YMR- အခန်း ၈၁

အခန်း (၈၁)

“မဟုတ်ဘူး သူတို့တွေ အမှန်တကယ် အဓမ္မကျင့်ဖို့ ကြိုးစားခဲ့ကြတာ ဉီးလေး ကျန့် က ကျွန်မကြောင့် ဒီလိုဖြစ်ခဲ့တာ … ဒါပေမယ့် ကျွန်မ သူတို့ကို မမြူဆွယ်ခဲ့ပါဘူး ကျွန်မကိုယုံပါ ”

လူအများ သူမကို ဝိုင်းကြည့်နေကြချိန် ကျန်းချီက လင်းယင် ရင်ခွင်ထဲမှ ထွက်လာပြီး မျက်ရည်များဝဲလျက် ရှင်းပြလေသည်။ ကျန့်ယာဖေးမှာ သူမအနားတွင် ရှိနေသော ယောကျ်ားများကြောင့် ဘုရင်မတစ်ပါးကဲ့သို့ ဟိတ်ဟန်ပြည့် နေသည်ကို ကျန်းချီ သိလိုက်သည်။ လင်း မိသားစုမှာ ကျန့် မိသားစုနှင့် အလွန်ရင်းနှီးကြပြီး ကျန့်ယာဖေး ကလည်း သူတို့ကို ရှာတွေ့ပြီ ဖြစ်သောကြောင့် ယခုကဲ့သို့ နုံချာညစ်ပေသော စခန်းမှ ခေါ်ထုတ် သွားနိုင်လိမ့်မည်ဟု သူမတွေးလိုက်သည်။

‘ငါမှန်တာကို သက်သေပြနိုင်ခဲ့ရင် ကျန့်ယာဖေးရဲ့ ဘေးက ယောကျ်ားတွေကို ငါဆွဲဆောင်နိုင်လိမ့်မယ် .. ဘာကြောင့် သူတစ်ယောက်တည်း ဘုရင်မဖြစ်ရမှာလဲ .. ငါသူ့ကို ရအောင် အနိုင်ယူရမယ်’

“ကောင်မ မင်းပြောတော့ မင်းကောင်လေးက သုံးစားမရတဲ့အပြင် မင်းမှာ အစားအစာ လုံလုံလောက်လောက် မရှိလို့ မင်းကို အစားအသောက် ထောက်ပံ့နေသရွေ့ ငါတို့လေးယောက်နဲ့ အိပ်နိုင်တယ်ဆို .. မင်းမပြောခဲ့ရင် ကျိန်ကြည့်လေ”

ကျန်းချီ၏ အလိမ်အညာ စကားတို့ကြောင့် ကျန်နေသော လူနှစ်ယောက်မှာ ဒေါသပေါက်ကွဲသွားပြီး ကျန့်ယာဖေး ခြိမ်းခြောက် ခဲ့သည်ကိုပင် မေ့သွားကြလေသည်။ ထိုလူနှစ်ယောက်လည်း ကျန်းချီကို ဒေါသတကြီးနှင့် စိန်းစိန်း စိုက်ကြည့်ကာ အမြန်ပြေးသွားပြီး သူမကို သတ်ချင်စိတ်ပင် ဖြစ်လာသည်။

“မဟုတ်ဘူး ငါမပြောခဲ့ဘူး … ယာဖေး ငါ့ကိုယုံပါ .. ငါ လင်းယင်နဲ့ ၃နှစ်တောင် တွဲခဲ့တာလေ စားစရာလေး အတွက်နဲ့ ငါဒီလိုလုပ်မလား … ဟင့်အင်း ငါမလုပ်ခဲ့ဘူး …”

ကျန်းချီ မကျေမနပ် ဖြစ်လာပြီး ကျန့်ယာဖေးထံ အမြန်ပြေးလျက် လက်ကို ဆုပ်ကိုင်ကာ မျက်ရည်ဝဲလျက် ပြောလေသည်။ သူမ ဟန်ဆောင်ရာတွင် အလွန်တော်ပါသည်။ သို့သော် ရှင်းဖုန်း နှင့် အဖွဲ့သားများ ရှေ့တွင် လိမ်လည်နေသဖြင့် သူမအတွက် ကံဆိုးလှသည်။ ရှင်းဖုန်းတို့မှာ ဆယ်ကျော်သက် အရွယ်ကတည်းက စစ်တပ်ထဲသို့ ဝင်ရောက်လာပြီး သူတစ်ပါးယုံအောင် လှည့်စားပြောဆိုနိုင်သည့် လူလိမ်လူကောက်များစွာကို တွေ့မြင်ခဲ့ဖူးသည်။

အသက်၂၀ကျော် မိန်းကလေး တစ်ယောက်က အတွေ့အကြုံရှိပြီးသော ယောကျ်ားများကို လိမ်လည် နေသည်မှာ လွတ်လမ်း ရှိလိမ့်မည်ဟု ထင်နေပုံရသည်။

“ငါ့ကို ဘာပြောစေဖို့ မျှော်လင့်နေတာလဲ နင်ရိုးသားတာကို ငါယုံတယ်လို့ ပြောရမှာလား”

ကျန့်ယာဖေး အကြည့်တို့မှာ အဖွဲ့သားများ ကဲ့သို့ စူးရှခြင်း မရှိသော်လည်း ကျန်းချီ ကဲ့သို့လူမျိုးသည် စက်ဆုပ်ရွံရှာဖွယ် တို့ကို လုပ်နိုင်ကြောင်း သူမနားလည်ထားပြီး ဖြစ်သောကြောင့် စက်ဆုပ်ဖွယ် ကောင်းစွာ ကြည့်လျက် ပြောလိုက်သည်။

ကျန်းချီ မသိမသာ မော့ကြည့် လိုက်သော်လည်း ထိုအကြည့်မှာ သူမ ရှုံးနိမ့်နေသဖြင့် မည်သို့လုပ်ရမည်ကို တွေးရန် ကြည့်လိုက်ခြင်းပင်။ ထိုအချိန် လင်းယင် ရုတ်တရက်ထလာပြီး ကျန်းချီ ကိုဖက်ကာ …

“ယာဖေး .. ချီချီ လုပ်လိမ့်မယ်ဆိုတာ ငါမယုံဘူး သူတို့တွေ တမင် ချောက်ချတာပဲဖြစ်မှာ ”

လှပသော်လည်း ထူးဆန်းနေသော ကျန့်ယာဖေးကို ကြည့်လျက် လင်းယင် ကိုယ့်ကိုယ်ကိုမကြောက်စေရန် အားတင်းလိုက် မျက်နှာလွဲလိုက် လုပ်နေသည်။

“ဒီကောင်တော့ ပြန်လာခဲ့ အသာငြိမ်နေ ”

လင်းကွော်သုန်းလည်း ဒေါသတကြီးဖြစ်ကာ ခြေလှမ်းများနှင့် လျှောက်လာခဲ့ပြီး သားဖြစ်သူ၏ လက်တစ်ဖက်ကို ဆွဲလိုက်သည်။ ကျန်းချီ မယုံကြည်ရကြောင်းနှင့် မုန်းတီးရွံရှာဖွယ်ကောင်းသည်ကို အခြားသူများပင် သိကြသော်လည်း သူ၏သားက ဘာကြောင့်တုံးအ နေရတာလဲ။ ကပ်ဘေးမတိုင်မီ ချစ်ကြိုက်ခဲ့ခြင်းက အကြောင်း မဟုတ်သော်လည်း အခုကပ်ဆိုက်နေချိန် သူမကို မကာကွယ် ပေးသင့်တော့ပြီ မဟုတ်လား။ သူမကိုအတွက်နှင့် လင်းယင် အစာရေစာ မဝလင်ခဲ့ရသည်မှာ ရက်အတော်ကြာ နေလေပြီ။ အကယ်၍ လင်းကွော်သုန်းနှင့် သူ၏ဇနီးတို့က မဝေမျှပေးခဲ့လျှင် လင်းယင် အစာပြတ် သေဆုံးခဲ့ရလိမ့်မည်။

“သား အဖေပြောတာ နားထောင် … ယာဖေးက အမှန်ကို မေးမြန်းတုန်းပဲ ရှိသေးတယ် သူ့ကိုမနှောင့်ယှက်နဲ့ .. အဖေသူ့ကိုယုံတယ် သက်သေမရှိဘဲ သူစွပ်စွဲမှာမဟုတ်ဘူး”

ဝမ်ရှန်းဖန်လည်း ထလာကာ သား၏ နောက်လက်တစ်ဖက်ကို ပြန်ဆွဲနေသည်။ ကျန့်ယာဖေးက သူမသားအား ထိခိုက်ဒဏ်ရာ ရစေမည်ကို သူမ မစိုးရိမ်ပေ။ သို့သော် သူမ၏သားမှာ ယခုထိတိုင် တုံးအနေမှာကို သူမ စိတ်ပူမိသည်။ အကယ်၍ ကျန်းချီ၏ လိမ်လည်မှုကို ကျန့်ယာဖေး ဖော်ထုတ်နိုင်ခဲ့လျှင် လင်းယင်လည်း ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။

“အဖေ .. သား …”

“မသွားပါနဲ့ လင်းယင် … ကျွန်မ ကြောက်တယ် ”

လင်းယင် အဖေဖြစ်သူ ပြောသည်မှာ လက်ခံနိုင်ဖွယ် ရှိသဖြင့် လင်းယင်လည်း ကျန့်ယာဖေး ကိုကြည့်ကာ ကျန်းချီကို လွှတ်ရန် ပြင်လိုက်သော်လည်း ကျန်းချီက သူ၏ခါးကို အမြန်ဖက်ထား လိုက်သည်။ ငိုကြွေးနေသဖြင့် သူမအသံမှာ တုန်ယင်နေပြီး မော့ကြည့်လိုက်သည့် အခါတွင်လည်း နီရဲနေသော မျက်လုံးများမှာ အလွန်သနားစရာ ကောင်းလှသဖြင့် လင်းယင် စိတ်ပျော့ သွားရပြန်သည်။

“မင်း .. မင်း မင်းမှာ ဉီးနှောက်ရော ရှိသေးရဲ့လား”

လင်းယင် စိတ်ပျော့ သွားသည်ကို တွေ့လိုက်သဖြင့် လင်းကွော်သုန်းလည်း စိတ်တိုကာ လင်းယင် ခေါင်းကို အနောက်မှ ရိုက်လိုက်သည်။ ဝမ်ရှန်းဖန်လည်း သူမသား ဖြစ်သူကို စိတ်ပျက်စွာဖြင့် ကြည့်နေလေသည်။ အကယ်၍ ကျန်းချီက ရိုးသားပါသည်ဆိုလျှင် သူမဘာကိုကြောက်ရွံ့နေတာလဲ။ ကုန်လွန်ခဲ့သော ရက်များစွာတွင် လူသေ အလောင်းများကို မကြာခဏတွေ့မြင်ခဲ့ရသော်လည်း သားဖြစ်သူက ဘာကြောင့် တုံးအနေရတာလဲ။

“ဘာဖြစ်တာလဲ”

အချေအတင် ဖြစ်နေကြစဉ် မာစီဒီးကားတစ်စီး ရောက်လာပြီး သူတို့နှင့် တွေ့ခဲ့သော ဘီယာဗိုက်ရှိသည့် ခေါင်းဆောင် ဆင်းလာလေသည်။ မြေပြင်ပေါ်တွင် ရှိနေသော အလောင်းများနှင့် လက်နောက်ပြန် ကြိုးတုပ်ခံထားရသော လူနှစ်ယောက်ကို တွေ့လိုက်သဖြင့် ထိုခေါင်းဆောင်မှာ မျက်ခုံးများ တွန့်ချိုးသွားပြီး ရှင်းဖုန်းနှင့် သူ၏အဖွဲ့သားတို့ကို မကျေနပ်စွာ ကြည့်လေသည်။ ထိုအဖွဲ့ကို လူရှာခွင့် ပေးထားသော်လည်း လူသတ်ရန်တော့ ခွင့်မပြုထားခဲ့ပေ။

“ဟင့် .. ဟင့် ..”

ခေါင်းဆောင်ကို တွေ့လိုက်သဖြင့် လင်းယင် ရင်ခွင်ထဲ ရှိနေသော ကျန်းချီက ရုတ်တရက် အကြံရသွားပြီး ငိုချလိုက်သည်။

လင်းယင် အပါအဝင် အခြားသူများလည်း ငိုသံကြောင့် မျက်မှောင်ကြုတ် သွားကြလေသည်။ ကျန့်ယာဖေး သတ်ထားသော လူတို့အကြောင်း ခေါင်းဆောင်ကို ရှင်းပြရန် ခက်နေချိန် သူမငိုလိုက်ခြင်းက ပြဿနာကို ပို၍ ကြီးမားလာစေသည်။ ကျန်းချီက မည်သို့ လုပ်ချင်နေသည်ဖြစ်ပါစေ ကျန့်ယာဖေးကို ပို၍ ဒုက္ခစေလိုခြင်းပင်။

ထင်ထားသည့် အတိုင်းပင် ခေါင်းဆောင်က ငိုသံလာရာကို စိတ်မရှည်စွာ လှည့်သည့်အချိန် ကျန်းချီလည်း မော့ကြည့်လိုက်သည်။ သို့သော် တိုက်ဆိုင်ခြင်းလား တမင်ရည်ရွယ်ခြင်းလား မသိနိုင်ပေ။ သူမသည် အလွန်လှပသော မိန်းကလေးဖြစ်ပြီး ကပ်ဘေး ဆိုက်ပြီးနောက် မိန်းကလေး အများစုမှာ ကြမ်းတမ်းသော အခြေအနေများကြောင့် ရုပ်ရည်သွင်ပြင် ပြောင်းလဲကာ မလှမပ ဖြစ်သွားကြလေသည်။

သို့သော် ဆန့်ကျင်စွာပင် ကျန်းချီမှာ လင်းယင်၏ ဂရုစိုက်ပေးမှုကြောင့် ကပ်မကြုံရသေးသည့် အချိန်ကကဲ့သို့ လှမြဲလှနေလေသည်။ သူမ ငိုကြွေးလာလေ ပို၍သနားစဖွယ်ကောင်းလာပြီး ခေါင်းဆောင်မှာလည်း တဏှာရမ္မက် စိတ်များဖြင့် အကြည့်မလွှဲနိုင် ဖြစ်နေလေသည်။

ခေါင်းဆောင်၏ ထိုတဏှာ အကြည့်ကို ယောကျ်ားသဘာဝ မြွေမြွေချင်း ခြေမြင်လိုက်သော လင်းယင်က ကျန်းချီကို အနောက်သို့ ဆွဲယူချင်သော်လည်း ကျန်းချီက အနည်းငယ်ပင် မလှုပ်ပေ။ မိဘတို့ကလည်း စိုက်ကြည့်နေသဖြင့် လင်းယင် အလွန် ရှက်လာမိသည်။ သူ၏မိဘတို့မှာ ကျန့်ယာဖေး နှင့်သာ တွဲစေလိုပြီး ကျန်းချီကို လုံးဝ သဘောမကျပေ။ သို့သော် ကျန်းချီ အကြောင်းကို မိဘတို့ မည်သို့ပင် ပြောပြော လင်းယင် လျစ်လျူရှုကာ သူမ ပြောသမျှတို့ကိုသာ ယုံကြည်ခဲ့သည်။ သို့သော် ကောလာဟလများ ကြားရပြီးနောက် ယခုအခြေအနေကို မျက်မြင်တွေ့လိုက်သည့်အခါ စိတ်ထဲမှ မယုံသင်္ကာ ဖြစ်လာပြီး သံသယစိတ်များလည်း တိုးပွားလာသည်။ မြူဆိုင်းနေသည့် မြင်ကွင်းနောက်တွင် မည်သည့် အရာရှိနေသည်ကို သူသိလိုသဖြင့် ကျန်းချီအား ဆုပ်ကိုင်ထားသော လက်ကို လွှတ်ချလိုက်သည်။

လင်းယင်၏ မိဘ၊ ကျန့်ယာဖေးနှင့် သူမ၏အမေအပြင် အခြားအဖွဲ့သား တို့သည်လည်း မည်သည်သို့ ဖြစ်သွားသည်ကို တွေ့လိုက်ကြသဖြင့် တိတ်ဆိတ်လျက်သာ ကြည့်နေသည်။ ကျန်းချီက ပြဿနာကို မီးထွန်း ရှာလိုသဖြင့် သူတို့လည်း မတားကြတော့ပေ။

“အာ ဪ … ဘာဖြစ်ကြတာလဲ လူရှာဖို့ ရောက်လာတာလို့ ပြောခဲ့ကြတာမလား .. တွေ့ပြီဆိုရင် ဘာလို့ မထွက်သွား သေးကြတာလဲ”

ခေါင်းဆောင်သည် ဘေးတွင် ရပ်နေသူက တွန်းလိုက်တော့မှသာ အသိပြန်ဝင် လာခဲ့သည်။ ထို့နောက် စိတ်မရှည်သော လေသံဖြင့် မေးကာ တစ်ယောက်တည်း ရပ်နေသော ကျန်းချီ ထံသို့ လမ်းလျှောက် သွားလေသည်။

“ဘာတွေ အမြန်လို နေတာလဲ ငါတို့ ထွက်သွားချင်တဲ့အခါ ထွက်မှာပေါ့ ဒီမှာနေချင်လွန်းလို့များ ထင်နေလား”

ချူးဟောင်လင်းမှာ အမဲခြောက် စားနေလျက် စိတ်မရှည်စွာ ပြန်ပြောသဖြင့် ခေါင်းဆောင်ဖြစ်သူလည်း ဒေါသထွက်လာကာ …

“မင်းတို့တွေ လူရှာချင်တယ်ဆိုလို့ ငါဝင်ခွင့်ပေးခဲ့တာ လူသတ်ခွင့် ပေးထားတာ မဟုတ်ဘူး … ဒါငါ့စခန်း မင်းတို့တွေ လုပ်ချင်တိုင်း လုပ်လို့မရဘူး”

ရှင်းဖုန်းတို့ အဖွဲ့၏ စွမ်းအားများနှင့် အနောက်တောင် စခန်း၏ နောက်ခံအင်အားကြောင့် ခေါင်းဆောင်မှာ သိက္ခာစောင့်ထိန်း နေရသော်လည်း အမှန်တကယ် ဒေါသထွက် နေလေသည်။

“ဒီလိုဆိုရင်ရော …”

ကျန့်ယာဖေးလည်း လက်နောက်ပြန် ကြိုးတုပ်ထားသော လူနှစ်ယောက်ကို အဝေးသို့ ကန်လိုက်ပြီး မြေပြင်ကို ခြေဆောင့်နင်း လိုက်သည်။ စက္ကန့်ပိုင်းအတွင်း အလောင်းနှစ်ခုမှာ မြေပြင်ထဲသို့ နစ်ဝင်သွားလေရာ သူမ၏ အဖွဲ့သားများမှလွဲ၍ ကျန်သောသူများမှာ မယုံနိုင်စွာဖြင့် မျက်လုံးများ ပြူးလျက် ကြည့်နေကြလေသည်။ အသိပြန်ဝင် လာကြသည့် အချိန်တွင် မြေပြင်မှာ ပကတိအသွင် ဖြစ်နေပြီး သွေးတစ်စက်ပင် မစွန်းကျန်ခဲ့ပေ။ ကျန့်ယာဖေး၏ မျက်နှာ၊ အဝတ်နှင့် လက်ထဲရှိ ဓါးသွားတွင် သွေးများ မစွန်းနေလျှင် သူတို့အိပ်မက် မက်နေကြသည်ဟု ထင်မှားမိကြလိမ့်မည်။

“မင်း … မင်း …”

ခေါင်းဆောင်က တုန်ယင်လျက် ကျန့်ယာဖေးကို လက်ညှိုး ထိုးလိုက်သည်။ ဒါဘယ်လို စွမ်းအားလဲ။ သူမ ဘယ်လိုကြောင့်များ ကမ္ဘာမြေကြီးက မူလအတိုင်း ပြန်လုပ်နိုင်တာလဲ။ အလွန် ထူးဆန်းလှသည်။ အနောက်တောင်စခန်းက လူထူးလူဆန်းများ စုစည်းရာ ဆုံရပ်ဖြစ်နေသည်လား။

ထိုခေါင်းဆောင်မှာ တစ်ပါးသူအပေါ် သံသယ လွန်ကဲလှသည်။ ရှင်းဖုန်း တို့အဖွဲ့ကို ထူးဆန်းသည်ဟု ထင်နေခြင်းမှာ သူတို့ကဲ့သို့သော စွမ်းအားရှင်များကို ရှာတွေ့ရန် အလွန်ခက်ခဲသောကြောင့်ပင်။ ယနေ့ ရောက်လာခဲ့သော အဖွဲ့သားများကို အမြင်နှင့် သုံးသပ်ခြင်းက သူ့အတွက် အလွန်ကံဆိုး သွားပေသည်။

တဲအပြင်ဘက်တွင် ငြင်းခုံနေကြသော်လည်း တဲအတွင်းရှိ ယွင်ချဲ့မှာ ကျန့်ထျန်းလုံ၏ ပြောင်းလဲခြင်းကိုသာ စောင့်ကြည့် နေလေသည်။ ခန္ဓာကိုယ်မှာ လှုပ်ရှားမြဲ လှုပ်နေသဖြင့် တတိယအကြိမ် စမ်းရေတိုက်တော့မှသာ ငြိမ်သက်သွားပြီး ကိုယ်အပူလည်း တက်လာလေသည်။ ကျန့်ထျန်းလုံမှာ စိုးရိမ်ရသော အခြေအနေကို ကျော်လွန်သွားခဲ့ပြီး စွမ်းအားလည်း နိုးထ လာခဲ့သဖြင့် ယွင်ချဲ့လည်း စိတ်ချလက်ချ ရှိသွားလေသည်။

“အင်း .. ငါ ဘာဖြစ်သွားတာလဲ”

မိနစ်အနည်းငယ် ကြာပြီးနောက် ကျန့်ထျန်းလုံ ကိုယ်အပူ ကျသွားကာ မျက်လုံးများ ပွင့်လာပြီး ခေါင်းကို ဖိကိုင်လျက် ထထိုင်လိုက်သည်။ ခန္ဓာကိုယ်တွင်းရှိ နာကျင်မှုတို့မှာလည်း ပျောက်ကွယ်သွားပြီး ယွင်ချဲ့ လုပ်ထားသော ဓါးဒဏ်ရာမှာလည်း ပျောက်သွားလေသည်။

“ဂုဏ်ပြုပါတယ် ဉီးလေး ကျန့် … ဗိုင်းရပ်စ်ပိုးကို အနိုင်ယူလိုက်ပြီး စွမ်းအားရှင်တစ်ယောက် ဖြစ်သွားပြီ”

ကျန့်ထျန်းလုံ အောင်မြင်သွားသဖြင့် ချွေးများ ရွှဲနေသော ယွင်ချဲ့မှာလည်း အခုမှ ရယ်မောနိုင်လေသည်။ အဖွဲ့ဝင်များလာသည် နှင့်အမျှ ယွင်ချဲ့ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်သော်လည်း ယာဖေးနှင့် အခြားအဖွဲ့သားများက သူ၏တူလေး ချန်ချန်ကို ဝန်အဖြစ် မသတ်မှတ်သကဲ့သို့ သူလည်း ကျန့်ယာဖေး၏ မိဘတို့ကို ဝန်တစ်ခုအဖြစ် မသတ်မှတ်ပေ။

“ကျေး…ကျေးဇူးတင်ပါတယ် …”

ကျန့်ထျန်းလုံ ပြန်လည် စဉ်းစားလေရာ ထိုလူငယ်က သူ့ကိုကယ်တင်ပေးကာ စွမ်းအားနိုးထစေခဲ့သည်ကို မှတ်မိလိုက်သဖြင့် ကျေးဇူးတင်ကာ ဝမ်းသာမျက်ရည် ကျလေသည်။

“ရပါတယ် ကျွန်တော်က ယာဖေးရဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်သလို သူ့ရဲ့သူငယ်ချင်းတစ်ယောက်ပါ ကူညီပေးရတာပဲ ကျွန်တော် ဝမ်းသာပါတယ် … ဉီးလေး ကျန့် .. ကျွန်တော်တို့နောက်ကျခဲ့တာကို အပြစ်မမြင်ပါနဲ့နော်”

“အပြစ်မပြောပါဘူး မပြောပါဘူး … ကျေးဇူးတင်ပါတယ် ဉီးလေးရဲ့သမီးကို စောင့်ရှောက်ပေးထားလို့ ကျေးဇူးတင်ပါတယ် .. မောင်ရင့်အပေါ်ကို ဉီးအကြွေးတင်သွားရပြီ …”

ကျန့်ထျန်းလုံ လက်ကို အခါခါယမ်းကာ ပြန်ဖြေလေသည်။ သူသည် တုံးအသူတစ်ယောက် မဟုတ်သည့်အပြင် သမီးဖြစ်သူ၏ လုပ်နိုင်စွမ်းကိုလည်း သူသိထားသည်။ အရှေ့တွင် ရှိနေသာ လူငယ်မှာ ညင်သာပုံရပြီး အန္တရာယ်ပေးမည့် သူလည်းမဟုတ်ပေ။ ထိုလူငယ်၏ အကူအညီမပါဘဲ လာရာလမ်း တစ်လျှောက်တွင် သူ၏သမီး ဘေးကင်းနိုင်လိမ့်မည် မဟုတ်ကြောင်းကိုလည်း သူသဘောပေါက် လိုက်သည်။

“ကျွန်တော်တို့က မိသားစုတွေပါပဲ ဉီးလေးရယ် ကျေးဇူးတင်စရာ မလိုပါဘူး … ဘယ်လိုအစွမ်း ရသွားလဲ စစ်ဆေးကြည့်ပါလား”

ကျန့်ယာဖေး၏ အဖေမှာ ကျန့်ယာဖေး နှင့်မတူဘဲ အလွန်ရိုးဖြောင့် လှသဖြင့် ယွင်ချဲ့လည်း အသာ ရယ်လိုက်မိကာ စကားလမ်းကြောင်း ပြောင်းပေးလိုက်သည်။

“အင်း…. ဘာမှမထူးခြားသလိုပဲ ..”

ဝုန်း

ကျန့်ထျန်းလုံ အားယူကာ ကြိုးစားထလိုက်ပြီး တွေဝေနေလျက် ခြေကိုချလိုက်ရာ ခြေထောက်အောက်တွင် အပေါက်ကြီးတစ်ခု ပေါ်လာသဖြင့် ရွေ့ရန်ပင် ကြောက်လန့် သွားလေသည်။ ထိုအခါ ယွင်ချဲ့လည်း သဘောပေါက်သွားပြီး ….

“ဒါ သန်မာခြင်း စွမ်းအားပဲ … ဉီးလေးကျန့် ကိုယ့်ကိုယ်ကို ခံစားကြည့် ကိုယ်ထဲမှာ ပူလောင်နေသလိုလို မဖြစ်ဘူးလား ဒါကိုထိန်းချုပ်နိုင်အောင် ကြိုးစားလိုက် ဒါဆိုရင် မတော်တဆ ဖြစ်လာမှာတွေ မရှိတော့ဘူး”

“အင်း .. ကိုယ်ထဲ ပူနေသလိုပဲ”

ယွင်ချဲ့ လမ်းညွှန်ချက်အတိုင်း လုပ်လေရာ ကျန့်ထျန်းလုံလည်း ကိုယ်ထဲမှ အပူငွေ့အချို့ကို ခံစားရလိုက်သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် မျက်လုံးကို ဖွင့်လိုက်ပြီး ခြေလှမ်းကြည့်ရာ သူလုပ်ထားသော အပေါက်ထဲသို့ ကျွံဝင်သွားခြင်း မဖြစ်တော့ပေ။ ထို့နောက် ကလေး တစ်ယောက်ကဲ့သို့ လှည့်ပတ်ကာ ခုန်ကြည့် နေလိုက်သည်။ အစွမ်းကို ထိန်းချုပ် သွားနိုင်ကြောင်း သေချာသည်နှင့် စိတ်ချလက်ချ နေနိုင်သွားလေသည်။

“နောက်မှပဲ တခြားအစွမ်းတွေ ပြန်လေ့ကျင့်ကြတာပေါ့ … အခုတော့ အပြင်ထွက်ရအောင်”

ယွင်ချဲ့လည်း တဲအပေါက်ဝ ဘက်ကိုကြည့်ကာ မဲ့ပြုံးပြုံး လိုက်သည်။ တဲအပြင်ဘက်တွင် ဖြစ်နေသည်တို့ကို သူသေချာ နားထောင် နေခဲ့သဖြင့် အစအဆုံး ဖြစ်ပျက်ခဲ့သည်တို့ကို သူသိထားပြီး ဖြစ်သည်။ ယခုမှာ အပြင်ထွက်ကာ ပြဿနာကို အဆုံးသတ်ရတော့မည်ဖြစ်သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset