အခန်း (၁၄၂.၁)
သုတေသန သင်တန်းကျောင်းဝန်းထဲ ဖောက်ဝင်ခြင်း။
ဝါး ဝါး
ဖုတ်ကောင်များ၏ ခေါင်းအထက်ရှိ တွဲလှည်းစီးစွန်၌ သူတို့အနှစ်သက်ဆုံး လတ်လတ်ဆတ်ဆတ်အသားများ ရှိနေသည်။ ထိုနေရာ၌ ဖုတ်ကောင်တို့သည် အထိကရုန်း စတင်ဖြစ်ပွားပုံရ၏။ ဖုတ်ကောင်များက လှည့်လာပြီး သူတို့နောက်ကို စလိုက်လာကြ အော်ဟစ်ပြီး သွားရည်များ ကျနေတော့၏။ လန်ယဲ့ဟန်၊ မော့ဝန်ရန်နှင့် ကျန်သည့် ထိပ်ဦးနှင့် ချောင်ယန်းအဖွဲ့သားများက လမ်းဆုံ၌ ပထမဆုံး ဆင်းသက်လိုက်ကြသည်။ တွဲလှည်းစီးစွန်များကို မသိမ်းခင် သူတို့က သူတို့နားရှိ ဖုတ်ကောင်များကို ရှင်းလင်းရန် ချက်ချင်းပင် လူစုခွဲလိုက်၏။ ပြီးနောက် ကျန်သည့်သူများအတွက် ဘေးကင်းလုံခြုံသည့် ဆင်းသက်သည့် နေရာတစ်ခုဖြစ်အောင် ကြိုးစားလိုက်ကြသည်။
“ငါတို့အလှည့်ပဲ”
ယွင့်ချဲသည် လေစွမ်းအင်ဖြင့် တွဲလှည်းစီးစွန်များ အားလုံးကို အဝေးသို့ပို့ရခြင်းက သူထင်ထားသည်ထက် စွမ်းအင်ကုန်ဆုံးမှု ပိုများသည်။ သူနှင့် ရှစ်ဖုန်းက သံတိုင်ပေါ် ရပ်နေချိန်၌ သူချွေးများ ရွှဲနေတော့သည်။ ရှစ်ဖုန်းက သူ၏မျက်နှာပေါ်ရှိ ချွေးများကို တစ်ရှူးဖြင့် ဂရုတစိုက် သုတ်ပေးသည်။ “နောက်ကျ စစ်တပ်အတွက် တာဝန်တွေ ထပ်လုပ်မပေးတော့ဘူး”
“ဟုတ်ပြီ”
ယွင့်ချဲက ခေါင်းညိတ်ပြီး ရှင်းဖုန်း၏လက်ကို ထိန်းချုပ်ရင်း ပါးပေါ်တင်လိုက်၏။ နှစ်ယောက်သားက ဆင်းသက်လိုက်ကြသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် လေစွမ်းအင်က သူတို့ကို ရှေ့သို့ တည်တည်ငြိမ်ငြိမ် လေဟုန်စီးနိုင်အောင် ပံ့ပို့ပေ၏။
“ဒါကိုယူလိုက် ဆရာ”
တလက်လက်တောက်ပနေသည့် စွမ်းအင်တလင်းက ယွင့်ချဲနှင့် ရှင်းဖုန်းတို့ဆီသို့ တန်းတန်းမတ်မတ် ပြန်သန်းလာသောကြောင့် ကောင်းကင်ကိုဖြတ်လျက် ပြီးပြည့်စုံသည့်အကွေ့တစ်ခုကို ရေးဆွဲလိုက်သည်။ လေစွမ်းအင်ဖြင့် ယွင့်ချဲက တလင်းအမြုတေကို သိမ်းလိုက်လေ၏။ “မင်းတို့နှစ်ယောက် ပြောတာတော်လောက်ပြီ ထွက်လာခဲ့”
“ဟုတ်ကဲ့” တက်ကြွသည့် ဖြေသံဖြင့် စက္ကန့်ပိုင်းအတွင်း ဟေးယွီနေဝင်မလေဘုရင်က သူတို့ရှေ့သို့ ခုန်တက်လိုက်သည်။
“အချိန်မဖြန်းနဲ့ လက်ဝဲဘက်ကိုသွား”
တွဲလှည်းစီးစွန် မဆင်းသက်ခင် ယွင့်ချဲက အဖွဲ့သားများကို အော်လိုက်၏။ အဆင့်သုံး စွမ်အားရှင်များက သူတို့ဘာသာသူတို့ နှစ်ဖွဲ့ခွဲထားသည်။ တစ်ဖွဲ့က ရှေ့ရှိလမ်းကြောင်းကို ရှင်းပေးပြီး နောက်တစ်ဖွဲ့က အနောက်တန်းကို ထိန်းထား၏။ သိုလှောင်စွမ်းအားရှင်တိုင်းက အဆင့်နှစ် လူတစ်ယောက်စီရှိကြပြီး အလယ်တွင် ကိုယ်ပိုင်သက်တော်စောင့် ရှိကြ၏။ ဟေးယွီနေဝင်မလေဘုရင်က သူတို့နှင့် ပူးပေါင်းလိုက်သည်။ အဖွဲ့က မည်သည့်အရာကမှ သူတို့ကို ဟန့်မတားနိုင်သည့်ပမာ အရှိန်မြန်မြန်ဖြင့် ရှေ့ဆက်နေလေ၏။
ဝါး
အဆင့်သုံးမီးဖုတ်ကောင် တစ်ကောင်က ရုတ်တရက် ထွက်ပ်ေလာပြီး အဖွဲ့ဆီသို့ မီးလုံးများပစ်လျက် အော်ဟစ်လိုက်တော့၏။
“သောက်ပါးစပ်ကို ပိတ်ထားလိုက် ဘေးကိုဖယ်”
ဟေးယွီက ဖုတ်ကောင်များဆီပြေးဝင်ပြီး ရိုက်ချလိုက်၏။ သူ၏ ဖြုံလောက်သောခွန်အားက အချိန်တိုင်း၌ လူအများကို ထိတ်လန့်စေ၏။ ယွင့်ချဲကအစဥ် အရိုက်ခံလိုက်ရပြီး အသက်ရှင်နေသေးစဲရှိသော အဆင့်သုံးဖုတ်ကောင်ဆီသို့ အလင်းအရှိန်ဖြင့် သွားလိုက်၏။
“မင်း အရင်သွားနှင့်။ ရှင်း အရှေ့ဝင်ပေါက်ဆီကို ခေါ်သွား သင်တန်းကျောင်းကို ဝင်နိုင်အောင် လမ်းရှင်း”
ယွင့်ချဲက မာမာထန်ထန် အော်လိုက်သောကြောင့် သူ၏အသံကတောင် အက်ရှရှဖြစ်နေပြီပင်။
“ဟုတ်ပြီ”
ရှင်ဖုန်းက ဟေယွီ၏ကျောပေါ်၌ ဘာမှမပြောခဲ့ပေ။ သူက ယွင့်ချဲကို စိုးရိမ်ပူပန်စွာ တစ်ချက်ကြည့်ပြီးနောက် သင်တန်းကျောင်း၏ အရှေ့ဝင်ပေါက်ဆီသို့ အဖွဲ့ကို ဦးဆောင်သွား၏။ ရှန်းရစ်၊ ကျန်းရှန်နှင့် လုဟိုင်ရွှန် ရွှေစွမ်းအားရှင်များ သူ့နားထဲရှိသည့် ရွှေစွမ်းအားရှင်များရှိသည်။ သူတို့က အစွမ်းထက်သောကြောင့်သာမက လေဘဲ ဂိတ်ကိုဖွင့်လျက် တာဝန်ယူထားသောကြောင့်လည်း ဖြစ်သည်။ ယဲ့ရှန်းချန်က သူ့ဘာသာသူ မတိုက်ခိုက်နိုင်။ သူက အသန္ဓေအသွင်ပြောင်းသွားသည့် ဝံပုလွေဘုရင်ကိုစီကာ နောက်တန်းကို လန်ယဲ့ဟန်၊ ကျန်းဖေး၊ ယန်ဟွာအန်းတို့နှင့်အတူ ကာကွယ်ပေးနေ၏။ မော့ဝန်ရန်နှင့် ယွီဝမ်ချင်းက အလယ်တွင် တပ်ဖွဲ့ကို ဆက်ထိန်းထားပြီး ဒဏ်ရာမရအောင် သေဆုံးခြင်းမရှိအောင် ရှောင်ရှားနေလေ၏။
ဘုန်း
ဖုတ်ကောင်အများစုက ယခင်၌ ကေတီဗီနား၌ စုဝေးနေခဲ့သည်။ ထို့ကြောင့် သူတို့က အဖွဲ့ကို ခက်ရာခက်ဆစ် လိုက်နေရ၏။ အဖွဲ့က ရှင်းဖုန်း၏ ဦးဆောင်မှုအောက်၌ လှုပ်ရှားတာ မြန်ဆန်သည်။ ရောင်စုံစွမ်းအားမျိုးစုံက ဖုတ်ကောင်များကို ဝင်ရောက်တိုက်ခိုက်၏။ အဆင့်သုံးဖုတ်ကောင်ကို သတ်ဖြတ်ပြီးနောက် ယွင့်ချဲက အဖွဲ့ထဲဝင်လာတော့သည်။
“ကျန်းရှန်၊ ရှန်းရစ် သူဂိတ်ကို ဖွင့်တဲ့အချိန် ဟိုင်ရွှမ်ကို ကာပေးထားလိုက်”
သူတို့က ဝင်ပေါက်သို့ ရောက်ရှိသွား၏။ သံကွန်ယက်တံခါးကြီးနောက်၌ ဖုတ်ကောင်များက ဆက်တိုက်အော်ဟစ်နေကြပြီး သူတို့ကို မာန်ဖီနေကြသည်။ ရှင်းဖုန်းကို အမိန့်ပေးပြီးနောက် ကျန်းရှန်က ဘေးဘက်သို့ ဖျက်ကနဲ ရွေ့သွားကာ ရှန်းရစ်က ညာဘက်သို့သွားလိုက်ပြီး ရွှေသေနတ်ကြီးများဖြင့် ဖုတ်ကောင်များကို ပစ်လိုက်တော့၏။ သူတို့က ထိုနေရာတွင် ရှိနေစဲ လုဟန်ရွှန်က ခေါင်းကိုင်းပြီး စွမ်းအင်များဖြင့် သံတုံးကို အရည်ဖျော်နေလေ၏။
“တောက်ကွပဲ”
အဆင့်သုံးစွမ်းအားရှင်အချို့က ရှေ့တက်လာပြီး သူတို့၏ခွန်အား အကုန်ကို သုံးကာ သံကွန်ယက်တံခါးကြီးကို တွန်းဖွင့်ရန်ကူညီနေကြ၏။ ပြီးနောက် သူတို့က ဖုတ်ကောင်များကိုလည်း ကန်ထုတ်ကြ၏။ ဟေးယွီက အထဲသို့ ခုန်ဝင်ပြီး ဖုတ်ကောင်များကို စတင် မောင်းထုတ်တော့၏။
ဘုန်း
“ဂိတ်ကနေ ဝေးဝေးဖယ်”
မိုးကြိုး ပေါ်ထွက်လာ၏။ ဂိတ်၏ မီတာတစ်ရာအကွာကနေ ယွင့်ချဲက ဖုတ်ကောင်မျာဆီသို့ မရေမတွက်နိုင်သည့် ခရမ်းရောင်လျပ်စမ်းများကို ပစ်ထုတ်ကာ မြေကမ္ဘာတုန်လှုပ်ဖွယ် စွမ်းအားများကို ထုတ်ဖော်လိုက်၏။ စွမ်းအားရှင်များအားလုံး ချက်ချင်းပင် နောက်ဆုတ်လိုက်၏။ မိုးကြိုးများ ထိမှန်ပြီး ဂိတ်နားရှိ ဖုတ်ကောင်တစ်ရာနီးပါးက တူးချိတ်ကုန်၏။ နောက်ထပ် အနက်ရောင်ဓားသွားက လိုက်ပါလာပြီး တစ်ဒါဇင်သော ဖုတ်ကောင်တို့၏ခေါင်းများကို ထပ်ခြမ်းခြမ်းလိုက်တော့၏။
“ချဲ့”
ယွင်ချဲ့သည် ပြင်းထန်သည့် တိုက်ကွက်ကို ရွတ်ဆိုပြီးနောက် နှေးကွေးသွားတော့သည်။ ကျိုးဆယ်ယွီက ယွင်ချဲ့ဆီသို့ ပြေးလာလေ၏။ သူက ယွင်ချဲ့ကို လက်တစ်ဖက်ဖြင့် ထိန်းထားပြီး ကျန်လက်တစ်ဖက်က တလင်းအမြုတေကို စုဆောင်းရန် လေစွမ်းအားကို အသုံးပြုပြီး အော်လိုက်၏။ “အားလုံးအထဲဝင် ဖုတ်ကောင်တွေကို အပြင်မှာထားထား”
သူ၏ ညွှန်ကြားချက်က ထိတ်လန့်နေသည့် စွမ်းအားရှင်များ အားလုံးကို သတိဝင်လာစေ၏။ သူတို့က သမန်းကျောင်းထဲသို့ ကမန်းကတမ်းဝင်လိုက်ပြီး လန်ယဲ့ဟန်က လူတိုင်းအထဲသို့ ရောက်သည့်အချိန်၌ ဂိတ်ကို ပိတ်လိုက်၏။ လုဟိုင်ရွှမ်၊ ရွှမ်းလီတို့က သံကွန်ယက်တံခါးကြီးကို စွမ်းအားများဖြင့် ထိန်းထားလေ၏။
ဝါး
သူတို့နောက်ရှိ ဖုတ်ကောင်များက သံကွန်ယက်ကနေ သူတို့ကို လှမ်းဖမ်းရန် ကြိုးစားနေကြ၏။ သို့သော် နောက်ကျလွန်းသွားပြီဖြစ်သည်။ စွမ်းအားရှင်များအားလုံးက ကျောင်းအတွင်းရှိ ဖုတ်ကောင်များအားလုံးကို ချက်ချင်းဖြေရှင်းလိုက်ကြ၏။
“တကယ် စောသွားတာပဲ”
ကျိုးဇယ်ယွီ ထိန်းကိုင်ထားမှုဖြင့် ယွင့်ချဲက လေရှုတ်ထုတ်လိုက်၏။ ယင်းက အနည်းဆုံး အဆင့်လေးတိုက်ကွက် ဖြစ်သော်ငြား ယွင့်ချဲက အချိန်ကို ချွေတာချင်၏။ သူ၏ စွမ်းအင်လုပ်ဆောင်ချက်က ရှင်းလင်းသွားသည်နှင့် ယွင့်ချဲက သူ၏အဆုတ် ပေါက်ကွဲတော့မည့်ပမာ ကြောက်လန့်မှုကိ ခံစားနေရသည်။
“ယွင်ချဲ့ မင်း တစ်ခါလေးတောင် ငါတို့ကို မယုံထားနိုင်ဘူးလား”
ကျိုးဇယ်ယွီက ဖုတ်ကောင်များကို လေဓားသွားများဖြင့် တိုက်ခိုက်နေစဥ် သူက ယွင့်ချဲကို ကြည့်မိ၏။ ပြီးနောက် ဖုတ်ကောင်များ အဝိုင်းခံထားသည့် ဟေးယွီဆီသို့ သူ့ကို ခေါ်သွားပေးသည်။ ရှင်းဖုန်းက နောက်ကျောမှနေ ခုန်ဆင်းလာပြီး ကျို့နှင့် ယွင်ချဲ့ဆီသို့ ပြေးလာလေ၏။ ရွှေစွမ်းအားကို ထပ်မံ ဖုန်းကွယ်မထားတော့ပေ။ ရှင်းဖုန်က ရွှေကြာပွတ်ဖြင့် လမ်းကြောင်းကို ရှင်းလင်းလိုက်တော့သည်။
“မင်းကို ယုံတာကြောင်မလို့ ဒီလိုရူးမိုက်တဲ့ လှုပ်ရှားမှုမျိုးကို လုပ်ခဲ့တာပါ တွေ့လား ငါ့လူက မမိုက်ဘူးလား”
သူ့ဆီသို့လာရန် ဖုတ်ကောင်များကို ရှင်းဖုန်း ရှင်းလင်းနေတာကြည့်ပြီး ယွင့်ချဲက ဖျော့တော့စွာ ပြုံးလိုက်လေ၏။ ခေါင်းဆောင်ရှင်းကသူတို့ဆီ တဟုန်ထိုး ဝင်လာနေတာကို သတိပြုမိသည်။ ကျိူ့စဲယွီက အံကြိတ်ကာ ပြန်ပြောလိုက်၏။ “ဟုတ်တယ်။ သိပ်မိုက်ပါတယ်။ တလောကလုံးက အသိအမှတ်ပြုတော့မှာ”
နောက်ထပ် ရွှေစွမ်းအားရှင် ကျန်းရှန်ကလည်း သူ၏ တလက်လက်တောက်ပနေသော ဖဲကြိုးများကို ဝှေ့ယမ်းကာ ဖုတ်ကောင်များကို ပိုင်းဖြတ်လိုက်၏။ ရှင်းဖုန်းသည် ပုံသဏ္ဌာန်တစ်ခုတည်း ဘယ်တော့မှ မထိန်းချုပ်ထားပေ။ သူက အရာအားလုံးကို သူသဘောရှိသလို ဓားသွား၊ လှန်၊ တင်းပုတ်၊ တုတ်ချောင်း မည်သည့်အရာမဆို ပြောင်းလဲနိုင်၏။ သူက အသွင်သဏ္ဌာန်အားလုံး၌ တော်သည်။ ယင်းက မိမိုက်နေဖို့ မလိုအပ်သော်ငြား ရိုက်ချက်ကတော့ တိကျပြီး သေကွင်းသေကွက်ထိရပေမည်။
“မင်း ငါ့ကို မနာလိုဖြစ်နေတာပဲ”
ယွင့်ချဲသည် သူ၏အသင်းဖော်များကို စနောက်ရာ၌ အမြဲတမ်း စိတ်အားထက်သန်၏။ ကျို့စဲယွီတောင် သူ့ကို စကားထပ်မပြောချင်တော့ပေ။
“ချဲ့”
ပထမဆုံးအကြိမ်အနေဖြင့် သူက သူတို့ဆီသို့ ရောက်ရှိသည့်အချိန်၌ ရှင်းဖုန်း၏မျက်နှာထက်တွင် စိုးရိမ်ပူပန်သည့် အကြည့်ရှိနေတာပဲ ဖြစ်သည့်အချိန်အများစု၌ သူက အေးစက်စက် သို့မဟုတ် ကျက်သရေရှိသည့် သွင်ပြင်သာရှိ၏။ သူက စစ်သားတစ်ယောက် ဖြစ်ခဲ့သည်ဆိုတာတောင် လူတိုင်းက ယုံကြည်ရန် ခက်ခဲနေ၏။ ယွင်ချဲ့ကြောင့်သာလျှင် သူက လျှို့ဝှက်သေအခြမ်းကို ပြသတာဖြစ်သည်။
“ငါ အဆင်ပြေတယ် နည်းနည်းအားနည်းသွားရုံပဲ။ ခနနားပြီးရင် ကောင်းသွားလိမ့်မယ်”
ယွင့်ချဲက ရှင်းဖုန်း၏လက်မောင်းပေါ် လှဲချလိုက်ပြီး သူ၏ စွမ်းအင်နယ်မြေထဲမှ စမ်းရေတစ်ပုလင်းကို သောက်လိုက်၏။ ရှင်းဖုန်းက သူ့တစ်ကိုယ်လုံးကို စစ်ဆေးကြည့်ပြီး ယွင့်ချဲ အဆင်ပြေတော့မှ သက်သာရာရသွား၏။
“လေဇယားကွက် ရွတ်ဆိုနိုင်သေးလား”
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး အနာယူရန်အတွက် အကောင်းဆုံးနေရာက ဟေးယွီ၏နောက်ကျော ဖြစ်သည်။
“မရဘူး”
ယွင့်ချဲ၏ စွမ်းအင်နေရာက ရှင်းလင်းသွားပြီဖြစ်သည်။ သူက လေဇယားကွက်ကိုတောင် မထုတ်ဖော်နိုင် လေစွမ်းအားဆိုလျှင် ပြောနေရန်မလိုတော့ချေ။
“ဒါဆို လမ်းတလျှောက် သတ်ကြတာပေါ့”
အကြည့်တို့က စူးရှသွားလျက် ရှင်းဖုန်းက ယွင်ချဲ့ကို လက်တစ်ဖက်ဖြင့် ခါးကို ထိန်းကိုင်ထားလျက် ကျန်လက်တစ်ဖက်က ရွှေရောင်ကြာပွတ်ကို လွှဲရန်ကား ခြိမ်းခြောက်နိုင်သည့် အသံတစ်သံ ပြုလိုက်၏။
“မင်းအတွက် လမ်းကြောင်းရှင်းပေးမယ်”
ကျိုးဇယ်ယွီသည် အခြားနေရာသို့ တစ်ခါမှထွက်မသွားခဲ့ပေ။ သူက ရှေ့သို့ ခုန်ဝင်လိုက်ပြီး မြေပြင်ပေါ်ကနေ လေဆင်နှာမောင်းနှစ်ခု ဆင့်ခုန်သွားလိုက်ပြီး ဖျက်စီးခြင်းအဟုန်ဖြင့် သူတို့ရှေ့ကို ဖြတ်တိုက်သွားခဲ့၏။
“ကျေးဇူးပဲ”
ရှင်းဖုန်းက ယွင့်ချဲကို သယ်ထားလျက် လေဆင်နှာမောင်း နောက်ကို လိုက်သွား၏။ သူက သူတို့နားသို့ ချည်းကပ်လာသည့် ဖုတ်ကောင်များ၏လည်ပင်းကို ကြာပွတ်ဖြင့် ရစ်ပတ်လျက် တစ်ချက်တည်းဖြင့် သူတို့လည်ပင်းကို ချိုးချလိုက်သည်။ မည်သည့် စွမ်းအားရှင်မဆို ဖုတ်ကောင်များကို တိုက်ခိုက်နေစဥ်၌ ရိပ်ခနဲမြင်တွေ့ကြသည့် မြင်သည့်စွမ်းအားရှင်မဆို ထိုအရာတောင်မေ့ပြီး အာနိသင်ပြင်းထန်မှုကြောင့် မေ့သွားလိမ့်မည်။ သို့သော် ရှင်းဖုန်းက လေဟာနယ်စွမ်းအင်မှ ရွှေစွမ်းအင်အဖြစ် ပြောင်းလဲလိုက်သည့် အချိန်တွင် မည်သူကမှ တွေ့ရန် အချိန်မရခဲ့ပေ။
“ငါ့ရဲ့တာဝန်က ဘယ်မှာလဲ”
ရှင်းဖုန်းက ယွင့်ချဲကို လုံခြုံအောင်ထားမှန်း သိနေသောကြောင့် ကျိုးဇယ်ယွီက သူတို့နောက် မလိုက်တော့ပေ။ သူက ဖုတ်ကောင်များကို လေဓားသွားများဖြင့် ပစ်ခတ်ပြီး မော့ဝမ်းယန်ဆီ တွေးမနေဘဲ ပြေးသွားလိုက်၏။
“ငါ့အတွက် ရုတ်တရက်ကြီ နောက်ထပ် သစ်သားဖုတ်ကောင်တစ်ကောင် ရောက်လာတာ။ သတိထား သူက သာမန်အဆင့်သုံးမဟုတ်ဘူး”
ပြန်ရောက်လာပြီး မော့ဝမ်းယန်က အသံတိုးတိုးဖြင့် ပြောပြီး ညာဘက်ထဲတွင် ရေဓားသွားဖြင့် မီးဖုတ်ကောင်တစ်ကောင်ကို တိုက်ခိုက်နေပြီး ပိုမို တောက်လောင်နေသော ဓားသွားများ ဖြာထွက်လျက် သူတို့ဆီ ဝင်လာနေသော သစ်သာချောင်းများကို ဖြေရှင်းနေ၏။
“ရှစ်.. မင်းကိုယ်မင်း စူပါမင်းများထင်နေလား”
မော့၏လောင်ကျွမ်းနေသော ဓားသွားများကို မြင့်တင်ပေးရန် သူက လေစွမ်းအားများ ပစ်ထုတ်ပေးနေရသောကြောင့် ကျိုးဇယ်ယွီက ကျိန်ဆဲလိုက်၏။ လေစွမ်းအင်က ဓားသွားကို လိုက်မှီလာချိန်၌ ဓားလေးက ရှည်လျားပြီး ချွန်ထက်သည့် ဓားသွားများ ဖြစ်သါားလေ၏။ သစ်သားဖုတ်ကောင်များက အဆင့်လေးနီးပါး ရှိသော်ငြား နိုင်နိုင်သည့်စွမ်းရည် မရှိပေ။ ဓားသွားများကို ရှောင်တိမ်းရမည့်အစား ဖုတ်ကောင်များသည် သူတို့ကို သစ်သားချောင်းများဖြင့်သာ ပိုပစ်လေ၏။
ထပ် ထပ် ထပ်
ရား
လေက မီးကို အားမြင့်ပေးနိုင်ပြီး မီးက သစ်သားကို အောင်နိုင်၏။ ယင်းကား သဘာဝ၏ ဥပဒေသဖြစ်ပြီး မည်သူကမှ မပြောင်းလဲနိုင်ပေ။ လေစွမ်းအင်ဖြင့် မြင့်တင်ထားသော မီးက သစ်သားတိုင်များကို လောင်ကျွမ်းသွားစေပြီး ကျန်ရှိသည့် လောင်ကျွမ်းဓားသွားများက ဖုတ်ကောင်၏ ခန္ဓာကိုယ်ညာဘက်ကို ဖောက်ထွက်လျက် သူ့ကို ထွက်သွားသည်အထိ အော်ဟစ်စေတော့သည်။
“ပါးစပ်ပိတ်ပြီး သေလိုက်တော့”
မော့ဝမ်းယန်က မီးဖုတ်ကောင်ကို ဖြေရှင်းရန် နားလည်လာ၏။ ကျို့စဲယွီက ခုန်ဝင်လာသည်။ သူ့လက်ဖဝါးနှစ်ဖက်မှ လေဆင်နှာမောင်းလေဖြင် ဖုတ်ကောင်၏ခေါင်းကို ရိုက်ချလိုက်၏။
ဝါး
ဘုန်း
သစ်သားဖုတ်ကောင်၏ခေါင်းကား သူ အော်ဟစ်လိုက်ချိန်၌ ပေါက်ကွဲသွားတော့သည်။ အစိမ်းရောင် ကြည်လင်သည့် သစ်သားဓာတ် ပုလင်း အမြုတေတစ်ခု ပေါ်ထွက်လာ၏။ ကျိုးဇယ်ယွီက ၎င်းကို ဖမ်းလိုက်ပြီး လှည့်ကြည့်လိုက်ရာ မော့ဝမ်းယန်သည် အဆင့်သုံး မီးဖုတ်ကောင်ကို ခေါင်းကနေ ခြေဖျားထိ ရေကျပုံ ထက်ခြမ်းခြမ်းလိုက်တာကို တွေ့လိုက်ရ၏။ ကျိုးဇယ်ယွီက ရေစွမ်းအားကို အသားမကျသေးသောကြောင့် ပင့်သက်ရှိုက်မိသွား၏။
“လာတော့”
မော့ဝမ်းယန်နှင့် ကျိုးဇယ်ယွီက သူတို့ ပြီးပြည့်စုံသည့် အဖွဲ့လိုက် လုပ်ဆောင်ချက်ကို အောင်ပွဲခံရန် အနားယူဖို့ အချိန်မရှီပေ။ သူတို့က ချက်ချင်းပင် ပိုများပြားသည့် ဖုတ်ကောင်နှင့် တိုက်ခိုက်ရန် ပြေးဝင်သွားတော့၏။
“ယာဖေး သတိထား”
စစ်မြေပြင်၏ တစ်ဖက်ခြမ်းတွင် ကျန်းယာဖေးက ရွှေဖုတ်ကောင်၏ ဓားသွားချောင်း ထိုးစိုက်ခံရလုနီးပါး ဖြစ်သွားသည်။ အကြောင်းမှာ သူမသည် ယန်းဟိုင်အန်းနှင့်အတူ သိုလှောင်စွမ်းအားရှင်များကို ကာကွယ်ပေးနေရသောကြောင့် ဖြစ်သည်။ အချိန်တိုအတွင်း ရာက သူမကို သူ့လက်မောင်းအတွင်း ဆွဲသွင်းလိုက်၏။ ချွန်ထက်သည့်အစွန်က သူ၏လက်မောင်းကို ထိုးထွက်သွား၏။
“ရာ”
ကျန်းယာဖေးက ကြောက်လန့်တကြား မျက်လုံးဖွင့်လိုက်လေသည်။ ရန်ဟိုက်ယွမ်က ဘာမှမဖြစ်ခဲ့သည့်ပမာ သူ၏မျက်နှာထက်တွင် စိတ်အနှောက်အယှက်ဖြစ်သည့် အကြည့်မပါဘဲ သူ၏လက်မောင်းကအချွန်ကို ဆွဲထုတ်လိုက်၏။
“အဆင်ပြေတယ် ငါတို့အသားကျနေပြီ”
သူက ယာဖေးကို စိတ်အေးစေ၏။
“အို အိုခေ”
“ဒါပေမဲ့ သူ ဘယ်လိုလုပ် အဆင်ပြေမှာလဲ” ရန်၏ မျက်နှာထက်ရှိ အပြုံးဖျော့ဖျော့ကို ကြည့်ရင်း ကျန်းယာဖေးက သူမ၏ စိုးရိမ်ပူပန်မှုကို မထုတ်ပြနိုင်တော့ပေ။ တစ်ချက် ခေါင်းညိတ်ပြီးနောက် အဆင့်သုံး ရွှေဖုတ်ကောင်ဆီသို့ တိုးဝင်သွားလိုက်၏။ ဧရာမကျောက်တုံးများက မိုးပေါ်ကနေ ကျလာပြီး ရွှေဖုတ်ကောင်ပေါ်ဆီ ရွာသွန်းသွား၏။ သို့သော် ကံဆိုးသည်မှာ ဖုတ်ကောင်၏ ခန္ဓာကိုယ်တစ်ဝက်က တက်တူးဖြစ်နေသောကြောင့် မြေဓာတ်တိုက်ကွက်က သူ့ကို အနည်းငယ်သာ ထိခိုက်စေ၏။
အခန်း (၁၄၂.၂)
ဟေးယွီက လူပါးဝတဲ့ကောင် ဖြစ်နေသေးတုန်းပဲ
“ငါ သူ့ကို ဖြေရှင်းလိုက်မယ်”
ယန်ဟိုင်အန်းသည် ဖုတ်ကောင်ကို သဲထဲမြုပ်ရန် ကြိုးစားနေသော ကျန်းယာဖေးကို ပြန်ထိန်းထားလိုက်၏။ သူ၏လက်က သွေးထွက်နေသော်ငြား ဘာမှမဖြစ်သလို ပြုမူနေလေ၏။ တောက်လောင်နေသော မီးလျှံများက မည်သည့်ပုံသဏ္ဌာန်မျှမပေါ် သူလက်ကို ဝေ့ယမ်းလိုက်၏။ ပြီးနောက် ဖုတ်ကောင်ကို မီးတောက်များက ဝါးမြိုသွားတော့၏။
ဝါး
စက္ကန့်ပိုင်းအတွင်း သတ္တုတစ်ဝက်ဖုတ်ကောင်သည် လမ်းလျှောက်နေသော မီးတောက်တစ်ခုအဖြစ် ပြေင်းလဲသွားတော့သည်။ အသေကောင်၏ အနံ့များက နေရာအနှံ့ပြန့်သွားပြီး သတ္တုအရည်ပျော်သည့် အသံရှိနေလေ၏။ မီးက ရွှေကိုနိုင်၏။ မီးဓာတ်နိယာမ၏တစ်ခုဖြစ်သည်။ ဖုတ်ကောင်က သူ့ကိုယ်သူ သတ္တုဖြင့် တစ်ဝက်ကာထားခြင်းက သေစေနိုင်သည့်အမှားတစ်ခု ဖြစ်နေလေ၏။ မီးတောက်ကြောင့် သူ၏အထက်ပိုင်းတစ်ခုလုံးက မကြာမီ၌ ပျော့ဖတ်သည်အထိ အရည်ပျော်သွားတော့သည်။
ထောက်..
သူ၏ခေါင်း အရည်ပျော်သွားသည့်အချိန်တွင် ရွှေဖုတ်ကောင်က လဲပြိုသွားတော့၏။ ယန်းဟိုင်အန်းက သူ့လက်ကို ထပ်မံဝှေ့ရမ်းလိုက်ရာ မီးလျံများ မရှိတော့ပေ။ ကျန်းယာဖေးသည် သူမ၏ နောက်ကျောပေါ်ရှိ တောခုတ်ဓားကို ဆွဲထုတ်လိုက်ပြီး ဖုတ်ကောင်၏ခေါင်းကို ဖွင့်ကာ ရွှေတလင်းအမြုတေကို ယူလိုက်၏။
“ယန် ဒဏ်ရာကို စည်းပေးမယ်။”
ကျန်းယာဖေးက မြေကြီးပေါ် ခြေဆောင့်နင်းလျက် သူတို့နားရှိ ဧရိယာကို သဲမြေအဖြစ် ပြောင်းလဲလိုက်၏။ ပြီးနောက် သူက အိုင်အိုဒင်းဆားနှင့် ပတ်တီးများကို သူမနှင့် အမြဲတမ်းသယ်လာသည့် ခါးပတ်အိတ်ထဲကနေ ယူထုတ်လိုက်၏။ သာမန်ပြည်သူများနှင့်မတူဘဲ စွမ်းအားရှင်များသည် သူတို့ဒဏ်ရာက ဖုတ်ကောင်ဗိုင်းရပ်စ် ကူးစက်ခံရလျှင်တောင် ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားမှာမဟုတ်ပေ။ ယန်းဟိုင်အန်းက သူမကူညီတာကို မငြင်းပယ်ခဲ့ချေ။ သူက သူမကို နှစ်သက်၏။ သူမ သူ့ကို စိုးရိမ်ပူပန်နေတာက သူ့ကို ပျော်ရွှင်စေတော့သည်။
“မင်း ငိုတော့မှာလား လာပါ အဲ့လောက်မပြင်းထန်ဘူး”
သူမ၏မျက်နှာပေါ်ရှိ လေးနက်သောအကြည့်ကို ကြည့်နေပြီး သူမလက်ရှိ ဂရုတစိုက် လှုပ်ရှားမှုကို မြင်သောအခါ ယန်းဟိုင်အန်းက ခြေထောက်ကို ဆွဲလိုက်၏။ ယင်းက တွေ့နေကျ ယာဖေးနှင့် မတူပေ။ သူက ဖုတ်ကောင်များနှင့် တိုက်ခိုက်ချိန်၌ အမျိုးသား အများစုထက်တောင် ပိုကြမ်းတမ်းသည်။ သန်မာသည့် မိန်းကလေးတစ်ဦးဖြစ်သည်။
“ဟုတ်တယ်”
ကျန်းယာဖေးက ခေါင်းညိတ်လိုက်၏။ ထိုသို့တိုင် သူမက သူ၏ဒဏ်ရာကို အလွန်ဂရုတစိုက် သန့်ရှင်းပေးသည်။ ဒဏ်ရာကို ရော့ရဲရဲချည်နှောင်သင့်လား သို့မဟုတ် တင်းကြပ်စွာချည်နှောင်သင့်လား မသေချာပေ။ သို့သော်ငြား သူမက သူ့ကို သွေးထပ်မထွက်စေတော့ပေ။
“ကျေးဇူးပြုပြီး ကိုယ့်ကို ခွင့်ပြုပေး”
ယန်းဟိုင်အန်းက ယင်းကို ထပ်ကြည့်မနေနိုင်တော့ပေ။ သူက ပတ်တီးကို ယူပြီး လက်တစ်ဖက်အတွင်း ချည်လိုက်ကာ နောက်ဆုံးတွင် အထုံးတစ်ခုထုံးလိုက်၏။ “ဖြတ်လိုက်တော့”
သူက ကျွမ်းကျင်လွန်းသောကြောင့် ဒဏ်ရာရနေသည့် ပုံမပေါ်ပေ။ ယန်းဟိုင်အန်း၏ဟာသကား ချောမွေ့သည့် စကားလုံးများ မဟုတ်ပေ။ သူနှင့် သူ့အဖွဲ့သားများသည် ရှင်းဖုန်းအပါအဝင် ဒဏ်ရာရနေကျဖြစ်၏။ ဆိုရလျှင် သူတို့က ပြိုင်ဖက်ကင်းသူများမဟုတ်။ တပ်ဖွဲ့ထဲတွင်ရှိစဥ်က ချီးကျူးဖွယ် အောင်မြင်မှုလောက်အတွက် သူတို့အသက်ကို စွန့်စားခဲ့ရဦးမည်။ အရိုးကျိုးခြင်း၊ အသားထဲမှ ကျဉ်ဆံထုတ်ခြင်းက သူတို့အတွက် အခြေခံရှေးဦးပြုစုရေး စွမ်းအင်များဖြစ်၏။ လူအများက သူတို့၏တောက်ပသော ဘက်အခြမ်းကိုသာ မြင်တွေ့ရုံပဲရှိ၏။
“ယန် ကျွန်မကို ကာကွယ်ဖို့အတွက် ရှင့်ကိုယ်ရှင် ထိခိုက်အောင် ထပ်မလုပ်နဲ့”
ပတ်တီးကို ဖြတ်ပြီးနောက် ကျန်းယာဖေးက ပစ္စည်းများကို သူမ ခါးပတ်အိတ်ထဲ ပြန်ထည့်လိုက်၏။ သို့သော် သူမ အသံက တုန်ရင်နေသေးသည်။ သူမကိုယ်တိုင် ဒဏ်ရာရလျှင် အဆင်ပြေ၏။ သို့သော် သူမအတွက် တစ်စုံတစ်ယောက်က အထိခံရသည့်အချိန်၌ စိတ်ထဲမကောင်းတော့ပေ။
“ကိုယ်သဘောကျရတဲ့ မိန်းကလေး နာကျင်တာကို ကိုယ်ဘယ်လိုလုပ် ကြည့်နေနိုင်မှာလဲ”
“ဟမ်”
ဖွင့်ဟဝန်ခံဖို့ရာ ထူးဆန်းလွန်းသည့်အချိန် ဖြစ်နေ၏။ ကျန်းယာဖေးက အတော်ဇဝေဇဝါ ဖြစ်သွားသည်။ ယန်းဟိုင်အန်းက သူမနဖူးကို တောက်လျက် ပြောလိုက်၏။
“ဟုတ်တယ် မင်း ကိုယ်ပြောတာ ကြားလိုက်တာပဲ ဒါပေမဲ့ စိတ်ထဲမထားနဲ့ ကိုယ်ဘယ်လို ခံစားရတယ်ဆိုတာ ပြောပြရုံပဲ အခုအချိန်မှာ အရေးအကြီးဆုံးအရာက တာဝန်ကို အပြီးသတ်ပြီး ဒီနေရာကနေ ထွက်သွားဖို့ပဲ”
ယန်းဟိုင်အန်းက ထရပ်ပြီး သူ၏လက်ကို ကမ်းပေးလိုက်သည်။ သူက တချိန်လုံး မိမိုက်သည့်ပုံ မပေါ်သော်ငြား သူ၏အပြုံးက စိတ်နှလုံး နွေးထွေးစေကာ လေးလံမှုမဖြစ်စေပေ။
“ဟုတ်ပြီလေ”
ကျန်းယာဖေးကလည်း သူ့လက်ကို ကိုင်ကာ ဆွဲမခံလိုက်ပြီးနောက် သဲမြေကို ပုံမှန်မြေအဖြစ် ပြောင်းလဲလိုက်၏။ စစ်မြေပြင်ထဲ ထပ်မဝင်ခင် သူမက လှည့်ကြည့်လိုက်ပြီး ယန်ကို ပြောလိုက်လေ၏။
“ကျေးဇူးပါ ကျွန်မ အဲ့ဒီအကြောင်း စဥ်းစားပါ့မယ်”
ယခင်က ချစ်သူရည်စားထားရန် သူမ တစ်ခါမှ မစဥ်းစားဖူးသော်ငြား သူမ အံ့သြနေမိသည်။ ယခုအချိန်တွင် အမျိုးသားတစ်ယောက်က သူမအတွက် ခံစားချက် ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသောကြောင့် သူမ ထိုအကြောင်းကို စဥ်းစားပေလိမ့်မည်။ သူမ လက်ခံမခံ ဟူသည်ကားမူ သူမက ထိုလူကို စောင့်မနေစေချင်ပေ။
“ဟီး”
ယန်းဟိုင်အန်းက ရယ်မောလိုက်၏။ သူ ထိုသို့ဖြစ်လာမည်ဆိုတာကို မမြင်ခဲ့ပေ။ ဖုတ်ကောင်များဆီ ဝင်သွားသည့် မိန်းကလေးကို တစ်ချက်ကြည့်ပြီးနောက် သူ၏ ဒဏ်ရာမရသည့် လက်၌ တောက်လောင်နေသော ဓားသွားတစ်လက် ပေါ်လာကာ သူမနှင့်အတူ လျင်မြန်စွာ ပြေးလျက် တိုက်ပွဲထဲ ဝင်ပါလိုက်သည်။
ထောက်..
“ကျေးဇူးပါ စီနီယာ သတိထား စီနီယာ”
ကျန်းရှန်သည် အဆင့်သုံးဖုတ်ကောင်နှစ်ကောင်ကို သူ့ဘာသာသူ သတ်လိုက်၏။ ဖုတ်ကောင်များက သူ့နား မကပ်လာခင် ယဲ့ရှင်းချန်က သူတို့ကို အဝေးကနေ ထိန်းချုပ်ထား၏။ သူ့အောက်တွင်ရှိသည့် ဝံပုလွေဘုရင်ကလည်း သူတို့အားလုံးကို ကိုက်ခဲကာ တက်နင်းပစ်၏။ ယင်းကိုယ်တိုင်ကမူ အမြုတေကို စုဆောင်း၏။
“မင်းရောပဲ ဒဏ်ရာမရစေနဲ့ မဟုတ်ရင် ငါ့ကို ရင်နာစေတယ်”
ခနတာ ရပ်တန့်သွာပြီးနောက် ယဲ့ရှင်းချန်သည် စစ်မှန်သော ခံစားချက်ကို ထုတ်ပြောလာ၏။
“ဒါပေါ့”
ချစ်စဖွယ်စကားများက မောပန်းနေသော ကျန်းရှန်ကို အားပြည့်စေသည်။ သူ၏ ရွှေရောင်ဖဲကြိုးများက ပိုမိုသက်ဝင် လှုပ်ရှားလာတော့သည်။ သူ့နားတစ်ဝိုက် အဆင့်သုံး ဖုတ်ကောင်များအားလုံး သိမ်းကြုံးခံလိုက်ရ၏။
ယဲ့ရှင်းချန်သည် ကျန်းရှန်က သူ့ဘာသာသူ အဆင်ပြေသည်ဟု ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် စစ်မြေပြင်နားတစ်ဝိုက် ဝံပုလွေဘုရင်ကိုယ်စီက ဖုတ်ကောင်များနား ပုန်းနေနိုင်ပြီး ဖုတ်ကောင်သားရဲများကို ရှာလိုက်၏။ သူ့အလုပ်က စွမ်းအားရှင်များကို တိုက်ခိုက်မည့် ဖုတ်ကောင်သားရဲများ ဟန့်တားရန်ဖြစ်သည်။ အကောင်းဆုံးရွေးချယ်မှုက သူတို့ကို သတ်ရန်ဖြစ်သော်ငြား စိတ်ထိန်းချုပ်ခြင်းကလည်း အသုံးပြု၍ရသည့် ဖုတ်ကောင်သားရဲကို ထိန်းချုပ်ခံထားရသည့် ဖုတ်ကောင်သားရဲက အဖွဲ့က ဖုတ်ကောင်များကို တိုက်ခိုက်ရန် ကူညီပေးနိုင်မည်။ ၎င်းမူ နွမ်းနယ်သွားသည့်အချိန်၌ ယင်းကား တလင်းအမြုတေအတွက် ၎င်းကို သတ်နိုင်၏။
“ယဲ့ဟန် ယှဥ်ပြိုင်ကြရအောင် ဘယ်သူအရင်ဆုံး နိုင်မလဲလို့”
လန်ယဲ့ဟန်နှင့် လုဟိုင်ယွမ်တို့က ဘေးချင်းယှဥ် တိုက်ခိုက်နေလေ၏။ သူတို့အောက်၌ သေလွန်ပြီးသော ဖုတ်ကောင်များ တောင်ပုံရာပုံရှိနေလေသည်။ သူတို့က အရေအတွက်များစွာသတ်ထားတာ သိသာသည်။ ယခုအချိန်တွင် သူတို့က အဆင့်သုံးမြေဖုတ်ကောင်တစ်ကောင်ကို ရင်ဆိုင်နေတာဖြစ်၏။ မြေဓာတ်က အကောင်းဆုံး ခုခံမှုစွမ်းအား ဖြစ်သော်ငြား ဆိုးလွန်းသည်မှာ ဖုတ်ကောင်များသည် တိုက်ခိုက်နိုင်စွမ်းအပြင်းဆုံး ဖြစ်သည်။ ရွှေနှင့်မီးကို ရင်ဆိုင်နေရတာပဲဖြစ်၏ သူတို့နှစ်ယောက်က မြေဓာတ်ဖုတ်ကောင်ကို ဖြေရှင်းရာ၌ အင်မတန် အတွေ့အကြုံများသည်။ သူတို့သည် လေးဘက်လေးလံကနေ ဖုတ်ကောင်ကို အတူတကွ တိုက်ခိုက်ကြပြီး အဆင့်သုံးဆိုလျှင်တောင် စက္ကန့်အနည်းငယ်သာ ကြာမှာပဲဖြစ်၏။
“နောက်ထပ် အဆင့်သုံးတလင်းအမြုတေ ချန်ကတော့ ဒီတစ်ခေါက် စိတ်ကျေနပ်နေတော့မှာပဲ”
လုဟိုက်ရွှမ်းသည် တလင်းအမြုတေကို ကောက်ယူပြီးနောက် သူ့နားတစ်ဝိုက် အဆင့်နိမ့်ဖုတ်ကောင်များကို ရိုက်ချပြီး စကားဆိုလိုက်၏။ လန်ယဲ့ဟန်ကလည်း ပြုံးကာ ပြောလိုက်တော့သည်။ “ဟုတ်တယ် သူက အဆင့်မြင့် တလင်းအမြုတေကို ကြိုက်တယ်”
ချန်က ယခင်က အစားကြိုက်သူ မဟုတ်ပေ။ သူသည် မည်သည့်အဆင့်နှင့်မဆို အဆင့်ကို အမှုမထားဘဲ တလင်းအမြုတေများအားလုံးကို သကြားလုံးများသဖွယ် စားလိမ့်မည်။ သို့သော် သိုလှောင် စွမ်းအင်နယ်မြေထဲမှ ထွက်သွားချိန်မှစပြီး လန်ယဲ့ဟန်၏ ဂရုစိုက်မှုအောက် ရောက်သွား၏။ သူက အစားချေးများ လာတော့၏။ လန်သည် ယွင်ချဲ့ဆီမှ သူရလာသည့် မီးတလင်းအမြုတေအားလုံးကို ချန်အားပေးခဲ့သည်။ ထိုတလင်းအမြုတေ လန့်ကို အဆင့်တက်စေသော်ငြား ချန်၏ပျော်ရွှင်စေသော မျက်နှာက ထိုက်တန်၏။ သို့သော်ငြား ယွင်ချဲ့က ယင်းကို တစ်ရာရာခိုင်နှုန်း လက်မခံပေ။ ဆိုရလျှင် သူ့၌ အဆင့်သုံး မီးတလင်းအမြူတေများစွာ မရှိပေ။ လန်ယဲ့ဟန်က ယွင်ချဲ့ကို ဂတိပေး ထား၏။ သူထိုသို့ ထပ်မလုပ်ဟု ဆိုထားသည်။ သို့သော် မည်သို့ဖြစ်မည်ဆိုတာ ခန့်မှန်းနိုင်မည်နည်း၊ သူက ထပ်ခါတလဲလဲ ပေးခဲ့၏။ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ သောကြောင့် ယွင်ချဲ့က အမြင်ထပ်မရှိတော့ပေ။ ယခု သူတို့က အဆင့်မြင့် တလင်းအမြုတေများအားလုံး ချန်အား ပေးရုံသာ ပေးနေ၏။ သူတို့က ကြည်လင်ပြီး ဓာတ်မရှိသည့်အရာ မဟုတ်သရွေ့ ချန်ကိုသာ ပေးလိုက်၏။
“မင်းတို့ကောင်တွေ တစ်ခုခု ထူးဆန်းတာ ရှာမတွေ့ဘူးလား”
“မင်းတို့ကောင်တွေ အဲဒါ ထူးဆန်းတယ်လို့ မထင်ဘူးလား”
ယွင်ချဲ့က ဟေးယွီ၏ကျောပေါ်၌ နာရီဝက်နီးပါး အနားယူခဲ့ပြီးသောအခါ အတော်လေး အားပြန်ပြည့်လာသည်။ သို့သော် တိုးလာသည့် ဖုတ်ကောင်အရေအတွက်က သူ့ကို အံ့အားသင့်စေသည်။
“ဟုတ်တယ် ငါတို့တွေ ဖုတ်ကောင်တစ်ထောင်နီးပါးကို သတ်ခဲ့တာ ဒါပေမဲ့ အရေအတွက်က မလျော့သွားဘူး အဲ့ဒီအစား ပိုပြီးတိုးလာနေတာ”
သူ့နောက်တွင် ဖုတ်ကောင်များကို သတ်ဖြတ်နေသော ရှင်းဖုန်းက ပြောလာ၏။
“အကြောင်းအရင်းတစ်ခု ရှိရမယ်”
ယွင်ချဲ့က လေဇယားကွက်ပေါ်ရှိ သိပ်သည်းနေသော အစက်ကလေးများကို စစ်ဆေးရန် လက်လျော့လိုက်၏။ သူက ဟေးယွီ၏ ဂုတ်ကို ပုတ်ရန် ခေါင်းငုံ့လိုက်၏။ နောက် ခါးကိုင်းလိုက်၏။
“ဟေးယွီ ဖုတ်ကောင်တွေကို စိတ်ထဲမထားနဲ့ တစ်ပတ်ပတ်ကြရအောင်”
ထိုသို့ လှည့်ပတ်ကြည့်နေစဥ်၌ ထူးဆန်းရသည့် အကြောင်းအရင်းကို ရှာတွေ့နိုင်လိမ့်မည်။
“ရတာပေါ့ ကင်းလှည့်ရတာက ကျုပ်ရဲ့ ဝါသနာပဲ သခင် ကျုပ်က အရမ်းမိုက်ပြီး ဒီနေ့ သိပ်ကို ရက်စက်လွန်းတယ်လို့ မထင်ဘူးလား ကျွန်တော့်ကို ဆုချီးမြင့်ရမယ်နော် ဝမ်ချင်းက ကျွန်တော့်ကို စွမ်းအင်ပါဝါတွေ ထုတ်လုပ်နိုင်တယ်လို့ ပြောတာပဲ စွမ်းအင်မှ ထုတ်လုပ်တဲ့ ဂျုတ်၊ လက်ကိရိယာ ပေးရင်ကော ဘယ်လိုလဲ ဒါဆိုရင် သူတို့ကို စုဆောင်းဖို့အချိန်နဲ့ အားစိုက်ထုတ်မှုကုန်မဲ့အစား ကိုယ့်ဘာသာကိုယ်ထုတ်လို့ရပြီ ဝိုး ကျွန်တော်က တကယ်ကြီး ဉာဏ်ကောင်းတယ် သဘောပေါက်သွားပြီ”
တိုက်ပွဲအပြင်ဘက်သို့ ရောက်သည်နှင့် ဟေးယွီသည် ထို့အတွက် စွမ်းအင်မှ ထုတ်လုပ်ခြင်းကို ရရန် သူ၏သခင်ကို စတင် လှည့်စားတော့သည်။ လွယ်ကူပုံ ပေါ်သော်ငြား အနောက်တောင် ဧရိယာတစ်ခုလုံး၌ ထိုကဲ့သို့ စက်ပစ္စည်းတစ်မျိုးတောင် ရှိမနေချေ။
“တစ်ခါတလေကျ ငါလေး မင်းရဲ့လျှာကို တကယ်ဖြတ်ပစ်ချင်တာ”
တိုက်ပွဲဝင်ပုံစံ ဟေးယွီသည် အစောကထက်တောင် သံသယဖြစ်ဖွယ်မရှိ။ သို့သော် သူဘာမှ လုပ်စရာမရှိသည့် အချိန်၌ စိတ်ပျက်စရာ ကောင်းလှအောင် အမေးထုံးနေတော့သည်။ ထို့အပြင် ယွီဝန်ချင်းက သူ့ကိုထိုအကြောင်း အဘယ်ကြောင့် ပြောခဲ့ရသနည်း။ သူပြောပုံအရ စွမ်းအင်မှ ထုတ်လုပ်သည့် စက်ပစ္စည်းကို ရရန်က လွယ်ကူနေသည်လော။ ကမ်းရိုးတန်းဒေသများသာလျှင် ထိုကဲ့သို့ ပစ္စည်းများရှိ၏။ ထိုသို့ဆိုလျှင် ယွင့်ချဲက သားရဲနတ်ဘုရား ပျော်ရွှင်စေရန် အတွက် ထိုနေရာသို့ အဖွဲ့ကိုဦးဆောင် သွားလိုက်ရမည်လော။ ထို့အပြင် ကမ်းရိုးတန်းဒေသ၌ ဤကဲ့သို့စက်ပစ္စည်းမရှိလျှင် မည်ကဲ့သို့ ပြုလုပ်မည်နည်း။ သူတို့က တစ်ခုရရန်အတွက် နိုင်ငံခြားသို့ သွားရမည်လော။
“ဟီးဟီး”
“သခင်နောက်နေမှန်း ကျွန်တော် သိပါတယ် သခင် ဒီလိုလုပ်ရက်မှာ မဟုတ်ဘူး တစ်ဖက်လှည့်ကြည့်ကြတာပေါ့ လှည့်ကြည့်ကြည့်လေ ကျွန်တော့်လိုမျိုး ပါးနပ်ပြီး မိုက်တဲ့ သားရဲနတ်ဘုရားတစ်ကောင် နောက်ထပ်ရှာတွေ့ပါ့မလား သခင်က ကျွန်တော့်ကို ဒီလောက်ချစ်တာ ကျွန်တော့်လျှာကို ဖြတ်စရာ အကြောင်းမရှိဘူး”
ဟေးယွီသည် ခါတိုင်းကဲ့သို့ပင် တွင်းနက်ထဲ ရောက်သူဖြစ်၏။ ယွင်ချဲ့သည် တုန့်ပြန်မနေဘဲ မျက်နှာထား တင်းလိုက်၏။ သို့သော် ရှင်းဖုန်းကမူ ကပ်သီးကပ်ဖဲ့ ဝင်ပြောလေတော့သည်။ “ဟေးယွီ တတိယဘီးဖြစ်ရတာ မမိုက်ဘူး ငါတို့ ကြားထဲမဝင်နဲ့ ငါတို့တွေက လူသားနဲ့ တိရစ္ဆာန် အဲ့လိုအရာတွေ မလုပ်ဘူး”
“ရှစ် တစ်ခုခု အနံ့ရလိုက်သလိုပဲ ဘယ်အချိန်ကစပြီး ခင်ဗျားတို့နှစ်ယောက် အတူရှိတာလဲ”
ဟေးယွီသည် စိတ်လှုပ်ရှားမှုကြောင့် သူ၏ ခန္ဓာကိုယ်ကို စတင် ရုတ်တရက် လှုပ်ခါလိုက်၏။ ရှင်းဖုန်းနှင့် ယွင်ချဲ့ကမူ နောက်ကျောပေါ်၌ စွန့်အသွားတော့သည်။ သူတို့ ဆက်ဆံရေး သိသာထင်ရှားမှု လုံလောက်ပြီးသားဟု သူတို့ ထင်ခဲ့သည်။ ဟေးယွီက ထိုအကြောင်းအရာကို မည်ကဲ့သို့ မသိသနည်း။
သူတို့က တစ်ပါးသူကို ယုံမှာ သံသယလွန်ကဲနေတာ မဟုတ်ပေ။ ဟေးယွီက အချိန်တိုင်းတွင် မူမမှန် ပြုမူနေပြီး သူက တစ်စုံတစ်ခုကို အကောက်ကျန်နေသည့်ပမာ ဖြစ်နေသည်။ သူတို့က သူမည်သည့်ပုံဆိုတာ သိနေသောကြောင့် တစ်ချိန်လုံး သတိထားနေရသည်။
“ဟေးယွီ မင်း ပါးစပ် ပိတ်ထားနိုင်မလား သူတို့ရှိလာတာ အတော်ကြာပြီ မင်းရဲ့ တုံးအမှုကို ကြော်ငြာနေတာ ရပ်လိုက်လို့ရမလား”
သူတို့က သုတေသန သင်တန်း၏ ပထမအလွှာထဲရှိနေရာ ဟေးယွီက လော်စပီကာဖြစ်ကြောင်း အားလုံး သိကြသည်။ ကျိုးဇယ်ယွီက ထိုအကြောင်းကိုကြားပြီး ဟေးယွီကို ရှုတ်ချလိုက်သည်က သူ၏ခံစားချက်ကို နာကျင်စေ၏။ “ဘာကြောင့်မျာ မသိတဲ့သူက ငါတစ်ယောက်တည်း ဖြစ်နေရတာလဲ သခင် ကျွန်တော့်ကို ထပ်ပြီး သဘောမကျတော့ဘူးလား ဒီလိုကိစ္စကြီးကို ကျွန်တော့်ကို ဘာကြောင့်မပြောပြတာလဲ သခင့်အတွက် မိန်းမလှလေးတွေကို အမြဲရှာပေးနေပြီး သခင်က အခု ဂေးဖြစ်တယ်ဆိုတဲ့အကြောင်း ပြောနေတာလား ဝိုးဟိုး သိပ်ကို နာကျင်လိုက်တာ”
ဟေးယွီ၏အသံက အမှန်တကယ် ဝမ်းနည်းနေပုံပေါ်ကာ စိတ်ထိခိုက်ပုံပေါ်နေ၏။ စွမ်းအားရှင်များအားလုံးက တိုက်ပွဲအတောအတွင်း တစ်ချက်လောက် အနားယူလိုက်ကြပြီး သူတို့အားလုံးက သူတို့ကို လူဆိုးပမာ လှည့်ကြည့်လာကြသည်။
“သခင် ကျွန်တော်ကလည်း ရဲဘော်ရဲဘက်ပါပဲ ဒီလောက်အချိန်အကြာကြီး အတူရှိလာတာ ကျွန်တော်ရဲ့ လူပျိုရည်အကြောင်းကို စိတ်ပူသင့်လား တစ်နေ့ကျရင် သတိမပြုလိုက်မိဘဲ အဲဒါကို ကျွန်တော့်ဆီကနေ ယူသွားမှာလား”
ဘာ ဘာ
အမလေး ထင်ယောင်ထင်မှား အံ့သြစရာပဲ ယွင်ချဲ့၏ နှုတ်ခမ်းထောင့်က ကွေးတက်သွား၏။ “မင်းမှာ လူပျိုရည် ရှိသေးတယ်ဆိုတာ သေချာလား လွန်ခဲ့တဲ နှစ်သန်းပေါင်းများစွာထဲက မင်း ဆုံးရှုံးခဲ့ပြီးပြီဆိုတာ ငါ ပြောရဲတယ်”
“အဓိပ္ပာယ်မရှိတာ ကျွန်တော် အကျင့်သိက္ခာမရှိတော့ပေမဲ့ လူပျိုရည်က ရှိသေးတုန်းပဲ”
ဟေးယွီက အခဲမကျေပုံ ပေါ်နေ၏။ သူ့အဖို့ လူပျိုရည်သည် အကျင့်သိက္ခာထက် ပိုအရေးကြီးသည်။ လူပျိုရည် ဆုံးရျုံးမည့်အစား အသေခံလိုက်မည်။ သို့သော်ငြား စွမ်းအားရှင်များက သူတို့၏ ကိုယ်ကျင့်သိက္ခာမဆုံးရှုံးစေရန်အတွက် သူနှင့် ဝေးသည်ထက်ဝေးဝေးကို ရွေ့သွားကြသည်။
“ငါ အပြစ်ကင်းတဲ့ အကောင်ပေါက်လေး ဖြစ်နေတုန်းက”
“တော်တော့”
ယွင့်ချဲက ဟေးယွီ၏ ပေါက်ပေါက်ဖောက်မှုကို လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ဖျက်ပြောလိုက်၏။ သူနှင့် ရှင်းဖုန်းနှစ်ယောက်လုံးက မူမမှန်သည့် အကြောင်းအရငင်းရင်းမြစ် ရှိရာဆီသို့ ကြည့်လိုက်ကြသည်။