“အင်း ဖြစ်ချင်တော့ အစ်ကိုက သုတေသနအဖွဲ့က ဘုရင်ဝေနဲ့ အစိုးရ၏ ကြံစည်ရေးအတွက်က အာလူးပူပူကြီး ဖြစ်နေတယ်လေ ငါတို့ယူလိုက်ရင် သူတို့က လက်ခုပ်တောင် တီးနေဦးမယ်”

ရှင်းဖုန်းက သူ၏ခံစားချက်ကို အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူက ၎င်းကို ယွင်ချဲ့အား ဖုံးကွယ်ထားရန် ရည်ရွယ်ချက် မရှိပေ။

“ဒါဆို မြန်မြန်လေး သုတေသနအဖွဲ့ရဲ့ မျက်ကန်းကြောင်က ကြွက်တွေကို တွေ့ပြီ တစ်ခုခုကို သုတေသနပြုမယ်ဆိုရင် သူတို့သေချာပေါက် အလွယ်တကူ လွှတ်ပေးမှာမဟုတ်ဘူး တတ်နိုင်မယ်ဆိုရင် သုတေသနအဖွဲ့တစ်ခုလုံးကို မော့မိသားစုတပ်ဖွဲ့ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ဒါမှမဟုတ် ဧရိယာဆီကို ရွေ့ပြောင်းလိုက်တာ အကောင်းဆုံးပဲ အဲဒီဘက်မှာဆိုရင် နောင်ကျ သုတေသနအဖွဲ့ကိာ ညစ်ညမ်းအောက်လုပ်ဖို့ ခက်ခဲသွားလိမ့်မယ်”

“ကိုယ်လည်း ဒီလိုတွေးတာပဲ ဒါပေမဲ့ ကိုယ့်ဒေါ်လေးရယ် တခြားသူတွေရယ်နဲ့ ဆွေးနွေးရမယ် စစ်တပ်ကိုကျော်ပြီး မလုပ်ချင်ဘူး”

“ဟဲဟဲ စီမံတာခင်ဗျား ကြည့်လုပ်လိုက်လို့ရတယ် ဒါပေမဲ့ ခင်ဗျား ဆောက်ပေးမယ်လို့ ဂတိ‌ပေးထားတဲ့ သုတေသနဓာတ်ခွဲခန်းလေးအကြောင်းပဲ ငါ ဂရုစိုက်တာ”

“စိတ်မပူနဲ့ ပြန်ရောက်တဲ့အချိန်ကျ ကြည့်လိုက်မယ် ကိုယ်ထွက်မလာခင်မှာ မြို့တော်ကို ဆက်သွယ်ပြီးပြီ သုတေသနပညာရှင်တွေတင်မကဘူး မြို့တော်မှာ နေတဲ့သူတွေကိုရောပဲ သူတို့ကို အနောက်တောင်အရပ်ဆီ ရွေ့ခိုင်းလိုက်မှာ နောင်ကျ ဘာမှအရေးကြီးတာမရှိရင် မြို့တော်ကို ထပ်ဆက်သွယ်မှာ မဟုတ်ဘူး”

သူ့နား လက်တစ်ဖက်ကွေးထားပြီး ရှင်းဖုန်းက တည်ငြိမ်စွာပြောလိုက်၏။ သို့သော် တည်ငြိမ်မှုထဲ၌ နာကျင်မှု တစ်စွန်းတစ်စ ပါဝင်နေသည်။ ဆိုရလျှင် မြို့တော်က သူ့အိမ်ဖြစ်ပြီး သူ့မိသားစုရှိသည် သို့‌သော်ငြား ကမ္ဘာပျက်ကပ် မတိုင်မီကဖြစ်စေ ကမ္ဘာပျက်‌ကပ် စတင်ပြီးနောက်ဖြစ်စေ သူ ထိုနေရာသို့ ခြေမလှမ်းချင်ပေ။

“ဟုတ်ပြီ”

ယွင်ချဲ့က တုံးအသူ မဟုတ်ပေ။ ရှင်းဖုန်းရင်ထဲ အတွေးများရှိကြောင်း သူသိသော်လည်း သူမေးရန် မစီစဉ်ထားပေ။ မဟုတ်လျှင်လည်း သူအကြောင်းပြချက် သူရှိကြောင်းသိသည်။ သို့‌သော် မေးရန် မရည်ရွယ်ထားပေ။ ပထမဆုံးအနေဖြင့် နောက်ဆုံးတစ်ခေါက်က သူမေးခဲ့သောအခါ သူပေကျင်းအခြေစိုက်စခန်းကို သွားမည့်အကြောင်းသာပြောခဲ့၏။ ဒုတိယအချက်အနေဖြင့် တစ်စုံတစ်ယောက်ကို နာကျင်စေနိုင်သော လျို့ဝှက်ချက်က ဘယလူတိုင်းတွင်ရှိသည် မဟုတ်ပါလော။ အဘယ်ကြောင့်များ အရာအားလုံးကို အောက်ခြေအထိ တူးဖော်ရမည်နည်း။

“ဟမ်”

နှစ်ယောက်သားက တစ်ယောက်ကို တစ်ယောက်မှီနေလျက် တဖြည်းဖြည်းအချိန် ကုန်ဆုံးလာသည်။ ကောင်းကင်က မှောင်လာတာကိုကြည့်ပြီး ယွင်ချဲ့၏ ကျဉ်းမြောင်းနေသော မျက်ဝန်းတို့က ပွင့်လာပြီး ဖြည်းဖြည်းချင်း မတ်မတ်ထိုင်လိုက်လေ၏။

“ဘာဖြစ်လို့လဲ”

“တစ်ယောက်ယောက် လာနေတယ် စွမ်းအားရှင်တစ်စုနဲ့ ဖုတ်ကောက်တွေအများကြီး”

မတ်တပ်ထရပ်ပြီး လင်းကျန်မြို့ဘက်ကို ကြည့်လိုက်သောအခါ ယွင်ချဲ့သည် လေဇယားကွက်၌ အလွန်လျင်မြန်စွာ ရွေ့လျားနေသော အစက်လေးများကို တွေ့လိုက်ရ၏။ သူတို့နေရာသို့ ရောက်ခါနီးပြီဖြစ်သည်။

“အသက်ရှင်သူတွေလား”

အသင်ရှင်သည့်သူများသည် ဤနေရာသို့ မည်ကဲ့သို့ ရောက်နိုင်မည်နည်း။ ဤနေရာသည် မြို့နားရှိ အဝေးပြေးလမ်းဖြစ်သော်ငြား ခရိုင်မြို့တော်၏ တတိယမြို့ပတ်လမ်ူမှ စတုတ္ထမြို့ပတ်လမ်း၏ အကွာအဝေး အတွင်းလည်းရှိသည်။ ဦးနှောက်ပျက်သည့်သူ မဟုတ်သရွေ့ ဤအရပ်ဆီသို့ ပြေးမလာသင့်ပေ။ သူတို့က ညဘက်ကြီး ခရီးနှင်နေတာဖြစ်သည်။ အတင့်ရဲသည့်သူများတောင် ညဘက် အဝေးပြလမ်မပေါ် မပြေးရဲပေ။

“အသက်ရှင်သူက ရှင်သူပဲ ဒါပေမဲ့ သာမန်အသက်ရှင်ကျန်ရစ်သူ မဟုတ်လောက်ဘူး”

သူ၏နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွား၏။ ယွင်ချဲ့၏ မျက်လုံးအကြည့်က လမ်းပေါ်ရောက်သွားသည်။ ယွင်ချဲ့၏အကြည့်တို့သည် အရိပ်သေးလေးကို ဖြည်းဖြည်းချင်း မြင်ရသည့် လမ်းဆီသို့ရောက်သွား၏။

သူ့ကို ကြည့်လိုက်သောအခါ သူ့၌လျို့ဝှက်ချက်များ ရှိနေတာသိသာ၏။ ရှင်းဖာန်းက ထိုအကြောင်းကို မေးရန် အလျင်မလိုပေ။ ထို့ကြောင့် ထရပ်လိုက်ပြီး သူကြည့်သည့်ဘက်ဆီသို့ လိုက်ကြည့်လိုက်၏။ အရိပ်က တဖြည်းဖြည်း နီးလာပြီး သူ့မျက်စိရှေ့၌ ရှင်းလင်းသည့်ပုံရိပ် ပေါ်လာ‌သည်အထိ ဖြစ်သည်။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset