YMR- အခန်း ၆၄

အခန်း (၆၄)

“မင်းတို့တွေ ဘယ်လို သတ္တိမျိုးနဲ့ ရှင်းဖုန်းရဲ့ လူတွေကို ရန်စရဲတာလဲ”

ဝေ့ မိသားစု၏ ဗိုလ်များနှင့် စစ်သားများပိုင်စိုးရာ အိမ်ရာပိုင်နက်တွင် ဒုဗိုလ်ချုပ်ဖြစ်သော ဝေ့ခန်က ကူးမင်ရွှမ်းထံမှ အဆက်အသွယ် ရခဲ့သည်။ အစတွင် စိတ်ထွေပြား နေခဲ့သော်လည်း အကျိုးအကြောင်းကို သေချာရှင်းလင်းစွာ သိပြီးနောက် သူ၏ဒေါသကို မထိန်းချုပ်နိုင်ခဲ့ပေ။ အရာရှိ တချို့မှာ စားပွဲရှေ့တွင် ခေါင်းငုံ့လျက် တိတ်ဆိတ်စွာ ရပ်နေကြပြီး ယွင်ချဲ့အား ရန်စ နှောင့်ယှက်ခဲ့သော တပ်ကြပ်သည်လည်း ကြောက်လန့် တုန်လှုပ်နေသည်။ အကယ်၍ ရှင်းဖုန်း၏ လက်အောက်ငယ်သားဟု သူသိခဲ့လျှင် သတ္တိကြီးသည် ဆိုလျှင်တောင် ယွင်ချဲ့ကို သူရန်စခဲ့မည် မဟုတ်ပေ။

“ခေါင်းဆောင် …”

“တော်တော့ ရှင်းဖုန်းကိစ္စတွေနဲ့ ကင်းအောင်သာနေ”

သူ၏ငယ်သား စကားပြောသည်ကို ဖြတ်ပြောလိုက်ပြီး ဝေ့ခန် ခုံကိုလှည့်ကာ ကျောပေး ထားလိုက်သည်။ အရာရှိများလည်း တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ ဝေ့ခန်ကို အလေးပြု လိုက်ပြီးနောက် ထွက်သွားကြလေသည်။ အခန်းထဲတွင် ဝေ့ခန် တစ်ယောက်တည်း ရှိတော့ကြောင်း သေချာကြည့် ပြီးသည်နှင့် ခုံကိုပြန်လှည့်ကာ သူ၏မျက်ရိုးကို ညာဘက်လက်နှင့် နှိပ်နှယ်လျက် ခေါင်းကိုက် နေသည်ကို ဖြေလျော့လေသည်။ ရှင်းဖုန်းမှာ သူ၏မျက်စိ ရှေ့တွင်ပင် ကြီးပြင်းလာခဲ့ပြီး သူ၏စိတ်ဓါတ် အသွင်အပြင်ကို ယုံကြည်သည်။ ကြွားလုံး ထုတ်ခြင်းနှင့် သူတို့၏ ရာထူးများကို အသုံးချကာ နိုင်ထက်စီးနင်း လုပ်ခဲ့သော တတိယမျိုးဆက်များနှင့် မတူသည်မှာ ရှင်းဖုန်းသည် ကိုယ်ထူးကိုယ်ချွန် ကြိုးစားသူဖြစ်သည်။ သူ့ကို ရန်မစသရွေ့ အခြားသူများကို အာရုံထားမည် မဟုတ်ပေ။ မည်မျှပင် အဆင့်မြင့်ကာ ရာထူးကြီးမားသူ ဖြစ်နေပါစေ သူ့ကို ထိပါးလာလျှင် ရှင်းဖုန်း လက်စားချေ လိမ့်မည်ဖြစ်ပြီး သူတို့၏ အသက်နှင့်ပင် ပြန်ပေးဆပ် ရပေလိမ့်မည်။

ရှင်းဖုန်းသည် တစ်ခါက အရှေ့တောင် ဒေသတွင်ရှိသည့် မူးယစ်ဆေးဝါး ဂိုဏ်းကို အဖွဲ့ဝင် ၈ယောက်သာပါသော အဖွဲ့တစ်ဖွဲ့တည်းနှင့် ဖျက်ဆီး ရှင်းလင်းနိုင်ခဲ့သဖြင့် စစ်သားများ ကြားတွင် သူရဲကောင်းဟု အမည်နာမ တစ်ခုရရှိခဲ့သည်။ သို့သော် နှမြောစရာ ကောင်းသည်က ရှင်းဖုန်းနှင့် ထိုရှစ်ယောက် အဖွဲ့သားတို့မှာ သူတို့ပြန်လာကြသည့်အခါ အရပ်သား အလုပ်များကိုသာ ပြောင်းလဲ လုပ်ကိုင်လိုကြောင်း တောင်းဆိုခဲ့ကြသည်။ သူတို့ထွက်သွားသည့် အကြောင်းရင်းကို ယနေ့ထိတိုင်အောင် မသိကြသေးပေ။

ဝေ့ခန်မှာ အင်အားကြီးသူ တစ်ယောက်ကို သူ့အနားတွင် ခေါ်ထားမည် မဟုတ်ပေ။ မော့ မိသားစု နှင့် ရှင်း မိသားစုမှာ ဆွေမျိုးတော်စပ်ကြကာ မော့ဝမ်းယန်၏ မိခင်က ရှင်းဖုန်း၏ အဒေါ်ဖြစ်နေသဖြင့် ရှင်းဖုန်း၏ ခိုးကြောင်ခိုးဝှက် လုပ်ရပ်တို့က ဝေ့ခန်ကို ခေါင်းခဲစေသည်။ ထိုမိသားစု နှစ်ခုက မဟာမိတ်ဖြစ်နေသဖြင့် အနောက်တောင်အခြေစခန်းတွင် ဝေ့ မိသားစု ၏ အာဏာမှာ မည်သို့မှ မဖက်စွက်နိုင်ပေ။

ထိုအချက်များကြောင့် ဝေ့ခန်မှာ ရှင်းဖုန်းနှင့် ရင်းနှီးစွာ မနေသကဲ့သို့ တသီးတခြားလည်း မနေခဲ့ပေ။ ကပ်ဘေး ဆိုက်သည်မှာ တစ်လပြည့်လု နီးလာသော်လည်း စခန်းတွင် ရှင်းဖုန်းကဲ့သို့ စွမ်းရည်ခွန်အား ပြည့်ဝသူများကို အရေးတကြီး လိုအပ်နေလျက်ပင်။ ဝေ့ခန်လည်း အကြောင်းရင်း တချို့ကြောင့် ရှင်းဖုန်းကို ဝေဖန်သည်အထိ သူမ တုံးညံ့သေးပေ။

နောက်ပိုင်းမှသာ သူ၏လက်အောက် ငယ်သားများကြောင့် ထိုသို့ ဖြစ်ခဲ့သည်ကို သိရှိခဲ့ရပြီး တာဝန်ရှိသူ တစ်ယောက် အနေနှင့် တာဝန်ယူ ရပေဉီးမည်။ သို့သော်လည်း ရှင်းဖုန်းနှင့် သူ၏လက်အောက် ငယ်သားများကို ရန်မစ အနိုင်မကျင့်သင့်ကြောင်းကိုလည်း မပြောထားခဲ့ပေ။ ကံဆိုးသည်က ရှင်းဖုန်း ၏ အငြိုးအာဃာတနှင့် လက်စားချေတတ်ခြင်းကို ပျောက်ကင်း သွားစေရန် သူတို့ မစွမ်းဆောင်နိုင်ကြပေ။ ရှင်းဖုန်းက ကိစ္စတစ်ခုကို အမှန်တကယ် ကိုင်တွယ်ဖြေရှင်းတော့မည်ဆိုလျှင် မည်သူမှ ဝင်ရောက် တားဆီးနိုင်မည် မဟုတ်ပေ။ မော့ မိသားစု အကြောင်းတစ်ခုခု ဖြစ်ပြီးသည့် အချိန်မှစ၍ ကံဆိုးမှုများကို အလုံးအရင်း ကြုံလာခဲ့ရသည်ကို ဝေ့ခန် ထပ်မတွေးရဲတော့ပေ။ သုတေသန အဖွဲ့အစည်း၏ လုပ်ဆောင်ချက်များမှာ သူ့ကို ခေါင်းကိုက်ခဲစေသည့်အပြင် ဝမ်ဝေ့နှင့် ဝမ်ကွော့ချန်တို့မှာ တစ်ဖန် ကံဆိုးမိုးမှောင် ကျတော့မည်ဟု သူတွေးမိလိုက်သည်။

ရှင်းဖုန်းနှင့် ငြိခဲ့ရသည့် ပြဿနာ တစ်ခုပင် မဖြေရှင်းပြီးသေး သော်လည်း ပြဿနာ အသစ်တစ်ခု ကြုံရပြန်လေပြီ။

ဝေ့ခန်မှာ ယခုကဲ့သို့ ပင်ပန်း အားနည်းခြင်းကို တစ်ခါမှ မကြုံခဲ့ဖူးပေ။ သူ့ကို နိုင်ငံ၏ စက်ဆုပ်ဖွယ် အကောင်းဆုံး ဒုဗိုလ်ချုပ်ဟု အထင်ခံရစေခဲ့သည့် ငယ်သားများ၏ လုပ်ရပ်ကို သူဖြေရှင်းရပေဉီးမည်။

ဝေ့ခန်ကို ခေါင်းကိုက် စေခဲ့သော ယွင်ချဲ့မှာ ဧရိယာ C အတွင်းရှိ ကုန်လဲလှယ် ဈေးထဲတွင် အသွင်အပြင်နှင့် အသက်အရွယ်ကိုပင် ခန့်မှန်း မရနိုင်သော မကောင်းစိတ်များနှင့် ပြည့်နေသည့် လူတစ်ယောက်နှင့် ကုန်လဲလှယ်ရန် ညှိနှိုင်းနေလေသည်။

“စစ်တပ်က စည်းကမ်း အတိုင်းဆိုရင် အဆင့်နိမ့် အမြုတေ ၁၀၀ စုတာရဲ့ ဆုကြေးက ၂ ကီလိုခွဲရှိတဲ့ ဆန်အိတ် တစ်အိတ်ပဲရမှာ ကျုပ်တော့ အမြုတေ တစ်ခုနဲ့ ဆန် ၅ကီလိုပဲ လဲပေးနိုင်မယ် … ကျုပ်ကိုယုံ ဒီလောက်ထိ မြင့်တဲ့ကြေး ကျုပ်ကလွဲလို့ ဘယ်သူမှ မပေးနိုင်ဘူး”

သူတို့အရှေ့တွင် ပဲစေ့အရွယ် အရောင်အဆင်း မရှိသော အမြုတေနှင့် အာနိသင် မရှိသည့် အဆင့် ၂ အမြုတေတို့ကို တင်ထားသည်။ ဖုတ်ကောင်များ အဆင့် ၁ သို့ ရောက်လာသည့်အခါ ဉီးနှောက် အတွင်းရှိ အမြုတေမှာ အစွမ်းအာနိသင် ရှိလာပြီး အရောင်လည်း ပြောင်းလဲလာသည်။ ဓါတ်ကြီးငါးပါး စွမ်းအားနှင့် အပြင်းထန်ဆုံးသော စွမ်းအားမှလွဲ၍ ကျန်သော စွမ်းအားများမှာ လူသားများနှင့် ဖုတ်ကောင်များကြား အလွယ်တကူ တွေ့နိုင်သော စွမ်းအားများ ဖြစ်ကြပြီး လေနှင့် လျှပ်စီးအစွမ်း၊ အလင်းအမှောင် စွမ်းအင်၊ နယ်မြေစွမ်းအင်နှင့် သတ္တုစွမ်းအင်တို့မှာ ထူးခြားစွမ်းအားများ အုပ်စုတွင် ပါဝင်သည်။ ဓါတ်ကြီးငါးပါးတို့ အနက်မှ အစွမ်းတစ်ခုစီ ရှိထားသော သူများနှင့် နှိုင်းယှဉ်ပါက ထူးခြားစွမ်းအား ရှိသူများသည် အာနိသင် မရှိသော အရောင်မဲ့ အမြုတေများကိုသာ စုပ်ယူနိုင်သည်။ သဘာဝတကျ အာနိသင်မဲ့သော အဆင့်နိမ့်အမြုတေများမှလွဲ၍ အခြားသော အဆင့်ရှိကာ အာနိသင်မဲ့သည့် အမြုတေများကို ထူးခြား စွမ်းအားရှိသော ဖုတ်ကောင်များတွင် တွေ့ရနိုင်သဖြင့် ထိုကဲ့သို့သော အမြုတေများမှာ အလွန်ရှားပါးသောကြောင့် ယွင်ချဲ့က ထိုသူနှင့် ကုန်လဲရန် ညှိနှိုင်းနေခြင်း ဖြစ်သည်။

“၁၀ ကီလိုဆန်အိတ်”

ထိုလူက ထပ်ညှိနှိုင်း၍ မဖြစ်နိုင်တော့သည် အထိ ရေရွတ်ပြောဆို လိုက်သည့် ထိုသူ၏ ပြိုင်ဘက် ကင်းသော ခေါင်းမာမှုကြောင့် ယွင်ချဲ့ အံ့အားသင့်ရသည်။ ယွင်ချဲ့ တွန့်တိုနေခြင်း မဟုတ်၊ ဆန် ၅ကီလိုမှာ အလွန်ပင် များပြားသော ပမာဏ ဖြစ်နေလေပြီ။ သူ၏နယ်မြေထဲတွင် များပြားလှသော ဆန်စပါးများ ရှိနေသော်လည်း ၁၀ ကီလိုတော့ သူမပေးနိုင်ပေ။

“အဟွတ် .. အဟွတ် ..”

ချောင်းဟန့်သံကို ကြားလိုက် ရပြီးနောက် ယွင်ချဲ့တို့နှင့် စကားပြော နေစဉ်က တစ်ချိန်လုံး ထိုင်နေခဲ့သော သူမှာ ရုတ်တရက် လှည့်ကြည့်ကာ အမြန် ထွက်သွားလေသည်။

“စီနီယာ ရေသောက်ပါဉီး”

ထိုသူက ကြမ်းပြင်ပေါ်တွင် ခြေချိတ် ထိုင်လိုက်ပြီး အခြားလူ တစ်ယောက် တစ်ယောက်ကို ပေါင်ပေါ်တွင် တင်လျက် ထိန်းထားကာ ရေဘူးအဖုံးကို ပါးစပ်နှင့် ကိုက်ဖွင့်လျက် ကိုယ်ပေါ်တွင် ထိုင်နေသော သူ၏ပါးစပ်နားသို့ ရေဘူးကို တေ့ထားပေး လိုက်သည်။

“အဟွတ် အဟွတ် …”

ရေအနည်းငယ် ဖိတ်ကျသွားပြီး ထိုသူမှာ သူ၏အဆုတ်များ ထွက်လုမတတ် ချောင်းဆိုးပြန်လေသည်။ ယွင်ချဲ့နှင့် သူ၏အပေါင်းအပါများလည်း မျက်မှောင်ကြုတ်ကာ ကြည့်နေပြီး ထိုသူမှာ အဆုတ်ရောင်ရောဂါ ရှိနေသလားဟုပင် တွေးမိလာကြသည်။ ကပ်ဘေး မတိုင်ခင် အချိန်တွင် အချို့ဆေးများက သူ့ကိုကယ်ကောင်း ကယ်တင်ပေး နိုင်သော်လည်း အခုချိန်တွင် …..

“မင်းက ဆေးကျောင်း တက်ခဲ့တာမလား”

ယွင်ချဲ့ သူ၏တံတောင်နှင့် လုဟိုင်ရွှမ်း၏ ခါးကိုတွန်းက မေးလိုက်သည်။

“အယ် .. ခဏနေပါဉီး ငါက အထူးဝင်ခွင့်နဲ့ ကျောင်းတက်ခဲ့ရတာလေ။ ဘာကိုကြည့်ပြီး ဆေးကျောင်းသားလို့ ထင်နေရတာလဲ”

လုဟိုင်ရွှမ်းမှာ ဟွိုင်မြို့ကို သွား၍ တက္ကသိုလ် တက်လိုခြင်းမှာ အိမ်နှင့် မိုင်ထောင်ပေါင်း များစွာ ဝေးခြင်းက မိသားစု၏ ကန့်သတ်ချက်များ အောက်မှ လွတ်မြောက်လိုသောကြောင့်ပင်။ ထိုအကြောင်းကို ပြန်တွေးကြည့်လျှင် ထိုအချိန်က သူအလွန် ရူးမိုက်ခဲ့ပေသည်။

ရင့်ကျက်ခြင်းမှာ အတိတ်တွင် ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက် လုပ်ရပ်များကို စက်ဆုပ်မိခြင်းပင်။ ထိုစကားမှာ ယွင်ချဲ့ သာမက လုဟိုင်ရွှမ်း အတွက်လည်း မှန်ကန်နေသည်။

“ဒါပေမယ့်လည်း ယာဖေးတော့ ဆေးကျောင်းသူ ဖြစ်ခဲ့သင့်တယ် ယဲ့ဟန်ကိုတော့ သေချာမပြောတတ်ဘူး … သိတယ်မလား သူစကားကောင်းကောင်း ပြောတတ်တာ ယွင် …..”

ယွင်ချန် အကြောင်း ပြောဖြစ်လေတော့ လုဟိုင်ရွှမ်း စကားကို ရပ်ကာ ယွင်ချဲ့ကို တစ်ချက် ကြည့်လိုက်ပြီး ယွင်ချန် အမည်ကို ချန်ထားခဲ့သည်။

“အင်း .. အနည်းဆုံးတော့ ငါတို့ဆီမှာ ဆေးအကြောင်း သင်ထားတဲ့သူ ရှိနေသေးတာပဲ”

လုဟိုင်ရွှမ်း ပြောသည်ကို ယွင်ချဲ့ မကြားဟန်ဆောင်ကာ ချန်ချန် ခေါင်းကို အသာပုတ်လျက် ကျိုးဇယ်ယွီ အနား သွားခိုင်းလိုက်ပြီး ယွင်ချဲ့ ခြေလှမ်း ကျဲကျဲနှင့် အရှေ့သို့ ဆက်လှမ်းလေသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset