YMR- အခန်း ၁၂၄

အခန်း (၁၂၄)

ယွင်ချဲ့ အိမ်ပြန် မရောက်ခင်ကပင် ရေစွမ်းအားကြောင်းမှာ ပျံ့နှံ့နေပြီး လူအများက ယွင်ချဲ့ ထံတွင် ရေစွမ်းအား အသုံးပြုပုံကို သင်ပေးရန် တောင်းဆိုမည်ဟု တွေးနေကြသည့် အပြင် အာဏာပိုင်များကလည်း အရေးတကြီး အစည်းအဝေးများ လုပ်နေကြသည်။ ဓါတ်ကြီးငါးပါး စွမ်းအားရှင်များက သာမန် အနေအထားသို့ ရောက်ကုန်ပြီး ရေစွမ်းအားက အလွန်ပင်ကျော်ကြားလာသည်။ ရေစွမ်းအားရှင်များမှာ စခန်းထဲရှိ ရေလိုအပ်သည့် နေရာများကို ဖြည့်ဆည်းပေးရုံသာ လုပ်ခဲ့ရသည်။ အကယ်၍ ရေစွမ်းအားက ထိုသို့ စွမ်းဆောင်နိုင်မည် ဆိုလျှင် စွမ်းအားရှင်များ အတွက် သာမက စခန်းအတွက်လည်း အကျိုးဖြစ်ထွန်း လိမ့်မည်။

ထိုကိစ္စများမှာ ယွင်ချဲ့နှင့် မဆိုင်သောကြောင့် သူ၏စိတ်ထဲတွင် ရှင်းဖုန်း၏ ဟင်းချက်ပေးမည်ဆိုသော ကတိကိုသာ အာရုံထားခဲ့သည်။ သူတို့ အိမ်ပြန် ရောက်သည်နှင့် ယွင်ယောင်ကို မီးဖိုခန်းထဲမှ ထွက်စေလိုက်ပြီး ရှင်းဖုန်းက အားလုံးအတွက် နေ့လယ်စာ ချက်ပေးတော့မည် ဖြစ်သည်။ ထိပ်ဉီးနှင့် ချောင်ယန်းအဖွဲ့တို့ကို တစ်ရက် ခွင့်စေလိုက်ပြီး ရှင်းဖုန်းက ထမင်းဟင်း ချက်နိုင်မည်ဟု မထင်ထားသဖြင့် အားလုံး အံ့အားသင့် သွားကြသည်။

“မမကူပေးဖို့ မလိုတာ သေချာလား”

စိတ်မချခြင်းများဖြင့် မီးဖိုခန်းထဲသို့ ၅ ကြိမ်မြောက် ရောက်လာသော ယွင်ယောင်မှာ တစ်ဖန် နှင်ထုတ် ခံလိုက်ရပြန်သည်။

“မလိုပါဘူး ကျွန်တော်တို့က တော်ပါတယ် မမရဲ့ မမသွားထိုင်ပြီး နေ့လယ်စာကို စောင့်နေလိုက် … ဒီနေ့ တစ်ရက်တော့ နားလိုက်နော် ခေါင်းဆောင် ရှင်းက ကျွန်တော့်ကို ကူခိုင်းထားတာပဲ”

ယွင်ယောင်ကို တွန်းထုတ်ကာ မီးဖိုခန်း တံခါးကို ယွင်ချဲ့ ပိတ်လိုက်သည်။ ယွင်ယောင်လည်း တံခါးရှေ့တွင် အတော်ကြာအောင် ရပ်ပြီးနောက် ခေါင်းခါလျက် ထွက်သွားလေသည်။ ချောင်ယန်း အဖွဲ့သားအချို့မှာ တာဝန်အတွက် ထွက်သွားသဖြင့် ယနေ့ နေ့လယ်စာ ပြန်စားကြမည် မဟုတ်ပေ။ ကူးမင်ရွှမ်း ကလည်း တစ်ဖက်အခန်းတွင် ယဲ့ရှင်းချန် နှင့်အတူ စစ်တပ်မှ စာတမ်းများကို ဖတ်ရှုနေသည်။

“စစ်တပ် ၃ ခု .. ၁ ခုစီကနေ အယောက် ၁ဝဝ … ၁ဝဝ စီထဲမှာ နယ်မြေ စွမ်းအားရှင်က ၂ယောက်စီပဲပါတာလား … အရမ်းနည်းတယ်လို့ မထင်ဘူးလား မျိုးစေ့တွေက တန်နဲ့ချီပြီး ရှိမှာ ၆ယောက်တည်းနဲ့ ဘယ်လို သယ်ရမှာလဲ”

စွမ်းအားရှိသော စစ်သားများ အကြောင်းကို သေချာ ဖတ်ရှုပြီးနောက် ယဲ့ရှင်းချန် စဉ်းစားလျက် ပြောလိုက်သည်။

“ဒါမှမဟုတ် ချဲ့နဲ့ ခေါင်းဆောင်ရှင်းကလည်း နယ်မြေ စွမ်းအားရှင်တွေ ဆိုတော့ တာဝန်တွေခွဲပေးချင်လို့ များလား”

“မဟုတ်ဘူး .. ငါတို့အတွက် နယ်မြေစွမ်းအားရှင် စစ်သားတွေ သူတို့မှာမရှိတော့ဘူး ထင်တယ်”

ကူးမင်ရွှမ်းက အကြောင်းရင်း အမှန်ကို သိထားသည့်အလား ခေါင်းခါ ပြလိုက်သည်။

“တခြား စွမ်းအားတွေလို မဟုတ်ဘဲ နယ်မြေစွမ်းအားက မလောက်မငှ ဖြစ်နေတာနော် .. ပုံမှန်ဆိုရင် အယောက် ၁ဝဝ မှာမှ နယ်မြေစွမ်းအားရှင် ၁ ယောက်ပဲရတာ။ ပြီးတော့ စွမ်းအားရှင် အများစုက သူတို့ရဲ့ စွမ်းအားတွေကို မထုတ်ပြချင်ကြဘူး။ အဲဒီတော့ သူတို့သိတဲ့ နယ်မြေစွမ်းအားရှင်က နည်းနည်းပဲရှိတယ် … ချောင်ယန်းအဖွဲ့ကြီးမှာဆိုရင် လူ ၃ဝဝရှိပေမယ့် နယ်မြေ စွမ်းအားရှင်က ၃ ယောက်ပဲ .. ခေါင်းဆောင်ရှင်း .. ဟောင်လင်းနဲ့ ယွီဝမ်းချင် အဖွဲ့ထဲက တစ်ယောက် သူတို့ပဲရှိတယ် … အခြားအဖွဲ့တွေ အတွက် ၁ ယောက်ရရင်တောင် တော်တော် ကံကောင်းပြီ ငါတို့ရဲ့မိတ်ဖက် အရှုံးသမားအဖွဲ့ကို ကြည့်လေ နယ်မြေစွမ်းအားရှင် တစ်ယောက်တောင် မရှိဘူး စစ်တပ်ကလည်း အဲဒီလို ဖြစ်နေနိုင်တယ် … သူတို့မှာ နယ်မြေ စွမ်းအားရှင် သိပ်မရှိပေမယ့် လုပ်ရတဲ့တာဝန်တွေက များတော့ ဒီစစ်ဆင်ရေးကို နယ်မြေစွမ်းအားရှင် စစ်သားတွေ အများကြီး မလွှတ်ပေးနိုင်ဘူး … တပ်ဖွဲ့တစ်ခုစီက ၂ ယောက်စီ ရတာနဲ့တင် ငါတို့ပျော်သင့်ပြီ အခြားစွမ်းအားရှင် အဖွဲ့တွေကို နယ်မြေစွမ်းအားရှင် တစ်ယောက်စီ ခေါ်သွားဖို့ တောင်းဆိုလိမ့်မယ် … ငါတို့မှာတော့ ခေါင်းဆောင် ယွင်နဲ့ ခေါင်းဆောင် ရှင်းတို့ ရှိနေတော့ သူတို့လာပြောကြမှာ မဟုတ်ဘူး”

မည်သည့် အဖွဲ့အစည်း၊ အသင်းအဖွဲ့၊ စစ်တပ်မဆို နယ်မြေ စွမ်းအားရှင်ကို တွေ့သည်နှင့် ထိုတစ်ယောက် အတွက် ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး သူတို့၏ ကိုယ်ရေး ကိုယ်တာနှင့် အကျင့်တရားတို့ကို ဂရုစိုက်မည် မဟုတ်ပေ။ တိုက်ခိုက်နိုင်စွမ်း မရှိသည့် အချို့သော နယ်မြေ စွမ်းအားရှင်များမှာ အထူးကာကွယ်ပေးရန် လိုအပ်သည်။

“ဪ နယ်မြေ စွမ်းအားရှင်တွေက သူတို့လုပ်ရမယ့် တာဝန်ရှိတယ်ပဲ ထင်ခဲ့တာ”

ကူးမင်ရွှမ်း၏ ရှင်းပြချက်ကို ကြားပြီးနောက် ယဲ့ရှင်းချန် ပြုံးပြလေသည်။ ပစ္စည်းရိက္ခာ သိမ်းဆည်းခြင်းကို သူတို့ လုပ်နိုင်စွမ်း မရှိခြင်းနှင့် မည်မျှပင် များပြားနေသော ပစ္စည်းဖြစ်ပါစေ ယွင်ချဲ့က လက်တစ်ချက် ဝှေ့ရုံဖြင့် အားလုံးကို သိမ်းဆည်း နိုင်သည်။ ထို့အပြင် ရှင်းဖုန်း၊ သူနှင့်အတူ အမြဲ အပြင်ထွက်သော ချူးဟောင်လင်း သည်လည်း နယ်မြေစွမ်းအားရှင် ဖြစ်သောကြောင့် ထိုစွမ်းအားကို အမှုမဲ့အမှတ်မဲ့ ထားခဲ့သည်။

“နယ်မြေ စွမ်းအားရှင်တွေက ဒီလောက် တန်ဖိုးကြီးမှန်း မသိခဲ့ဘူး”

ယဲ့ရှင်းချန် သာမက ထိပ်ဉီး တစ်ဖွဲ့လုံးလည်း ထိုအကြောင်းကို မသိခဲ့ပေ။

“မင်းဘဝက သက်သာခဲ့တာကို”

ကူးမင်ရွှမ်းလည်း ခေါင်းခါလျက် စာရွက်များကိုသာ ပြန်ကြည့် နေလိုက်သည်။ တစ်ဖွဲ့စီမှ စစ်သားများမှာ စွမ်းအား အဆင့်ချင်း တူညီနေကြသည်။ တပ်ဖွဲ့ တစ်ခုစီက အဆင့် ၃ စွမ်းအားရှင် ၂ဝ နှင့် ကျန်သော စစ်သားများက အဆင့် ၂ ဖြစ်ကြပြီး အများစုမှာ ဓါတ်ကြီးငါးပါးနှင့် နှုန်းမြင့် စွမ်းအားရှင်များ ဖြစ်ကြသည်။ မော့စစ်တပ်မှ လေစွမ်းအားရှင် တစ်ယောက်ပါပြီး စွမ်းအားများစွာရှိသောသူမှာ သူတို့ သိထားသူများမှ လွဲ၍ အခြား မရှိတော့ပေ။ ထို့အပြင် မော့ဝမ်းယန် ကိုသာ တွေ့မည် ဆိုလျှင်လည်း ကျန်သော ဝေ့စစ်တပ်နှင့် ဝမ်စစ်တပ်တို့ ခေါင်းဆောင်များမှာ ဗိုလ်ချုပ်အဆင့် ဖြစ်နေသည်။

“သူတို့တွေ လက်လျော့မယ့်ပုံ မပေါ်ဘူး … သူတို့က ဗိုလ်ချုပ်တွေ ဆိုပေမယ့် ဗိုလ်ကြီး မော့ ရဲ့အမိန့်ကို လိုက်နာရမယ် မဟုတ်လား”

စာရွက်များကို ကြည့်ပြီးနောက် အစည်းအဝေးမှ အများအပြား သင်ယူနိုင်ခဲ့သော ကျိုးဇယ်ယွီက သူတို့ကို မုန်းတီး သွားလေသည်။ အလွန် လောဘကြီးသော စစ်တပ်က အချို့စွမ်းအားရှင် အဖွဲ့များထက်ပင် ပို၍ ဆိုးဝါးသည်။

“အနည်းဆုံးတော့ သူတို့က နိုင်ထက်စီးနင်း ပြောကြတာပဲ”

စစ်တပ် အရာရှိများနှင့် မကြာခဏ တွေ့ဆုံနေရသော ကူးမင်ရွှမ်းက သူထင်ထားသကဲ့သို့ ဖြစ်လာသောကြောင့် အေးဆေးလျက်ပင်။

“ဒီစစ်ဆင်ရေးကတော့ ပိုပြီး ဆိုးဝါးမယ့်ပုံပဲ ငါတို့ကြုံနေကျ ဖုတ်ကောင်တွေ ထက်တောင် များနေနိုင်တယ် အဲဒီအခါ ယွင်ချဲ့ရဲ့ လေထု အလွှာကလည်း လူ ၄ဝဝ ကို ကာပေးနိုင်မှာ မဟုတ်ဘူး … ဒီမှာကြည့် ဒရုန်းကနေ ဗွီဒီယိုရိုက်ယူခဲ့တဲ့ ကျောင်းရဲ့နေရာပဲ ဖုတ်ကောင်တွေလည်း အရမ်းများတယ်”

ကူးမင်ရွှမ်း ပြောလျက် တက်ဘလက်ထဲမှ ဗွီဒီယိုကို ညွှန်ပြလေသည်။ အပေါ်စီးမှ ရိုက်ပြထားသော ဗွီဒီယိုထဲတွင် သန္ဓေပြောင်း အပင်များစွာ လှုပ်ရှားကြပြီး ရှိနေသော ပမာဏမှာလည်း သူတို့ကို မေ့လဲလုမတတ် ဖြစ်သွားစေသည်။

“အင်း… ဒါက ခွေးဖုတ်ကောင်လား .. ဒီမှာက တစ်ကောင်တောင် မကဘူးပဲ”

ဗွီဒီယိုကို သေချာကြည့် နေကြလေသည်။ တိရစ္ဆာန် ဖုတ်ကောင်များမှာ သာမန်ဖုတ်ကောင်များထက် နှိမ်နင်းရန် ခက်ခဲလှသည်။ အကောင်သေးလေ ပရိယာယ် ကြွယ်လေပင်။ ပြီးခဲ့သော တစ်ခေါက်က ကြောင်တစ်ကောင်ကို ကံကောင်းစွာဖြင့် သေချာဖြေရှင်း နိုင်ခဲ့သည်။ ထိုကြောင်၏ အစွမ်းက အလင်းမဟုတ်ဘဲ အခြားသော စွမ်းအား ဖြစ်နေခဲ့လျှင် သူတို့အတွက် အလွန် ခဲယဉ်းခဲ့လိမ့်မည်။

“ဘာပဲဖြစ်ဖြစ် အခုတစ်ကြိမ်တော့ သေချာ သတိထား ရတော့မယ် ခဏနေ ခေါင်းဆောင် .. ယွင်ချဲ့တို့နဲ့ ငါတိုင်ပင် လိုက်ဉီးမယ် ဒီစစ်ဆင်ရေးမှာ ဘယ်သူ့ကိုမှ မဆုံးရှုံးရဖို့ မျှော်လင့်တယ်”

ကူးမင်ရွှမ်းလည်း ဗွီဒီယိုကို ပိတ်လိုက်ပြီး စစ်တပ်မှ ပို့ထားသော မြေပုံများကို ဖွင့်ကြည့်လိုက်သည်။ ဉီးနှောက် အလုပ်လုပ်ခြင်းက ယဲ့ရှင်းချန်၏ အားသာချက် မဟုတ်သောကြောင့် သူတို့၏ကိုယ်ပိုင် တက်ဘလက်များဖြင့် ထိုဗွီဒီယိုများကိုသာ ကြည့်နေကြသည်။

မီးဖိုခန်းထဲတွင် ရှင်းဖုန်းမှာ မိုးပြာရောင် အေပရွန်ကို ဝတ်လျက် အသီးအရွက်များကို လျင်မြန်စွာ ဖြတ်တောက် ဆေးကြော နေလေသည်။ ယွင်ချဲ့မှာ ကောက်ကျစ်စွာ ပြုံးလျက် နံရံတွင်မှီနေပြီး အားလုံးအတွက် စွပ်ပြုတ်ကို ချက်ပြုတ်နေသော သူ၏လူကို ကြည့်နေသည်။ ယောက်ျားများက တည်ကြည်နေလျှင် ခံ့ညားသည်ဟု ပြောကြသော်လည်း ယွင်ချဲ့က ရှင်းဖုန်း ချက်ပြုတ်နေသည့် အချိန်တွင် အလွန် ကြည့်ကောင်းသည်ဟု ထင်မိသည်။

“ငါ့ကို ပိုချစ်လာတာလား”

ရှင်းဖုန်းမှာ ဟင်းအမယ်များ ဖြတ်တောက် နေသည်ကို မရပ်ဘဲနှင့် ယွင်ချဲ့ကို စောင်းကြည့်ကာ စနောက်လျက် မေးလိုက်သည်။ တစ်ချိန်တည်းတွင် အမဲသားများကိုလည်း နုပ်နုပ်စဉ်း လိုက်သည်။ အနောက်တောင် ဒေသ၏ ဒေသစားစရာ ဖြစ်သည့် အမဲစွပ်ပြုတ်စပ်ကို ချက်ပြုတ် နေခြင်းပင်။

“ဟုတ်တယ် အရမ်း ကြည့်လို့ ကောင်းတယ်! ခင်ဗျားကို အရမ်းချစ်တာပဲ! ကျွန်တော်သာ မိန်းကလေးဆိုရင် အခုချက်ချင်း ကလေးရအောင် လုပ်လိုက်ချင်တယ်”

ယွင်ချဲ့ စနောက်လျက် ရှင်းဖုန်း အနားသွားကာ လက်တစ်ဖက်က ပခုံးကို တင်လိုက်ပြီး နောက်တစ်ဖက်က ရှင်းဖုန်း မျက်နှာကို အသာပုတ် လိုက်သည်။

“ကလေးကတော့ မရသေးဘူး .. လောလောဆယ်တော့ ညတိုင်း ငါ့ခုတင်ကို နွေးအောင်လုပ်ပေးမယ့် သူတစ်ယောက်ပဲ လိုတယ်”

ရှင်းဖုန်းမှာ ထိုကောင်လေး နှင့်အတူ နေနိုင်ရန် စိတ်အား ထက်သန်နေသည်။ ယွင်ချဲ့လည်း ပြုံးပြလျက် ခြေဖျားထောက်ကာ ရှင်းဖုန်း ပါးကို နမ်းလိုက်သည်။

“အင်းပါ .. ကျွန်တော်လည်း မမကို နောက်တော့ ပြောမှာပါ မဟုတ်လည်း သူသိသွားမှာပဲ”

ယွင်ချဲ့မှာ အကြောင်းပြချက် မရှိဘဲ အချိန်ဆွဲသူ မဟုတ်သဖြင့် သူတို့အကြောင်း ယွင်ယောင်ကို ပြောပြရန် ကြံရွယ်လိုက်တိုင်း သူ၏အစ်မက မိသားစုမှာ သူ့အပေါ်ကိုသာ မှီခိုနေရကြောင်း၊ ချန်ချန်က သူနှင့်အတူ ဆော့ကစားရန် မောင်နှမဝမ်းကွဲများ လိုအပ်ကြောင်း အမြဲပြောလေ့ရှိသည်။ သူမက ထိုသို့ အမြဲပြောသဖြင့် ယွင်ချဲ့နှင့် ရှင်းဖုန်းတို့၏ ဆက်ဆံရေးကို သူမရိပ်မိနေသည်ဟု ယွင်ချဲ့ တစ်ခါတစ်ရံ တွေးမိသည်။

“သူငါတို့ကို သံသယဝင်နေတယ်လို့ ထင်တယ် .. မင်းအတွက် တစ်ခုခု ဖြစ်မနေဘူးလား”

ရှင်းဖုန်းမှာ ထိုကိစ္စအတွက် စိတ်မချမ်းမြေ့ ဖြစ်နေရသည်။ ယွင်ချဲ့ အကျပ်အတည်းဖြစ်နေရသည်ကို ရှင်းဖုန်း နားလည်သော်လည်း သူတို့၏အချစ်ကို ခိုးကြောင်ခိုးဝှက် မဖြစ်စေချင်ပေ။

“အဲဒီတော့ ဘာဖြစ်လဲ .. ယောက်ျားတွေက သူတို့ မပိုင်တာကို ပိုလိုချင်ကြတာ မသိဘူးလား ကျွန်တော်တို့ နှစ်ယောက်လုံး ယောကျ်ားလေးတွေလေ .. ဒီလောက်တော့ ကြုံရမှာပေါ့”

ယွင်ချဲ့လည်း ခရမ်းချဉ်သီး တစ်လုံးယူကာ ရေဆေးပြီး တစ်ကိုက် ကိုက်လိုက်သည်။ သူ၏လက်ကလည်း အီစီကလီ လုပ်ဟန်နှင့် အောက်သို့ဆင်းကာ ရှင်းဖုန်း တင်နားတွင် ရပ်သွားသည်။

“ဟင်းအမယ်တွေလည်း ပြင်ပြီးပြီ ဖယ်တော့ ဒီနေရာက ပူတယ် … ငါတို့တွေ နယ်မြို့ထဲက စျေးတစ်ခုခုကို သွားရအောင် ငါ့မှာ ငရုတ်သီးခြောက်တွေ သိပ်မကျန်တော့ဘူး”

ရှင်းဖုန်းလည်း သူ၏ဆိုးသွမ်းသော ပြောင်စပ်စပ် ကောင်လေးကို မည်သို့ လုပ်ရမည်ကိုမသိတော့ပေ။ ထို့နောက် ယွင်ချဲ့ လက်ကို ဖယ်လိုက်ပြီး မီးဖိုဖွင့်လျက် သူ၏ချက်ပြုတ် စွမ်းရည်ကိုပြသလေသည်။ ယွင်ချဲ့မှာ အဝေးတွင်ရပ်ကာ ခရမ်းချဉ်သီးကို ကိုက်လျက် ရှင်းဖုန်းကို ကြည့်နေသည်။ ရှင်းဖုန်းလည်း ဒယ်အိုးကို အပူပေးကာ ဆီထည့်လိုက်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းနှင့် ငရုတ်ဆီတို့ကို ထည့်ကာ ဆီသတ်လေသည်။ ခဏအကြာ မီးဖိုခန်းထဲတွင် ဟင်းအမွှေးအကြိုင် အနံ့မှာ ပျံ့သွားလေသည်။

“ကျွန်တော့်နယ်မြေထဲမှာ ငရုတ်ပင်တွေ စိုက်ရင်ရော … ခင်ဗျား အစပ်ကြိုက်တယ် မလား”

ယွင်ချဲ့လည်း အနောက်တောင် ဒေသသားပီပီ အစပ်ကြိုက်သူ တစ်ယောက်ဖြစ်သည်။ သို့သော် နယ်မြေထဲတွင် ဆန်စပါး၊ ဂျုံ၊ အသီးအရွက်များကိုသာ စိုက်ပျိုးကာ အလုပ်များ နေခဲ့သဖြင့် ငရုတ်ပင်များကို သူမေ့သွားခဲ့သည်။

“အိုကေ စိုက်လိုက်လေ .. အခြောက်လှန်းတာ ဖြစ်ဖြစ် ဒါမဟုတ် ငရုတ်ဆော့ လုပ်လို့ရတယ်”

ရှဲ

ရှင်းဖုန်း စကားပြောရင်းနှင့် နုပ်နုပ်စဉ်း ထားသော ဝက်သားများကို ဒယ်အိုးထဲသို့ ထည့်ကြော်လိုက်သည်။ ဝက်သားအရောင် ပြောင်းလာသည့်အခါ နုပ်နုပ်စဉ်းထားသော မျှစ်နှင့် ငရုတ်ပွအစိမ်းကို ထည့်လိုက်သည်။ ဒယ်အိုးကို အနည်းငယ်ကြာအောင် လှန်လှောပြီးနောက် ဝက်စင်းကောမှာ ငရုတ်ပွအစိမ်းနှင့် ကြော်ထားသဖြင့် အလွန်လှပကာ အရသာရှိသော ဟင်းတစ်ခွက် ပြီးသွားလေသည်။ ယွင်ချဲ့လည်း တူတစ်စုံယူကာ မြည်းစမ်းလိုက်ပြီး ရှင်းဖုန်းကို လက်မထောင်ပြလိုက်သည်။

“မမနီးပါး တော်တာပဲ ! ကြည့်ရတာ မမအိမ်ထောင် ထပ်ပြုသွားရင်တောင် ကျွန်တော့်််အတွက် ချက်ပေးမယ့်သူ ရသွားပြီပေါ့”

ဟင်းပွဲမှာ ပြီးပြည့်စုံလှသဖြင့် ယွင်ချဲ့ ထပ်ခါထပ်ခါ ယူစားနေမိလေသည်။

“ဒီတော့ ငါအောင်သွားပြီလား”

ဒယ်အိုးကို ဆေးကြောနေရင်း ရှင်းဖုန်း မေးလိုက်သည်။ နောက်တစ်ခုမှာ ရှင်းဖုန်း၏ အကြိုက်ဆုံး ဖြစ်သော ဝက်ဝမ်းတွင်းသားကြော်ပင် ဖြစ်သည်။ ငရုတ်သီးနှင့် ကြော်လှော်ရခြင်း ဖြစ်သောကြောင့် စပ်နိုင်ပြီး ပိုစပ်လေ ရှင်းဖုန်းက ပိုကြိုက်လေပင်။

“ဒါပေါ့ … ခင်ဗျား ဘယ်သူ့ကိုမှ bj မလုပ်ပေးဖူးဘူးလို့ ယူဆလို့ရလား”

ယွင်ချဲ့လည်း ရှင်းဖုန်းကို အနောက်ဘက်မှ ရုတ်တရက် ဖက်လိုက်သည်။ ရှင်းဖုန်းလည်း ခေါင်းကို နိမ့်ချလျက် မပြောမဆိုနှင့် စကားလမ်းကြောင်း ပြောင်းသွားသော ယွင်ချဲ့ကို လှည့်ကြည့်လိုက်သည်။

“ဘာဖြစ်လို့ …”

“ဘာမှ မဟုတ်ပါဘူး ဒီတိုင်း တွေးကြည့်တာ .. ခင်ဗျားက အစပ်ကြိုက်တယ် အဲဒီတော့ တစ်ယောက်ယောက်ကို bj လုပ်တဲ့အခါ အဲဒီတစ်ယောက်တော့ အောက်ပိုင်း တော်တော်ဒုက္ခရောက်သွားမှာပဲ”

“အမ် …”

ယွင်ချဲ့၏ တွေးနိုင်စွမ်းကြောင့် ရှင်းဖုန်းပင် ကြောင်အအနှင့် ခဏတာ တောင့်ခဲသွားပြီးနောက် ယွင်ချဲ့ တင်ကို အသာရိုက်လိုက်သည်။

“မင်းသိချင်ရင် ငါတို့ စမ်းကြည့်ကြမယ်လေ ..”

“ကျွန်တော်က နောက်တာပါ .. အတည်ကြီး မလုပ်နဲ့လေ”

ယွင်ချဲ့ သူ၏ညီလေး ဒုက္ခရောက်မှာတော့ အလွန် ကြောက်သည်။ ကိုယ့်ရှူးကိုယ် ပတ်သွားသဖြင့် ပြောမိတာ မှားလေခြင်းဟု တွေးလိုက်သည်။

“ငါတော့ ဘယ်လိုဖြစ်ဖြစ် အဆင်ပြေတယ် … မင်းငါ့ကို bjပေးရင်ရော ဘယ်လိုလဲ”

ရှင်းဖုန်းလည်း ဒယ်အိုးကို အပူပေးကာ ဆီထည့်လိုက်ပြီး အခွင့်အရေး ရတုန်း ဖမ်းဆုပ် ထားလိုက်သည်။ ထိုအချိန် သူ၏စိတ်ထဲတွင် သူ၏ခြေထောက်ကြား ရမ္မက်စိတ်များနှင့် အလုပ်ရှုပ်နေသော ယွင်ချဲ့၏ မျက်နှာကို မြင်ယောင်နေလေသည်။

“ဟီး အကြွေးမှတ်ထားလိုက်”

ထိုအကြောင်း ဆက်မပြောစေချင်တော့သဖြင့် ယွင်ချဲ့ ရယ်လိုက်သည်။ တစ်ခုခုလုပ်ရန်ပြောရန် ယွင်ချဲ့ ကြောက်လန့်ခြင်း မရှိဟု ထင်ကောင်း ထင်နိုင်သော်လည်း သူက လူပျိုသာရှိသေးသည်။ ထိုကိစ္စတွင် ရှင်းဖုန်း ကဲ့သို့ အေးဆေးစွာ မပြောနိုင်ပေ။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset