YMR- အခန်း ၉၀

အခန်း (၉၀)

နေ့လယ်တွင် လန်ယဲ့ဟန် နှင့် အခြားသူများပြန်လာခဲ့ကြပြီး ယွင်ချဲ့ က တာဝန်အကြောင်း ရှင်းပြရာ အဖွဲ့သားများမှာ ငြင်းဆန်ခြင်းမရှိဘဲ အစီအစဉ်ကို လက်ခံကြလေသည်။ ထိုတာဝန်ကို အဖွဲ့ဝင် ၆ယောက်နှင့် လုပ်ဆောင်မည်ဖြစ်သည်။ အဖွဲ့ဝင်များမှာ အိမ်ရှင်းလင်းရာတွင် ကူညီပေးနေပြီး ယွင်ချဲ့ က ယဲ့ရှင်းချန် နားနေသောအခန်းထဲသို့ ဝင်လာခဲ့သည်။

“လာပြီလား .. ထိုင်ပါဦး”

ခုတင်ခေါင်းရင်းကိုမှီကာ စာဖတ်နေသော ယဲ့ရှင်းချန် က မော့ကြည့်လိုက်ပြီး ပြုံးပြကာ သူငယ်ချင်းဟောင်းများကဲ့သို့ နှုတ်ဆက်လေသည်။

ယွင်ချဲ့ လည်း ထိုင်ခုံယူကာ ထိုင်လိုက်ပြီး …

“ရက်လည်းအတော်ကြာပြီဆိုတော့ သက်သာနေပြီထင်ပါတယ် အပြင်ထွက်ပြီး လမ်းလေးဘာလေးလျှောက်ပါဦး … အခန်းထဲပဲနေနေရင် ကောင်းကောင်းမပျောက်နိုင်ဘူးနော်”

ယွင်ချဲ့ ၏ ပထမစကားက သူတို့အား နှင်ထုတ်တော့မည်ဟု ယဲ့ရှင်းချန် ထင်လိုက်သော်လည်း စကားဆုံးသည့်အခါ စိတ်တွေဝေသွားရသည်။ ယွင်ချဲ့ က သူတို့ကို ထွက်သွားစေချင်သည်မဟုတ်လား။ မနေ့က ….

“တွေးမနေနဲ့တော့ .. ဟုတ်တယ် ခင်ဗျားက သဘောကောင်းလွန်တော့ မမက ကျွန်တော့်ကိုခေါ်ပြီး ပြောပေးတယ် … မမနဲ့ ချန်ချန် တို့ စိတ်ဆိုးမှာစိုးလို့ ကျွန်တော်တို့ရဲ့ထိပ်ဦးအဖွဲ့ကိုဝင်ဖို့ ဖိတ်ခေါ်ချင်တယ် ဝင်ချင်လား”

ယဲ့ရှင်းချန် ၏ပုံစံကြောင့် ယွင်ချဲ့ အမြန်ပြောကာ တည်ငြိမ်စွာဖြင့် မေးလေသည်။ သူ၏အစ်မ တောင်းဆိုခြင်းကြောင့် ယဲ့ရှင်းချန် နှင့် ကျန်းရှန် တို့ကို နေခွင့်ပေးခြင်းမဟုတ်ဘဲ ယဲ့ရှင်းချန် နှင့် ကျန်းရှန် တို့မှာ ယွင်ချဲ့ တို့နှင့် သာတူညီမျှပင်။

“ဟင် ?”
ယဲ့ရှင်းချန် မှာ ခေတ္တဆွံ့အသွားသော်လည်း အရာရာနားလည်ပြီးနောက် ရယ်မောကာ ကျန်းရှန် ကို လှည့်ကြည့်လိုက်သည်။

“ကျန်းရှန် ဘယ်လိုသဘောရလဲ”

ယဲ့ရှင်းချန် ဆက်၍နေလိုသည်မှာ ယုံမှားဖွယ်မရှိပေ။ ယွင်ယောင် နှင့် ချန်ချန် က သူ့ကိုနွေးထွေးစွာပြုံးပြီး ထိုအပြုံးများကြောင့်ပင် သူသည်လည်း နွေးထွေးသွားရကာ ဆက်လက်ရှင်သန်လိုစိတ်များ ပေါက်ဖွားလာသည်။ သူတို့အတူနေချင်သော်လည်း ကပ်ဘေးမတိုင်မီကတည်းက သူ့အတွက် ဇာတ်ညွှန်းရေးသားခြင်းနှင့် သီချင်းစပ်ပေးခြင်းမှလွဲ၍ သူနှင့်အတူ နေပေးသော ကျန်းရှန် ကိုလည်း ဂရုစိုက်ပေသည်။ အကယ်၍ ကျန်းရှန် ကြောင့်သာမဟုတ်လျှင် ကပ်ဘေးကာလတွင် သူသည်အခြားသူများ၏ ပျော်တော်ဆက်အရုပ်ဖြစ်လျှင်ဖြစ် မဟုတ်လျှင် တစ်နေရာတွင် အသက်ပျောက်နေလိမ့်မည်ဖြစ်သည်။

“ကျွန်တော်က အစ်ကို့သဘောပါပဲ”

ယဲ့ရှင်းချန် ကို သေချာစိုက်ကြည့်လျက် ကျန်းရှန် ဖြေလိုက်သည်။ သူဂရုစိုက်သည်မှာ ယဲ့ရှင်းချန် တစ်ယောက်တည်းပင်။

“အင်း ဒါဆို ဒီမှာပဲနေကြမလား”

“ရပါတယ်”

ခဏလေးအတွင်း ယဲ့ရှင်းချန် နှင့် ကျန်းရှန် တို့ သဘောတူလိုက်ကြသည်။ ဘေးတွင်ရှိနေသော ယွင်ချဲ့ မှာ သူကိုယ်တိုင်ပင်မသိလိုက်ဘဲ ကြည်နူးဖွယ်မြင်ကွင်းတစ်ခုကို ကြည့်လိုက်ရသည်။

“တော်ကြပါတော့ အရမ်းတွေရိုမန့်တစ်ဖြစ်နေကြတာ .. အခြားသူတွေ ရှုံ့ချမှာမကြောက်ဘူးလား”

ချစ်ကြည်နူးနေကြသော ယဲ့ရှင်းချန် နှင့် ကျန်းရှန် တို့ကို ယွင်ချဲ့ မကြည့်နိုင်တော့သဖြင့် မျက်လုံးစောင်းကြည့်ကာ မေးလိုက်သည်။ ကျိုးဇယ်ယွီ နှင့် လုဟိုင်ရွှမ်း ကိုလည်း ကျန်းရှန် ကဲ့သို့ ချစ်သူမျိုးမရစေရန် ဆုတောင်းနေမိသည်။ မဟုတ်လျှင် သူတို့အဖွဲ့မှာ ပန်းရောင်လွင်ပြင်ဖြစ်သွားလိမ့်မည်။ ထိုအကြောင်းကိုတွေးရင်း ယွင်ချဲ့ ကြက်သီးထသွားရသည်။

“ငါတို့က တွဲနေကြတာမဟုတ်ဘူး”

ယွင်ချဲ့ စကားကြောင့် ယဲ့ရှင်းချန် ရှက်သွေးဖြာကာ အမြန်ပြန်ဖြေလိုက်သော်လည်း ကျန်းရှန် မျက်ဝန်းထဲမှ စိတ်ပျက်ခြင်းအရိပ်အယောင်ကို မတွေ့လိုက်ပေ။ ယွင်ချဲ့ လည်း အဓိပ္ပါယ်ပါပါကြည့်ကာ ပြုံးလိုက်ပြီး …

“သေချာလို့လား .. အင်း အရေးတော့မကြီးပါဘူးလေ အရေးကြီးတာက အခုပြောစရာရှိလို့ သေချာနားထောင်ပေး ဟုတ်ပြီလား”

ယခုအချိန်တွင် တွဲနေကြခြင်းမဟုတ်သော်လည်း တစ်ချိန်မဖြစ်လာနိုင်ဟု မပြောနိုင်ပေ။ ယွင်ချဲ့ သိထားပုံအရ ကျန်းရှန် က ယဲ့ရှင်းချန် ကို လွယ်လွယ်နှင့် လွတ်ပေးမည့်သူမဟုတ်ပေ။ ကျန်းရှန် မှာ ရိုးအေးသော်လည်း လိုရင်းကိုရောက်အောင် ပြောဆိုတတ်သဖြင့် ယဲ့ရှင်းချန် ငြင်းဆန်နိုင်မည်မဟုတ်ပေ။

“အင်း ပြောလေ”

ရှက်စိတ်ကြောင့် ကျန်းရှန် ကို မကြည့်ရဲသဖြင့် ယဲ့ရှင်းချန် စိတ်ကိုငြိမ်အောင် ထိန်းနေရသည်။ အနုပညာအသိုင်းအဝိုင်းတွင် လိင်တူချစ်ကြိုက်ခြင်းမှာ သာမန်ဖြစ်နေပြီး ယဲ့ရှင်းချန် အနေနှင့် ရွံရှာမုန်းတီးခြင်းလည်းမရှိပေ။ ထို့အပြင် ယောကျ်ားသားအများစုမှာ ယဲ့ရှင်းချန် ၏ ချောမောလှပသော ရုပ်ရည်ကိုသာ နှစ်သက်ကြသဖြင့် သူ့ကိုလိုချင်ကြခြင်းဖြစ်သည်။ သူသည် လိင်မတူအမျိုးသမီးများကိုသာ နှစ်သက်သူဖြစ်သော်လည်း ယောကျ်ားတစ်ယောက်နှင့် ချစ်ကြိုက်တွဲဖက်ရမည်ဟု တစ်ခါမှမတွေးခဲ့ဖူးပေ။

“မပြောခင် ခင်ဗျားမှာ စွမ်းအားရှိမရှိ ရှိရင်ဘယ်လိုစွမ်းအားလဲဆိုတာ အတည်ပြုချင်ပါတယ်”

အလုပ်ကိစ္စပြောခြင်းဖြစ်သောကြောင့် ယွင်ချဲ့ စနောက်မနေတော့ဘဲ တည်ကြည်သောလေသံဖြင့် မေးလိုက်သည်။ ကျန်းရှန် တွင် စွမ်းအားရှိသည်ဟု ယွင်ယောင် ပြောခဲ့သော်လည်း မည်သည့်စွမ်းအားဖြစ်ကြောင်းကို မသိရသေးပေ။ ယဲ့ရှင်းချန် အနေနှင့် ပြင်းထန်သော အဆုတ်ရောင်ရောဂါနှင့် အအေးမိခြင်းကိုသာ ခံစားခဲ့ရသဖြင့် စွမ်းအားရှိလိမ့်မည်မဟုတ်ပေ။ သို့သော် ထိုထင်မြင်ချက်မှာလည်း မသေချာပေ။ သာမန်လူများနှင့်ယှဉ်လျှင် စွမ်းအားရှင်များသည် ကိုယ်ခံအားကောင်းကြပြီး ဖျားနာခဲလှသော်လည်း ဘယ်တော့မှနေမကောင်းမဖြစ်ဟု မဆိုလိုပေ။

“အမ်.. ကျန်းရှန် မှာ ရွှေသတ္တုအစွမ်းနဲ့ မြန်နှုန်းမြင့်စွမ်းအားရှိတယ် ငါက စွမ်းအားရှိတာလားမရှိတာလားမသေချာဘူး .. တိရစ္ဆာန်သေးသေးလေးတွေကို ငါထိန်းချုပ်နိုင်တယ် ဒါပေမယ့် ကပ်မဆိုက်ခင်က ဒီလိုမဖြစ်ခဲ့ဘူးဆိုတာ သေချာတယ်”

ယဲ့ရှင်းချန် တုံ့ဆိုင်းဆိုင်းနှင့် ပြန်ဖြေလိုက်သည်။ လးတစ်ယောက်၏စွမ်းအားက တိရစ္ဆာန်များကိုထိန်းချုပ်ခြင်းဆိုသည်ကို သူတစ်ခါမှမကြားဖူးပေ။ ထို့အပြင် တိရစ္ဆာန်အငယ်များကိုသာ ထိန်းချုပ်နိုင်ပြီး ကြီးမားသောတိရစ္ဆာန်များကို မထိန်းချုပ်နိုင်ပေ။ သူအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့သည်က အရွယ်ရောက်ပြီးသော ဟက်စကီးတစ်ယောင်ကိုထိန်းချုပ်လိုက်ပြီး အဆင့် ၂ဖုတ်ကောင်အားသတ်နေသော ကျန်းရှန် ကို ကူညီပေးနိုင်ခဲ့သည်။

“ဒါပေါ့ ခင်ဗျားမှာ စွမ်းအားရှိနေတာပဲ”

ယဲ့ရှင်းချန် တွင် စွမ်းအားရှိနေသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ယွင်ချဲ့ တွေးတောကာ ခေါင်းခါလိုက်ပြီး ….

“ခင်ဗျားက ထိန်းချုပ်သူလို့ပြောလို့ရတယ် စွမ်းအားက စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်ခြင်းတစ်မျိုးပဲ ဒါပေမယ့် တိရစ္ဆာန်တွေအပေါ်သက်ရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာတော့ ကျွန်တော်လည်းမသိဘူး … တကယ်လို့ တိရစ္ဆာန်ဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်းတိရစ္ဆာန်တွေကို ထိန်းချုပ်နိုင်ဖို့ဆိုရင် မြန်မြန်လေ့ကျင့်ထားမှရမယ် နောက်ဆို လိုအပ်လာနိုင်တယ်”

ထိန်းချုပ်သူဆိုသည်က ဖုတ်ကောင်ထိန်းချုပ်ကဲ့သို့ လူနည်းစုထဲတွင် အပါအဝင်ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာစွမ်းအားရှိပုံချင်းတူညီကြသော်လည်း ကွာခြားချက်တော့ရှိသည်။ အကယ်၍ ယဲ့ရှင်းချန် သာ စွမ်းအားကိုကောင်းမွန်စွာ ထိန်းချုပ်သွားနိုင်လျှင် အထောက်အပံ့များစွာ ဖြစ်ပေလိမ့်မည်။

“တကယ်လား ?!”

စိတ်လှုပ်ရှားမှုကြောင့် ယဲ့ရှင်းချန် ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ပြီးခဲ့သောအချိန်များတွင် သူထွက်ပြေးကာ ကျန်းရှန် အနောက်တွင်သာ ကြောက်လန့်စွာပုန်းကွယ်နေခဲ့ရသဖြင့် ကိုယ့်ကိုယ်ကိုကာကွယ်နိုင်မည်ဆိုပါက …. တွေးရင်းဖြင့်ပင် ယဲ့ရှင်းချန် တစ်ကိုယ်လုံး သွေးများဆူပွက်လာသကဲ့သို့ ခံစားလိုက်ရသည်။

“အင်း သေချာလေ့ကျင့်ပေးဖို့ပဲလိုတယ် ဒါပေမယ့် အမြန်မလိုပါနဲ့ ဒီရက်ထဲတော့ အေးဆေးနားလိုက်ပါဦး”

ယဲ့ရှင်းချန် ဘာကြောင့်စိတ်လှုပ်ရှားနေရသည်ကို ယွင်ချဲ့ သဘောပေါက်သည်။ ယဲ့ရှင်းချန် ကဲ့သို့ မာနရှိသော ယောကျ်ားတစ်ယောက်က မိန်းကလေးတစ်ယောက်ကဲ့သို့ ကာကွယ်ခံနေရသည်ကို အလွန်ခံပြင်းပေလိမ့်မည်။

“အင်း”

ယဲ့ရှင်းချန် ခေါင်းညိတ်ပြကာ ကျေးဇူးစကားပြောရန်မလိုဟုတွေးကာ မပြောဘဲနေလိုက်သည်။ အကယ်၍ သူကျေးဇူးတင်ကြောင်းပြောလိုပါက ယွင်ချဲ့ ပြောသကဲ့သို့ သန်မာအောင်လုပ်ကာ စွမ်းအားကို လေ့ကျင့်ရမည်ဖြစ်သည်။ ထိုမှသာ အနာဂတ်တွင်လုပ်ဆောင်မည့်တာဝန်များကို ကူညီပေးနိုင်လိမ့်မည်။

“ကျန်းရှန် မင်းက ငါတို့နဲ့အတူ SSSတာဝန်အတွက် လိုက်ခဲ့ နောက်တစ်ရက် ၂ရက်အတွင်း ထုံယန်းမြို့ကို သွားရမယ် ငါတို့နဲ့လိုက်ခဲ့ မင်းရဲ့အစွမ်း အဆင့်ဘယ်လောက်ရောက်ပြီလဲကြည့်ကြတာပေါ့ … ဓီကြားထဲတော့ မင်းရဲ့တွဲဖက်ဖြစ်မယ့်သူနဲ့ ရင်းနှီးအောင် ပြောဆိုထားပေါ့”

ကျန်းရှန် ကိုလှည့်ကြည့်ကာ ယွင်ချဲ့ တောင်းဆိုလိုက်သည်။ ကျန်းရှန် မှာ ၆ယောက်မြောက်အဖွဲ့ဝင်ဖြစ်ပြီး အားနည်းလိမ့်မည်မဟုတ်ကြောင်း ယွင်ချဲ့ ထစ်ထစ်ချယုံကြည်ထားသည်။ ကျန်းရှန် မှာ အဆင့် ၂နှင့်အထက် ရှိလိမ့်မည်။ မဟုတ်လျှင် အဆင့် ၂အမြုတေကို စုဆောင်းနိုင်မည်မဟုတ်ပေ။

“အင်း”

မမျှော်လင့်စွာပင် ကျန်းရှန် က ယွင်ချဲ့ ကို လျစ်လျူမရှုထားဘဲ ခေါင်းညိတ်ပြလိုက်သည်။ ကျန်းရှန် မှာ အလွန်စကားနည်းသူပင်။

“ကောင်းပြီလေ သဘောတူလိုက်ပြီနော် … အခန်းအနေနဲ့ ဒီအခန်းက ရှင်းချန် အပိုင်ပဲ ကျန်းရှန် က ဘေးအခန်းမှာနေလိမ့်မယ် … လိုအပ်တဲ့ပရိဘောဂတွေဖြည့်ထားပေးမယ် ပြီးရင် မမက အခန်းကိုဆင်ပေးလိမ့်မယ်”

SSSတာဝန်ကိုကြားရသည့်အခါ ကျန်းရှန် ကြောက်ရွံ့ခြင်းလုံးဝမဖြစ်ပေ။ ယွင်ချဲ့ ခေါင်းညိတ်ပြကာ မတ်တပ်ရပ်လိုက်ပြီး စကားပြောဆိုပြီးသည့်နောက် ထွက်သွားရန် ပြင်လိုက်သည်။ ယဲ့ရှင်းချန် တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း ပြောမထွက်သဖြင့် အားတင်းကာပြုံးလိုက်ရသည်။ ယဲ့ရှင်းချန် မှာ ထိပ်ဦးအဖွဲ့နှင့် သူ၏အနာဂတ်အတွက် များစွာမျှော်လင့်ထားမိသည်။

“အစ်ကို …”

ယဲ့ရှင်းချန် သတိကပ်သွားချိန် ကျန်းရှန် က သူ့အားစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ယဲ့ရှင်းချန် လည်း မကောင်းသောခံစားချက်တစ်ခုခုခံစားမိလိုက်ချိန်တွင် ကျန်းရှန် က သူ၏လက်ကိုဖမ်းဆုပ်လျက် ….

“အစ်ကို … ကျွန်..ကျွန်တော် အစ်ကို့ကိုချစ်တယ် အစ်ကိုနဲ့လက်ထပ်ချင်တယ် !”

အလွန်တိတ်ဆိတ်နေခဲ့သော ကျန်းရှန် ပါးရိုက်ခံရတော့မည်။ ဘာကြောင့်တည့်တိုးပြောချလိုက်ရတာလဲ။

“ကျန်း .. ကျန်းရှန် မနောက်ပါနဲ့ .. ငါကယောက်ျားလေးလေ ဘယ်လိုလုပ်ပြီး မင်းနဲ့လက်ထပ်နိုင်မှာလဲ”

ယဲ့ရှင်းချန် လက်ကိုပြန်ဆွဲသော်လည်း ကျန်းရှန် က တင်းကြပ်စွာဆုပ်ကိုင်ထားသဖြင့် သူ၏မျက်နှာမှာလည်း သွေးများစုနေသကဲ့သို့ ရဲတက်လာသည်။

“အစ်ကို ကျွန်တော်အစ်ကို့ကိုချစ်တယ် အစ်ကို့ကို အရင်ကတည်းက ချစ်ခဲ့တာပါ ရှစ်နှစ်တောင်ကြာခဲ့ပြီ … ကျွန်တော်အစ်ကို့အတွက် သီချင်းစပ်ပေးတယ် ဇာတ်ညွှန်းရေးပေးတယ် .. အစ်ကို့ကိုချစ်လွန်းလို့ ….”

ယဲ့ရှင်းချန် ၏ ငြင်းဆန်မှုက သူ့ကိုအားမလျော့သွားစေဘဲ သူ၏ခံစားချက်အစစ်အမှန်ကိုဖော်ပြရန် ကြိုးစားနေသည်။ ထိုစကားမှာ သူ့တစ်သက်အတွင်း အရှည်ဆုံးစကားပင်။ သူငယ်စဉ်ကတည်းက စကားအလွန်နည်းသဖြင့် ဆရာဝန်နှင့်ပြကြည့်ရာ အထီးကျန်စိတ်ဝေဒနာခံစားနေရသည်ဟု ပြောခဲ့သည်။ အစပိုင်းတွင် သူ၏မိဘတို့က စကားများများပြောစေရန် ကြိုးစားခဲ့သော်လည်း ထူးခြားမှုမရှိလာသဖြင့် စိတ်ပျက်သွားကာ နောက်ထပ်ကလေးတစ်ယောက် ယူလိုက်ရသည်။ ထိုအချိန်မှစ၍ ကျန်းရှန် ကို သူ၏မိဘတို့က ဂရုစိုက်ခြင်းမရှိတော့ပေ။ ကျောင်းတက်သည့်အချိန်တွင်လည်း ဆရာဆရာမများနှင့် ကျောင်းသားများက သူနှင့်မပေါင်းသင်းလိုကြပေ။ နောက်ပိုင်းတွင် သူ၏ထက်မြက်စာတော်မှုကြောင့် ကျောင်းသားအချို့ ချဉ်းကပ်လာကြသည်။ အသက် ၁၄နှစ်ရောက်သည့်အခါ သူ၏အတန်းသားမှာ လူတစ်ယောက်အကြောင်းကို စိတ်လှုပ်ရှားစွာ ပြောကြလေသည်။ ထိုသူမှာ ယဲ့ရှင်းချန်ပင်။ တစ်ရက်တွင် ကျန်းရှန် သည် ဗွီဒီယိုဆိုင်ရှေ့မှဖြတ်သွားစဉ် ဆိုင်တွင်ချိတ်ထားသည့် ပိုစတာပေါ်ရှိ ယဲ့ရှင်းချန် ၏ပုံကိုတွေ့သွားသည်။ စမြင်မြင်ချင်းပင် ဂစ်တာလွယ်ထားသော သူ၏ပုံရိပ်က ကျန်းရှန် ကို ညှို့ယူဆွဲဆောင်လိုက်သည်။

ထိုအချိန်မှစ၍ ကျန်းရှန် ရူးသွပ်စွာပင် ယဲ့ရှင်းချန် နှင့် သက်ဆိုင်သည့်အရာများကို ဝယ်ယူစုဆောင်းလာခဲ့သည်။ ယဲ့ရှင်းချန် ၏ သီချင်းများကို ထပ်တလဲလဲနားထောင်ပြီးနောက် အသက်၁၅နှစ်အရွယ်မှစ၍ သီချင်းတစ်ပုဒ်ကို စတင်ရေးသားခဲ့သည်။ စာသားများကိုလည်း ရေးသားလာခဲ့ပြီး စိတ်ထဲမှသီဆိုကာ သူ၏သီချင်းများကို ယဲ့ရှင်းချန် သီဆိုမည့်တစ်နေ့ကို မျှော်လင့်ကာ ပျော်ရွှင်နေမိသည်။ ထိုအချိန်မှစ၍ ကျန်းရှန် မှာ ပိုမိုတိတ်ဆိတ်လာပြီး ယဲ့ရှင်းချန် နှင့် နှစ်ယောက်တည်းအတူ နေထိုင်နိုင်မည့်ကမ္ဘာကို စိတ်ကူးယဉ်နေမိသည်။

ကျန်းရှန် အသက် ၁၈နှစ်အရွယ်ရောက်သော် ကျန်းရှန် အဖေ၏ သူငယ်ချင်းဖြစ်သူ ဖျော်ဖြေရေးကုမ္ပဏီပိုင်ရှင်က အိမ်ကိုအလည်ရောက်လာခဲ့သည်။ မမျှော်လင့်စွာ ကျန်းရှန် ရေးထားသော သီချင်းစာသားနှင့် ဇာတ်ညွှန်းများကို တွေ့သွားပြီး ကျန်းရှန် မှာ အလွန်ထူးချွန်သူဖြစ်ကြောင့် ကျန်းရှန် ၏မိဘတို့ကိုပြောပြလေသည်။ ထိုအခွင့်အရေးကို အရယူကာ ကျန်းရှန် သည် အနုပညာနယ်ပယ်သို့ ဝင်ရောက်လာခဲ့သည်။ တက်သစ်စအဆိုတော်တစ်ယောက်က ကျန်းရှန် ရေးသားသော သီချင်းတစ်ပုဒ်ကိုဆိုလိုက်ရာ တစ်ခဏအတွင်း ဝက်ဝက်ကွဲအောင်မြင်သွားလေသည်။ အခြားသောအဆိုတော်များမှာ သူတို့အတွက် သီချင်းစပ်ပေးရန် ကျန်းရှန် ကို ကမ်းလှမ်းကြသော်လည်း သူတို့ထဲတွင် ယဲ့ရှင်းချန် မပါခဲ့ပေ။

စိတ်ပျက်ခြင်းနှင့် ဝမ်းနည်းခြင်းက ကျန်းရှန် ကို လွှမ်းမိုးသွားလေသည်။ သို့သော်လည်း အနုပညာနယ်ပယ်တွင်လုပ်ကိုင်နေသမျှ ယဲ့ရှန်းချန် သည် သူရေးစပ်သောသီချင်းနှင့် ဇာတ်လမ်းများကို သီဆိုသရုပ်ဆောင်လာမည်ဟု တွေးထားခဲ့သည်။ သို့သော် လက်တွေ့ဘဝမှာ ရက်စက်လှပြီး သူ၏ဇာတ်ညွှန်းများကဲ့သို့ ပြုပြင်၍မရပေ။ ဘဝမှာ သူလိုချင်နေသကဲ့သို့ မဖြစ်လာခဲ့ပေ။ကျန်းရှန် လက်ထောက်၏အားပေးမှုကြောင့် သူ၏ဝမ်းနည်းစိတ်ပျက်ခြင်းတို့ပျောက်ကွယ်သွားလေသည်။ ကိုယ့်ကိုယ်ကို အားပေးကာ သီချင်းများကို ဆက်လက်ရေးစပ်ခဲ့ပြီး သူ၏အဖြစ်ကိုလည်း ဇာတ်လမ်းဇာတ်ညွှန်းများအဖြစ် ပုံဖော်ရေးသားခဲ့သည်။ နှစ်နှစ်ကြာပြီးနောက် အနုပညာအသိုင်းအဝိုင်းတွင် မသိသူမရှိသည်အထိ နာမည်ကျော်ကြားလာခဲ့သည်။ စကားနည်းသည်က ပြဿနာတစ်ခုဖြစ်နေပြီး သူ၏ပရိသတ်များက လေးစားသမှုဖြင့် အမည်ပြောင်ပေးထားကြလေသည်။ အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ကျန်းရှန် မှာ စကားများများပြောရန်မလိုသော သူ၏အလုပ်ကို ချစ်ခင်တွယ်တာလာခဲ့သည်။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset