YMR- အခန်း ၁၂၂

အခန်း (၁၂၂)

‘ရေစွမ်းအားပိုင်ရှင်တွေက တိုက်ခိုက်နိုင်တယ်ပေါ့ လာနောက်နေတာလား’

ဝမ်ကွော်အန်း သာမက ထိုနေရာတွင် ရှိသော စွမ်းအားရှင်များ အားလုံးအပြင် မော့ဝမ်းယန်၊ ရှင်းဖုန်း၊ ကူးမင်ရွှမ်း၊ ယဲ့ရှင်းချန်နှင့် ကျန်းရှန်တို့ပင် ယွင်ချဲ့ နောက်နေသည်ဟုသာ ထင်နေကြသော်လည်း ယွင်ချဲ့ အကြောင်းသိကြသဖြင့် တီးတိုး ဆွေးနွေးနေကြသည်။

“ရေက တကယ် တိုက်ခိုက်လို့ ရလို့လား”

“မင်းနဲ့မင်းအဖွဲ့က အားကြီးတာ ငါတို့သိပါတယ် ခေါင်းဆောင် ယွင် … ဒါပေမယ့် ဒါက အရမ်းချဲ့ကားလွန်း မနေဘူးလား လူတွေကို နောက်တာ မကောင်းဘူး ငါတို့ …”

“တော်တော့”

ဝမ်ကွော်အန်းအား ယွင်ချဲ့ ငြင်းဆိုခွင့် မပေးဘဲ သူ့အား ရွေးချယ်နိုင်သည့် အခွင့်အရေးသာ ပေးလိုက်သည်။ သူသာ သဘောတူခဲ့လျှင် ဝမ်ကွော်အန်းကို ချေမှုန်းရန် မော့ဝမ်းယန်ကို ယ့င်ချဲ့ သင်ကြားပေးမည်ဖြစ်သည်။ အကယ်၍ သူသာ ငြင်းဆိုခဲ့လျှင် အခန်းထဲရှိသူများ အားလုံးက ဝမ်စစ်တပ်သည် ရေစွမ်းအား ပိုင်ရှင်နှင့် တိုက်ခိုက်ရမည်ကို ကြောက်ရွံ့သည့် စစ်တပ်ဟု သတ်မှတ်ခံသွားရမည် ဖြစ်သည်။ အာဏာပိုင်များ၏ ကိုယ်စားလှယ်များမှလွဲ၍ အခန်းတွင်းရှိ သူများအားလုံးသည် စခန်း၏ထိပ်တန်း စွမ်းအားရှင်များ ဖြစ်ကြသည်။ ထိုသတင်းသာ ပြန့်သွားခဲ့လျှင် သေချာပေါက် ဝမ် စစ်တပ်သည် ခေါင်းဆောင်ဖြစ်နိုင်မည့် အခွင့်အလမ်းထက် အရေးကြီးသည့် အရာများအား ဆုံးရှုံးရပေလိမ့်မည်။

“ဗိုလ်ချုပ် မော့သာ ရေစွမ်းအားကိုပဲ သုံးမယ်ဆိုရင် ငါအဆင်ပြေတယ်”

သေချာပေါက် ဝမ်ကွော်အန်းသည် ငတုံးမဟုတ်ပေ။ သဘောတူ လိုက်သော်လည်း ရေဆိုသည့် စကားလုံးကို အသားပေး ပြောသွားသဖြင့် မော့ဝမ်းယန် အနေနှင့် ရေစွမ်းအားကိုသာ သုံးရမည်ဖြစ်ကြောင်း ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

“ကောင်းပြီလေ ခင်ဗျားက ကမ္ဘာမှာ လူပါးအဝဆုံးသူပဲ … ဗိုလ်ချုပ် မော့က ရေမီးစွမ်းအား ပိုင်ရှင်ဆိုပေမယ့် ခင်ဗျားက ရေကို ပဲသုံးခိုင်းတယ်ပေါ့ ရေသာ အသုံးမဝင်ရင် ခင်ဗျား သူ့ကိုနာကျင်အောင် လုပ်မှာပဲ”

ဝမ်ကွော်အန်းသည် သူ၏အကြံကို လူအများ မရိပ်မိလောက်ဟု ထင်ခဲ့သော်လည်း ယွင်ချဲ့က သနားညှာတာမှု မရှိ သူ၏မျက်နှာဖုံးကို ခွာချလိုက်သည်။
ဝမ်ကွော်အန်း တွေဝေသွားပြီး သူခွန်းတုံ့ပြန် မပြောခင် ယွင်ချဲ့ ဖြတ်ပြောလိုက်သည်။

“ကောင်းတာက ရေစွမ်းအား ပိုင်ရှင်က သူ့ဘာသာ ချနိုင်တာပဲ ကောင်းပြီလေ ရေဆိုတော့လည်း ရေပေါ့ … ဗိုလ်ချုပ် မော့ သာ သူ့ကိုယ်ပိုင် အရည်ချင်းနဲ့ ခင်ဗျားကို နိုင်ခဲ့ရင်တောင် ရှိသမျှ ဆင်ခြေပေးပြီး သူက ခင်ဗျားထက် သာတာကိုငြင်းမှာပဲ အစည်းဝေးကလည်း တစ်နာရီကျော်လောက် ကြာနေပြီ ကျွန်တော်တို့ ပြောသင့်တာလည်း အကုန်နီးပါး ပြောပြီးပြီ … ခေါင်းဆောင်နေရာ ဘယ်သူရမလဲပဲ အခုထိ မဆုံးဖြတ်ရသေးတာ အခုလောလောဆယ်တော့ ဝေ့ စစ်တပ်က ပြိုင်ပွဲကထွက်သွားပြီ ဒါဆို မော့ စစ်တပ်နဲ့ ဝမ် စစ်တပ်ပဲ ကျန်ခဲ့တယ် .. ခင်ဗျားတို့က ကိုယ့်စစ်တပ်ရဲ့ ကိုယ်စားလှယ်တွေ ဆိုတော့ တိုက်ခိုက်ပြီး နိုင်တဲ့သူ ခေါင်းဆောင်လုပ်မယ် ဆိုရင်ရော”

လွန်ခဲ့သော တစ်မိနစ်ခန့်တွင် ယွင်ချဲ ထေ့ငေါ့ ပြောနေသော်လည်း အခုတွင် အလေးအနက် ပြောနေခြင်းဖြစ်သည်။ သူ၏မျက်နှာ အမူအရာမှာ မြန်ဆန်စွာ ပြောင်းလဲနေပြီး တစ်ဖက်တွင် လင်းရှန့် တို့မှာလည်း ယွင်ချဲ့ စကားကြောင့် အရှိုက်ထိ သွားကြသည်။

“ငါတို့ကထွက်ဖို့ ရွေးချယ်ခဲ့ရလို့လား အခွင့်အရေး တောင်ပေးခဲ့ကြလို့လား”

ယွင်ချဲ့ကြောင့်သာ မဟုတ်လျှင် သူတို့ရှုံးမည် မဟုတ်ပေ။ ထိုကိစ္စသည် ပေါ့သေးသေးမဟုတ်သောကြောင့် မော့ဝမ်းယန်နှင့် ဝမ်ကွော်အန်းတို့ မျက်မှောင်ကြုတ် လိုက်ကြသည်။ ယွင်ချဲ့အား မော့ဝမ်းယန် မယုံကြည်ခြင်း မဟုတ်။ သူသည် ယွင်ချဲ့ကို အိမ်စောင့်သားရဲဟု ခေါ်ခဲ့သော်လည်း ယွင်ချဲ့၏ စွမ်းရည်အပေါ် ယုံကြည်သည့်အပြင် ယွင်ချဲ့နှင့် ရှင်းဖုန်းတို့၏ ဆက်ဆံရေးကြောင့် သူ့ကို ယွင်ချဲ့ ဒုက္ခပေးမည် မဟုတ်ကြောင်း သူသိသည်။

အမှန်တရားမှာ ရေစွမ်းအားသည် တိုက်ခိုက်စွမ်းအား မဟုတ်ကြောင်း အထောက်အထား နှင့်တကွ ရှိနေသည်။ ရေစွမ်းအားကို သုံးကာ တိုက်ခိုက်သည့်သူ မရှိဖူးပေ။ မော့ဝမ်းယန်အား စိတ်ဒုက္ခ ရောက်စေသည်က ရေစွမ်းအား တစ်မျိုးတည်း သုံးကာ တိုက်ခိုက်ရမည ဆိုသော စကားကို ယွင်ချဲ့ သဘောတူလိုက်ခြင်းပင်။ မော့ဝမ်းယန်လည်း ကိုယ့်ကိုယ်ကို မသေချာသဖြင့် မဆုံးဖြတ်နိုင်သောကြောင်း ရှင်းဖုန်းကို ကြည့်လိုက်ရာ ရှင်းဖုန်က ခေါင်းညိတ် ပြလိုက်သည်။ မော့ဝမ်းယန် လည်း သတ္တိမွေးလိုက်ပြီ ..

“ကောင်းပြီ လုပ်ကြတာပေါ့”

ရှင်းဖုန်း ယုံကြည်ရာကို မော့ဝမ်းယန်လည်း ယုံကြည်သည်။ သူ၏ဝမ်းကွဲညီက ယွင်ချဲ့ကို ယုံကြည်လျှင် အလောင်းအစားကို သူစိန်ခေါ်ရဲသည်။ အကယ်၍ သူရှုံးနိမ့်သွားလျှင် ဝမ် စစ်တပ်က စွမ်းအားရှင် အဖွဲ့အစည်းအား လက်လွှဲ ယူသွားနိုင်သည်။ သို့သော် ထိပ်ဉီးနှင့် ချောင်းယန်၏ ခွင့်ပြုချက် မပါဘဲနှင့် ဝမ် စစ်တပ်သည် အဖွဲ့အစည်းကို အပြည့်အဝ အုပ်ချုပ်နိုင်ခွင့် မရှိပေ။
ဝမ်ဆကွာ်အန်း သည်လည်း ထိုကိစ္စကို သေချာစဉ်းစားနေသည်။ မော့ဝမ်းယန်က သူ့ကို ရေစွမ်းအားဖြင့် အနိုင်ယူနိုင်မည်ဟု မထင်သော်လည်း ယွင်ချဲ့၏ ထောင်ချောက်ဆင်ခြင်းဖြစ်နေမည်ကို သူစိုးရိမ်သည်။ ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ ခန်းမထဲသို့ ခြေချသည့် အချိန်မှစ အာဏာပိုင်များက သူတို့ကို အလျော့ပေး ထားကြသည်။ ယွင်ချဲ၏ အကြံသည် သူ့အကြိုက်ဖြစ်သော်လည်း သူ့အားကူညီရန် ပြောခြင်း မဟုတ်သည်ကို သူသိသည်။ သို့သော် အကြိုက်တွေ့စေသည့် အကြံဖြစ်သည့်အပြင် မော့ဝမ်းယန် သည်လည်း သဘောတူလိုက်ပြီ ဖြစ်သောကြောင့် သူငြင်းရန် မသင့်တော့ပေ။

“ကောင်းပြီလေ”

ယွင်ချဲ့၏ ရည်ရွယ်ချက်ကို မသိသော်လည်း မော့ဝမ်းယန် ခေါင်းညိတ် လိုက်သည်။

ဝမ်ကွော်အန်းလည်း သူ့ကိုယ်သူ သတိရှိရန်နှင့် ဖြတ်ထိုးဉာဏ် ရှိရန် သတိပေးနေမိသည်။

“ကောင်းပြီ နှစ်ဖက်လုံးက သဘောတူလိုက်ပြီ ဆိုတော့ ကျန်း လူကြီးမင်းက ပြိုင်ပွဲအတွက် နေရာလေး စီစဉ်ပေးနိုင်မလား”

ယွင်ချဲ့လည်း လှောင်ရယ်ဟန်ဖြင့် ကျန်းဝမ်ရှန်အား အကူညီ တောင်းလိုက်ရာ ထိုအပြုံးသည် ကာကွယ်ရေး ခေါင်းဆောင်အား မသက်မသာ ခံစားသွားရစေသည်။

“ခံတပ် အဆောက်ဦးထဲမှာ စစ်ရေးလေ့ကျင့်တဲ့ နေရာရှိတယ် မင်းတို့အဆင်ပြေရင် အဲဒီမှာပြိုင်ကြပေါ့”

“ကောင်းပြီ သွားကြမယ်”

ယွင်ချဲ့လည်း ထိုင်ခုံမှထကာ အကြောဆန့် လိုက်ပြီးနောက် တစ်စက္ကန့်လေးပင် သူ့အနားတွင် မနေချင်သော မော့ဝမ်းယန် ဆီသို့သွားကာ ပခုံးအား ဖက်လိုက်သည်။

“ဗိုလ်ချုပ်မို ကျွန်တော်တို့က အကြိုက်တူပုံ တယ် အဲ့နေရာကို တူတူသွားကြမလား”

အကယ်၍ တစ်စုံတစ်ယောက်က ဗိုလ်ချုပ်ကို ထိုသို့ ဆက်ဆံခဲ့လျှင် ထိုသူဒုက္ခရောက်မည်မှာ အသေချာပင်။ သို့သော် ယွင်ချဲ့မှာ ရှင်းဖုန်း နှင့်လည်း ရင်းနှီးပြီး သူ၏ဝမ်းကွဲကို ထိုသို့ပြုမူသည်မှာ ပုံမှန်ပင်ဖြစ်သည်။ ထို့အပြင် ထိပ်ဉီးအဖွဲ့သည် မော့ဝမ်းယန်အား အကြိမ်ကြိမ် ကူညီပေးခဲ့သဖြင့် သူတို့နှစ်ဦး တရင်းတနှီး ရှိနေသည်မှာ မထူးဆန်းပေ။

သို့သော် ထိုမြင်ကွင်းကို မြင်လိုက်သည့် ဝမ်ကွော်အန်းမှာ မျက်မှောင်ကြုတ်၍ နေသည်။ သူတစ်ယောက်တည်း မဟုတ်လဲ တခြား သူများသည်လည်း ယွင်ချဲ့၏ အကြံကို စဉ်းစား၍ မရကြပေ။

“ယဲ့ ဒီတခေါက် ခေါင်းဆောင်ယွင်က ဘာတွေ ကြံနေပြန်တာလဲ ငါခေါင်းရှုပ်နေပြီ”

“ဟုတ်တယ် မင်းတော့သိသင့်တာပဲ ငါတို့ကို ပြောပြဦးလေ”

“ရေစွမ်းအားသာ တိုက်ခိုက် စွမ်းရည်ရှိရင် ငါတို့အဖွဲ့က အင်အားကြီးမှာပဲ”

“ဟုတ်တယ် ဒါပေမယ့် အရမ်း မျှော်လင့်မနေနဲ့ဦး မင်းခေါင်းဆောင်ယွင်ကို သိပေမယ့် သူ့စကားမှန်မမှန်က သိရတာ မဟုတ်ဘူး”

“ငါတော့ လက်မခံဘူး ခေါင်းဆောင်ယွင်က စနောက်ရတာ ကြိုက်ပေမယ့် သူဘယ်တုန်းက သူ့စကားသူ ဖျက်ဖူးလို့လဲ”

အကုန်လုံး ထွက်သွားကြပြီးနောက် ထိပ်ဉီးနှင့် ရင်းနှီးသူများက ယဲ့ရှင်းချန်နှင့် ကျန်းရှန် နားသို့ ဝိုင်းအုံလာကြရာ ကျန်းရှန်က လျစ်လျူရှုမြဲ ဖြစ်သောကြောင့် အားလုံး ယဲ့ရှင်းချန် ဘက်သို့ လှည့်သွားကြပြီး ထပ်ဉီးနှင့် မရင်းနှီးသူများမှာ အချင်းချင်း ဆွေးနွေးနေကြသည်။ အခုချိန်တွင် သူတို့အသိချင်ဆုံးက ခေါင်းဆောင်ဖြစ်မည့်သူကို မဟုတ်ဘဲ ရေစွမ်းအားက အမှန်တကယ် တိုက်ခိုက်နိုင်စွမ်း ရှိမရှိကိုပင်။ မော့ဝမ်းယန်နှင့် ဝမ်ကွော်အန်းမှာ အလွန်တော်သည့် အရာရှိများ ဖြစ်သည်ကို သူတို့ သိထားကြသောကြောင့် မည်သူ ခေါင်းဆောင်ဖြစ်ဖြစ် ကိစ္စမရှိသည့်အတွက် သူတို့ဂရုမစိုက်ကြပေ။

“ငါလည်းမသိဘူး … ချဲ့ ဘာတွေးနေလဲသာ ငါသိရင် ငါလည်း ထိပ်ဉီးရဲ့ ခေါင်းဆောင် ဖြစ်နေလောက်ပြီပေါ့”

ယဲ့ရှင်းချန်က လူအုပ်ကိုပြုံးပြလျက် ပြန်ဖြေလိုက်သည်။ အိမ်၏အပြင်ဘက်သို့ ရောက်လျှင် စကားမပြောတော့သည့် ကျန်းရှန်မှာ လူအုပ်ထဲ ပျောက်သွားမည် စိုးသောကြောင့် ယဲ့ရှင်းချန် ဘေးတွင်သာ ကပ်နေလေသည်။ အခြားသူများ မည်သို့တွေးမည်ကို ဂရုမစိုက်ဘဲ ယဲ့ရှင်းချန်၏ လက်ကိုသာ မြဲမြဲကိုင်ထားသည်။ သူ၏စိတ်တွင် ယဲ့ရှင်းချန် တစ်ယောက်တည်းသာ အာရုံစိုက်ထားသည်။

“ခေါင်းဆောင် .. ရေက တကယ် တိုက်ခိုက်စွမ်းရည် ရှိတာလား”

ကူးမင်ရွှမ်း နောက်ဆုံးမှ ထလာပြီး ရှင်းဖုန်း အနားသို့ ကပ်ကာ အသံတိုးတိုးဖြင့် မေးသည်။ ထိုစကားပြောသူက အခြားသူဖြစ်ခဲ့လျှင် သူလှောင်ရယ် လိမ့်မည် ဆိုသော်လည်း ယခု ထိုစကားပြောသည့် သူမှာ ယွင်ချဲ့ ဖြစ်နေသည်။ ယွင်ချဲ့ကို သေချာသိသည့် သူများသည် ထိုသို့ အရေးကြီး လေးနက်သည့် ကိစ္စမျိုးကို ယွင်ချဲ့ အပြောင်အပြက် လုပ်မည် မဟုတ်ကြောင်း သိကြသည်။

“အဖြေကို သိနေတာပဲမလား ဒီနေ့အတွက် ကျွန်တော်တို့ အများကြီး ပြင်ဆင်လာခဲ့တာ … ချဲ့က ဝမ်ကွော်အန်းကို ကျွန်တော်တို့ရဲ့ ကြိုးစားမှုတွေကို အဖျက်ဆီးခံမယ်များ ထင်နေလား”

သူကိုယ်တိုင်ပင် မသိသော်လည်း ယွင်ချဲ့ကို ရှင်းဖုန်း ယုံကြည်သောကြောင့် ထိုကိစ္စနှင့် ပတ်သက်၍ ရှင်းဖုန်းမှာ အလွန် တည်ငြိမ်နေသည်။

“အင်း ချဲ့က အဲဒီလို အဖြစ်မခံလောက်ဘူး”

ကူးမင်ရွှမ်းလည်း မျက်မှန်ကို ပင့်တင်ရန်အလုပ် ယွင်ချဲ့က သူ၏မျက်မှန်ကို လှောင်ခဲ့သည်ကို တွေးမိသွားသောကြောင့် မျက်မှန်ကို ချွတ်သိမ်းလိုက်သည်။

“သခင်ရော သူ့အိမ်မွေးရော စိတ်ဓါတ ်မကောင်းကြဘူး .. အဲဒါကြောင့် ဟေးယွီက မကောင်းတဲ့ကောင် ဖြစ်နေတာ”

“ဟား…ဟား..ဟား”

ကူးမင်ရွှမ်း၏ ဆိုလိုရင်းကို သိသွားသဖြင့် ရှင်းဖုန်း ရယ်လိုက်သည်။ ယနေ့ ယွင်ချဲ့ အလွန်ပင်ကြမ်းပြနေပြီး ရယ်ရသော်လည်း ခံရသူက သူတို့နှင့် ရန်ဘက် ဖြစ်ပေတော့မည်။

“ဒါနဲ့ ရေကသာ တကယ့် တိုက်ခိုက် စွမ်းရည်ဆိုရင် ကျွန်တော်တို့ နောက်တစ်ဖွဲ့ ရလောက်တယ်”

ကူးမင်ရွှမ်းလည်း အဓိက အကြောင်းရာကို ပြန်လည် တွေးမိသွားသည်နှင့် ရုပ်တည်သွားပြီး မည်သူက အဖွဲ့ခေါင်းဆောင် ဖြစ်မည်ကို တွေးနေမိသည်။

“ရေစွမ်းအားပိုင်ရှင်က ဘယ်လို တိုက်ခိုက်လဲဆိုတာ ချဲ့ ငါတို့ကို ပြောပြဖို့ လိုသေးတယ်လေ”

မော့ဝမ်းယန်ကို ယွင်ချဲ့ သင်ပေးသော်လည်း လူတိုင်းအား ပြောပြမည်ဟု အာမ မခံနိုင်ပေ။ ယွင်ချဲ့ကို ရှင်းဖုန်း သေချာသိသည်။ ထိုသို့ အရေးကြီးကိစ္စကို အခြားသူများအား သူအလွယ်တကူ ပြောပြမည် မဟုတ်ပေ။

“အာ … အဲဒီအကြောင်းနဲ့ ခေါင်းဆောင် ကိုယ့်ကိုယ်ကို အလဲအလှယ် လုပ်ရင်ရော”

ထိုကိစ္စနှင့် ပတ်သက်၍ ကူးမင်ရွှမ်း မသေချာသော်လည်း ရွှတ်နောက်နောက်ဖြင့် ပြောလိုက်သည်။

“ကျွန်တော်က ကိစ္စမရှိပါဘူး ဒါပေမယ့် ပြဿနာက သူမျက်လုံး မှိတ်ပြတာလေးနဲ့တင် ကျွန်တော်က သူ့ဆီမှာ အရှုံးပေးပြီးသားပဲ … ကျွန်တော်က ဒီလိုလုပ်ဖို့ သင့်တော်မယ် ထင်လား”

ရှင်းဖုန်း ပွင့်လင်းစွာ ပြောလိုက်သော စကားကြောင့် ကူးမင်ရွှမ်းမှာ သူ့သိသမျှ ပြင်းထန်သည့် စကားလုံးများဖြင့် ခနဲ့၍ ပြောနိုင်ရန် ဆုတောင်း နေတော့သည်။
တစ်ဖက်တွင် ယွင်ချဲ့မှာ မော့ဝမ်းယန်၏ ပခုံးကို ဖက်ထားလျက်ပင်။ သူသည် လူအုပ်အား မရှောင်ဘဲ အစိုးရ၊ စစ်တပ်သုံးခု နှင့်အတူ လမ်းလျှောက် သွားသည်။ သို့သော် လေထုစွမ်းအားရှင် ယွင်ချဲ့က လေထုအလွှာနှင့် ကာရံထားသောကြောင့် သူတို့စကားပြောနေသည်ကို မည်သူမှ မကြားနိုင်ပေ။

“ချီးပဲ တကယ်ကြီးလား မင်းငါ့ကိုမဟုတ်က ဟုတ်က ပြောနေတာတော့ မဟုတ်ပါဘူးနော်”

ယွင်ချဲ့၏ လမ်းညွှန်မှုကို ကြားပြီးသည့်နောက် မော့ဝမ်းယန် အံ့သြလွန်း၍ မျက်လုံးများပင် ပြူးသွားသည်။ ယွင်ချဲ့ ပြောလိုက်သည့် ကိစ္စမှာ အလွန်အံ့သြဖွယ် ကောင်းလှသဖြင့် သူ၏မျက်လုံးများတွင် မယုံကြည်ခြင်း၊ အံ့သြခြင်းနှင့် သံသယများဖြင့် ပြည့်လေလေသည်။

“ကျွန်တော်က ဘာလို့ လျှောက်ပြောရမှာလဲ ဒါပေမယ့် သွေးနားထင် မရောက်သွားနဲ့ဦး … ကျွန်တော်က နည်းလမ်းပဲပြောပြတာ အဲဒါကို ခင်ဗျား ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဆုပ်ကိုင်ထားဖို့ လိုတယ် … ကျွန်တော်တို့ရဲ့ အားထုတ်မှုတွေကို အလကား မဖြစ်စေနဲ့”

ယွင်ချဲ့လည်း မော့ဝမ်းယန်ကို မျက်လုံးလည်ကာ ကြည့်လိုက်ပြီး ဆေးလိပ်မီး ညှိလိုက်သည်။ ဘောင်းဘီ အိတ်ကပ်ထဲသို့ လက်နှစ်ဖက်ထည့်၍ ဆေးလိပ်သောက်နေသည့် ယွင်ချဲ့၏ပုံစံမှာ လမ်းသရဲနှင့် တူနေသည်။

“ငါ့ကိုအထင်မသေးပါနဲ့ ငါကမင်းလူလောက် မတော်ပေမယ့် ငတုံးမဟုတ်ဘူး”

ယွင်ချဲ့ကို စွေစောင်းကြည့်ကာ မော့ဝမ်းယန် တုံ့ပြန်လိုက်သည်။

“ဪ ဟုတ်လား ကျွန်တော် မျှော်လင့်နေပါ့မယ်”

ယွင်ချဲ့၏ ဂရုမစိုက်သော အပြုအမူကြောင့် မော့ဝမ်းယန် ဒေါပွလာရသည်။

“ဟေး ငါ့ကိုနည်းနည်း ချီးကျူးပေးဦး မင်းပြောတာက နာကျင်ရတယ် ငါက တိုက်ပွဲဝင်ရတော့မှာကို”

“တစ်ယောက်ချင်း လက်ရည်ယှဉ်တာက တိုက်ပွဲလား နောက်နေတာလား”

ယွင်ချဲ့ အထင်သေးလိုက်ခြင်း မဟုတ်သော်လည်း ထိုတိုက်ပွဲမှာ အမှန်တကယ် တစ်ယောက်ချင်း ယှဉ်တိုက်ရမည် ဖြစ်သည်။ တိုက်ပွဲမှာ ထိုသို့ လွယ်ကူလျှင် ယခု ကပ်ဘေးကြီးတွင် ယွင်ချဲ့ ဘုရင်ဖြစ်နေမည် ဖြစ်ပြီး ဘဝသည်လည်း ပင်ပန်းခက်ခဲတော့မည် မဟုတ်ပေ။

“ဘာလို့မဟုတ်ရမှာလဲ တစ်ယောက်ချင်းက ဂိမ်းဆော့တာမှ မဟုတ်တာ”

မော့ဝမ်းယန်သည် သူ၏စကားစစ်ထိုးခြင်း အပေါ် ယုံကြည်မှု မရှိသော်လည်း သူသည် အရှက်မရှိသော မော့ဝမ်းယန် ဖြစ်သောကြောင့် ဂရုမစိုက်ပေ။

“ဟုတ်ပါပြီ ဟုတ်ပါပြီ … ဘာပဲဖြစ်ဖြစ် ခင်ဗျားက တော်တော် အရှက်မရှိတာပဲ အကောင်းဆုံး ကြိုးစား ဟုတ်ပြီလား … ရေစွမ်းအားကို ဘယ်လို အသုံးချရမလဲဆိုတဲ့ အကြောင်း ဘယ်သူ့ကိုမှ မပြောဘူးဆိုတဲ့ သဘောတူညီချက်သာ မမေ့နဲ့”

“စိတ်မပူနဲ့ .. နေပါဦး မင်းဘယ်သူ့ကို အရှက်မရှိလို့ ခေါ်လိုက်တာလဲ”

မိတ်ဆွေဟောင်းများ ကဲ့သို့ အချင်းချင်း ကျီစားနေကြပြီး သူတို့၏ ယခုပုံစံကို ကြည့်ကာ အစည်းအဝေး မတိုင်ခင်က ယွင်ချဲ့ကို မကောင်းဆိုးဝါး တစ်ကောင်အလား မော့ဝမ်းယန် ကြောက်လန့်တကြား ရှောင်နေခဲ့ပြီး မော့ဝမ်းယန်နှင့် ယွင်ချဲ့တို့ သုံးကြိမ်သာ တွေ့ဖူးသည်မှာ ယုံနိုင်ဖွယ်ရှိမည် မဟုတ်ပေ။ အချို့သူများမှာ သူငယ်ချင်းဖြစ်ရန် ရေစက်ရှိကြပြီး သူတို့သည် သူငယ်ချင်းဖြစ်သည့်ပုံ မပေါ်နိုင်သော်လည်း အရေးကြုံ လာသည့်အခါ တစ်ဦးကိုတစ်ဦး အကြွင်းမဲ့ ယုံကြည်ကြသည်။ မော့ဝမ်းယန်နှင့် ယွင်ချဲ့သည် ထိုကဲ့သို့သော သူငယ်ချင်းများ ဖြစ်ပေသည်။
တစ်ဖက်တွင် အခြားသူတို့မှာ သူတို့၏လှုပ်ရှားမှုတို့ကို မြင်ရသော်လည်း အသံကို မကြားရသဖြင့် အလွန်ရင်းနှီးသော သူငယ်ချင်းကောင်းများ ဖြစ်မည်ဟု ကောက်ချက် ချလိုက်ကြသည်။ ထိုကောက်ချက်ချမှုသည် အစိုးရနှင့် အခြားစစ်တပ်နှစ်ခု၏ ကိုယ်စားလှယ်များ အထူးသဖြင့် မော့ဝမ်းယန် နှင့်ပြိုင်မည့် ဝမ်ကွော်အန်းကို နေမထိ ထိုင်မသာ ဖြစ်စေသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset