YMR- အခန်း ၉၁

အခန်း (၉၁)

အသက် ၂၀ ရောက်သည့် အချိန်တွင် ကျန်းရှန်မှာ ယဲ့ရှင်းချန်နှင့် ဆုံစည်းနိုင်မည့် အခွင့်အရေး ရလာခဲ့သည်။ ထိုအချိန်တွင် ကျန်းရှန်မှာ အနုပညာ အသိုင်းအဝိုင်းတွင် ထိပ်တန်းစာရင်းဝင် တေးရေးနှင့် ရုပ်ရှင် ဇာတ်ညွှန်းရေး ဆရာတစ်ယောက် ဖြစ်နေလေသည်။ ယဲ့ရှင်းချန်၏ ကိုယ်စားလှယ် ဖြစ်သူက ကျန်းရှန်အား ယဲ့ရှင်းချန်၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲများ အတွက် သီချင်းအသစ် ဆယ်ပုဒ်ခန့် ရေးစပ် ပေးစေလိုသည့် အပြင် ကျန်းရှန် သည်လည်း အခွင့်အရေး စောင့်မျှော်နေခဲ့ရသူ ဖြစ်သည့် အလျောက် အကောင်းဆုံး ကြိုးစားပေးခဲ့ပြီး ပုဂ္ဂိုလ်ရေး အရလည်း ယဲ့ရှင်းချန်နှင့် ဆုံတွေ့ခွင့် ရခဲ့သည်။ သို့သော် အချစ်စိတ် တစ်ခုတည်းဖြင့် ကြိုးစား အားထုတ်ခဲ့ခြင်း ဖြစ်သည်ကို ကျန်းရှန် သတိမထားမိခဲ့ပေ။

နောက်နှစ်နှစ်အတွင်း အခြား အလုပ်ကိစ္စများ အားလုံးကိုပင် ငြင်းဆန်ခဲ့ပြီး ယဲ့ရှင်းချန် အတွက်သာ သီချင်းနှင့် ဇာတ်ညွှန်းများ ရေးခဲ့သည်။ ယဲ့ရှင်းချန်အား သန်းပေါင်း များစွာသော ပရိသတ်များ အားပေးကြသည်ကို နှစ်သက်ပြီး စင်မြင့်ထက်တွင် ယဲ့ရှင်းချန် သီဆိုကခုန် နေသည်ကို သူကြည်နူးသည့်အပြင် ဇာတ်လမ်းတိုင်းတွင် ယဲ့ရှင်းချန် ပါဝင်သရုပ်ဆောင် ရသည်ကိုသာ ဖြစ်စေချင်သည်။

သို့သော် မထင်မှတ်စွာ ကပ်ဘေး ဆိုက်ရောက်လာပြီး အရာအားလုံး ပျောက်ကွယ် ပြီးဆုံး သွားရသည်။ ကပ်ဘေး မဖြစ်မီ သူ့အား မောကြည့်ရုံမျှသာ တတ်နိုင်သော လူအချို့က ယဲ့ရှင်းချန်အား အဓမ္မမှုဟု မဆိုသာသော လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု လုပ်ရန် ကြိုးစား နေသည်ကို စီရင်စုမြို့တော်၌ ကျင်းပသော ပွဲတစ်ခုသို့ ကျန်းရှန် တက်ရောက် နေချိန်တွင် မြင်တွေ့လိုက်ရသည်။ ကျန်းရှန်လည်း နာကြည်း ဒေါသတို့ကြောင့် စိတ်လွတ်သွားပြီး သတိထားမိသည့် အချိန်တွင် တူရိယာ ပစ္စည်းများနှင့် လက်နှိပ်စက် ပေါ်တွင်သာ ရှိနေခဲ့သော သူ၏လက်များမှာ သွေးများ စိုရွဲနေလေသည်။ အမှန်ပင်၊ သူထိုသူများ အားလုံးကို သတ်ခဲ့သည်။ ယဲ့ရှင်းချန်နှင့် ပရောပရည် လုပ်ရန် ကြိုးစားနေသော ထိုသူများ အားလုံးကို သတ်၍ သူနှင့်အတူ ထွက်ပြေး လာခဲ့သည်။

သူရေးစပ်ပေးသော သီချင်းများကို သီဆို၍ သူ၏ ဇာတ်ညွှန်းများတွင် သရုပ်ဆောင် နေသော ယဲ့ရှင်းချန်အား အမြင့်ဆုံးသို့ ရောက်ရန် စီစဉ်ပေးသည်များကို သူကျေနပ် နေလိမ့်မည်ဟု ကျန်းရှန် အမြဲ တွေးထင် ထားခဲ့သော်လည်း လူသားတို့၏ လောဘစိတ်ကို သူမေ့နေမိခဲ့သည်။ အထူးသဖြင့် သူသည် ယဲ့ရှင်းချန်ကို နှစ်ပေါင်းများစွာ တပ်မက် လာခဲ့သည်။ ယွင်ချဲ့ ရှေ့မှောက်တွင် သူတို့၏ ပတ်သက်မှုကို ငြင်းဆိုလိုက်သော ယဲ့ရှင်းချန်၏ စကားများကြောင့် ယဲ့ရှင်းချန်အား သူ့အပိုင်ဖြစ်ရန် ကြိုးစားဖို့ ဆုံးဖြတ်လိုက်သည်။

ကံမကောင်းစွာပင် ကျန်းရှန်သည် စကား အပြောအဆို မတတ်သဖြင့် ယဲ့ရှင်းချန်အား နှစ်ပေါင်းများစွာ ငေးကြည့် စွဲလမ်းခဲ့ရသော်လည်း ပြောစရာ စကားလုံး အနည်းငယ်သာ ထွက်လာသည်။ သူစိတ်လှုပ်ရှား၍ စိုးရိမ်ပူပန် နေသည်။ သူမည်မျှ ချစ်သည်ကို Ye Xingchen မသိမည်ကို သူတွေးကြောက်နေသည်။ သူ့အား ပိုင်ဆိုင်ခွင့် မရမည်ကိုလည်း စိုးရိမ်မိနေသည်။ သူ၏ မျက်ဝန်းများသည် စိုးရိမ်မှုတို့ဖြင့် ရဲရဲနီလျက် ရှိသည်။

“ကျန်းရှန် … ငါမှတ်မိသလောက်ဆိုရင် မင်းအခု ၂၂ နှစ်ပဲ ရှိသေးတယ်မလား .. ၈နှစ်ဆိုတာက ..”

ကျန်းရှန်မှာ အသက် ၁၄ နှစ် ကတည်းက သူ့ကို တစ်ဖက်သတ် ချစ်ခဲ့သဖြင့် ရှစ်နှစ်ပင် ကြာသွားခဲ့လေပြီ။ ကျန်းရှန်သည် အနုပညာ လောကတွင် အလုပ်လုပ်ခဲ့ပြီး သူ့အတွက် သီချင်းများနှင့် ဇာတ်ညွှန်း များကိုပင် ရေးပေးခဲ့သည်။ ကျန်းရှန်မှာ ခေါင်းမာပြီး ဇွဲရှိသည့်အပြင် သန့်စင်လှသဖြင့် ယဲ့ရှင်းချန် စိတ်ညွှတ် မိသည်မှာ သံသယ ဖြစ်ဖွယ်မရှိပေ။ ချက်ချင်းပင် အဖြေပြန်ပေး လိုက်ချင်သည်။ ယဲ့ရှင်းချန်၏ ဘဝတွင် သူ့ကိုချစ်သည်ဟု ဆိုသော လူပေါင်းများစွာနှင့် တွေ့ခဲ့ရဖူးသည်။ သူတို့အနက်မှ အများစုသည် သူ့အား ရှစ်နှစ်တာ ကာလထက်ပို၍ ထောက်ပံ့ပေးခဲ့မှုများ ရှိသော်လည်း ကျန်းရှန်သည် သူ့အတွက် အများဆုံး လုပ်ပေးခဲ့သူဖြစ်ပြီး သူ၏ ခက်ခဲသော နေ့ရက်များတွင်လည်း ဘေးတွင် ရှိနေပေးခဲ့သည်။

“အင်း .. ရှစ်နှစ် .. ကျွန်တော် ခင်ဗျားနဲ့ အတူတူ ရှိနေချင်တယ် ခင်ဗျား ကျွန်တော့်ကို ပြန်ချစ် …”

ယဲ့ရှင်းချန်၏ လက်များကို ကိုင်ကာ သူ၏မျက်နှာပေါ်တွင် တင်စေလိုက်ပြီး အခြားသူများကို မမြင်တော့သည်အထိ ယဲ့ရှင်းချန် ကိုသာ ငေးကြည့်နေသည်။

“ရှောင်ကျန်း .. ငါမင်းနဲ့ ပတ်သက်ပြီး စဉ်းစားပါရစေဦး… ငါကယောက်ျား တစ်ယောက်ဖြစ်လို့ မိန်းကလေးတွေကိုပဲ စိတ်ဝင်စားခဲ့တာ။ ဒါပေမယ့် မင်းက ငါ့စိတ်တွေကို ထွေပြားသွားလို့ ငါ့အတွက် ချက်ချင်းကြီး ဆုံးဖြတ်ချက် ချဖို့ခက်တယ်”

ကျန်းရှန်၏ ယောကျ်ား ပီသသော မျက်နှာပြင်ကို ထိတွေ့လိုက် ရသောအခါ ယဲ့ရှင်းချန်သည် အထိတ်တလန့် ဖြစ်နေရာမှ စိတ်သက်သာရာ ရလာပြီး ခံစားရသည်များကို သေချာ ပြောပြလိုက်သည်။ ကျန်းရှန်၏ စိတ်များ ပြောင်းလဲသွား၍ သူ့အပေါ် မချစ်နိုင်တော့မည့် အခြေအနေမျိုး ဖြစ်မလာသည့်တိုင် ကျန်းရှန်အား လက်ခံသင့်သည်ကို သိသည်။ ကျန်းရှန်၏ ကြည်လင်သော မျက်လုံးများတွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်လာမည့် အဖြစ်မျိုးကို သူမလိုလားပေ။ ယဲ့ရှင်းချန်အား လိင်တူချစ်ခြင်းကို လက်ခံ လာနိုင်စေရန် ကမ္ဘာပေါ်တွင် ပထမဆုံး ဆွဲဆောင်နိုင်သော သူသည် ကျန်းရှန် ဖြစ်လာသည်။ ဩ

“အင်း .. ကျွန်တော် စောင့်နေမှာပါ”

ကျန်းရှန်လည်း တောက်ပစွာ ပြုံးလိုက်ပြီး ယဲ့ရှင်းချန်လည်း ရယ်မောလိုက်သည်။ သူတို့နှစ်ဦး အတူတူ ရှိနိုင်သည် မဟုတ်ပါလား။

ယွင်ယောင် ဟင်းချက် ကောင်းသည်ကို သိသွားကြသည့် အချိန်မှစ၍ ကန်တင်းကို မသွားကြတော့ပေ။ ရှင်းဖုန်းနှင့် သူ၏အဖွဲ့သားများ စီရင်စုမြို့တော် အတွင်း မရှိသည့် အချိန်တွင်ပင် ရေခဲသေတ္တာထဲတွင် အအေးခံထားသော ဟင်းသီး ဟင်းရွက်များကို ကြိုက်နှစ်သက်လျက် ရှိသည်။ ယွင်ယောင်သည် နေ့စဉ်နေ့တိုင်း ဒါဇင်နှင့်ချီသော လူများအတွက် ချက်ပြုတ် ပေးနေရပြီး သူမ မပင်ပန်းသော်လည်း မနက်စောစောမှ စ၍ပင် အစားသောက်များကို ပြင်ဆင်နေရသည်။ ကံအားလျော်စွာ သူမသည် မနေ့ကစ၍ တစ်ဦးတည်း ချက်ပြုတ်ရန် မလိုတော့ပေ။ ဝမ်စူးဟွာသည် သူမကို ကူညီပေးပြီး ဝမ်စူးဟွာ သည်လည်း အိမ်ရှင်မ တစ်ယောက် ဖြစ်သောကြောင့် ယွင်ယောင် ကဲ့သို့‌ ကောင်းမွန်စွာချက်ပြုတ်နိုင်သည်။ ဝမ်စူးဟွာ ချက်ပြုတ်ထားသည်ကို ချူးဟောင်လင်း စားသောက်ပြီးနောက် ကိုယ့်ကိုယ်ကို ကံကောင်းသူဟု အော်ကာ သူမ၏ မြေးအဖြစ် မွေးစားရန် ဂျစ်တိုက်လေသည်။ ချူးဟောင်လင်းမှာ အစားကြူးသူ တစ်ယောက် ဖြစ်သည့်အပြင် ဘယ်သောအခါမှ ပြောင်းလဲတော့မည် မဟုတ်သောကြောင့် ချူးဟောင်လင်းအား မည်သူမှမပြောဆိုကြတော့ပေ။

“ရွှေသတ္တု စွမ်းအားရှင်လား ? ဟေး … မင်းကတော့ တကယ် ကံကောင်းတာပဲ မင်းမရည်ရွယ်ဘဲ ရွေးချယ်လိုက်တဲ့ သူက နှစ်ထပ်ကွမ်း စွမ်းအားရှင် ဖြစ်နေမှတော့ နောက်ထပ် ဘာလိုတော့မှာလဲကွာ … သူက တကယ်ကို ပြင်းထန်တဲ့ ရွှေသတ္တု အစွမ်းကို ပိုင်ဆိုင်ထားသူပဲ အဆင့်မြင့်တင် လိုက်ရင် သူ့ကိုပိုပြီး အားကြီးစေလိမ့်မယ် … ဒီတစ်ခါတော့ ငါ့အစွမ်းတွေ ထုတ်သုံးဖို့ မလိုတော့ဘူး ထင်တယ် ဖြစ်နိုင်ရင် ငါ့ရဲ့အစွမ်းတွေကို မြင်သာအောင် မပြချင်တော့ဘူး”

သူတို့နှစ်ဦး ချစ်သူဖြစ်ပြီး ချိန်မှစ၍ ယွင်ချဲ့ ရှက်ရွံ့ မနေတော့ပေ။ ထိုနေ့ညက ရှင်းဖုန်း၏ အခန်းထဲတွင် တစ်ညလုံး ရှိနေခဲ့ပြီး အိပ်ရာပေါ်တွင် လှဲနေလျက်ဖြင့် ရှင်းဖုန်း နှင့်အတူ အလုပ်တာဝန်များ အကြောင်း ပြောနေခဲ့သည်။ ယဲ့ရှင်းချန်နှင့် ကျန်းရှန် တို့အား ယွင်ချဲ့ စောင့်ရှောက် ထားသည်ကို ရှင်းဖုန်း မအံ့သြတော့ပေ။ ယဲ့ရှင်းချန်သည် ယွင်ယောင်နှင့် ချန်ချန်တို့ကို ကောင်းစွာ ခင်မင်ရင်းနှီးကြောင်း ကူးမင်ရွှမ်း ပြောပြထားသည်။

“ထူးထူးဆန်းဆန်းကြီး ခံစားနေရတယ် … ခင်ဗျားက ကိုယ့်ရဲ့ စွမ်းအားတွေကို ဖုံးကွယ်ထားမယ့် သူမဟုတ်ဘူး အခြားသူတွေ ကြောက်ကြမှာ စိုးလို့လား”

ယွင်ချဲ့ ခြေချိတ်ထိုင်နေပြီး သိလိုစိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။ နှစ်ယောက် ဆက်ဆံရေး ကောင်းမှုကြောင့် သူသိလိုသည်များကို စောင့်စည်းနေစရာ မလိုပဲ မေးမြန်းနိုင်သည်။

“တကယ်လို့ ငါ့မှာ မှော်စွမ်းရည် မရှိခဲ့ရင်တောင်မှ ခေါင်းဆောင်တွေ ငါ့ကို ကြောက်ကြလိမ့်မယ် .. ဒါမယ့် ငါ့ရဲ့စွမ်းအားကို မြင်သာအောင် မပြချင်ဘူး တချို့သူတွေကြောင့်လည်း ပါတယ် …သူတို့က ငါ့မိသားစုဝင်တွေပါပဲ အခုချိန်မှာတော့ ရှင်းပြဖို့ခက်တယ် ငါတို့ မြို့တော်ကို သွားတဲ့ တစ်နေ့ကျရင် ငါမင်းကို ဒါတွေ အားလုံး ရှင်းပြပါမယ်”

ရှင်းဖုန်း လက်လှမ်းကာ ယွင်ချဲ့ မျက်နှာကို ကိုင်လာလျက် အိပ်ရာပေါ်တွင် ထိုင်လိုက်ပြီး Yun လက်ကို ကိုင်လိုက်သည်။ ရှင်း မိသားစုရေးရာမှာ ရှုပ်ထွေးလှသဖြင့် ဖြစ်နိုင်လျှင် ယွင်ချဲ့ကို ဝင်ရောက် မပတ်သက်စေလိုပေ။ သို့သော် သူတို့ဆက်ဆံရေး စတင်ခဲ့ချိန်မှစ၍ ယွင်ချဲ့ သိထားရန် လိုအပ် လာသော်လည်း အချိန်များစွာ လိုအပ်သေးသည်။

“တကယ်လို့ ခင်ဗျားရဲ့ စွမ်းအားတွေကို ထုတ်မပြချင်ဘူးဆိုရင် ဟောင်လင်းကို ဒီတစ်ခေါက် မခေါ်သွားတာ ကောင်းလိမ့်မယ် … မင်းရဲ့အဖွဲ့ထဲမှာ နယ်မြေ စွမ်းအားရှင်က မင်းတစ်ယောက်တည်းဆိုရင် အခြားသူတွေ ထိတ်လန့်ကြမှာ မဟုတ်ဘူး”

ယွင်ချဲ့သည် အခြေခံကျသည့် အကြောင်းအရာများကို မသိလိုပေ။ အခုအချိန်တွင် ရှင်းဖုန်း မပြောပြနိုင်သည့် အကြောင်းပြချက် ရှိလိမ့်မည်ဟု ယွင်ချဲ့ ယုံကြည်ပြီး သူသိသင့်သည့် အခါတွင် သိလာရလိမ့်မည်။

“ဒီတစ်ကြိမ်တော့ ငါတို့ တာဝန်ပြီးမြောက်ဖို့ အတွက် မဟုတ်ဘဲ ဘယ်သူမှ မသေကြေဘဲ အနာတရမဖြစ်ဖို့ အကောင်းဆုံး နည်းလမ်းကိုပါ လိုအပ်တယ် … ငါတို့နဲ့အတူ ရှုကျဲကို ခေါ်သွားသင့်လား”

ရှင်းဖုန်း ခေါင်းညိတ်ကာ ယွင်ချဲ့ကို သူ၏ရင်ဘတ်ပေါ်သို့ ဆွဲခေါ်လိုက်ပြီး သူ၏လက်များမှာလည်း ယွင်ချဲ့ ခါးကို ညင်သာစွာ ဖက်ထားလိုက်သဖြင့် ယွင်ချဲ့က မျက်လုံးကို ဝေ့ကြည့် လိုက်သည်။

“အတည်ကြီးလား…. အလင်းစွမ်းအားရှင် တစ်ယောက်ကို ဘာလို့ ခေါ်သွားမှာလဲ … သူ့ကိုတစ်ယောက်ယောက်က အမြဲလိုက် ကာကွယ်နေရမှာလေ”

အလင်းစွမ်းအားမှာ အရေးကြီးသည်ကို ယွင်ချဲ့ ဝန်ခံပါသည်။ သို့သော် အလင်း စွမ်းအားရှင်ကို ခေါ်သွားမည်ဆိုပါက အားနာသော်လည်း သူမခေါ်လိုပေ။ ထို့အပြင် ရှုကျဲသည် သတ္တိနည်းသူ ဖြစ်သောကြောင့် ယွင်ချဲ့ အထင်မကြီးပေ။

“အင်းပါ ငါတို့လည်း အလင်း စွမ်းအားရှင်ကို မလိုအပ်ပါဘူး။ ဒါပေမယ့် လေတာ့ရှန် အတွက် လိုအပ်နိုင်တယ် … ညစာမစားခင် မင်ရွှမ်းက ငါ့ကို အရှုံးသမားအဖွဲ့နဲ့ ပတ်သက်ပြီး အချက်အလက် တချို့ ပြောပြတယ် အဖွဲ့ဝင် ရာချီရှိပေမယ့် စွမ်းအားရှင် ၁၈ ယောက်ပဲရှိတယ်။ ကျန်တဲ့လူတွေက သာမန်လူတွေ၊ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးတွေလည်း ပါတယ် … တကယ်လို့ သူတို့တွေ သေဆုံးသွားခဲ့ရင် ငါတို့ ကောင်းမွန်အောင် ဆောင်ရွက်နိုင်‌တော့မှာ မဟုတ်ဘူး”

ရှုကျဲ အား ယွင်ချဲ့ သဘောမကျသည်ကို ရှင်းဖုန်း သိသည်။ ထို့အတူ ရှင်းဖုန်းလည်း ရှုကျဲကို မကြိုက်ပေ။ သို့သော် ထိုအရာများမှာ အရေးမကြီး။ ရှုကျဲ၏ စွမ်းအားကို အကျိုးရှိစွာ မည်သို့ အသုံးချမည် ဆိုသည်က ပို၍ အရေးကြီးသည်။ ယခု တာဝန်အတွက် အလင်းစွမ်းအင် လိုအပ်သည်။

“အင်း .. ဘာပဲဖြစ်ဖြစ် သူ့ကိုခေါ်သွားဖို့ သဘောမတူဘူး ခင်ဗျား အဆင်ပြေသလို လုပ်ပါ ဒါပေမယ့် ကျုပ်လူတွေကတော့ သူ့ကို ကာကွယ် မပေးနိုင်ဘူးနော် …”

အလင်းစွမ်းအားရှင် တစ်ယောက်ကို ကာကွယ် ပေးရန်မှာ လူပေါင်းများစွာ၏ စတေးခံ ပေးဆပ်မှုများ လိုအပ်သည်။ သို့သော် ယွင်ချဲ့ ထိုမျှလောက် မရူးပေ။ သူ့အတွက် အလင်းစွမ်းအင်မှာ အသုံးမဝင်သော အစွမ်းပင်။

“အင်းပါ ငါသေချာ စဉ်းစားလိုက်ပါမယ် …”

ရှင်းဖုန်းသည် မျက်လွှာချကာ ယွင်ချဲ့ကို စိုက်ကြည့်နေပြီး အလင်းစွမ်းအားရှင်မှာ လူတိုင်း အလိုရှိသူ ဖြစ်သော်လည်း ယွင်ချဲ့ အတွက် အရှုံးသမား တစ်ယောက်သာ ဖြစ်နေသည်။

“ခင်ဗျားဘာတွေ စဉ်းစားနေတာလဲ”

ယွင်ချဲ့ ခေါင်းကိုခါပြီး ရှင်းဖုန်း ဘက်သို့ လှည့်ကာ ရှင်းဖုန်း လက်မောင်းပေါ်တွင် အိပ်လိုက်သည်။

“ယဲ့ရှင်းချန်ရဲ့ စွမ်းအားနဲ့ ပတ်သက်ပြီး စဉ်းစားနေတာ … ရိုးစင်းတဲ့သူက အရမ်း အသုံးဝင်နိုင်မယ် ဆိုတော့ ငါတတ်နိုင်သမျှ သူ့ရဲ့ စွမ်းအားတွေ တိုးတက်လာဖို့ ကူညီပေးရမယ် … ဒီတစ်ခါတာဝန်မှာ လေစွမ်းအင်ကို နည်းနည်းပဲ သုံးပြီး အမြုတေကိုပဲ ပိုစုဆောင်းရမလား .. အဆင့် ၀ နဲ့ အဆင့် ၁ အမြုတေတွေက အသုံးမဝင်တော့ဘူး … ထုံယန်းမြို့ထဲမှာ အဆင့် ၂ အမြုတေတွေ အများကြီး ရှိနေမယ်လို့ ငါထင်တယ်”

ယွင်ချဲ့ မှာ အဆင့် ၃ အမြုတေများ၊ အထူးသဖြင့် အာနိသင်မဲ့ အမြုတွေများကို လိုအပ်သည်။ လုဟိုင်ရွှမ်းသည် ထိုအရာများကို လိုအပ်သည့် တစ်ဦးတည်းသော သူဖြစ်သည်။ သို့သော် ယခုအချိန်တွင် ယဲ့ရှင်းချန်မှာ ထိုအရာများကို ပို၍လိုအပ်သည်။ ယဲ့ရှင်းချန်မှာ သနားစရာကောင်းသည်ဟု ယွင်ချဲ့ တွေးမိသွားသည်။

ရှင်းဖုန်းလည်း လှည့်လိုက်ပြီး ယွင်ချဲ့ အပေါ်မှ အုပ်မိုးကာ ယွင်ချဲ့ ပါးကို အသာညှစ်လိုက်ပြီး …

“ငါနဲ့ ရှိနေတဲ့အချိန် အခြားကောင်လေး အကြောင်း စဉ်းစားနေတယ်ပေါ့လေ။ ငါမင်းကို ဘယ်လို အပြစ်ပေးရင် ကောင်းမလဲ”

“အမ် ကျွန်တော့်ကို ခင်ဗျား လိုအပ်နေရင်လည်း ပြောလေ .. ဒီလို အကြောင်း မရှိအကြောင်း ရှာနေရလား”

ယွင်ချဲ့ ရှက်သွားပြီး ရှင်းဖုန်းကို ဆွံ့အစွာ ကြည့်လိုက်သည်။ ရှင်းဖုန်းတွင် ယခုကဲ့သို့ ကလေးဆန်သော သဝန်တိုမှုမျိုး ရှိနေသည်ကို မထင်ထားခဲ့ပေ။

“ဟား…ဟား… ဒါငါစောင့်နေခဲ့ရတဲ့ အရာပဲ”

“အမ်..”

ရှင်းဖုန်း ပြောပြီးသည်နှင့် ခေါင်းကို အောက်သို့ နှိမ့်ချကာ ယွင်ချဲ့၏ နှုတ်ခမ်းများကို စုပ်ယူလိုက်သည်။ သူ၏လျှာကို ယွင်ချဲ့ နှုတ်ခမ်း တစ်စုံကြားမှ ကျူးကျော် ဝင်ရောက် သွားသည့်အခါ Yun Che သည်လည်း သူ၏လျှာကို တုံ့ပြန် နမ်းလိုက်သည်။

“အင်း … ဖြည်းဖြည်းလုပ်ပါ ..အင်း..”

ရှင်းဖုန်း ပြင်းထန်စွာ စုပ်ယူလိုက်သဖြင့် ယွင်ချဲ့၏ လျှာအရင်းတွင် ဆတ်ခနဲ နာကျင် သွားရသည်။ အပြစ်တင်လိုက်သည့် ခဏအတွင်း ရှင်းဖုန်းက ယွင်ချဲ့ နှုတ်ခမ်းကို ပြန်လည် စုပ်ယူလိုက်သည်။ အကြိမ်တိုင်းတွင် ရှင်းဖုန်းသည် သူ၏ နှုတ်ခမ်းကို ကိုက်၍ လျှာကို ပြင်းထန်စွာ စုပ်ယူသည်။ ယွင်ချဲ့ နာကျင်သွားသည့် အခါတွင် ရှင်းဖုန်း ပြန်လွှတ် ပေးလိုက်ပြီး သူ၏လျှာကို ထိုးသွင်းလျက် ယွင်ချဲ့ နှုတ်ခမ်းများကို ညင်သာစွာ လျက်လိုက်သည်။ ယွင်ချဲ့ စိတ်ကို ချုပ်တည်း ထားချင်သော်လည်း မတတ်နိုင်ခဲ့ပေ။ စိတ်အနှောင့်ယှက် ဖြစ်စွာပင်လျှင် သူ၏ ငယ်ရွယ်သော ခန္ဓာကိုယ်သည် ရှင်းဖုန်း၏ အထိအတွေ့များ အပေါ်တွင် လိုလား တောင့်တလာသည်။

“ကိုယ် အခု တကယ် မင်းနဲ့ ချစ်ချင်တယ်”

ပြင်းပြသော အချစ်စိတ်က လွန်ကျူးစွာ လောင်ကျွမ်း နေလေပြီ။ ယွင်ချဲ့ကို မလွှတ်လိုက်လျှင် သူ၏ လိုချင် တပ်မက်မောမှုများကို ချုပ်ထိန်းနိုင်မည် မဟုတ်ပေ။ ပင့်သက် ရှိုက်လျက်ဖြင့် ရှင်းဖုန်းမှာ ခေါင်းကို ယွင်ချဲ့ လည်ပင်းနားသို့ ဝှက်ထား လိုက်သည်။ ထို့နောက် ယွင်ချဲ့ လည်တိုင်မှ ပင်မသွေးလွှတ်ကြော တစ်လျှောက်ကို ထပ်ခါထပ်ခါ လျက်တော့သည်။ တစ်ခါတစ်ရံ ယွင်ချဲ့ နားကို ကိုက်၍ ချိုသာစွာ လျက်လိုက်သည်။

“မလုပ်ဘူးလား … ကျုပ်ကို ဆွတုန်းကဆွပြီးမှ ရပ်မလို့လား”

ရှင်းဖုန်း၏ ဆိုလိုရင်းကို သဘောပေါက်သော ယွင်ချဲ့မှာ ခန္ဓာကိုယ် အောက်ပိုင်းကို တွန့်လိမ် လိုက်သည်။ သူသည် အချစ်ကိစ္စ ပြီးမြောက်ရန် အဆင်သင့် ဖြစ်နေပေပြီ။ ရှင်းဖုန်း ချီတုံချတုံ ဖြစ်နေသည့် အချိန် ကတည်းကပင်လား။ လမ်းတစ်ဝက်မှာ ရပ်လိုက်ခြင်းက တော်တော် နာကျင်ရသည် မဟုတ်ပါလား။

“ငါ့ကို သွေးမဆောင်ပါနဲ့.. ငါဒီနေ့ အဆင်သင့် မပြင်ထားဘူး…. ချောဆီ တစ်ခုခုမပါရင် မင်းနာလိမ့်မယ်..”

ရှင်းဖုန်းလည်း ဘေးသို့လှည့်ကာ ယွင်ချဲ့ ဘေးတွင် လှဲအိပ်လိုက်ပြီး ယွင်ချဲ့၏ ဘောင်းဘီကို ချွတ်ကာ သူ၏ အရာကို ကိုင်လိုက်သည်။ ရှင်းဖုန်းမှာ ကိုယ်လက်နှီးနှောမှုကို လိုလားသော်လည်း သူသေချာ မပြင်ဆင်လာရသဖြင့် ပျော်ရွှင်မှုလေးကို ရုတ်တရက် ဖျက်ဆီး လိုက်မိမည်ကို စိုးရိမ်နေသည်။ အကယ်၍ သူ ယွင်ချဲ့အား နာကျင်စေမိလျှင် သူ၏နှလုံးသားလည်း နာကျင် ရလိမ့်မည်။

“ဖြည်းဖြည်းလုပ်ပါ .. ကျွန်တော့်မှာ ကွန်ဒုံးပဲရှိတာ .. ကျုပ်တို့ ဆိုင်တစ်ဆိုင် လောက်ကိုတော့ ရအောင်ရှာသင့်နေပြီ”

မျက်စောင်းဖြင့် ကြည့်လိုက်ပြီး ရှင်းဖုန်း သူ့အား အာသာဖြေ ပေးနေချိန်တွင် ညည်းတွား နေလေသည်။ အမျိုးသား နှစ်ဦးကြား လိင်ဆက်ဆံသည့် အချိန်တွင် ချောဆီ လိုအပ်သည်ကို ရှင်းဖုန်း သတိပေးလိုက်သည်။ ရှင်းဖုန်း၏ အင်္ဂါအား သူ့လက်ဖြင့် ထိလိုက်သည့်အခါ ကြီးမား မာထန်လှနေသည်ကို ခံစားမိလိုက်သည်။ အကယ်၍ ရှင်းဖုန်း အတင်းအကြပ် လုပ်မည်ဆိုလျှင် နောက်တစ်နေ့တွင် အခြားသူများ အားလုံး သူ့အား ဝိုင်းလှောင် ကြလိမ့်မည်။

“တစ်ဆိုင်တည်းနဲ့ မလုံလောက်ဘူး ထင်တယ် ထုံယန်းက မြို့ကြီးဖြစ်တော့ ငါတို့တွေ့သမျှ ဆိုင်တွေ အကုန်ရှာကြစို့”

ရှင်းဖုန်း လှဲအိပ်နေပြီး ယွင်ချဲ့ နားကို ကိုက်လျက် ကာမဆန္ဒ ပြင်းပြသော အသံများပြုလည်း ပြုနေသည်။

“အ…”

“ဟော်ဟော် .. မင်းမြန်မြန်နဲ့ ပြီးသွားတာပ”

ယွင်ချဲ့ သူ၏လက်ပေါ်တွင် မြန်စွာ အထွတ်အထိပ် ရောက်သွားသဖြင့် ရှင်းဖုန်း စိတ်မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။ ယွင်ချဲ့လည်း ရှင်းဖုန်းကို ထုရိုက်ကာ သူ၏ပခုံးများကို ကိုက်လိုက်သည်။

“အ …”

ရှင်းဖုန်း ကျယ်လောင်စွာ အော်လိုက်ပြီး ယွင်ချဲ့ ခေါင်းအနောက်ဘက်မှ ကိုင်ကာ ပို၍ ပြင်းထန်စွာ ကိုက်လိုက်သည်။ ယွင်ချဲ့လည်း အရှက်ပြေသွားရာ ရှင်းဖုန်း၏ ပခုံးများကို မလွှတ်ပေးတော့ဘဲ သွေးထွက်သည် အထိပင် ကိုက်လိုက်သည်။ ထို့နောက်တွင် လျှာကို ထုတ်၍ ကိုက်ရာ အမှတ်ပေါ်သို့ အပြန်အလှန် လျက်ပေး လိုက်ကြသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset