YMR- အခန်း ၉၅

အခန်း (၉၅)
“သွားတော့”

ဝုန်း

လုဟိုင်ရွှမ်း ခြေတစ်လှမ်း ဆုတ်လိုက်သည့် အချိန်တွင် ယွင်ချဲ့ အော်လိုက်သည်။ တံခါးနားတွင် တိုက်ခိုက်ရန် အသင့်ပြင် စောင့်နေကြပြီး တံခါးပွင့် သွားသည်နှင့် ဖုတ်ကောင်များစွာ စုဝေး ပြေးလာကြသည်။

အမိန့်ပေးရန်ပင် မလိုဘဲ ယွင်ချဲ့တို့ အဖွဲ့သားများမှာ အစွမ်းကုန် ထုတ်ကာ လျှပ်စီးအလား လျင်မြန်စွာ တစ်ပြိုင်နက်တည်း ပြေးသွားကြသည်။ ဖုတ်ကောင်များမှာလည်း အော်ဟစ်ကာ ပြေးလာ ကြလေသည်။ ၁၀ ထပ်မြောက် အထပ်တွင် အဆင့် ၃ ဖုတ်ကောင် အနည်းငယ်သာ ရှိသော်လည်း အခြား ဖုတ်ကောင်များ အပါအဝင် အရေအတွက်မှာ များပြားလွန်း လှသည်။ ယန်းဟွိုင်အန်းနှင့် ကျန့်ယာဖေးတို့က အဆင့် ၁ နှင့် အဆင့် ၂ ဖုတ်ကောင်များကို ရှင်းလင်းနေပြီး ကျန်သော အဖွဲ့ဝင်များက အဆင့် ၃ ရှိသော ဖုတ်ကောင် ၅ ကောင်ကို ပူးပေါင်း တိုက်ခိုက်နေကြသည်။

ဝုန်း ဝုန်း

အဆင့် ၃ ဖုတ်ကောင်တို့မှာ ယွင်ချဲ့ တို့ထက် အရေအတွက် နည်းကာ သူတို့၏ လှုပ်ရှားမှုများကို ကြိုတင်မှန်းဆနိုင်သဖြင့် ယွင်ချဲ့ တို့အတွက် ပိုမိုလွယ်ကူသွားစေသည်။ တာဝေးတိုက်ခိုက်သူ ရှင်းဖုန်း၊ လုဟိုင်ရွှမ်း နှင့် ယွီဝမ်းချင် တို့က အနီးကပ် တိုက်ခိုက်သူများကို ကူညီပေးနေသည်။ အနီးကပ် တိုက်ခိုက်သူ ကျောက်ကောင်းမှာ စွမ်းအား သန်မာလှသဖြင့် အဆင့် ၃ ဖုတ်ကောင်ကို ရင်ဆိုင် တိုက်ခိုက် နေသည်။ တာဝေး တိုက်ခိုက်သူလည်း ဖြစ် အနီးကပ် တိုက်ခိုက်သူလည်း ဖြစ်သည့် ယွင်ချဲ့၊ လန်ယဲ့ဟန်၊ ကျိုးဇယ်ယွီနှင့် ဖုန်းရွေတို့မှာ ကျန်သော အဆင့် ၃ ဖုတ်ကောင် ၄ ကောင်ကို တိုက်ခိုက် နေကြသည်။

အဆင့် ၃ ဖုတ်ကောင် ၅ ကောင်များ အနက် ၂ ကောင်မှာ မီးအစွမ်းရှိပြီး ကျန် ၃ ကောင်မှာ မြေ၊ သစ်၊ ရေ စသည့် အစွမ်းများ ရှိကြသည်။ သစ်သား အစွမ်းရှိသော ဖုတ်ကောင်မှာ သူ၏ အနာဒဏ်ရာများ အလိုအလျောက် ပျောက်ကင်း သွားသဖြင့် ခံနိုင်ရည် အမြင့်ဆုံးဖြစ်ပြီး ကျိုးဇယ်ယွီ ကလည်း တိုက်ခိုက်ရင်း ကျိန်ဆဲ နေလေသည်။ ကျိုးဇယ်ယွီ၏ လေဓါးက ထိုဖုတ်ကောင်ကို ဆိုးဝါးစွာ ထိခိုက်စေသော်လည်း မျက်စိတစ်မှိတ်လေး အတွင်း ချက်ချင်း ပျောက်ကွယ်သွားလေသည်။ ထိုဖုတ်ကောင်၏ ကိုယ့်ကိုယ်ကို ကုသနိုင်စွမ်းက အလင်းစွမ်းအားရှင်၏ ကုသနိုင်စွမ်းထက် ပို၍ သာလွန်နေသည်။

“သေစမ်း .. ခေါင်းဆောင် နေရာလဲရအောင် … ဒီကောင်ကြီးကို မသတ်နိုင်ဘူး ငါ့လေအစွမ်းက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး ထင်တယ်”

ထိုသစ်အစွမ်းရှိသော ဖုတ်ကောင်ကို ကျိုးဇယ်ယွီ မတိုက်ခိုက်နိုင်သဖြင့် ယွင်ချဲ့ကို နေရာလဲရန် လှမ်းပြောသည်။ ကျိုးဇယ်ယွီ မှာ အဆင့် ၃သို့ရောက်ကာစဖြစ်သောကြောင့် အဆင့် ၃ရှိသည့်စွမ်းအားကို မည်သို့အသုံးပြုရမည်ကို သေချာနားမလည်သေးပေ။ ထိုဖုတ်ကောင်၏ ခေါင်းကိုချိန်ရွယ်လိုက်သည့်အခါတိုင်း လွဲချော်သွားသဖြင့် ကျိုးဇယ်ယွီ မကျေမနပ် ဖြစ်နေသည်။

“ဟိုင်ရွှမ်း သူ့ကို ကူပေးလိုက်”

ကျိုးဇယ်ယွီ၏ အခက်အခဲကို ယွင်ချဲ့ သိလိုက်သဖြင့် ထိုဖုတ်ကောင်ထံသို့ လျှပ်စီးတန်းများ တရစပ် ပစ်လွှတ်လေသည်။ ရွှေသတ္တု ကျည်ဆံများ ပစ်လွှတ် လိုက်သည့် အခါတွင် နေရာလဲ လိုက်ကြသည်။

ကိုယ့်ကိုယ်ကိုယ် ကုသနိုင်စွမ်းက သစ်အစွမ်း၏ အကျိုးသက်ရောက်မှု တစ်ခု ဖြစ်သော်လည်း အာနိသင်များ လိမ့်မည် မဟုတ်ပေ။ ထိုဖုတ်ကောင်မှာ အဆင့် ၃ ဖြစ်နေသောကြောင့် ကိုယ့်ကိုယ်ကိုယ် ကုသနိုင်စွမ်း မရှိပေ။ ထိုသို့ တွေးလိုက်မိသည်နှင့် ယွင်ချဲ့က ဓါးကို ရုပ်သိမ်းလိုက်ပြီး ဖုတ်ကောင်နှင့် ၂ မီတာ အကွာမှနေကာ လျှပ်စီးစွမ်းအား ပြည့်နေသော ဓါးဖြင့် ချိန်ရွယ်လိုက်ပြီး ဖုတ်ကောင်ကို လျှပ်စီးများနှင့် ဝိုင်းရံ ပိတ်လှောင် လိုက်သည်။

ဂါး

ထိုဖုတ်ကောင်မှာ ထိခိုက်သွားသဖြင့် ယွင်ချဲ့ဘထံသို့ သစ်သားစများ ပြန်လည် ပစ်လွှတ်လေရာ ယွင်ချဲ့လည်း သူ၏ဓါးဖြင့် သစ်စများကို တားဆီးလိုက်ပြီး ပြန်လည် မတိုက်ခိုက်မီတွင် ပြုသူကို မမြင်ရဘဲ ကျယ်လောင်သော အော်ဟစ်သံကို ယွင်ချဲ့ ကြားလိုက်ရသည်။ ထိုအသံမှာ ဖုတ်ကောင်အသံ မဟုတ်သကဲ့သို့ သူတို့ တိုက်ခိုက်နေသော ဖုတ်ကောင်များ အော်ဟစ်ခြင်းလည်း မဟုတ်ပေ။ ယွင်ချဲ့ သိရန်အတွက် ကြိုးစား နားထောင် ကြည့်သော်လည်း အသံမှာပျောက်ကွယ် သွားသည်။ ယွင်ချဲ့ ရပ်လိုက်သဖြင့် သစ်အစွမ်းနှင့် ဖုတ်ကောင်များလည်း ဒဏ်ရာများ ပျောက်ကွယ် သွားလေသည်။

“သတိထားကြ .. ဒီမှာနောက်ထပ် အဆင့် ၃ တစ်ကောင် ရှိနေတယ်”

ယွင်ချဲ့လည်း သတိပေး လိုက်ပြီးနောက် ဓါးကို ဝှေ့ယမ်းကာ ထပ်မံ တိုက်ခိုက်ရန် ပြင်ဆင် လိုက်သည်။

ဂါး

မြောင်

ယွင်ချဲ့ တိုက်ခိုက်မှုကြောင့် သစ်အစွမ်းရှိ ဖုတ်ကောင်က စူးဝါးစွာ အော်လိုက်ပြီးနောက် ကြောင်အော်သံကို ကြားလိုက်ရသည်။ စင်္ကြံလမ်းမှာ အလွန် ကျဉ်းမြောင်းသည့် အပြင် ကြောင်အော်သံကိုလည်း မသဲမကွဲ ကြားလိုက်ရသည်။ ဖုတ်ကောင်များနှင့် တိုက်ခိုက် နေရသောကြောင့် ဘေးပတ်လည်ကို မကြည့်နိုင်သဖြင့် ထိုကြောင်ကို သတိမထားမိကြပေ။ ကံကောင်းစွာပင် ဖုတ်ကောင်ကို တိုက်ခိုက် နေသည်က ကျိုးဇယ်ယွီ ဖြစ်နေသည်။ အကယ်၍ အနီးကပ် တိုက်ခိုက်သူ ကျောက်ကောင်း ဖြစ်နေခဲ့လျှင် ထိုကြောင်က ကျောက်ကောင်းကို အနာတရ ဖြစ်စေလိမ့်မည်။

“သေရော… အလင်းစွမ်းအား ကြောင်ဖုတ်ကောင်ပဲ… ရှင်းဖုန်း ဝမ်းချင် သစ်အစွမ်းဖုတ်ကောင်ကို အချိန်ဆွဲထားကြ .. ကြောင်ကို သတ်ဖို့အတွက် ဖုတ်ကောင်တွေ ကြားထဲက ငါဖြတ်သွားရမယ်”

နောက်ဆုံးတွင် အဆင့် ၃ ဖုတ်ကောင်၏ ကိုယ့်ကိုယ်ကိုယ် ကုသနိုင်စွမ်း ရှိနေသည့် အဓိက အကြောင်းရင်းကို ယွင်ချဲ့ သိလိုက်သည်။ ယွင်ချဲ့ ခပ်တိုးတိုး ကျိန်ဆဲလိုက်ပြီး လေထုအလွှာဖြင့် ရစ်ပတ် ထားလိုက်သည်။ ရှင်းဖုန်းနှင့် ယွီဝမ်းချင်လည်း သူတို့၏ ပစ်မှတ်ကို ပြောင်းကာ သစ်အစွမ်းရှိ ဖုတ်ကောင်ကို သတ္တုကျည်ဆန်များ၊ ရေခဲစူးများဖြင့် တရစပ် ပစ်လွှတ်ကြလေသည်။ ယွင်ချဲ့လည်း ခိုးကြောင်ခိုးဝှက် လှည့်ကြည့်လိုက်ရာ ကြောင်က သူ၏ကျောပေါ်တွင် ဖက်တွယ် နေသည်ကို တွေ့လိုက်ရသည်။ ဖုတ်ကောင်က တစ်ချက် အော်လိုက်လျှင် ကြောင်ကလည်း တစ်ချက်ပြန်အော်ကာ ဒဏ်ရာများကို ပျောက်ကင်းအောင် လုပ်ပေးလိုက်သည်။ ထိုကြောင်မှာ အလွန်ဉာဏ်ကောင်းသည်ဟု ထင်ရသော်လည်း အမှန်မှာ လှည့်ကွက်နှင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဖုတ်ကောင်က မအော်လျှင် ကြောင်ကလည်း ကုသပေးရန်အတွက် ပြန်အော်ရန် မလိုတော့ပေ။

“မင်းက သန္ဓေပြောင်း ဆိုရင်တောင် ငါခေါ်သွားလို့ ရသေးတယ် ဒါပေမယ့် မင်းကဖုတ်ကောင် ဖြစ်နေတာတော့ နှမြောစရာပဲ”

ယွင်ချဲ့ ကလည်း ကြောင်ကို ချိန်ရွယ်ကာ ဓါးကို လွှဲလိုက်သည်။ လေထုအလွှာနှင့် ဖုံးကွယ် ထားခြင်းကြောင့် ထိုကြောင်မှာ ပြေးရန် အချိန်မရ လိုက်ဘဲ ခေါင်းနဲ့ကိုယ် ကွဲခြားသွားပြီး ခေါင်းမှာ သစ်အစွမ်းရှိ ဖုတ်ကောင်၏ ကျောမှအစူးနှင့် ထုတ်ချင်းပေါက် သွားလေသည်။ ယွင်ချဲ့လည်း အမြုတေကို ယူထုတ်ကာ ဓါးကို ပြန်လွှဲလိုက်ပြီး သစ်အစွမ်းရှိ ဖုတ်ကောင်ကို ပိုင်းဖြတ်လိုက်သည်။

ဘုတ်

ထိုဖုတ်ကောင်၏ ခေါင်းမှာ တစ်ဝက်မှ ပြတ်ထွက် သွားပြီးနောက် ဇီဝိန်ချုပ် သွားလေသည်။ ယွင်ချဲ့လည်း လေအစွမ်းကို သုံးကာ အမြုတေကို ယူလိုက်သည်။ ထို့နောက် သူ၏ အနောက်ဘက်ရှိ ကျန်သော ဖုတ်ကောင်များကို သုတ်သင် ရှင်းလင်းလေသည်။ ဖုတ်ကောင်များမှာ အသိစိတ်မဲ့နေသော်လည်း သူတို့၏ စွမ်းအားက မည်မျှပင် အားကြီး သန်မာနေပါစေ သူတို့အထင်မသေးသင့်သည်ကို သိလိုက်ရသည်။ အဆင့် ၃ ဖုတ်ကောင်များ အားလုံးကို အချိန်ခဏ အတွင်း အလျင်း သုတ်သင် နိုင်လိုက်သည်။

“ဟူး .. အဆင့် ၃ တွေက သတ်ရ အတော်ခက်တာပဲ .. ငါတော့ အားကုန်သွားပြီ”

နောက်ဆုံး ကျန်ခဲ့သော အဆင့် ၃ ဖုတ်ကောင်ကို ရှင်းလင်း လိုက်ပြီးသည်နှင့် ယွင်ချဲ့တို့ အဖွဲ့သားများ နံရံကိုမှီကာ ခြေကုန်လက်ပန်း ကျထိုင်လိုက်ကြပြီး ဟောဟဲ လိုက်နေကြလေသည်။ သေချာ ပြောရလျှင် တိုက်ခိုက်ရသည့် အချိန်မှာ အလွန် မကြာခဲ့သော်လည်း တိုက်ခိုက် ရသည်က ပို၍ အားကုန်စေခဲ့သဖြင့် သူတို့၏ စွမ်းအားများနှင့် ခွန်အားများကိုပင် ကုန်ခန်း လုနီးပါးဖြစ်စေခဲ့သည်။

“ဖုန်းရွေ .. လှေကားခွင်တွေကို ပိတ်ထားလိုက် ခဏ နားကြရအောင်”

ရှင်းဖုန်းနှင့် ယွင်ချဲ့တို့လည်း မောပန်း သွားသဖြင့် ထိုင်ချလိုက်ကြသည်။ ဖုန်းရွေက လှေကားခွင်တို့ကို ရွံ့စေး နံရံများဖြင့် ပိတ်ကာ ထားလိုက်သည်။

“ယူဉီးမလား”

ယွင်ချဲ့က အဖွဲ့သားတို့ကို ရေဘူးများ ကမ်းပေးလိုက်ပြီး ရှင်းဖုန်းအား ဆေးလိပ်တစ်လိပ်ပေးလေသည်။ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကျောက်ကောင်း တွေ့သွားပြီး …

“ငါလည်းယူမယ် … ပြောရဉီးမယ် အနီးကပ် တိုက်ရတာကြီးက တော်တော် ခက်တာပဲ”

ကျောက်ကောင်းက ခွန်အား အစွမ်းရှင် ဖြစ်သောကြောင့် ဖုတ်ကောင်များကို အနီးကပ် တိုက်ခိုက်ရာတွင် သူတစ်ယောက်တည်းသာ စွမ်းနိုင်သဖြင့် အမြဲတစေ ဖုတ်ကောင် အစုအဖွဲ့များ အတွင်းသို့ ဝင်ရောက် တိုက်ခိုက် ရသည့်အခါ သူ၏ခွန်အား ကုန်ခန်းမှုက အများဆုံး ဖြစ်သည်။

“စိတ်ခွန်အားတက်ဖို့ အတွက် ဆေးလိပ်တွေ ယူထားကြ … ကိရိယာတွေနဲ့ အချက်အလက်တွေ ယူပြီးရင် ရှန်းရွေ တို့နဲ့ ပြန်တွေ့ဖို့ လိုတယ်”

ယွင်ချဲ့ ဆေးလိပ် ၂ လိပ် ယူထုတ်လိုက်ပြီး ဘူးကို အဖွဲ့သားများထံ ပစ်ပေးလိုက်သည်။ အချိန်ခဏ အတွင်း ဆေးလိပ်ငွေ့များနှင့် ဖုတ်ကောင်များမှ ဆိုးဝါးသော အနံ့အသက်များ စင်္ကြံလမ်း တစ်လျှောက် ပြည့်နှက် သွားလေသည်။ သူတို့မှာ ကြမ်းတမ်း ကြံ့ခိုင်သော လူငယ်အဖွဲ့ ဖြစ်သောကြောင့် သာမန် လူဆိုလျှင် ထိုနေရာကို သည်းခံနိုင်မည် မဟုတ်ပေ။

“ဟူး .. သူတို့လည်း ဘယ်လိုနေမလဲ မသိဘူး ငါတို့လိုမျိုးသာ ရင်ဆိုင်နေရရင် ကျန်းရှန် တစ်ယောက်တည်း တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အလင်းအစွမ်းရှင်နဲ့ နယ်မြေအစွမ်းရှင်တွေကိုလည်း ကာကွယ်ဖို့ လိုသေးတယ်”

နံရံကိုမှီကာ ယွင်ချဲ့ ညည်းတွားလျက် ဆေးလိပ်ငွေ့များကို မှုတ်ထုတ် လိုက်သည်။ အကယ်၍ အဖွဲ့ ၂ ဖွဲ့က ညီတူညီမျှဖြစ်ပြီး အခြေအနေ တစ်ပုံစံထဲကို ရင်ဆိုင်နေရသည် ဆိုလျှင် အခြားတစ်ဖွဲ့ကို ယွင်ချဲ့ စိတ်ပူမည် မဟုတ်ပေ။ သို့သော် အခုတစ်ကြိမ်တွင် ကွဲပြားနေသည်။ ကျန်းရှန်၊ ရှန်းရွေနှင့် ရှုကျဲလည်း အတူရှိနေကြသည်။ ထိုကောင်လေး အလွယ်တကူ ကိုင်တွယ်ဖြတ်ကျော်နိုင်ရန် မျှော်လင့်နေပြီး မဟုတ်လျှင် တစ်သက်လုံး စိတ်ဒဏ်ရာ ရသွားလိမ့်မည်။

“သူတို့ အဆင်ပြေမှာပါ … ဓါတ်ခွဲခန်းတွေမှာက ပထမဆုံး ကူးစက် ခံခဲ့ရသူတွေ ရှိခဲ့တာဆိုတော့ အခြေအနေ ဆိုးနေပေမယ့် ဆေးပေးခန်းတွေမှာ အထပ်တွေ အများကြီး မရှိဘူးလေ ကပ်မဖြစ်ခင် ကတည်းကရော လူနာတွေ မရှိသလောက်ပဲ … တကယ်လို့ ရှိခဲ့ရင်တောင် အဆင့် ၃ အောက်ပဲ ရှိလိမ့်မယ်”

ရှင်းဖုန်းလည်း ယွင်ချဲ့ ခြေထောက်ကို ပုတ်ကာ ပြောလိုက်သည်။ သူ့အတွက် သံသယကင်းစေသည်က ရှုကျဲကို အဖွဲ့သားများ အနာတရ ဖြစ်သည့်အခါ ကုသပေးရန် ထည့်ပေးလိုက်ခြင်း ဖြစ်သည်။ ရှုကျဲ၏ အစွမ်းမှာ အဆင့် ၂ သို့ ရောက်ပြီးကာစ ဖြစ်သောကြောင့် သူ၏ ကုသနိုင်စွမ်းက ကြောင်ဖုတ်ကောင်ကဲ့သို့ မကောင်းမွန် သော်လည်း အဖွဲ့သားများကို ကူညီပေးရန် လုံလောက်သည်။ ထို့အပြင် အခြား အဖွဲ့ဝင်များမှာလည်း တုံးအသူများ မဟုတ်သဖြင့် မည်သို့ အကာအကွယ်ယူ နားနေကြရမည်ကို သိသည်။

“အင်းပါ”

ဂျိန်း ဂျိန်း

“ဘာဖြစ်တာလဲ”

ယွင်ချဲ့ ခေါင်းမညိတ် လိုက်ရမီ ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရပြီး အဆောက်အအုံမှာလည်း လှုပ်ခါလာသည်။ အားအင် မပြည့်သေးသော်လည်း အမြန် ပြေးကြကာ အထပ် ၂၀ မှ လွတ်မြောက် နိုင်ရန်အတွက် အပြင်ဘက်ကို လှမ်းကြည့် လိုက်သည့်အခါ စွမ်းအားရှင်များ ဖြစ်သည့် အလျောက် အမြင်အာရုံ ကောင်းကြပြီး ပြင်ပလူနာဌာနက အကြောင်းရင်းမရှိ ပြိုကျသွားသည်ကို တွေ့လိုက်ရသည်။ ထူထပ်သော ဖုန်များ၏ နောက်တွင် မည်သို့ ဖြစ်နေသည်ကို မတွေ့ရသော်လည်း သေချာသည်က အခြားတစ်ဖွဲ့နှင့် ဆက်နွယ်နေပေလိမ့်မည်။

“မကောင်းတော့ဘူး .. မင်းတို့တွေ ကိရိယာတွေနဲ့ စာရွက်စာတမ်းတွေကို ရှာလာခဲ့ .. ငါဆင်းကြည့် လိုက်ဉီးမယ်”

“ချဲ့ … ငါတို့က အထပ် ၂၀ ကို ရောက်နေတာနော်”

“အဲဒီတော့”

ယွင်ချဲ့ ပြောပြီးသည်နှင့် အပြင်ဘက်သို့ ခုန်ဆင်း သွားသဖြင့် ရှင်းဖုန်း နှလုံးခုန် ရပ်လုမတတ် တုန်လှုပ် သွားရသည်။ ကျိုးဇယ်ယွီနှင့် ကျန်သော သူများလည်း အော်ဟစ်လိုက်ကြသော်လည်း ယွင်ချဲ့ ဆင်းသွားပုံကို တွေ့လိုက်သည့်အခါ ယွင်ချဲ့မှာ လေထု စွမ်းအားရှင် တစ်ယောက် ဖြစ်သည်ကို သတိရ သွားကြသည်။ အောက်သို့ ထိုးစိုက်ကာ ဆင်းသွားသော်လည်း လေထု၏ အားကြောင့် လျှောဆင်း သွားသကဲ့သို့ ဖြစ်နေသည်။

ရှင်းဖုန်း သေလုမတတ် ရင်တုန် သွားရပြီးနောက် စိတ်သက်သာရာ ရကာ သက်ပြင်း ချလိုက်သည်။ ယခု ကိစ္စပြီးလျှင် ယွင်ချဲ့ အတွက် စည်းကမ်း ထုတ်ထားမှ ရတော့မည်။ မဟုတ်လျှင် ထိုသို့ မကြာခဏ ဖြစ်နေပါက ရှင်းဖုန်း အနှေးနှင့်အမြန် နှလုံးရောဂါ ရလိမ့်မည်။

“သူ့နောက်လိုက် သွားရအောင်”

ရှင်းဖုန်း၏ ခွင့်ပြုချက်ပင် မတောင်းဘဲ လန်ယဲ့ဟန် လှည့်ထွက် သွားကာ သူတို့ဘက် လှည့်လိုက်သည့် အချိန် ကျန့်ယာဖေးက ရွံ့စေးနံရံကို သဲအဖြစ် ပြောင်းလဲ လိုက်သည်။ ကျိုးဇယ်ယွီ နှင့် လုဟိုင်ရွှမ်း တို့လည်း လိုက်သွားကြရာ ခဏလေး အတွင်း ပျောက်ကွယ် သွားကြလေသည်။

“ငါနဲ့ ကျောက်ကောင်းတို့ ပစ္စည်းတွေ စုလာခဲ့မယ် မင်းတို့တွေ သူတို့ကို သွားကူလိုက်”

၁၀ထပ်ရှိ အဆောက်အအုံက ပြိုကျသွားသဖြင့် အခြေအနေမှာ သတိကြီးကြီးထားရန် လိုအပ်သဖြင့် သေချာ တွေးတောပြီးနောက် ရှင်းဖုန်း အမိန့်ပေး လိုက်သည်။ မဟုတ်လျှင် ယွင်ချဲ့ အနာတရ ရလိမ့်မည်။

“ခေါင်းဆောင်”

ကျန်ခဲ့သော အဖွဲ့သားများ မယုံကြည်နိုင်စွာ ကြည့်နေကြပြီး ရှင်းဖုန်း အမိန့်ကို လက်မခံလိုသည်က ထင်ရှားသည်။ အခု အဆောက်အအုံတွင် ဖုတ်ကောင်များစွာ ရှိနေပြီး သူတို့ နှစ်ယောက်တည်းနှင့် ရင်ဆိုင်ရန် မလွယ်ကူပေ။

“ဒီတာဝန်မှာ ဘာအရေးကြီးလဲ ဆိုတာ မင်းတို့သိပါတယ် နောက်ပြီး ငါကြေညာစရာ တစ်ခုရှိတယ် … ယွင်ချဲ့ က ငါ့ရဲ့ဘဝ တစ်လျှောက်လုံး အတွက် လက်တွဲသွားမယ့် သူပဲ သူတစ်ခုခုဖြစ်မှာ ငါမလိုလားဘူး”

ရှင်းဖုန်း တည်ငြိမ်သော အသံဖြင့် ပြောကာ သူ၏အဖွဲ့ဝင်များကို စိုက်ကြည့် လိုက်သည်။

အဖွဲ့သားများ အံ့အားသင့် သွားရသည်က ယွင်ချဲ့နှင့် တွဲနေခြင်း မဟုတ်ဘဲ ရှင်းဖုန်း၏ တည်ကြည်သော မျက်ဝန်းကြောင့်ပင်။ ယွင်ချဲ့နှင့် ခေါင်းဆောင်တို့အကြား မည်သို့ဖြစ်နေကြောင်း သူတို့ သတိထားမိသည်။ မဟုတ်လျှင် ရှင်းဖုန်းကို ယွင်ချဲ့၏ အစောင့်အရှောက်ဟု ဘာကြောင့် စနောက် ခေါ်ဆိုနေကြမှာလဲ။ ဖြစ်ရပ်တစ်ခုကြောင့် စစ်တပ်ထဲမှ သူတို့ ထွက်လာခဲ့သည်မှာ ၅ နှစ်ပင် ကြာပြီးနောက် သူတို့၏ ခေါင်းဆောင်က ပြောင်းလဲ လာခဲ့သည်ကို သတိထားမိကြသည်။ ရှင်းဖုန်းက မည်မျှပင် အားကြီးကြောင်း ကြောက်စရာ ကောင်းကြောင်း လုပ်ပြနေပါစေ၊ သူတို့ ဆယ်ကျော်သက် အရွယ်ကတည်းက ရှင်းဖုန်း၏ လက်အောက်တွင် နေလာခဲ့သဖြင့် သူ၏ ပြောင်းလဲမှုများကို သတိမထား မိရိုးမရှိပေ။ ငါးနှစ်ကြာ ပြီးနောက် သူတို့၏ အရင်က ခေါင်းဆောင် ပြန်လည်ရောက်ရှိ လာခဲ့ပြီလား။

“သွားကြစို့”

ယွီဝမ်းချင်က အရင်ဆုံး ပြောလိုက်ပြီး ရှင်းဖုန်းကို ပြုံးကာ …

“ခေါင်းဆောင်ရဲ့ အချစ်လေးကို ကာကွယ်ရမှာ ငါတို့တာဝန်ပဲ .. ခေါင်းဆောင်က အစောင့်အရှောက်ကြီး ဖြစ်ချင်နေမှတော့ ကျွန်တော်တို့လည်း မငြင်းတော့ပါဘူး”

“ဟဲ ဟဲ ကျေးဇူးပဲ … ငါနဲ့ ကျောက်ကောင်းတို့ ပြီးမှ လိုက်လာကြမယ်”

ရှင်းဖုန်းလည်း သူ၏ အဖွဲ့သားများကို ပြုံးပြလိုက်သည်။ သူ၏ ညီအစ်ကိုများမှ လွဲ၍ အခြား မည်သူကိုမှ ယုံကြည်အားထား မရနိုင်ပေ။

“ဟုတ်ကဲ့ .. ခေါင်းဆောင် .. ကျောက်ကောင်း ဂရုစိုက်ကြပါနော်”

ယွီဝမ်းချင်နှင့် ကျန်သော ၂ ယောက်လည်း စကားပြော ပြီးသည်နှင့် ထွက်သွားကြရာ ရှင်းဖုန်းနှင့် ကျောက်ကောင်းလည်း ပစ္စည်းကိရိယာများနှင့် စာရွက်စာတမ်းများ စုဆောင်းရန် ဓါတ်ခွဲခန်းထဲသို့ ဝင်သွားကြသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset