YMR- အခန်း ၁၄၀

အခန်း (၁၄၀)

“ငါတို့ပန်းတိုင်နဲ့ ၂ဘလောက်စာလိုသေးတယ် .. မြေပုံအတိုင်းဆိုရင် အနီးဆုံးလမ်းက မီတာ ၁၀၀၀ နီးနီး ဝေးသေးတယ် .. အဲဒီကျောင်းထဲဝင်ပြီး ဖုတ်ကောင်တွေကို ရှင်းဖို့အတွက် အနည်းဆုံး ၃ နာရီလောက် ကြာလိမ့်မယ်”
နေ့လယ်စောင်း ၃ နာရီဖြစ်နေပြီး ဒဏ်ရာ ရထားသူများကို စောင့်ကြည့်ရန် လိုအပ်သဖြင့် စစ်တပ်က နားနေလျက်ပင်။ ၇ နာရီတွင် မှောင်လာမည် ဖြစ်သောကြောင့် ၄ နာရီတွင် အားပြန်ပြည့်လာပြီး အမြန် ထွက်ခွာရန် လိုအပ်သည်။ မော့ဝမ်းယန် က သူ၏ လက်ထောက်များနှင့် ဆွေးနွေး တိုင်ပင် နေကြသည်။
“ဖြစ်နိုင်ပါ့မလား .. မနက်က မင်းပြောခဲ့တာကို ငါသဘောတူကောင်း တူနိုင်ပေမယ့် ငါတို့မှာ အင်အား ၃၀၀ ပဲကျန်တယ်။ တချို့က ဒဏ်ရာရစစ်သားတွေကို စောင့်ကြည့်ရမှာ ဆိုတော့ ငါ့ကို အဆိုးမြင်သမားလို့ မတွေးလိုက်နဲ့ ငါ့အထင် အင်အား ၂၀၀ပဲ ထွက်လို့ ရနိုင်မယ်… ဒီကနေ မီတာ ၁၀၀၀ အကွာအဝေးက ဘာမှ မပြောပေမယ့် အဲဒီနေရာရဲ့ အထဲမှာ ဘာရှိနေမလဲ ဆိုတာပဲ အရေးကြီးတာ .. ကပ်ဘေး မဖြစ်ခင်က အဲဒီ တစ်ထောင်ကျော်လောက် ရှိခဲ့တဲ့ ဓါတ်ခွဲရုံကြီး ဖြစ်ခဲ့တာ .. လုံခြုံရေးတွေရယ် ကပ်ဘေးဖြစ်ပြီးမှ ရောက်လာတဲ့ ဖုတ်ကောင်တွေ မပါသေးဘူး .. စုစုပေါင်းပြောရရင် ဖုတ်ကောင် အရေအတွက် ၂ ထောင်ကျော်နိုင်ပြီး ငါတို့ထက် ၁၀ ဆတောင်များတယ် အဲဒါကို ၃ နာရီအတွင်း ရှင်းမယ် ? ဖြစ်နိုင်ချေတောင် မရှိလောက်ဘူး”
မော့ဝမ်းယန် သူ၏လက်ထောက် တစ်ယောက်ကို ကြည့်ပြောလိုက်ရာ လှောင်ပြောင်သည်ဟု ထင်ရသော်လည်း သူသေချာတွက်ဆပြီး ပြောဆိုခြင်း ဖြစ်သည်။ ထိုစမ်းသပ်ရုံထဲရှိ အရေအတွက်ကို သူခန့်မှန်း ပြောဆိုခြင်းသာ ဖြစ်ပြီး လက်တွေ့တွင် ထိုထက် ပိုများနိုင်သည်ကို ၃ နာရီမဆိုထားနှင့်၊ ၅ နာရီ ကြာသည်အထိ ပြီးလိမ့်မည် မဟုတ်ပေ။ ညဘက် ရောက်လာလျှင် လူတို့၏ အမြင်အာရုံ အားနည်းလာပြီး ဖုတ်ကောင်များက ပို၍ အားကြီး လာကြသဖြင့် သူတို့အားလုံး သေကြေ ကုန်လိမ့်မည်။ ထိုအချိန်မျိုးတွင် မတော်တဆ အမှား ဖြစ်သွားသည်နှင့် အကုန် ဒုက္ခရောက်ကုန်ပေမည်။
“ကျွန်တော့် အမှားပါ ဗိုလ်ကြီး .. ပေါ့ပေါ့ဆဆနဲ့ ပြောလိုက်မိတယ်”
မော့ဝမ်းယန် စကားကြောင့် သူ၏လက်ထောက် ဗိုလ်မှာ ခေါင်းငုံ့ သွားလေသည်။ ထိုအစည်းအဝေးကို ဗိုလ်ချုပ် ကျန်းလည်း တက်ရောက်ပြီး တစ်ခုခု ပြောရန်ပြင်လိုက်စဉ် သူ၏လက်ထောက် တစ်ယောက်က တားလိုက်သည်။ ဝေ့စစ်တပ် အနေနှင့် များစွာ ဆုံးရှုံးထားရပြီး ဗိုလ်ချုပ် ကျန်း က အဓိက အကြောင်းရာကို သေချာ နားမလည်သဖြင့် သူတို့ကို လူသားဒိုင်းကာအဖြစ် ခိုင်းစေခံရမည့်အစား အသံတိတ် နေသည်က ပို၍ ကောင်းပေလိမ့်မည်။
“ငါတို့အားလုံး ပင်ပန်းနေတာ ဒီညတော့ ဒီမှာပဲနားတာပေါ့ .. မနက်ဖြန်မနက်မှ ခရီးဆက်ကြမယ်”
မော့ဝမ်းယန် ဆုံးဖြတ်ချက် ချပြီးနောက် မတ်တပ်ရပ်ကာ ယွင်ချဲ့နှင့် အဖွဲ့သားတို့ထံသို့ ထွက်လာခဲ့သည်။ဟေးယွီ ကိုယ်ပေါ်တွင် တစ်နာရီကြာအောင် လဲအိပ်ပြီးသည်နှင့် ယွင်ချဲ့ အားအင်များ ပြန်လည် ပြည့်တင်းလာခဲ့သည်။ တစ်စုံတစ်ယောက် အနားသို့ လမ်းလျှောက်လာနေသည်ကို ခံစားလိုက်ရသည်နှင့် ယွင်ချဲ့ မျက်လုံး ဖွင့်ကြည့်လိုက်ရာ ရှင်းဖုန်းက အလိုက်တသိဖြင့် ဆေးလိပ်ကို မီးညှိကာ ယွင်ချဲ့ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
“ဒီတော့ ဆုံးဖြတ်ချက် ချပြီးပြီလား”
“အင်း ငါတို့ မနက်ဖြန် မနက်ထွက်မယ် .. မနက်ဖြန်ဆိုရင် အကုန်လုံးလည်း အားတွေပြည့်နေမှာဆိုတော့ အထဲဝင်ပြီး လုပ်စရာရှိတာ အမြန်လုပ်ပြီးရင် ဒီကနေ ထွက်ကြမယ် .. မြို့ပတ်လမ်းထဲ ရောက်ရင် ငါတို့ စစ်ဆင်ရေး ပြီးပြီလို့ ယူဆနိုင်တယ်”
မော့ဝမ်းယန်က ရှင်းဖုန်း ဘေးမှ ခုံတွင်ထိုင်ကာ မျက်နှာပျက် နေလေသည်။ ထိုစစ်ဆင်ရေးမှာ အလွန် အန္တရာယ်များသည်ကို သိသဖြင့် သေချာ ပြင်ဆင်ခဲ့သော်လည်း သေမင်းတံခါးဝသို့ရောက်ခဲ့သည့် အချိန်များတွင် ဆုံးရှုံးမှုများ အတွက် အလွန် စိတ်မကောင်း ဖြစ်ရသည်။ ကျဆုံး သွားသူများမှာ စခန်း၏ လုံခြုံရေးနှင့် ခိုင်မြဲရေးတို့အတွက် အားထား နေရသော စွမ်းအားရှိ စစ်သားများ ဖြစ်နေသောကြောင့် မည်သူမှ မသေခဲ့လျှင် ကောင်းမည်ဟု ဆုတောင်းခဲ့သည်။
“ရွေးချယ်တာ မှန်သွားပြီ .. အားလုံး ကန့်ကွက်တဲ့ကြားက ဆက်သွားနေမယ် ဆိုရင် ဒီကနေ ကျွန်တော် ထွက်သွားမှာ”
အကယ်၍ ရှင်းဖုန်းက စစ်သား တစ်ယောက်ဖြစ်ပြီး လက်အောက် ငယ်သားများ၏ အသက်ကို တန်ဖိုးမထားသော ခေါင်းဆောင် လက်အောက်တွင် ရှိနေလျှင် ထိုခေါင်းဆောင် အမိန့်ကို နာခံမည် မဟုတ်ပေ။ ၏
“ရမယ်မထင်နဲ့”
ရှင်းဖုန်းကို ဘေးတစောင်း ကြည့်လျက် မော့ဝမ်းယန်က ရင်ဘတ်ကို အသာထိုးလိုက်ပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးပြလိုက်သည်။ သူတို့နှစ်ဦးမှာ အသက်အရွယ်တူ ညီအစ်ကို ဝမ်းကွဲများ ဖြစ်ကြပြီး လပိုင်းသာ ကွာခြားကြသည့်အပြင် အတူတကွ ကြီးပြင်းလာကာ စစ်တပ်ထဲကိုလည်း အတူ ဝင်ခဲ့ကြသည်။ တစ်ခုတည်းသော ကွာခြားချက်က မော့ဝမ်းယန်မှာ အလွန် ပျော်ရွှင်တက်ကြွသော လူငယ်တစ်ယောက် ဖြစ်ခဲ့ပြီး သူသဘောကျ သူများအပေါ် နွေးထွေးတတ်ပြီး သူမနှစ်သက်သူဆိုပါက လှည့်ပင် မကြည့်ပေ။ သူ၏စိတ်နှလုံးကို အပြည့်အဝ ဖွင့်ပေးခဲ့သူ သေဆုံး သွားပြီးနောက် သူတို့ညီအစ်ကို နှစ်ဦးမှာလည်း တကွဲတပြား ဖြစ်သွားခဲ့သည်။ ရှင်းဖုန်းနှင့် သူ၏နောက်လိုက်များက စစ်တပ်မှ ထွက်ခွာကာ အခြားနယ်ပယ် တစ်ခုသို့ ကူးပြောင်းသွားပြီး မော့ဝမ်းယန်က အနောက်တောင်စခန်းသို့ ပြောင်းရွေ့ခွင့် တင်ခဲ့သည်။ သို့သော်လည်း ထိုညီအစ်ကို နှစ်ယောက်မှာ တစ်ယောက်အကြောင်း တစ်ယောက်သေချာ သိထားကြပြီး သူတို့၏ ဆက်ဆံရေးမှာလည်း အလွန် ခိုင်မြဲလှသည်။
“စမ်းသပ်ရုံထဲက ဖုတ်ကောင်တွေကို ရှင်းနဲ့ ကျွန်တော် ထောက်လှမ်း ကြည့်မယ်”
ယွင်ချဲ့က မျိုးစေ့များနှင့် သုတေသန ပစ္စည်းများကို သူ၏နယ်မြေထဲသို့ မထည့်လိုပေ။ မဟုတ်လျှင် သူ့နယ်မြေ၏ အကျယ်အဝန်းကို မေးမြန်းကြပေလိမ့်မည်။
“မင်းလုပ်ချင်ရင်တော့ ပိုကောင်းတာပေါ့”
မှော်ဆန်လွန်းသော လျှို့ဝှက်နယ်မြေ စွမ်းအား အကြောင်းကို မော့ဝမ်းယန် သိထားသဖြင့် မငြင်းဆန်တော့ပေ။ ထို့နောက် နာကျင်စွာ ဒဏ်ရာရထားသော စစ်သားများကို ကြည့်လိုက်ရာ သူ၏အကြည့်ထဲတွင် စိတ်မကောင်းခြင်းနှင့် ဝမ်းနည်းခြင်းများ ပြည့်နှက် လာသည်။
“သူတို့တွေ ဖုတ်ကောင် မဖြစ်သွားဖို့ မျှော်လင့်တယ် .. ငါ့လူတွေကို ငါ့လက်နဲ့ ပြန်သတ်ရတာ မုန်းလာပြီ”
ထိုအကြောင်းထက် မည်သူကမှ ပို၍ မခံပြင်းနိုင်ကြပေ။ အကယ်၍ သူတို့ပြောင်းလဲ သွားခဲ့လျှင် မော့ဝမ်းယန် အနေနှင့် မဖြစ်မနေ လုပ်ရပေတော့မည်။ စွမ်းအားရှိပြီး သူများက ဖုတ်ကောင်ဖြစ်သွားလျှင် သာမန် ဖုတ်ကောင်များထက် ပို၍ စွမ်းအား ကြီးပေသည်။
“စိတ်မပူပါနဲ့ .. သူတို့ မပြောင်းဘူး”
ဆေးလိပ် သောက်ပြီးနောက် ယွင်ချဲ့ ပို၍ ကောင်းမွန် လာသကဲ့သို့ ခံစားရပြီး ထရပ်ကာ အကြော ဆန့်လိုက်သည်။
“မင်းက သေချာနေတာပဲ”
ယွင်ချဲ့၏ အခိုင်အမာ ပြောဆိုချက်မှာ မဖြစ်နိုင်သကဲ့သို့ ဖြစ်နိုင်ကြောင်းကိုလည်း မော့ဝမ်းယန် ခံစား မိလိုက်သဖြင့် ပြက်လုံးတစ်ခု အဖြစ်သာ မှတ်ယူ လိုက်သော်လည်း ရှင်းဖုန်းက ပြုံးရုံသာ ပြုံးလိုက်သည်။ ယွင်ချဲ့၏ ထူးခြားသော လျှို့ဝှက်ချက် အချို့ကို ရှင်းဖုန်း သိထားသည်။ သူတို့ကို ယွင်ချဲ့ တိုက်သောရေမှာ သာမန်ရေ မဟုတ်သဖြင့် ဖုတ်ကောင် မဖြစ်ခင်ကကြိုသောက်ထားလျှင် သူတို့ ပြောင်းလဲ သွားလိမ့်မည် မဟုတ်ပေ။
“ယုံချင်ယုံ မယုံချင်နေ .. သူတို့မပြောင်းဘူး”
မော့ဝမ်းယန်နှင့် မငြင်းဆန် လိုတော့သဖြင့် ယွင်ချဲ့ တစ်ဖက်လှည့်ကာ ဟေးယွီ ခေါင်းကို ပုတ်လိုက်ပြီး …
“ဘယ်လိုနေသေးလဲ .. ပင်ပန်းနေတုန်းလား”
ဟေးယွီ သည်လည်း ယွင်ချဲ့ ထက်မနည်း ပင်ပန်းခဲ့ရသည်။ မနက်ပိုင်းက ယွင်ချဲ့သည် အဆင့် ၃ ဖုတ်ကောင် များစွာ သုတ်သင်ခဲ့သော်လည်း အချို့တစ်ဝက်မှာ ဟေးယွီ အကူအညီကြောင့် သူလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ယခုကေတီဗွီကို ရှင်းလင်းခဲ့စဉ်ကလည်း သူ၏စွမ်းအား များစွာကို အသုံးပြုခဲ့ရသဖြင့် ဟေးယွီ လှုပ်ရှားလိုစိတ် မရှိတော့သည့်အပြင် ယွင်ချဲ့ကျွေးသော ချော့ကလက် ချောင်းမှာလည်း ပုံမှန်ထက် အရသာမရှိ ဖြစ်နေခဲ့သည်။ ဝံပုလွေ ခေါင်းဆောင်မှာလည်း အလျှင်း မပျောက်သေးသဖြင့် အနားယူနေရပြီး သူတို့၏ အကူအညီ မပါလျှင် ထိုစစ်ဆင်ရေးကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
“အင်း”
ဟေးယွီ ဆော့ကစား စနောက် ပြောဆိုခြင်း မရှိတော့ဘဲ မျက်လုံးဖွင့်ရုံသာ ဖွင့်ကာ ညည်းနေလေသည်။ စွမ်းအားရှင်များနှင့် မတူသည်က ဟေးယွီမှာ စွမ်းအား ဖြည့်ရန်အတွက် အမြုတေများကို စုပ်ယူခြင်းထက် သူ၏သားရဲဝိညာဉ်များကို စုပ်ယူစားသုံးရန် လိုအပ်ပေသည်။
“ခဏသည်းခံထားဦး .. ပြီးမှ လမ်းအတူ သွားလျှောက်ကြမယ်”
ယွင်ချဲ့နှင့် ရင်းနှီးသူများက ယွင်ချဲ့ ပြောသည့် လမ်းလျှောက်မည် ဟူသော စကားမှာ ဟေးယွီကို နယ်မြေထဲသို့ ပြန်ပို့မည်ဟု ဆိုလိုကြောင်း သိလိုက်ကြသည်။
“စောင့်နေတာကြာပြီ”
မျက်စိတစ်မှိတ် အတွင်း ဟေးယွီမှာ ခွေးပေါက်လေး အရွယ်ဖြစ်သွားပြီး ယွင်ချဲ့ ကောက်ချီကာ ပခုံးပေါ်တင်လျက် ရှင်းဖုန်းကို ခေါင်းညိတ် ပြပြီးနောက် အပေါ်ထပ်သို့ တက်သွားလေသည်။
“သူတို့ ထွက်သွားပြီလား .. ခေါင်းဆောင်ဖြစ်တဲ့ ငါ့ကို နည်းနည်းတောင် မလေးစားကြဘူးလား”
မော့ဝမ်းယန် ညည်းတွား လိုက်သော်လည်း စိတ်တိုနေခြင်းကြောင့် မဟုတ်ပေ။
“ဗိုလ်ချုပ် မော့ .. ကျွန်တော်စကား ပြောလို့ရမလား”
မော့ဝမ်းယန် အနား ကျိုးဇယ်ယွီ ရောက်လာပြီး ပခုံးပေါ် လက်တင်လျက် နားအနား ကပ်ကာ …
“ကျွန်တော်တို့တွေ ဗိုလ်ချုပ် ကျန်း ကို ဘယ်လို ဖြေရှင်းမယ်ဆိုတဲ့ နည်းလမ်း ရှာကြမလား”
ယွင်ချဲ့က ထိုသူနှင့် စကားမပြော ချင်သော်လည်း အဖွဲ့သားများက ငြိမ်သက်စွာနေကြရမည်ဟု မဆိုလိုပေ။
“ကျွန်တော်တို့ ခေါင်းဆောင်ကို ဒီလိုပြောပြီး လွှတ်မယ် ထင်နေလား .. သူတန်ကြေးပြန်ပေးရမယ် မဟုတ်ရင် ကျွန်တော်တို့ မပျော်နိုင်ဘူး”
“အဲဒါ ယွင်ချဲ့ ဖြစ်စေချင်တာလား”
မော့ဝမ်းယန် ခေါင်းကိုလှည့်ကာ အသံတိုးတိုးနှင့် မေးလိုက်သည်။ အကယ်၍ ယွင်ချဲ့သာ ထိုကဲ့သို့ ဖြစ်စေချင်သည် ဆိုလျှင် မော့ဝမ်းယန် မည်သည့် နည်းလမ်းကိုမဆို အသုံးပြုမည် ဖြစ်သည်။
“ဟုတ်တယ် ဒါပေမယ့် ဗိုလ်ချုပ် ချန် သေထားတော့ သူ့ကို သတိပေး ထားသလိုဖြစ်နေပြီ .. ဒီရက်ပိုင်းတွေမှာ သူရဲ့လက်ထောက်တွေနဲ့ပဲ အတူတူ ရှိနေတာ သတိထားမိလား … ဒီအတိုင်း လုပ်ဖို့က မလွယ်လောက်ဘူး”
မော့ဝမ်းယန် တွေးကာ ညည်းလိုက်ပြီးနောက် အခြားလူများ ကြားသွားမည် စိုးသဖြင့် ပါးစပ်ကို အမြန် ပိတ်လိုက်သည်။
“စိတ်မပူပါနဲ့ ကျွန်တော်တို့မှာ နည်းလမ်းရှိတယ်”
ကျိုးဇယ်ယွီ ကတိပေးလိုက်ပုံက အလွန်ပင် အမြင်ကတ်စရာ ကောင်းလှသည်။
“မင်းတို့တွေ လူတစ်ယောက်ကို စိတ်တိုအောင် ဘယ်လိုလုပ်မယ်ဆိုတာ ယွင်ချဲ့ ဆီက သင်ထားကြတာပဲ”
မော့ဝမ်းယန် မတ်တပ်ရပ်ကာ ကျိုးဇယ်ယွီကို စိုက်ကြည့်လိုက်ပြီး ထွက်သွားလေသည်။
“လာကြ .. ငါတို့ ဘယ်လိုလုပ်မယ် ဆိုတာ တိုင်ပင်ကြရအောင်”
မော့ဝမ်းယန် စကားကို ကျိုးဇယ်ယွီ ဂရုမစိုက်ဘဲ မော့ဝမ်းယန် ထွက်သွားပြီးနောက် အဖွဲ့သားများကို စုကာ သူတို့၏ ခေါင်းဆောင်အတွက် မည်သို့ လက်စားချေမည်ကို ဆွေးနွေးကြလေသည်။
***
အခန်း ၁၄၀(၂) ကင်းထောက်စုံတွဲ။ ကိစ္စတွေက တောင်အရပ်ကိုသွား။
အခန်း ၁၄၀(၂) ကင်းထောက်စုံတွဲ။ ကိစ္စတွေက တောင်အရပ်ကိုသွား။
ကေတီဗီက သုံးထပ်တိုက် အဆောက်အဦးတစ်ခု ဖြစ်သည်။ ယင်း၌ ပန်းပင်နှင့် သစ်ပင်များ စိုက်ပျိုးထားသည့် တစ်ဝက်ပွင့်ပုံစံ ခေါင်မိုးထပ် ရှိသည်။ သို့သော် အပင်အားလုံး သေဆုံးကုန်ပြီဖြစ်၏။ သူတို့ ထိပ်ဆုံးအလွှာသို့ ရောက်ပြီးနောက် ယွင်ချဲ့သည့် ဟေးယွီကို စွမ်းအင်နယ်မြေထဲသို့ ပစ်ထည့်လိုက်သည်။ ပြီးနောက် သူက ထိပ်ဆုံးအလွှာ ဝရံတာကနေ အောက်ကို ငုံ့ကြည့်လိုက်ရာ ဤမနက်ခင်းရှိ တူညီသော မြင်ကွင်းကို ထပ်တွေ့ရ၏။ သက်ရှိများ၏ အနံ့အသက်က အဆောက်အဦးဆီသို့ အနီးအနားရှိ ဖုတ်ကောင်များအားလုံးကို ဆွဲခေါ်နေသည်။ ဖုတ်ကောင်များအားလုံးက လမ်းပေါ်၌ စုဝေးလာ၏။ ကံကောင်းသည်မှာ သူတို့က ဘာဂျာတံခါးများကို အားဖြည့်ပေးရန် ရွှေစွမ်းအားရှင်များစွာ ရှိထား၏။ မဟုတ်လျှင် အဆောက်အဦးက ပြိုလဲနေမှာပဲ ဖြစ်သည်။
“အဲဒီကို လေကြောင်းနဲ့ ဆင်းမလို့လား”
နှစ်ယောက်စာ တွဲလှည်းစီးစွန်၏ အစိတ်အပိုင်းများကို စွမ်းအားနယ်မြေထဲကနေ ယွင်ချဲ့ထုတ်လိုက်တာကို မြင်တွေ့သည့် အချိန်၌ ရှင်းဖုန်းမေးလိုက်၏။ ပြီးနောက် သူက အစိတ်အပိုင်းများကို ယူကာ တွဲလှည်းစီးစွန်ကို ကျင်လည်စွာ စတင်တပ်ဆင်တော့၏။
“ဟုတ်တယ် ကျွန်တော့်ရဲ့လေစွမ်းအင် လုပ်ဆောင်ချက် အဆင့်က ကျွန်တော့်ဘာသာ ပျံသန်းနိုင်အောင်ပဲ လုပ်ပေးနိုင်မှာ နှစ်ယောက်လုံးကို ထိန်းထားနိုင်ဖို့ဆိုရင် စွန့်စားရာ ရောက်လွန်းတယ်။ တွဲလှည်းစီစွန်ကို သုံးတာက ပိုစိတ်ချရတယ်”
ကျွမ်းကျင်သူက လှုပ်ရှားနေသောကြောင့် ယွင်ချဲ့ကလည်း ဝင်မရှုပ်ရန် ရွေးချယ်လိုက်၏။ သူက ဘေးထွက်ရပ်နေကာ တောက်ပသော မျက်နှာဖြင့် ရှင်းဖုန်း အလုပ်လုပ်နေတာကို ကြည့်နေ၏။ အဆင့်မြင့်လေလုပ်ဆောင်ချက်က လူများကို အနားတစ်ဝိုက် ပျံသန်းအောင် လုပ်ပေးနိုင်ရုံသာမက မြင့်မားသည့် တိုက်ခိုက်ရေးစွမ်းအားလည်း ရှိသည်။ သို့သော် လက်ရှိတွင်မူ ယင်းက ယွင်ချဲ့အတွက် ထောက်ပံ့ပေးသည့် လုပ်ဆောင်ချက်တစ်ခုသာ ရှိသည်။
“မင်း အားလုံး စုဆောင်းထားတာပဲ ဘာကြောင့်များ လေယာဉ်တစ်စင်း ထုတ်မလာတာလဲ”
တွဲလှည်စီးစွန်ကို တပ်ဆင်နေစဉ် ရှင်းဖုန်းက ယွင်ချဲ့ကို စနောက်နေ၏။ ယွင်ချဲ့က သူ၏ စွမ်းအားနယ်မြေ မည်မျှ ကြီးမားကြောင်း ရှင်းဖုန်းကို တစ်ခါမှ မပြောပြဖူးသော်ငြား ယင်းက အင်မတန် ကြီးမားတာ ဖြစ်ရမည်။ သူတို့လိုအပ်ချိန်၌ ယွင်ချဲ့က ထောက်ပံ့ပေးမည်။ သို့သော် ရှင်းဖုန်းက သူ၏ စွမ်းအားနယ်မြေသည် အကန့်အသတ်မရှိသည့်ပမာ မည်သည့်အရာကိုမဆို ထုတ်လာတာကို မမြင်ရပေ။
“လေယာဉ်တစ်စင်းလား မဟုတ်ဘူး ကျွန်တော်က လူချမ်းသာတစ်ယောက် မဟုတ်သလို ခင်ဗျားလိုမျိုး အဆင့်မြင့်အရာရှိတစ်ယောက်လည်း မဟုတ်ဘူး အခြေခံ လိုအပ်ချက်တွေနဲ့ဆို ကျွန်တော်ပျော်နေပြီးပြီ ဒါ့အပြင် လေယာဉ်တို့ တင့်ကားတို့ ကျည်ကာကားတို့ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်နေရာကနေ ရမှာလဲ။ ဒါပေမဲ့ ကမ္ဘာပျက်ကပ် မတိုင်ခင်မှာ လိုအပ်တာတွေ စုဆောင်းဖို့ ပိုက်ဆံချေးခဲ့ရတာ စုစုပေါင်း နှစ်သိန်းလောက် ရလာခဲ့တယ်။ ပြီးတော့ ပိုက်ဆံကုန်သွားတဲ့အချိန် ချွမ်းမြို့ရဲ့မြောက်ပိုင်းက အကြီးဆုံးသိုလှောင်ရုံဆီကို ကျွန်တော်က မွေနှောက်ရှာဖွေရုံပဲလေ”
ယွင်ချဲ့က ထိုစဉ်က သူ လုပ်ခဲ့သည်များကို တွေးမိသောအခါ သူ့ကိုယ်သူ ရယ်ဖွယ်ကောင်းသည်ဟုတောင် တွေးလိုက်မိသည်။ ထိုစဉ်က သူသည် လိုအပ်သမျှ သုံးစွဲပြီး လိုအပ်သည်များကို စုဆောင်းချင်၏။ သို့မှသာ သူ့မိသားစုက ကမ္ဘာပျက်ကပ်အတွင်း ဒုက္ခမခံစားရတော့မှာပဲ ဖြစ်သည်။ ယခုမူ သူ ပစ္စည်းမည်မျှ ထည့်စေကာမူ ယင်းက မလုံလောက်နိုင်မှန်း သိသွား၏။ ဥပမာအနေဖြင့် သူ့၌ ဂျက်လေယာဉ်တစ်စင်း သို့မဟုတ် တစ်စုံတစ်ခု ရှိနေခဲ့လျှင် ပိုကောင်းပေလိမ့်မည်။ သို့သော် လက်တွေ့က သူ့တွင် မရှိပေ။
“ဒီတော့ အဲဒီသိုလှောင်ရုံကို အပြောင်ရှင်းခဲ့တာ မင်းပဲ..”
“ခင်ဗျား အဲဒီအကြောင်း သိတယ်လား..”
ယွင်ချဲ့က အံ့ဩသွားလေ၏။ ရှင်းဖုန်းက ခေါင်းခါကာ ပြောလိုက်တော့သည်။
“ကမ္ဘာပျက်ရက် မတိုင်ခင် ချွမ်းမြို့ထဲမှာ ငါ ဘာလုပ်နေတယ်လို့ မင်းထင်လဲ။ ချွမ်းမြို့ရဲ့ မြောက်ပိုင်းက သိုလှောင်ရုံ အများစုကို ချောင်ယန်းက ပိုင်တာလေ။ ကိုယ်သတင်းရတာနဲ့ အဲဒီကို အမြန်သွားပြီး ပစ္စည်းတွေအားလုံးကို အခြေစိုက်စခန်းဆီ ရွေ့ပစ်ခဲ့တာ အဲဒီတုန်းက ရုပ်လုံးပေါ်တုန်းပဲ”
သူတို့ ဇာတ်လမ်းကြောင်းသည် ထိုအချိန်မှ စတင်ခဲ့၏။ နှစ်ယောက်လုံးက ယင်းကို သတိမပြုမိခဲ့ပေ။
“ဒီတော့ စစ်တပ်က ကမ္ဘာပျက်ရက် လာနေပြီဆိုတာ မသိတာလား”
ယွင်ချဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် အစတည်းက သံသယအချို့ ရှိခဲ့တာ ဖြစ်ပြီး နောက်ပိုင်းတွင် သူက အာဏာပိုင်များသည် အများပြည်သူကို အမှန်တရား ဖုံးကွယ်ထားသည့် သက်သေကို စုံစမ်းခဲ့မိ၏။ သို့သော် ယခုအချိန်အထိ သက်သေမပြနိုင်ပေ။ ရှင်းဖုန်းက စကားများက အတည်ပြုချက်တစ်ခု အနေဖြင့် အတော်လေး တွေးနိုင်၏။
“ဟုတ်တယ် ကမ္ဘာပျက်ကပ်က တစ်နိုင်ငံလုံး နှင်းမုန်တိုင်းကျတာကြောင့် စဖြစ်တာပဲ ဒါပေမဲ့ လူလက်တစ်ဆုပ်စာလောက်ပဲ အဲဒီအကြောင်းကို မှတ်မိကြတာ နှင်းမုန်တိုင်း မတိုင်ခင်မှာ နိုင်ငံတစ်လျှောက် နှင်းတွေ ကျလာခဲ့တာ ကူးစက်မှုအကြောင်းကို သတင်းက ပို့ပြီးသား ဒါပေမဲ့ စစ်တပ်ကော အစိုးရကောက ဘာမှန်းသေချာမသိသလို သူတို့က မလိုလားအပ်တဲ့ အကြောက်တရားတွေကို ရှောင်ရှားဖို့ ကိစ္စတွေကို မကြေညာခဲ့ဘူး။ သူတို့က ဆေးရုံနဲ့ သိပ္ပံပညာရှင်တွေကိုပဲ အရေးကိစ္စကို ရှာဖွေဖို့ တိတ်တဆိတ် မှာကြားထားတာ ငါတို့ တရုတ်တွေက အမြဲတမ်း ကြိုတင်သတိထားတယ်။ စစ်တပ်နဲ့ အစိုးရကလည်း အခြေခံပြင်ဆင်မှုတွေ ပြုလုပ်ဖို့အတွက် အတူပူးပေါင်းပြီးသား ဒါပေမဲ့ ကမ္ဘာပျက်ကပ်က ကိုယ်တို့ဆီကို မြန်မြန်ဆန်ဆန်နဲ့ ပြင်းပြင်းထန်ထန် ရောက်ချလာတာ တစ်နိုင်ငံလုံးက တပ်ဖွဲ့တွေ အားလုံးက ဒီအခြေစိုက်စခန်းတွေကို တည်ဆောက်ဖို့အတွက် အခက်အခဲတွေ တော်တော်များများ ဖြတ်ကျော်ခဲ့ရတယ်။ မင်းသိတဲ့အတိုင်း အနောက်တောင်ဘက်က အခြေစိုက်စခန်းတွေ ကြားထဲမှာ အတော်လေး သင့်တော်တယ်လေ”
ရှင်းဖုန်းက ယွင်ချဲ့ကို ဘာဆိုဘာမှ မကွယ်ဝှက်ထားပေ။ ချောင်ယန်းက ကမ္ဘာပျက်ကပ်မတိုင်မီ၌ လုံလောက်အောင် ပြင်ဆင်မှု မပြုလုပ်ခဲ့လျှင် သူတို့ ယခုကဲ့သို့ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်မှာ မဟုတ်ပေ။ ကမ္ဘာပျက်ကပ် မတိုင်မီ ရှင်းဖုန်း၏စွမ်းအင်နှင့် ချူဟောင်လင်းတို့၏ စွမ်းရည်က နိုးထပြီးဖြစ်သည်။ နှစ်ယောက်လုံးက ဧရိယာများစွာကို အကြိမ်ပေါင်းများစွာ ခရီးနှင်ပြီး သူတို့၏ ပစ္စည်းများကို တည်နေရာရှာဖွေခဲ့၏။ ကမ္ဘာပျက်ကပ် မတိုင်မီ နောက်ဆုံးနေ့၌ ရှင်းဖုန်းက ကုန်ရထားရရန်အတွက် အဆက်အသွယ်များတောင် အသုံးပြုခဲ့ပြီး လင်းချန်မြို့ဆီသို့ တန်းမောင်းသွားခဲ့သည်။ ရထားပေါ်၌ သူ၏ အသုံးအဆောင်များ တစ်ဝက်နီးပါးကို ချောင်ယန်းအဖွဲ့အစည်းအတွက် အလဲအလှယ်အနေဖြင့် လှူဒါန်းပေးခဲ့ပြီး ကျန်တစ်ဝက်ကို ခွဲဝေကာ သူ့အိမ်တော်၏ မြေအောက်စခန်း၌ သိုလှောင်ထားခဲ့၏။
“အာဏာပိုင်တွေက ပါးနပ်တယ်ဆိုတာ ကျွန်တော်သိတယ် သူတို့တွေက ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ အများပြည်သူကို မပြောဘဲ ပြင်ဆင်မှုတွေ လုပ်ခဲ့တာ”
ယွင်ချဲ့က အာဏာပိုင်များတွင် သူတို့ကိုယ်ပိုင် ပူပန်မှုရှိမည်မှန်း နားလည်၏။ ထိုစဉ်က မည်သည့်အရာကိုမှ အတည်မပြုနိုင်ပေ။ ထို့ကြောင့် သူတို့ ဘာမှမကြေညာမှာ သေချာ၏။ ထိုသို့တိုင် ယွင်ချဲ့သည် သူက ကြိုတင်သိရှိထားသောကြောင့်သာလျှင် သူ၏ အစ်မနှင့် ညီလေးကို သူနှင့် မြန်မြန်ဆန်ဆန် နေရန် တောင်းဆိုခဲ့ပြီး ချန်က ဤကဲ့သို့ အဆုံးမသတ်သွားသင့်သောကြောင့် ယွင်ချဲ့က အငြှိုးအတေး ရှိနေသေးဆဲ ဖြစ်၏။
“ပြီးသွားပြီ”
ရှင်းဖုန်းက ယွင်ချဲ့ပြောတာကို မတုံ့ပြန်ခဲ့ပေ။ သူသည်လည်း ၎င်း၏တစ်စိတ်တစ်ပိုင်း ဖြစ်နေ၏။ တွဲလှည်စီးစွန်ကို တပ်ဆင်ပြီးသွားပြီဖြစ်ကာ သူတို့က အကြောင်းအရာကို ဆက်မပြောကြတော့ပေ။
“လာ.. ကိစ္စတွေ အများကြီး ဖြစ်လာနိုင်တော့ စုဆောင်းဖို့ အနားတစ်ဝိုက် လေဟုန်စီးလိုက်ရအောင်.. ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာတစ်ဝိုက် ပေါ်လာမှာပဲ နောက်လာမဲ့ အပတ်တွေကျ ခရိုင်မြို့တော်လိုမျိုး အဆိုးဆုံးနေရာတွေဆီ ဘယ်သူမှ လာတော့မှာ မဟုတ်ဘူး”
ယွင်ချဲ့ကလည်း လှုပ်ရှားလိုက်၏။ သူတို့က သူတို့လက်ထဲရှိ တွဲလှည်စီးစွန်၏ ထိန်းချုပ်သည့် ဘားတန်းပေါ် ရပ်နေလေ၏။ ရှင်းဖုန်းက မောင်းနှင်ရန်အတွက် တာဝန်ယူထားသည်။ သူတို့အောက်သို့ ကျသွားချိန် ယွင်ချဲ့က ရွက်လွှင့်ရန်အတွက် လေလုပ်ဆောင်ချက်ကို ထိန်းချုပ်လိုက်သည်။ တွဲလှည်စီးသည့်နေရာက ဖုတ်ကောင်များကို လွှမ်းသွား၏။
ဂရား..
ဖုတ်ကောင်များက အော်ဟစ်လျက် သူတို့လက်များကို ဆန့်တန်းလိုက်ကြသော်ငြား ဘာကိုမှ မဖမ်းဆုပ်မိပေ။ သို့သော် သူတို့ခေါင်းအထက်ရှိလေက သက်ရှိအနံ့ကို ရသည့်အချိန်၌ သူတို့က ခေါင်းမော့လိုက်ကြသည်။ သူတို့က အဆင့်သုံးဖုတ်ကောင်များ ဖြစ်နေသောကြောင့် ယွင်ချဲ့သည် သူတို့နားတစ်ဝိုက်၌ လေ၏ထပ်တိုးအလွှာတစ်လွှာဖြင့် ရစ်ပတ်ထားလိုက်သည်။ ရုတ်တရက် အနံ့များမရှိတော့ပေ။ ဖုတ်ကောင်များကလည်း အရိုင်းဆန်တာ ရပ်တန့်သွားခဲ့၏။ သို့သော် လူစုကွဲသွားရမည့်အစား သူတို့က ကေတီဗီဘက်ဆီသို့ ဦးတည်သွားကြသည်။ သူတို့က စူးရှစွာ အော်လိုက်၏။
သူတို့က ဖုတ်ကောင်များ စုဝေးမှု အများဆုံး ဧရိယာကို ကျော်ဖြတ်လာပြီးနောက် ရှင်းဖုန်းသည် ဆင်းသက်ရန်အတွက် ရှင်းလင်းသည့် နေရာတစ်ခုကို ရှာတွေ့သွား၏။ တွဲလှည်စီးစွန်၏ အမြီးက မြေပြင်နှင့် ခြစ်မိသွားသည့် အချိန်တွင် စူးရှသည့်အသံတစ်သံ ပေါ်ထွက်လာသည်။ ရှင်းဖုန်း ဆင်းသက်ပြီး မကြာမီ၌ သူက စွမ်းအားနယ်မြေထဲသို့ တွဲလှည်စီးစွန်ကို ထည့်လိုက်သည်။ ယွင်ချဲ့က လျှပ်စစ်စကူတာကို ထုတ်လိုက်၏။ အတွင်းတွင် လေအလွှာဖြင့် နှစ်ယောက်သားက အဟန့်အတားမရှိ အရှိန်ပြင်းပြင်းဖြင့် သုတေသန အဆောက်အဦးဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
“ဒီမှာ အိပ်ရာလီနင်ဆိုင် ကိုယ်တို့ အပြန်ကျရင် အားလုံး ယူသွားလို့ ရတယ်.. ဖြစ်ချင်တော့ ဒါတွေကို လိုနေတာ”
ယွင်ချဲ့သည် နောက်ခုံကနေ လမ်းတစ်လျှောက် ဆိုင်များကို မျက်စိကျနေ၏။ သူတို့က ဒုတိယကွင်း မြို့ထဲပိုင်းသို့ ဝင်သွား၏။ သူတို့နားတစ်ဝိုက်၌ ဆိုင်မျိုးစုံ ရှိပြီး ဈေးဆိုင်တိုင်း၌ ဖုတ်ကောင်များ ရှိနေသည်။ သို့သော် သူတို့က အထောက်အပံ့ ပစ္စည်းများအတွက် မရပ်တန့်ပေ။ ဆိုရလျှင် သူတို့က လက်ရှိတွင် ကင်းထောက်နေတာ ဖြစ်ပြီး အထောက်အပံ့ ပစ္စည်းများ စုဆောင်းခြင်းက အရံတာဝန်ဖြစ်သည်။
“ဟုတ်တယ်.. ပြီးမှ ဆိုင်တွေ တစ်ခုပြီးတစ်ခု ရှင်းပစ်မယ်”
“လုံခြုံဘေးကင်းတာက ပိုကောင်းတယ် ဒါပေမဲ့ မင်းရဲ့စွမ်းအားနယ်မြေက ဒီလောက်များတဲ့ ပစ္စည်းတွေအတွက် ကြီးလို့လား”
“အဲဒီအကြောင်းကို စိတ်မပူနဲ့ ကျွန်တော့်ရဲ့ စွမ်းအားနယ်မြေကချဲ့လို့ရတယ် ပစ္စည်းထည့်လေလေ ပိုကြီးလာလေလေပဲ ဟေးယွီ ပြောပုံအရ ကျွန်တော်သာ သဘောကျတယ် ဆိုရင် ကမ္ဘာမြေကြီးရဲ့ အရွယ်အစားလောက် ချဲ့လို့ ရတယ်တဲ့ ဒါ အံ့ဩဖို့ မကောင်းဘူးလား”
ထိုသို့ ပြောနေစဉ် ယွင်ချဲ့ကတောင် သူ့အသံသည် ကြွားလုံးထုတ်လွန်းသည်ဟု တွေးမိလိုက်သည်။ ကံကောင်းသည်မှာ ရှင်းဖုန်းသာလျှင် သူကြွားတာ ကြားခြင်းဖြစ်သည်။ မဟုတ်လျှင် သူ့ကို မုန်းတီးသည့်သူများကို သူ့ဆီ ပိုခေါ်လာမိမှာပဲ ဖြစ်သည်။
“တကယ်အံ့ဩဖို့ ကောင်းတာပဲ”
ပျော်ရွှင်ဖွယ်စီးနင်းမှုက မကြာမီ၌ ကုန်ဆုံးသွားပြီး သုတေသနအဆောက်အဦး၏ ပတ်ဝန်းကျင်သို့ ရောက်ရှိလာသည်။ ယွင်ချဲ့က လေဘောင်ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်တော့၏။
“ဟုတ်ပြီ ဟုတ်ပြီ ဗိုလ်ချုပ်မော့က ဒီနေရာဆီ အားလုံးကို ခေါ်မလာတာ ကံကောင်းတယ်။ ဒီနေရာမှာ အဆင့်သုံးဖုတ်ကောင်ဆယ်ကောင်နဲ့ အဆင့်လေးနီးပါးအကောင် တစ်ကောင် ဒီမှာ ရှိနေတယ်။ ပြီးတော့ ဖုတ်ကောင်သားရဲတစ်ဒါဇင်လည်း ရှိနေတယ်။ အစက်လေးတွေက ပြွတ်သိပ်နေတော့ တစ်ခုခုတော့ လွဲချော်နေပြီ ထင်တာပဲ”
လေဘောင်ကွက်ကို ဖတ်မိသည့် အချိန်၌ ယွင်ချဲ့တောင် သတိထားမိသွားသည်။ အရေအတွက်က သူတို့၏မှန်းဆမှုကို ကျော်လွန်နေ၏။
“ကြည့်ရတာ ကိစ္စတွေက တွေးထားတာထက် ပိုဆိုးနေပုံပဲ ဆွေးနွေးဖို့အတွက် အရင်ပြန်တာ ပိုကောင်းလိမ့်မယ်”
ရှင်းဖုန်း၏ မျက်နှာပေါ်ရှိ အကြည့်က သုန်မှုန်နေ၏။ အဆင့်သုံးဖုတ်ကောင်တစ်ဒါဇင်နှင့် အချို့က အဆင့်လေးနီးပါး ရှိနေ၏။ ထို့အပြင် ဖုတ်ကောင်သားရဲဆယ်ကောင်ကျော် ထိုထက် ပိုတောင် ရှိနိုင်သေးသည်လော။ သူတို့၏ ကပ္ပတိန်ရှင်းတောင် ၎င်းကို အကောင်းမမြင်ပေ။ မော့ဝမ်ယန်၏အကြည့်က သတင်းကို ကြားသည့် အချိန်တွင် သူ ထပ်မံကျိန်ဆဲမည်မှန်း မှန်းဆနိုင်လောက်သည်။
“ဟုတ်တယ် ဒါပေမဲ့ ကျွန်တော်တို့တွေ အဲနားတစ်ဝိုက်ကို မြန်မြန်ကြည့်ဖို့ အထဲ မသွားသင့်ဘူးလား”
ယွင်ချဲ့က အကြံပေးလိုက်၏။ သူက လေအလွှာ၏ အကာအကွယ်အောက်၌ အဆင်ပြေမှန်း သိသည်။
ရှင်းဖုန်းက ခေါင်းခါပြီးနောက် ငြင်းလိုက်တော့သည်။
“မရဘူး မင်းပြောသလိုဆို သင်တန်းကျောင်းထဲက အခြေအနေက မသိရသေးဘူး။ လေစွမ်းအင် ရှိတာက မင်းတစ်ယောက်တည်း မဟုတ်တာ ဖြစ်နိုင်တယ်။ ဖုတ်ကောင်တွေမှာလည်း လေဓာတ်ရှိနေခဲ့မယ် ဆိုရင် ကိုယ်တို့တွေ ဒုက္ခရောက်မှာပဲ”
ယင်းက အရေးကြီးသည့် ကိစ္စဖြစ်သည်။ ထို့ကြောင့် ရှင်းဖုန်းက ယွင်ချဲ့ကို ပထမဆုံးအကြိမ် ငြင်းပယ်လိုက်တာပဲ ဖြစ်၏။
“မင်းပြောတာတော့ မှန်တယ်။ ဒါဆို ဒီနားတစ်ဝိုက် လမ်းလျှောက်ကြတာပေါ့ မနက်ဖြန်ကျ တခြားတစ်ယောက်က ဆက်ညည်းတွားလာနိုင်တယ် ဆိုတော့ ဈေးဆိုင်တွေကို တတ်နိုင်သလောက် ယူလိုက်ကြရအောင်”
ယွင်ချဲ့က ရှင်းဖုန်းပြောတာကို ထောက်ခံ၏။ ထို့ကြောင့် သူက အစီအစဉ်ကို ယုံရန် ဆုံးဖြတ်လိုက်သည်။ လေအလွှာထဲတွင် လျှပ်စစ်စကူတာက သုတေသနအဆောက်အဦးကနေ ခပ်ဝေးဝေးသို့ ရွေ့နေလေ၏။ သူတို့ ပြန်ရောက်လာသည့် အချိန်တွင် မှောင်နေပြီဖြစ်သည်။ အဖွဲ့ထဲရှိ မည်သူကမှ သံသယမရှိကြပေ။ ရှင်းဖုန်းနှင့် ယွင်ချဲ့ဖို့ကင်းထောက်လုပ်မည်ဟု ပြောစဉ်က အသိအမှတ်ပြုခဲ့ကြသည်။ သို့သော် သူတို့က မချင့်မရဲဖြစ်စရာ သတင်းဖြင့် ပြန်လာလေ၏။
“အဆင့်သုံးစွမ်းအင် ပိုင်ဆိုင်တဲ့သူ ဘယ်လောက်များများက တိုက်ခိုက်နိုင်သေးလဲ ဆိုတာ ရေတွက်ကြည့် မနက်ဖြန်ကျ လောင်းကြေးထပ်ဖို့ လိုတယ်။ အဆင့်သုံးစွမ်းအင်ပိုင်ဆိုင်သူတွေ အားလုံးက သင်တန်းကြောင်းထဲ သွားရမယ်။ အဆင့်နှစ်တွေက ဒီမှာပဲ စောင့်နေပြီး ထိခိုက်တဲ့သူတွေကို ဂရုစိုက်.. ဒါပေမဲ့ အဆင့်နှစ်တိုက်ခိုက်ရေးသမား တာဝေးတိုက်ခိုက်ရေးသမား ဆယ်ယောက်ကတော့ လေဟာနယ်စွမ်းအင် ပိုင်ဆိုင်သူတွေကို ကာကွယ်ပေးဖို့ လိုတယ်”
ဒေါသထွက်ထွက်ဖြင် မော့ဝမ်ယန်က ကျိန်ဆဲတာ မရပ်တန့်တော့ပေ။ နောက်ဆုံးတွင် ရှင်းဖုန်းက ဆင်ခြင်တုံတရားရှိရှိ နေရာချပေးလိုက်သည်။ သုတေသနအဆောက်အဦးထဲတွင် အဆင့်သုံးဖုတ်ကောင် အရေအတွက် များပြားလွန်းပြီး အဆင့်နှစ်စွမ်းအားရှင်များက အကူအညီရမှာ မဟုတ်ပေ။ ထို့အပြင် သူတို့က တိုက်ပွဲကာလအတွင်း မည်သူမျှ စွမ်းအင်အပိုမရှိသည့်အတွက် သေကျေသူများကိုလည်း ထိန်းရအုံးမည်။ ထိုသို့ဆိုလျှင် သူတို့က ဖုတ်ကောင်၏အစာများ ဖြစ်လာနိုင်၏။
“ဒါဆိုဟုတ်ပြီလေ”
မော့ဝမ်ယန်က နောက်ဆုံးတွင် ခေါင်းတစ်ချက် ညိတ်ကာ တည်ငြိမ်သွားတော့၏။ ပြီးနောက် သူ၏လက်ထောက်များကို အမိန့်တချို့ ပေးလိုက်သည်။ သူ ထွက်သွားပြီးနောက် ရှင်းဖုန်းက ဗိုလ်ချုပ်ကျန်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်တော့သည်။
“မင်း မသေချင်ဘူး မဟုတ်ဘူး မဟုတ်လား သေချင်လား ဗိုလ်ချုပ်ကျန်း.. ဒဏ်ရာရတဲ့သူတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ဒီမှာနေရင်ရော ဘယ်လိုလဲ”
ကောင်းမွန်သည့်စကားများက မျက်နှာကို ထိုးနှက်နေသယောင် ခံစားရသည်။ ဗိုလ်ချုပ်ကျန်းနှင့် ဝေ့စစ်သားများကလည်း စိတ်တိုသွား၏။ ထိုသို့တိုင် ရှင်းဖုန်းကို ပြန်ပြောပိုင်ခွင့် မရှိပေ။ အကြောင်းမှာ ရှင်းဖုန်းက ကျန်းကိုသာ ပြောနေ၍ ဖြစ်သည်။
“ဒဏ်ရာရတဲ့သူတွေကို ကြည့်ရှုစောင့်ရှောက်ရတာက လွယ်ကူတဲ့ အလုပ်မဟုတ်ဘူး။ မင်းက ဗိုလ်ချုပ်ကျန်းကို ခက်ခဲအောင် လုပ်နေတာပဲ သူတို့ အမြင်ကိုသာမေးလိုက် အဆင့်သုံးဝေ့စစ်သားတွေက ငါတို့နောက် လိုက်ဖို့ ဆန္ဒရှိတယ်ဆိုရင် ရတယ် မလိုက်ချင်ဘူးဆိုရင်လည်း ဒါ သူတို့ ရွေးချယ်မှုပြပေါ့။ စစ်သားတွေ ထပ်သေမှာအတွက်တော့ ငါတို့ အပြစ်တင်မခံချင်ဘူး”
ယွင်ချဲ့က ရှင်းဖုန်းကို ပြောလိုက်ပြီး လက်တစ်ဖက်ဖြင့် မေးစေ့ကို ကိုင်ထား၏။ သို့သော် လူတိုင်းက သူ အမှန်တကယ် မည်သူ့ကို ပြောနေမှန်း ပြောနိုင်ပေ၏။ ယခုဝေ့စစ်တပ်က တစ်ကမ္ဘာလုံး၌ အကြီးမားဆုံး သွေးစုပ်သူများ ဖြစ်သည်။
“ပူပန်ပေးတာအတွက် ကျေးဇူးတင်ပါတယ် ကပ္ပတိန်ရှင်း ဒါပေမဲ့ ကျုပ်လူတွေက သေမှာကို မကြောက်ဘူး မနက်ဖြန် ကျုပ်တို့ရဲ့ အဆင့်သုံးစွမ်းအားရှင် စစ်သားတွေက မင်းတို့နဲ့အတူသွားမယ်”
ကျန်း၏လက်ထောက်များထဲမှတစ်ဦးသည် ထိုစကားကို ဦးစွာပြောခြင်းဖြင့် လက်ဦးမှု ရယူလိုက်သည်။ ရှင်းဖုန်းနှင့် ယွင်ချဲ့က သူ့ကို တစ်ချက် ကြည့်လိုက်၏။ သို့သော် သူ၏ဘော့စ်က ပျော်မနေတာ သိသာသည်။
“ပါးစပ်ပိတ်ထား.. မင်း စကားပြောရမဲ့နေရာမဟုတ်ဘူး”
ဗိုလ်ချုပ်ကျန်းက သူ့လက်ထောက်ကို ဟောက်လိုက်၏။ သူ၏အာဏာကို စိန်ခေါ်ခံရသည်ဟု ခံစားမိသည်။ သို့သော် ချက်ချင်းပင် ရှင်းလင်းရန် ကြိုးစားလိုက်၏။
“အမိန့်အတိုင်း ဆောင်ရွက်မှာပါ မင်းတို့တွေနဲ့လည်း အတူ ရှိမှာပဲ ကပ္ပတိန်နှစ်ယောက် မင်းတို့အတွက် ငါ့ကို တိုက်တွန်းဖို့ မလိုဘူး”
ပြီးနောက် ဗိုလ်ချုပ်ကျန်းက စားပွဲကနေ နောက်ပြန်တွန်းခံရချင်ယောင် ဆောင်လိုက်ပြီး ထရပ်ကာ ယိုင်တိယိုင်တိုင် ဖြစ်သွား၏။ သူ၏ လက်ထောက်များကလည်း အစက တောင့်ခဲသွား၏။ ပြီးနောက် မော့ဝမ်ယန်ကို အလေးပြုပြီး သူ့နောက်ကို လိုက်သွားတော့သည်။ ထိုနုံချာသည့်သူများက ဗိုလ်ချုပ်ကြီးသည် သူတို့ တိုက်ခိုက်မှုအောက်တွင် ရွေးချယ်မှုတစ်ရပ်ကို မပေးခဲ့ပေ။
“ကျွတ်.. ဒီကောင်ကတော့ စိတ်ဓာတ်က မကောင်းလိုက်တာ ဒါကြောင့် တပ်ထဲကလူတွေကို သဘောမကျတာပဲ ဆန်ကုန်မြေလေးကောင်က အသက်ကယ်သူတစ်ယောက် ဖြစ်တာ ဘာမှန်းမသိဘူး ဒါပေမဲ့ သူက ရန်လိုနေတာပဲ။ ဗိုလ်ချုပ်မော့.. စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်ပြီးရင်တော့ နောင်ကျ စစ်တပ်က စစ်ဆင်ရေးတွေကို ဝင်ပါမှာ မဟုတ်တော့ဘူး”
ကျန်းထွက်သွားတာကို ကြည့်ပြီး ယွင်ချဲ့က နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် သူက မော့ဝမ်ယန်ကို သူ့စိတ်သဘောထား ပြောပြလိုက်သည်။ သူတို့က ယခုတစ်ခေါက် ဝင်ပါခြင်းမှာ မော့ဝမ်ယန်အား လူအများ၏ ယုံကြည်မှုရရန် ကူညီပေးချင်သောကြောင့် ဖြစ်သည်။ မဟုတ်လျှင် သူတို့က ထိုသတ္တဝါနှင့် အလုပ်တွဲလုပ်မှာမဟုတ်ပေ။ ယွင်ချဲ့က သူသည် နောင်ကျ စစ်တပ်နှင့် အရပ်သား ပူးပေါင်းမှုတိုင်းကို ငြင်းပယ်မည်ဟု ဆုံးဖြတ်လိုက်သည်။
“ဒါက..”
မော့ဝမ်ယန်က ခြောက်ကပ်ကပ် ပြုံးပြီးနောက် သက်ပြင်းချလိုက်၏။ သူသာ ယွင်ချဲ့ဆိုလျှင်လည်း ထိုအတိုင်းသာ ပြုလုပ်မှာပဲ ဖြစ်သည်။
….

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset