YMR- အခန်း ၇၉

အခန်း (၇၉)

“ဖေဖေ ? ဖေဖေ …”

အမေ၏ငိုသံကြောင့် ကျန့်ယာဖေး သူမအဖေကို သတိရသွားသဖြင့် လှည့်ကြည့်လိုက်ရာ သူမခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်း သွားရသည်။ ထို့နောက် အလျင်စလို ပြေးသွားကာ အော်လိုက်သည်။

“ဖေဖေ ဘာဖြစ်တာလဲ … ရှောင်ဖေးလေ ဖေဖေရဲ့ သမီးရောက်လာပြီလေ သမီးကို စကားပြောပါဉီး ဖေဖေရဲ့”

“ယောကျ်ား ကျွန်မတို့ သမီးလေး ပြန်လာပြီလေ ကျွန်မတို့ မိသားစုတွေ ပြန်ဆုံစည်းကြပြီ … ကျွန်မတို့ကို မထားခဲ့ပါနဲ့ .. တောင်းပန်ပါတယ် …”

ကျန့်ယာဖေးနှင့် သူမအမေမှာ ကျန့်ထျန်းလုံ ဘေးတွင် ထိုင်ကာ ငိုကြွေးမြည်တမ်းနေကြသည်။ ပါးစပ်မှာ ဖွင့်ချည်ပိတ်ချည် ဖြစ်နေသောကြောင့် စကားပြောရန် အလွန်ခက်ခဲနေသည်။ သူ၏မျက်လုံးထောင်မှ မျက်ရည် ကျလာသဖြင့် ဘေးဘက်မှ အသံတို့ကို ကြားရကြောင်းနှင့် သူ၏တစ်ဉီးတည်းသော သမီးလေးက ဘေးရန်ကင်းကာ စခန်းထဲတွင် သူ့ကိုရှာတွေ့ခဲ့ကြောင်းကို သိနေခြင်းဖြစ်မည်။ သူ၏နောက်ဆုံး ဆန္ဒ ပြည့်ဝသွားပုံ ရသဖြင့် အချိန်အတော်ကြာ ဖွင့်ထားသော မျက်လုံးတို့မှာ တဖြည်းဖြည်းနှင့် ပိတ်လာသည်။

ထိုအရာကို ယွင်ချဲ့ မြင်လိုက်သဖြင့် ခြေလှမ်းကျဲတို့ဖြင့် လျှောက်လာခဲ့ပြီး ဘေးမှ လူတို့ကို ဖယ်ကာ ကိုယ်ကိုကိုင်းလျက် ကျန့်ထျန်းလုံကို စစ်ဆေးကြည့် လိုက်သည်။ ကျန့်ယာဖေး သည်လည်း ကောက်ရိုးတစ်မျှင်ပင် ဆွဲ၍ရလိုရငြား ယွင်ချဲ့ လက်ကိုဆုပ်ကိုင်လျက် …

“အစ်ကို ချဲ့ .. ဖေဖေ့ကို ကယ်ပေးပါ တောင်းပန်ပါတယ် ကယ်ပေးပါ ဖေဖေ့ကို အဆုံးရှုံးမခံနိုင်ဘူး … သူတို့ကို ပြန်တွေ့ရဖို့ အကုန် ဒုက္ခများခဲ့ကြတာ … ကျေးဇူးပြုပြီး … အစ်ကို ချဲ့ …”

သူတို့၏ အမြင်တွင် ယွင်ချဲ့သာ ယုံကြည်အားထားရသူ တစ်ယောက်ပင်။ မည်သည့် အချိန်တွင်ဖြစ်စေ အန္တရာယ် ကျရောက်သည့်အခါ ယွင်ချဲ့သာလျှင် သူတို့၏ အားထားရာ ကောက်ရိုးတစ်မျှင် ဖြစ်နေသည်။

“အင်းပါ … ငါ့ကိုလွှတ်ပေးဉီး ဒါမှ လူကိုစစ်ဆေးလို့ရမှာ”

ကျန့်ယာဖေး မည်မျှ စိတ်လှုပ်ရှားနေကြောင်း ယွင်ချဲ့ နားလည်သည်။ သို့သော် သူမက ဆွဲထားသောကြောင့် ယွင်ချဲ့ လွတ်လပ်စွာ လှုပ်ရှားမရ ဖြစ်နေသည်။

“မင်းလုပ်လို့မရဘူး .. တစ်ယောက်ယောက်က ထျန်းလုံရဲ့ နံရိုးနှစ်ချောင်းကို ချိုးထားပြီး သူ့ရဲ့ကိုယ်တွင်း အင်္ဂါတချို့လည်း ဆိုးဆိုးဝါးဝါးကို ထိခိုက်ထားတယ် ဒီလိုဖြစ်နေတာ ၂ ရက်ရှိပြီ … သူ့သမီးကို စိတ်မချလို့သာ ဒီလိုတင်းခံနေတာ မဟုတ်ရင် ….”

ယွင်ချဲ့ တွန်းဖယ်သွားသော သက်လတ်ပိုင်း ယောကျ်ားကြီးက ဝမ်းနည်းစွာ ရှင်းပြလေသည်။ ထိုလူမှာ ကျန့်ထျန်းလုံကဲ့သို့ ခွဲစိတ်ကုသ ဆရာဝန် တစ်ယောက်ပင်။ လိုအပ်သောပစ္စည်းကိရိယာများ မရှိသော်လည်း အနည်းငယ် စမ်းသပ်စစ်ဆေး နိုင်သေးသည်။

“ခင်ဗျားမရပေမယ့် ကျွန်တော်တို့ မရဘူးလို့ မပြောနိုင်ဘူးလေ”

ထိုလူကို ယွင်ချဲ့ အေးစက်စွာ မော့ကြည့်လျက် ကျိုးဇယ်ယွီကို ပြန်ကြည့်ကာ ကျန့်ယာဖေးကို ခေါ်ထုတ်သွားရန် အချက်ပြ လိုက်သည်။ သို့သော် ကျိုးဇယ်ယွီ မရောက်လာမီ ယန်းဟွိုင်အန်း ရောက်လာကာ ကျန့်ယာဖေးကို ခေါ်ထုတ် သွားသဖြင့် ကျိုးဇယ်ယွီက ဝမ်စူးဟွာကို ခေါ်ထုတ်သွားရန် ပြင်လိုက်သည်။

“ဘယ်သူလဲ ဘယ်သူ ကျွန်မအဖေကို ထိုးခဲ့တာလဲ”

ဒေါသစိတ်တို့ကြောင့် ကျန့်ယာဖေးလည်း ယန်းဟွိုင်အန်း လက်ထဲမှ ရုန်းထွက်ကာ ထိုသက်လတ်ပိုင်း လူကြီး၏ လက်နှစ်ဖက်ကို ညစ်ထားလျက် မေးလိုက်သည်။ သူမ၏ မျက်ရည်စိုနေသော မျက်နှာမှာ အလွန် ကြောက်မက်ဖွယ် ကောင်းနေသဖြင့် သူမကြီးပြင်း လာသည်ကို တွေ့မြင်ခဲ့ရသော ထိုလူကြီးက ပြန်ဖြေရန် ကြောက်လန့်နေသည်။ ထို့အတူ သက်လတ်ပိုင်း အမျိုးသမီး တစ်ယောက် နှင့်အတူ ၂၀ကျော်အရွယ် ယောကျ်ားနှင့် မိန်းကလေးတို့လည်း ထိုလူကြီး၏ဘေးတွင် ရပ်နေကြသည်။ သူတို့မှတ်မိထားသလောက်တွင် ကျန့်ယာဖေး သည် ထက်မြက်ကာ လှပသည့် မိန်းကလေး တစ်ယောက် ဖြစ်သည့်အပြင် တစ်ခါတစ်ရံ ဆိုးသွမ်းတတ်သော်လည်း ချစ်စရာ ကောင်းလှသည်။ သို့သော် ထိုချစ်စဖွယ် မိန်းကလေးမှာ သွေးဆာနေသော စိတ္တဇလူသတ်သမား တစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။

“ဟောင်လင်း ဒီလူနဲ့လိုက်သွားပြီး ယာဖေးရဲ့ အဖေကို ရန်လုပ်ခဲ့တဲ့ သူမှန်သမျှကို ကြိုးတုပ်ထားလိုက် … ဟွိုင်အန်း .. ယာဖေး ကို သေချာစောင့်ကြည့်နေ”

သူတို့၏တစ်ဖက်တွင် ရှိသော လူငယ်ကို လက်ညှိုးညွှန်ကာ ရှင်းဖုန်း တည်ငြိမ်စွာပြောလိုက်သည်။ အခြေအနေမှာ ရှုပ်ထွေးကုန်ပြီ ဖြစ်သောကြောင့် ဖြစ်သလို လွှတ်ထား၍ မရတော့ပေ။ ‘

“အင်း”

“ငါသူ့ကိုသတ်မယ် ”

ဖြန်း

ချူးဟောင်လင်းနှင့် ယန်းဟွိုင်အန်းတို့ ခေါင်းညိတ် ပြလိုက်သော်လည်း ကျန့်ယာဖေးမှာ ပို၍မတည်မငြိမ် ဖြစ်လာသည်။ မမျှော်လင့်စွာပင် သူမကိုတားရန် လန်ယဲ့ဟန် အရှေ့သို့တက်လာပြီး လက်ကိုမြှောက်ကာ ကျန့်ယာဖေး မျက်နှာကို လွှဲရိုက်လိုက်သည်။ ထိုအခိုက်တွင် အရာရာ တိတ်ဆိတ်သွားကာ ကျန့်ယာဖေးကို လန်ယဲ့ဟန် အေးစက်စက် စိုက်ကြည့်ကာ …

“အခု စိတ်နဲ့ကိုယ်နဲ့ ကပ်ပြီလား”

“ငါ … ငါ …”

လန်ယဲ့ဟန်ကို မော့ကြည့်လိုက်ပြီး ကျန့်ယာဖေး ထိုင်လျက်ကျကာ မျက်ရည်များလည်း အတိုင်းအဆမဲ့စွာ ကျဆင်းလာလေသည်။ စင်စစ် လန်ယဲ့ဟန်မှာ လူတစ်ယောက်အား မည်သို့နှစ်သိမ့် ပေးရမည်ကို မသိပေ။ ယန်းဟွိုင်အန်းလည်း သူမအနား ရောက်လာကာ ညင်သာစွာ ဖက်ထားပေးလိုက်သည်။ သူမနာကျင်နေမည်ကို သူတို့အားလုံး နားလည်ပါသည်။ သို့သော် သူမအဖေကို ပြန်ရှာတွေ့ခဲ့သော်လည်း အဖေဖြစ်သူမှာ သေလုနီးပါး ဖြစ်နေသောကြောင့် သူတို့လည်း ခေါင်းခဲသွားရသည်။

“သူတို့ဆီ ကျွန်တော် လိုက်ပြပေးမယ်”

လူသတ်သမားတို့ကို ညွှန်ပြရန်အတွက် ရှင်းဖုန်း ပြောထားသော လူငယ်လေးက သူဖက်ထားသော မိန်းကလေးကို တွန်းထုတ်ကာ ရဲဝံ့စွာ အရှေ့သို့တက်လာခဲ့သည်။ ချူးဟောင်လင်း မှာ မကျေနပ်ချက်များ ပြည့်နေပြီး ပြောထုတ်ရန် အခွင့်အရေး ရှာသော်လည်း မရသဖြင့် တိတ်ဆိတ်စွာ နေလိုက်ပြီး နှုတ်ခမ်းစူလျက် ထိုလူငယ်ကို လမ်းပြရန် အရိပ်အမြွက် လုပ်ပြလိုက်သည်။ ထို့နောက် ယွီဝမ်းချင်၊ ရှန်းရွေနှင့် လုဟိုင်ရွှမ်း တို့လည်း အနောက်မှ လိုက်လာခဲ့ကြသည်။

“သူဘယ်လိုနေသေးလဲ”

အခြေအနေမှာ ထိန်းချုပ်၍ ရနေသေးသဖြင့် ရှင်းဖုန်းလည်း ယွင်ချဲ့ မျက်နှာချင်းဆိုင်တွင် ဆောင့်ကြောင့်ထိုင်ကာ မေးလျက် မည်သည့် အချိန်တွင်မဆို နောက်ဆုံး ထွက်သက် ရောက်သွားနိုင်သော ကျန့်ထျန်းလုံကို ကြည့်လိုက်သည်။

“သူ့ကိုကယ်ဖို့ တစ်နည်းပဲ ရှိတော့တယ်”

ယွင်ချဲ့ ဖြေပြီးနောက် ကျန့်ယာဖေး အနားကပ်လာကာ ရှင်းဖုန်း ကိုလည်း ခေါ်လိုက်ပြီး တဲထောင့် တစ်နေရာတွင် ရပ်လျက် လေထုအလွှာ တစ်ခုဖြင့် ဖုံးထားလိုက်သည်။

“ဖေဖေ … ဖေဖေက ကုလို့မရနိုင်တော့ဘူးလား”

ယွင်ချဲ့တို့ကို ကြည့်ကာ သူမအဖေ၏ အခြေအနေမှာ အန္တရာယ် ရှိနေကြောင်း ကျန့်ယာဖေး ရိပ်မိသောကြောင့် အက်ကွဲနေသော အသံဖြင့် မေးလေသည်။

“ဒီအတိုင်း ဆိုရင်တော့ သူသေသွားလိမ့်မယ် ငါ့မှာနည်းလမ်း တစ်ခုတော့ ရှိတယ် ဒါပေမယ့် အောင်မြင်နိုင်ချေက ၅၀ ရာခိုင်နှုန်းပဲ ရှိမယ် .. ကျန်တစ်ဝက်က မင်းအခု ခံစားခဲ့ရတာထက် အဆပေါင်းများစွာ နာကျင်ရလိမ့်မယ် … ယာဖေး သေချာစဉ်းစားပြီးမှ မင်းလုပ်ချင်တယ်ဆိုမှ ဆုံးဖြတ်”

အချိန်မရှိတော့ သောကြောင့် ယွင်ချဲ့လည်း ရောက်ရာရာ ပြောမနေတော့ဘဲ ကျန့်ယာဖေး ကို စိုက်ကြည့်လျက် သေချာပြောလေသည်။

“လုပ်မယ် ကြိုးစားကြည့်ရင် အခွင့်အရေး တစ်ခုတော့ ရလာမှာပဲ မလုပ်ရင် ရမှာမဟုတ်ဘူး … ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ ဖမ်းဆုပ်ထားမှာပဲ”

ကျန့်ယာဖေး အံကြိတ်ကာ လက်ကိုကျစ်အောင် ဆုပ်ထားလေသည်။ သူမ မျက်ရည်ဝဲနေသော်လည်း စိတ်ခိုင်မာစွာ ဆုံးဖြတ်ထားပြီးပုံပင်။ မည်မျှပင် သေးငယ်သော အခွင့်အရေး ဖြစ်နေပါစေ သူမ ဖမ်းဆုပ်ထားမည် ဖြစ်သည်။

“ကောင်းပြီလေ … နားထောင် မင်းသတိထားမိမလားတော့ မသိဘူး .. သာမန်လူတစ်ယောက်က သူ့ရဲ့အစွမ်းကို နှိုးထစေတာဖြစ်ဖြစ် စွမ်းအားရှင် တစ်ယောက်က သူ့အစွမ်းကို မြင့်တင်တာဖြစ်ဖြစ် ဘယ်လောက်ပဲ ဒဏ်ရာပါစေ ချက်ချင်း ပျောက်ကင်းပြီး သူ့ကို ဆက်လက် ရှင်သန်အောင် လုပ်ပေးတယ် … ငါပြောချင်တာက ဉီးလေးကျန့်ကို ဗိုင်းရပ်စ်ပိုး ထည့်ပြီး သူဖြတ်ကျော်နိုင်ရင် ဆေးအကူအညီ မလိုဘဲ ချက်ချင်း ပျောက်ကင်းလိမ့်မယ် တကယ်လို့ ရှုံးနိမ့်ခဲ့ရင် ဖုတ်ကောင်အဖြစ် ပြောင်းလိမ့်မယ် … အဲဒီအချိန် သူ့ကိုငါတို့ကိုယ်တိုင် သတ်ရမှာတော့ စိုးရိမ်မိတယ်”

ထိုနည်းလမ်းမှာ ဆိုးဝါးနိုင်ချေ အနည်းဆုံးပင်။ ယွင်ချဲ့သည် သူ၏နယ်မြေထဲမှ စမ်းချောင်းရေသည် စွမ်းအားကို တိုးမြှင့်ရာတွင် အသုံးပြုနိုင်ရုံ သာမက ပိုးကူးစက်ခံ ရပါက ပြောင်းလဲခြင်း မဖြစ်မီတွင် ထိုစမ်းရေကို သောက်လျှင် ကြိုတင်ကာကွယ် ပေးနိုင်သည့် အကြောင်း မည်သူကိုမှ မပြောခဲ့ပေ။ ထို့အပြင် ထိုစမ်းရေကို သောက်လိုက်လျှင် ယွင်ချန် ကဲ့သို့ ဖြစ်သွားနိုင်ပြီး နည်းလမ်းအောင်မြင်နိုင်ကြောင်းကိုလည်း သက်သေမပြသေးပေ။ အကယ်၍ မှားယွင်းရှုံးနိမ့် သွားခဲ့လျှင် ကျန့်ယာဖေး သူ့ကို စိတ်ပျက်သွားလိမ့်မည်။

“ငါ …”

ကျန့်ယာဖေး စိတ်လှုပ်ရှား လာသဖြင့် ယိုင်နဲ့သွားရာ ကံကောင်းစွာပင် ရှင်းဖုန်းက သူမလက်ကို အလျင်အမြန် ဖမ်းဆုပ် ထားလိုက်သည်။ မည်မျှပင် စိတ်ခိုင်မာသည်ဟု ထင်ရသော်လည်း ဝမ်းနည်းခြင်း အရိပ်အယောင်များလည်း ရှိနေသည်။

“မဖြစ်နိုင်ဘူး ဆိုပေမယ့် ကြိုးစားသင့်ပါတယ် .. မင်းပြောသလိုပဲ ၅၀-၅၀ ဆိုတော့ ကြိုးစားရင် အခွင့်အရေးရမယ် မလုပ်ရင်မရဘူး .. အဆိုးဆုံး အခြေအနေက အသက်ဆုံးရှုံး ရနိုင်တယ် ဖုတ်ကောင်အဖြစ် ပြောင်းသွားမှာကိုပဲ စိတ်ပူတာ ဒါပေမယ့် လုံးဝကြီး မဖြစ်ခင်အချိန်မှာပဲ သူ့ကိုသတ်ရလိမ့်မယ် … ယာဖေး အချိန်မရှိဘူး ဆုံးဖြတ်သင့်ပြီ”

အကယ်၍ အခြားသော အခွင့်အရေးရှိလျှင် မည်သူမှ ကျန့်ယာဖေးကို တွန်းအားပေးမည်မဟုတ်ပေ။ သို့သော် သူမအဖေ အချိန်မရွေး သေဆုံးသွားနိုင်သည်။ အချိန်လွန် သွားခဲ့လျှင် သူမကြိုးစားရန် အခွင့်အရေးပင် ရတော့မည် မဟုတ်ပေ။

ယွင်ချဲ့တို့ ပြောသည်မှာ မှန်ကန်ခြင်းကြောင့် ကျန့်ယာဖေး မျက်လုံးတို့ကို နာကျင်စွာ ဖိမှိတ်ကာ မျက်ရည်များ ကျဆင်းလာသည်။ ထို့နောက် ကွဲအက်သော အသံဖြင့် ပြန်ဖြေလေသည်။

“လုပ်မယ် ”

ဆုံးဖြတ်ချက်ချရန် အလွန် ခက်ခဲသည်ကို ကျန့်ယာဖေး လုပ်နိုင်ခဲ့သည်။ သူမ၏နောက်ဆုံး အခွင့်အရေးပင်။ သူမမျက်လုံး မှိတ်ထားစဉ် အဖေဖြစ်သူ နှင့်အတူ ပျော်ရွှင်ခဲ့ရသော အမှတ်တရများကို ပြန်လည် မြင်ယောင်လာသည်။ သူမမျက်လုံး ဖွင့်လိုက်သည့်အခါ ပို၍ဝမ်းနည်း လာသော်လည်း ဆုံးဖြတ်ချက် ပို၍ခိုင်မာလာသည်။ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့လည်း တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သက်ပြင်းချလျက် …

“ရွေးချယ်ရတာ အတော်ခက်တာပဲ ”

သူတို့ ကိုယ်တိုင်ပင်လျှင် ထိုရွေးချယ်မှု လုပ်ရသည်မှာ အလွန် ခက်ခဲကြောင်း သိရှိကြလေသည်။

“ဝမ်းချင်ကို ဗိုင်းရပ်စ်ပိုးတွေ ယူခိုင်းလိုက်မယ်”

အချိန်မှာလည်း တရွေ့ရွေ့နှင့် ကုန်ဆုံးနေပြီ။ ကျန့်ထျန်းလုံကို အပြင်ခေါ်သွားရန် မဖြစ်နိုင်သောကြောင့် လဲလျောင်းနေသည့် အတိုင်းပင် ထိုပိုးကို ခန္ဓာကိုယ်တွင်း ဝင်ရောက် စေမှရမည်။

“ဟင့်အင်း အချိန်မရှိတော့ဘူး ကျွန်တော့် တာဝန်ထား … တဲထဲက လူတွေကို အပြင်ခေါ်သွားလိုက် ကျွန်တော်တို့ လုပ်တာတွေကို မသိစေနဲ့ ဉီးလေးကျန့်ကို အရေးပေါ် ကုသပေးနေတယ်လို့ပဲ ပြောထားလိုက်”

ယွင်ချဲ့ ခေါင်းခါလိုက်ပြီး ရှင်းဖုန်း၏ အစီအစဉ်ကို ငြင်းလိုက်သည်။ ယွီဝမ်းချင် အပြင်ထွက်ပြီး ပြန်လာလျှင် ပြောဆိုရ ခက်ခဲမည် ဖြစ်သည့်အပြင် သူပြန်လာသည့်အချိန်ထိတိုင် ကျန့်ထျန်းလုံ တောင့်ခံနိုင်မည်မှာလည်း မသေချာပေ။

“အင်း”

ဗိုင်းရပ်စ်ပိုးကို ယွင်ချဲ့ ဘယ်ကနေ ဘယ်လိုရနိုင်မည့် အကြောင်းကို ရှင်းဖုန်း မမေးတော့ဘဲ ခေါင်းညိတ် လိုက်သည်။ လေထုအလွှာကို ယွင်ချဲ့ ဖယ်လိုက်ပြီးနောက် ကျန့်ယာဖေးနှင့် ရှင်းဖုန်း တို့လည်း တဲထဲရှိ လူတို့အနားသို့ ပြန်သွားလေသည်။ ယွင်ချဲ့၏ အစီအစဉ်အရ ရှင်းဖုန်းလည်း အခြားသူတို့ကို တဲထဲမှ ထွက်သွား ခိုင်းလိုက်ပြီး ကျန့်ယာဖေးလည်း သူမအမေကို ထိန်းဖက်ထားကာ အနောက်သို့ တစ်ချက် တစ်ချက် လှည့်ကြည့်လျက် ထွက်သွားသည်။ ရှင်းဖုန်း နှင့်အဖွဲ့သားတို့သည် တစ်ယောက်ယောက် ချောင်းကြည့်မည် စိုးသောကြောင့် အပြင်သို့ရောက်ပြီးသည်နှင့် တဲပတ်လည်တွင် ဝိုင်းထားကာ မည်သူကိုမှ အနားမကပ်စေရန် စောင့်ကြပ် လိုက်ကြသည်။

ယွင်ချဲ့မှာ ရှင်းဖုန်းနှင့် ကျန့်ယာဖေးတို့ လှည့်ထွက် သွားသည်နှင့် ထူထပ်သောလေထုအလွှာဖြင့် လွှမ်းခြုံလိုက်ပြီး သူ၏နယ်မြေထဲသို့ ဝင်သွားလိုက်သည်။

“ရှောင်ချန် မတွေ့ရတာ ကြာပြီနော် … ဒီနေ့ ငါမင်းဆီက သွေးနည်းနည်း လာယူတာ မင်းကို အဖော်ပြုပေးဖို့ အချိန်မရှိလို့ အားနာပါတယ် … ငါတို့ စခန်းပြန်ပြီးလို့ အိမ်ပြန်ရောက်ရင် မင်းကို အပြင်ခေါ်ထုတ် ပေးမယ်နော် ဒါဆို မမနဲ့ တူလေးတို့ မင်းကို အဖော်လုပ်ပေးလိမ့်မယ် … ပြီးတော့ ယဲ့ဟန် .. သူလည်း မင်းကို တော်တော်လေး သတိရနေတယ် .. မင်း သူ့ကို ချစ်ချစ် မချစ်ချစ် သူ့ကို အသည်းကွဲအောင်တော့ မလုပ်ရဘူးနော်”

ညီလေးရှေ့တွင် ဒူးထောက်ထိုင်ကာ ယွင်ချန်၏ ပါးတစ်ဖက်ကို ယွင်ချဲ့ အသာညှစ် လိုက်သည်။ နယ်မြေ အတွင်းမှ ထူးခြားသော ပတ်ဝန်းကျင်ကြောင့် ယွင်ချန် ပုံစံမှာ ထူးခြားနေသည်။ အသားအရေမှာ ဖျော့တော့ နေသေးသော်လည်း ခဲနေခြင်း မဟုတ်ဘဲ နူးညံ့အိစက်နေသဖြင့် ဂျယ်လီအေးနှင့် ဆင်တူနေသည်။ သို့သော် လူစင်စစ်နီးပါး တူညီနေပြီး ချွန်ထက်သော အစွယ်များမှာလည်း ပြန်လည်း ကျုံ့ဝင်သွားသည်။

ပျောက်သွားခြင်း မဟုတ်သော်လည်း ကျုံ့နိုင်ဆန့်နိုင်ခြင်း ဖြစ်သွားပုံရသည်။ ယွင်ချဲ့ မြင်လိုက်ရသည်က သူ့ကိုပင် အံ့ဩသွားစေသည်။ ကောင်းမွန်သော လက္ခဏာပင်။ တစ်နေ့ ယွင်ချန် ပြန်လည် ကောင်းမွန်လာပြီး အပြင်ထွက်သည့်အခါ မျက်ကပ်မှန် သို့မဟုတ် မျက်မှန်တပ်ကာ သူ၏နီရဲနေသော မျက်လုံးကို ကာထားလိုက်လျှင် ဖုတ်ကောင် ဖြစ်နေကြောင်း မည်သူမှသိနိုင်တော့မည်မဟုတ်ပေ။ ‘

“ဟင် .. ရှောင်ချန် ?”

ယွင်ချဲ့ အတွေးလွန်နေစဉ် ပုတီးစေ့ အရွယ်ရှိ အနီရောင် တောက်နေသော အမြုတေက မြင်ကွင်းထဲသို့ ရောက်လာလေသည်။ ယွင်ချဲ့လည်း ကြောင်းအမ်းအမ်းဖြင့် မော့ကြည့်လေရာ ယွင်ချန်က သူ့ကိုအမြုတေ ကမ်းပေး နေသည်ကို တွေ့လိုက်ရသည်။ ပြီးခဲ့သော အချိန်များတွင် ယွင်ချဲ့ ဘာပြောပြော ယွင်ချန် ဂရုမစိုက်ဘဲ အမြုတေများကိုသာ စားသောက်နေပြီး ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် အမြုတေကို ကမ်းပေး နေသောကြောင့် ယွင်ချဲ့ စိတ်ထဲမှပင် တွေးမိလေသည်။

‘သူ ငါ့ကို နှစ်သိမ့်ပေးနေတာလား’

“ရှောင်ချန် မင်းငါပြောတာ ကြားတယ်ဟုတ် … မင်းပြန်သက်သာ နေပြီလား”

ထိုသို့တွေးမိပြီးနောက် ယွင်ချဲ့ ရုတ်တရက် ထကာ ယွင်ချန် လက်တို့ကို ဆုပ်ကိုင်လိုက်ပြီး သူ၏မျက်လုံးထဲတွင်လည်း ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားခြင်းများ ပြည့်နှက်နေသည်။ သူဝမ်းနည်းနေကြောင်း ယွင်ချန် သိသဖြင့် သူ့ကို အမြုတေပေးကာ နှစ်သိမ့်ပေးခြင်း ဖြစ်မည်ဟု တွေးလိုက်သည်။ သူ၏ အတွေးမှန်သည် မဟုတ်လား။

သို့သော် ကံခေစွာ ယွင့်ချဲ့ စိတ်ဓါတ်ကျ သွားရသည်။ သူမည်မျှပင် စိတ်လှုပ်ရှားပါစေ ယွင်ချန်က သူ့ကိုပြန်မဖြေပေ။ အမြွှာညီလေး ဖြစ်သူ၏ မျက်နှာပေါ်တွင် အရာရာ ဗလာဖြစ်နေပြီး ချစ်စရာ ကောင်းနေသည့် အချက်သာ ရှိသည်။ သူ၏နီရဲသော မျက်လုံးမှာလည်း ခံစားချက်များ ပျောက်ဆုံးနေသည်။ ယွင်ချန်မှာ အနည်းငယ် တိုးတက် လာသော်လည်း ထင်သလောက် တိုးတက်လာခြင်း မဟုတ်သည့်အပြင် ပြန်လည် ကောင်းမွန်လာခြင်းလည်း မရှိပေ။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset