YMR- အခန်း ၁၂၇

အခန်း (၁၂၇)

အင်း !

စနောက် ပြောဆိုရာတွင် အထူးသတိထားရန် လိုအပ်သည်။ မဟုတ်လျှင် ကာမရမ္မက်များ ပြည့်နှက်နေသည့် ရှင်းဖုန်း အခန်းတွင်းမှ အခြေအနေကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ရှင်းဖုန်းက သာယာမှု အပြည့်နှင့် ညည်းတွားလိုက်ပြီး ရုတ်တရက် လွှတ်သွားခြင်းကြောင့် သူ၏ခြေထောက်ကြားတွင် ရှိနေသော ယွင်ချဲ့၏ ပါးစပ်နှင့် မျက်နှာပေါ်တွင် ချွဲပျစ်သော အရည်များပေကျံကုန်သည်။ ကိစ္စပြီးမြောက် သွားသော ရှင်းဖုန်းကို ကြည့်ကာ ယွင်ချဲ့လည်း ပါးစပ်တွင်း ကျန်သော အရည်များကို မျိုချလိုက်ပြီး ထရပ်ကာ တစ်ရှူးဖြင့် မျက်နှာကို သန့်ရှင်း လိုက်သည်။

“မင်းမျက်နှာပေါ်မှာ ပေနေရင် ပိုကြည့်လို့ ကောင်းတယ်”

သာယာမှု အထွတ်အထိပ် ရောက်ခဲ့သဖြင့် ရှင်းဖုန်းလည်း ထထိုင်ကာ ရေစိုအဝတ်ကို ယူလိုက်ပြီး ယွင်ချဲ့ မျက်နှာပေါ်မှ ပေကျံနေသော အရာများကို သုတ်ပေးလိုက်သည်။

“မင်းကျန်တာတွေကို မျိုချလိုက်တာလား”

ရှင်းဖုန်း ပြီးမြောက် သွားစဉ်တွင် ယွင်ချဲ့၏ လှုပ်ရှားမှုအချို့ကို မြင်လိုက်ရသည်။

“ဟုတ်တယ်”

ယွင်ချဲ့ အလွယ်တကူပင် အမြန်မျိုချလိုက်ပြီး ရှက်ရွံ့မှုတို့ကိုလည်း မခံစားရပေ။ ယွင်ချဲ့မှာ အဝတ်မကပ်ဘဲ ရှင်းဖုန်း လက်မောင်းကို မှီကာ ရှင်းဖုန်း၏ လဲကျနေသော ဖွားဖက်တော်ကို ဆော့ကစားနေသည်။ ယွင်ချဲ့၏ အဖြေကြောင့် ရှင်းဖုန်း ပိုမိုစိတ်လှုပ်ရှားသွားကာ ယွင်ချဲ့၏ နားသယ်စပ်အထိ မှီလိုက်ပြီး အသံကိုနိမ့်လျက် မေးလိုက်သည်။

“ဘယ်လိုအရသာလဲ”

“မကောင်းဘူး ညှီတယ် … ပြီးတော့မယ်ဆိုရင် ကြိုပြောလို့ မရဘူးလား နောက်တစ်ခေါက် မျိုချချင်တော့ဘူး”

ရှင်းဖုန်းကို စောင်းကြည့်ကာ ယွင်ချဲ့ တွန်းထုတ်လိုက်ပြီး ခုတင်ဘေးရှိ စားပွဲပေါ်မှ မီးခြစ်ကို လှမ်းယူလိုက်သည်။ အမှတ်အသားများမှာ သူ၏ဖြူဖွေးသော ကိုယ်ပေါ်အနှံ့ ရှိနေပြီး သူ၏ လျှို့ဝှက်အပ်သော အပိုင်းလည်း မဖြစ်မနေ ပါခဲ့သည်။ သူတို့ အတော်ကြာအောင် ပျော်ပါးခဲ့သည်မှန် ပြောရန်ပင် မလိုတော့ပေ။

ယွင်ချဲ့၏ တင်ကို ၂ ချက် ရိုက်ပြီးနောက် ရှင်းဖုန်း လဲချလိုက်သည်။

“ငါ့အတွက်လည်း တစ်လိပ်ညှိပေး”

“ကိုယ့်ဘာသာ လုပ်ပါလား”

‘ငါ့တင်ကို ရိုက်ပြီးတော့ လာခိုင်းနေသေးတယ် ဆုတောင်းလေ’

ယွင်ချဲ့ စိတ်ထဲမှ တွေးကာ ဆေးလိပ် မီးညှိလိုက်ပြီး ရှင်းဖုန်းထံသို့ ပစ်ပေးလိုက်သည်။ ယွင်ချဲ့လည်း ဆေးလိပ်ငွေ့ကို မှုတ်လိုက်ပြီးနောက် ပါးစပ်ကို ဖွင့်ကာ ပိတ်ကာနှင့် အညောင်းအညာဖြေလိုက်သည်။ ရှင်းဖုန်း၏ ညီလေးက ရှည်လျားထူထဲပြီး အလွန်ကြာသဖြင့် ယွင်ချဲ့ သူ၏ပါးစပ်ကိုပင် မခံစားမိတော့ပေ။ ရှင်းဖုန်းကို နောက်နောင် ဘယ်သောအခါမှ bj မလုပ်ပေးတော့ဟု ယွင်ချဲ့ ကျိန်ထားလိုက်သည်။

“နှိပ်ပေးရဉီးမလား”

ရှင်းဖုန်း စိတ်မဆိုးဘဲ ယွင်ချဲ့ကိုကြည့်ကာ ပါးစပ်မှ ဆေးလိပ်ကို ယူထုတ်လျက် ကျန်လက်တစ်ဖက်ဖြင့် ယွင်ချဲ့၏ ဆွဲဆောင်မှုရှိသော ဗိုက်သားကို လာကိုင်လေသည်။

ဖြန်း

“ဖြစ်နေတာ ကျွန်တော့် ပါးစပ် ဗိုက်မဟုတ်ဘူး .. ဘယ်ကို လာကိုင် နေတာလဲ”

ယွင်ချဲ့လည်း ရှင်းဖုန်း လက်ကို ရိုက်ထုတ်ပြီး ဆေးလိပ်အသစ် တစ်လိပ်ယူကာ မီးညှိလျက် ထိုနေရာထဲ လဲအိပ်ကာ အနားယူ လိုက်သည်။

“နောက်တစ်ခါဆို အခြားနေရာနဲ့ လုပ်ပေး”

ယွင်ချဲ့ စိတ်မကောင်း ဖြစ်သကဲ့သို့ ပြောလိုက်သော်လည်း ခန္ဓာကိုယ်မှာ ပါးစပ်ကလွဲ၍ ဘယ်နေရာက လုပ်နိုင်စွမ်း ရှိမှာလဲ”

“ဘာလို့ ဒီလောက်ကြီး နေရတာလဲ”

ယွင်ချဲ့လည်း ဆေးလိပ်ငွေ့များ မှတစ်ဆင့် ရှင်းဖုန်းကို ကြည့်လိုက်သည်။ သတ္တိရှိပြီးကြောက်လန့်ခြင်း မရှိသော ချစ်သူကောင်လေး ရရှိထားသည်က ရှင်းဖုန်း အတွက် ကံကောင်းခြင်းပင်။ မဟုတ်လျှင် ရှင်းဖုန်း ခွင့်ပြုချက် ရနိုင်မည် မဟုတ်ပေ။

“မင်းကို စိတ်ကြိုက်လုပ်ဖို့”

ရှင်းဖုန်း အလွန် တုံးအသောကြောင့် ယွင်ချဲ့ လျစ်လျူရှု လိုက်သည်။ ဆေးလိပ် ကုန်သွားပြီးနောက် ယွင်ချဲ့လည်း ရေဘူးယူကာ ပလုတ်ကျင်း လိုက်ပြီး ကျန်သောရေကို ရှင်းဖုန်း ထံကမ်းပေးလိုက်သည်။

“မကြာခင် အဆင့် ၄ ဖုတ်ကောင်တွေကို ရင်ဆိုင်ရတော့မယ် ထင်တယ် အဲဒီအခါ အဆင့် ၄ သန္ဓေပြောင်း သတ္တဝါတွေနဲ့လည်း တွေ့ရဉီးမှာ … မြို့တော်ကနေ လိုအပ်တာတွေ ဒီကို အမြန်ပို့ထားခိုင်းမှ နောက်ဆို လေယာဉ်တွေလည်း သုံးဖို့ မလွယ်တော့ဘူး”

အဆင့် ၂၊ အဆင့် ၃ ဖုတ်ကောင်နှင့် သန္ဓေပြောင်း ကောင်များကို သုတ်သင်ရန် ခက်ခဲသဖြင့် အဆင့် ၄ ဆိုလျှင် ပို၍ပင် ခက်ခဲလိမ့်မည်ဖြစ်ပြီး စွမ်းအားမှာလည်း အဆင့် ၄ က ပို၍ပင် အားကြီးပေလိမ့်မည်။ ထို့အပြင် လူသားများထက် သန်မာသော သားရဲကောင်များလည်း ပေါ်ပေါက် လာနိုင်သည်။

“ပျံနိုင်တဲ့ သန္ဓေပြောင်း ကောင်တွေ ရှိလာမှာ စိုးလို့လား”

ရှင်းဖုန်းမှာ ဉာဏ်မမီသူ မဟုတ်သဖြင့် ယွင်ချဲ့ ပြောသော စကားကို ချက်ချင်းသဘောပေါက်လိုက်သည်။ ယွင်ချဲ့လည်း ခေါင်းညိတ်ကာ …

“အဲဒီ အကောင်တွေက သန္ဓေပြောင်းပြီးရင် သူတို့ရဲ့ မူလခန္ဓာကိုယ်ထက် ပိုကြီးလိမ့်မယ် … ပျံနိုင်တဲ့ အကောင်တွေကလည်း လေယာဉ်တွေကို ဖျက်ဆီး ကြလိမ့်မယ် ပြီးတော့ ငှက်ဖုတ်ကောင်တွေလည်း ရှိသေးတယ် … စခန်းတစ်ခုနဲ့တစ်ခု ဆက်သွယ်ဖို့ကလည်း ခက်သွားလိမ့်မယ် အဲဒါကြောင့် အခုအဆင်ပြေတုန်း လုပ်စရာရှိတာ အမြန်လုပ်ထားမှ”

“အင်း ငါလုပ်ထား လိုက်မယ် မနက်ဖြန် အဲဒီအချက်တွေကို ရှင်းဖုန်းနဲ့ တိုင်ပင်လိုက်မယ် … မင်းဒီရက်တွေ တာဝန် မသွားဘူးမလား”

“မသွားဘူး .. မတွေ့သင့်တဲ့ သူနဲ့ တွေ့ရဉီးမယ်”

“အင်းပါ .. မင်းအစ်မနဲ့ မကြာမကြာ စကားပြော ရဉီးမှာပဲ”

ယွင်ချဲ့က သူ၏အစ်မနှင့် မည်သည့် အကြောင်း ပြောဆိုရမည်ကို ရှင်းဖုန်းထက် ယွင်ချဲ့ ပိုသိနိုင်သည်။

“အင်းပါ … အိပ်ချိန်ရောက်ပြီ”

ရှင်းဖုန်းက ထိုကိစ္စကို အလွန် အလေးထားကြောင်း ယွင်ချဲ့ သိသည်။ ယွင်ချဲ့လည်း သူတို့နှစ်ယောက်ပေါ်ကို စောင်ဖြင့် အုပ်လိုက်ပြီး ရှင်းဖုန်း လက်မောင်းပေါ်တွင် လဲအိပ်လိုက်ရာ ယွင်ချဲ့ သက်သောင့်သက်သာ ရှိစေရန် သူ၏လက်ကို ပြန်ပြင်လိုက်သည်။

“ချန်ရဲ့ သွေးဆာလောင်မှုကို ထိန်းချုပ်ဖို့ နည်းလမ်း စဉ်းစား ထားသင့်တယ်နော်”

ကပ်ဘေး ကာလတွင် လူအများ သွေးထွက်သံယို ဖြစ်ကြပြီး ယွင်ချန် သွေးမြင်သည့်အခါ စိတ်ရိုင်း ဝင်လာလျှင် အခြေအနေမှာ ဆိုးဝါး သွားလိမ့်မည်။

“ရှာထားနိုင်ရင် ကောင်းတာပေါ့ … သူ့မှာ စွမ်းအားလည်း လုံလုံလောက်လောက် မရှိသေးဘူး ..အဆင့်နိမ့် အမြုတေက သူ့ကို အစွမ်းရှိရုံပဲ ဆိုပေမယ့် တကယ်လိုအပ်တဲ့ အဆင့် ၃ အမြုတေက ရဖို့ခက်တယ်”

ယွင်ချန် အကြောင်းပြောသည်နှင့် ယွင်ချဲ့၏ အကြည့်တို့မှာ အားလျော့ လာသည်။ အဆင့် ၃ ဖုတ်ကောင်က လူသားများ ထက်ပင် ပို၍ ကြမ်းကြုတ် တတ်သည်။ ထို့အပြင် ဖုတ်ကောင်များက နာကျင်မှုကို မခံစားရသဖြင့် အထိအခိုက် ဖြစ်မည်ကို ဂရုမစိုက်ကြပေ။ လူသားများက ဖုတ်ကောင်ကြောင့် အနာတရ ဖြစ်သွားခဲ့လျှင် ဖုတ်ကောင်အဖြစ် ပြောင်းလဲ သွားနိုင်သည်က အားနည်းချက်တစ်ခု ဖြစ်သောကြောင့် အဆင့် ၃ ဖုတ်ကောင်ကို အဆင့် ၃ စွမ်းအားရှင် တစ်ယောက်တည်း တိုက်ခိုက်နိုင်ရန် မဖြစ်နိုင်ပေ။

“ဒီစစ်ဆင်ရေးကနေ ငါတို့ အများကြီး သိရလိမ့်မယ် ထင်တယ် … မြို့တော်ကနေ သုတေသန အဖွဲ့တစ်ဖွဲ့လောက် ခေါ်လာရင်ရော .. ဖုတ်ကောင်တွေကို ကိုယ်တိုင် လေ့လာလို့ ရတာပေါ့”

ယွင်ချဲ့ကို ရှင်းဖုန်း ရုတ်တရက် ငုံ့ကြည့်ကာ အကြံပေး လိုက်သည်။

“အင်း….”

ယွင်ချဲ့ အတွေးများ သွားပြီးနောက် အတော်ကြာတော့မှသာ ခေါင်းညိတ် လိုက်သည်။

“တကယ်လို့ ခင်ဗျား ခေါ်နိုင်တယ်ဆိုရင် ကျွန်တော့်မှာ ပစ္စည်း ကိရိယာတွေ ရှိတယ် .. တကယ်လို့ မလောက်ဘူး ဆိုရင်လည်း ထပ်ရှာလို့ ရတယ်”

ရှင်းဖုန်း၏ အကြံပြုချက်ကို ယွင်ချဲ့ မငြင်းနိုင်ပေ။ ယွင်ချဲ့သည်လည်း ယွင်ချန် ဖြစ်လာနိုင်သော သွေးသား ဆာလောင်မှုကို ဖြေရှင်းရန် အတွက် ဖုတ်ကောင်များကို စစ်ဆေး စမ်းသပ်ချင်နေခဲ့သည်။ ယွင်ချန်၏ ဖုတ်ကောင်ဗီဇများ ပျောက်ကွယ် သွားစေရန် စိတ်ကူးယဉ်စွာ တွေးခြင်း မဟုတ်သော်လည်း သွေးကိုမြင်လျှင် ယွင်ချန် သူ၏စိတ်ကို ထိန်းချုပ်နိုင်ရန်ကိုသာ မျှော်လင့်နေသည်။

“ကိစ္စမရှိပါဘူး ငါလုပ်ပေးလို့ ရတယ်”

ရှင်းဖုန်းက ယွင်ချန်ကို သူ၏ညီအရင်း တစ်ယောက်ကဲသို့ မှတ်ယူထားသဖြင့် သူ့အတွက် တာဝန်ယူ ပေးရသည်ကို အလွန် ပျော်ရွှင်ရသည်။ နောက်ထပ် အချက်မှာ ယွင်ချဲ့နှင့် တစ်ထေရာတည်း တူသော သူတစ်ယောက် အသားနှင့်သွေးကို ဆာလောင်ခြင်းကြောင့် ရူးသွပ်သွားမည်ကို မမြင်လိုပေ။

“ဒါပေမယ့် ငါတို့ အမြုတေ ရှာတာရပ်လို့ မဖြစ်ဘူး .. သူ့ကို အဆင့်တိုးအောင် လုပ်တဲ့နည်းကပဲ သူ့ကို ကုပေးလို့ရတာ”

“သိပါတယ် ထိပ်ဉီး အဖွဲ့ကလည်း သိကြတယ် အဲဒါကြောင့် အမြုတေတွေကို ကြိုးစားရှာဖွေနေကြတာ”

လူအများစု ပစ္စည်းရိက္ခာကို မောပန်းစွာ စုဆောင်း နေကြချိန် ထိပ်ဉီး တစ်ဖွဲ့တည်းသာ အမြုတေများကို ရှာဖွေနေကြသည်။ ပစ္စည်းရိက္ခာများက ထိပ်ဉီး အဖွဲ့အတွက် အရေးမကြီးသဖြင့် တာဝန် ဆောင်ရွက်ရာတွင် ပစ္စည်း စုဆောင်းရင်းဖြင့် အချိန်မကုန်စေကြပေ။ သူတို့အတွက် စုဆောင်းရန် နေရာ အများအပြား မရှိသည်က တစ်ကြောင်းနှင့် သူတို့၏ အဖိုးတန် အချိန်များကို အလကား မကုန်ဆုံး စေချင်သောကြောင့်ပင်။

“ဒါပေမယ့် အကြောင်းက အဆင့် ၃ အမြုတေကို အားလုံး လိုချင်နေကြတာ … မဟုတ်ရင် …”

“သေစမ်း ! အဲဒါကို မေ့နေတာ”

ရှင်းဖုန်း စကားမဆုံးခင် ယွင်ချဲ့ ရုတ်တရက် ထထိုင်လိုက်ပြီး သူ၏လက်ထဲတွင် ကြက်ဥပုံစံ ပန်းရောင် အမြုတေတစ်ခု ပေါ်လာသည်။ ရှင်းဖုန်းလည်း ထိုင်လိုက်ပြီး …

“အဲဒါက သစ်ပင်ရဲ့ ပင်မနှလုံးသား မလား”

ထုံယန်းမြို့မှ ပြန်လာခဲ့စဉ်က ထိုအမြုတေကို ယွင်ချဲ့ သိမ်းလိုက်ကြောင်း အခြားသူများလည်း မြင်ခဲ့သည်။ ထိုနှလုံးသား၏ အကျိုးသက်ရောက်ပုံကို ရှင်းဖုန်း မေးမြန်းလိုသော်လည်း အရေးကြီးကိစ္စ ပေါ်ပေါက်လာသဖြင့် ယွင်ချဲ့ကို မမေးလိုက်ရပေ။ ယွင်ချဲ့သာ ထိုအမြုတေကို မယူထုတ်လိုက်လျှင် ရှင်းဖုန်းလည်း ထိုအကြောင်းကို မေ့မေ့ပျောက်ပျောက်ပင် ဖြစ်သွားတော့မည်။

“ဟုတ်တယ် အပင်ရဲ့ နှလုံးသားက ဖုတ်ကောင်တွေရဲ့ အမြုတေလိုပဲ ဒါပေမယ့် လုပ်ဆောင်ပုံက နည်းနည်း ကွဲပြားတယ် … ဖုတ်ကောင် အမြုတေက အင်အားပဲ ဖြည့်ပေးပြီး အပင်နှလုံးက လူသားတွေ ဖုတ်ကောင်တွေ အပြင် သန္ဓေပြောင်းသားရဲတွေ အတွက် ထပ်တိုး စွမ်းအားဖြစ်တဲ့ အသက်ဝင် လာနိုင်တဲ့ ထူးခြားတဲ့ အရည်အသွေး ရှိတယ် … ဒါက အဆင့် ၂ဆိုတော့ အသက်ဝင် စွမ်းရည် နည်းပေမယ့် ယွင်ချန် အတွက်ဆိုရင် ကိုက်ညီတယ်”

ယွင်ချဲ့ မှတ်မိသလောက် အတိတ်ဘဝတွင် အဆင့်မြင့် ပင်မ နှလုံးသားက အရိုးစုကိုပင် အသက်သွင်း နိုင်သည်အထိ စွမ်းအားရှိပြီး ထိုအစွမ်းမှာ အလင်းစွမ်းအား၏ ကုသနိုင်စွမ်းထက်ပင် ပို၍ သာလွန်သည်။ သစ်ပင်၏ ပင်မနှလုံးသား မလုံလောက်သည့် အချိန် ထိုအမြုတေများမှာ စိန်တုံးများ အလား အဖိုးတန်ပေသည်။ အတော်ဆုံး အဖွဲ့အချို့နှင့် စစ်တပ်က သာလျှင် ထိုပင်မ နှလုံးသားများကို ရရှိနိုင်သည်။

“ဒါဆို ဒီဟာကို ချန်ကို ပေးလိုက်ရအောင် .. ကြည့်ရတာ ငါတို့သွားတဲ့ လမ်းမှာ သန္ဓေပြောင်း အပင်တွေတွေ့ရင် နှိမ်နင်းရတော့မယ်”

သန္ဓေပြောင်း အပင်များတွင် သူတို့လိုအပ်သော အရာများ ရှိနေသဖြင့် အခြား ရွေးချယ်ရန် မရှိတော့ပေ။

ရှင်းဖုန်းမှာ တစ်ခါတလေ ငွေကြေး ပြတ်လပ် နေသကဲ့သို့ ခံစားရသဖြင့် ရယ်လိုက်သည်။

“အင်း ရှောင်ချန်ကိုပဲ ဘယ်လို ထူးခြားမလဲ ကြည့်တာပေါ့ … တကယ်လို့ အလုပ်ဖြစ်သွားရင် စစ်ဆင်ရေးက ပြန်လာတာနဲ့ တောင်ပေါ် တက်ရတော့မှာပဲ အပင်တွေ အဆင့်မမြင့်သွားခင် တတ်နိုင်သမျှ များများ ရှာထားရမယ်”

ယွင်ချဲ့က သူ၏ညီလေးအတွက် အရာရာကို စွန့်စားရန်အသင့်ပင်။

“မင်းနဲ့တော့ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး”

ယွင်ချဲ့ အတွက် သူကအရေးကြီးဆုံး သူမဟုတ်သည်ကို ရှင်းဖုန်း လက်ခံထားသည်။ ထို့နောက် ယွင်ချဲ့ နှာခေါင်းကို အသာညစ်ကာ …

“အိပ်တော့ .. မနက်ဖြန်မှ ဆက်လုပ်မယ်”

“အင်း”

ဘာမှ မရှိခြင်းထက် အနည်းငယ် မျှော်လင့်နိုင်ချေ ရှိခြင်းက ပို၍သာသည်။ သူတို့နှစ်ဉီးလည်း စကားမပြောတော့ဘဲ တစ်ယောက်ကိုတစ်ယောက် ဖက်ကာ အိပ်လိုက်ကြသည်။

နောက်တစ်နေ့ မနက်တွင် ထိပ်ဉီး အဖွဲ့သားများ စောစောထကာ လေ့ကျင့်ခန်း လုပ်ကြသကဲ့သို့ မူကြိုကျောင်းသား ချန်ချန် မှာလည်း စောစော နိုးနေလေသည်။ ကောင်းမွန်စွာ ဝတ်ဆင်ထားပြီး အိမ်ရှေ့ခြံထဲတွင် ဆောင့်ကြောင့်ထိုင်ကာ လက်ဝှေ့ထိုး ကစားနေသည်။

“ချန်ချန်ရေ အိမ်ထဲလာပြီး လက်ဆေးဉီးနော် မနက်စာစားမယ်”

ယွင်ယောင်က သူမ၏သားလေးကို အိမ်ထဲလာရန် ခေါ်လိုက်သည်။ ပုံမှန်အားဖြင့် ချန်ချန် အရင်ကျွေးပြီးနောက် လူကြီးများ စားသောက်ချိန်တွင် ချန်ချန်က သူ၏ ရှောင်ပိုင်လေးကို အစာကျွေးနေသည်။ မနက်စာ စားသောက်ပြီး နောက်တွင် ဝမ်စူးဟွာ သို့မဟုတ် ယွင်ယောင်က ချန်ချန်ကို မူကြိုသို့ လိုက်ပို့ပေးသည်။

“ဟုတ်ကဲ့ !”

ချန်ချန်လည်း ရပ်ကာ ပြန်ဖြေလိုက်သည်။

ဘုတ်

အထိုင်များခြင်းကြောင့်လား၊ ရုတ်တရက် ထလိုက်ခြင်းကြောင့်လားပင် ချန်ချန် ပြုတ်ကျ သွားလေသည်။ သူ၏ ပေါင်ရင်းနားမှ လှုပ်ယမ်း သွားခြင်းကြောင့် ချန်ချန် ထိတ်လန့် သွားသည်။ ချန်ချန် အမြန်ထကာ ကြည့်လိုက်စဉ် မြေပြင်မှာ ဘာမှ ထူးခြားမှုမရှိပေ။

“ငါမဝဘူး”

သူ၏ကိုယ်ပေါ်မှ အဆီများကို လှုပ်လိုက်ပြီး ချန်ချန် လက်မခံဟန်ဖြင့် ငြင်းဆန်နေလိုက်သည်။ သူ၏ဉီးလေးက ကလေး အဆီများ ဖြစ်ကြောင်း သူမဝကြောင်း ပြောခဲ့ဖူးသည်။

ချန်ချန် ကိုယ့်ကိုယ်ကို အားပေးကာ ဖုန်များကို ခါလိုက်ပြီး အိမ်ထဲသို့ ဝင်ပြေးသွားသည်။

“ချန်ချန်”

“ဉီးငယ်လေး ချန် !”

လှေကားမှ ဆင်းလာသော ယွင်ချန်ကို မြင်လိုက်ရာ ချန်ချန် စိတ်ညစ်နေခြင်းများ ပျောက်ကာ ပျော်ရွှင်သွားလေသည်။ ချန်ချန်က ခုန်တက်သဖြင့် ယွင်ချန် ကိုယ်ကို ကုန်းကာ ချီယူလိုက်သည်။

“သားက ဉီးငယ်ကို လွမ်းနေတာ”

“ဉီးငယ်လည်း လွမ်းပါတယ်”

ချန်ချန်က သူ၏လက်ဖောင်းဖောင်းလေးများနှင့် ယွင်ချန်ကို ဖက်ကာ နမ်းလိုက်သဖြင့် ယွင်ချန်လည်း တူလေးဖြစ်သူ၏ ပါးဖောင်းဖောင်းကို နစ်ဝင်သွားအောင် နမ်းလိုက်သည်။ ယွင်ယောင် လည်း ကြည့်ကာ ပြုံးလိုက်ပြီး ….

“ဒီတူဝရီးတွေ ဒီလောက် တွေ့နေကြတာ မရိုးကြဘူးနော် … ရှောင်ချန် .. ချန်ချန် ကိုခေါ်ပြီး လက်သွားဆေးလိုက်ဉီး”

“ဟီး !”

တူဝရီးနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ယွင်ယောင်ကို ပြုံးပြလိုက်သည်။ ယွင်ချန် နှင့်အတူ အောက်သို့ ဆင်းလာသော လန်ယဲ့ဟန်မှာ ယွင်ချန်က သူတို့၏သားလေးကို ချီထားသည့်အလား ချစ်စိတ်အပြည့်နှင့် ကြည့်နေလေသည်။ အလုပ်များရသော်လည်း အလွန်နွေးထွေးသော နေ့ရက်လေးပင်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset