YMR- အခန်း ၁၂၁

အခန်း (၁၂၁)

“ကိုယ့်တပ်ကိုတောင် မအုပ်ချုပ်နိုင်ဘူးလား … ဗိုလ်ချုပ် လင်း .. ကိုယ့်ရာထူးအလိုက်ရော လုပ်နိုင်ရဲ့လား”

အထုံထိုင်းဆုံး သူတောင်မှ လင်းရှန့် စနောက် ပြောဆိုနေသည်ဟု ပြောနိုင်သော်လည်း ယွင်ချဲ့မှာ လေးနက်ခြင်း အပြည့်ဖြင့် တည်ကြည်နေသော သူ၏မျက်နှာသည် ထေ့ငေါ့ ပြောဆိုနေကြောင်း သိသာလှသည်။ ယဲ့ရှင်းချန်လည်း ယွင်ချဲ့ ဘေးတွင်ထိုင်ကာ ဟန်လုပ်ပြုံးလျက် …

“အားနာပါတယ် ကျွန်တော်တို့ ခေါင်းဆောင်က ပွင့်ပွင့်လင်းလင်း ပြောတတ်သူပါ … သူဆိုလိုတာက ဗိုလ်ချုပ် လင်း ခင်ဗျားက ကိုယ့်ရဲ့ တပ်ဖွဲ့ကိုတောင် မအုပ်ချုပ်နိုင်မှတော့ ဒီပူးပေါင်း စစ်ဆင်ရေးအတွက် သင့်တော်တဲ့ အရာရှိ မဟုတ်ဘူးလို့ ပြောတာပါ … အဲဒီတော့ ဗိုလ်ချုပ် မော့ မဟုတ်ရင် ဗိုလ်ချုပ်ဝမ်ပေါ့ ကျွန်တော်တို့ကတော့ ဗိုလ်ချုပ်မော့ ကိုမဲပေးတယ်”

ကပ်ဘေးတိုင်ခင်က ယဲ့ရှင်းချန်သည် အခန်းကဏ္ဍ အစုံတွင် ပါဝင်ခဲ့သော နာမည်ကျော် တစ်ယောက်ဖြစ်ခဲ့သည်။ စခန်း၏ အရေးကြီး ပုဂ္ဂိုလ်များ စုဝေးနေသော အခန်းထဲတွင် သူသည် သူ၏နေရာတွင် ထိပ်ဆုံးက ရပ်တည်နေလျက်ပင်။ ယဲ့ရှင်းချန် ပြောသည့် စကားတို့မှာ သူဆိုလိုသည့် သဘောများ ဖြစ်သောကြောင့် ယွင်ချဲ့ စကားဖြတ် မပြောပေ။

သို့သော် အချို့သူများအတွက် ထိုစကားမှာ စော်ကား ပြောဆိုခြင်းဟု ခံစားရနိုင်သည်။

“ငါသိသလောက်တော့ မင်းက ထိပ်ဉီးအဖွဲ့ရဲ့ သာမန်အဖွဲ့ဝင် တစ်ယောက်ပဲမလား … ခေါင်းဆောင်ရဲ့ စကားကို ဖြတ်ပြောတာကလည်း မင်းတို့ ခေါင်းဆောင်က အဖွဲ့ကို သေချာမစီမံ နိုင်တာများလား”

ယွင်ချဲ့ကို လင်းရှန့် သည်းခံနေခြင်းမှာ သူမဖြစ်မနေ လုပ်ရမည် ဖြစ်သောကြောင့်ဆိုသော်လည်း သရုပ်ဆောင် တစ်ယောက်ဖြစ်ခဲ့သူက စည်းကျော်ခွင့် မရှိပေ။ မျက်နှာပျက်နေသည့် လင်းရှန့် ဟန်ဆောင်ပြုံးကာ ပြန်လည် ချေပလိုက်သည်။

“ဟားဟား ဆိုးရွားလိုက်တဲ့ နှိုင်းယှဉ်ချက်ပဲ ဗိုလ်ချုပ်လင်း … ထိပ်ဉီးအဖွဲ့က မိသားစုလိုပဲ ကျွန်တော့် ခေါင်းဆောင်ကို ကျွန်တော်လေးစားတယ် ဒါပေမယ့် သူကမိသားစုဝင် တစ်ယောက်လိုပဲလေ … ကျွန်တော်တို့ မိသားစုထဲမှာ လူမှုရေး အစဉ်လိုက်ဆိုတာ မရှိဘူး အဖွဲ့ကောင်းဖို့ အတွက်ဆိုရင် ဘယ်သူမဆို အဖွဲ့ကိုယ်စား ပြောဆိုလို့ရတယ် ဟုတ်တယ်မလား ချဲ့”

လင်းရှန့်၏ ပုတ်ခတ်ပြောဆိုသော စကားကို ယဲ့ရှင်းချန် အပြုံးနှင့်သာ တုံ့ပြန်လိုက်သည်။ စကားပြောပြီးနောက် ယွင်ချဲ့ ရှိရာဘက်သို့ လှည့်ကာ သဘောတူညီမှုတောင်းခံလိုက်သဖြင့် ယွင်ချဲ့လည်း သာမန်ကာလျှံကာဖြင့် ခေါင်းညိတ် လိုက်သည်။

“အင်း ငါတို့ကမိသားစုပဲ ဒါမျိုးက ကိစ္စမရှိဘူး ရှင်းချန် ပြောချင်တာသာပြော အနောက်မှာ ကျွန်တော်ရှိတယ်”

ယွင်ချဲ့ ပြောလိုက်သည့် စကားကြောင့် တစ်ခန်းလုံးအား တိတ်ဆိတ် သွားသည်။ လုပ်ပိုင်ခွင့် လွှဲပေးသည့် နေရာတွင် ယွင်ချဲ့ အတော်ပင် ရက်ရောမှုရှိသည်။ စစ်တပ် မဆိုထားနှင့်၊ ခန်းမအတွင်းရှိ တခြားသော ခေါင်းဆောင်များပင် လုပ်နိုင်စွမ်းမရှိပေ။

“ဟဲ..ဟဲ..”

ယဲ့ရှင်းချန်၏ မျက်နှာလင်းလက် သွားသော်လည်း လင်းရှန့် ရှိရာဘက်သို့ လှည့်လိုက်သည့်အခါ သူ၏အပြုံးများ ပျောက်ကွယ် သွားလေသည်။

“ထိပ်ဉီးက ကိုယ်ပိုင်အဖွဲ့ဆိုတော့ ဟုတ်တာပေါ့ … ဒါပေမယ့် ဝေ့စစ်တပ်လို နိုင်ငံရဲ့လက်နက်ကိုင် စစ်တပ်ကတော့ စစ်သားကို ကိုယ့်မိသားစုလို မြင်လို့မရဘူး ဗိုလ်ချုပ်လင်း … စောနက ဟာသက ခင်ဗျားရဲ့ ကောက်ချက်ချတဲ့အပေါ် တုံ့ပြန်လိုက်တာပဲ ထိပ်ဉီးအဖွဲ့က နိုင်ငံလက်နက်ကိုင် တပ်နဲ့ လားလားမှမတူဘူး တကယ်လို့တူခဲ့ရင်လည်း ခင်ဗျားလိုတည်ရှိမှုမျိုး ရှိမှာမဟုတ်ဘူး”

ယွင်ချဲ့၏ မကြာခဏ လှောင်ပြောင်ခံရခြင်း၊ ကစားခံရခြင်းအပေါ် လင်းရှန့် မည်မျှ ဒေါသဖြစ်နေသည်ကို သူသိသည်။ ထိုအရာမှာ ခံရခက်သော်လည်း စိတ်မကောင်းစွာပင် ထိုကဲ့သို့ လှောင်ပြောင်ခံရခြင်း အပေါ် လင်းရှန့်၏ တုံ့ပြန်မှုက မှားယွင်းနေသည်။ သူလုပ်ရမည်မှာ ပွင့်လင်းစွာ ငြင်းပယ်လိုက်ခြင်း သို့မဟုတ် လက်ခံလိုက်ရန်သာ ဖြစ်ပြီး လောဘကြီးလွန်းသည်ကလည်း သူ၏အမှားပင်။ တစ်ချိန်တည်းပင် သူ၏ဘေးစွမ်းအားရှိသည့် သူများ ပိုင်ဆိုင်ထားလျက်နှင့် ယွင်ချဲ့ကို ဆန့်ကျင်နေခြင်းမှာ မဖြစ်နိုင်သော အရာပင်။

“မင်း !”

မျက်မှန် နောက်ကွယ်မှ လင်းရှန့်၏ မျက်လုံးများမှာ မီးတောက်နေပြီး အကြည့်တို့မှာလည်း ယဲ့ရှင်းချန် ကိုက်စားတော့မည့် အလားပင်။ လင်းရှန့်၏ ဘေးတွင် ရပ်နေသူများ သူ့ကိုမဆွဲထားလျှင် ဒေါသများ ပေါက်ကွဲ သွားပေလိမ့်မည်။

“ဆောရီး ငါတို့ဗိုလ်ချုပ်က နောက်နေတာပါ .. ဒါပေမယ့် ဗိုလ်ချုပ်မော့က စွမ်းအားရှိတဲ့ စစ်သားတွေကို အုပ်ချုပ်ဖို့ မသင့်တော်ပါဘူး စစ်တပ်တစ်ခုစီက အရာရှိတစ်ယောက်စီ လွှတ်ပြီး သူတို့တွေကို ဆုံးဖြတ်ခိုင်းရင်ရော ဘယ်လိုလဲ”

ထိုအခြေအနေကို ပြန်လည် ငြိမ်သက်သွားရန် လုပ်ရတော့မည် ဖြစ်သောကြောင့် လင်းရှန့် ဘေးရှိ ဒုဗိုလ်ချုပ်က သူ၏အကြံပြုချက်ကို ပြောလေသည်။ သူတို့မှာ စိတ်လိုက်မာန်ပါ လုပ်မရသကဲ့သို့ ဗိုလ်ချုပ်မော့ အင်အားကြီး လာမည်ကိုလည်း မလိုလားပေ။

“ဒီလိုအရေးကြီးတဲ့ စစ်ဆင်ရေးမျိုးမှာ အာဏာအပြည့်ရှိတဲ့ အရာရှိမရှိရင် လွယ်မယ်ထင်လား”

ထိုဒုဗိုလ်ချုပ်ကို ကြည့်လျက် ရှင်းဖုန်း မျက်နှာကို တင်းထား လိုက်သည်။ စစ်တပ်ထဲတွင် အကြီးဆုံး တပ်သားတစ်ယောက် ဖြစ်ခဲ့သည့် ထိုသူရှေ့တွင် ဒုဗိုလ်ချုပ် ကြောက်လန့်နေမိသည်။ သူသည် စစ်တပ်မှ ထွက်သွားသည်မှာ ငါးနှစ်ကြာပြီ ဖြစ်သော်လည်း သူ၏သြဇာအာဏာ အပြည့်နှင့် အသွင်အပြင်မှာ ကျန်ရှိနေသေးသည်။

“ခေါင်းဆောင် ရှင်း ပြောတာမှန်တယ် ခေါင်းဆောင် တစ်ယောက်တော့ရှိရမယ် .. ဒါပေမယ့် ငါသိသလောက်တော့ ဗိုလ်ချုပ် မော့က အဆင့် ၃ ရေစွမ်းအားရှင် ဆိုပေမယ့် တိုက်ပွဲတွေမှာ ရေကသိပ်တော့ မသုံးမဝင်တာကို အားလုံးလည်း သိနေတာပဲလေ … ရေစွမ်းအားပိုင်ရှင် အကောင်းဆုံး လုပ်နိုင်တာဆိုလို့ ငါတို့ကို ရေသန့်ပေးတာပဲ ရှိတယ် သာမန်စစ်ဆင်ရေးလောက်ဆို ကိစ္စမရှိပေမယ့် ဒီတစ်ခုကတော့ ခက်ခဲပြီး အန္တရာယ်များတယ်.. ဗိုလ်ချုပ် မော့က သင့်တော်တဲ့ ခေါင်းဆောင်ပုံ မပေါက်ဘူး တိုက်ရည်ခိုက်ရည်ကောင်းတဲ့ ခေါင်းဆောင်မျိုး လိုတယ်ထင်တာပဲ”

အချိန်အတော်ကြာ တိတ်ဆိတ် နေခဲ့သည့် ဝမ်ကွော်အန်းက ရုတ်တရက် သူ၏အတွေးကို ပြောလေသည်။ သူ၏ ရည်ရွယ်ချက်မှာ ရှင်းဖုန်း၊ ယွင်ချဲ့နှင့် မော့ဝမ်းယန်တို့ကို မဲပေးကြသဖြင့် သူသည်လည်း ခေါင်းဆောင်ဖြစ်နိုင်သည့် အခွင့်အရေးကို လိုချင်နေက ထင်ရှားလှသည်။

သို့သော် သူ၏စကားက လူတချို့ကို စိတ်ယိုင် သွားစေသည်။ ရေသည် တိုက်ခိုက်နိုင်သည့် စွမ်းအားမျိုး မဟုတ်ပေ။ စစ်ဆင်ရေးသည် အမှန်ပင် ခက်ခဲသဖြင့် တိုက်ရည်ခိုက်ရည် ကောင်းသည့်သူများ ပါဝင်သည့် အဖွဲ့သာလျှင် အသက်ရှင်လျက် ပြန်လာနိုင်ရန် အခွင့်အရေးများသည်။

“ငါ့ကိုအရမ်းကြီး စိတ်ဝင်စားနေမယ်လို့ မထင်ခဲ့ဘူး ဗိုလ်ချုပ် ဝမ် .. ငါ အခု အဆင့် ၃ ဖြစ်နေတာကို မင်းသိနေလို့ အံ့သြသွားတာပဲ ဒီသေစေနိုင်တဲ့အထိ အန္တရာယ်များတဲ့ စစ်ဆင်ရေးကို မသွားနိုင်အောင် လုပ်ပေးလို့ ငါမင်းကို ကျေးဇူးတင်သင့်လား”

မော့ဝမ်းယန် ၏စွမ်းအားမှာ သူ၏တစ်ခုတည်းသော အားနည်းချက် ဖြစ်ကြောင်း အားလုံးသိကြသည်။ သို့သော် ဝမ်ကွော်အန်းသာ ခေါင်းဆောင် ဖြစ်သွားလျှင် အရှက်ရဖွယ်ပင်။

“မလိုပါဘူး ဗိုလ်ချုပ် မော့ .. ငါတို့က နိုင်ငံအတွက် အမှုထမ်းနေတဲ့ အရာရှိတွေပဲဟာ ဒါပေမယ့် ငါစိတ်ပူတာက စစ်ဆင်ရေးရဲ့ ရလဒ်နဲ့ အားလုံးရဲ့ လုံခြုံရေးပဲ”

မော့ဝမ်းယန်၏ ထေ့ငေါ့ ပြောဆိုခြင်းအပေါ် ဝမ်ကွော်အန်းက မျက်နှာသေဖြင့် ပြန်ပြောလိုက်သည်။ တစ်ချိန်တည်းပင် မော့ဝမ်းယန် အားအထင်သေးပုံဖြင့် ပြောလိုက်ပြီး လူအများကိုလည်း သူ့ဘက်ပါစေရန် စည်းရုံး လိုက်လေသည်။

“ဪ ဒီလိုလား ဒါဆို ငါက နေရာကို လက်မလျှော့ရင် စစ်ဆင်ရေးကိုရော အားလုံးရဲ့လုံခြုံရေးကို ရောဂရုမစိုက်တဲ့ သဘောပေါ့လေ အင်း ကြီးလေးတဲ့ တာဝန်ပဲ ဒါပေမယ့် …”

မော့ဝမ်းယန် ရုတ်တရက် စကားကို ရပ်ကာ သူ၏မေးကို လက်နှင့် ပွတ်သပ်လျက် ဝမ်ကွော်အန်းကို ကြည့်လိုက်သည်။ ထို့နောက် လက်ဖျောက်တီး လိုက်သည့်အခါ သူ၏လက်ဖျားတွင် မီးတောက်ငယ်လေး တစ်ခု ပေါ်လာခဲ့သည်။

“ငါက ရေစွမ်းအားပိုင်ရှင်လို့ မင်းကို ဘယ်သူပြောလဲ”

အံ့သြဖွယ် ကောင်းသည့် လှည့်စားမှုကြောင့် ဝမ်ကွော်အန်း မယုံနိုင်စွာ ကြည့်လိုက်သည်။

“မင်း .. ဘယ်လိုဖြစ်နိုင်မှာလဲ !”

မော့ဝမ်းယန်က ရေစွမ်းအားကိုသာ ပိုင်ဆိုင်ခဲ့သော်လည်း ဘာကြောင့် ရေစွမ်းအား သာမက မီးစွမ်းအားကိုပါ ရရှိသွားတာလဲ။

“မဖြစ်နိုင်တာမရှိဘူး ငါက အဲဒီလောက်ထိ မှန်းရလွယ်မယ့် ကောင်များ ထင်နေလား”

မော့ဝမ်းယန်လည်း မီးတောက်ကို ဖျောက်ကာ ဝမ်ကွော်အန်းကို အထင်သေးစွာ ကြည့်လိုက်သည်။ ပြီးခဲ့သော နှစ်များအတွင်း အခက်ခဲဆုံး စစ်ဆင်ရေးများကို သူဘယ်လို လုပ်ခဲ့ပါလိမ့်။ သူ့တွင် လျှို့ဝှက်ချက် ရှိပေသည်။ မော့နှင့် ရှင်းကဲ့သို့သော မိသားစုကြီးနှစ်ခုမှ မွေးဖွားလာခဲ့သော ကလေးမှာ အများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ အခြားသူများ သူ့ကို လွယ်ကူစွာ မှန်းဆ၍ရလျှင် မော့ဝမ်းယန် အရင်ကတည်းက သေသွားခဲ့လိမ့်မည်။ သူ၏တစ်ဘဝလုံးတွင် တစ်ယောက်တည်း အပေါ်တွင်သာ ပွင့်လင်းစွာ ရှိနေခဲ့သည်။ မော့ဝမ်းယန် အကြောင်း ရှင်းဖုန်းပင် သေချာမသိသည်ကို ဒီလူတွေက သူတို့ကိုယ်သူတို့ ဘာများထင်နေကြတာလဲ။

“ကောင်းပြီ … မင်းက ရေမီးစွမ်းအားရှင်ပဲ ဆိုပါစို့ ဆုံးဖြတ်ချက်ကတော့ မြန်မြန်ချလို့ မရဘူး ပြီးတော့ ငါက မင်းထက် အားပျော့မယ်လို့တော့ မထင်ဘူး”

အလွန် အံ့ဩသွားသော်လည်း ဝမ်ကွော်အန်း ကိုယ်ကိုယ့်ကို ပြန်ထိန်းကာ ချေပလိုက်သည်။

“ကြည့်ရတာ ဒီတစ်လျှောက်လုံး သူစီစဉ်လာခဲ့တာပဲ မဟုတ်ရင် သူကစွမ်းအား နှစ်ခုပိုင်တယ် ဆိုတာကို ဖုံးကွယ်ထားမှာ မဟုတ်ဘူး”

သူ၏လျှို့ဝှက်ချက်အား ဖုံးကွယ်ထားခြင်းမှာ ဒီနှစ်များအတွင်း ပေါ်ပေါက်လာသည့် မော့ဝမ်းယန်၏ အကျင့်တစ်ခုပင်။ စစ်ဆင်ရေးလေး တစ်ခုတည်း အတွက်နှင့် သူ၏အင်အား စွမ်းအားများကို ဖြုန်းမည် မဟုတ်ပေ။

“မြန်မြန် ဆုံးဖြတ်တယ်? ငါတို့အခုမှ ဆွေးနွေးတုန်းလေ … ငါပြောမယ် ဗိုလ်ချုပ်ဝမ် ဒါကညစ်တာပဲ အစကတည်းက ဘယ်သူမှ ခေါင်းဆောင်လုပ်ဖို့ ပြောခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် ငါလုပ်မယ်လို့လည်း ပြောရော မင်းတို့ စလုတော့တာပဲ … မင်းသိလား ဒါက ပုဂ္ဂိုလ်ရေးနဲ့ ဆိုင်တယ်လို့ လူတွေ ထင်ကြတော့မယ်”

မထီလေးစား ပြုတတ်သည့် မော့ဝမ်းယန် ဖြစ်သော်လည်း သူ၏စကားလုံးများသည် ပညာရှိလှသည်။ သူ၏ပါးနပ်မှုက လူအများရှေ့ ဟန်ပြနေခဲ့သည့် ဝမ်ကွော်အန်း၏ ပုံရိပ်ကို ထိရိုက် သွားစေသည်။

“ဆောရီး ငါရိုင်းသွားတယ် ငါလုပ်နိုင်တာဆိုလို့ စစ်ပွဲတွေမှာ စစ်တပ်ကို စီမံနိုင်ရုံလောက်ပါပဲ။ ငါက မင်းလောက် ဉာဏ်မကောင်းပါဘူး ဗိုလ်ချုပ် မော့ … ခေါင်းဆောင်လုပ်ဖို့ ငါအရွေးမခံခဲ့ရပါဘူး။ ပြီးတော့ မင်းက စွမ်းအားနှစ်ခု ပိုင်တာလည်း မသိခဲ့ဘူး … စစ်တပ်ရဲ့ ရိုးသားမှုကို လူတွေလိုအပ်ပြီး ခက်ခဲတဲ့ တာဝန်လည်းဖြစ်တော့ အားအကြီးဆုံးသူကို ခေါင်းဆောင်အဖြစ် ငါတို့ရွေးရမယ်”

ဝမ်ကွော်အန်းမှာ စကားနှစ်ခွ ပြောတတ်သည့် နေရာတွင် ကျွမ်းကျင်ပြီး အခုတွင်လည်း သူ၏ပုံရိပ်အား ပြန်ထိန်းနေလေသည်။

“ဒါဆို မင်းက ငါ့ထက်တော်တယ် ထင်တယ်ပေါ့ ဗိုလ်ချုပ်ဝမ်”

“ငါမသိဘူး ငါတို့ တိုက်ကြည့်ရမှာပေါ့ … မင်းကစွမ်းအား နှစ်ခုရှိပေမယ့်လည်း ရေက အသုံးမဝင်တော့ မင်းမှာ မီးစွမ်းအားပဲ ရှိမယ်”

“ဒါပေါ့ ဒါပေမယ့် မင်းလည်း စွမ်းအားတစ်ခုပဲ ရှိတာမလား”

“အင်း မြေစွမ်းအား”

ခေါင်းဆောင်အဖြစ် ရွေးချယ်ရန်အတွက် တိုက်ပွဲက ပြင်းထန်လာသည်။ ပြိုင်ပွဲမှ အပယ်ခံလိုက်ရသော ဝေ့ တပ်ဖွဲ့မှာ ဒေါသဖြစ်နေပြီး သူတို့နှစ်ဦးကိုလည်း ခေါင်းဆောင်များ မဖြစ်စေချင်ပေ။ ကိုယ့်စစ်တပ် ကိုယ်အုပ်ချုပ်၍ စစ်ဆင်ရေးအား အတူတူလုပ်ရန်သာ သူတို့လိုချင်သည်။ ထိုအရာသာ ညီမျှမှုအား ထိန်းသိမ်းနိုင်သော အကောင်းဆုံး နည်းလမ်းပင်။

“ဟင်း … လူတွေက ဖုတ်ကောင်တွေထက် ကြောက်ဖို့ ကောင်းတာပဲ”

ယွင်ချဲ့ ဘေးဖယ်နေကာ တိုက်ခိုက် နေကြသည်ကို ကြည့်နေပြီး ရှင်းဖုန်း၏ ပခုံးပေါ် လက်တင်လျက် …

“ဒါက ကြောက်စရာ ကောင်းလား”

ရှင်းဖုန်းလည်း ယွင်ချဲ့ကိုကြည့်ကာ ပြုံးလိုက်ပြီး ယွင်ချဲ့ ခါးကို လျှို့ဝှက်စွာ ဖက်လိုက်သည်။ သူတို့သည် အခြားသူများနှင့်မတူဘဲ ထိုနေရာသို့ လူအနည်းငယ်သာခေါ်လာခဲ့သည်။ မဟုတ်လျှင် သူတို့၏ဆက်ဆံရေးကို လူမိသွားကြမည်မှာ အသေအချာပင်။ သို့သော် သူတို့သည် ယွင်ယောင် ရှေ့မှလွဲ၍ အခြားသူများရှေ့တွင် သိုသိုသိပ်သိပ် မနေခဲ့ကြသဖြင့် လူအချို့သိနေပြီးဖြစ်သည်။

“သူတို့ရဲ့စကားလုံး စစ်ပွဲထက်စာရင် လူတွေသေရင်တောင် တကယ်ချတာ ကြည့်ချင်တာ … သူတို့ကိုကြည့် အတွင်းထဲမှာတော့ ပြိုင်ဘက်ကို သေစေချင်နေကြတာ ဆိုပေမယ့်လည်း အပြင်မှာတော့ ယဉ်ကျေးသလို ဘာလိုလိုနဲ့ ရွံဖို့ကောင်းတယ်”

အခြားသူများ၏ အာရုံက မော့ဝမ်းယန် တို့ထံသို့ ရောက်နေချိန် ရှင်းဖုန်း၏ပါးကို ဆွဲလိုက်သဖြင့် ရှင်းဖုန်းလည်း ယွင်ချဲ့ခါးကို ပြန်ဆွဲဆိတ်ကာ မေးလိုက်သည်။

“မင်းမကြိုက်ဘူးလား ငါတို့ ဝင်ပါလိုက်ရင်ရော”

သူတို့ဝင်မပါရခြင်း အကြောင်းရင်းမှာ မော့ဝမ်းယန်ကို ဖြေရှင်းစေခြင်း ဖြစ်သည်။ တစ်ချိန်တွင် မော့ဝမ်းယန်သည် စွမ်းအားရှင် အဖွဲ့စည်းအား ဆက်ခံရမည်ဖြစ်ပြီး စစ်တပ်နှင့် စွမ်းအားရှင်များ၏ သံတမန် ဖြစ်လာလိမ့်မည်။ မော့ဝမ်းယန်အတွက် သူတို့အကုန် လိုက်လုပ်ပေးခဲ့သောကြောင့် သူ၏အစွမ်းကို ထုတ်ပြခွင့် မပေးခဲ့လျှင် လူအများ သူ့အပေါ် လေးစားသမှု ရှိကြတော့မည် မဟုတ်ပေ။

“ခင်ဗျားလား ကျွန်တော်လား”

“မင်းပဲလုပ် ငါက အရေးမစိုက်တဲ့ သူဆိုတော့”

အမှန်မှာ ရှင်းဖုန်းသည် အခြားသူများအား ယွင်ချဲ့ တိုက်ခိုက်သည့် ပုံစံကို သဘောကျခြင်းကြောင့် ဖြစ်သည်။

“ကောင်းပြီ”

ယွင်ချဲ့ မတ်တပ်ရပ်ကာ ဟန်ဆောင် သမ်းပြလိုက်ရာ ထင်ထားသည့် အတိုင်းပင် ရန်ဖြစ်နေသူ နှစ်ဦးအပြင် အကုန်လုံးလည်း အာရုံစိုက်လာကြသည်။ ယွင်ချဲ့လည်း လက်တစ်ဖက်ကို စားပွဲပေါ်တင်ကာ …

“ရေက တိုက်ရည် ခိုက်ရည်ရှိတဲ့ စွမ်းအား မဟုတ်ဘူးလို့ ဘယ်သူပြောလဲ”
အရင်ဘဝတွင် တွေ့ခဲ့ရသည့် ရေစွမ်းအား ပိုင်ရှင်က စခန်းသို့ မလာနိုင်သည်မှာ နှမြောစရာပင်။ မဟုတ်လျှင် ထိုသူတို့ ခပ်ကြောင်ကြောင် တွေးကြမည် မဟုတ်ပေ။ ရေစွမ်းအားမှာ သေချာ အသုံးချတတ်လျှင် အခြားသော အစွမ်းများထက် ပိုမိုအားကြီးပေသည်။ ယွင်ချဲ့မှာ သူ၏အစ်မကို လေ့ကျင့်ပေးချင်သော်လည်း အခုပုံစံဖြင့် သူမ ပျော်နေသောကြောင့် သူမကို ဖိအားမပေးရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် စွမ်းအားကို အဆင့်မြင့်တင်ပေးရန် ယွင်ယောင်အား ယွင်ချဲ့ အမြဲမှသည်။ ထိုမှသာ သူမကိုယ်သူမ ကာကွယ်နိုင်မည် ဖြစ်သည်။ မော့ဝမ်းယန်က ယွင်ချဲ့ အပေါ် မကောင်းစကားများသာ ပြောသဖြင့် မော့ဝမ်းယန်ကို သူမသင်ပေးချင်ပေ။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset