YMR- အခန်း ၇၈

အခန်း (၇၈)

ထိုလူလေးယောက်တို့သည် လုံယန်စခန်း၏ ခေါင်းဆောင်များ ဖြစ်ကြသော်လည်း ရှင်းဖုန်းနှင့် သူ၏အဖွဲ့သားတို့နှင့် ယှဉ်လျှင် သူတို့ကပို၍ပင် အားနည်းနေသည်။ လူအချို့မှာ မည်သို့သောကိစ္စရပ်ကိုမဆို ကြုံတွေ့ရသော်ငြား မည်သည့်နေရာ ရောက်ရောက် ဩဇာအင်အား ကြီးမားကြပြီး ရှင်းဖုန်း သည်လည်း အပါအဝင်ဖြစ်သည်။ သူသည် တစ်ခါတစ်ရံတွင် ရူးမိုက်သောကိစ္စများ လုပ်ခဲ့ဖူးသော်လည်း များသောအားဖြင့် ယုံကြည်အားကိုးရသူ တစ်ယောက်ဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် ကူးမင်ရွှမ်း သာမက ကပ်ဘေးဆိုက်သည့်တိုင် သူ့အနားတွင် ဆက်လက်၍ တာဝန်ထမ်း နေသူများနှင့် တစ်ပေါင်း တစ်စည်းတည်း ဖြစ်ခဲ့သည်။

“မင်းက ဘာလိုချင်တာလဲ”

ခေါင်းဆောင်ဆိုသူမှာ အခြားသူများကဲ့သို့ ကမူးရှူးထိုး မလုပ်သော်လည်း သူ၏မျက်နှာမှာ တင်းမာနေသည်။

“ဒီစခန်းကို ရောက်လာကြတဲ့ သူတွေကို စာရင်း ယူထားကြမယ်လို့ ထင်တယ် အဲဒီထဲက လူနှစ်ယောက်ကို ရှာနေတာ … တကယ်လို့ ရှာပေးနိုင်ခဲ့ရင် ဆုကြေးအနေနဲ့ ဆန် ၂၅၀ကီလိုပေးမယ်”

ရှင်းဖုန်း စကားရှည်ဝေးစွာ မပြောလိုသဖြင့် အဓိက အချက်ကိုသာ ပြောလိုက်သည်။ အစာရေစာ ပြတ်လပ်နေသော ကပ်ဘေးကာလတွင် ဆန် ၂၅၀ ကီလိုမှာ အလွန်ကြီးမားသော ဆုကြေးတစ်ခုပင်။ အစိုးရနှင့် စစ်တပ်လက်အောက်မှ စခန်းများအတွက် ထိုပမာဏမှာ မပြောပလောက်သော်လည်း မြို့နှင့်ဝေးသော နယ်စပ်ဒေသမြို့ အတွက် လိုအပ်သည်ထက် ပိုလွန်သော အတိုင်းအဆ တစ်ခုပင်။

“ဆန် ၂၅၀ကီလို ?”

“ဆရာ …”

ခေါင်းဆောင် ဆိုသူမှာ အလွန်ပင် စိတ်ဝင်စား သွားသည်။ ထိုသူစိမ်းတို့ကို စာရင်းစာအုပ် ပြရုံမျှဖြင့် တန်ကြေး အနေနှင့် ဆန် ၂၅၀ ကီလို ရမည်ဖြစ်သောကြောင့် အလွန်ပြည့်စုံသော အပေးအယူ တစ်ခုပင်။ ချူးဟောင်လင်းမှာ ဆန့်ကျင်စွာပင် ဒေါသထွက် နေရသည်။ တံခါးဝတွင်လည်း အမျိုးမျိုး စော်ကားခံရသည့်တိုင် ဆန် ၂၅၀ ကီလိုကိုလည်း ပေးရဖြစ်သဖြင့် မိမိတို့အတွက် ဆုံးရှုံးမှုကြီးပင်။

အချက်အလက်ကို တိုက်ရိုက်ရယူရန် အတွက် ရှင်းဖုန်းက ထိုအထိ အပေးအယူ လုပ်လိမ့်မည်ကို ယွင်ချဲ့ သဘောပေါက်ထားပြီး ဖြစ်သောကြောင့် အံ့ဩဖွယ်မရှိပေ။ မလုံလောက်လျှင် တစ်ဖက်သူတို့ စိတ်ဝင်စားကြမည် မဟုတ်ပေ။ ၂၅၀ ကီလိုမှာ သူယူဆထားသော အတိုင်းအတာ တစ်ခုအတွင်း ရှိနေသော်လည်း ….

ယွင်ချဲ့လည်း ဆေးလိပ်ကိုပစ်ကာ ရှင်းဖုန်း ဘေးတွင် ရပ်လျက် …

“ကြားတယ်မလား .. ကျုပ်တို့ရှာနေတဲ့ လူနှစ်ယောက်ကို တွေ့ရင် ဆန် ၂၅၀ကီလိုကို ခင်ဗျားတို့ရလိမ့်မယ်”

ပြောပြီးသည်နှင့် ယွင်ချဲ့ အရှေ့တွင် ဆန်အိတ် ၁၀ အိတ် စီရီစွာ ပေါ်လာခဲ့သည်။ ဆန်တစ်အိတ်လျှင် ၂၅ ကီလို အလေးချိန်ရှိပြီး ၁၀စုစုပေါင်း ၂၅၀ ကီလိုအထိ ရှိသည်။ ကျန့်ယာဖေး ၏မိဘတို့ကို ရှာဖွေရန် ကူညီပေးခြင်း ဖြစ်သောကြောင့် ထိုပမာဏမှာ အရေးမကြီးတော့ပေ။

ယွင်ချဲ့က ဆန်နှင့် အပေးအယူ လုပ်ခြင်းကြောင့် မဟုတ်ဘဲ ယွင်ချဲ့ နှင့်အတူ ရှင်းဖုန်း သည်လည်း ထိုနည်းလမ်းကို အသုံးပြုခြင်း ဖြစ်သောကြောသ့် ချူးဟောင်လင်းနှင့် ကျန်သော အဖွဲ့သားတို့ မကန့်ကွက်ကြတော့ပေ။ ထိုအထဲတွင် ကျန့်ယာဖေးက အလွန် ခံစားနေရသည်။ သူမကြောင့်သာ မဟုတ်လျှင် ရှင်းဖုန်းတို့ ထိုကဲ့သို့ လုပ်ပေးရမည် မဟုတ်သည့်အပြင် ဆန် ၂၅၀ ကီလိုကိုလည်း အလဟဿ သုံးရမည် မဟုတ်ပေ။ ကပ်ဘေး ကာကလတွင် ဆန် ၂၅၀ကီလိုမှာ အလွန် များပြားသော ပမာဏဖြစ်ပြီး သူမ သေဆုံးသွားသည့်တိုင် ဆပ်၍ မကုန်နိုင်ပေ။

“ကောင်းပြီလေ .. စာရင်းစာအုပ်တွေ ယူလာခဲ့”

ရှင်းဖုန်းတို့ကို မကျေမနပ် ဖြစ်နေသူတို့က လူတစ်ယောက်ကို လွှတ်ကာ စာအုပ်များကို သွားယူစေသည်။

“မင်းတို့က အခြားစခန်း တစ်ခုက လာကြတာလား”

လူတစ်ယောက်က စာအုပ်များ သွားယူနေစဉ် ခေါင်းဆောင်ဖြစ်သူက အရှက်မဲ့စွာ မေးမြန်းလေသည်။ လင်းကျန်းမြို့တွင် တည်ဆောက်ထားသော စခန်းတစ်ခုမှာ အနောက်တောင်ဘက် စခန်းများတွင် အကြီးမားဆုံး ဖြစ်ကြောင်း သူကြားသိထားသည်။ သူတို့က ထိုစခန်းမှရောက်လာခြင်း ဖြစ်နိုင်သည် မဟုတ်လား။ အကယ်၍ သူတို့နှင့် မိတ်ဆွေဖွဲ့ လိုက်လျှင် အရေးကိစ္စ ကြုံလာသည့်အခါ သွားရောက် ပူးပေါင်း နိုင်လိမ့်မည်ဟု ခေါင်းဆောင်က ယူဆထားသည်။

“ကျုပ်တို့က ရင်းနှီးလို့လား”

ရှင်းဖုန်းနှင့် ယွင်ချဲ့တို့က ခေါင်းဆောင်ဖြစ်သူကို လှည့်ပင် မကြည့်သဖြင့် စကားသွက်သော ချူးဟောင်လင်း အေးတိအေးစက်နှင့် ပြန်ပြောလေသည်။ သူ၏အသံမှာ အလွန်စိတ်ပျက်နေပုံ ရပြီး ကျန်သော သူများသည်လည်း လျစ်လျူရှုကာ ထိုင်ခုံပေါ်တွင် ပြန်ထိုင် လိုက်ကြသည်။

“မင်း …”

ခေါင်းဆောင်မှာ အလွန်ဒေါသ ထွက်သွားသော်လည်း ဆန်အိတ်များကို ကြည့်ကာ ဒေါသစိတ်ကို ထိန်းချုပ်လိုက်ရသည်။ မကြာမီပင် စာအုပ်ယူရန် ထွက်သွားသော လူမှာ ပြန်ရောက်လာခဲ့ပြီး ရဲနှစ်ယောက်ကလည်း ကားထဲမှ စာအုပ်အထူများ ထည့်ထားသော ခြင်းနှစ်ခြင်းကို သယ်လာပေးလေသည်။ ထိုအခါ ကျန့်ယာဖေး အရင်ပြေးလာခဲ့ပြီး လုဟိုင်ရွှမ်း၊ ကျိုးဇယ်ယွီ နှင့် လန်ယဲ့ဟန်တို့ လမ်းလျှောက်လာကာ ခြင်းကို ယူသွားလေသည်။

“ဉီးလေးကျန့် ထွက်သွားနေ့ကစပြီး ဒီနေ့အထိ ရက်စွဲတွေကို အကုန်သေချာရှာကြ”

စာရင်းစာအုပ်ထဲမှ ရက်စွဲများကိုကြည့်ကာ ယွင်ချဲ့ စိတ်သက်သာရာ ရသကဲ့သို့ တိတ်တဆိတ် သက်ပြင်း ချလိုက်သည်။

“အင်း”

အဖွဲ့သားတို့လည်း စာအုပ်များကို ကိုယ်စီယူကာ သေချာရှာဖွေ ကြလေသည်။ ကျန့်ယာဖေး လည်း စာရွက်များကို လှန်လှောလျက် ပို၍စိတ်လှုပ်ရှား တုန်ယင် လာသည်။ ကြည့်သည့် စာရွက်များ လာသည်နှင့် သူမလည်း ပို၍ စိတ်လှုပ်ရှားကာ စခန်းသို့ မရောက်လာမီ သေဆုံးသွားမည်ကို စိုးရိမ်စိတ်ဖြင့် တုန်လှုပ်လာသည်။

အတော်ကြာသည် အထိ စာရွက်လှန်သည့် အသံများမှ လွဲ၍ အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေပြီး တစ်ဖက်လူတို့မှာလည်း မထွက်သွားဘဲ မည်သို့ ဖြစ်လာမည်ကို စောင့်နေကြလေသည်။ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့က သူတို့ရှာနေသည့် လူတို့ကိုတွေ့လျှင် ဆန် ၂၅၀ ကီလိုပေးမည်ဟု ပြောထားခဲ့ပြီး အကယ်၍မတွေ့လျှင် ထိုဆန်တို့ ပြန်လည် သိမ်းယူခဲ့ရမည်ဖြစ်ပြီး သူတို့မကျေမနပ်ဖြစ်ကြလိမ့်မည်။

“တွေ့ပြီ ကျန့်ထျန်းလုံ .. ဝမ်စူးဟွာ .. သူတို့က ရွက်ဖျင်တဲအစုထဲမှာပဲ ဒုတိယအစုရဲ့ နံပါတ် ၆ တဲမှာ”

၁၀မိနစ်ကျော် ကြာပြီးနောက် လုဟိုင်ရွှမ်း အော်လိုက်သဖြင့် ကျန့်ယာဖေး ပျော်ရွှင်စွာ ပြေးလာခဲ့သည်။

“ဘယ်မှာလဲ ပြပါဉီး …”

သူမ၏မိဘ ဖြစ်သော ကျန့်ထျန်းလုံ ဝမ်စူးဟွာ နာမည်တို့ကို တွေ့ရသည်နှင့် ကျန့်ယာဖေး စိတ်လှုပ်ရှားကာ မျက်ရည်များ ကျလာလေသည်။ တွေ့ခဲ့ပြီ၊ သူမမိဘတို့ကို ရှာတွေ့ခဲ့ပြီ။

“ဒုတိယအစုကိုခေါ်သွားပေး”

သူ၏အဖွဲ့သားများ ပျော်ရွှင်နေသည်ကို ကြည့်ကာ ရှင်းဖုန်း မဆိုင်းမတွဘဲ အမိန့်ပေးလိုက်သည်။ သူလည်း အခြားသူများကဲ့သို့ ဒေါသထွက်သော်ငြား စိတ်ကိုထိန်းချုပ် ထားရသည်။ မည်သည်က ပိုအရေးကြီးသည်ကို သိသဖြင့် သူ၏စိတ်ကို ထိန်းကာ ကောင်းမွန်စွာ ရွေးချယ်ပြောဆိုခြင်းပင်။ အကယ်၍ လူတစ်ယောက်က သူ့ကို ညင်သာ ကြင်နာစေလျှင် ထိုသူ စိတ်ကူးနေရုံမျှသာ တတ်နိုင်လိမ့်မည်။

“ရတာပေါ့ .. ကျန်း သူတို့ကို ခေါ်သွားလိုက်”

ခေါင်းဆောင် ဖြစ်သူက ဆန်များကို ရတော့မည် ဆိုသည့် အတွေးကြောင့် တုံ့ဆိုင်းခြင်း မရှိဘဲ ချက်ချင်း လုပ်ပေးလေသည်။

ရှင်းဖုန်းလည်း များများစားစား မပြောဘဲ လက်ကိုဝှေ့ကာ ဆိုဖာခုံကို ပြန်သိမ်း လိုက်ပြီး လှည့်ထွက်ကာ ကားပေါ်သို့ ယွင်ချဲ့ နှင့်အတူ တက်သွားလေသည်။ ထိုနေရာရှိ သူများသည် နယ်မြေစွမ်းအား နှစ်ယောက်ကို တွေ့ရသဖြင့် အလွန်ပင် အံ့အားသင့် လေသည်။ ထိုအခိုက် သူတို့ကို အနောက်တောင်စခန်း တစ်ခုမှ ရောက်လာကြခြင်း ဖြစ်ကြောင်း သေချာ အတည်ပြု လိုက်ကြသည်။ မဟုတ်လျှင် သူတို့ဘာကြောင့် စွမ်းအားကြီးကြမှာလဲ။ ထို့အပြင် နှစ်ယောက်မှာ နယ်မြေစွမ်းအား ပိုင်ဆိုင်ထားကြသည်။ လုံယန်စခန်း တစ်ခုလုံးတွင်မှ ၂ ယောက် ၃ ယောက်သာလျှင် ထိုစွမ်းအားရှိကြသည်။

သူတို့မျက်နှာထက်မှ အံ့ဩမှင်သက်မှုတို့ကြောင့် ချူးဟောင်လင်း လှောင်ပြုံးပြုံးကာ သူ၏လက်ကို ဝှေ့လိုက်ရာ ခရူဇာကား အသစ်တစ်စီး ပေါ်လာလေသည်။

သေစမ်း နယ်မြေစွမ်းအား ပိုင်ရှင် ၃ ယောက်ဟ

ခေါင်းဆောင်ဖြစ်သူမှာ ဟန်ချက်ပျက်သည် အထိပင် ထိတ်လန့် သွားခဲ့သည်။ နယ်မြေစွမ်းအား ပိုင်ရှင်များကို နေရာတိုင်းမှာ တွေ့နေရပြီလား။ သူတို့က ဘာကြောင့်များ တစ်ဖွဲ့တည်းမှာ ၃ ယောက်တောင် ရှိနေရတာလဲ။

“သွားကြစို့ ”

ချူးဟောင်လင်းလည်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် ယာဉ်မောင်းသူ ခုံပေါ်တွင် ကျကျနန ဝင်ထိုင်လိုက်ပြီး ယွီဝမ်းချင်နှင့် ရှန်းရွေတို့ ခေါင်းခါလျက် လိုက်သွားလေသည်။ ဆန် ၂၅၀ ကီလိုမှာ လုံယန်စခန်းမှာ ပိုင်ဆိုင်သွားပြီ ဖြစ်သောကြောင့် မည်သူမှ မသိမ်းဆည်းတော့ပေ။ သူတို့ဒေါသထွက်နေကြသော်လည်း ကတိဖောက်ဖျက်မည် မဟုတ်၊ ဆန် ၂၅၀ ကီလိုကိုတော့ သူတို့ပေးနိုင်ပါသေးသည်။

တဲလေးများမှာ လယ်ကွင်းထဲမှ ပလပ်စတစ်မှန်လုံ အိမ်သဏ္ဌာန် အလားတူနေပြီး ကွဲပြားသည်က စေးကပ်သော တိပ်များနှင့် ကပ်ထားခြင်းဖြစ်ပြီး နွေးထွေးမှု လုံးဝမရှိပေ။ အနောက်တောင်စခန်းမှ တဲများထက် ပို၍ဆိုးဝါး နေပေသည်။ ရွက်ဖျင်တဲအစုသို့ ရောက်လာသည်နှင့် ကျန့်ယာဖေးလည်း သူမမိဘတို့ နေထိုင်သည့် နေရာကိုကြည့်ကာ အလွန် ဝမ်းနည်းလာပြီး မျက်ရည်များ ကျလာလသည်။ သူမဘေးတွင် ထိုင်နေသော ယန်းဟွိုင်အန်းမှာ တစ်ရှူးဘူးကိုပေးကာ တိတ်ဆိတ်စွာ ကြည့်နေလေသည်။ သူမကိုကြည့်ကာ မည်သူမှ မစနောက်လိုကြပေ။ သူမနေရာတွင် သူတို့သာဖြစ်ခဲ့လျှင် ငိုမိမှာအသေအချာပင်။

အများအားဖြင့် သာမန် လူများသည် ရွက်ဖျင်တဲအစုတွင် နေကြရပြီး စွမ်းအားရှိသူများက အသင့်ဆောက် အိမ်ငယ်များတွင် နေခွင့်ရသော်လည်း မိဘ၊ သူငယ်ချင်းများနှင့် မခွဲခွာနိုင်ကြသူများသာ ရွက်ဖျင်တဲအစုတွင် လာရောက် နေထိုင်ကြသည်။ ထိုနေရာတွင် အလုပ်မလုပ်ပါက မည်သည့် အထောက်အပံ့မှ ရနိုင်မည် မဟုတ်ပေ။ တစ်လသာ ရှိသေးသော်လည်း ရွက်ဖျင်တဲအစုထဲရှိ သူများမှာ ညစ်ပေကာ မသပ်ရပ်တော့သည့် အပြင် အမျိုးသမီးများမှာလည်း ဆံပင်များ ရှုပ်ပွနေလေသည်။

“ဒီစခန်းတော့ တစ်နေ့နေ့ ပျက်စီးတော့မယ်”

ကားပြတင်းမှ ကြည့်ကာ ကျိုးဇယ်ယွီ အံကြိတ်မိသည်။ စခန်းမှ ခေါင်းဆောင်များသည် အသက်ရှင် ကျန်သူများကို ကျွန်ကဲ့သို့ ဆက်ဆံနေကြသည်။ စွမ်းအားရှိသူများကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် အပြင်ထွက်ကာ တိုက်ခိုက် ရှာဖွေခြင်းတို့ကို လမ်းညွှန် ပေးရမည့်အစား ခေါင်းဆောင်တို့က လူတို့ကို တောင်ခြေတွင်သာ လူစုနေစေသည်။ ကမ္ဘာကြီးကပ်ဘေးဆိုက်သည့် အချိန်ကတည်းက အနောက်တောင်စခန်းရှိ လူများမှာ သူတို့၏ စွမ်းအားများကြောင့် ကျော်ကြားလာခဲ့သည်။ လုံယန်စခန်းရှိ အသက်ရှင် ကျန်ခဲ့သူများသည် ကပ်မဖြစ်စဉ်က သက်တောင့်သက်သာရှိသောဘဝတွင် နေထိုင်ခဲ့ရသဖြင့် ယခုကာလတွင် သတ္တိများ ပျောက်ဆုံးကုန်ကြသော်လည်း သူတို့စုပေါင်းလိုက်လျှင် ခွန်အားတစ်ခု ဖြစ်လာနိုင်ပြီး စခန်းသည်လည်း အဆုံးသတ် သွားလိမ့်မည်။

“သနားစရာကောင်းလိုက်တဲ့သူတွေ”

လုဟိုင်ရွှမ်းလည်း ထောက်ခံကာ အလွန်ပင် စိတ်တိုလာသဖြင့် စခန်းတွင် မတရားအုပ်ချုပ်မင်းမူနေသူတို့ကို ရှင်းလင်းချင်စိတ်ပင် ဖြစ်လာရသည်။ သို့သော် ထိုသူတို့က ဖုတ်ကောင်များ မဟုတ်ဘဲ လူသားများ ဖြစ်နေလေသည်။

သူတို့ပြောသည်မှာ မှန်ကန်သဖြင့် မည်သူမှ ထပ်မပြောကြတော့ပေ။ ထိုစခန်းမှာ ကြာရှည်မတည်နိုင်တော့။

ခရူဇာကားမှာ ၁၀ မိနစ်ကျော် ကြာသည်အထိ မရပ်သွားသေးပေ။ ခဏအကြာ ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ ကားပေါ်မှ ဉီးစွာ ဆင်းသွားပြီး ကျန့်ယာဖေးမှာ ကားပေါ်တွင် ကြောင်အလျက် ကျန်ခဲ့သည်ကို ဘေးတွင်ထိုင်နေသော ယန်းဟွိုင်အန်းလည်း သူမကိုအသိမပေးဘဲ တိတ်ဆိတ်လျက်နေလေသည်။

“ဖေဖေ ဖေဖေ …. မေမေ …”

အနည်းငယ် ကြာတော့မှသာ ကျန့်ယာဖေး ထကာ ကားပေါ်မှ အမြန်ဆင်း သွားလေသည်။ ပတ်ဝန်းကျင်မှကြည့်နေသည်ကို ဂရုမစိုက်ဘဲ လမ်းပြပေးသူ၏ လက်ကို ဆုပ်ကိုင်လျက် ကျန့်ယာဖေး မေးလေသည်။

“တဲအမှတ် နံပါတ် ၆ ဘယ်မှာ….”

“ယောကျ်ား .. ယောကျ်ား …”

ကျန့်ယာဖေး မေးခွန်းပင် မဆုံးလိုက် ဝမ်းနည်းစွာ ငိုကြွေးသံက သူမတို့အနီးရှိ တဲထဲမှ ထွက်ပေါ်လာသဖြင့် ကျန့်ယာဖေး အမြန်လှည့်ထွက် သွားသည်။

“မေမေ .. မေမေ…. မေမေ…”

ကျန့်ယာဖေးလည်း အသံလာရာတဲသို့ အမြန်ဝင် သွားလေသည်။ ယွင်ချဲ့နှင့် ကျန်သောသူများ တစ်ယောက်နှင့် တစ်ယောက် စိတ်လှုပ်ရှားစွာ ကြည့်လျက် ကားများကိုသိမ်းကာ လိုက်လာကြလေသည်။ ထိုငိုကြွေးသံမှာ ကောင်းသော အချက် မဟုတ်သဖြင့် သူတို့စိတ်ဖိစီး သွားရသည်။

တဲထဲတွင် နောက်ဆုံး ထွက်သက်ကို ရှိုက်နေသော ကျန့်ထျန်းလုံမှာ အသက်ငင်နေကာ ဝမ်စူးဟွာ မှာလည်း ငိုကြွေးခြင်းကြောင့် ခဏတာ မေ့မြောသွားကာ ပြန်လည် နိုးထလာခဲ့ချိန်တွင် မျက်ရည်များလည်း ကျဆင်းလာပြန်သည်။ ထိုအခိုက် သူမသမီး၏အသံကို အနောက်ဘက်မှ ကြားလိုက်ရသဖြင့် သူမ မှင်သက်သွားသည်။ သူမစိတ်ထင်နေခြင်း ဖြစ်မည် စိုးသောကြောင့် လှည့်မကြည့်ရဲပေ။

“မေမေ သမီးတောင်းပန်ပါတယ် … သမီးနောက်ကျသွားတယ် သမီးကို ခွင့်လွှတ်ပေးပါ”

ကျန့်ယာဖေး တဲထဲသို့ ပြေးဝင်ကာ ဒူးထောက်လျက် အမေကို အနောက်မှပွေ့ဖက်လိုက်သည်။ သူမမျက်ရည်များလည်း အဆမတန် ကျဆင်းလာပြီး သူမအမေ၏ လည်ပင်းတွင် စိုစွတ်ကုန်သည်။

“ရှောင်ဖေး ? … သမီးလေးလား .. တကယ်ပဲ သမီးလား”

သူမသမီး၏လက်တို့ ဆုပ်ကိုင်လျက် ဝမ်စူးဟွာ ငိုကြွေးလေသည်။ သူမသမီး၏ အသံကို သေချာကြားရ သော်လည်း အစစ်အမှန် မဟုတ်သကဲ့သို့ပင်။ သူမ လှုပ်ရှားလိုက်ပါက အိပ်မက်မက်နေခြင်း ဖြစ်သွားမည်ကို သူမအလွန် ကြောက်ရွံ့နေသည်။

“သမီးပါ မေမေရဲ့ .. မေမေတို့ကို ရှာတွေ့ပြီ ”

အမေဖြစ်သူ၏ ရင်ခွင်ထဲဝင်ကာ ကျန့်ယာဖေး ကလေးတစ်ယောက်ကဲ့သို့ ငိုကြွေးလေသည်။ ယွင်ချဲ့နှင့် ကျန်သော သူတို့လည်း တစ်ဖက်ကို လှည့်ကြည့်လေရာ လဲလျောင်း နေသော ယောကျ်ား တစ်ယောက်ကို တွေ့လိုက်သည်။ ထိုလူကြီးက ယာဖေးရဲ့ အဖေများလား။

“ရှောင်ဖေး ငါ့သမီးလေး ”

သူမအိပ်မက် မက်နေခြင်း မဟုတ်ကြောင်း သိပြီးသည်နှင့် ဝမ်စူးဟွာ ချက်ချင်းလှည့်ကာ ကျန့်ယာဖေးကို တင်းကျပ်စွာ ဖက်လျက် ငိုကြွေးလေသည်။

“ရှောင်ဖေး လာ .. သမီးရဲ့ဖေဖေကိုကြည့်ပါဉီး .. သူ .. ဟင် … သူ …”

သူမခင်ပွန်းကို သတိရလိုက်သဖြင့် ကျန့်ယာဖေး လက်ကို ဝမ်စူးဟွာ ဆွဲလျက် တစ်ဖက် လှည့်လိုက်ပြီး ခင်ပွန်း၏လက်ကို သူမ လက်တစ်ဖက်ဖြင့် ကိုင်လျက် …

“ယောကျ်ား ကျွန်မတို့ သမီးလေး ရောက်လာပြီ … ရှောင်ဖေး လေ ကျွန်မတို့ဆီကို ရောက်လာပြီလေ ယောကျ်ား …”

နောက်ဆုံးတွင် သမီးလေးက သူတို့ကို ရှာတွေ့ခဲ့သော်လည်း သူမခင်ပွန်းက ဆုံးပါးသွားလေပြီ။ ဝမ်စူးဟွာ ကဲ့သို့ သက်လတ်ပိုင်း အမျိုးသမီး တစ်ယောက်အတွက် အလွန် ကံဆိုးဖွယ်ရာပင်။ သို့သော် ကပ်ဘေးကာလ ဖြစ်သော်ငြား သူမ ကံကောင်းပါသေးသည်။ သူမတွင် သမီးလေးရှိနေသေးသည်မဟုတ်ပါလား။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset