YMR- အခန်း ၁၃၄

အခန်း (၁၃၄)

ရွာထဲတွင် သန္ဓေပြောင်း သားရဲများ ရှိနိုင်သည်ဆိုသည့် သတင်းက ခဏလေးအတွင်း အဖွဲ့တစ်ခုလုံး ကြားတွင် ပျံနှံ့သွားသည်။ ဟေးယွီကို မမြင်ဖူးကြလျှင် သူတို့စိတ်ပူမည် မဟုတ်သော်လည်း ဟေးယွီ၏ စွမ်းရည်ကို မြင်ဖူးခဲ့ကြသဖြင့် ထိုသားရဲများနှင့် ပတ်သက်၍ အလွန် ကြောက်လန့် နေကြသည်။

“အဲဒီ သားရဲတွေက ဟေးယွီလိုမျိုး အင်အားကြီးရင် ဘယ်လို လုပ်ကြမလဲ ငါတို့သူတို့ရဲ့ ညစာဖြစ်သွားလိမ့်မယ်”

ဟေးယွီက သန္ဓေပြောင်း သားရဲဖြစ်သည်ဟု ယွင်ချဲ့ ရှင်းပြ ထားသောကြောင့် ထိုကဲ့သို့တွေးကြသည်မှာလည်း မမှားပေ။ ထို့ကြောင့် သန္ဓေပြောင်း သားရဲများသည် အင်အားကြီးကာကြောက်မက်ဖွယ် ကောင်းသည်ဟု ထင်နေကြခြင်း ဖြစ်သည်။

ခဏအကြာ စစ်တပ်က စွမ်းအားရှင် အယောက်တစ်ရာကို စုစည်းလိုက်သည်။ မော့ဝမ်းယန်က အဖွဲ့ကို ဉီးဆောင်မည်ဟု ပြောသဖြင့် ဗိုလ်ချုပ်ချန်နှင့် အခြားဗိုလ်များသည်လည်း ကျေနပ်စွာ လိုက်ခဲ့ကြသည်။ ယွင်ချဲ့မှာ ချောင်ယန်းနှင့် ထိပ်ဉီး အဖွဲ့သားများကို စုစည်းရန် သူ၏အဖွဲ့သို့ ပြန်သွားခဲ့သည်။ သူတို့၏မိတ်ဆွေ ဖြစ်သော လေတာ့ရှန်နှင့် ချန်းဟွာတို့လည်း သန္ဓေပြောင်း သားရဲများအား သူတို့မျက်စိဖြင့် ကိုယ်တိုင် ကြည့်ရန်အတွက် လိုက်လာကြသည်။ အချို့သော စွမ်းအားရှင်များမှာ ငြိမ်သက်စွာ လိုက်လာကြပြီး အချို့က ထိုစစ်ဆင်ရေးမှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်း ဖြစ်မည်ဟု တွေးနေကြသည်။ လူတိုင်းက သူတို့အတွေးနှင့်သူတို့ ငြိမ်သက်နေကြသဖြင့် ရှင်းဖုန်းနှင့် ယွင်ချဲ့ အတွက် အဆင်ပြေနေသည်။ စစ်တပ်နှင့်အတူ မချီတက်မီ ယွင်ချဲ့ လည်း ယဲ့ရှင်းချန် အနားကပ်ကာ တီးတိုး ပြောသည်။ အခြားသူများက သူတို့အချင်းချင်း ခေါင်းညိတ် ပြနေသည်ကို မြင်သော်လည်း စကားသံများကို မကြားရပေ။

ရွာအတွင်းထဲသို့ မီတာ၁ဝဝလောက် လျှောက်လာရသည်နှင့် ယွင်ချဲ့ မျက်နှာတည်သွားလေသည်။ ဇယားကွက်မှ အပြာရောင် အစက်များမှာ လျင်မြန်စွာ ရွေ့လျားနေကြပြီး ထိုမတိုင်ခင်က ဟေးယွီ ရှိနေခြင်းကြောင့် သူတို့ ငြိမ်နေကြခြင်း ဖြစ်နိုင်သည်။ ဟေးယွီ နယ်မြေထဲသို့ ပြန်ဝင် သွားသော်လည်း သူ၏အနံ့က ကျန်ရှိနေသေးသဖြင့် ထိုသားရဲတို့ကို ကြောက်လန့်စေခဲ့ပြီး နာရီဝက် ကြာပြီးနောက် ဟေးယွီ အနံ့က ပျောက်ကွယ် သွားသောကြောင့် လှုပ်ရှား လာကြသည် ဖြစ်နိုင်သည်။ သို့မဟုတ် လူအုပ်ကြီးက သူတို့ထံ ဦးတည် လာနေသည်ကို ခံစားနေရသောကြောင့်လည်း ဖြစ်နိုင်သည်။

“ဒါဘာတွေလဲ”

မီတာငါးဆယ်ခန့် လျှောက်လာပြီးနောက် အဖွဲ့မှာ ရွာအဆုံးသို့ ရောက်လု နီးနီးပင်ဖြစ်နေသည်။ သူတို့အရှေ့ရှိ ဝါးရုံတော အတွင်းမှ ကျောချမ်းဖွယ် ကောင်းသည့် အစိမ်းရောင် အလင်းစက်များသည် လရောင် ဖိန့်ဖိန့်အောက်တွင် တလက်လက် တောက်ပနေသည်။

“ဝံပုလွေတွေ ! ဝံပုလွေအုပ်ပဲ !”

ရှင်းဖုန်း၏ အသံမှာ တည်ငြိမ်သော်လည်း စိုးရိမ်မှုများ ပါနေသည်။ ရှင်းဖုန်း ပြောသကဲ့သို့ပင် ဟေးယွီ ထက်မသေးသော ကြီးမားသည့် ဝံပုလွေကြီးနှင့်အတူ ဝံပုလွေအုပ်ကြီးမှာ ဝါးရုံတောထဲမှ ထွက်လာပြီး အခြားသော ဝံပုလွေများမှာ သေးငယ်သော်လည်း ကျားတစ်ကောင် အရွယ်ပင်ရှိသည်။ ထိုအစိမ်းရောင် မျက်လုံးများကြောင့် မှင်သက်ကာ ကျောချမ်းစွာဖြင့် နောက်သို့ ဆုတ်ကုန်ကြသည်။

“အားလုံး ၃၈ ကောင်တောင် အကြီးဆုံးက ခေါင်းဆောင် ဖြစ်မယ် အနည်းဆုံး အဆင့်သုံးပဲ”

လူအုပ်၏ အရှေ့တွင် ရပ်လျက် ရှိနေသော ယွင်ချဲ့က တည်ကြည်သော မျက်နှာထားဖြင့် ပြောသည်။ ဝံပုလွေကဲ့သို့ ဉာဏ်ရည်မြင့်သည့် သက်ရှိများသည် ဉာဏ်များသော တိရစ္ဆာန်များထဲမှ တစ်ကောင်ပင်ဖြစ်ပြီး သန္ဓေပြောင်း ပြီးနောက် ဝံပုလွေ တစ်ကောင်သည် ဆယ်ကျော်သက် တစ်ဦး၏ ဉာဏ်ရည်အထိ ဖွံ့ဖြိုးနိုင်သည်။ ထို့အပြင် ဝံပုလွေများသည် အစုအဖွဲ့ဖြင့် နေတတ်သည့် အကောင်များ ဖြစ်သောကြောင့် အဖွဲ့လိုက် တိုက်ခိုက်လျှင် အဆင့်သုံး ဝံပုလွေ၏ တိုက်ခိုက်ရည်သည် အဆင့်လေး စွမ်းအားရှင်နှင့် ညီမျှသည်။

“သေစမ်း !”

မော့ဝမ်းယန် ဆဲဆို လိုက်သော်လည်း သူ၏အာရုံမှာ ဝံပုလွေအုပ်ထံမှ မည်သည့်အခါမှ မပြောင်းသွားပေ။ အားလုံး အသက်ဝအောင် ရှူကာ သူတို့၏ စွမ်းအားများကို တိတ်တဆိတ် ထုတ်လိုက်ကြသည်။ ယွင်ချဲ့ အနောက်သို့ အနည်းငယ် ဆုတ်ပြီး ရှင်းဖုန်း အနားကပ်ကာ …

“ရှင်းချန်ကို အဖွဲ့အနောက်ကို ခေါ်သွားလိုက် … အစ်ကို ရှင်းချန်က သန္ဓေပြောင်း သားရဲကို ထိန်းနိုင်အောင် ကြိုးစား .. ယာဖေး မင်းက သူတို့ကို ကာကွယ်ပြီး မလိုအပ်ရင် မင်းရဲ့မြေအစွမ်းကို မသုံးနဲ့”

ကျန်းယာဖေးမှာ သူမ၏စွမ်းအားဖြင့် ကမ္ဘာကြီးကို သဲမှုန်များ ဖြစ်အောင် ပြောင်းနိုင်ပြီး သာမန် ကမ္ဘာမြေ စွမ်းအားများသည်လည်း သူမအတွက် ပြဿနာ မရှိနိုင်ပေ။ သူမ၏ မြေစွမ်းအားကို မသုံးနိုင်လျှင်တောင်မှ အခြားကမ္ဘာမြေ ခုခံရေး စွမ်းအားများကို သုံးနိုင်သဖြင့် သူမသည် ယခုချိန်တွင် အကောင်းဆုံး ကာကွယ်သူပင် ဖြစ်သည်။

“ကောင်းပြီ ဂရုစိုက်ကြ”

ထိုအခြေအနေတွင် ရှင်းဖုန်းလည်း ယွင်ချဲ့နှင့် ပြိုင်မငြင်းတော့ပေ။ ယာဖေးသည် မိန်းကလေး ဖြစ်သော်လည်း အနောက်တောင် စခန်းတွင် အသန်မာဆုံး မိန်းကလေးဟု ပြောနိုင်ပြီး တိုက်ပွဲတိုင်းတွင် သူမ မည်သည့်အခါမှ စိတ်မပျော့ခဲ့ပေ။ ယဲ့ရှင်းချန် အနောက်သို့ လှည့်လိုက်ချိန် ယွင်ချဲ့ တိတ်တဆိတ်နှင့် သူတို့ကို လေထုအလွှာဖြင့် ဖုံးလိုက်သည်။

“အစ်ကို ရှင်းချန် ကျွန်တော် ပြောတာကို သေချာမှတ်ထား သားရဲကို ထိန်းလိုက်နိုင်ရင် စိတ်မလောသွားနဲ့ .. ချန် ကို အရင်သတ်လိုက်”

“ကောင်းပြီ”

သူတို့၏စကားမှာ မြန်ဆန် ရိုးရှင်းလှသည်။ လူအုပ်သည် အခြားကိုသာ အာရုံစိုက်နေကြသဖြင့် သူတို့ကို သတိမထားမိကြပေ။

အာဝူး

အနောက်သို့ ဆုတ်လိုက်ချိန်တွင် ဝံပုလွေ ခေါင်းဆောင်က အပေါ်သို့ မော့ကာ အူလိုက်ပုံမှာ ညနက်ပိုင်းတွင် လူတိုင်းကို ကြက်သီးထ သွားစေသည်။

“သူတို့လာပြီ !”

ဂါး

ယွင်ချဲ့ သတိပေးပြီးသည်နှင့် ချက်ချင်း ဝံပုလွေ ခေါင်းဆောင်နှင့် အဖွဲ့ကြီးမှာ သူတို့၏ အစွယ်များဖြင့် မာန်ဖီကာ ချွန်ထက်သော လက်သည်းများကို ထုတ်လျက် လူအုပ်ထံသို့ ပြေးလာသည်။ အဖွဲ့လည်း ချက်ချင်းပင် လူဖြန့်လိုက်ပြီး အရောင်စုံသော စွမ်းအားများဖြင့် တိုက်ခိုက်ကြရာ တစ်ခဏအတွင်း တိုက်ပွဲ စတင်သွားသည်။

“လူခွဲကြ ! အဆင့်သုံး တစ်ယောက်ချင်းဆီက ဝံပုလွေ တစ်ကောင်ဆီကို ထိန်းထား .. အဆင့်နှစ်က နှစ်ယောက်ဆီ တစ်ဖွဲ့နဲ့ထိန်း”

ထိုဖြစ်ရပ်မှာ ဗီဒီယိုဂိမ်းတစ်ခု မဟုတ်သဖြင့် မဆင်မခြင် လုပ်လိုက်သည်နှင့် အလွန် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်နိုင်သည်။ အချင်းချင်း ပူးကပ်နေလျှင် မိမိအဖွဲ့သားများကို ထိခိုက်စေနိုင်သည်။ ဝံပုလွေများ၏ ပထမဆုံး တိုက်ခိုက်မှုကို အောင်မြင်စွာ ရှောင်ရှား လိုက်နိုင်သော မောဝမ်းယန်က သူ၏ ရေမီးစွမ်းအားကို သုံးကာ သူတို့နှင့်အနီးရှိ ကွင်းပြင်ထဲသို့ ဝံပုလွေ တစ်ကောင်ကို ဆွဲခေါ်သွားကာ အမိန့်ပေး လိုက်သည်။ သူ၏ ကိုယ်ရံတော်များမှာ တိုက်ပွဲများ ကြားတွင်းပင် သူအဖွဲ့ဆီမှ လမ်းလွဲသွားသည်ကို တွေ့လိုက်ကြသည်။

ဝေါင်း…

ဘုတ်.. ဘုတ်..

လူအများ မော့ဝမ်းယန် ၏အမိန့်အတိုင်း တစ်ဖွဲ့ချင်းစီ ခွာလိုက်ကြသည်။ ကံကောင်းစွာဖြင့် သူတို့သည် ရွာထဲ၌ ရှိနေသောကြောင့် ရွေ့လျားရန် နေရာလွတ်များ ရှိနေသည်။ မကြာခင်တွင် များပြားသော တိုက်ပွဲငယ်များ ဖြစ်ပေါ်လာသည်။ သန္ဓေပြောင်း ဝံပုလွေများမှာ အံ့သြဖွယ် ကောင်းသည့် ကြွက်သား သိပ်သည်းဆများ ရှိသောကြောင့် အဆင့်တူသည့် စွမ်းအားရှင်များက သူတို့ကို အနည်းငယ်သာ အနာတရဖြစ်အောင် လုပ်နိုင်သော်လည်း ထိုဒဏ်ရာများသည် ဝံပုလွေများ၏ ကြမ်းတမ်းမှုကို လောင်စာ ပေးလိုက်သကဲ့သို့ပင်။ ထို့အပြင် သူတို့သည် ထူးကဲစွာ တက်ကြွသောကြောင့် စွမ်းအားရှင်များမှာ အချို့သော အခိုက်အတန့်များတွင် ပစ်မှတ် လွဲသွားရသည်။

“လုပ်စမ်းပါ”

အလိုလျောက် သဘောပေါက် သွားခြင်းလား မရည်ရွယ်ခြင်းလား မသိရဘဲ ဝံပုလွေခေါင်းဆောင်ကို ယွင်ချဲ့ လက်ထဲသာ အပ်လိုက်ကြသည်။ သူတို့ နောက်ဆုတ် သွားသည့်ကြားမှ ယွင်ချဲ့ သူ၏ဓားကို ကိုင်လိုက်သည်။ ဝံပုလွေ ခေါင်းဆောင်မှာ ရှေ့တိုး နောက်ဆုတ်ရွေ့ကာ သူ၏ မျက်လုံးစိမ်းများနှင့် ယွင်ချဲ့ကို ကြည့်လိုက်ကာ လျင်မြန်သော အရှိန်ဖြင့် ယွင်ချဲ့ပေါ်သို့ ခုန်အုပ်လိုက်သည်။ ယွင်ချဲ့လည်း စူးရှသော အကြည့်များဖြင့် ဘေးသို့လှိမ့်ကာ ရှောင်လိုက်ပြီး ပြန်ထလျက် သူ၏ချွန်ထက်သည့် ဓါးဖြင့် ဝံပုလွေထံသို့ ဦးတည်လိုက်သည်။ ထိုဝံပုလွေမှာ ကြီးမား၍ နှေးကွေးပုံ ပေါ်သော်လည်း အလွန် လျင်မြန် သွက်လက်လှပြီး မာန်ဖီကာ တိုက်ခိုက်မှုများကို ရှောင်တိမ်း လိုက်သည်။ ထို့နောက် တစ်ချိန်တည်းတွင်ပင် သူ၏လက်သည်းဖြင့် ယွင်ချဲ့ ခေါင်းပေါ်သို့ လွှဲရိုက်လိုက်သည်။

“ဟား မင်းကတော်သားပဲ ဒီညတော့ ငါသေချာလေး လေ့ကျင့်လို့ ရသွားပြီ”

ဝံပုလွေ၏ လက်သည်းများကို ယွင်ချဲ့ ဓားဖြင့် ကာလိုက်သည်။ လူသားတစ်ယောက်၏ ခွန်အားနှင့် သန္ဓေပြောင်း ဝံပုလွေတစ်ကောင်ကို မခုခံနိုင် လောက်သော်လည်း ယွင်ချဲ့က အလွန် ဉာဏ်ကောင်းသူပင်။ စကားမပြောခင်ကပင် ယွင်ချဲ့က သူ၏လေထု အလွှာဖြင့် ဝံပုလွေခေါင်းဆောင်ကို ဖုံးလွှမ်းလိုက်ပြီး ဓားသွားမှတစ်ဆင့် လျှပ်စီးစွမ်းအားကို ဖြတ်စေကာ ဝံပုလွေ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။

အူးဝူး

ဝံပုလွေခေါင်းဆောင်မှာ နာကျင်သွားသဖြင့် သူ၏ကြီးမားသည့် ခန္ဓာကိုယ်က အနောက် ဆုတ်သွားသည်။

“ကြိုပြီး အသင့်ပြင်ထားကြ !”

ထို့နောက် လေထုမှာ စုစည်းလာပြီး ယွင်ချဲ့လည်း ထိုလေများကို အားပြုကာ ခုန်တက်သွားပြီး ဓားကိုလွှဲလိုက်ရာ လျှပ်စီးလိုင်းများက ဝံပုလွေထံသို့ ဦးတည်သွားသည်။

ဂါး

ထိုဝံပုလွေက ရှောင်တိမ်း လိုက်ပြီးနောက် ယွင်ချဲ့၏ တိုက်ခိုက်မှုတို့က သူ့ကို ဒေါသဖြစ်စေသောကြောင့် ဟိန်းဟောက် လိုက်သော်လည်း ယွင်ချဲ့က ထိုခြိမ်းခြောက်မှုကို လုံးဝ မမှုသည့်အပြင် ဝံပုလွေထံသို့ ခရမ်းရောင် လျှပ်စီးလိုင်းများကို ပစ်လိုက်သည်။ သူတို့တိုက်ခိုက်နေသည့် မြေပြင်မှာလည်း ပျက်စီးကုန်သည်။

“ချဲ့ အားကုန်သာသုံး သူက ကိုယ့်ကိုကိုယ် ချုပ်တည်း ထားနေသလိုပဲ”

အနည်းငယ် လှမ်းသော နေရာမှ တိုက်ခိုက်နေသည့် ကျန့်ယာဖေး ရယ်ကာ အော်ပြော လိုက်သော်လည်း သူမ၏စကားသည် အဓိပ္ပါယ်ရှိသည်။ ယွင်ချဲ့မှာ အဆင့် ၃ ဖြစ်သော်လည်း သူ၏စွမ်းအားသည် အဆင့် ၃ ထက် ပိုလွန်နေသည်။ အများအားဖြင့် သူတို့ကြုံရသည့် ဖုတ်ကောင်များ၏ အမြင့်ဆုံးအဆင့်မှာ အဆင့် ၃ ပင်။ ယွင်ချဲ့ ဘာမှ မလုပ်လိုက်ရ သေးချိန်တွင်ပင် အခြား လက်ရဲ ဇက်ရဲနိုင်သော ထိပ်ဉီး အဖွဲ့သားများက ယွင်ချဲ့ လုပ်စရာပင် မလိုတော့အောင် ဖုတ်ကောင်များကို တိုက်ခိုက် တတ်ကြသည်။ ထို့အပြင် အဆင့်နိမ့် ဖုတ်ကောင်များနှင့် တိုက်ခိုက် ရသည်မှာ ယွင်ချဲ့အတွက် ပျင်းစရာ ကောင်းသဖြင့် ယခု ဝံပုလွေ ခေါင်းဆောင်မှာ သူ့အတွက် ရှားပါး ပြိုင်ဘက်ဖြစ်ပြီး အားအင်ကုန် သုံးရန်ပင် မစောင့်နိုင်တော့ပေ။

“သူ့မှာရှိမှာပါ”

ရှင်းဖုန်း ပြုံးလျက် ပြောလိုက်သည်။ သူတို့မှာ အဆင့်တူ ဖြစ်သော်လည်း ရှင်းဖုန်းက သူ၏စွမ်းအားကို ဖုံးကွယ် တတ်သဖြင့် တိုက်ခိုက်ရန် အခွင့်အလမ်း အနည်းငယ်သာ ရှိခဲ့သည်။ အရေးကြီးသည့် အချက်မှာ ယွင်ချဲ့က သူလိုချင်သည့် အရာကို သေချာနားလည် သိရှိသည်။ ကိုယ့်ကိုကိုယ် တိုးတက် အဆင့်မြင့်စေချင်လျှင် ဖြတ်လမ်း နည်းလမ်းကို မသုံးသင့်ဘဲ တိုက်ပွဲများကို စိန်ခေါ်ရင်ဆိုင်မှသာ ထိုးဖောက် ကျော်လွှားနိုင်မည် ဖြစ်သည်။ ထို့ကြောင့်ပင် အင်အားကြီးသည့် ပြိုင်ဘက်များကို ရှောင်ဖယ်တတ်သည့် စွမ်းအားရှင်များထက် ယွင်ချဲ့တို့ အဖွဲ့က အမြဲသာလွန် နေခြင်းပင်။

“ဆိုတော့ အဆင်ပြေနေရဲ့လား”

ပွဲကြည့် ပရိသတ်ဖြစ်နေသည့် ရှင်းဖုန်းနှင့် ကျန့်ယာဖေးတို့မှာ သန္ဓေပြောင်းဝံပုလွေကို ထိန်းချုပ်ရန် ကြိုးစားနေသည့် ယဲ့ရှင်းချန် ကိုလည်း လျစ်လျူမရှုထားပေ။ အချိန်အနည်းငယ်သာ ကြာသေးသော်လည်း ယဲ့ရှင်းချန်၏ အဝတ်အစားမှာ ချွေးများ စိုရွှဲနေသည်။ ကံကောင်းစွာဖြင့် ရလဒ်မှာ စိတ်ကျေနပ်ဖွယ် ကောင်းစွာ ဗိုလ်ချုပ် ချန်ကို တိုက်ခိုက်နေသည့် ဝံပုလွေကို သူထိန်းချုပ် လိုက်နိုင်သည်။ ယဲ့ရှင်းချန်လည်း ထိုဝံပုလွေကို မလှုပ်ရှားနိုင်အောင် လုပ်ကာ ဗိုလ်ချုပ်ချန် တိုက်ခိုက်ရန် လွယ်ကူသည့် ပစ်မှတ်အဖြစ် ဖန်တီးလိုက်သည်။ အစုအဖွဲ့ဖြင့် နေတတ်ကြသည့် တိရစ္ဆာန်များသည် လက်စားချေလိုစိတ် အလွန်ပြင်းကာ သူတို့ထဲမှ တစ်ကောင် သေသွားသည်နှင့် ကျန်သည့် အကောင်များက အရူးမီးဝိုင်း သကဲ့သို့ သတ်လိုက်သည့် သူကို ဝိုင်းအမဲဖြတ်ကြမည် ဖြစ်ပေသည်။ ယွင်ချဲ့၏ အကြံမှာ ရိုးရှင်းစွာပင် ဗိုလ်ချုပ် ချန်ကို ဝံပုလွေများ အာရုံစိုက်စေကာ သိသာသော ပစ်မှတ်အဖြစ် ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ဝံပုလွေများက ဗိုလ်ချုပ်ချန် ကို သတ်ကုန်လျှင် လူတိုင်းက သူ၏သေဆုံးမှုအား မြင်သွားမည်ဖြစ်၍ ယွင်ချဲ့ကို သံသယဝင်ကြတော့မည် မဟုတ်ပေ။

“ငါကြိုးစားနေတယ် ရတော့မယ်”

သန္ဓေပြောင်း သားရဲကို ထိန်းချုပ်ရသည်မှာ ယဲ့ရှင်းချန် အတွက် ပထမဆုံးဖြစ်ပြီး ထိုသတ္တဝါများမှာ အလွန် ကြီးမားသဖြင့် ယဲ့ရှင်းချန် သူ၏စိတ် စွမ်းအားများ အားလုံးကို သုံးထားရသည်။ ရှင်းဖုန်းတို့ကို ပြန်ဖြေလိုက်ချိန် အနားရှိ ဝံပုလွေမှာ ထိန်းချုပ်မှု အောက်မှ လွတ်မြောက်လုနီးပါး ဖြစ်သွားသဖြင့် ကျန့်ယာဖေးနှင့် ရှင်းဖုန်းတို့လည်း အလိုက်သိစွာ မေးခွန်းဆက် မမေးတော့ပေ။ တိုက်ပွဲမြေပြင်ကို စစ်ဆေးပြီးနောက် ဝံပုလွေ အများစုမှာ အဆင့်နှစ် ဖြစ်သည်ကို သတိထားမိ သွားသဖြင့် ယဲ့ရှင်းချန် အတွက် မခက်ခဲသကဲ့သို့ လွယ်ကူသည်လည်း မဟုတ်ပေ။ သို့သော် အဆင့်နှစ် စစ်သားများမှာ နှစ်ယောက် သုံးယောက် အဖွဲ့ဖြစ်နေသော်လည်း ဝံပုလွေများ၏ တိုက်ခိုက်မှုကို ခက်ခဲစွာခုခံနေရပြီး အများစုမှာ ဒဏ်ရာ ရကုန်ကြသည်။
ဘုတ်

ဆယ်မိနစ် ကြာပြီးနောက် ဗိုလ်ချုပ် ချန် နှင့် တိုက်ခိုက်နေသည့် ဝံပုလွေ မြေပြင်သို့ လဲကျသွားသည်။ ကျားထက်ကြီးသည့် ထိုတစ်ကောင်မှာ ဆန့်ငင်ဆန့်ငင်ဖြင့် သေသွားကာ မကြာမီပင် သူ၏သွေးနံ့က နေရာအနှံ့ ပျံ့သွားလေသည်။ ဗိုလ်ချုပ် ချန်လည်း အရှေ့သို့ လျှောက်လာကာ အသက်ငင်နေသည့် ထိုအကောင်ကို ခြေထောက်ဖြင့် ကန်လိုက်သည်။ သေနေသည့် သားရဲကို နှာခေါင်းရှုံ့ကာ …

“သန္ဓေပြောင်းသားရဲတဲ့ လား ဟမ် ဒီဟာကလေ ?”

အူးဝူး…

“ဘာလဲဟ !”

“ဘာဖြစ်တာလဲ”

“မဖြစ်တော့ဘူး ပြေး ချန် !”

ယွင်ချဲ့နှင့် တိုက်ခိုက် နေရာမှ ရုတ်တရက်ပင် ဝံပုလွေ ခေါင်းဆောင်က ဟိန်းဟောက် လိုက်သည်။ အခြား ဝံပုလွေများလည်း သူတို့ ခေါင်းဆောင်၏ အချက်ပေးသံကို ကြားသည်နှင့် သူတို့၏လက်ရှိ ပြိုင်ဘက်များကို မျက်ကွယ်ပြု လိုက်ကာ ဗိုလ်ချုပ် ချန်သို့ ဦးတည်သွားကြလေသည်။ ဝံပုလွေအုပ်ကြီး ချီတက်လာသည့် မြင်ကွင်းမှာ အသက်ရှူ မှားလောက်သကဲ့သို့ ကြောက်မက်ဖွယ်လည်း ကောင်းလှပေသည်။ သူတို့၏ ပစ်မှတ်က မည်သူဖြစ်ကြောင်း သိသွားသည့်အခါ ကျန်သည့် သူများအားလုံး တုန်လှုပ်သွားသည်။

“ငါ…”

သူ့ထံသို့ လာနေသည့် ဝံပုလွေများကြောင့် စိတ်ဓာတ် ခိုင်မာသည့် တပ်သား ဖြစ်သော်လည်း ဝင့်ကြွားနေသည့် ဗိုလ်ချုပ် ကြောက်လန့်သွားရပြီး ကြံရာမရ ဖြစ်သွားရသည်။ မျက်နှာမှာလည်း စာရွက်ကဲ့သို့ ဖြူဖပ်သွားပြီး ပြန်တိုက်ခိုက်ရန်ပင် မဆိုနှင့်၊ တုန်ရီနေသည့် ကိုယ်သည် တုပ်တုပ်ပင် မလှုပ်တော့ပေ။

“ဒုက္ခပဲ ဘာလို့ ဒီတိုင်း ရပ်နေတာလဲ”

ထိုအရာကို ယွင်ချဲ့ ကြံစည်ထားကြောင်း သိသော်လည်း မော့ဝမ်းယန် ထိတ်လန့်စွာ အော်ကာ ပြေးသွားသည်။ အနည်းဆုံးတော့ တစ်ယောက်က သရုပ်ဆောင်ပြရမည် မဟုတ်လား။ ထိုမြင်ကွင်းမှာ ဗိုလ်ချုပ် ကျန်း နှင့် စစ်သားများ အတွက် ပုံမှန်ပင် ဖြစ်နေပြီး ယွင်ချဲ့ မှလွဲ၍ ဝံပုလွေခေါင်းဆောင်၊ ရှင်းဖုန်း၊ အခြားသော ဝံပုလွေများနှင့် စွမ်းအားရှင်တို့မှာလည်း ဉီးတည်ရာ တစ်ခုတည်းသို့ ပြေးသွားကြလေသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset