YMR- အခန်း ၅၆

အခန်း (၅၆)

“ပစ္စည်းချင်းလဲတာ ?”

ယွင်ချဲ့ မျက်ခုံးပင့် လိုက်မိသည်။ ဖုတ်ကောင်များ၏ ခေါင်းထဲတွင် ရှိသော အမြုတေများသည် အဖိုးတန်သည်ကို မသိသူ မရှိပေ။ ဘာကြောင့်များ အလဲအလှယ် လုပ်ရမှာလဲ။ အရင်ဘဝတွင် စခန်းဌာနများမှာ ထိုအမြုတေများကို ငွေကြေး လဲလှယ်ရန် အတွက်သာ အသုံးပြုခဲ့ကြသည်ကို သူ မှတ်မိသေးသည်။ ဒါမှမဟုတ် ရှင်းဖုန်းက အမြုတေ၏ အကျိုး သက်ရောက်မှုများကို မပြောပြထားခြင်းများလား။

“ဘာဖြစ်လို့လဲ”

ယွင်ချဲ့ကို ကြည့်ကာ ရှင်းဖုန်း လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။ ယွင်ချဲ့ ခေါင်းခါလိုက်ပြီး …

“မဟုတ်ပါဘူး ထူးဆန်းသလို ခံစားရလို့ … အဆင့်နိမ့်တဲ့ ဖုတ်ကောင်တွေရဲ့ ခေါင်းထဲမှာ အမြုတေတွေ အများကြီး ရှိတာပဲကို ဘာလို့ ငွေကြေးလဲလှယ်တဲ့ နေရာမှာ အသုံးမချရတာလဲ”

“စစ်တပ်က ဒါတွေကို သူတို့စစ်သားတွေရဲ့ အားအင်တွေ မြှင့်တင်ဖို့အတွက် လိုတယ်။ မင်းက အဖွဲ့ဝင် မဟုတ်တော့ နားလည်မှာ မဟုတ်ဘူး။ အရင်နှစ်ရက် လောက်ကပဲ အမြုတေတွေကို စုဖို့ စစ်တပ်က အမိန့်ပေး ထားပြီးပြီ”

တစ်နည်းပြောရလျှင် စစ်တပ်က အမြုတေများ၏ အစွမ်းကို ထုတ်ဖော် မပြောကြားလိုပေ။

“ဟား..ဟား .. သူတို့နဲ့ လိုက်ပါပေတယ်”

စစ်သားများကို ပို၍ရွံရှာ မုန်းတီးလာသဖြင့် ယွင်ချဲ့ လှောင်ပြောင် လိုက်သည်။ သို့သော် …

တစ်ချိန်က စစ်သားများ ဖြစ်ခဲ့ကြသော ကူးမင်ရွှမ်းနှင့် ချူးဟောင်လင်း တို့မှာ နေမထိထိုင်မသာ ဖြစ်နေသော်လည်း ရှင်းဖုန်း မည်သို့မှ မတုံ့ပြန်။ စစ်တပ်တွင် သူတို့၏ နည်းလမ်းရှိနေပြီး ရှင်းဖုန်းကို သူတို့ ရန်မစသရွေ့ ရှင်းဖုန်းသည်လည်း စစ်တပ်ကို မနှောင့်ယှက်ပေ။ မော့ဝမ်းယန်နှင့် ဌာနချုပ် အတွက်ကြောင့်သာ အမြုတေများ အကြောင်း ပြောပြခဲ့ခြင်း ဖြစ်သည်။

“သူတို့ သေချာ တိုးတက်လာဖို့ပဲ မျှော်လင့်တယ်”

လှောင်ပြောင်ဟန် မဟုတ်ဘဲ ယွင်ချဲ မျှော်လင့်တကြီး ပြောလိုက်ပုံမှာ တစ်ခုခုကို ဖုံးကွယ်ထားကြောင်း မှန်းဆ၍ ရနေသည်။ ရင်းနှီးပြီးနောက် ယွင်ချဲ့၏ စိတ်သဘောထား မည်သို့ ရှိသည်ကို သူတို့လည်း ရိပ်မိလာသဖြင့် ကူးမင်ရွှမ်းနှင့် ချူးဟောင်လင်းတို့ ရှင်းဖုန်းကို လှည့်ကြည့် လိုက်ကြလေသည်။

“ကြည့်ရတာ မင်းမှာ ငါတို့မသိသေးတဲ့ အားသာချက် တစ်ခုခုရှိနေပုံပဲ”

ယခုတစ်ကြိမ်တွင် သူတို့ သိချင်နေနိုင်မည့် အရာကို ရှင်းဖုန်း မေးလိုက်သဖြင့် ကူးမင်ရွှမ်းနှင့် ချူးဟောင်လင်းတို့ မသိမသာ လက်မ ထောင်ပြလိုက်သည်။

“မရှိပါဘူး ခင်ဗျားက အမြုတေတွေရဲ့ အာနိသင်ကို သေချာ မသိထားတော့ ပြဿနာတွေကို မရှင်းနိုင်ဖြစ်နေတာ … ခင်ဗျားကို အဆင့်နိမ့် ဖုတ်ကောင်ရဲ့ အမြုတေအစား အဆင့် ၂ ဖုတ်ကောင်ရဲ့ အမြုတေကို ပေးလိုက်တယ်လို့ ထင်လဲ တကယ်လို့ အမြုတေကို သူတို့ စွမ်းအားမြှင့်ဖို့ အတွက် လိုချင်နေတာဆိုရင် အဲဒါက ပင်ကို အရည်အသွေး တူတာမျိုး သူတို့ရဲ့ စွမ်းအားနဲ့ ကိုက်ညီတာမျိုးပဲ ဖြစ်ရမှာ … တကယ်လို့ အစွမ်းက အဆင့်နိမ့်နေသေးတဲ့ သူက အဆင့်မြင့် အမြုတေအစွမ်းကို စုပ်ယူလိုက်ရင် သူအင်အား ကြီးလာလိမ့်မယ်။ ဒါပေမယ့် ဆန့်ကျင်ဘက်မျိုး ဆိုရင်တော့ ဖြစ်လာမယ့် အကျိုးဆက်တွေက ပိုဆိုးလိမ့်မယ် … စစ်တပ်ရဲ့ ရည်ရွှယ်ချက်က အကျိုးမြတ်ရဖို့ပဲ အဲဒါကြောင့် အမြုတေတွေကို လိုက်စုစည်း ခိုင်းနေတာ ရထားတာတွေကလည်း အဆင့်နိမ့် အများဆုံးရှိမှ အဆင့်တစ်ပဲပေါ့ … စစ်တပ်ရဲ့ စွမ်းအားရှိတဲ့ သူတွေက အဆင့်နိမ့် အဆင့်တစ်သာ မဟုတ်ရင် သူတို့အစွမ်းတွေ ဆုံးရှုံးသွားရလိမ့်မယ်”

အမှန်ကို သိသွားလျှင် စစ်တပ်ကလူများ မည်သို့ ဖြစ်သွားကြမည်ကို သူအလွန် သိချင်မိသည်။ လူချမ်းသာများကို သူမည်မျှ မုန်းကြောင်း တွေးမရသော်လည်း သူ၏အမုန်းက တခြားသူများနှင့် မတူသည်က အမှန်ပင်။

“နောက်တစ်ခါဆို ငါ့ကိုကြိုပြော”

ရှင်းဖုန်း စကားဆက် မပြောနိုင်ဘဲ ဆွံ့အသွားရသည်။ စကားကို ဆုံးအောင် မပြောသော ယွင်ချဲ့၏ အကျင့်က တစ်ဖက်သူကို မသက်မသာ ဖြစ်စေသည်။ လတ်တလောတွင် သစ်ပင် ပန်းပင်များကို ရှင်းလင်း နေရသဖြင့် တော်သေးသည်ဟု ဆိုရမည်။ မဟုတ်လျှင် ကျောက်ယန်း အဖွဲ့၏ စရိုက်အရ အမြုတေများကို စုဆောင်းကာ အားအင်ကုန်ခန်း နေရဉီးမည်။

“ခင်ဗျားမှမမေးတာ”

ရှင်းဖုန်း အတွန့်တက် နေသည်ကို ယွင်ချဲ့ မသိဟန်ဆောင် လိုက်သည်။ ထိုအချိန်က ရှင်းရှင်းလင်းလင်း ပြောပြန်ရန် အခွင့်အရေး မရခဲ့ပေ။ အကယ်၍ ယနေ့တွင် ထိုအကြောင်းကိုမပြောခဲ့လျှင် ယွင်ချဲ့ ပြောပြန်ရန်ပင် တွေးမိလိမ့်မည် မဟုတ်ပေ။

“ဒါဆို အဆင့်နိမ့် အမြုတေတွေက နောက်ဆို အသုံးမတည့် တော့ဘူးပေါ့”

နောက်ပိုင်းတွင် အဆင့်နိမ့် အမြုတေများမှာ သာမန် ဖြစ်နေတော့မလားဟု ကူးမင်ရွှမ်း တွေးမိလိုက်သဖြင့် မျက်မှောင်ကြုတ်ကာ မေးလေသည်။

“ဒါတော့ သေချာမသိဘူး … ပျင်းလာပြီကွာ ဘေးအခန်းမှာ ဘာဖြစ်နေလဲဆိုတာ သွားကြည့်ဉီးမယ်”

နားလည်ရ ခက်သော အပြုံးများဖြင့် ယွင်ချဲ မတ်တပ်ရပ်ကာ အကြောဆန့်လိုက်ပြီး လူသုံးယောက်၏ စိတ်တိုင်းမကျ ဖြစ်နေသော အကြည့်များကို လျစ်လျူရှုကာ ထွက်သွားရန် ပြင်လိုက်သော်လည်း ရှင်းဖုန်းနှင့် ချူးဟောင်လင်းက သူတို့၏ ခြေထောက်များဖြင့် တားလိုက်ပြီး တစ်ဖက်တွင် ထိုင်နေသော ကူးမင်ရွှမ်း သည်လည်း …

“စကားကိုပြီးအောင်ပြော”

ယွင်ချဲ့၏ ဆိုးသော အကြောင်းကို ကြားဖူးပေသော်လည်း ယနေ့ ကိုယ်တိုင်ကြုံတွေ့လိုက်ရသည်။

“ကျုပ်ကိုတားနိုင်မယ်များ ထင်နေလား”

ဘေးနှစ်ဖက်ရှိ လူနှစ်ယောက်ကို ကြည့်ကာ ယွင်ချဲ့ ဘာမှ မပြောနိုင်တော့ပေ။ သူမပြောလိုသောကြောင့်မဟုတ်၊ ပြောရန် အချိန်မကျ သေးခြင်းကြောင့်ပင်။

“အစ်ကို ချဲ့ … ရှင်းရှင်းသာ ပြောဗျာ ဒီလိုနဲ့ပဲ ကျွန်တော် စားချင်စိတ် ပျောက်သွားရင် ဘယ်လိုလုပ်မလဲ … ကျွန်တော် ဒီနေ့ ငါးတော်တော် စားချင်နေတာ ကျွန်တော့်ရဲ့ စားချင်စိတ်လေးကို ထည့်တွက်ပေးပါဉီးဗျာ .. နော်”

ချူးဟောင်လင်း မတ်တပ် ထရပ်ကာ ပြောသဖြင့် ယွင်ချဲ့ စကားတို့ ပျောက်ဆုံး ရလေသည်။

“ငါက ဘာလို့လုပ်ရမှာလဲ မင်းက ငါ့ကလေး လွယ်ထားတာလည်း မဟုတ်ဘဲနဲ့ .. ဘေးဖယ် လမ်းမပိတ်နဲ့”

ယွင်ချဲ့သာ စကားစ မဖြတ်လျှင် သူ၏ဒေါသကြောင့် စားချင်စိတ် ပျောက်သွားလိမ့်မည်။

“ဟောင်လင်း”

“သိပါပြီ”

ရှင်းဖုန်း လေသံမာမာနှင့် ပြောလိုက်သဖြင့် ချူးဟောင်လင်း စိတ်ဓာတ်ကျကာ ဘေးဖယ် ပေးလိုက်သည်။ ယွင်ချဲ့ ခြေနှစ်လှမ်း လှမ်းကာ ရပ်လိုက်ပြီး …

“ခင်ဗျားတို့ သိချင်နေရင် အဖွဲ့အစည်း အကြောင်း အရင်ဖြေရှင်းလိုက်ဦး … ဒါပေမယ့် မင်းအဆင့်နိမ့် အမြုတေတွေကို ငွေကြေးလဲလှယ်ဖို့ အတွက် စမ်းသုံးကြည့်လို့ ရပါတယ်”

ထိုသို့ ပြောပြီးနောက် ယွင်ချဲ့ ထွက်သွားလေသည်။

“ငါတို့အဖွဲ့နဲ့ စာရင်းမပြတ် သေးလို့ သူမကျေနပ် ဖြစ်နေတာလား”

ကူးမင်ရွှမ်းလည်း မသေချာသောကြောင့် မဝံ့မရဲ မေးလိုက်သည်။ ယွင်ချဲ့ ထိုမျှပြောဆိုရ မခက်ကြောင်း သူလည်းသိသည်။

“မဟုတ်ဘူး ငါ့အထင် အမြုတေရဲ့ တခြား အသုံးဝင်မှုတွေက အဖွဲ့အစည်းရဲ့ အချက်အလက်တွေ ကိုလည်း လိုလောက်မယ် ထင်တယ် ပြီးတော့ သူက အခုအဖွဲ့အစည်းကို မကြိုက်တာကြောင့် ဒီလိုပြောတာနေမှာ … သူ့အခြေအနေကို ပြောပြပြီးပြီ ဆိုတော့ ငါတို့လည်း သိချင်တယ်ဆိုရင် အဖွဲ့အစည်းရဲ့ ချို့ယွင်းချက်တွေကို တတ်နိုင်သလောက် အမြန်ဆုံး ဖြေရှင်းသင့်တယ်”

ရှင်းဖုန်း သေချာသလောက်ရှိပြီး သူ၏ သုံးသပ်ချက်ကလည်း ကူးမင်ရွှမ်းကို စိတ်သက်သာရာ ရစေခဲ့သည်။ ယွင်ချဲ့ အပေါ် သူတို့ နားလည်သကဲ့သို့ ပေါင်းစပ် ကြည့်လိုက်လျှင် ရှင်းဖုန်း ပြောသည်က အနီးစပ်ဆုံး အဖြေဖြစ်နိုင်သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset